SMHC - Save Myanmar Health Care

Directions Website

SMHC - Save Myanmar Health Care We are newly found group to help people who are unable to do COVID healthcare with cheapest price as

မိဘပြည်သူများ၏ ကျန်းမာရေးအတွက် အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။

လူကြီးမင်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ 🧑🏻‍⚕️ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်လိုပါက ဆွေးနွေးအကြံပြုဝန်ဆောင်ခ ❗️(၁)နာရီ - ၁၅၀၀...
21/08/2026

လူကြီးမင်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ 🧑🏻‍⚕️ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်လိုပါက ဆွေးနွေးအကြံပြုဝန်ဆောင်ခ ❗️(၁)နာရီ - ၁၅၀၀၀ကျပ်❗️ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

🧑🏻‍⚕️ဆရာဝန်နှင့် လာရောက်ဆွေးနွေးနိုင်ပါသည်။

🏥 မိဘပြည်သူများအနေဖြင့် ဆေးခန်းတွင်လာရောက်ပြသလိုပါက SMHC Clinic (Ph) 09 88 3000 255 သို့ Booking ပြုလုပ်၍ပြသနိုင်ပါသည်။

✅SMHC Clinic လိပ်စာ✨
အမှတ်(၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁)လမ်းဒေါင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

📞 09 977 248 205, 09 88 3000 266, 09 88 3000 255

❗️ သတိထားပါ! သင် မသိလိုက်ဘဲ ရင်ဆိုင်နေရတဲ့ "အစာအိမ်ပိုး" (H. pylori) ❗️အစာအိမ် မကြာခဏနာတာ၊ လေပွတာကို သာမန်ပဲလို့ ထင်နေပါ...
19/08/2026

❗️ သတိထားပါ! သင် မသိလိုက်ဘဲ ရင်ဆိုင်နေရတဲ့ "အစာအိမ်ပိုး" (H. pylori) ❗️
အစာအိမ် မကြာခဏနာတာ၊ လေပွတာကို သာမန်ပဲလို့ ထင်နေပါသလား?
ဒါဟာ Helicobacter Pylori (H. pylori) ဆိုတဲ့ အစာအိမ်ပိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပိုးဟာ အစာအိမ်ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းမှသည် ရင်းနှီးကျွမ်းဝင်စရာမလိုတဲ့ "အစာအိမ်ကင်ဆာ" အထိ ပြောင်းလဲသွားစေနိုင်တဲ့ အဓိကတရားခံတစ်ဦး ဖြစ်ပါတယ်။

⚠️ အစာအိမ်ပိုး ဘယ်လိုကူးစက်သလဲ?
မသန့်ရှင်းသော အစားအစာ၊ သောက်ရေနှင့် တံတွေး/မစင်တို့မှတစ်ဆင့်
လက်နှင့်နယ်သော အစားအစာများ၊ ယင်နားစာနှင့် ချဉ်ဖတ်များမှတစ်ဆင့်
တစ်အိမ်တည်းနေ မိသားစုဝင်များအချင်းချင်း ကူးစက်ခြင်း

🚨 ဒီလိုလက္ခဏာတွေ ကြုံနေရပြီဆိုရင် သတိထားပါ:
အစာမကြေခြင်း
ဗိုက် ခဏခဏနာခြင်း
လေပွခြင်း၊ အစာအိမ်ရောင်ခြင်း

🔴 မကုသဘဲထားရင် ဘာတွေဖြစ်လာနိုင်သလဲ?
အစာအိမ်နှင့် အူသိမ်အနာများ ဖြစ်ခြင်း
သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း
အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာခြင်း
📋 ဘယ်သူတွေ မဖြစ်မနေ စစ်ဆေးသင့်သလဲ?
1. အစာမကြေ ရောဂါမကြာခဏ ဖြစ်သူများ
2. အစာအိမ် သို့မဟုတ် အူသိမ်အနာ ရှိသူများ
3. အစာအိမ် ကင်ဆာမျိုးရိုး ရှိသူများ
4. အစာအိမ် ခွဲစိတ်ဖူးသူများနှင့် ကင်ဆာသံသယရှိသူများ
🩺 စစ်ဆေးနိုင်သည့် နည်းလမ်းများ:
အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း
လေမှုတ်စစ်ဆေးခြင်း (Urea Breath Test)
ဝမ်းစစ်ဆေးခြင်း (Faecal Antigen Test)

PCR နည်းဖြင့် စစ်ဆေးခြင်း
💊 ထိရောက်သော ကုသမှု:
ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်အတိုင်း အစာအိမ်ဆေး နှင့် ပိုးသတ်ဆေးများကို (၂) ပတ်ပြည့်အောင် သေချာသောက်သုံးပေးရပါမည်။

💡 အစာအိမ်ပိုးရှိမရှိနှင့် ကုသမှုအတွက် တတ်ကျွမ်းနားလည်သော ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် မှန်ကန်စွာ ကုသလျှင် ပျောက်ကင်းနှုန်း ၈၀% မှ ၉၀%ရှိပါသည်!

မိမိနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအတွက် အစာအိမ်ပိုး ရှိ/မရှိ စောစီးစွာ စစ်ဆေးကုသဖို့ SMHC သို့ ယနေ့ပဲ ဆက်သွယ်တိုင်ပင်လိုက်ပါ။

ဆွေးနွေးအကြံပြုဝန်ဆောင်ခ (၁)နာရီ -15,000Ks

📞 ဆက်သွယ်ရန် Phone: 09977248205, 09883000255
📍 လိပ်စာ: အမှတ်(၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁)လမ်းထောင့် ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

#အစာအိမ်ပိုး #ကျန်းမာရေးအသိ #အစာအိမ်နှင့်အူလမ်းကြောင်း

🌧️ မိုးရာသီကာလတွင် ဖြစ်ပွါးမှုများနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ
12/08/2026

🌧️ မိုးရာသီကာလတွင် ဖြစ်ပွါးမှုများနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ

🧬 မျိုးရိုးလိုက် ကင်ဆာဖြစ်နိုင်ခြေမြင့်သူများအတွက် မျှော်လင့်ချက်အသစ်… ကင်ဆာမဖြစ်မီ ကြိုတင်ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးသ...
10/08/2026

🧬 မျိုးရိုးလိုက် ကင်ဆာဖြစ်နိုင်ခြေမြင့်သူများအတွက် မျှော်လင့်ချက်အသစ်… ကင်ဆာမဖြစ်မီ ကြိုတင်ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးသစ် သုတေသန 💉✨
မျိုးရိုးလိုက် ဗီဇအခြေအနေတစ်ခုဖြစ်သည့် လင့်ခ်ချ် ရောဂါစု (Lynch syndrome) သည် အူမကြီးကင်ဆာ အပါအဝင် အခြားသော ကင်ဆာရောဂါအများအပြား ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်မားစေပါသည်။
လက်ရှိတွင် သုတေသီများသည် ယင်းရောဂါစုရှိသူများအတွက် ကင်ဆာရောဂါ မဖြစ်ပွားအောင် ကြိုတင်တားဆီးပေးနိုင်မည့် နည်းဗျူဟာသစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်လေ့လာလျက်ရှိကြပြီ ဖြစ်ပါသည်။

💡 ဒီကာကွယ်ဆေးက ဘယ်လိုအလုပ်လုပ်သလဲ?
ဤစမ်းသပ်အဆင့် ကာကွယ်ဆေးများသည် ခန္ဓာကိုယ်၌ ကင်ဆာကျိတ်များ စတင်ဖြစ်ပေါ်လာသည်အထိ စောင့်ဆိုင်းခြင်း မပြုဘဲ၊ ကင်ဆာမဖြစ်မီ အဆင့် (Precancerous stage) မူမမှန်ဆဲလ်များကို ကိုယ်ခံအားစနစ်၏ T-cells များက အလိုအလျောက် အမျိုးအစားခွဲခြား သိရှိဖျက်ဆီးနိုင်စေရန် လေ့ကျင့်ပေးသည့် နည်းလမ်းဖြင့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။

🔬 စမ်းသပ်မှုများမှ အားတက်ဖွယ် တွေ့ရှိချက်များ
* T-cells များကို လှုံ့ဆော်ပေးနိုင်ခြင်း: Lynch syndrome ရှိသူ ၄၅ ဦး ပါဝင်သော အစောပိုင်း ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခုတွင် Nouscom မှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် ကင်ဆာတိုက်ဖျက်ပေးသည့် T-cells များကို ထိရောက်စွာ လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရှိရသည်။

* အသားပိုများ လျော့နည်းသွားခြင်း: ၁ နှစ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူများအကြား အူမကြီးအတွင်း ကင်ဆာမဖြစ်မီ ဖြစ်ပေါ်တတ်သော အသားပိုများ (Precancerous colorectal growths) ဖြစ်ပွားမှု လျော့နည်းသွားခဲ့သည်။
* အဆင့်မြင့် အသားပိုများ လုံးဝမတွေ့ရတော့ခြင်း: ရောဂါအဆင့်မြင့်မားသော အသားပိုများ (Advanced polyps) လုံးဝ မတွေ့ရှိရတော့ကြောင်း သုတေသီများက အစီခံခဲ့ကြသည်။

🌟 ဒီနည်းလမ်း၏ စိတ်လှုပ်ရှားဖွယ် အားသာချက်များ
* 🎯 ကင်ဆာမဖြစ်မီ ကြိုတင်တားဆီးနိုင်ခြင်း: ခန္ဓာကိုယ်အတွင်း မူမမှန်ဆဲလ်များ ကင်ဆာကျိတ်အဖြစ် မပြန့်ပွားမီ အစောပိုင်းအဆင့်ကတည်းက ပစ်မှတ်ထား တားဆီးပေးသည်။

* 🛡️ T-cells များကို လေ့ကျင့်ပေးနိုင်ခြင်း: ကိုယ်ခံအားစနစ်၏ T-cells များကို ကင်ဆာမဖြစ်မီ မူမမှန်မှုများကို မှတ်မိဖျက်ဆီးနိုင်ရန် လေ့ကျင့်ပေးသည်။
* 🧬 မျိုးရိုးလိုက် အန္တရာယ်မြင့်မားသူများကို ဦးတည်ခြင်း: Lynch syndrome ကဲ့သို့ မျိုးရိုးလိုက် ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားသူများကို အဓိကထား ကာကွယ်ပေးနိုင်သည်။

* 🚀 စမ်းသပ်မှုအသစ်များ တိုးတက်လာခြင်း: ကာကွယ်ဆေး နည်းလမ်းပေါင်းများစွာသည် လက်ရှိတွင် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအတွင်းသို့ ကောင်းစွာ ဝင်ရောက်လာနေပြီ ဖြစ်သည်။

* 🌈 ကင်ဆာကာကွယ်ရေး အဆင့်သစ်တစ်ခု ဖြစ်လာနိုင်ခြင်း: အနာဂတ်တွင် ကင်ဆာရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထိရောက်သော အကာအကွယ်လွှာတစ်ခု ထပ်မံဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်သည်။
📚 ကိုးကား / မှီငြမ်း အချက်အလက်များ
* Nature Medicine – Lynch Syndrome Vaccination for Cancer Prevention
* MD Anderson Cancer Center – Cancer Prevention Vaccine Research
* National Cancer Institute (NCI) – Lynch Syndrome and Colorectal Cancer

🏥 ကင်ဆာရောဂါကို မှန်ကန်စွာ ကာကွယ်ခြင်းနှင့် စောင့်ရှောက်မှုများအတွက်
ကင်ဆာရောဂါ မဖြစ်ပွားအောင် မှန်ကန်စွာ ကာကွယ်ခြင်း၊ စောစီးစွာ စစ်ဆေးခြင်းနှင့် ကုသခြင်း နည်းလမ်းများအတွက် SMHC Clinic မှ အကောင်းဆုံး လမ်းညွှန်မှုများ အကြံပြုပေးလျက် ရှိပါသည်။
* 💰 ဆွေးနွေးအကြံပြု ဝန်ဆောင်ခ- ၁၅,၀၀၀ ကျပ်(၁နာရီ)

* 📍 လိပ်စာ: အမှတ် (၅၄၂)၊ ကမ်းနားလမ်း နှင့် (၁၁) လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
* 📞 ဆက်သွယ်ရန် ဖုန်း: 09-883 000 255 ၊ 09-977 248 205

🟡အကျိတ်ရှိတိုင်း ရင်သားကင်ဆာဖြစ်နိုင်ပါသလား??🔺အမျိုးသမီးများတွင်ရင်သားပြဿနာနှင့်ပတ်သက်သည့်ကျန်းမာရေးကိစ္စအမျိုးမျိုးရှိန...
10/08/2026

🟡အကျိတ်ရှိတိုင်း ရင်သားကင်ဆာဖြစ်နိုင်ပါသလား??

🔺အမျိုးသမီးများတွင်ရင်သားပြဿနာနှင့်ပတ်သက်သည့်ကျန်းမာရေးကိစ္စအမျိုးမျိုးရှိနေနိုင်ပါသည်။အထူးသဖြင့်ရင်သားတွင်အကျိတ်ရှိနေခြင်းကြောင့် စိတ်ပူပန်နေရတတ်ပါသည်။ရင်သားအကျိတ်ရှိတိုင်းကင်ဆာမဖြစ်နိုင်ပါ။
ဖြစ်နိုင်သည့်ရင်သားပြဿနာများမှာ

▪ ရင်သားအကျိတ်လိုခပ်မာမာပုံစမ်းမိခြင်း
▪ ရင်သားအရေပြားတွင်ပုံမှန်မဟုတ်ပြောင်းလဲခြင်း
▪ နို့သီးခေါင်းတွင်ပြဿနာရှိခြင်းစသည်တို့ဖြစ်နိုင်သည် ။
-ထိုကဲ့သို့ခံစားနေရသောအမျိုးသမီးများအတွက်ရင်သားကျန်းမာရေးနှင့်ပတ်သက်၍သက်တောင့်သက်သာနှင့်ဆွေးနွေးတိုင်ပင်စစ်ဆေးရန် SMHC ဆေးခန်းတွင်ရင်သားကျန်းမာရေးနှင့်ပတ်သက်သည့် ကုသမှုပေးလျက်ရှိပါသည် ။

မိမိတွင်ခံစားနေရသောရင်သားပြဿနာနှင့်ပတ်သက်ပြီး
▪ အထွေထွေရောဂါကုဆရာ၀န်
▪ ခွဲစိတ်အထူးကုဆရာ၀န်
▪ ကင်ဆာအထူးကုဆရာ၀န်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ပြီးလိုအပ်သလိုဆက်လက်ကုသမှုခံယူနိုင်ပါသည် ။

ရင်သားပြဿနာကုသသင့်သည့်ဉီးစားပေးလူနာများမှာ

▪ မိသားစုဆွေမျိုးထဲတွင်ရင်သားကင်ဆာ၊ရင်သားအကျိတ်ဖြစ်ဖူးသည့်သူများ (Family history of Breast Cancer )
▪ ရင်သားနှင့်ပတ်သက်သောရောဂါဖြစ်ဖူးသူများ
▪ အခြားရောဂါအကြောင်းအတွက်ဓါတ်ရောင်ခြည်ကုသမှုခံယူဖူးသူများ
▪ ရင်သားကင်ဆာမျိုးရိုးဗီဇနှင့်ဆက်စပ်သောအမျိုးသမီးကင်ဆာရောဂါဖြစ်ဖူးသူများ
▪ ရင်သားအကျိတ်စမ်းမိသူများနေဖြင့်စောလျင်စွာဆရာ၀န်နှင့်တိုင်ပင်ပြီးကုသမှုခံယူသင့်ပါသည် ။

ရင်သားကျန်းမာရေးနှင့်ပတ်သက်ပြီး

▪ အထူးကုဆရာ၀န်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း
▪ ရင်သားနှင့်ပတ်သက်၍တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound )ရိုက်ကူးနိုင်ခြင်း
▪ လိုအပ်ပါကအသားစယူ၍စစ်ဆေးပေးနိုင်ခြင်းစသည်တို့ကိုရောဂါအနေထားပေါ်မူတည်၍ စစ်ဆေးကုသဆောင်ရွက်ထားသင့်ပါသည်။

ရင်သားကင်ဆာနှင့် အထွေထွေကင်ဆာရောဂါများအတွက် ဆွေးနွေးစစ်ဆေးကုသမှုများကို SMHCဆေးခန်းတွင်လာရောက်ဆွေးနွေးပြသနိုင်ပါသည်။

🧑🏻‍⚕️ဆရာဝန်နှင့် လာရောက်ဆွေးနွေးနိုင်ပါသည်။
ဆွေးနွေးအကြံပြုဝန်ဆောင်ခ❗️တစ်နာရီ = 15,000Ks ❗️

🏥 မိဘပြည်သူများအနေဖြင့် ဆေးခန်းတွင်လာရောက်ပြသလိုပါက SMHC Clinic (Ph) 09 88 3000 255 သို့ Booking ပြုလုပ်၍ပြသနိုင်ပါသည်။

✅SMHC Clinic လိပ်စာ✨
အမှတ်(၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁)လမ်းဒေါင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

09 977 248 205, 09 88 3000 266, 09 88 3000 255

 #အားလုံးအတွက်ကျန်းမာရေးသန့်(၅)သန့်ဖြင့်အညီ နေထိုင်ပေး✨လက်သန့်✨အစာသန့်✨ရေသန့်✨အိမ်သာသန့်✨ပတ်ဝန်းကျင်သန့်
04/08/2026

#အားလုံးအတွက်ကျန်းမာရေးသန့်(၅)သန့်ဖြင့်အညီ နေထိုင်ပေး

✨လက်သန့်
✨အစာသန့်
✨ရေသန့်
✨အိမ်သာသန့်
✨ပတ်ဝန်းကျင်သန့်

အမျိုးသားတွေထက် အမျိုးသမီးတွေမှာ (၅) ဆကနေ (၈) ဆအထိ ပိုဖြစ်နိုင်တဲ့ "သိုင်းရွိုက် (Thyroid) ရောဂါ" အကြောင်း သိထားကြရအောင်...
01/08/2026

အမျိုးသားတွေထက် အမျိုးသမီးတွေမှာ (၅) ဆကနေ (၈) ဆအထိ ပိုဖြစ်နိုင်တဲ့ "သိုင်းရွိုက် (Thyroid) ရောဂါ" အကြောင်း သိထားကြရအောင်!

📌 သိုင်းရွိုက်ဆိုတာ ဘာလဲ?
လည်ပင်းအရှေ့ဘက်မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်(Metabolism)
နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ စွမ်းအင်အသုံးပြုမှု ဟော်မုန်း ထုတ်လုပ်မှုတို့ကို ထိန်းညှိပေးပါသည်။

📌 ဘာကြောင့် အမျိုးသမီးတွေမှာ ပိုဖြစ်ရတာလဲ?
• ကိုယ်ခံအားစနစ်က ကိုယ့်သိုင်းရွိုက်ကို ပြန်တိုက်ခိုက်တဲ့ Autoimmune ရောဂါ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ခြင်း
• Estrogen ဟော်မုန်း အပြောင်းအလဲများခြင်း
• ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားပြီးချိန်နဲ့ သွေးဆုံးခါနီး အချိန်များတွင် ဟော်မုန်းမတည်ငြိမ်ခြင်း
• မျိုးရိုးလိုက်နိုင်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

⚠️ သင့်မှာရော ဒီလက္ခဏာတွေ ခံစားနေရပါသလား?
🔴 ၁။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း (Hypothyroidism)
• မောပန်းလွယ်ခြင်း
• ကိုယ်အလေးချိန်တက်လာခြင်း
• အအေးမခံနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း
• အသားခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်း
• လစဉ်သွေးဆင်း မမှန်ခြင်း

🔵 ၂။ သိုင်းရွိုက်ဟော်မုန်း များခြင်း (Hyperthyroidism)
• ကိုယ်အလေးချိန် ရုတ်တရက်ကျသွားခြင်း
• နှလုံးခုန်မြန်ခြင်း၊ လက်တုန်ခြင်း
• ချွေးထွက်များပြီး အပူမခံနိုင်ခြင်း
• အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း

🩺 ဘယ်သူတွေ စစ်ဆေးသင့်သလဲ?
Autoimmune ရောဂါရှိသူများ၊ မိသားစုထဲတွင် သိုင်းရွိုက်ရောဂါရှိသူများ၊ လည်ပင်းကြီးရောဂါရှိသူများနှင့် အထက်ပါလက္ခဏာများ ခံစားနေရပါက TSH, Free T4 (လိုအပ်ပါက Free T3) သွေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။

✅ ကုသလို့ရနိုင်ပါသလား?
💡 ရပါတယ်။ Hypothyroidism ကိုနေ့စဉ် သိုင်းရွိုက်ဟော်မုန်းဆေး (Levothyroxine) ဖြင့်ကုသနိုင်သည်။

Hyperthyroidism ကိုဆေးဝါး၊ ရေဒီယိုအိုင်အိုဒင်းကုသမှု (သို့မဟုတ်) လိုအပ်ပါက ခွဲစိတ်ကုသမှုတို့ဖြင့် ကုသနိုင်ပါသည်။
အချိန်မီ စစ်ဆေးပြီး ကုသပါက လူအများစုသည် ပုံမှန်ဘဝကို။ ကောင်းမွန်စွာ နေထိုင်နိုင်ကြပါသည်။

"SMHC Clinic တွင် Thyroid ရောဂါ အတွက် ကျသင့် သက်သာစရိတ်"
1.သွေးစစ်ခ/ Lab fees (Thyroid Function Test) - 66000Ks
2. Only Consultation fee- 15000Ks/ 1Hr

🏥 Save Myanmar Health Care Clinic
📍 လိပ်စာ: အမှတ် (၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁) လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်: 09-883 000 255 ၊ 09-977 248 205

🌸 အမျိုးသမီးတိုင်း သိထားသင့်သည့် "သားအိမ်ခေါင်းကင်ဆာ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး" 🌸(Cervical Cancer ...
30/07/2026

🌸 အမျိုးသမီးတိုင်း သိထားသင့်သည့် "သားအိမ်ခေါင်းကင်ဆာ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး" 🌸
(Cervical Cancer Screening & Vaccination)

👱‍♀️အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာရောဂါများထဲ၌ သားအိမ်ခေါင်းကင်ဆာသည် ထိပ်ဆုံးမှ ပါဝင်နေပါသည်။

စစ်တမ်းများအရ နှစ်စဉ် အမျိုးသမီးပေါင်း (၃၀၀,၀၀၀) ကျော်သည် သားအိမ်ခေါင်းကင်ဆာကြောင့် အသက်ဆုံးရှုံးနေရပါသည်။

သို့သော်လည်း သားအိမ်ခေါင်းကင်ဆာသည် စောစီးစွာ ကြိုတင်တားဆီး ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်ပါသည်။

🦠 သားအိမ်ခေါင်းကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲ?
သားအိမ်ခေါင်းကင်ဆာသည် အဓိကအားဖြင့် Human Papillomavirus (HPV) ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။

✅ဘယ်သူတွေမှာ ပိုပြီးဖြစ်ပွားနိုင်ခြေများသလဲ?
၁။ သားသမီး များများမွေးဖွားထားသည့် အမျိုးသမီးများ
၂။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှု များသည့် အမျိုးသမီးများ

> အထက်ပါ အချက်များအပြင် အခြားသော အမျိုးသမီးများတွင်လည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ ရှိသည်ဖြစ်ရာ အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုများကို မဖြစ်မနေ ပြုလုပ်ထားရန် လိုအပ်ပါသည်။

🛡 ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ
၁။ စောစီးစွာ သားအိမ်ခေါင်းအမြှေးပါး စစ်ဆေးခြင်း
(ဆရာဝန်ညွှန်ကြားချက်အတိုင်း)
၂။ ဆရာဝန် အကြံပြုသည့် နှစ်အပိုင်းအခြားအတိုင်း ပုံမှန် စစ်ဆေးပေးခြင်း
၃။ အသက် (၉) နှစ်အရွယ်မှ စတင်၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်း

💉 ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ သိကောင်းစရာများ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသည် ကင်ဆာကို အဓိကဖြစ်စေသည့် HPV 16 & 18 ပိုးများကို အဓိကထား ကာကွယ်ရန် ထိုးရခြင်းဖြစ်ပါသည်။
* အသက် (၉) နှစ်မှ (၁၄) နှစ်အရွယ် မိန်းကလေးများ: စုစုပေါင်း (၂) ကြိမ် ထိုးနှံရန် လိုအပ်ပါသည်။
* အသက် (၁၅) နှစ်နှင့် အထက် အမျိုးသမီးများ: စုစုပေါင်း (၃) ကြိမ် ထိုးနှံရန် လိုအပ်ပါသည်။

⚠️ အထူးသတိပြုရန် -
အိမ်ထောင်သည်များနှင့် သားသမီး မွေးဖွားထားသူများသည် ကာကွယ်ဆေး မထိုးမီ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ သားအိမ်ခေါင်းအမြှေးပါးကို ကြိုတင်စစ်ဆေးရန်လိုအပ်ပါကြောင်း အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ ပညာပေး အကြံပြုအပ်ပါသည်။

🧑🏻‍⚕️ဆရာဝန်နှင့် ဆွေးနွေးအကြုံပြုလိုပါက ဝန်ဆောင်ခ - (၁)နာရီ / 15000Ks

🏥 Save Myanmar Health Care Clinic
📍 လိပ်စာ: အမှတ် (၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁) လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်: 09-883 000 255 ၊ 09-977 248 205

🌕🪷 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ ) 🙏၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် "ဝါဆိုလပြည့် ဓမ္မစကြာ...
28/07/2026

🌕🪷 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ ) 🙏

၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် "ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"တွင် ကိုယ်စိတ်နှလုံးရွှင်လန်းပြီး ကုသိုလ်ဘာဝနာတရားများ ပွါးများနိုင်ကြပါစေ…🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာအခါတော်နေ့

🟡အကျိတ်ရှိတိုင်း ရင်သားကင်ဆာဖြစ်နိုင်ပါသလား??🔺အမျိုးသမီးများတွင်ရင်သားပြဿနာနှင့်ပတ်သက်သည့်ကျန်းမာရေးကိစ္စအမျိုးမျိုးရှိန...
25/07/2026

🟡အကျိတ်ရှိတိုင်း ရင်သားကင်ဆာဖြစ်နိုင်ပါသလား??

🔺အမျိုးသမီးများတွင်ရင်သားပြဿနာနှင့်ပတ်သက်သည့်ကျန်းမာရေးကိစ္စအမျိုးမျိုးရှိနေနိုင်ပါသည်။အထူးသဖြင့်ရင်သားတွင်အကျိတ်ရှိနေခြင်းကြောင့် စိတ်ပူပန်နေရတတ်ပါသည်။ရင်သားအကျိတ်ရှိတိုင်းကင်ဆာမဖြစ်နိုင်ပါ။
ဖြစ်နိုင်သည့်ရင်သားပြဿနာများမှာ

▪ ရင်သားအကျိတ်လိုခပ်မာမာပုံစမ်းမိခြင်း
▪ ရင်သားအရေပြားတွင်ပုံမှန်မဟုတ်ပြောင်းလဲခြင်း
▪ နို့သီးခေါင်းတွင်ပြဿနာရှိခြင်းစသည်တို့ဖြစ်နိုင်သည် ။
-ထိုကဲ့သို့ခံစားနေရသောအမျိုးသမီးများအတွက်ရင်သားကျန်းမာရေးနှင့်ပတ်သက်၍သက်တောင့်သက်သာနှင့်ဆွေးနွေးတိုင်ပင်စစ်ဆေးရန် SMHC ဆေးခန်းတွင်ရင်သားကျန်းမာရေးနှင့်ပတ်သက်သည့် ကုသမှုပေးလျက်ရှိပါသည် ။

မိမိတွင်ခံစားနေရသောရင်သားပြဿနာနှင့်ပတ်သက်ပြီး
▪ အထွေထွေရောဂါကုဆရာ၀န်
▪ ခွဲစိတ်အထူးကုဆရာ၀န်
▪ ကင်ဆာအထူးကုဆရာ၀န်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ပြီးလိုအပ်သလိုဆက်လက်ကုသမှုခံယူနိုင်ပါသည် ။

ရင်သားပြဿနာကုသသင့်သည့်ဉီးစားပေးလူနာများမှာ

▪ မိသားစုဆွေမျိုးထဲတွင်ရင်သားကင်ဆာ၊ရင်သားအကျိတ်ဖြစ်ဖူးသည့်သူများ (Family history of Breast Cancer )
▪ ရင်သားနှင့်ပတ်သက်သောရောဂါဖြစ်ဖူးသူများ
▪ အခြားရောဂါအကြောင်းအတွက်ဓါတ်ရောင်ခြည်ကုသမှုခံယူဖူးသူများ
▪ ရင်သားကင်ဆာမျိုးရိုးဗီဇနှင့်ဆက်စပ်သောအမျိုးသမီးကင်ဆာရောဂါဖြစ်ဖူးသူများ
▪ ရင်သားအကျိတ်စမ်းမိသူများနေဖြင့်စောလျင်စွာဆရာ၀န်နှင့်တိုင်ပင်ပြီးကုသမှုခံယူသင့်ပါသည် ။

ရင်သားကျန်းမာရေးနှင့်ပတ်သက်ပြီး

▪ အထူးကုဆရာ၀န်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း
▪ ရင်သားနှင့်ပတ်သက်၍တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound )ရိုက်ကူးနိုင်ခြင်း
▪ လိုအပ်ပါကအသားစယူ၍စစ်ဆေးပေးနိုင်ခြင်းစသည်တို့ကိုရောဂါအနေထားပေါ်မူတည်၍ စစ်ဆေးကုသဆောင်ရွက်ထားသင့်ပါသည်။

ရင်သားကင်ဆာနှင့် အထွေထွေကင်ဆာရောဂါများအတွက် ဆွေးနွေးစစ်ဆေးကုသမှုများကို SMHCဆေးခန်းတွင်လာရောက်ကုသနိုင်ပါသည်ရှင်!!

🏥 မိဘပြည်သူများအနေဖြင့် ဆေးခန်းတွင်လာရောက်ပြလိုပါက SMHC Clinic (Ph) 09 88 3000 255 သို့ Booking ပြုလုပ်၍ပြသနိုင်ပါသည်ရှင်။

✅Messenger သို့ဖြစ်စေ ၊ လူနာအချက်အလက်များ ပေးပို့၍ Booking တင်နိုင်ပါတယ်ရှင်...

တိုက်ရိုက်ဆက်သွယ်လိုပါက ဖုန်းနံပါတ် 09 88 3000 255, 09 977 248 205 ကိုဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်း၍ ဆေးကုသမှုခံယူနိုင်ပါကြောင်းသတင်းပါးအပ်ပါသည်။

အမှတ်(၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁)လမ်းဒေါင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
09 977 248 205, 09 88 3000 266, 09 88 3000 255

Address

အမှတ်(၅၄၂)၊ ကမ်းနားလမ်းနှင့် (၁၁)လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Yangon
11131

Opening Hours

Monday 00:00 - 23:50
Tuesday 00:00 - 23:50
Wednesday 00:00 - 23:50
Thursday 00:00 - 23:50
Friday 00:00 - 23:50
Saturday 00:00 - 23:50
Sunday 00:00 - 23:50

Alerts

Be the first to know and let us send you an email when SMHC - Save Myanmar Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category