The Ears

The Ears "မွန်းကျပ်မှုတွေအတွက် . . . . .

. . . . . . The EARS for you"

Positive Affirmations Meditation ကောင်းသော စကားတွေ နဲ့ မိမိကိုယ်ကို ပြောပေးနေခြင်း နှင့် အသက်ရှုလေ့ကျင့်ခန်း တရားထိုင်ခြ...
10/11/2021

Positive Affirmations Meditation
ကောင်းသော စကားတွေ နဲ့ မိမိကိုယ်ကို ပြောပေးနေခြင်း နှင့် အသက်ရှုလေ့ကျင့်ခန်း တရားထိုင်ခြင်းတို့သည် ကျွှန်ုပ်တို့၏ စိတ်ခွန်အားကို ပိုပြီး ရရှိလာစေပြီး နေ့ရက်တိုင်းက ပိုပြီး ယုံကြည်မှုတွေ ၊ စိတ်လုံခြုံမှုတွေကို ရရှိစေပါတယ်။ မိတ်ဆွေတို့လည်း The Ears အတူတူ လုပ်ကြည့်ရအောင်နော်။
“ I have the POWER to create ALL the success and prosperity that I DESIRE.” Breathe …..
The biggest problem is that a lot of people are listening to random sleep affirmations meditation videos without realising that the vibrational frequency of the source (the persons behind the voice and vibration) is equally as important. Example: if you listen to a broke person and absorb their vibrational frequencies while you think the words are guiding you through visualization to attract more wealth or money in your life. This does not work. As everything is vibration.
Credit to Master Sri Akarshana

https://youtu.be/fPzCL6aBCKA



If you want to manifest while you sleep then you are in the right place. Our mind is most calm and vibrational frequencies are at it's highest first thing in...

2028 Love ဒီနေ့ကစပြီး ကျွန်တော်တို့  မိမိကိုယ်ကို မှန်ကြည့်ရင်း ဒီလို စိန်ခေါ်ကြည့်ရအောင်။ Mirror Exercise လေးလုပ်ရင်း မ...
22/09/2021

2028 Love
ဒီနေ့ကစပြီး ကျွန်တော်တို့ မိမိကိုယ်ကို မှန်ကြည့်ရင်း ဒီလို စိန်ခေါ်ကြည့်ရအောင်။ Mirror Exercise လေးလုပ်ရင်း မိမိကိုယ်ကို 2028 အချစ်တွေပေးဖို အသင့်ဖြစ်ပြီလား။ 2028ဆိုတာ 528 နဲ့ 1500 အချစ်တွေကို ပေါင်းပြီး တစ်ဦးတည်းအပိုင် ပေးထားတဲ့ self-love ကိုပြောတာပါ။ အကုန်လုံးကိုမျှဝေချစ်ပေးပြီး ကိုယ့်ကိုကိုယ်‌ေတာ့ 2028 အချစ်တွေနဲ့ အပိုင် မ ပေးမိလိုက်ဘူးဆိုရင်တော့ နှမြောစရာကြီးနော်😂။ ငါက ရုပ်ဆိုးတာ၊ သူများတွေလို မဟုတ်ဘူးဆိုတာ၊ ငါက မပြည့်စုံဘူးဆိုတာတွေကို များသောအားဖြင့် 100% နီးပါး ကျွန်တော်တို့လည်းတွေးခဲ့ပါတယ်။ အဲဒီအတွေးတွေကို ကျွန်တော်တို့အတူတူ Mirror Exercise လုပ်ရင်း 2028 အချစ်တွေကို ပေးလိုက်ကြရအောင်။ ကိုယ့်ကိုယ်ကို နူးညံ့တဲ့စကားလေးတွေ အသုံးအနှုန်းလေးတွေနဲ့ခေါ်ကြည့်လိုလည်း ရပါတယ်‌။ Let's do this challenge together!

Fear ( ကြောက်စိတ် )Fear ကြောက်စိတ် ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ very common ဖြစ်နေတဲ့အရာပါဒီကြောက်စိတ်ကိုဘယ်လိုကျော်လွ...
05/09/2021

Fear ( ကြောက်စိတ် )

Fear ကြောက်စိတ် ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ very common ဖြစ်နေတဲ့အရာပါ

ဒီကြောက်စိတ်ကိုဘယ်လိုကျော်လွှားမလဲ
ဒီကြောက်စိတ်ကပဲ ဘဝကို ဟိုးအဆုံးထိကျရှုံးသွားအောင်လုပ်နိုင်သလို ဒီကြောက်စိတ်ကြောင့်ပဲ
ကိုယ့်အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်ပီး
အောင်မြင်မှု့ကိုစွမ်းဆောင်နိုင်စေတယ်

Fear ရလာပီဆိုရင် primary negative emotions တွေဖြစ်တဲ့ Loss , Anxiety and out of confident
တွေ ခံစားလာရပါမယ်

1 ) ပုံမှန်စိတ်ကနေ အကြောက်တရားစိုးမိုးသွားတဲ့အခါကျတော့ မဖြစ်သေးတာတွေကိုပဲထပ်ခါထပ်ခါတွေးတောလာပီး loss ဆုံးရှုံးမှု့ တွေကိုပဲ focus ထားလာကြတယ်အက်မှာပဲ ဘဝကပိတ်မိသွားတတ်ကြတယ် ငါတော့ သွားပါပီဒီအလုပ်သစ်က အခုထက်ပိုကောင်းပါ့မလား ငါ စီးပွါးရေးအသစ်မလုပ်ရဲဘူးစုထားတဲ့ငွေလေးတွေဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲ ရင်ဆိုင်လို့ဆုံးနိမ့်ခဲ့ရင်ဆိုတဲ့ အတွေးကပိုပီးကြောက်စိတ်တိုးလာပီး အသက်ရူရတာတွေတောင် အဆင်မပြေတော့ပဲ Anxiety တဖြည်းဖြည်းရလာပါတယ်

2 ) Anxiety ဆိုတဲ့ negative emotion က မဖိတ်ခေါ်ပဲ ကိုယ့်ရဲ့မသိစိတ်ကနေကော သိစိတ်ကနေကော တချိန်လုံး ကိုယ့် brain မှာရော heart မှာရော အတွေးတွေထဲကို လွှမ်းမိုးချုပ်ကိုင်ပစ်လိုက်တယ် ကြာလာတော့လုံးဝကို control မလုပ်နိုင်ပဲ Black hole ထဲမှာပဲပိတ်မိသွားတယ်

3 ) Anxiety နောက်ဆက်တွဲအနေနဲ့ နဂိုရှိရင်းစွဲ
Confidence ပါ ပျောက်သွားပီး ကိုယ့်ကိုယ့်ကိုယ်
လုပ်နိုင်ပါ့မလား ငါမလုပ်နိုင်လောက်ဘူးဆိုပီး
လက်လျှော့အရှုံးပေးဖို့ပဲ တွေးတောနေမိတယ်
ကိုယ်ဟာဘာဆိုဘာမှမစွမ်းဆောင်နိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ့်ကိုယ် သတ်မှတ်လိုက်ကြတယ်

ဒီကြောက်စိတ်ကြီးကို ဘယ်လိုကျော်လွှားကြမလဲ

1 ) နံပါတ်တစ်အနေနဲ့ အတွေးတွေကို သတိထားပီးကြောက်စိတ်ကနေ gain focus ထားပီး ကျော်လွှားရမှာ ဒီနေရာမှာ အရမ်းကောင်းတဲ့ quote တခု ဥပမာပေးရရင် what if I fail but what if I fly တခုခုကြောက်စိတ်ဖြစ်ပေါ်လာရင်အက်ဒီကနေ potential gain ကိုပဲတွေးရပါမယ်

2 ) ပကတိပြသာနာ ကိုလက်တွေ့ကျကျ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါ

3 ) Anxiety level ကို လျှော့ချဖို့အတွက် self care / self -love activities တွေလုပ်ဖို့လိုအပ်ပါတယ်



Su***de ၏ လွတ်မြောက်ရာကျွှန်တော်တို့သည် လွတ်မြောက်မှုကို နှစ်သက်ကြသော သူများ ဖြစ်ပါသည်။ ဘယ်လောက်ပဲ စည်းကမ်းထားထား ခဏတာတေ...
01/09/2021

Su***de ၏ လွတ်မြောက်ရာ

ကျွှန်တော်တို့သည် လွတ်မြောက်မှုကို နှစ်သက်ကြသော သူများ ဖြစ်ပါသည်။ ဘယ်လောက်ပဲ စည်းကမ်းထားထား ခဏတာတော့ လွတ်လပ်ခွင့်ကို လိုချင်ကြပါသည်။ မိတ်ဆွေတို့ ရော ဘယ်လို လွတ်လပ်မှုကို လိုချင်ပါသနည်း ။ အခုတလော ကျွှန်တော် တို့သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြီးမားစွာ ရင်ဆိုင်နေရပါသည် ။ Covid ၏ စမ်းသပ်ချက်ကို ရင်ဆိုင်ရင်း နှင့် Coup တော်လှန်ရေး ဟူသော စာမေးပွဲကြီးကို ဖြတ်သန်း ရင်ဆိုင်နေကြရပါသည်။ ထိုကြောင့် ကျွှန်တော်တို့၏ စိတ်အခြေနေက ဟာတာတာ၊ ရည်မှန်းချက်တွေ ပျောက် ၊ ဘဝမှာ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိ ၊ အဲလိုနဲ့ တချို တွေက လွတ်မြောက်မှုကို ရှာလာကြပါတယ်။

စိတ်ပိုင်းဆိုင်ရာမူမမှန်မှုများ (စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ၊ autism ရောင်စဉ်မူမမှန်ခြင်း၊ schizophrenia၊ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်း၊ စိုးရိမ်သောကမူမမှန်ခြင်း)၊ nihilistic ယုံကြည်ချက်များ၊ နာတာရှည်ပင်ပန်းနွမ်းနယ်ရောဂါကဲ့သို့ရုပ်ပိုင်းဆိုင်ရာချိုယွင်းမှုများနှင့် အရက်သုံးစွဲမှုပုံမမှန်ခြင်း (အရက်သုံးစွဲမှုမူမမှန်ခြင်းနှင့်ဆေးသုံးခြင်းအပါအ ၀ င်) benzodiazepines သည် အန္တရာယ်အချက်များဖြစ်သည်။ အချို့သတ်သေမှုများက စိတ်ဖိစီးမှုကြောင့် (ဥပမာငွေကြေး (သို့) ပညာရေးအခက်အခဲများ)၊ ဆက်ဆံရေးပြသနာများ (ရင်းနှီးမှုပြတ်တောက်ခြင်း (သို) ရင်းနှီးသူများသေဆုံးခြင်းကဲ့သို) သို့မဟုတ် ကျောင်းရော ၊ အိမ်မှာရော နှောင့်ယှက်ခြင်း/အနိုင်ကျင့်ခြင်း တို့သည် Su***de ၏ အတွေးတစ ရှင်သန်လာရသော သစ်ပင် အမြစ် သဖွယ် ဖြစ်လာခဲ့ ပါသည်။

အထက်ပါ အကြောင်း အရာများ သည် မိမိပတ်ဝန်းကျင် နှင့် အကျိုးသက် ရောက် မှု ကြောင့် ဖြစ်ပေါ်လာရသည် မှာ အမှန်ပါပဲ။ အဓိကအချက်မှာ ကျွန်တော်တို့သည် မိမိ၏ အုပ်ထိန်းသူများထံမှ နွေးထွေးကြင်နာမှု ၊ ချစ်ခင်မှု ၊ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ မသင်ကြားခဲ့ရခြင်း နှင့် ဆိုးရွားလှသော နှစ်ထပ်ကွမ်း ဘဝရုပ်ရှင်တွင် ကိုယ်တိုင် သရုပ်မဆောင်နိုင် တော့လို အရှုံးပေး လက်မြောက် ရင်းတို့ကနေ Su***de လုပ်ဖို လွတ်မြောက်ရာကို အလိုလို ဦးတည်ပြီးသား ဖြစ်သွားပါတော့သည်။

ဘဝတစ်ခု ရလာဖို့လည်း မလွယ်သလို လိုချင်သော ရည်းမှန်းချက်တွေကို တည်ဆောက်ဖို့ လည်း မလွယ်ကူပါ။ ပေးဆပ်ရတဲ့ အရင်းအနှီး တွေက များလွန်းလှပါသည်။ နေ့ရက်တိုင်း မှာ အသက်ရှင်ဖို့ မိမိကိုယ်ကို တနေ့တာ မှာ ဘယ်လို မျိုး စတင် နေလဲ ဆိုတာ သင်ကိုယ်တိုင် အခြားသော စာဖတ်သူများ ထံမျှဝေပေးစေလိုပါတယ်။ တနေ့တာ အတွက် အိပ်ရာမှ နိုးတဲ့ အချိန်ကစ၍ မိမိကိုယ်ကို အသက်ရှုနိုင်တာကို စတင်ပြီး ကျေးဇူးတင်ခြင်းကနေ စာရေးသူက နှိုးထဖြစ်ပါတယ်။ ကိစ္စ သေးသေးလေးတွေကနေ မိမိကိုယ်ကို ချီးကျူးရင်း ဆုချပါတယ်။ မိမိကိုယ်ကို တကယ် ချစ်ရဲလားလို မေးပြီး ချစ်တယ်ဆိုတဲ့ အဖြေကို ရတာနဲ့ ကိုယ်တိုင် တနေ့တာလေးကို ဘယ်လိုမျိုး စတင်ချင်လာတဲ့ စိတ်ကူးရလာမယ်ဆိုရင် Su***de ဆိုတဲ့ အတွေးလေး ကို ကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်း တွေးဖြစ်ဖို့ နည်းပါးလာမှာပါ။ သင်ရော မိမိကိုယ်တိုင်အတွက် ဘယ်လို အတွေးမျိုးကို စတင်ချင်ပါသလဲ။

Art by

Loneliness (အထီးကျန်ခြင်း) 💧အထီးကျန်ခြင်းဆိုတာကို အနက်ဖွင့်ကြတဲ့အခါ ကိုယ့်ဘာသာသီးခြားနေတတ်တဲ့ Personality type လူအမျိုးအ...
26/08/2021

Loneliness (အထီးကျန်ခြင်း)
💧အထီးကျန်ခြင်းဆိုတာကို အနက်ဖွင့်ကြတဲ့အခါ ကိုယ့်ဘာသာသီးခြားနေတတ်တဲ့ Personality type လူအမျိုးအစားနဲ့ မတူဘူးဆိုတာ ကွဲကွဲပြားပြားသိထားသင့်ပါတယ်။
အထီးကျန်ခြင်းဆိုတာ ခံစားနေရတဲ့သူအတွက် တကယ်ကို သက်တောင့်သက်သာဖြစ်မနေပါဘူး။ ပြီးတော့အထီးကျန်ခြင်းဟာ လူတိုင်းလိုလို ခံစားဖူးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်မှရယ်လို့ ထူးထူးခြားခြား မဟုတ်တာကြောင့် စိတ်အလွန်အမင်း ဆင်းရဲခြင်းမရှိပဲ အလျင်အမြန် Recovery လုပ်သင့်တဲ့အရာတခုပါပဲ။ ဒီနေရာမှာ သိထားသင့်တာတခုကတော့ အခြေနေတွေကြောင့် ပုံမှန်အထီးကျန်နေခြင်းမျိုးလား ? လူတွေ၊ အခြေနေတွေ ပြောင်းလဲခြင်းမရှိပါပဲ အများနဲ့၊ မိသားစုတွေနဲ့ နေထိုင်နေပါလျက် တယောက်တည်းလို့ နာတာရှည်ခံစား အထီးကျန်နေတာမျိုးလား ? ဆက်လေ့လာကြည့်ကြမယ်နော် ....

💧လူတွေဘာကြောင့် အထီးကျန်ခြင်းခံစားကြတာလဲ?
အထီးကျန်ခြင်းဟာ တခုထက်မကတဲ့အကြောင်းရင်းတွေအများကြီးကြောင့် ဖြစ်နိုင်ပေမဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့အရာလေးတွေရွေးထုတ်ပြောပြချင်ပါတယ်။
၁။ အလုပ် သို့ ကျောင်း ပြောင်းလဲလိုက်ရတဲ့အချိန်
၂။ ယခုလက်ရှိတွေ့ကြုံနေရတဲ့ Work from home အခြေအနေ
၃။ နေရာသစ်တခုဆီပြောင်းရွေ့နေထိုင်ရတဲ့အချိန်
၄။ Relationship တခုအဆုံးသတ်ပြီးတဲ့နောက်ပိုင်းအခြေအနေ
၅။ ပထမဆုံးအကြိမ် တယောက်တည်း သီးခြားနေထိုင်ရတဲ့အချိန်
၆။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူရှိနေပါလျက် တယောက်တည်းလို့ခံစားကာ ကွဲထွက်သီးသန့်နေတတ်ချိန်
၇။ မိမိကိုယ်အရေးတယူဂရုစိုက်မှု့မခံရတဲ့အချိန်နဲ့အခြေအနေ
၈။ ငြင်းပယ်ခံရသောအခြေနေအချိန်အခါ

စတဲ့ နေရာသစ်၊ လူသစ်၊ အခြေနေသစ်တွေကို အပြောင်းအလဲရင်ဆိုင်ကြရတဲ့အခါ Lonelinessလို့ခေါ်တဲ့ အထီးကျန်ခြင်းကို စတင်ခံစားတတ်လေ့ရှိကြသလို ကိုယ့်ခံစားချက်အရင်းအမြစ်တွေပေါ်မူတည်ပြီးနာတာရှည် အထီးကျန်နေတတ်ခြင်းတွေလည်း ရှိတတ်ပါတယ်။
💧အထီးကျန်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ?
- ဝမ်းနည်းမယ်
- Empty (ဗလာ) feeling ခံစားမယ်
- စွမ်းဆောင်ရည်ပိုင်းမှာ ကျဆင်းလာမယ်( ဘာပဲလုပ်လုပ်ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျတော့ဘူး)
- အာရုံစူးစိုက်မှု့အားနည်းလာမယ်
- Insomnia လို့ခေါ်တဲ့ အိပ်မပျော်ခြင်းကို လနဲ့ချီပြီးခံစားလာမယ်
- မိမိကိုမိမိသံသယတွေဝင်လာမယ်၊ အသုံးမကျတဲ့သူ၊ အကူညီကင်းမဲ့နေတဲ့ ခံစားချက်များ မကြာခဏခံစားလာမယ်
- စိုးရိမ်ပူပန်နေတတ်ပြီး အားငယ်လွယ်နေမယ်
- စိတ်အလိုလိုက်ပြီးနေထိုင်မိတယ် ( မလိုအပ်ပဲစျေးဝယ်ထွက်နေတာ ၊ စားတာသောက်တာ သွားတာလာတာ ကိုယ်ပိုင်စည်းမျဉ်းတွေမရှိတော့ဘူး)
- ခန္ဓာကိုယ်နွေးထွေးအောင်ကိုယ့်ကိုကိုယ်ဖန်တီးယူရာကနေစိတ်အနွေးဓာတ်ရမလား ရှာဖွေတတ်လာမယ်
- လူတွေအပေါ် အနှုတ်လက္ခဏာ ခံစားချက်မြင့်တင်လာမယ် ( ငါ့ကို မချစ်ဘူး၊ သူတို့ချည်းပဲ အပေါင်းဖော်လုပ်နေတော့တာပဲ ... )

💧အထီးကျန်ခြင်းကို စောစီးစွာ အချိန်ပေးမကုသရင် depression, anxiety နဲ့ su***de တွေအထိ ဖြစ်နိုင်တာကြောင့် ကုသကျော်လွှားပေးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။
💧ဒါဆို အထီးကျန်ခြင်းကို ဘယ်လိုကျော်လွှားကြမလဲ ?
၁။ မိမိကိုယ်မိမိကြင်နာပေးပါ။
စိတ်ပိုင်းဆိုင်ရာ အထီးကျန်ခြင်းအတွက် မိမိကိုယ်မိမိအားပေးစကားပြောဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြစ်တင်နေခြင်းမျိုးက အကူညီဖြစ်မနေပါဘူး။ ဖြစ်နိုင်ရင် ခံစားချက်ဆိုးတွေကို စာရွက်ပေါ် ချရေးပီး ထိုစာကို ပစ်လိုက်တာမျိုး၊ ဖျက်ဆီးတာမျိုးလုပ်ကာ နောက်တရွက်နဲ့ကိုယ့်ခံစားချက်တွေကို Positive အမြင်နဲ့ပြန်ရေးတာမျိုးက တကယ်ထိရောက်တဲ့ ကုသခြင်းတမျိုးပါပဲ ။
Self kindness အခြေနေထဲပြန်ရောက်ရှိသလိုခံစားမှု့ပြန်ပေးပါတယ်။

၂။ အိမ်ရဲ့အပြင်ဘက်ထွက်ပေးပါ။
အထီးကျန်တဲ့ခံစားချက်ထဲမှာ အိမ်တွင်းအောင်းနေရတဲ့အခြေနေတွေပေါ်လည်း မူတည်နေပြန်ပါတယ်။ အိပ်လိုက်၊စားလိုက်၊ စာဖတ်လိုက်၊ TV ကြည့်လိုက်လုပ်တာ လိုတာထက်များသွားခဲ့ရင် အလိုလိုအထီးကျန်တတ်လာပါတယ်။ အိမ်ပြင်ပက လေညှင်းရှူရှိက်တာ၊ ပန်းခြံကစားကွင်းမှာ ကလေးလေးတွေ ဆော့နေတာကိုကြည့်တာ ၊ ကြိုက်နှစ်သက်တဲ့အစားအစာကို ဆိုင်တခုခုမှာထိုင်စားလိုက်တာ၊ လမ်းလျှောက်ပြီးအိမ်ပြန်လာတာ လေးတွေ လုပ်ကြည့်သင့်ပါတယ်။

၃။ ကိုယ့်ကို လိုအပ်တဲ့သူတွေအတွက် အချိန်ပေးပါ။
အထီးကျန်တာကို တွန်းလှန်ဖို့အကောင်းဆုံးနည်းလမ်းလို့ကျွန်မက ပြောချင်ပါတယ်။ လူအားလုံးအတွက်မဟုတ်ပေမဲ့ တစုံတယောက်အတွက် သင်ဟာလိုအပ်လျက်ရှိနေပါတယ်။ တဦးတယောက်အတွက် အချိန်ပေးဖြစ်တဲ့၊ ကူညီပေးဖြစ်တဲ့အခါ သင့်ရဲ့ဦးတည်ချက်နဲ့ စိတ်ကို အပြောင်းအလဲတွေဖြစ်ပေါ်စေပါတယ်။ သူတပါးကိုကူညီရာက ကိုယ်တိုင်လည်း အရေးပါတဲ့သူဖြစ်ကြောင်းခံစားစေလာပါတယ်။ ဒါကြောင့် လိုအပ်တဲ့သူတွေအတွက် အချိန်ပေးကြည့်ပါနော်။

၄။ Social Media ပေါ်မှာ အဖြေမရှာမိပါစေနဲ့။
တိုးတက်လာတဲ့ခေတ်မှာ လူမှု့ကွန်ယက်ဟာလူတွေရဲ့စိတ်ထွက်ပေါက် ဖြစ်လာခဲ့တယ်။ လူတွေရဲ့ ဘဝမှန်က ပြင်ပမှာပဲရှိတာကြောင့် လူမှု့ကွန်ယက်ပေါ်ကနေ လူတွေအကြောင်းလေ့လာမိရင် မိမိကိုယ်မိမိ အားငယ်တာ၊ သိမ်ငယ်တာ၊ အထီးကျန်တာ၊ တပါးသူတွေကို အားကျနေတာ စတဲ့ အပြုသဘောမဆောင်တဲ့ စိတ်တွေဖြစ်စေတာမို့ သတိပြုသင့်ပါတယ်။ လူမှု့ကွန်ယက်ပေါ်က အကူညီရတယ်၊ မိတ်ဆွေကောင်းရတာရှိတတ်ပေမဲ့ အပြင်မှာ တရင်းတနှီး ပေါင်းဖော်တာလောက်တော့ ပိုမကောင်းနိုင်ပါဘူးလေဆိုတာ လက်ခံထားဖို့လိုအပ်ပါတယ်။

၅။ သူငယ်ချင်းတွေကို ကိုယ်ကအရင်ဆက်သွယ်ပါ။
အထီးကျန်ခြင်းဟာ ကိုယ့်မှရယ်လို့ ဖြစ်နေတမဟုတ်ပဲ လူတော်တော်များများလည်း ခံစားနေရကြောင်းသိရင် အံ့ဩသွားမလား ...ဒါကြောင့် ကိုယ်တိုင်အထီးကျန်နေတဲ့ခံစားချက်ကိုခံစားရင် သူငယ်ချင်းတွေကိုစဆက်သွယ်ကြည့်ပါ။ အွန်လိုင်းပေါ်ကထက် အပြင်မှာလူချင်းတွေ့ဆုံမှု့ပြုခြင်းကပိုကောင်းပါတယ်။ကိုယ်တိုင်သူတို့ဆီမသွားနိုင်ဘူးဆိုရင် သူတို့ကိုကိုယ့်ဆီဖိတ်ခေါ်ပါ။ အတူစားသောက်ပါ။ စကားတွေပြောရင်း တသားတည်းဖြစ်သွားတဲ့ခံစားချက်တွေရနိုင်ပါတယ်။
(ယခုလို Social distancing ကာလအတွက်တော့ Video call ခေါ်ပြီးစကားပြောတာလေးတွေ လုပ်နိုင်ပါတယ်)

၆။ Mentalပိုင်း Emotionalပိုင်း တတ်ကျွမ်းနားလည်သူတွေနဲ့ဆွေးနွေးရင်ဖွင့်ပါ။
နှစ်ရှည်အထီးကျန်ခြင်း၊ ပြီးတော့ အထီးကျန်ခြင်းကို ကျော်လွှားဖို့အရမ်းခက်ခဲနေရင်၊ ကြောက်ရွံ့နေရင် တတ်ကျွမ်းသူတွေရဲ့အကူအညီလိုအပ်ပါတယ်။ ကူညီတောင်းခံခြင်းဟာ အားနည်းခြင်းတရပ်မဟုတ်သလို သင့်ကိုကူညီမဲ့သူတွေရှိကြောင်းလည်း သတိရဖို့အရေးကြီးပါတယ်။ ခံစားရသူကာယကံရှင်ရဲ့ အထီးကျန်ခြင်းဆိုတာ တခဏတည်းနဲ့ မပျောက်ပျက်နိုင်တဲ့ အခြေနေမျိုးဆို အချိန်တခုယူရင်း တတ်ကျွမ်းနားလည်သူတွေနဲ့ ကျော်ဖြတ်တဲ့အခါ ပျော်ရွှင်မှု့တွေရရှိစေပါလိမ့်မယ်။



#

  Insomnia ဆိုတာက Sleep disorder ဖြစ်ခြင်း၊ အိပ်ချိန်တွေ နေ့ညလွဲမှားပြီး နေ့စဉ်ရက်ဆက် ညပိုင်းမှာ အိပ်မပျော်တော့ခြင်းပါပဲ...
13/08/2021



Insomnia ဆိုတာက Sleep disorder ဖြစ်ခြင်း၊ အိပ်ချိန်တွေ နေ့ညလွဲမှားပြီး နေ့စဉ်ရက်ဆက် ညပိုင်းမှာ အိပ်မပျော်တော့ခြင်းပါပဲ။

ဒီဖြစ်စဉ်ဟာ တစ်ညလောက်ကနေ ရက်သတ္တပတ်လောက်ရက်အနည်းငယ်အတွင်းဆိုရင် ကိစ္စမရှိပေမဲ့ လနဲ့ချီပြီး အိပ်မပျော်တာ ၊ တပတ်မှာ သုံးလေးရက် အိပ်မပျော်တာမျိုးဆိုရင်တော့ နာတာရှည်ဖြစ်ဖို့ပိုလွယ်ကူသွားတယ်လို့ ဆိုရပါမယ်။

Insomnia မှာ Primary နဲ့ Secondary ဆိုပြီး Stage ၂ခုရှိပါတယ်။Primary Insomnia က ဘဝရဲ့ အပြောင်းအလဲတခုခုအပေါ်ကနေ ဖြစ်ပေါ်လာတာကြောင့်အိပ်မပျော်ခြင်းမျိုးပါ။ ဥပမာအနေနဲ့ အရေးခင်းအခြေနေတွေကြောင့်စိတ်ပူပန်မှု့ရှိခြင်း၊ နေရာ၊ဒေသအပြောင်းအလဲကြောင့်နေသားမကျခြင်း၊ ညချိန်အလုပ်ဆက်တိုက်သွားရာကနေ အကျင့်ပါကာညဘက်အိပ်မပျော်ခြင်း စတာတွေကြောင့်ဖြစ်တတ်ပါတယ်။ Secondary Insomnia ကျတော့ Depression ဝင်လာတာ၊ အရက်၊မူးယစ်ဆေးတခုခုကြောင့်၊ medical conditionsတွေ ကြောင့်ဆေးဝါးမှီဝဲနေရတဲ့အခါ Sleep disorder ဖြစ်သွားတာမျိုးပါ။

Common sleep disorder ကိုလည်း ပုံမှန်
ပြန်ဖြစ်အောင်လုပ်ဆောင်ဖို့လိုသလို Secondary Insomnia ဖြစ်နေရင် ကာယကံရှင်ရဲ့ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်ပေါ် စွမ်းဆောင်နိုင်ရည် နဲ့ ဘဝစံနှုန်းသတ်မှတ်မှု့တွေကိုထိခိုက်လာနိုင်တာကြောင့် သတိပြုကာ
ကွယ်ဖို့အရေးကြီးပါတယ်။ လိုအပ်လာရင်တော့ Psychiatrist နဲ့ကုထုံးခံယူသင့်ပါတယ်။

အိပ်စက်ချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ဘယ်လိုနည်းလမ်းလေးတွေကိုဂရုစိုက်ကြမလဲ?

✅အိပ်ချိန်၊ ထချိန်များကို စနစ်တကျ သတ်
မှတ်ပါ။
နေ့လည်၊ နေ့ခင်း အိပ်တတ်လျှင် ကြာမြင့်စွာ မအိပ်မိဖို့ သတိပြုပါ။ ညဘက်အိပ်ချိန်ကို မထိခိုက်မှသာ Sleep disorder ဖြစ်ခြင်း အခြေအနေကို ကာကွယ်ရာရောက်ပါမယ်။

✅ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးပါ။
ခန္ဓာကိုယ်ရဲ့ ကြွက်သားများကို ဖြေလျော့
ခြင်းဟာ ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို များစွာထောက်ကူပေးပါတယ်။ အိပ်ရာ
ဝင်ချိန်နှင့် အချိန်ခြားပြီးမှ လေ့ကျင့်ခန်း
လုပ်ပါ။

✅Social media
ယနေ့ခေတ်မှာ Social media နှင့် Information ဟာ ဒွန်တွဲနေတာမို့ အိပ်ရာဝင်ခါနီး Social media ပေါ်မှ အနုတ်လက္ခဏာ
ဆန်သော အရာများထက် စိတ်ကိုလန်းဆန်းစေမည့် အရာများကိုသာရှာဖွေပါ။

✅အိပ်ရာအပြင်အဆင်
ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ရန် အတွက် အိပ်
မယ့်နေရာဟာ သက်သောင့်သက်သာဖြစ်ဖို့ အရေးကြီးပါတယ်(တန်ဖိုးကြီးအသုံးအဆောင်များ သုံးစွဲရမယ်လို့ မဆိုလိုပါ)။

✅အလုပ်နှင့်ဆိုင်သောအရာများ
အိပ်ရာပေါ်မှာ အလုပ်ကိစ္စများ ဆက်မတွေးဖို့လည်း လိုအပ်ပါသေးတယ်။ လုပ်စရာ
အလုပ်တွေကို ခေါင်းထဲထည့်ထားတာထက် စာရင်းပြုစု ရေးသားခြင်းက ပို၍ထိရောက်ပါတယ်။

✅အိပ်ရာဝင်ခါနီး ရေနွေးဖြင့်ရေချိုးခြင်း၊ ကဖင်းဓာတ်ပါသော အရာများထက် နွားနို့ပူပူလေး သောက်သုံးပေးပြီး အိပ်ရာဝင်တာက
လည်း အလွန်ကောင်းပါတယ်ရှင့်။

✅ မိမိယုံကြည်သက်ဝင်ရာ ဘာသာရေးခံယူချက်တွေအပေါ် Mediation ပြုလုပ်ပြီးအိပ်စက်ခြင်းကလည်း အိပ်ပျော်ယုံသာမက စိတ်နှလုံးကြည်လင်စွာနဲ့ ပြန်လည်နိုးထစေပါတယ်။

~အပေါ်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ရင်း ကောင်းမွန်စွာအိပ်စက်နိုင်ကြပါစေ။



Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Ears posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Ears:

Share