Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင်

Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင် Your wellbeing is our first priority.

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့ ) မှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့ )
မှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆေးပင်ရိပ် ဆေးဆိုင် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏🙏🙏

15/07/2026

.pin.yeik.phar 0 Followers, 0 Following, 0 Likes - Watch awesome short videos created by Say Pin Yeik Pharmacy

14/07/2026

ကလေးက အိပ်ရာထနောက်ကျလို့၊ အစားရွေးလို့ စတဲ့ အကြောင်းတစ်ခုခုကြောင့် မနက်စာမစားဘဲ သင့်ကလေးကို ကျောင်းလွှတ်မိနေပြီလား... 😴

ဒါဆိုရင်တော့ ကလေးရဲ့ တစ်နေ့တာမှာ ကျန်းမာဖွံ့ဖြိုးစိတ်ရွှင်လန်းမှုအတွက် အကျိုးဆက်တွေရှိလာနိုင်ပါတယ် 👨‍⚕️

နံနက်စာကို သေချာမစားထားတဲ့အခါ...

ဗိုက်ဆာနေတာကြောင့် ကျောင်းသင်ခန်းစာတွေကို အာရုံစူးစိုက်ဖို့ ခက်ခဲနိုင်ပါတယ်...🧐

သွေးတွင်းသကြားဓာတ်တွေ လျော့နည်းနေနိုင်တာကြောင့် မှတ်ဥာဏ်စွမ်းရည် ကျဆင်းတာ၊ မူးမော်တာ၊ စိတ်အတက်အကျများတာတွေလည်း ဖြစ်လာနိုင်ပါတယ်...🧠😵

မနက်စာလွတ်သွားလို့ ကျန်တဲ့အချိန်မှာ ပိုစားမိတာ၊ ဗိုက်ဆာဆာနဲ့ တွေ့ရာတွေ စားမိလို့ ကိုယ်အလေးချိန်တွေ တက်လာနိုင်ပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ရဖို့လည်း ခက်ခဲတတ်ပါတယ် ...🍟🍰

အဲဒိအပြင် တစ်နေ့တာလိုအပ်တဲ့စွမ်းရည်တွေကို မနက်မှာတင် အပြည့်အဝမရတာကြောင့် ကိုယ်ခံစွမ်းအားကျဆင်းတာ၊ အမောမခံနိုင်တာကြောင့် တခြားကလေးတွေနဲ့တန်းတူမဆော့နိုင်တဲ့အခါ စိတ်မရွှင်လန်းတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားတဲ့အကျိုးဆက်တွေလည်း ရှိလာနိုင်တာကို သတိပြုသင့်ပါတယ် 😫😥

🍚🍠🥛 ဒါကြောင့် မနက်တိုင်း ကျောင်းမသွားခင် သားသားမီးမီးတို့ကို ကျန်းမာစေမယ့် မနက်စာမျိုးကို သေချာပြင်ဆင်ကျွေးမွေးပြီးမှသာ ကျောင်းလွှတ်နော်...

ကျန်းမာတဲ့ ဘေဘီတို့ရဲ့အဖော်မွန် ဗီတာမင်အပြည့်အစုံပါတဲ့ Multivitamin 𝗚𝗿𝗼𝘃𝗶𝘁 ကို မနက်စာစားပြီးတိုင်း တိုက်ပေးဖို့လည်း‌ ဖေဖေမေမေတို့ မမေ့နဲ့နော်... 🥄🌞

#ကလေးအားဆေး

26/06/2026

နာနတ်သီးစားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးအာနိသင်များ
=================================
နာနတ်သီးသည် ကျွန်ုပ်တို့၏ အူနှင့်အစာလမ်းကြောင်းကို ကောင်းမွန်အောင် လုပ်ဆောင်ပေးရာတွင် အလွန်အစွမ်းထက်သော သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါသည်။

နာနတ်သီးတွင် ပါဝင်သော ဘရိုမယ်လိန်း (𝐁𝐫𝐨𝐦𝐞𝐥𝐚𝐢𝐧)က ပရိုတင်းဓာတ်များကို ချေဖျက်ပေးသည့်အပြင် အခြားသော အင်ဇိုင်းများမှာလည်း ကျန်အာဟာရဓာတ်များကို ချေဖျက်ပေးသည့်အတွက် အစာကျေစေရန် များစွာအထောက်အကူပြုပါသည်။

အထူးသဖြင့် အသည်းအဆီဖုံးရောဂါ (𝐅𝐚𝐭𝐭𝐲 𝐥𝐢𝐯𝐞𝐫)၊ သည်းခြေအိတ်တွင် ကျောက်တည်သည့်ရောဂါ (𝐆𝐚𝐥𝐥𝐬𝐭𝐨𝐧𝐞𝐬)၊ ပန်ကရိယမှ အစာခြေရည်ထုတ်လုပ်မှုအားနည်း၍ အစာမကြေဖြစ်နေသူများ၊ နာတာရှည်အစာအိမ်ရောဂါကြောင့် အစာမကြေဖြစ်နေသူများ အတွက် နာနတ်သီးသည် အလွန်သင့်တော်သော သဘာဝအစားအစာတစ်ခု ဖြစ်သည်။

နာနတ်သီးတွင် ပါဝင်သော အမျှင်ဓာတ်များက ဝမ်းမချုပ်စေရန် ကာကွယ်ပေးပါသည်။ ဝမ်းချုပ်တတ်သောသူများ နာနတ်သီးကို ပုံမှန်စားလျှင် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာ ကာကွယ်ရေးအတွက် များစွာအထောက်အကူပြုပါသည်။ နာနတ်သီး၏ အမျှင်ဓာတ်များက အူထဲတွင်ရှိသော အန္တရာယ်ဖြစ်စေနိုင်သည့်ဓာတ်ပစ္စည်းများ၊ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်း (𝐂𝐚𝐫𝐜𝐢𝐧𝐨𝐠𝐞𝐧) များကို တံမြက်စည်းလှည်းသကဲ့သို့ တိုက်ချသွားနိုင်သည့်အတွက် အလွန်အကျိုးရှိပါသည်။

နာနတ်သီးစားရန် သင့်တော်သောအချိန်
==============================
နာနတ်သီးစားလျှင် သူ့ချည်း သီးခြားစားခြင်းသည် အကောင်းဆုံးဖြစ်ပြီး အစာနှင့် ဝေးဝေး (𝐢𝐧 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝐦𝐞𝐚𝐥𝐬) စားသင့်ပါသည်။ ဥပမာ-မနက်စာနှင့် နေ့လယ်စာကြား သို့မဟုတ် နေ့လယ်စာနှင့် ညနေစာကြားချိန်များတွင် စားသင့်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းတွင်ပါဝင်သော အင်ဇိုင်းများမှာ အစာအိမ်မှထုတ်သည့် အက်ဆစ်ဓာတ်တွင် ပျက်စီးတတ်ခြင်းကြောင့်ဖြစ်သည်။ အစာနှင့် အတူ‌ရောစားလျှင် အစာဝင်သည်နှင့် ထွက်လာသည့် အစာအိမ်အက်ဆစ်များမှ နာနာတ်သီးတွင် ပါဝင်သော အင်ဇိုင်းများကို လျော့နည်းပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် အစာစားချိန် တစ်ခုနှင့်တစ်ခုကြား အလယ်တွင် စားခြင်းသည် အကောင်းဆုံးဖြစ်သည်။

နာနတ်သီးသည် ဗီတာမင်စီ ကြွယ်ဝသော သစ်သီးဖြစ်ပြီး ဗီတာမင်စီမှာ လေထဲ၌ကြာရှည်ထားလျှင် အောက်ဆီဂျင်နှင့် ထိတွေ့ကာ ဓာတ်တိုးသွားခြင်းကြောင့် နာနတ်သီး ဝါသွားရခြင်းဖြစ်သည်။ ဤကဲ့သို့ဝါသွားလျှင် နာနတ်သီး၏အာနိသင်ကို လျော့နည်းစေသောကြောင့် ခွဲပြီး မဝါခင် ချက်ချင်းစားပေးသင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (𝐅𝐀𝐌𝐄)
ကိုးကားချက်- ဆရာဝန်တင်ရွှေ စာပေဆုရ "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၅) နာနတ်သီး မှ ထုတ်နုတ်ဖော်ပြသည်။

09/04/2026

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Address

Thin Baw Seik Street, Seikkyi Khanaungtoe Township
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

09687662441

Website

Alerts

Be the first to know and let us send you an email when Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share