ဒေါက်တာ ဗက်ဆင်း

ဒေါက်တာ ဗက်ဆင်း We strive to provide the best immunization service in Myanmar for all ages.

ဒေါက်တာဗက်ဆင်းဟာ ကာကွယ်ဆေးထိုးသီးသန့်ဆေးခန်းဖြစ်ပါတယ်။ ကလေး၊ လူကြီးအရွယ်မရွေးအတွက် ကာကွယ်ဆေးမျိုးစုံကို တစ်နေရာတည်းမှာ ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ လူသူထူထပ်တဲ့ ဆေးရုံ၊ ဆေးခန်းများကို မသွားချင်သူများအတွက် တစ်ဦးချင်း Appointment System ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ “ စိတ်ချရတဲ့ ကာကွယ်ဆေး” ဖြစ်ဖို့ကတော့ ဒေါက်တာဗက်ဆင်းဆေးခန်းရဲ့ အဓိက Gold Standard ဖြစ်ပါတယ်။ ဒီလို စိတ်ချရတဲ့ ကာကွယ်ဆေးများဖြစ်အောင် အ

အေးလမ်းကြောင်းထိမ်းသိန်းမှုစနစ် (cold chain system) ကို WHO standard များနှင့်အညီ ထိန်းသိမ်းထားပါတယ်။ ဒါအပြင့် ကာကွယ်ဆေးများနှင့်ပတ်သတ်၍ သိလိုသည်များကိုလည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
“ကာကွယ်ဆေးဆိုရင်ဒေါက်တာ ဗက်ဆင်းကို သတိရလိုက်ပါ။”

နိုင်ငံတကာခရီးသွားတော့မယ်ဆိုရင် ခရီးစဉ်အတွက် အထုပ်အပိုး၊ ပတ်စ်ပို့စ်နဲ့ ဗီဇာတွေ ပြင်ဆင်ရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း ပြ...
11/08/2026

နိုင်ငံတကာခရီးသွားတော့မယ်ဆိုရင် ခရီးစဉ်အတွက် အထုပ်အပိုး၊ ပတ်စ်ပို့စ်နဲ့ ဗီဇာတွေ ပြင်ဆင်ရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း ပြင်ဆင်သွားဖို့ အရေးကြီးတယ်နော်…✈️

အထူးသဖြင့် ကိုးရီးယား၊ ထိုင်ဝမ်၊ မလေးရှားနဲ့ စင်ကာပူတို့လို အာရှနိုင်ငံတွေကို သွားတော့မယ်ဆိုရင် ဝက်သက်(Measles) နဲ့ ဂျာမန်ဝက်သက်(Rubella)တို့လိုရောဂါတွေ ကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။
ဒေါက်တာဗက်ဆင်းဆေးခန်းမှာဆိုရင် Measles(ဝက်သက်)၊ Mumps(ပါးချိတ်ရောင်)နဲ့ Rubella (ဂျာမန်ဝက်သက်) ရောဂါ(၃)မျိုးစလုံးကို ကာကွယ်နိုင်တဲ့ MMR ကာကွယ်ဆေးကို ထိုးနှံနိုင်ပြီဖြစ်ပါတယ်။

🗓️MMR Vaccineကို ဘယ်လိုထိုးရမလဲ?
ခန္ဓာကိုယ်မှာ ကိုယ်ခံအား(Antibody)ပေါ်လာဖို့အတွက်ဆိုရင် ခရီးမထွက်ခင်မှာ ကြိုတင်ပြင်ဆင်ထိုးနှံထားဖို့ လိုအပ်ပါတယ်။

MMR Vaccine ကို
➡️ပထမအကြိမ်မှာ တစ်ကြိမ်
➡️ပထမအကြိမ်ထိုးပြီးချိန် အနည်းဆုံး ၂၈ရက်(၁လ) ခြားပြီးတဲ့အခါမှာ နောက်ထပ်တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်တိတိ ထိုးနှံရမှာဖြစ်ပါတယ်။

ဒါကြောင့် ခရီးမထွက်ခင် အနည်းဆုံး ၁လခွဲ ၂လလောက်ကတည်းက ကြိုတင်ထိုးနှံထားသင့်ပါတယ်။

MMR Vaccine အပြင် ခရီးသွားဖို့အတွက် နောက်ထပ်ထိုးနှံသင့်တဲ့ ကာကွယ်ဆေးတွေကတော့-
⚠️အသည်းရောင်အသားဝါအေပိုး၊ ဘီပိုးကာကွယ်ဆေးများ
⚠️ရာသီတုပ်ကွေးကာကွယ်ဆေး
⚠️အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးနဲ့
⚠️ရေကျောက်ကာကွယ်ဆေးတို့ပဲဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေကို စိတ်ချလက်ချ ဘေးကင်းကင်းနဲ့ ခရီးသွားတော့မယ်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ ဒေါက်တာဗက်ဆင်းဆေးခန်းမှာသာ ရွေးချယ်ထိုးနှံလိုက်ပါနော်…💉💚

ကာကွယ်ဆေး ထိုးခြင်း ဟာ မိမိတို့ရဲ့ ရင်နှစ်သည်းချာ သားသားမီးမီးလေးတွေ အတွက် မိဘတွေ အနေ နဲ့ အကောင်းဆုံး ပေးနိုင်တဲ့ ကျန်းမ...
08/08/2026

ကာကွယ်ဆေး ထိုးခြင်း ဟာ မိမိတို့ရဲ့ ရင်နှစ်သည်းချာ သားသားမီးမီးလေးတွေ အတွက် မိဘတွေ အနေ နဲ့ အကောင်းဆုံး ပေးနိုင်တဲ့ ကျန်းမာရေးအမွေတခု ဖြစ်တာကြောင့် ကာကွယ်ဆေးတွေထိုးဖို့ကို မကြောက်ဖို့နဲ့ နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ၊ ဆေးခန်းတွေ မှာ အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေ ထိုးနှံဖို့ကို ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

နှစ်စဉ်ဇူလိုင်လ၂၈ရက်နေ့ကို ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့(World hepatitis day)အဖြစ်သတ်မှတ်ထားပါတယ် 🌐ဒီနှစ် 2026ခုနှစ်ရဲ့...
28/07/2026

နှစ်စဉ်ဇူလိုင်လ၂၈ရက်နေ့ကို ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့(World hepatitis day)အဖြစ်သတ်မှတ်ထားပါတယ် 🌐

ဒီနှစ် 2026ခုနှစ်ရဲ့ World hepatitis day အတွက် themeကတော့ "Let’s break it down”ဖြစ်ပါတယ်✨

အသည်းရောင်အသားဝါရောဂါပိုးတွေက ကမ္ဘာတစ်
ဝှမ်းမှာ ကူးစက်များတဲ့ပိုးတွေဖြစ်တဲ့အပြင် နှစ်ပေါင်းများစွာအထိ ဘာလက္ခဏာမှမပြဘဲ နောက်ဆက်တွဲ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါတွေပါ ဖြစ်လာစေနိုင်တာကြောင့် ဂရုပြုသင့်တဲ့ပိုးတွေဖြစ်ပါတယ်။

အသည်းရောင်အသားဝါပိုးတွေမှာ A,B,C,D,Eဆိုပြီး အမျိုးမျိုးရှိပေမဲ့ ပတ်ဝန်းကျင်မှာ အဖြစ်များဆုံးနဲ့ အန္တရာယ်ရှိဆုံးပိုး(၃)မျိုးရှိပါတယ်။

(၁) အသည်းရောင်အသားဝါအေပိုး
မသန့်ရှင်းတဲ့ အစားအသောက်၊ရေတွေကနေတစ်ဆင့် ကူးစက်တတ်ပြီး ဖျားတာ၊ ပျို့အန်တာ၊ မျက်လုံးဝါတာနဲ့ ဆီးရောင်ရင့်တာတွေဖြစ်တတ်ပါတယ်။ နာတာရှည်ရောဂါအဆင့်အထိမရောက်ဘဲ အချိန်မီကုသရင် အရှင်းပျောက်ကင်းနိုင်ပါတယ်။

(၂) အသည်းရောင်အသားဝါဘီပိုး
ရောဂါပိုးရှိသူရဲ့သွေး၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ ဆေးထိုးအပ်၊ သွားတိုက်တံနဲ့ မုတ်ဆိတ်ရိတ်ဓါးတွေကို မျှဝေသုံးစွဲရာကနေ ကူးစက်တတ်ပါတယ်။ မိခင်ကနေတစ်ဆင့် ကလေးဆီကိုလည်း ကူးစက်နိုင်ပါတယ်။
ရောဂါပိုးက ခန္ဓာကိုယ်ထဲ နှစ်ရှည်လများကိန်းအောင်းနေပြီး နာတာရှည်အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါတွေ ဖြစ်တတ်ပါတယ်။ ပျောက်ကင်းအောင် ကုသလို့မရပေမဲ့ ကာကွယ်ဆေးနဲ့ ကာကွယ်ထားနိုင်ပါတယ်။

(၃) အသည်းရောင်အသားဝါစီပိုး
အသည်းရောင်အသားဝါဘီပိုးနဲ့ ကူးစက်ပုံချင်း တူညီပါတယ်။
ကာကွယ်ဆေးမရှိသေးဘဲ မကုသဘဲထားမယ်ဆိုရင် နာတာရှည်အသည်းရောဂါတွေဖြစ်လာနိုင်တဲ့ ကူးစက်ပိုးဖြစ်ပြီး ရောဂါရှိမှန်းစောလျင်စွာသိရှိမယ်ဆိုရင် ကုသလို့ပျောက်ကင်းနိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။

အသည်းရောင်အသားဝါရောဂါပိုးတွေရဲ့ရန်ကနေ ကာကွယ်နိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကို လုပ်ဆောင်ပေးပါ ✅
➡️အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံပါ။
➡️ရောဂါပိုးစစ်ဆေးမှုပြုလုပ်ပါ။
➡️တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲခြင်းမပြုပါနဲ့။
➡️အသည်းရောင်အသားဝါအေပိုးမကူးစက်အောင် သန့်ရှင်းတဲ့အစားအသောက်တွေကိုသာ စားသုံးပါ။

မိသားစုအားလုံး အသည်းရောင်အသားဝါရောဂါပိုးကူးစက်မှုကနေ ကင်းဝေးအောင် ထိရောက်စွာကာကွယ်ကြဖို့ ဒေါက်တာဗက်ဆင်းဆေးခန်းမှ နှိုးဆော်လိုက်ရပါတယ်။

19/07/2026

JULY 19 ရက် အာဇာနည်နေ့ နှင့် JULY 20 တနင်္လာနေ့ ပုံမှန်ဆေးခန်းပိတ်ရက်များ တွင် Dr. vaccine ဆေးခန်း နှစ်ရက် ဆက် ပိတ်ပါကြောင်း အသိပေးအပ်ပါတယ်။
ဆေးခန်းပိတ်ရက်များကြောင့် အဆင်မပြေဖြစ်သွားရင် Dr. vaccine မှ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ဆေးခန်းပိတ်ရက်များတွင် Messenger မှ ဆက်သွယ်နိုင်ပါတယ်။

ကာကွယ်ဆေးရဲ့ထိရောက်မှုကို အပြည့်အဝရရှိနိုင်ဖို့ဆိုရင် ကာကွယ်ဆေးအရည်အသွေးကောင်းမွန်ဖို့တင်မဟုတ်ဘဲ အရည်အသွေးမကျဘဲ ပြည့်ဝနေ...
18/07/2026

ကာကွယ်ဆေးရဲ့ထိရောက်မှုကို အပြည့်အဝရရှိနိုင်ဖို့ဆိုရင် ကာကွယ်ဆေးအရည်အသွေးကောင်းမွန်ဖို့တင်မဟုတ်ဘဲ အရည်အသွေးမကျဘဲ ပြည့်ဝနေအောင် ထိန်းသိမ်းထားနိုင်ဖို့ကလည်း အရေးပါပါတယ်…❗️💯

ဘယ်လောက်လဲ အရည်အသွေးကောင်းမွန်တဲ့ကာကွယ်ဆေးဖြစ်နေပါစေ Cold chain စနစ်နဲ့ သေချာမထိန်းသိမ်းထားဘူးဆိုရင် ဆေးအာနိသင်လျော့နည်းသွားတတ်ပါတယ် ⚠️

ဒါကြောင့် ဒေါက်တာဗက်ဆင်းဆေးခန်းအနေနဲ့-
✅ဆေးမထိုးခင်အချိန်အထိ ကာကွယ်ဆေးတွေကို +2 ကနေ +8 ဒီဂရီဆဲစီးယပ်အတွင်းရှိနေအောင် ထိန်းသိမ်းထားပါတယ်။

✅ရိုးရိုးရေခဲသေတ္တာနဲ့မဟုတ်ဘဲ ကာကွယ်ဆေးသီးသန့်သိုလှောင်လို့ရတဲ့ Iced lined refrigerator (ILR)လို့ခေါ်တဲ့ ရေခဲအိတ်တွေပါဝင်တဲ့ အရည်အသွေးမြင့် ရေခဲသေတ္တာထဲမှာသာ ထိန်းသိမ်းထားရှိပါတယ်။

✅ILR ရေခဲသေတ္တာအမျိုးအစားကိုလည်း WHOကအသိအမှတ်ပြုပေးထားတဲ့ ရေခဲသေတ္တာကိုသာ အသုံးပြုပေးထားပြီး ၂၄နာရီပတ်လုံးမီးရရှိအောင် Solar inverter စနစ်ပါ တပ်ဆင်ထားရှိထားပါတယ်နော်။

ဒေါက်တာဗက်ဆင်းဆေးခန်းက ကာကွယ်ဆေးလာရောက်ထိုးနှံသူတိုင်း အာနိသင်အပြည့်အဝရရှိစေဖို့အတွက် World Health Organization (WHO) ရဲ့ စံချိန်စံနှုန်းတွေနဲ့အညီ ကာကွယ်ဆေးတွေကို အကောင်းဆုံးထိန်းသိမ်းထားရှိထားလျက်ရှိကြောင်း အပြည့်အဝအာမခံနိုင်ပါတယ်…✨💚

15/07/2026

သားသား မီးမီးလေးတွေ အတွက် Children’s corner လေး

နာတာရှည်ရောဂါအခံရှိတဲ့သူတွေအနေနဲ့ နေ့စဉ်ရက်ဆက်ပုံမှန်သောက်နေရတဲ့ဆေးတွေရှိတာကြောင့် ကာကွယ်ဆေးထိုးနှံလိုက်တဲ့အခါ ဆေးနဲ့ဓါတ...
09/07/2026

နာတာရှည်ရောဂါအခံရှိတဲ့သူတွေအနေနဲ့ နေ့စဉ်ရက်ဆက်ပုံမှန်သောက်နေရတဲ့ဆေးတွေရှိတာကြောင့် ကာကွယ်ဆေးထိုးနှံလိုက်တဲ့အခါ ဆေးနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်တတ်ကြပါတယ်⚠️

ယေဘုယျအားဖြင့်တော့ ကာကွယ်ဆေးထိုးပြီးတဲ့အခါ သောက်နေကျဆေးတွေကို ဖြတ်စရာမလိုပါဘူး…
ဒါကြောင့် မိမိသဘောအလျောက်ဆေးတွေကို မ ဖြတ်သင့်ဘဲ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ဖြတ်ခိုင်းမှသာ ဖြတ်သင့်ပါတယ်။ ဆေးဖြတ်လိုက်ခြင်းကြောင့် ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးထက် ရောဂါအခံဖောက်တာမျိုးဖြစ်လာနိုင်ပြီး အန္တရာယ်ကြီးတတ်ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးမထိုးခင် ဆရာဝန်နဲ့ မဖြစ်မနေဆွေးနွေးတိုင်ပင်ပြီး ညှိနှိုင်းသင့်တဲ့ ဆေးဝါးအမျိုးအစားအချို့ရှိပါတယ်။

📌ကိုယ်ခံအားကျဆေးနဲ့ ကင်ဆာဆေးများ

ကိုယ်ခံအားကျဆင်းတဲ့ စတီးရွိုက်(Steroid)ဆေးသောက်နေရတဲ့သူတွေနဲ့ ကိုယ်ခံအားရောဂါ(Autoimmune diseases)ခံစားနေရသူတွေမှာ (သို့မဟုတ်) ကင်ဆာဆေးသွင်းကုသမှုခံယူရသူတွေမှာ ခန္ဓာကိုယ်က ကိုယ်ခံအား(Antibody) ထွက်ရှိမှုနှုန်း လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို ဘယ်ချိန်မှာ ထိုးနှံရမလဲ၊ သောက်နေတဲ့ဆေးတွေကို ဘယ်လိုချိန်ညှိရမလဲဆိုတာကို ဆရာဝန်နဲ့ကြိုတင်တိုင်ပင်သင့်ပါတယ်:

📌သွေးကျဲဆေးများ
သွေးကျဲဆေးသောက်သုံးနေရသူတွေ (သို့) နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ ခံစားနေရသူတွေမှာ ကာကွယ်ဆေးထိုးဖို့ အပ်စိုက်လိုက်တဲ့အခါ သွေးခြေဥခြင်း၊ သွေးယိုစိမ့်ခြင်းတွေ မဖြစ်စေဖို့အတွက် ဆေးထိုးထားတဲ့နေရာကို ဖိထားပေးဖို့ လိုအပ်ပါတယ်။

📌အကိုက်အခဲပျောက်ဆေးများ
ကာကွယ်ဆေးရဲ့ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ မထိုးခင် ကြိုတင်ပြီးတော့ ပါရာစီတမော(သို့) အကိုက်အခဲပျောက်ဆေးတွေကို သောက်ထားတာမျိုးမလုပ်သင့်ပါဘူး။ ကြိုတင်သောက်ထားခြင်းက ကာကွယ်ဆေးရဲ့အာနိသင်ကို အနည်းငယ်လျော့ကျစေနိုင်တာကြောင့် ဆေးထိုးပြီးမှ ဖျားလာတာ၊ ကိုက်ခဲလာတာမျိုးတွေရှိမှသာ သောက်သင့်ပါတယ်။

နာတာရှည်ရောဂါအခံရှိသူတွေမှာဆိုရင် ကာကွယ်ဆေးထိုးနှံဖို့ကို ပိုမိုလိုအပ်ပါတယ်။
ဒါကြောင့် နာတာရှည်ဆေးစွဲသောက်နေရသူတွေကို
✔️ကာကွယ်ဆေးထိုးနှံတဲ့အခါ ဆေးမှတ်တမ်းယူဆောင်လာဖို့
✔️ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့နဲ့
✔️မထိုးနှံမီမှာ ကျန်းမာရေးဂရုစိုက်ထားကြဖို့
ဒေါက်တာဗက်ဆင်းဆေးခန်းမှ အကြံပြုလိုပါတယ်…💚

လက်ရှိကာလမှာ အူရောင်ငန်းဖျားရောဂါလို့ခေါ်တဲ့ Typhoidရောဂါတွေ အဖြစ်များနေကြပါတယ်။ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ Typhoidရော...
02/07/2026

လက်ရှိကာလမှာ အူရောင်ငန်းဖျားရောဂါလို့ခေါ်တဲ့ Typhoidရောဂါတွေ အဖြစ်များနေကြပါတယ်။
ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ Typhoidရောဂါဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ရောဂါအကြောင်းကို အကျဉ်းချုံးတော့ သိနားလည်ထားဖို့ လိုအပ်ပါတယ်။

Typhoid ရောဂါဆိုတာဘာလဲ?
အူရောင်ငန်းဖျားရောဂါ(Typhoid)ဆိုတာ မသန့်ရှင်းတဲ့အစားအစာနဲ့ရေတွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ပြင်းထန်အူလမ်းကြောင်း ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ပြင်းထန်စွာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အားနည်းနုံးချိခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။တစ်ခါတရံ ဝမ်းပျက်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အချို့လူတွေမှာဆိုရင် အနီပြင်တွေပါထလာတတ်ပြီး ရောဂါအရမ်းပြင်းထန်တဲ့အခါ သတိလက်လွတ်ဖြစ်တာတွေပါ ကြုံရတတ်ပါတယ်။

အူရောင်ငန်းဖျားရောဂါ(Typhoid)ကိုဖြစ်စေနိုင်တဲ့ အဓိကပိုး(Causal organism) လေးမျိုးရှိပါတယ်။

(၁) Salmonella Typhi
အပြင်းထန်ဆုံးနဲ့ အဖြစ်အများဆုံး Classic Typhoid feverကို ဖြစ်စေနိုင်ပါတယ်။
(၂) Salmonella Paratyphi A
(၃) Salmonella Paratyphi B
(၄) Salmonella Paratyphi C

Salmonella Paratyphi A,B နဲ့ C ကတော့ Classic Typhoidထက် အနည်းငယ်ပျော့တဲ့ Paratyphoid feverကို ဖြစ်စေတဲ့ပိုးတွေဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံထားရင် စိတ်ချရပြီလား?
လက်ရှိဆေးခန်းတွေမှာ ထိုးနှံပေးနေတဲ့ အူရောင်ငန်းဖျားရောဂါ(Typhoid) ကာကွယ်ဆေးက အပေါ်မှာပြောတဲ့ပိုး(၄)မျိုးထဲမှာ အပြင်းထန်ဆုံး Salmonella Typhi ပိုးတစ်မျိုးတည်းကိုသာ ကာကွယ်ပေးနိုင်တာဖြစ်ပြီး ကျန်တဲ့ Paratyphi A,B နဲ့ C တွေကိုတော့ ကာကွယ်ပေးနိုင်စွမ်းမရှိပါဘူး။

ဒါကြောင့် တိုက်ဖိုက်ရောဂါကို ကာကွယ်ရန် ကာကွယ်ဆေးထိုးထားရုံနဲ့မလုံလောက်ဘဲ နေ့စဉ်လူမှုဘဝမှာလည်း ရောဂါကိုကာကွယ်နိုင်တဲ့ Universal precaution(အထွေထွေရောဂါကာကွယ်ရေးနည်းလမ်း) တွေကိုပါ မပျက်မကွက်
လိုက်နာဖို့ အရေးကြီးပါတယ်။

📌လက်ကိုစနစ်တကျ ပုံမှန်ဆေးကြောပါ
အစားအစာတွေကို ပြင်ဆင်ကိုင်တွယ်ခြင်းမပြုမီ၊ မစားသုံးမီနဲ့ အိမ်သာတက်ပြီးချိန်တိုင်းမှာ ဆပ်ပြာနဲ့ရေကိုအသုံးပြုပြီး စက္ကန့်၂၀ကြာအောင် လက်ဆေးပါ။

📌သန့်ရှင်းတဲ့အစားအစာတွေကိုသာ စားသုံးပါ
ပူပူနွေးနွေးချက်ပြုတ်ထားတဲ့အစားအစာတွေကိုသာ စားသုံးပေးပြီး ယင်နားစာတွေကို ရှောင်ကြဉ်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးတော့မယ်ဆိုရင် သန့်ရှင်းတဲ့ရေနဲ့ စင်ကြယ်အောင်ဆေးကြောပါ။

📌သောက်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ
ကျိုချက်ထားတဲ့ရေ(သို့) ရေသန့်မှန်းစိတ်ချရတဲ့ရေကိုသာ သောက်သုံးပါ။ ရေသန့်ရေခဲတုံးကိုသာ အသုံးပြုပေးပြီး သန့်မှန်းမသေချာတဲ့ရေခဲတုံးတွေကို ရှောင်ကြဉ်ပေးပါ။

📌အကာအကွယ်နဲ့ ဖုံးအုပ်ထားခြင်းမရှိဘဲ သန့်ရှင်းမှုအားနည်းတဲ့ အစားအစာများ၊ ယင်နားစားများနှင့် မကျက်တကျက်ချက်ပြုတ်ထားတဲ့ အသား၊ငါး၊ ပင်လယ်စာများကိုလည်း ရှောင်ကြဉ်ထားသင့်ပါတယ်။

ကျန်းမာရေးဆိုတာ မဖြစ်ခင်ကကြိုတင်ကာကွယ်ထားမှသာ အကောင်းဆုံးဖြစ်တာကြောင့် ကာကွယ်ဆေးမထိုးနှံရသူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံဖို့လိုအပ်သလို ထိုးနှံပြီးသားသူတွေအနေနဲ့လည်း အပေါ်ကအချက်တွေကို ဂရုစိုက်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

"ရင်သွေးလေးကို နို့တိုက်နေတုန်း ကာကွယ်ဆေးထိုးလိုက်ရင် ကလေးကို ထိခိုက်သွားမလား” လို့ စိုးရိမ်နေရကြတဲ့ မေမေတို့အတွက် ဒေါက်...
26/06/2026

"ရင်သွေးလေးကို နို့တိုက်နေတုန်း ကာကွယ်ဆေးထိုးလိုက်ရင် ကလေးကို ထိခိုက်သွားမလား” လို့ စိုးရိမ်နေရကြတဲ့ မေမေတို့အတွက် ဒေါက်တာဗက်ဆင်းက သတင်းကောင်းလေးပါးပေးလိုက်ပါတယ်…❤️

✅နို့တိုက်မိခင်တွေမှာ ကာကွယ်ဆေးအများစုကို စိတ်ချလက်ချ ထိုးနှံနိုင်ပါတယ်။
လေ့လာချက်တွေအရ ကာကွယ်ဆေးအများစုက မိခင်နို့ရည်ကနေတစ်ဆင့် ကလေးဆီကို ရောဂါပိုးပျံ့နှံစေခြင်းမရှိပါဘူး။

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံတဲ့အခါ ထွက်လာတဲ့ မိခင်ရဲ့ခုခံစွမ်းအားတွေက နို့ရည်ကတစ်ဆင့် ကလေးဆီကိုရောက်ရှိပြီး ကလေးကိုပါ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ သတိထားရမှာတစ်ခုက ကူးစက်ပိုးအရှင်ကို အားပျော့အောင်လုပ်ထားတဲ့ကာကွယ်ဆေး (Live attenuated vaccine) ဥပမာ- Yellow fever vaccine လိုမျိုးဟာဆိုရင်တော့ အရေးပေါ်ခရီးသွားရတာမျိုးရှိမှ ထိုးနှံဖို့အတွက် အကြံပြုထားပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့ ဘယ်ကာကွယ်ဆေးပဲထိုးထိုး ဘေးကင်းစိတ်ချရတဲ့ ကာကွယ်ဆေးကိုမှ ထိုးနှံချင်တယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် တိုင်ပင်ဆွေးနွေးထိုးနှံပေးနေတဲ့ ဒေါက်တာဗက်ဆင်းဆေးခန်းကို လှမ်းလာခဲ့ဖို့ ဖိိတ်ခေါ်ပါရစေရှင် 💚✨

မိူးရာသီရဲ့အေးမြတဲ့အငွေ့အသက်တွေနဲ့အတူ ကပ်ပါလာတတ်တာက မိုးရာသီမှာ ပေါက်ဖွားပျံ့နှံ့တတ်ပြီး ရောဂါပိုးတွေကိုဖြန့်ဖြူးတတ်တဲ့ ...
22/06/2026

မိူးရာသီရဲ့အေးမြတဲ့အငွေ့အသက်တွေနဲ့အတူ ကပ်ပါလာတတ်တာက မိုးရာသီမှာ ပေါက်ဖွားပျံ့နှံ့တတ်ပြီး ရောဂါပိုးတွေကိုဖြန့်ဖြူးတတ်တဲ့ ခြင်တွေပါပဲ…🦟

မိုးရာသီကို ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုရင် ခြင်ကြောင့်ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကြိုတတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်နော်☔️

မိုးရာသီမှာ ခြင်ကိုက်ခံရတာကြောင့် အဓိကကူးစက်တတ်တဲ့ရောဂါတွေကတော့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါတွေပဲဖြစ်ပါတယ်။
မိုးမကျခင်မှာ ခြင်အန္တရာယ်ကို ကြိုတင်ကာကွယ်ထားဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးဖို့လိုပါတယ်။

🛡️ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပါ။
အိမ်တွင်း၊ အိမ်ပြင် ရေတင်ကျန်နိုင်တဲ့ပစ္စည်းတွေကို သွန်ပစ်ပါ။ ရေသိုလှောင်ထားတဲ့ပစ္စည်းတွေဋကို အဖုံးဖုံးအုပ်ပေးထားပြီး ဘုရားပန်းအိုးနဲ့ ရေအမြဲထည့်ထားရတဲ့ပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ။

🛡️အိမ်ပတ်ဝန်းကျင်ကို ရှင်းလင်းပေးပါ။
အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ခြုံနွယ်တွေကို ရှင်းလင်းပေးပြီး ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကို ဖျက်ဆီးပေးပါ။

🛡️ခြင်မကိုက်အောင်နေထိုင်ပါ။
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်ဆင်ပြီး ခြင်မကိုက်တဲ့လိမ်းဆေးရည်တွေကို လိမ်းပေးပါ။ ခြင်ထောင်နဲ့အိပ်ပေးပါ။

ဒါ့အပြင် ဒေါက်တာဗက်ဆင်းဆေးခန်းမှာလည်း အရည်အသွေးမြင့်တဲ့ကာကွယ်ဆေးတွေကို ယုံကြည်စိတ်ချစွာနဲ့ ထိုးနှံနိုင်ပြီဖြစ်တာကြောင့် ခြင်ကြောင့်ဖြစ်တဲ့ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ အခုပဲလာရောက်ထိုးနှံလိုက်ပါ…💚✨

Address

(Shwe Bargayar Condo) No. 127, 7A, Bargayar Road, Near Chin Baptist Mission Center, Sanchaung
Yangon
11111

Opening Hours

Tuesday 09:00 - 12:00
13:00 - 17:00
Wednesday 09:00 - 12:00
13:00 - 17:00
Thursday 09:00 - 12:00
13:00 - 17:00
Friday 09:00 - 12:00
13:00 - 17:00
Saturday 09:00 - 12:00
13:00 - 17:00
Sunday 09:00 - 12:00
13:00 - 17:00

Telephone

+959408552233

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာ ဗက်ဆင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒေါက်တာ ဗက်ဆင်း:

Shortcuts

Share