Star Med Company Limited

Star Med Company Limited Star Med is one of the leading distribution company of medical equipments and instruments where you can get quality healthcare products with affordable price.

31/08/2026

🎉 Happy Birthday! August Born 🎉

ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှုတွေကို ပိုမိုခိုင်မာစေတဲ့ Team Bond Session လေးအတိုင်း 🤝 ဒီ August လမှာ မွေးဖွားခဲ့ကြတဲ့ Star Zone & Star Med Company Limited ရဲ့ ချစ်လှစွာသော မွေးနေ့ရှင်လေးတွေအတွက် အမှတ်တရ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ပေးခဲ့ပါတယ်... 🎈

အပြုံးပန်းကိုယ်စီနဲ့ ပျော်ရွှင်စရာ Moment လေးတွေကို အတူတကွ ဖန်တီးခွင့်ရခဲ့တဲ့ ကြည်နူးစရာ နေ့ရက်လေးတစ်ခုပေါ့။ 📸 💖

🎈မွေးနေ့ရှင်များအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း.📸အားလုံးအတွက် အမှတ်တရ ပုံရိပ်အချို့ကိုလည်း မျှဝေပေးလိုက်ပါတယ်

26/08/2026

💯အာမခံ ၃ နှစ်အပြည့် ပါတဲ့ ALPHAMED Digital သွေးပေါင်ချိန်စက်

💛သင်နဲ့ သင့်မိသားစု ကျန်းမာရေးအတွက် တိကျသေချာတဲ့ သွေးပေါင်ချိန်စက်တစ်လုံး အိမ်မှာ အမြဲဆောင်ထားဖို့ လိုတယ်နော်!

🔷Standard Model
🔷Bluetooth Model

✅ကြည်လင်ပြတ်သားတဲ့ LED Screen
✅Built-in-battery / USB (Type C) Fast Charging အားသွင်းစနစ်
✅လူ ၂ ဦးစာကို အကြိမ် ၁၂၀ စီ (စုစုပေါင်း ၂၄၀ ထိ) မှတ်တမ်းတင်ထားနိုင်ခြင်း
✅လက်ပတ် ပတ်တာ မှားရင် သတိပေးမယ့် Auto System

📲Bluetooth Model မှာတော့ ဖုန်းထဲမှာ App နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Function တစ်ခုအပိုပါပြီး နေ့စဉ်တိုင်းတာမှုတွေကို ဖုန်းကတစ်ဆင့် ကြည့်ရှုနိုင်မှာပါ။

🧑‍🧑‍🧒‍🧒မိသားစု အိမ်သုံး လက်လီ ဝယ်ယူနိုင်သလို ဆေးရုံ၊ဆေးခန်း နဲ့ 🏪စတိုးဆိုင်များအတွက်လည်း လက်ကား (အထူးဈေးနှုန်း)ဖြင့် မှာယူနိုင်ပါတယ်။

☎️ဝယ်ယူလိုပါက page messenger နဲ့ Star Med Co.,Ltd ကို ဆက်သွယ် မှာယူနိုင်ပါတယ်။

#သွေးပေါင်ချိန်စက်

နာတာရှည်လူနာတွေကို ပြုစုရတဲ့အခါ အိပ်ရာနာ မဖြစ်အောင် ဘယ်လို ပြုစု/ကာကွယ်မလဲ?အိပ်ရာထဲ အချိန်ကြာကြာ လဲနေသူတွေ၊ ဝှီးချဲသုံးန...
17/08/2026

နာတာရှည်လူနာတွေကို ပြုစုရတဲ့အခါ အိပ်ရာနာ မဖြစ်အောင် ဘယ်လို ပြုစု/ကာကွယ်မလဲ?

အိပ်ရာထဲ အချိန်ကြာကြာ လဲနေသူတွေ၊ ဝှီးချဲသုံးနေရသူတွေကို ပြုစုရတဲ့အခါ မူလ ရောဂါအပြင် "အိပ်ရာနာ" မဖြစ်အောင်လည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။

အိပ်ရာနာဆိုတာ သာမန်အရေးပြား ပွန်းပဲ့ဒဏ်ရာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တစ်နေရာတည်းကို အချိန်ကြာကြာ ဖိထားမိလို့ သွေးမလျှောက်ဘဲ အရေပြား ပျက်စီးရာမှ စဖြစ်တာပါ။ရောဂါတစ်ခု မဟုတ်ပေမဲ့ သတိမထားမိရင် အနာထဲ ပိုးဝင်ပြီး ဆိုးရွားသွားနိုင်လို့ ဒီအချက်တွေကို မှတ်သားထားစေချင်ပါတယ်။

အိပ်ရာနာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ၃ ချက် ရှိပါတယ်။

♐ဖိအား (Pressure) - အချိန်ကြာကြာ မလှုပ်ရှားဘဲ တစ်ပုံစံတည်း အိပ်/ထိုင်နေရခြင်း။
♐ပွတ်တိုက်မှု (Friction) - လူနာကို ဆွဲရွှေ့စဉ် အရေပြားနဲ့ အိပ်ရာခင်း ပွတ်တိုက်မိခြင်း။
♐စိုစွတ်မှု (Moisture) - ချွေး၊ ဆီး ၊ ဝမ်း မကြာခဏ စိုစွတ်နေခြင်းကြောင့် ဆီးပူ၊ဝမ်းပူ အနာဖြစ်ခြင်း။
အိပ်ရာနာ အများစုဟာ ကုသလို့ ပျောက်ကင်းနိုင်ပေမယ့် တချို့လူတွေမှာတော့ လုံးဝ မပျောက်နိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

⛨ လက်တွေ့ကျကျ ဘယ်လို ပြုစု/ကာကွယ်မလဲ?

၁။ လူနာကို ၂ နာရီတစ်ကြိမ်လောက် မဖြစ်မနေ ဘေးစောင်းပေးပါ၊ အနေအထား ပြောင်းပေးပါ။

၂။ လေမွှေ့ရာ သုံးပေးပါ။ လေဖောင်းမွှေ့ရာ (Air Mattress) က ဖိအားကို လျှော့ချပေးလို့ အလွန်ထိရောက်ပါတယ်။

၃။ ဆီး/ဝမ်း သန့်ရှင်းရေး လုပ်ပြီးရင် အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားပြီး အစိုဓာတ်ထိန်း လိုးရှင်း ပါးပါးလေး လိမ်းပေးပါ။

၄။အနာစဖြစ်လာပြီဆို ဆေးရည် (Normal Saline) နဲ့ ဖြည်းဖြည်းချင်း ဆေးကြောပေးပြီး အရေပြား ပေါက်ပြဲနေရင် အနာအုပ်ပတ်တီး သန့်သန့်နဲ့ အုပ်ထားပေးပါ။

၅။ လူနာကို နေရာရွှေ့ရင် ဆွဲမရွှေ့ဘဲ အောက်ကနေ ပင့်မပေးပါ။ အရေပြားကို သုတ်ရင်လည်း မပွတ်ဘဲ အသာလေး တို့ပေးပါ။

၆။ ကြွက်သားနဲ့ အရေပြား သန်မာဖို့ အသား၊ ငါး၊ ဥ (ပရိုတင်း) နဲ့ ရေ လုံလောက်စွာ တိုက်ပေးပါ။

🛡️အိမ်မှာ နာတာရှည်လူနာတွေကို ပြုစုနေရတဲ့သူတွေရှိရင် အခုပြောခဲ့တဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

💢တကယ်လို့အရေပြား နီရဲလာပြီဆိုရင် အနာစဖြစ်ဖို့ တာစူနေပါပြီ။ အနာဖြစ်ပြီး ပြည်ယိုတာ ဒါမှမဟုတ် အနံ့ဆိုးထွက်လာပါက ကိုယ့်သဘောနဲ့ကိုယ် ဆေးလိမ်းတာမျိုး မလုပ်ဘဲ ဆရာဝန် နဲ့ ပြသတိုင်ပင်ပါ

တခြားသိလိုတာရှိရင်လည်း comment မှာ မေးခဲ့လို့ ရပါတယ်။

#အိပ်ရာနာ

🩺 အသစ်စက်စက် ရောက်ရှိထားတဲ့ ALPHAMED ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်တွေ လက်လီ/လက်ကား မှာယူနိုင်ပါပြီ။ #အာမခံ ၃ နှစ်ထိ ပါဝင်...
10/08/2026

🩺 အသစ်စက်စက် ရောက်ရှိထားတဲ့ ALPHAMED ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်တွေ လက်လီ/လက်ကား မှာယူနိုင်ပါပြီ။
#အာမခံ ၃ နှစ်ထိ ပါဝင်လို့ စက်ပိုင်းဆိုင်ရာအတွက် လုံးဝ စိတ်ချရမယ် #

🏠 အိမ်မှာ လူကြီးမိဘ ရှိတဲ့သူတွေ၊သွေးတိုး၊ဆီးချို၊နှလုံး ရောဂါအခံရှိသူတွေအနေနဲ့ တစ်လုံးလောက်တော့ ဆောင်ကိုဆောင်ထားသင့်ပါတယ်။

💡 ALPHAMED သွေးပေါင်ချိန်စက်ရဲ့ အထူးအားသာချက်များ

✅ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အပေါ်သွေး၊ အောက်သွေး၊ နှလုံးခုန်နှုန်းတွေကို တိကျစွာ တိုင်းတာနိုင်မယ်။

✅ Result တွေကို LED Screen ကြီးကြီးပေါ်မှာ ပြပေးမှာဖြစ်လို့ မျက်စိအားနည်းသူတွေ၊ အသက်ကြီးတဲ့ မိဘတွေ အနေနဲ့ စာလုံးတွေကို ထင်ထင်ရှားရှား မြင်ရမှာပါ။

✅ Built-in-battery ကို အသုံးပြုပေးထားပြီး အလွယ်တကူ အားသွင်းနိုင်တဲ့ USB(Type C) / fast charging စနစ်

✅အားသွင်းကြိုးတန်းလန်းနဲ့ အသုံးပြုမိရင်လည်း ဓာတ်မလိုက်အောင် လုပ်ပေးမယ့် Auto Cut System ပါဝင်လို့ Safety အတွက်လည်း စိတ်ချရမယ်။

✅လက်ပတ်ပတ်တာ မှားရင် စက်က သတိပေးမှာမို့ တိုင်းတာချက် လွဲမှာလည်း ပူစရာမလိုပါဘူး။

✅စက်အနောက်မှာ လက်ပတ်ကြိုးထည့်ဖို့ အံခွက် သီးသန့်ပါလို့ သပ်သပ်ရပ်ရပ် နဲ့ သိမ်းဆည်းရတာ လွယ်ကူပါတယ်။

✅ လူနှစ်ယောက်စာကို တစ်ယောက်ကို အကြိမ် ၁၂၀ စီ (စုစုပေါင်း ၂၄၀) ထိ မှတ်ပေးထားမှာပါ။

✅ (3) နှစ် အာမခံ အပြည့်ပေးထားလို့ စက်ပိုင်းဆိုင်ရာ အရည်အသွေး စိတ်ချရပါတယ်။
------------------------------
✌️ရိုးရိုးရှင်းရှင်း Standard Model နဲ့ ဖုန်းထဲမှာ App ဒေါင်းပြီး Bluetooth နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Bluetooth Model ဆိုပြီး အမျိုးအစား (၂) မျိုးရရှိပါမယ်။

💠Standard Model
ဖုန်းနဲ့ ချိတ်ဆက်စရာမလိုဘဲ ရိုးရိုးရှင်းရှင်း ခလုတ်တစ်ချက်နှိပ်ရုံနဲ့ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း တိုင်းတာချင်သူများ၊ အသက်ကြီးပိုင်း မိဘဘိုးဘွားများအတွက် အဆင်ပြေပါတယ်။

💠 Bluetooth Model
ဖုန်းမှာ App ကို ဒေါင်းလုဒ်ဆွဲ၊ Bluetooth ချိတ်ဆက်ပြီး တိုင်းတာသမျှ Result တွေကို ဖုန်းထဲမှာ Auto မှတ်တမ်းတင်ထားနိုင်မှာပါ။ သွေးပေါင်ချိန် မှတ်တမ်းကို ပုံမှန်စောင့်ကြည့်ရသူများ၊ ဆရာဝန်နဲ့ ပြသတဲ့အခါ ဖုန်းထုတ်ပြီး အလွယ်တကူပြသချင်သူတွေအတွက် အရမ်းကို အဆင်ပြေတဲ့ Bluetooth Function လေး ဖြစ်ပါတယ်။

👉မိသားစု အိမ်သုံး လက်လီ ဝယ်ယူနိုင်သလို ဆေးဆိုင် နှင့် စတိုးဆိုင်များ အတွက်လည်း လက်ကား (အထူးဈေးနှုန်း) ဖြင့် မှာယူနိုင်ပါတယ်။

📩ဈေးနှုန်း နဲ့ အသေးစိတ် အတွက် Page Messenger ကို ဆက်သွယ်ပေးပါနော်

#သွေးပေါင်ချိန်စက်

အရက်သောက်မှ အသည်းအဆီဖုံးတယ် ထင်နေတုန်းလား..ဒါဟာ လုံးဝမှားယွင်းနေတဲ့ အယူအဆကြီးပါခန္ဓာကိုယ်ရဲ့ ဒုတိယအကြီးဆုံး အင်္ဂါဖြစ်တဲ...
03/08/2026

အရက်သောက်မှ အသည်းအဆီဖုံးတယ် ထင်နေတုန်းလား..ဒါဟာ လုံးဝမှားယွင်းနေတဲ့ အယူအဆကြီးပါ

ခန္ဓာကိုယ်ရဲ့ ဒုတိယအကြီးဆုံး အင်္ဂါဖြစ်တဲ့ အသည်းဟာ ကျွန်တော်တို့ နေ့စဉ် စားသောက်လိုက်သမျှကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတာနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးတဲ့ တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။

ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ အသည်းထဲမှာ ပုံမှန်ထက် အဆီဓာတ်တွေ ပိုမို စုစည်းမိလာတဲ့အခါ “အသည်းအဆီဖုံးခြင်း (Fatty Liver)” ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်လာပါတယ်။
အသည်းအဆီဖုံးတာဟာ အရက်သောက်တာတစ်ခုတည်း ကြောင့် မဟုတ်ပါဘူး။ ခန္ဓာကိုယ်က အဆီတွေကို လုံလောက်အောင် မချေဖျက်နိုင်တာ၊ အဆီထုတ်လုပ်မှု များပြားလာတာတွေကြောင့် ဖြစ်ပွားရတာပါ။

အဓိက ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေက -

- အဝလွန်ခြင်း သို့မဟုတ် ဗိုက်ခေါက်ဆီ ထွက်ခြင်း
- သွေးတွင်း သကြားဓာတ် မြင့်မားခြင်း
- သွေးတွင်း အဆီဓာတ် (Cholesterol) မြင့်မားခြင်း
- အပြင်းအထန် ဝိတ်ချခြင်း
- သောက်သုံးနေသည့် အချို့သော ဆေးဝါးများ

အသည်းအဆီဖုံးခြင်းဟာ စတင်ဖြစ်ပွားချိန်မှာ လက္ခဏာ သိပ်မပြတတ်ဘဲ တစ်ခါတစ်ရံ မောပန်းလွယ်တာ၊ ဗိုက်ထဲ မအီမသာ ဖြစ်တာမျိုးလောက်ပဲ ခံစားရတတ်ပါတယ်။

ဒါပေမဲ့ ဂရုမစိုက်ဘဲ ဒီအတိုင်း ပစ်ထားမိရင်တော့ အသည်းရောင်ရမ်းတာ၊ အစားအသောက်ပျက်တာတွေ ဖြစ်လာပြီး နောက်ဆုံးမှာ အသည်းခြောက်ခြင်း (Cirrhosis) အထိ ကူးပြောင်းသွားနိုင်တာမို့ သတိထားဖို့ လိုပါတယ်။

အသည်းအဆီဖုံးနေတာကို စောစောစီးစီး သိရှိရင် နေထိုင်စားသောက်မှု ပုံစံလေး ပြောင်းလိုက်ရုံနဲ့ ပြန်လည် ကောင်းမွန်ကျန်းမာလာနိုင်ပါတယ်။

၁။ စားသောက်ပုံကို ပြောင်းလဲပါ – အချိုဓာတ်လွန်ကဲတာနဲ့ အကြော်အလှော်တွေကို လျှော့စားပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဂျုံကြမ်းလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပိုစားပေးပါ။

၂။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ – တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်တာ သို့မဟုတ် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပေးတာက အသည်းထဲက အဆီတွေကို အမြန်ဆုံး လောင်ကျွမ်းစေပါတယ်။

၃။ ကိုယ်အလေးချိန်ကို စနစ်တကျ ထိန်းပါ – ရုတ်တရက် မဟုတ်ဘဲ ပုံမှန်လေး ဝိတ်လျှော့ပေးပါ။

၄။ ကျန်းမာရေး ပုံမှန်စစ်ပါ – ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်တွေကို ပုံမှန် စစ်ဆေးထိန်းသိမ်းပါ။

အသည်းအဆီဖုံးခြင်းဟာ မသိမသာနဲ့ အန္တရာယ်ပေးနိုင်တာကြောင့် လက္ခဏာမပြခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဒီနေ့ကစပြီး စားသောက်နေထိုင်မှု ပုံစံလေးကို နည်းနည်းစီ ပြောင်းလဲရင်း အသည်း ကျန်းမာရေးကို ပုံမှန်ဂရုစိုက်ပေးနိုင်ပါတယ်။

#အသည်းအဆီဖုံးခြင်း

🌷ဝါဆိုလပြည့်နေ့(ဓမ္မစကြာ အခါတော်နေ့)🌷 ☸️ သန္ဓေတောထွက်၊ ဓမ္မစက်နှုတ်မြွက်သံချို၊ လဝါဆို…. ☸️ 🙏 ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို...
29/07/2026

🌷ဝါဆိုလပြည့်နေ့(ဓမ္မစကြာ အခါတော်နေ့)🌷

☸️ သန္ဓေတောထွက်၊ ဓမ္မစက်
နှုတ်မြွက်သံချို၊ လဝါဆို…. ☸️

🙏 ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)မှာ ၇ ရက်သား၊သမီးများအားလုံး စိတ်နှလုံးအေးချမ်းစွာဖြင့် မေတ္တာတရားများပွားများ နိုင်ပါစေကြောင်း Star Med Company Limited မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🪷🙏🙏

19 July မမေ့နိုင်💔ယနေ့ "ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆု...
19/07/2026

19 July မမေ့နိုင်💔

ယနေ့ "ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား Star Med မိသားစု မှ လေးမြတ်စွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။ #အာဇာနည်န့

အမည်ပျက်စာရင်းသွင်းခြင်း နှင့် တာဝန်မှ ရပ်စဲကြောင်း အသိပေးကြေညာချက်Star Med Co., Ltd တွင် ယာဉ်မောင်းရာထူးဖြင့် တာဝန်ထမ်း...
16/07/2026

အမည်ပျက်စာရင်းသွင်းခြင်း နှင့် တာဝန်မှ ရပ်စဲကြောင်း အသိပေးကြေညာချက်

Star Med Co., Ltd တွင် ယာဉ်မောင်းရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ဦးဖိုးလပြည့် နှင့် ပတ်သက်၍ အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။

ဦးဖိုးလပြည့်သည် ကုမ္ပဏီ၏ တည်ဆဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ကုမ္ပဏီမှ ထုတ်ချေးထားသော ငွေကြေးများ ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခြင်း နှင့် ဝန်ထမ်းအချင်းချင်းကြား မသင့်လျော်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ခြင်းတို့ကြောင့် Star Med Co., Ltd ၏ ဝန်ထမ်းအမည်ပျက်စာရင်း (Blacklist) သို့ ထည့်သွင်းထားပြီးဖြစ်ကြောင်းနှင့် ၎င်းနှင့် ကုမ္ပဏီအကြား လုံးဝ (လုံးဝ) သက်ဆိုင်မှု မရှိတော့ကြောင်း အသိပေးအပ်ပါသည်။

၎င်း၏ ပျက်ကွက်မှုနှင့် လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ကုမ္ပဏီမှ ထုတ်ချေးထားသော ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ကာ တိမ်းရှောင်နေခြင်း။
ကုမ္ပဏီအတွင်းရှိ အခြားဝန်ထမ်းများထံမှ ငွေကြေးများ ထပ်မံချေးယူပြီးနောက် တာဝန်ယူဖြေရှင်းပေးခြင်း မရှိဘဲ တိမ်းရှောင်နေခြင်း။

သို့ဖြစ်ပါ၍ ၎င်းနှင့် ပုဂ္ဂိုလ်ရေးအရ ငွေကြေးဆိုင်ရာနှင့် အခြားကိစ္စရပ်များကို ဆက်လက်ဆက်သွယ် ဆောင်ရွက်နေမှုများ ရှိပါက မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပြီး ယင်းကိစ္စရပ်များအတွက် ကုမ္ပဏီအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူ၊ တာဝန်ခံပေးမည် မဟုတ်ပါကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။

STAR MED CO., LTD
Human Resources Department

ကိုယ်ခံအားကောင်းအောင် ဘာတွေစားပေးသင့်လဲ?ရာသီဥတုတွေ ခဏခဏပြောင်း၊ပတ်ဝန်းကျင်မှာလည်း ဖျားနာသူတွေများနေတဲ့ ဒီလိုအချိန်မျိုးမ...
16/07/2026

ကိုယ်ခံအားကောင်းအောင် ဘာတွေစားပေးသင့်လဲ?

ရာသီဥတုတွေ ခဏခဏပြောင်း၊ပတ်ဝန်းကျင်မှာလည်း ဖျားနာသူတွေများနေတဲ့ ဒီလိုအချိန်မျိုးမှာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးခံတပ် ကိုယ်ခံအားစနစ်ကို မြှင်တင့်ထားဖို့ တကယ်ကို အရေးကြီးပါတယ်။

ဖျားနာမှ ဆေးထသောက်တာထက် အခုပြောမယ့် အစားအစာလေးတွေကို နေ့စဉ်စားပေးပြီး ကိုယ်ခံအားစနစ် မြှင့်တင်ထားကြပါ။

၁။အချဉ်ဓာတ်ရှိတဲ အသီးများ

ကိုယ်ခံအားစနစ်ရဲ့ အဓိက သော့ချက်က သွေးဖြူဥဆဲလ်တွေပါပဲ။လိမ္မော်သီး၊ပန်းသီး၊ရှောက်သီး နဲ့ ကီဝီသီးစတဲ့ အချဉ်ဓာတ်ရှိတဲ အသီးတွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်လို့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥဆဲလ် ထုတ်လုပ်မှုကို ပိုမိုအားကောင်းစေပါတယ်။ဗီတာမင် C ကို ခန္ဓာကိုယ်က ကိုယ်တိုင်မထုတ်လုပ်နိုင်သလို သိုလှောင်မထားနိုင်တဲ့အတွက် နေ့စဉ်ပုံမှန် စားပေးသင့်ပါတယ်။

၂။ငရုတ်ပွသီးအနီရောင်

ဗီတာမင် C ကို ချဉ်တဲ့ အသီးတွေမှာပဲ ရှိတယ်လို့ ထင်နေကြတာလား။တကယ့်တော့ ငရုတ်ပွအနီရောင်မှာ ဗီတာမင် C ပါဝင်မှုက နှစ်ဆခန့် ပိုများနေတာပါ။ဒါ့အပြင် အသားအရေကို ကြည်လင်စေတဲ့ Beta - carotene ဓာတ်လည်း အပြည့်အဝ ပါဝင်ပါသေးတယ်။

၃။ဒိန်ချဉ်

ကိုယ်ခံအားစနစ်ရဲ့ ၇၀ % ကျော်က အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးပေါ် မူတည်နေတာပါ။ဒိန်ချဉ်မှာပါတဲ အကျိုးပြုဘက်တီးရီးယား (probiotics) က အူလမ်းကြောင်းကို သန့်စင်စေပြီး ပြင်ပပိုးမွှား ရန်ကနေ ကာကွယ်ပေးပါတယ်။

၄။နနွင်း နဲ့ ကြက်သွန်ဖြူ

ဟင်းချက်ရင် မပါမဖြစ် နနွင်းနဲ့ ကြက်သွန်ဖြူကလည်း အစွမ်းထက်တဲ့ သဘာဝဆေးဖက်ဝင် အစားအစာတွေပါပဲ။ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်က သဘာဝပိုးသတ်ဆေးလို အစွမ်းထက်ပြီး ကိုယ်ခံအားတိုးတက်စေ သလို နနွင်းမှာပါတတဲ့ Curcumin ဓာတ်က ခန္ဓာကိုယ် ရောင်ရမ်းမှုတွေကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်။

၅။အစေ့အဆန်များ

ဗီတာမင် C လိုပဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြား အစွမ်းထက် Antioxidant တစ်မျိုးကတော့ ဗီတာမင် E ဖြစ်ပါတယ်။ နေကြာစေ့၊ သစ်ကြားသီးနဲ့ ဗာဒံစေ့တို့လို အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီအပြင် ဗီတာမင် E အပြည့်အဝပါဝင်လို့ ခန္ဓာကိုယ်ဆဲလ်တွေ ပျက်စီးခြင်းကနေ အကာအကွယ်ပေးပါတယ်။

ကျန်းမာသန်စွမ်းနေဖို့ဆိုရင် အစားအသောက်တစ်ခုတည်းနဲ့ မလုံလောက်ဘဲ အိပ်ရေးဝဝအိပ်ခြင်း၊ရေလုံလောက်စွာသောက်သုံးခြင်း နဲ့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချဖို့လည်း လိုအပ်ပါတယ်။

“အစာလည်းဆေး၊ဆေးလည်းအစာ” ဆိုသလို နေ့စဉ်အာဟာရဖြစ်မယ့် အစားအသောက်တွေကို ရွေးချယ်စားသုံးရင်း ကျန်းမာရွှင်လန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ…

ကိုယ့်မှာ ဆီးချိုရှိနေမှန်း ဘယ်လိုသိနိုင်မလဲ?ဆီးချိုရောဂါဆိုတာ အစောပိုင်းမှာ လက္ခဏာ သိပ်မပြဘဲ ငြိမ်နေတတ်ပေမယ့် သေချာသတိထ...
13/07/2026

ကိုယ့်မှာ ဆီးချိုရှိနေမှန်း ဘယ်လိုသိနိုင်မလဲ?

ဆီးချိုရောဂါဆိုတာ အစောပိုင်းမှာ လက္ခဏာ သိပ်မပြဘဲ ငြိမ်နေတတ်ပေမယ့် သေချာသတိထားကြည့်ရင်တော့ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ တစ်ချို့ကို တွေ့ရတတ်ပါတယ်။

အရင်ဆုံး ကိုယ့်မှာ ဒီလို လက္ခဏာတွေ ရှိနေပြီလား ဆန်းစစ်ကြည့်ပါ။

၁။ညဘက်တွေမှာ ဆီးခဏ ခဏ သွားခြင်း

သွေးထဲမှာ သကြားဓာတ်တွေ များလာရင် ကျောက်ကပ်က ဒါတွေကို စွန့်ထုတ်ဖို့ ပိုအလုပ်လုပ်ရပါတယ်။ ဒါကြောင့် ဆီးအသွားများလာပြီး အထူးသဖြင့် ညဘက်တွေမှာပါ ခဏခဏ ထသွားရတတ်ပါတယ်

၂။ရေဘယ်လောက်သောက်သောက် ငတ်မပြေခြင်း
ဆီးခဏခဏ သွားလိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ကုန်ခမ်းသွားပါတယ်။ အဲဒီအခါ ဦးနှောက်က ရေပြန်ဖြည့်ဖို့ အမြဲအချက်ပြနေတာမို့လို့ ရေဘယ်လောက်သောက်သောက် လည်ချောင်းခြောက်ပြီး ရေငတ်နေတတ်ပါတယ်။

၃။ဗိုက်ခဏခဏ ဆာပြီး လူက နုန်းခွေနေခြင်း
ကျွန်တော်တို့စားလိုက်တဲ့ အစားအစာတွေကို ဆဲလ်တွေက စွမ်းအင်အဖြစ် ပြောင်းလဲဖို့ အင်ဆူလင် (Insulin) ဟော်မုန်း လိုအပ်ပါတယ်။ ဆီးချိုရှိနေရင် ဒီစနစ်က ကောင်းကောင်းအလုပ်မလုပ်တော့လို့ ဆဲလ်တွေက စွမ်းအင်မရဘဲ လူက အမြဲတမ်း ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေတတ်တာပါ။

၄။အကြောင်းရင်းမရှိဘဲ ဝိတ်ကျသွားခြင်း
အစားအစာကနေ စွမ်းအင်မရတဲ့အခါ ဆဲလ်တွေက ရှင်သန်ဖို့အတွက် ကြွက်သားတွေနဲ့ အဆီတွေကို အတင်းချေဖျက်ပြီး စွမ်းအင်အဖြစ် သုံးစွဲပါတယ်။ ဒါကြောင့် ဘယ်လောက်စားစား ဝမလာတော့ဘဲ ကိုယ်အလေးချိန်က သိသိသာသာ ကျသွားတတ်ပါတယ်။

၅။အမြင်အာရုံတွေ ဝေဝါးလာခြင်း
သွေးထဲမှာ သကြားဓာတ်တွေ အရမ်းများလာရင် မျက်လုံးရဲ့ Lens ထဲမှာ ရှိတဲ့ အရည်တွေကို ခမ်းခြောက်စေတာကြောင့် အရာဝတ္ထုတွေကို ကြည့်တဲ့အခါ အရင်လို သဲသဲကွဲကွဲမမြင်ရဘဲ မှုန်ဝါးဝါး ဖြစ်လာတတ်ပါတယ်။

၆။ခြေဖျားလက်ဖျား ထုံကျင်ခြင်းနဲ့ အနာကျက်နှေးခြင်း
သွေးတွင်းသကြားဓာတ် မြင့်မားတာ ကြာလာရင် သွေးကြောလေးတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ခြေဖျားလက်ဖျားတွေမှာ ပုရွက်ဆိတ်တွားသလို ထုံကျဉ်ကျဉ် ခံစားရတတ်ပြီး၊ ထိခိုက်ရှနာ ဖြစ်ရင်လည်း အလွယ်တကူ မကျက်ဘဲ ကြာရှည်နေတတ်ပါတယ်။

ကိုယ့်မှာ ဒီလိုအချက်တွေ ကြုံနေရပြီဆိုရင် အရမ်းကြီး မစိုးရိမ်ဘဲ သေချာအောင် မနက်အစာမစားခင် သွေးဖောက်စစ်ဆေးတဲ့ Fasting Blood Sugar (FBS) လုပ်တာ ဒါမှမဟုတ် (၃) လစာ သွေးတွင်းသကြားဓာတ် ပျမ်းမျှပမာဏကို တိုင်းတာတဲ့ HbA1c Test ကို စစ်ဆေးပြီး ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။

ရောဂါကို စောစီးစွာ သိရှိရင် အစားအသောက်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲရုံနဲ့ ဆီးချိုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပါတယ်။

Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11131

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Alerts

Be the first to know and let us send you an email when Star Med Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Star Med Company Limited:

Shortcuts

Share