Aung clinic and Pharmacy store

Aung  clinic and Pharmacy store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung clinic and Pharmacy store, Medical and health, BOC , Hlaing Tharyar Township, Yangon.

09/06/2024
27/03/2024

#အသက်_၄၀_ထဲဝင်တော့မယ်_ဘာတွေပြင်ဆင်ထားမလဲ ❓

အသက် ၂၅ မှ စပြီး
- အလုပ်အကိုင်
- စီးပွါးရေး
- ပညာရေး
- Relationship ပြဿနာ
- မိသားစုပြဿနာ စတာတွေ နဲ့ ရမ်းခါနေတဲ့ ဘဝကြီးဟာ ၃၅ နောက်ပိုင်း
အသက် ၄၀ ဝန်းကျင် ရောက်လာတဲ့အခါ တည်ငြိမ်မှု ရလာပြီလို့ ဆိုနိုင်ပါတယ်။
လုပ်ငန်းခွင် မှာ ရာထူးကြီးလာလို့ တာဝန်ယူမှု ဖိစီးမှုတွေများလာတယ် ဆိုပေမယ့် အများစုအတွက်က
- စာတွေ အတင်းကာရော ကျက် စာမေးပွဲတွေ ဖြေနေရတဲ့ (Exam Stress တွေနဲ့) ဘဝ ကို လွန်မြောက်ခဲ့ပါပြီ (ဆရာဝန်တွေက လွဲရင်ပေါ့)
- ရာထူးနဲ့ လိုက်ဖက်တဲ့ ဝင်ငွေလည်း ရှိနေပြီမို့ အခြေအနေတည်ငြိမ်နေပါပြီ (လစာမလောက်ဘူးဆိုလည်း မလောက်မင နဲ့ ၁၀ နှစ်ကျော်နေခဲ့ပြီးပြီ မို့နေသားကျနေပါပြီ 😅)
- Relationship မှာလည်း ကိုယ့်နားကျန်ခဲ့တဲ့ သူတွေက ကိုယ့်ကို သည်းခံ နိုင်တဲ့သူတွေချည်းမို့ ပြဿနာသိပ်မရှိတော့ပါဘူး
- ချစ်ရေးချစ်ရာ အတွက်ကလည်း အတည်တကျရှိရင်ရှိ (မရှိရင်လည်းလက်လျော့လိုက်ကြပြီမို့ 😁) ဖောင်ကျွံစရာ အလုပ်မရှိတော့လို့ အလုပ်တစ်ခုသက်သာပါတယ်
အဲ့တော့ ၄၀ ဝန်းကျင် ကျွန်တော်တို့အတွက်
* အရာရာတိုင်းနီးပါးဟာ အခြေကျတည်ငြိမ်နေပြီ ဖြစ်သလို
* အသက် ၆၀ ဝန်းကျင်သာ နေရတတ်တဲ့ ကျွန်တော်တို့ လူမျိုးအတွက် ခန္ဓာကိုယ်ကြီးကို သုံးပုံနှစ်ပုံ သုံးထားပြီးလို့ ချို့ယွင်းလာတော့မယ့် #ကျန်းမာရေး သည်သာ အဓိက အာရုံစိုက်စရာ ဖြစ်လာပါတော့တယ်
#ဘာတွေပြင်ဆင်ကြမလဲ ❓
ထူးထူးခြားခြားတော့မဟုတ်ပါဘူး
1. Balance diet စား
အဆီတွေ ၊ အငန်တွေ ၊ အချိုတွေ လျှော့ပြီး အစာအုပ်စုကြီး (၃) ခု မျှမျှတတ စားရမှာပါ
2. ဟင်းသီးဟင်းရွက်/အသီးအနှံများများစား
3. ရေများများသောက်
4. အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေးဝ ဝ အိပ်
5. စိတ်ဖိစီးမှုတွေ/စိတ်ခံစားချက်တွေထိန်းနိုင်ဖို့ကြိုးစားရပါမယ်
6. အရေးကြီးဆုံးကတော့ ကိုယ်လက်လှုပ်ရှားမှု #မှန်မှန် ပြုလုပ်ရမှာပါ
အရင်က မလုပ်လာပဲ အခုမှ ထ လုပ်ရင် ခန္ဓာကိုယ်ဒဏ်မဖြစ်စေဖို့ ***ဖြည်းဖြည်း နဲ့ မှန်မှန် လုပ်ရမှာပါ
Gym သွား ချာတိတ်တွေ နဲ့ သွားပြိုင်ပြီး လုပ်ပြမနေပါနဲ့ (ကလေးကလား အလုပ်ကြီးပါ)
စ စ ကစားလျှင် ၁-၂ နာရီ အချိန်အကြာကြီးလည်း မလိုပါဘူး မိနစ် ၃၀-၄၀ လောက် ပေါ့ပေါ့ပါးပါး အလေးတုံးလေးတွေ နဲ့ ကစားပါ
Gym ရောက်တာနဲ့ ဘာအလေးမှ မကိုင်ခင် Stretching exercise (အကြောလျှော့လေ့ကျင့်ခန်း) အရင် လုပ်ပါ
အားလုံးပြီးလျှင်လည်း Stretching exercise (အကြောလျှော့လေ့ကျင့်ခန်း) ပြန်လုပ်ပါ။
လေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်နဲ့ နေ့စဉ်ပြုလုပ်ခြင်းဟာ
- နှလုံး အဆုတ် ကျန်းမာရေးကောင်းစေရုံမျှမက
- နုပျိုစေပါတယ် ၊ အသက်ရှည် စေပါတယ်
- ကြွက်သားတွေသန်မာစေပြီး
- ခန္ဓာကိုယ်ရဲ့ balance ကို ထိန်းညှိပေးနိုင်တဲ့အတွက် ချော်လဲ(အရိုးကျိုး) တာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်

7. သွားကျန်းမာရေးကိုလည်းဂရုပြုရပါမယ်
သွားတွေက မကျိုးသေးပေမယ့် ကြဲလာပါပြီ။ သွားကြားညပ်လွန်းလို့ တချို့အရာတွေ မစားနိုင်တော့ပါဘူး။ သွားကျန်းမာရေးမကောင်းလျှင်လည်း ဟိုဟာရှောင်ရဒီဟာရှောင်ရနဲ့ အာဟာရချို့တဲ့ ပါတယ်
8. ပွဲတွေဆက်လာတဲ့အတွက် အရက်အလွန်အကျွံသောက်သုံးတာတွေ ဖြစ်လာလို့ အထူးဆင်ခြင်ရပါမယ်။
နည်းနည်းပဲသောက်တာ တခါတလေမှသောက်တာ ဘယ်လိုပဲ ပြောပြော အစားသောင်းကြမ်းထားလို့ အဆီဖုံးနေတဲ့အသည်းကို အရက်ဘယ်လိုသောက်သောက် (မသောက်တဲ့လူထက်စာရင်) ပျက်စီးတာပါပဲ
9. ဆေးလိပ် လုံးဝ မသောက်ရပါဘူး
E-cigarettes (V**e/pod) ဒါတွေကလည်း ကျန်းမာရေးထိခိုက်စေတာပါပဲ (ကလေးလည်းမဟုတ်/လူငယ်လည်းမဟုတ် လည်ပင်းမှာ V**e ကြီးဆွဲဆွဲထားတာ အထာကျမနေပါဘူး)
***ပိုလျှံလာတဲ့ငွေကြေးတွေ နဲ့ အများအကျိုးအတွက် ပရဟိတအလုပ်က လုပ်ကို လုပ်ရမှာဖြစ်ပေမယ့် ရှိရင်းစွဲအပြင် နှာခေါင်းအရင်းတည်ထားတဲ့ မိသားစုနောက်အသစ်ပြုလုပ်တာတော့ ရှောင်သင့်ပါတယ် 😅😅😅
(Original post; Aug,2023 👉 https://www.facebook.com/share/p/qBy859MLv8CLTqez/?mibextid=WC7FNe
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

27/02/2024

🌟 ခုနှစ်ဆောင်တိုက်ခန်းထဲမှာတောင် မီးမထွန်းဘဲလင်းနေသလိုဝင်းပနေတဲ့ရာဇဝင်ထဲက ပပဝတီမင်းသမီးလေးရဲ့ကြည်လင်တောက်ပတဲ့ အသားအရေမျိုးကိုမှ ပိုင်ဆိုင်ချင်တယ်ဆိုရင်...

ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးဖို့အတွက် အလှဖန်တီးရှင် 💙 EV-O3 လေးရှိနေပါပြီးနော်။

Super Antioxidant အာနိသင်ကြွယ်ဝစွာပါဝင်တဲ့ EV-O3 က 💁🏻‍♀️

🔹 နေရောင်ခြည် နဲ့ Free Radicals တွေကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး ဝက်ခြံ၊ အမဲစက် နဲ့ အမာရွတ်တွေကို လျော့ပါးစေတယ်။

🔹 အသားအရေကို အစိုဓာတ်ဖြည့်ပေးလို့ ရေဓါတ်ဆုံးရှုံးခြင်းကို ကာကွယ်ထားနိုင်ပြီး စိုပြေတင်းရင်စေကာ အတွင်းက‌လာတဲ့ အကြည်ဓာတ်နဲ့ GLOW နေစေမှာပါ။

💁🏻‍♀‍ရေရှည်သောက်သုံးပေးမယ်ဆိုရင်တော့...

တစ်လထက်တစ်လ တစ်စထက်တစ်စ ပိုလို့ ပိုလို့ ကြည်တောက်ရှင်းကာ ပပဝတီလို ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းဘဲလင်းတဲ့ အသားအရေလိုမျိုး ညိုမဲခြင်းကင်းပြီး အကြည်ဓာတ်ပြည့်ဝတဲ့ အသားအရေလေးကို ပိုင်ဆိုင်စေမှာ တကယ်ကိုပါနော် 🥰

ဒါ့ကြောင့် နေ့ရက်တိုင်းမှာ ညိုမဲခြင်းမရှိဘဲ အံ့ဖွယ်အကောင်းဆုံး သဘာဝအလှစစ်ကို ပိုင်ဆိုင်နိုင်ဖို့ 💯

💙 EV-O3 လေးကို နေ့စဉ်ပုံမှန်သောက်လိုက်ကြရအောင်နော် ✨

နုပျိုခြင်း လှပခြင်း တင့်တယ်ခြင်းများရှိရာသို့ ......
EV-O3 (အီးဗွီ-အို သရီး)

24/02/2024

💄 Foundation ထူထူလိမ်းလို့ ဝက်ခြံအမာရွတ် နဲ့ အသားအရောင်မညီညာတာတွေကို ဖုံးနေရတဲ့အချိန်တွေကို စိတ်ကုန်နေပြီလား..?

🧖🏻‍♀️ ဘာမှမလိမ်းထားရင်တောင် မျက်နှာပြောင်ပြောင်လေးနဲ့ သဘာဝအတိုင်း ကြည်လင်တောက်ပနေမဲ့ အသားအရေကို ပိုင်ဆိုင်ချင်ပါသလား..?

ဒါဆို အပေါ်ယံမဟုတ်ဘဲ အတွင်းထဲကလာတဲ့ ကြည်လင်တောက်ပမှုတွေကို ရရှိပိုင်ဆိုင်နိုင်မဲ့ အရာတစ်ခုရှိပါတယ် 💖

အဲ့ဒါကတော့ အိုမင်းရင့်ရော်ခြင်း နဲ့ အသားရေပျက်စီးခြင်းကို တားဆီးကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိ 💁🏻 သဘာဝ Vitamin E 400 IU နဲ့အတူ

ကြည်လင်တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်စေမဲ့ Wheat Germ Oil-100 mg၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Omega 3 Fatty Acids တို့ပါဝင်တဲ့ 𝑬𝑽-𝑶𝟑 လေးပါပဲ 💙✨

ဒီလို သုံးမျိုးစပ်အာနိသင်ပါဝင်တဲ့ 𝑬𝑽-𝑶𝟑 လေးကို တစ်နေ့တစ်လုံး အချိန်မှန်သောက်သုံးမယ်ဆိုရင်တော့

ဝက်ခြံ၊ နေလောင်ဒဏ် နဲ့ အသားအရောင်မညီညာခြင်းတွေကို လျှော့ချပေးလို့ မိတ်ကပ်ထူထူလိမ်းစရာမလိုဘဲ အချိန်တိုင်းမှာ သဘာဝအတိုင်း ကြည်လင်တောက်ပတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ 🤩

တွေဝေနေဦးမှာလား ?

𝑬𝑽-𝑶𝟑 နဲ့အတူ သဘာဝအတိုင်း ကြည်လင်တောက်ပတဲ့အသားအရေအလှကို သင်ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်နော် 🫶🏻☘️

နုပျိုခြင်း လှပခြင်း တင့်တယ်ခြင်းများရှိရာသို့ ......
EV-O3 (အီးဗွီ-အို သရီး)

 #ရင်ဘတ်အောင့်ပြီးအသက်ရှူရခက်လို့ဆေးခန်းပြပြီးECGဆွဲတော့  #ဆရာကဘာမှမဖြစ်ပါဘူးစိတ်ပူစရာမလိုဘူးပြောတယ် #ဒါပေမယ့်နေရတာဘယ်လိ...
16/02/2024

#ရင်ဘတ်အောင့်ပြီးအသက်ရှူရခက်လို့ဆေးခန်းပြပြီးECGဆွဲတော့
#ဆရာကဘာမှမဖြစ်ပါဘူးစိတ်ပူစရာမလိုဘူးပြောတယ်
#ဒါပေမယ့်နေရတာဘယ်လိုအဆင်မပြေပါဘူးဆရာ

ကျွန်တော်တို့ က ရင်ပတ်အောင့်တိုင်း အထူးသဖြင့် ဘယ်ဘက်က အောင့်တိုင်း မိရိုးဖလာအတွေးအရ နှလုံးရောဂါလို့ ထင်တတ်ကြပါတယ်

ရင်ပတ်မှာ အင်္ဂါအစိတ်အပိုင်းတွေ အနေနဲ့
👉 အရေပြား - Skin
👉 ကြွက်သား - Muscles
👉 နံရိုး - Ribs
👉 အဆုတ် - Lungs
👉 လေပြွန် - Bronchi/Bronchioles
👉 အဆုတ်အမြှေးပါး - Pleura
👉 နှလုံး - Heart
👉 နှလုံးအမြှေးပါး - Pericardium
👉 သွေးလွှတ်ကြောကြီးများ - Aorta/Pulm Artery
👉 သွေးပြန်ကြောကြီးများ - Vena Cava
👉 အစာရေမျို - esophagus စတာတွေရှိလို့ ရင်ပတ်နာတိုင်း အောင့်တိုင်း နှလုံးရောဂါမဟုတ်ပါဘူး

လူငယ်တွေမှာက ပညာရေး ၊ စီးပွါးရေး ၊ ပေါင်းသင်းဆက်ဆံရေး၊ မိသားစုရေး အပြင်လက်ရှိအခြေအနေကြောင့် စိတ်ဖိစီးမှုများစွာရှိနေတဲ့အတွက်
#ပူပန်သောကများပြီး_စိတ်ဖိစီးခြင်းကလည်း
😰 ရင်ပတ်အောင့်ခြင်း
😰 ရင်တုန်ခြင်း
😰 မောခြင်း
😰 အသက်ရှူမဝခြင်း
😰 လည်ချောင်းထဲ တစ်ဆို့ဆို့ နင်တင်တင်ဖြစ်ခြင်း
စတာတွေ ခံစားရတတ်ပါတယ်။

ဒီနေရာမှာပြောလိုတာ
1. ရင်ပတ်အောင့်တာနဲ့ နှလုံးရောဂါမဟုတ်ပါဘူး
2. နှလုံးရောဂါဖြစ်ဖို့ အခြေအနေတွေလိုအပ်ပါသေးတယ်
3. ECG တစ်ခုတည်း ကြည့်ပြီး နှလုံးရောဂါ ဟုတ်မဟုတ် ပြောလို့မရပါဘူး

🚨 နှလုံးရောဂါလို့ပြောဖို့အခြေအနေ (Risk Factors) တွေက 🚨

👉 အသက် ၄၀ ကျော် (အသက်ကြီးလေ နှလုံးရောဂါဖြစ်နိုင်လေပေါ့)
👉 ကျွန်တော်တို့ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် နှလုံးရောဂါပိုဖြစ်နိုင်ပါတယ်
👉 သွေးတိုးရောဂါ ဆီးချိုရောဂါရှိရင်
👉 သွေးတွင်းအဆီများပြီး အဝလွန်ရင် (BMI >25)
👉 စိတ်ဖိစီးမှုများပြီး
👉 လှုပ်ရှားမှုမရှိရင်
👉 တိရိစ္ဆာန်အဆီ ၊ စားအုန်းဆီ စားလျှင်
👉 အငန် ဆား အချိုမှုန့် အသားမှုန့် ငါးပိ ငါးခြောက် ငံပြာရည် အစားများလျှင်
👉 အသီးအရွက်အစားနည်းပြီး Fast foods တွေ အစားများလျှင် နှလုံးရောဂါဖြစ်လာပါတော့မယ် 😰

မဖြစ်ရအောင်ဆိုရင် လွယ်လွယ်ပြောရရင်
ရှိတဲ့ရောဂါတွေ သေချာကုပြီး
အပေါ်က Risk Factors တွေ သေချာရှောင်ရပါမယ်

နောက်ဆုံးတစ်ချက်က ECG ဆိုတာ နှလုံးက ထွက်တဲ့ လျှပ်စီးပတ်လမ်းတွေ ကို အရေပြားပေါ်ကနေ ပုံဖော်ကြည့်တာဖြစ်လို့ နှလုံးရဲ့လျှပ်စီးပတ်လမ်းအခြေအနေကို သာ အကြမ်းအားဖြင့်သိနိုင်တာပါ
1. လူနာ ခံစားရတဲ့ လက္ခဏာ
2. Risk factors
3. ECG
4. ဆရာဝန် ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံ နှင့်
5. သွေးစစ်ဆေးမှုတွေ ပေါင်းစပ်ပြီး မှ နှလုံးရောဂါကို ပုံဖော်လို့ရတာပါ

ဆရာဝန်က နှလုံးရောဂါမဟုတ်ဘူးလို့ ပြောတယ်
လူငယ်တွေဖြစ်ပြီး အပေါ်က Risk factors တွေ မရှိဘူး
မောကြပ်တာတွေအပြင် အစာအိမ်ရောဂါလည်း ခဏ ခဏ ဖြစ်တတ်တယ် ဆိုရင်
Stress Related Disorder လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်တာပါ
😰 စိတ်ဖိစီးမှုကိုမှ မလျှော့နိုင်ရင် ခံစားရတာတွေက သက်သာဖို့ မရှိပါဘူး
(အခုအချိန်မှာ စိတ်ဖိစီးမှု ပူပန်သောက တွေလျှော့လို့ ပြောရင် လည်း ကျွန်တော်က လွန်ရာကြပါတယ်)
ဒါပေမယ့် ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေ တွေးပြီးကြိုပူနေမယ့် အစား ကြုံလာရင် ဘာလုပ်မယ် ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး လက်ရှိပစ္စုပ္ပာန် ကိုပဲ အာရုံစိုက်ထားရင် ခံစားရတာတွေ အထိုက်အလျောက်သက်သာ နိုင်ကြပါလိမ့်မယ်။

နှလုံးကျန်းမာရေးအတွက် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ
https://www.facebook.com/100058278781320/posts/664550785497542/?mibextid=cr9u03

စိတ်ဖိစီးမှု Stress Related Disorder အတွက် ဒီဆောင်းပါးလေး ဖတ်ကြည့်ပါ
https://www.facebook.com/104993831383029/posts/310736194142124/?d=n

(Photo credit; ERofTexas)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
06:45 pm/16.02.2024
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား
လာပါလိမ့်မယ် 💕💕💕 )

#ခေါင်းမူးမူးနေတတ်တယ်
#ရင်ခေါင်းတောင့်တယ်_ပျို့ချင်_အန်ချင်တယ်_ရင်ပူတယ်
#ခေါင်ကြီးထုံတယ်_ခြေထိပ်လက်ထိပ်ထုံတယ်
#ညအိပ်မပျော်ဘူး

ရောဂါကြီးကြီးမားမား ရှာမတွေ့သလို အရှင်းလည်းမပျောက်ပဲ နှစ်ကာလရှည်စွာဖြစ်နေတတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဘာလို့မပျောက်လဲ ဆိုတော့ လက္ခဏာတွေကိုပဲ သက်သာချင်ကြပြီး
👉 အဲ့လိုဖြစ်ရတဲ့၊ အဲ့လိုခံစားရတဲ့ #အကြောင်းရင်းမှန် ကို မပယ်နိုင်တဲ့အတွက် ဘယ်တော့မှ အရှင်းမပျောက်ပါဘူး

စိတ်ဖိစီးမှုကြောင့် ၊ စိတ်ကြောင့် လို့ ရှင်းပြကြရင် လက်မခံနိုင်ကြပါဘူး
👉 ဘာလို့လဲ ဆိုတော့ #တကယ်ခံစားနေရတာကိုး

သေသေချာချာ ရှင်းအောင်ပြောရရင်
✴️ ခေါင်းမူးတယ်၊ ပျို့တယ် အန်တယ် မောတယ် ထုံတယ် ကျဉ်တယ် ဆိုပြီး

အဲ့လိုတွေခံစားနေရတယ် လို့ #စိတ်ကထင်နေတာ လို့ ပြောတာမဟုတ်ပါဘူး ✴️

တကယ်ဖြစ်နေတယ် တကယ်ခံစားနေရမှန်းသိပါတယ် ပြောချင်တဲ့တကယ့်အဓိပ္ပါယ်က

✳️ အဲ့လိုတွေ တကယ်ခံစားနေရတာ ဟာ စိတ်ဖိစီးမှုကြောင့်ပါ
👉 နှလုံးရောဂါလည်းမဟုတ်ပါဘူး
👉 အစာအိမ်ကင်ဆာလည်းမဟုတ်ပါဘူး
👉 အဆုတ်ကင်ဆာလည်းမဟုတ်ပါဘူး
👉 လေဖြတ်ချင်သလိုဖြစ်နေတာလည်းမဟုတ်ပါဘူး

___________
သွေးစစ်တယ်၊ ဓာတ်မှန်ရိုက်တယ်၊ ECG, ECHO၊ Ultrasound ရိုက်တယ်
တချို့ဆို အစာအိမ်မှန်ပြောင်းကြည့်တယ်၊
ခေါင်းကို CT Scan ကွန်ပျူတာဓာတ်မှန်ရိုက်ထားတဲ့ သူတောင်ရှိပါတယ်။

👉 သွေးအဖြေဆိုလည်း Normal
👉 ရင်ပတ်ဓာတ်မှန်ကလည်း NAD (Normal)
👉 Ultrasound ဆိုလည်း Fatty Liver ဆိုတာပဲ
👉 အစာအိမ်မှန်ပြောင်းမှာလည်း Mild antral gastritis ပေါ့
👉 ကွန်ပျူတာဓာတ်မှန်မှာလည်း Normal Scan

Normal ဆိုတဲ့ တသီတတန်း Medical Record တွေနဲ့ #ခံစားနေရတာ ကတော့ မသက်သာသွားပါဘူး

(သွေးအဖြေ၊ ဆေးစစ်ချက်အဖြေတွေထဲမှာ ပြဿနာရှိလို့ လက္ခဏာတွေခံစားရတာကို Structural / Organic Lesion ရောဂါရှိတယ်ပေါ့
👉 အဲ့ဒီရောဂါကို ကုသလိုက်ရင် ခံစားနေရတဲ့ လက္ခဏာတွေ သက်သာသွားပါတယ်။)

အခုလို
သွေးအဖြေ၊ ဆေးစစ်ချက်အဖြေတွေထဲမှာ ဘာပြဿနာမှမရှိပဲ လက္ခဏာတွေခံစားရတာကိုတော့ Functional Disorder လို့ခေါ်ပါတယ်
စိတ်ဖိစီးမှုကြောင် ခန္ဓာကိုယ်က ဝေဒနာတွေပေါ်လာတာပါ။
မိမိကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ
"ခံစားနေရတဲ့ လက္ခဏာအများစုဟာ => Sensory disorder လို့ခေါ်တဲ့ စမ်းသပ်ကြည့်လို့မရတဲ့ လက္ခဏာတွေပါပဲ
- ခေါင်းမူးတယ် ခေါင်းအုံတယ်
- ဗိုက်နာတယ်
- ပျို့တယ်
- ထုံတယ် ကျဉ်တယ်
- လည်ပင်းထဲတစ်ဆို့ဆို့ ကြပ်တပ်တပ်
- လှဲလိုက်ရင် လည်ပင်းအစ်တယ်
- ရင်ပတ်ထဲဆွဲစုပ်ထားသလိုပဲ

အဲ့ဒါကြောင့် အထက်ပါလက္ခဏာများလည်းခံစားရတယ်
1. သွေးစစ် ဆေးစစ်လည်း အကုန်ကောင်းတယ်
2. ဆေးတွေသောက်လည်း မသက်သာသလို
3. ထူးပြီးလည်း ပိုပိုဆိုးမလာဘူး
4. မဖြစ်မနေလုပ်ရတဲ့ အလုပ်တွေလည်း လုပ်နိုင်တယ် (ဝင်ငွေရတဲ့အလုပ်ဆက်လုပ်နေနိုင်တယ်)
5. အစာမစားနိုင်ဘူးဆိုပေမယ့် (အစားလည်းဝင်တယ်)
6. ရုပ်ရှင်ကြည့်တယ်၊ ဖုန်းသုံးတယ်
7. လက္ခဏာအများစုဟာ တစ်ယောက်တည်းရှိတဲ့အချိန် လုပ်စရာ အလုပ်မရှိတဲ့အချိန် အားနေတဲ့အချိန် **အထူးသဖြင့် အိပ်ခါနီး အချိန်တွေမှာ ဆိုးလာတယ်
8. ဆေးသောက်လည်း မသက်သာဘူး အရှင်းမပျောက်ဘူး ဒါပေမယ့် ဆေးမသောက်လည်း သူ့ဟာသူ သက်သာချင်ရင် သက်သာနေရောပဲ ဆိုရင်တော့

Functional Disorder စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ လက္ခဏာတွေပါ။
___________
#ဘာ_စိတ်ဖိစီးမှု_တွေလဲ ⁉️
#ဖိစီးမှု_ရှိမရှိ_ဘယ်လိုသိမလဲ ⁉️

* နေရင်းထိုင်ရင် #သက်ပြင်းတွေချည်း ခဏခဏ ချနေမိတယ်
* အသက်ပြင်းပြင်းရှူလိုက်မှ အသက်ရှူဝတယ်
* ဒါမှမဟုတ် အသက်ကို အဆုံးအထိရှူလို့မရဘူး
* စဉ်းစားနေတာမရှိပဲ အကြောင်းမယ့် ငေးနေတတ်မယ်
* ကိစ္စ ပိစိလေးကို ဒေါသတွေထွက်နေမယ် ( အိမ်ရှေ့က စျေးသည်အသံကြားရင်၊ ကလေးတွေဆော့နေတဲ့အသံကြားရင်၊ လူတွေရယ်နေတဲ့အသံကြားရင်)

အဖြစ်များတဲ့လူတွေက ⁉️

✳️ RS တွေပေါ့ 😬 (တို့လို Single တွေက အေးဆေးပဲ 😅)
Relationship ပြဿနာတွေပါ။
Relationship မှာတော့ (အများအားဖြင့်) အမျိုးသမီးတွေက ပိုပြီး Serious ဖြစ်ကြပါတယ်

👉 Relationship တစ်ခု ရပ်တန့်သွားရင် Why ? Why ? Why ?
( "ငါ့လို" "ငါ့လောက်" "ငါ့ထက်" စတဲ့အတွေးတွေ ကနေ ရုပ်ဝေဒနာအဖြစ် ပြောင်းလဲခံစားရတတ်ပါတယ်)
👉 Relationship တစ်ခု စရင်လည်း အနည်းနဲ့အများဖြစ်တတ်ပါတယ်

✳️ အလုပ်အကိုင် ငွေရေးကြေးရေး

အလုပ်အကိုင် ငွေရေးကြေးရေး ကြပ်တည်းနေတဲ့ အခုလိုအချိန် မှာလည်း ဖြစ်တတ်ပါတယ်

✳️ ပညာရေး ဘဝရှေ့ရေး

ပညာရေးရော ဘဝရှေ့ရေးပါ မသေချာမရေရာတဲ့ အချိန်မှာလည်းဖြစ်တတ်ပါတယ်

✳️ ရောဂါဘေး

အခုလို ကပ်ရောဂါဘေးကြီးနဲ့ ကြုံနေရတဲ့ ဖိစီးမှုကတော့ အကြီးဆုံးပေါ့

✳️ မိသားစုပြဿနာ

မိသားစု စိတ်ဝမ်းကွဲတာ၊ ညီအကိုမောင်နှတွေရဲ့ အိမ်ထောင်ရေး အမွေကိစ္စ စတာတွေကလည်း တစိတ်တပိုင်းပါတတ်ပါတယ်

✳️ အိမ်မွေးတိရစ္ဆာန်

အပူရှာတတ်တဲ့ လူတွေရဲ့သဘောအရ ကိုယ်ချစ်တဲ့ သားသမီးလေးတွေ နေမကောင်းဖြစ်တာ၊ အိမ်လည်သွားပြီး ပြန်မလာတာ တွေကလည်း အံ့ဩဖို့ကောင်းစွာ ဖိစီးမှုအနေနဲ့ ရှိတတ်ပါတယ်။
(အပျိုကြီး လူပျိုကြီးတွေပေါ့)
___________
ဖိစီးမှုက လူတိုင်းရှိပါတယ်၊ အဲ့ဒီဖိစီးမှုကို ခံယူဖြေရှင်းပုံခြင်း မတူလို့ တခြားသူတွေက ဘာမှမဖြစ်ပဲ ကိုယ့်ကြမှ ရောဂါတွေတိုးနေရတာပါ။

"စိတ်" က ဖြစ်တာ ဘာလုပ်လို့ရမှာလဲ ဆိုရင်

လုပ်လို့ရပါတယ်

1. ပထမဆုံး သွေး/ဆေး စစ်ဆေးချက်တွေကောင်းနေတာ ကို "ငါ့မှာ ရောဂါမရှိဘူး" ဆိုတာ လက်ခံလိုက်ပါ။
လက်ခံလိုက်နိုင်မှ နောက်တစ်ဆင့်တက်လို့ရမှာပါ၊ #ရောဂါမရှိဘူးလို့ *မတွေးပဲ #ရောဂါကိုရှာမတွေ့ဘူးလို့ တွေးနေလို့သာ ခံစားရတာမသက်သာတာပါ။
2. ဒုတိယက စိတ်ဖိစီးမှုကြောင့်ဖြစ်တယ် ဘာက ငါ့ကို Pressure ပေးနေတာလဲ ရှာပါ
အဲ့ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ်တိုင်ပဲဖော်ထုတ်ရမှာပါ
3. ဖြေတွေးကြည့်ပါ မျှတွေးကြည့်ပါ
အဲ့လို ဖိစီးမှုတွေရှိနေတာ ငါတစ်ယောက်ထဲမှမဟုတ်တာ၊ ကောင်းတာလေးတွေလည်းရှိနေတာပဲ
4. သံသယစိတ်လျှော့ပါ
အဆိုးဆုံးပါ ၊
ငါ့ပတ်ဝန်းကျင်က လူတွေက ငါ့ဆီက အကျိုးလိုချင်လို့ပေါင်းနေကြတာ
ဆွေမျိုးတွေဆိုတာကလည်း ရွှေမျိုးပဲ ရွှေရှိမှ အမျိုးတော်ချင်တာ
အကြီးတွေက ငါကသူတို့ထက်သာသွားမှာစိုးလို့ ငါ့ကိုတမင်နှိမ်နေကြတာ
အဲ့လိုအတွေးတွေဖျောက်ပါ
5. အပေါ်က (၄) ဆင့်ကိုအောင်မြင်ပြီ ဆိုလျှင် ကိုယ်အယုံကြည်ဆုံးဆရာဝန် တစ်ယောက်နဲ့သေသေချာချာတိုင်ပင်ပြီး သောက်နေကျဆိုတဲ့

ဆေးအမျိုးပေါင်း တစ်သိန်းရှစ်သောင်းကိုးထောင်ခြောက်ရာခုနစ်ဆယ့်ရှစ်မျိုးကို တဖြည်းဖြည်းလျှော့ပါ
(အယုံကြည်ဆုံးဆရာဝန် လို့ပြောရတာက အထက်ပါ လက္ခဏာခံစားနေရတဲ့လူနာတွေက ရောဂါရှာမရဘူးဆိုပြီး ဆရာဝန်ပေါင်း ၁၆ သိန်းလောက်ပြထားကြတတ်လို့ပါ)

ဒီဘဲ ရေးနေတာ #ငါဖြစ်နေတာနဲ့တူတယ် ဆိုရင်

ဖိစီးမှုကို လျော့သွားအောင် ပျောက်သွားအောင် လုပ်လိုက်နိုင်ရင် ရောဂါလက္ခဏာတွေ အကုန်သက်သာပျောက်ကင်းသွားပါလိမ့်မယ်၊ အဲ့လိုလုပ်ပေးနိုင်မယ့်သူက ပါမောက္ခကြီးလည်း မဟုတ်သလို ကျွန်တော်လည်းမဟုတ်ပါဘူး " #မိမိကိုယ်တိုင်ပါပဲ"
(Crush က လာကြိုက်ရင်တော့ ပျောက်ရင်ပျောက်မှာပေါ့လေ 😁)
___________
ဖိစီးမှုတွေများတဲ့အခုအချိန်မှာ #ရောဂါတကယ်မရှိပဲ အခုလိုခံစားနေရသူတွေများလာတဲ့အတွက်
- ဆေးဖိုးကုန်ကျငွေတွေ
- မလိုပဲသောက်တဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
မခံစား မကုန်ကျစေလို၍ရေးသားခြင်းဖြစ်ပါတယ်။

__________
မနေ့က
ခေါင်းမူးလို့ဆိုပြီး
1. Vertinil
2. Prometil
3. Stugeron
4. Gingo
ဗိုက်မကောင်းလို့
1. Kremil S
2. Rabeprazole
3. Domisan M
4. Dusptin
ဇတ်ကြောတက်လို့
1. Norgeted
2. Paradenk
3. Gabapentin
4. Vit B denk
5. Betex
အိမ်မပျော်လို့
1. Lotex
2. Xanax
3. Melatonin
4. Valdoxan
ရင်တုန်လို့
1. Propranolol
စတဲ့ဆေး (၁၈) မျိုးသောက်နေတဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသမီး လူနာတစ်ယောက်ကို တွေ့လိုက်ရတော့ ဒီစာကိုရေးဖြစ်ပါတယ်။
အဲ့ဒါတွေသောက်ပြီး သက်သာနေလားဆိုတော့ မသက်သာနေပါဘူး
လူနာကိုကြည့်ပြီး ဒီလိုလက္ခဏာနဲ့ ဆိုင်တဲ့ဆေး သင်သိသလောက်ချရေးပါဆိုပြီး စာမေးပွဲများဖြေထားတာလား လို့တောင်တွေးလိုက်မိပါတယ်

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
11:05 pm/26.08.2021

 #အငန်တွေစားပြီး_သွေးပေါင်ချိန်လို့_တက်နေရင်တော့_သွေးကျဆေးသောက်လိုက်တယ် #သွေးတိုးရောဂါတော့မရှိဘူး           အငန်တွေစားရင...
15/02/2024

#အငန်တွေစားပြီး_သွေးပေါင်ချိန်လို့_တက်နေရင်တော့_သွေးကျဆေးသောက်လိုက်တယ်
#သွေးတိုးရောဂါတော့မရှိဘူး

အငန်တွေစားရင် သွေးပေါင်ချိန်တက်တယ် ဘာဆေးသောက်ရမလဲ ❓
ချဉ်လွန်း စပ်လွန်းတာတွေ စားရင် ဗိုက်အောင့်တယ် ဘာဆေးသောက်ရမလဲ ❓
ဆိုတာက
👉 အရက်သောက်လိုက်ရင် မူးတယ် ဆရာရေ မမူးရအောင် ဘာလုပ်ရမလဲ ဆိုသလိုပါပဲ
မမူးချင်ရင် #အရက်မသောက်ပါနဲ့

ဆရာက အဲ့လို စိတ်မပုတ်ပါနဲ့ 🤨
အရင်က မဖြစ်ဖူးဘူး အခုမှ သွေးပေါင်တက်လာတာ၊ အခုမှ ဗိုက်အောင့်လာတာ အဲ့ဒါကြောင့် မေးရတာ ဆိုပြီး ထပ်ပြောတတ်ကြပါတယ်။

အရင်က မဖြစ်ဘူး အခုမှ ဖြစ်လာတယ် ဆိုထဲက မကောင်းတဲ့ အကျင့်ကို အချိန်ကြာမြင့်စွာ လုပ်ခဲ့တယ် ဆိုတာပါပဲ။
စိတ်အလိုလိုက်ပြီိး လုပ်နေတာကို ခန္ဓာကိုယ်က တတ်နိုင်သလောက် လိုက်ပြီး ပြင်ဆင်ပေးခဲ့ပေမယ့် မတတ်နိုင်တော့တဲ့ အခါ ဝေဒနာတွေ ခံစားလာရတာပါ။

ဝေဒနာ ကနေ ကြာရှည်လာတဲ့အခါ ရောဂါတွေဖြစ်လာပါလိမ့်မယ်။
- သွေးတိုးရောဂါ
- ဆီးချိုရောဂါ စတာတွေဟာ မဖြစ်ခင်ကပဲ ကြိုပြီး ကာကွယ်လို့ရပါတယ်

ဖြစ်ပြီဆိုတာ နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့
- နှလုံးရောဂါ
- ကျောက်ကပ်ရောဂါ
- လေဖြတ်ရောဂါ တွေဖြစ်မလာရအောင်ပဲ ကုသလို့ ရပါတော့တယ် သွေးတိုး/ဆီးချို ပျောက်အောင် မကုသနိုင်ပါဘူး။

ဆက်ပြီး စိတ်အလိုလိုက်နေရင်တော့ နှလုံးရောဂါ၊ကျောက်ကပ်ရောဂါ၊ လေဖြတ်ရောဂါတွေ ဖြစ်လာတော့တာပေါ့ဗျာ။
_________
#အငန်တွေစားရင်_ဘာလို့သွေးပေါင်တက်တာလဲ ❓

အရသာရှိတဲ့ (ငန်တဲ့) အစာတွေထဲမှာ Sodium ဆိုတဲ့ ဓာတ်ဆားဓာတ်ပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ရေကိုထိန်းသိမ်းပေးပါတယ် (ရေကြိုက်တယ်ပေါ့)

ရေကြိုက်တော့ Sodium တွေများရင် ခန္ဓာကိုယ်ထဲမှာ ရေတွေအများကြီး ထိန်းထားတဲ့အတွက် (သွေးကြောတွေထဲ လှည့်ပတ်နေတဲ့ သွေးပမာဏ) Volume တိုးလာတဲ့အတွက် သွေးပေါင်တက်ရခြင်း ဖြစ်ပါတယ်။

အငန်တွေစားရင် ခန္ဓာကိုယ်ထဲ ရေပမာဏ များ/မများသိသာစေတာကတော့
ငန်တဲ့အစာတွေစားရင် ရေငတ်ပါတယ်၊ ရေငတ်တော့ ရေတွေအများကြီးသောက်ပါတယ် ဒါပေမယ့် ဆီးသွားတာနည်းပါတယ်။ (အများကြီးဝင်သွားပြီး နည်းနည်းပဲထွက်တယ်ဆိုတာ အထဲမှာ အများကြီးကျန်ခဲ့တာပါ)

👉 သွေးပေါင်ချိန်ကြည့်ပါ တက်နေပါလိမ့်မယ်။
_________
#အိမ်မှာဆားမသုံးဘူး_ကြက်သားမှုန့်ပဲသုံးတာ

အဲ့ဒီကြက်သားမှုန့်ထဲမှာ ဆားပမာဏ မြောက်မြားစွာပါဝင်ပါတယ်။

#အချိုမှုန့် (Mono Sodium Glutamate) 👉 Sodium ပါဝင်ပါတယ်။

မနက်စာ ပဲနံပြားလေးစားတာလေ

ပဲပြုတ်က ဆီနဲ့ဆားနဲ့ အရသာကောင်းကောင်းလေး
နံပြားက မုန့်ဖုတ်ဆိုဒါ ပါတယ် (အဲ့ဒါလည်း Sodium ပဲ)

ပေါင်မုန့် ၊ ဘီစကစ် ကြိုက်တဲ့ အစာပြော အရသာရှိတယ် ဆိုရင် ဆား (Sodium) ပါဝင်ပါတယ်။

ကျွန်တော်တို့က ပြောတတ်တယ် မလား ထမင်းပွဲထဲ ဘာမှမပါလည်းရတယ် ငါးပိရည်နဲ့ တို့စရာအစုံဆိုရင် ရပြီ ဆိုတာ

ငါးပိရည် ၊ ငါးပိကောင် အကုန် Salty foods တွေပါပဲ။

အပြင်ထွက်စားတယ် Hot pot, မာလာရှမ်းကော

အကင်စားတယ် Bacon မှ Bacon 😁 (Bacon ဆိုတာ အသားကိုဆားနယ်ထားတာလေ)
_________
ဆေးခန်းလာပြတတ်တဲ့ အန်တီကြီးတွေ ပြောနေကြပေါ့
"ဘာမှ မစားပါဘူး ဆရာရယ် သွေးပေါင်တွေက တက်နေရော" 😁
အရသာရှိတာ စားမိရင် ဆား (Sodium) ကပါတာပါပဲ

အန်တီကြီးတွေက ကျန်းမာရေးကို ဦးလေးကြီးတွေထက် ဂရုစိုက်ကြတော့ သွေးပေါင်တက်ရင် သိကြပါတယ်။
#ဆေးကုသဖြစ်ကြတယ်ပေါ့ ဆေးရုံ/ဆေးခန်း သွားကြည့်လိုက် ပြင်ပလူနာဌာနမှာဆို အန်တီကြီးတွေချည်းပဲ (အမျိုးသမီးတွေက ရောဂါအဖြစ်များတာလားဆိုတော့)

ဆေးရုံပေါ်တက်ကြည့်လိုက် အရေးပေါ်နဲ့ အထူးကြပ်မတ်ခန်းမှာ ဆို ဦးလေးကြီးတွေပဲလေ
ကျွန်တော်တို့ အမျိုးသားတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို နောက်ဆုံးထားတတ်ကြပါတယ်။ ရစ်ရွှေရည်လေးကလည်း ကစ်တတ်တော့ ရောဂါအခံတွေ မကုပဲ ရစ်ရွှေရည်လေး မီးခိုးခေါင်းတိုင်လေး နဲ့ နေကြတာ
ဖြစ်ပြီဆိုရင်
- နှလုံးသွေးကြောပိတ်
- လေဖြတ်
- ကျောက်ကပ်ပျက် မှသိတတ်ကြပါတယ်။

တစ်သက်လုံးမာမာချာချာ ကြီး ဖြစ်တော့ ခေါက်ခနဲပဲ ဆိုတာ 👉 Check up မှ မလုပ်ကြတာ ဘယ်သိမတုန်းဗျာ
အဲ့ဒါကြောင့် #သွေးတိုးရောဂါ ကို လို့ခေါ်တာပေါ့
_________
ပြောရင်းပြောရင်းနဲ့ အဓိကပြောချင်တာ လွတ်သွားပါတော့မယ်

✳️ သွေးတိုးရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ Salt Intake (ဆား စားသုံးတာပါ)

👉 အငန် စားလို့ သွေးပေါင်တက်တယ် ဆိုတာ #သွေးတိုးရောဂါဖြစ်လာပါတော့မယ်
👉 အငန်စားလို့ သွေးပေါင်တက်ရတာက Salt and water retention (ရေ နဲ့ ဆား - Sodium) တွေ ခန္ဓာကိုယ်ထဲ စုပုံလာလို့ပါ
🚨 အငန် အစားများရင် သွေးပေါင်တက်ပြီး သွေးတိုးရောဂါ ရပါတယ်
🚨 သွေးတိုးရောဂါ က ကျောက်ကပ်ပျက်စေ သလို
🚨 အငန် (ဆား - sodium) ကိုယ်တိုင်ကလည်း ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ပျက်စီးစေလို့ အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ပျက်စေပါတယ်။
🚨 အငန်ဆိုတာ ဆားတွေ ခပ်လိုက်မှ ၊ငံပြာရည် လောင်းထည့်လိုက်မှ ပါတာမဟုတ်ပါဘူး
👉 Ready made foods မှန်သမျှ
👉 အရသာတိုးစေပါတယ်ဆိုတဲ့ ဟင်းခပ်မှုန့် မှန်သမျှ
👉 အပြင်က ဝယ်စားတဲ့ အစာမှန်သမျှမှာ ဆားပမာဏ လွန်ကဲစွာပါဝင်နေပါတယ်။

အဲ့ဒါကြောင့်
✳️ ဆား အငန် လျှော့စားပါ၊ လျှော့သုံးပါ
✳️ ကျန်းမာရေးစာတွေ မှာ အချိုမှုန့် (MonoSodium Glutamate) ရဲ့ အန္တရာယ်တော့ ဖတ်ရပါများတော့ ကြောက်ကြ/ရှောင်တတ်ကြပေမယ့်
✳️ အပြင်စာတွေ ၊ ဆီသွပ်ဗူးတွေ၊ ဝက်အူချောင်းတွေ၊ Bacon ရှင်းရှင်းပြောရရင် ဘီစကစ်မှာတောင် (ဆား - sodium) ပါ ဝင်ပါတယ်။
✳️ ကြက်သားမှုန့်ပဲ သုံးတာ အန္တရာယ်မရှိဘူး လို့ပြောတာ ကြားဖူးကြမှာပေါ့ အသားကိုအမှုန့်လုပ်ထားတာက #ဘယ်လိုလုပ်_ငန်နေမှာလဲနော်

မသုံးလို့ မစားလို့မှ မဖြစ်တာ #အလွန်အကျွံမစားကြဖို့ နဲ့

အငန်တွေ စားပြီး သွေးတိုးရင် ဘာလုပ်ရမလဲ ဆိုတော့
#အငန်တွေမစားကြဖို့ပါပဲ

သွေးကျဆေးဆိုတာ သွေးတက်ရင်သောက် ပြီးရင်ဖြတ်လိုက် လုပ်လို့ရတဲ့ဆေးမဟုတ်ပါဘူး။
သွေးကျဆေးဆိုတာ အခုသောက် အခုသွေးကျတာ မဟုတ်ပါဘူး။
သတိထားကြဖို့ပါ။

(သွေးတိုးရောဂါ ဆောင်ရန်/ရှောင်ရန်တွေ သိလိုလျှင် 👉 https://phonesithulwin.info/posts/46 )

(Original post; April,2022 👉 https://www.facebook.com/104993831383029/posts/455057056376703/?d=n)

(Photo credit; Saltwire)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
07:25 pm/17.04.2022

✨မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယတွင် ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
🙏🙏🙏

Address

BOC , Hlaing Tharyar Township
Yangon

Telephone

+959457697667

Website

Alerts

Be the first to know and let us send you an email when Aung clinic and Pharmacy store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share