ဥုံ - Ohm

ဥုံ - Ohm ကဏ္ဍစုံလင်လှသော ဂမ္ဘီရဆိုင်ရာ သုတ၊?

ကျန်းမာရေးမကောင်းသောသူများဆောင်ရန်ဂါထာ“ ဝါတာပိတ္တာ ဒိသဥ္ဇာတာ၊ဗာဟိရဇ္ဈတ္ထုပ္ပဒ္ဒဝါ၊အသေသာဝိနာသံယန္တု၊အနန္တဂုဏာတေဇသာ။”စာရေး...
24/08/2026

ကျန်းမာရေးမကောင်းသောသူများဆောင်ရန်ဂါထာ

“ ဝါတာပိတ္တာ ဒိသဥ္ဇာတာ၊

ဗာဟိရဇ္ဈတ္ထုပ္ပဒ္ဒဝါ၊

အသေသာဝိနာသံယန္တု၊

အနန္တဂုဏာတေဇသာ။”

စာရေးသူသည် ထိုဂါထာအစွမ်းကို ကိုယ်တွေ့စမ်းသပ်ကြည့်၏။ တစ်နေ့တွင် စာရေးသူ၏ ဇနီးသည် အစာအိမ်ရောဂါကြောင့် ဗိုက်အောင့်နေသဖြင့် ကျွန်ုပ်က သူသောက်မည့် အစာအိမ်ရောဂါပျောက်ဆေးကို ထိုဂါထာ ခုနှစ်ခေါက်မန်းပြီး တိုက်၏။ ဗိုက်ကိုလည်း ထိုဂါထာ ခုနှစ်ခေါက် မန်းပြီး တိုက်၏။ ဗိုက်ကိုလည်း ထိုဂါထာ ခုနှစ်ခေါက်မန်းပြီး ဆေးလိမ်းပေးလိုက်၏။ ရောဂါသိသိသာသာ ပျောက်ကင်းသွား၏။ ယခင်က ထိုသောက်ဆေး၊ လိမ်းဆေးများ သောက်သော်၊ လိမ်းသော်လည်း ယခုလို ချက်ချင်း သိသိသာသာ ပျောက်ကင်းခြင်းမရှိပါ။

ထိုအပြင် စာရေးသူ၏ အိမ်နီးချင်းအမျိုးသမီးတစ်ဦးသည် ညနေခင်းဈေးသွားရင်း ခလုတ်တိုက်ပြီး ခြေခေါက်သွားသဖြင့် လမ်းမလျှောက်နိုင်ဘဲ ဆိုက်ကားစီး ပြန်လာရ၏။ ကျွန်ုပ်က ဆရာတော်ကြီး၏ ဓာတ်လုံးနှင့် ချက်ထားသော ဓာတ်လုံးဆီနှင့် ဒဏ်ကြေလိမ်းဆေး ရောပြီး ထိုးဂါထာ ခနှစ်ခေါက် မန်းကာ လိမ်းပေးလိုက်ပြီး အဝတ်တစ်ခုဖြင့် စည်းပေးလိုက်၏။ နောက်တစ်နေ့နံနက်တွင် လုံးဝ ကောင်းပြီး လမ်းလျှောက်နိုင်သည်ကို ကိုယ်တွေ့ကြုံရပါသည်။

#ဉုံ

စီးပွားရေးကောင်းသော ဂါထာ“ ဗုဒ္ဓါနံ အဘိဟဋာနံ စနုန္နံ ပစ္စယာနံ၊နက္ကာကေနစိ အန္တာရာယော ကာတုံ၊ဝန္ဒာမဟံတံ ဧဝံမေဟောတု။ ”အနက်အဓိ...
23/08/2026

စီးပွားရေးကောင်းသော ဂါထာ

“ ဗုဒ္ဓါနံ အဘိဟဋာနံ စနုန္နံ ပစ္စယာနံ၊

နက္ကာကေနစိ အန္တာရာယော ကာတုံ၊

ဝန္ဒာမဟံတံ ဧဝံမေဟောတု။ ”

အနက်အဓိပ္ပာယ် - ဘုရားသခင်တို့၏ ပစ္စည်းအန္တရာယ်ကို မည်သူတစ်ဦးတစ်ယောက်မျှ မပြုစွမ်းနိုင်။ ပစ္စည်းအန္တရာယ် ကင်းတော်မူသော ထိုမြတ်စွာဘုရားသခင်ကို အကျွန်ုပ် ရှိခိုး၏။ ဤနည်းတူပင် အကျွန်ုပ်အား စီးပွားရေး အန္တရာယ် ကင်းပါစေသား (ဝါ) အန္တရာယ်ကင်းပျောက် စီးပွားရေး ထိပ်ဆုံးရောက်ရပါစေသား . . . ဟူ၍ဖြစ်၏။

ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် စီးပွားရေး မပြေလည်ကြောင်း၊ နည်းကောင်းများရှိရင် ကူညီပါဟု ပြောသဖြင့် ကျွန်ုပ်က ထိုဂါထာကို တစ်နေ့ ၃၇ ခေါက်ရွတ်ရန် ပြောပြီးပေးလိုက်၏။ နောက်သုံးလလောက် ကြာသောအခါ ထိုမိတ်ဆွေက သူစီးပွားရေးအဆင်ပြေလာကြောင်း ကျေးဇူးတင်စကား လာပြော၏။ ထို့ကြောင့် အစွမ်းထက်သော ထိုဂါထာများကို ခုနှစ်ရက်သားသမီးများ အကျိုးငှာ မျှဝေပေးလိုသဖြင့် ဖော်ပြလိုက်ရပါသည်။

#ဉုံ

အောင်ပန္နက်ချ ဂါထာ ဗုဒ္ဓံ ဓမ္မံ သံဃံ နတွာ၊ဝိပ္ပသန္နေန စေတသာ။ကရိဿံ တံ နဝကမ္မံ၊သိဒ္ဓိကမ္မံ သုခါဝဟံ။လုပ်ငန်းသစ် စတင်ချိန်၌ ...
21/08/2026

အောင်ပန္နက်ချ ဂါထာ

ဗုဒ္ဓံ ဓမ္မံ သံဃံ နတွာ၊

ဝိပ္ပသန္နေန စေတသာ။

ကရိဿံ တံ နဝကမ္မံ၊

သိဒ္ဓိကမ္မံ သုခါဝဟံ။

လုပ်ငန်းသစ် စတင်ချိန်၌ ရွတ်ဖတ်သင့်သော ဂါထာဖြစ်သည်။

#ဉုံ

ဘုန်းနှိုး ကံနှိုး စီးပွားတိုးဂါထာအတီတေ ဝတ္တမာနေစယံ ပုညံ ပကတံ မယာ။ဣဓေဝ တဿ ပစ္စက္ခေဝိပါကော မေ ဝိပစ္စတု။နေ့စဉ်ရွတ်ဖတ်ခြင်း...
19/08/2026

ဘုန်းနှိုး ကံနှိုး စီးပွားတိုးဂါထာ

အတီတေ ဝတ္တမာနေစ

ယံ ပုညံ ပကတံ မယာ။

ဣဓေဝ တဿ ပစ္စက္ခေ

ဝိပါကော မေ ဝိပစ္စတု။

နေ့စဉ်ရွတ်ဖတ်ခြင်းဖြင့် ဘုန်းကံများ နှိုးထလာလာကာစီးပွားတိူးတက်စေပါသည်။

#ဉုံ

တောင်ဖီလာဆရာတော်၏ လက်စွဲလိုတရဂါထာ အနေကသတာ သမ္ဗုဒ္ဓါ၊ ဥပ္ပန္ဒာ ဘယနာသကာ။မမ် သီသေ ပတိဋ္ဌန္တု၊ ရက္ခန္တု တေ မပံ သဒါ။သုခါဝဟံ သ...
16/08/2026

တောင်ဖီလာဆရာတော်၏ လက်စွဲလိုတရဂါထာ

အနေကသတာ သမ္ဗုဒ္ဓါ၊ ဥပ္ပန္ဒာ ဘယနာသကာ။

မမ် သီသေ ပတိဋ္ဌန္တု၊ ရက္ခန္တု တေ မပံ သဒါ။

သုခါဝဟံ သတံ ဓမ္မာ၊ တိဋ္ဌန္တု ဟဒယေ မမံ။

အမှေ ဧတေ ပါလယန္တု၊ သုခံ ဒေန္တု မမံ သဒါ

သမ္ဗုဒ္ဓါနံ အရဟန္တာ၊ တေဇဝန္တော တကော တတော

တေ မေ အံသေ ပတိဋ္ဌန္တု၊ ပါလယန္တု မမံ သဒါ။

တောင်ဖီလာဆရာတော်ကြီး၏ လက်စွဲလိုတရဂါထာတော်ကို မိမိတို့လိုရာဆုကိုတောင်း၍ ရွတ်ဆိုနိုင်ပါသည်။

#ဉုံ

သုဂတော (၅) ချက်သုဂတော သုဂတဌာနံ သုဂတော သုန္ဒရံပိစသုဂတော နိဗ္ဗာန် ယာတိ သုဂတော တေနမော နမာသက်စေ့ရွတ်ဖတ်ပူဇော်ခြင့်ဖြင့်ငွေကြ...
14/08/2026

သုဂတော (၅) ချက်

သုဂတော သုဂတဌာနံ သုဂတော သုန္ဒရံပိစ

သုဂတော နိဗ္ဗာန် ယာတိ သုဂတော တေနမော နမာ

သက်စေ့ရွတ်ဖတ်ပူဇော်ခြင့်ဖြင့်ငွေကြေးလာဘ်လာဘ များပွင့်လန်းသလို ၊ နိုင်ငံခြားကံပါ အထောက်ပံ့ဖြစ်စေပါသည်။

#ဉုံ

သူတော်စင်ချစ်သော နမောဂါတာ အရဟံမေ ‌ ဩောင်း နမော ဗုဒ္ဓဿအရဟံမေ ‌ဩောင်း နမော ဓမ္မဿအရဟံမေဩောင်း နမော သံဃဿအမြဲရွတ်ဖတ် သရဇ္ဇာယ်...
12/08/2026

သူတော်စင်ချစ်သော နမောဂါတာ

အရဟံမေ ‌ ဩောင်း နမော ဗုဒ္ဓဿ

အရဟံမေ ‌ဩောင်း နမော ဓမ္မဿ

အရဟံမေဩောင်း နမော သံဃဿ

အမြဲရွတ်ဖတ် သရဇ္ဇာယ်ပါက ဝိဇ္ဇာချစ်ခင် ကူညီစောင့်လျှောက်ပါ၏။

#ဉုံ

ခန္တီစေတီ ပုတီးစိပ်နည်းဒီပုတီးစိပ်အဓိဋ္ဌာန်ကို ကြိုးစားပြီးစိပ်ကြည့်ပါ။ အဓိဋ္ဌာန်စိပ်သူတွေကောင်းကျိူးတွေ ရကြပါတယ်။ ထူးခြ...
10/08/2026

ခန္တီစေတီ ပုတီးစိပ်နည်း

ဒီပုတီးစိပ်အဓိဋ္ဌာန်ကို ကြိုးစားပြီးစိပ်ကြည့်ပါ။ အဓိဋ္ဌာန်စိပ်သူတွေကောင်းကျိူးတွေ ရကြပါတယ်။ ထူးခြားမှုတွေအများကြီးရှိပါတယ်။

ပုတီးစိပ်နည်းကို ဖော်ပြထားပါတယ်။

စေတီတော်သည် (၁၆) ဆင့်ရှိသည်။

တစ်ဆင့်လျှင် (၁၀) ပတ် (၁၆) ဆင့်လျှင် စုစုပေါင်း (၁၆၀) အပတ်ပေါင်းစိပ်ရပါမည်။

(၁၆၀) ပတ်ပြီးလျှင် စေတီတစ်ဆူတည်ပြီးသည်ဟု မည်ပါသည်။

စေတီအဆူပေါင်း မိမိအသက်နှင့် အမျှသက်စေ့စိပ်ပြီးလျှင် လောကီလောကုတ္တရာနှစ်ဖြာသော အကျိုးကိုပေးပါသည်။

၄င်းပုတီးစိပ်နည်းကို ပလ္လင်တော်အောက်ခြေမှစပြီးစိပ်ပါ။

(အောက်တွင် ပြထားပါသည်။ ၁ မှ စပြီ ၁၆ အထိစိပ်ပါ။ တစ်ကြိမ်လျှင် တစ်ဆင့်ပုတီး ၁၀ ပတ်ပြည့်အောင်စိပ်ပါ။)

အကယ်၍ တစ်ဆင့်သော်လည်းကောင်း ၂ ဆင့်သော်လည်းကောင်း စသည်ဖြင့်စိတ်ပြီးမအားလျှင် ရပ်ထားပါ။ ရပါသည်။ နောက်မှရောက်သောနေရာမှ ပြန်ဆက်စိပ်ပါ။ ရက်မပြတ်တစ်ဆူပြီးအောင် တည်နိုင်က ပိုကောင်းပါသည်။

၄င်းပုတီးစိပ်နည်းသည်

*သရဏဂုံရတနာသုံးပါး

*ဗုဒ္ဓဂုဏ်တော်ကိုးပါး

*လက္ခဏာသုံးပါး

*ဥာဏ်တော်သုံးပါးတည်းဟူသော

သမထဝိပဿနာနှစ်ဖြာတို့ကို ပေါင်း၍ ပွားများစိတ်ရခြင်းကြောင့် အသက်ရှည်ကျန်းမာခြင်း၊ သွေးသားစင်ကြယ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ စီးပွားဥစ္စာတိုးတက်ခြင်း အစရှိသော အကျိုးတရားများကိုရှိစေပါသည်။

စေတီ ၁၀၈ ဆူတည်နိုင်လျှင် ထွက်ရပ်ပေါက်များနှင့် တွေ့ဆုံရတတ်သည်ဟု အဆိုရှိသည်။

ဤနည်းကို သမာဓိတည်ယုံကြည်စွာ စိပ်ပါလက်တွေ့အကျိုးပေးပါမည်။

🙏စေတီပုံပါအချက်လက်များ🙏
(၁၆)ပုဒိအာအာဒိပု (၁၅)ရုပ်နာမ်အနတ္တ (၁၄)ရုပ်နာမ်ဒုက္ခ (၁၃)ရုပ်နာမ်အနိစ္စ (၁၂)ဘဂဝါ (၁၁)ဗုဒ္ဓေါ (၁၀)
သတ်ထာဒဝေမနုဿာနံ (၉)အနုတ္တရောပုရိသဓမ္မသာရထိ (၈)လောကဝိဒူ (၇)သုဂေတာ (၆)ဝိဇ္စာစရဏသမ္ပန္နော (၅)သမ္မာသမ္ဗုဒ္ဓေါ (၄)အရဟံ (၃)သံဃံသရဏံဂစဆွာမိ (၂)ဓမ်မံသရဏံဂစ်ဆာမိ (၁)ဗုဒ်ဓံသရဏံဂစ်ဆာမိ

အထက်ပါအချက်(၁)မှ(၁၆)သည်စေတီတော်ပုံပါအချက်အလက်များဖြစ်ပါသည်။

(၁) သည်စေတီတော်၏ ပလ္လင်တော်ဖြစ်၍ (ဗုဒ္ဓံသရဏံဂစ္ဆာမိ) ပုတီးတစ်လုံးချ ၁၀ ပတ်။

(၁၆) သည်စိန်ဖူးတော်ကို ကိုယ်စားပြုပါသည်။ (ပုဒိအာ-အာဒိပု) ပုတီးတစ်လုံးချ ၁၀ ပတ်။

(၁) မှစ၍ (၁၆) ထိစိတ်ပါက စေတီတော်တစ်ဆူတည်ပြီးသည်မည်၏။

မှတ်ရန် အဆင့်၄ မှ ၁၂ ဂုဏ်တော် ၉ ပါးအဆင့်များတွင် သောဘဂဝါ ဣတိပိ အရဟံသောဘဂဝါ ဣတိပိသမ္မာသမ္ဗုဒ္ဓေါ သောဘဂဝါဣတိပိ ဝိဇ္စာစရဏသမ္ပန္နောသောဘဂဝါဣတိပိ ဘဂဝါဟုအပြည့်ဆိုစိပ်နိုင်သည်။

အဆင့် ၁၃၊ ၁၄၊ ၁၅ အနိစ္စဒုက္ခအနတ္တရှေ့တွင် နာမရူပံအနိစ္စံ (သို့မဟုတ်) ရုပ်နာမ်အနိစ္စ။

နာမရူပံဒုက္ခံ (သို့မဟုတ်) ရုပ်နာမ်ဒုက္ခ။

နာမရူပံအနတ္တံ (သို့မဟုတ်) ရုပ်နာမ်အနတ္တ။ ဟုစိပ်ပါ။

ပုဒိအာဆိုသည်မှာပု = ပုဗ္ဗေနိဝါသအဘိညာဉ်ဒိ = ဒိဗ္ဗစက္ခုအဘိညာဉ်အာ = အာသဝက္ခယဥာဏ်ကို ဆိုလိုခြင်းဖြစ်သည်။

မှတ်ချက် ။ ။ ခန္တီပုတီးစိပ်နည်းကို အိမ်ထောင်ရှင်များပါစိပ်နိုင်ပါသည်။

(တစ်ချို့က မစိပ်ရဘူးပြောလို့။ လောကီထွက်ရပ်ပေါက်လိုင်းလိုက်မည်ဆိုလျှင်တော့ အိမ်ယာထူထောင်နှင့် မဖြစ်နိုင်ပါ)

စေတီတစ်ဆူတည်ပြီးလျှင် အနေကဇာတင်ပါ။ ပိုမိုပြည့်စုံကောင်းမွန်၏။

#ဉုံ

ရှင်အရဟံ ပုတီးစိပ်နည်းရှင်အရဟံပုတီးစိပ်နည်းသည် အလွန်အစွမ်းထက်တဲ့ ပုတီးစိပ်နည်းတစ်ခုပါ။ဘေးရန်ကင်းခြင်း၊ စီးပွားရေးအဆင်ပြေ...
08/08/2026

ရှင်အရဟံ ပုတီးစိပ်နည်း

ရှင်အရဟံပုတီးစိပ်နည်းသည် အလွန်အစွမ်းထက်တဲ့ ပုတီးစိပ်နည်းတစ်ခုပါ။

ဘေးရန်ကင်းခြင်း၊ စီးပွားရေးအဆင်ပြေခြင်း၊ လူမှုရေးအဆင်ပြေခြင်း၊ လူချစ်လူခင်ပေါခြင်း၊ သက်ရှည် ကျန်းမာခြင်း၊ အရွယ်တင်နုပျိုခြင်း စသော အကျိုးများကိုရရှိစေနိုင်ပါသည်။

မတောင်းဘဲနှင့် ပြည့်နိုင်တဲ့ အကျိုးတွေရှိတဲ့အပြင် လောကီထွက်ရပ်လမ်းကို ပေါက်မြောက်စေနိုင်သည်အထိ အကျိုးပေးပါသည်။

ဤပုတီးစိပ်သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိကို ပွားများပြီးဖြစ်သည့်အပြင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏...

အနိစ္စ - မမြဲခြင်းသဘော၊

ဒုက္ခ - ဆင်းရဲခြင်းသဘော၊

အနတ္တ - အစိုးမရခြင်းသဘောတို့ကို ပွားများပြီးလည်းဖြစ်ပါသည်။

သရဏဂုံဆောက်တည်ရာလည်းရောက် ဝိပဿနာပွားများရာလည်းရောက်သော ရှင်အရဟံပုတီးစိပ်နည်းကို အနက်အဓိပ္ပါယ်ပါ နှလုံးသွင်းပြီး နေ့စဉ်စွဲမြဲစွာ ရွတ်ဖတ်အားထုတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ရှင်အရဟံဂါထာ

၁။ ဗုဒ်ဓံသရဏံ ဂစ်ဆာမိ၊

နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။

၂။ ဓမ်မံသရဏံ ဂစ်ဆာမိ၊

နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။

၃။ သံဃံသရဏံ ဂစ်ဆာမိ၊

နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။

၄။ ဗုဒဓှံသရဏံ ဂစဆှာမိ၊

ဓမ်မံသရဏံ ဂစ်ဆာမိ၊

သံဃံသရဏံ ဂစဆှာမိ။

နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။

၅။ အနန်တံ ဗလဝံ ဗုဒ်ဓံ၊

အနန်တံ ဂေါစရံ ဓမ်မံ၊

အနန်တံ အရိယံ သံဃံ၊

အနန်တံ ဗောဓိမုတ်တမံ။

(မြန်မာပြန်)

၁။ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။

နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊

နာမ်ရုပ်သည် အစိုးမရပါတကား။

၂။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။

နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊

နာမ်ရုပ်သည် အစိုးမရပါတကား။

၃။ သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊

နာမ်ရုပ်သည် အစိုးမရပါတကား။

၄။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။

တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။

သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။

နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊

နာမ်ရုပ်သည် အစိုးမရပါတကား။

၅။အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊

အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။

မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော တန်းခိုးတော်တည်း။

အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။

ဗောဓိပက္ခိယတရားတော်များသည် အဆုံးအပိုင်းအခြားမရှိ မြင့်မြတ်ပါပေ၏။

အလုံးစုံကုန်သော နတ်တို့သည်လည်းကောင်း အလုံးစုံကုန်သော သိဒ္ဓိရှင် မဟိဒ္ဓိရှင်အပေါင်းတို့သည် လာရောက်ကြကုန်သည်ဖြစ်၍ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းတို့ကို ပေးကြပါစေသတည်း။

ငါ့အားအရပ်ဆယ်မျက်နှာမှ အောင်ခြင်းမင်္ဂလာအဖြာဖြာသည် အခါခပ်သိမ်းဖြစ်ပါစေသတည်း။

#ဉုံ

အကြားအမြင်ရစေရန်ကျင့်စဉ်ဒီကျင့်စဉ်ကို ပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်မယ်ဆိုရင်တော့ အဲဒီလူဟာ ဗေဒင်တွေ ဘာတွေ ဘာမှ တတ်ဆရ...
05/08/2026

အကြားအမြင်ရစေရန်ကျင့်စဉ်

ဒီကျင့်စဉ်ကို ပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်မယ်ဆိုရင်တော့ အဲဒီလူဟာ ဗေဒင်တွေ ဘာတွေ ဘာမှ တတ်ဆရာမလိုဘူး။ ဘာတွက်နည်း ညာတွက်နည်းတွေ ဘာမှ တွက်တတ် ချက်တတ်ဖို့ မလိုတော့ဘူ။ မျက်လုံးကလေး မှိတ်လိုက်တာနဲ့ အလိုလိုနေရင်း အာရုံထဲမှာ လူတွေရဲ့ အနာဂါတ်ကို ရုပ်ရှင်ကြည့်နေရသလို ပေါ်လာမယ်။ လူတစ်ယောက်က တစ်စုံတစ်ရာလာ မေးမယ်ဆိုရင် မျက်လုံး ကလေးမှိတ်လိုက် အာရုံပြုလိုက်တာနဲ့ အကုန်လုံးသိပြီး ပြောပြနိုင်မယ်။

လူတစ်ယောက်က ရာထူးတက်မတက် လာမေးမယ်ဆိုပါတော့။ အဲဒီလူကို ကိုယ့်ရှေ့မှာ ထိုင်ခိုင်းပြီး မျက်လုံးလေးမှိတ်လိုက်။ ပြီးရင် ရာထူးတက်မလား၊ မတက်ဘူးလား။ အာရုံပြုလိုက်တာနဲ့ ကိုယ့်ရဲ့ အာရုံထဲမှာ ပေါ်လာတယ်။ ကိုယ်က တန်းပြောလိုက်ရုံပဲ။

နောက်တစ်ခု တစ်စုံတစ်ယောက်က ကိစ္စတစ်ခုအတွက် ယတြာလာတောင်းတယ် ဆိုကြပါစို့။ ကိုယ်က သူ့ရဲ့ ကိစ္စအတွက် ယတြာပေးပါလို့ အာရုံပြုပြီး ကြည့်လိုက်တာနဲ့ သူ့ရဲ့ကိစ္စအတွက် ဘာယတြာ ဆောင်ရွက်ရမယ် ဆိုတာ ပေါ်လာမယ်။ ကိုယ်က လုပ်ခိုင်းလိုက်ရုံပဲ။ သူကလည်း ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်မယ်ဆိုရင် သေချာပေါက် အောင်မြင်မယ်။

အခု ဒီကျင့်စဉ်အကြောင်း စတင်ပြောပြပါတော့မယ်။

အရင်ဆုံး ဒီကျင့်စဉ်ကို စတင်ကျင့်ဖို့အတွက် ရက်ရွေးချယ်ရမယ်။ ဘယ်နေ့မှာ စပြီး ကျင့်မလဲပေါ့။ အဲဒီရက်ကို သိရဖို့အတွက်ကတော့ ကိုယ့်နာမည်ကို အင်္ဂလိပ် ဂဏန်းဗေဒင်နည်းနဲ့ တွက်ချက်ပြီး စတင်ကျင့်ရမဲ့ ရက်ကို ရှာယူရမယ်။

အဲဒီလို ရှာယူဖို့အတွက် A.B.C.D တွေကို အရင်ဆုံး တန်ဖိုး သတ်မှတ်ထားပြီး မှတ်ထားရမယ်။

A , I , J, Q , Y, X……………. (၁)

B , K , R ………………………. (၂)

C , G . L , S…………………… (၃)

D , M , T ………………………. (၄)

E , H , N……………………….. (၅)

U , V , W…………………….. (၆)

O , Z…………………………….(၇)

F , P…………………………….(၈)

အဲဒါတွေကို အရင်ဆုံး မှတ်မိအောင် မှတ်ထားရမယ်။

ဟုတ်ပြီ။ နောက်တစ်ဆင့် တက်ရအောင်နော်။ အဲဒါတွေ သိပြီဆိုရင် ဘယ်လို တွက်ရမလဲဆိုတော့ ကိုယ့်နာမည် ကို အင်္ဂလိပ်လို ချရေးရမယ်။ ပြီးရင် အင်္ဂလိပ်အက္ခရာတွေကို ဂဏန်းတန်ဖိုးနဲ့ ချရေးပြီး၊တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ… ထက်အောင်လှိုင် ဆိုပါတော့။ တွက်ကြည့်ရအောင်။

ထက်အောင်လှိုင် = HTET AUNG HLAING

5+4+5+4 = 18

1 + 6 + 5 + 3 = 16

5 + 3+ 1+ 1 + 5+ 3 = 18

18 + 16 + 18 =52 = 7 အဲဒီလို တွက်ကြည့်ရပါမယ်။

နောက်ဆုံး တစ်လုံးထဲ ရတဲ့အထိ တွက်ကြည့်ရမယ်။ တွက်ကြည့်ပြီးပြီဆိုရင် ဂဏန်းနဲ့ သက်ဆိုင်တဲ့ နေ့တွေ ရှိတယ်။ အဲဒါကို တတိယအဆင့်လို့ မှတ်ထားလိုက်ဗျာ။

(၁,၄) ရတဲ့ လူက ……………… တနင်္ဂနွေနေ့။

(၂,၇) ရတဲ့လူက ………………..တနင်္လာနေ့။

(၉) ရတဲ့လူက……………………..အင်္ဂါနေ့။

(၅)ရတဲ့လူက………………………ဗုဒ္ဓဟူးနေ့။

(၃)ရတဲ့လူက…………………….. ကြာသပတေးနေ့။

(၆) ရတဲ့လူက……………………..သောကြာနေ့။

(၈)ရတဲ့လူက……………………..စနေနေ့။ကျင့်ရမယ်။ ဒါကတော့ စကျင့်ရမယ့်နေ့ပဲ။ ရက်ကတော့ လဆန်းရက်ရဲ့ ပထမ ရက်သတ္တပါတ်အတွင်းမှာ ပါဝင်ရမယ်။

ကဲ…ကျင့်စဉ်ကို ဘယ်လိုကျင့်မလဲ… ကိုယ်ရွေးချယ်လို့ ရတဲ့ နေ့ ညဘက် သန်းခေါင်ကျော်ရင် အိမ်အပြင်မှာ ကျင့်ရမယ်။

အမိုး လုံးဝမရှိတဲ့နေရာမှ လေ့ကျင့်ရမယ်။

အနောက်စူးစူးကို မျက်နှာမူပြီး မျက်စိမှိတ်ပြီး ထိုင်ရမယ်။

ထိုင်တာကတော့ တင်ပလ္လင်ခွေချိတ်ပြီး ထိုင်ရင် အကောင်းဆုံးပါပဲ။

ထိုင်နေတဲ့ ပါတ်ဝန်းကျင်မှာ အမွှေးတိုင် ထွန်းထားရမယ်။

ထွန်းရမဲ့ အရေအတွက်ကတော့ မိမိနာမည်နှင့် တွက်ပြီး ရတဲ့ ဂဏန်းအရေအတွက်တိုင်းပဲ ထွန်းပါ။

အဲဒီလို ထိုင်နေရင်း ကြာလာတော့ မျက်စိထဲမှာ မီးရောင်လက်သလိုလို၊ လက်နှိပ် ဓါတ်မီးနဲ့ ထိုးလိုက်သလိုလို ခံစားရမယ်။

ကြက်သီးတွေ ထလာမယ်။ မည်းခနဲ မှောင်ခနဲ အရိပ်ကျလာသလို ဖြစ်လာမယ်။ မကြောက်ပါနဲ့။ နောက် ဘာဆက်လုပ်ရမယ်ဆိုတာ အဲဒီ ကျင့်စဉ်ကို ကျင့်နေရင်းနဲ့ သင်ကြားပြသပေးမယ့် ဆရာတွေ ရောက်လာပါလိမ့်မယ်။

တစ်ယောက်နဲ့ တစ်ယောက်တော့ အောင်မြင်ပေါက်မြောက်တာ မတူပါဘူး။ ဒါပေမဲ့ ရှေးရှေးတုန်းက ဆရာ့ဆရာကြီးတွေ မှာကြားချက်အရတော့ တစ်နေ့ တစ်နာရီလောက် ပုံမှန်လေး လေ့ကျင့်။ ရက်မပျက်ပဲ သေသေချာချာချာ လေ့ကျင့်မယ်ဆိုရင် ရက်ပေါင်း(၆၀) ၂-လအတွင်း ပေါက်မြောက် အောင်မြင်နိုင်ကြောင်းနှင့် စာဖတ်သူများ လက်တွေ့ ကြိုးစားလေ့ကျင့်ပါက ဘဝလမ်းခရီးတွင် အရေးကြုံ သက်လုံကောင်းစေ ဆိုသကဲ့သို့ လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း စေတနာကောင်း ရေးသားဖော်ပြလိုက်ရပါသတည်း။

#ဉုံ

Address

Yangon
11061

Telephone

+9512399188

Website

Alerts

Be the first to know and let us send you an email when ဥုံ - Ohm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share