OSC Pharmacy

Call Directions Website Contact the practice

OSC  Pharmacy ဆေးဝါးမှန်ကန် စိတ်ချယုံကြည် OSC Pharmacy

ကိုယ်ဝန်မယူခင်ကတည်းက ဖောလစ်အက်ဆစ် ကြိုသောက်ပေးရမည့် အကြောင်းရင်း 💊👶အမျိုးသမီးအများစုဟာ ကိုယ်ဝန်ရှိပြီဆိုမှသာ အားဆေးတွေ၊ ...
03/09/2026

ကိုယ်ဝန်မယူခင်ကတည်းက ဖောလစ်အက်ဆစ် ကြိုသောက်ပေးရမည့် အကြောင်းရင်း 💊👶

အမျိုးသမီးအများစုဟာ ကိုယ်ဝန်ရှိပြီဆိုမှသာ အားဆေးတွေ၊ ဖောလစ်အက်ဆစ် (Folic Acid) တွေကို စတင်သောက်သုံးလေ့ ရှိကြပါတယ်။ တကယ်တော့ ကလေးယူဖို့ ပြင်ဆင်နေတဲ့အချိန် (သို့မဟုတ်) ကိုယ်ဝန်မရခင်ကတည်းက ဖောလစ်အက်ဆစ်ကို ကြိုတင်သောက်သုံးထားခြင်းက ရင်သွေးငယ်လေးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ❤️✨

ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်အရ ကလေးယူဖို့ ပြင်ဆင်နေချိန်ကစပြီး ကိုယ်ဝန်ပထမပတ် (၁၂) ပတ် (ပထမ ၃ လ) အထိ ဖောလစ်အက်ဆစ်ကို နေ့စဉ် 400 micrograms (mcg) မဖြစ်မနေ သောက်သုံးပေးသင့်ပါတယ်။ စောသောက်နိုင်လေ ကောင်းလေပါပဲ။ ဘာကြောင့် ကြိုသောက်ဖို့ လိုအပ်တာလဲဆိုရင် - 🌿

၁။ မွေးရာပါ ဦးနှောက်နှင့် အာရုံကြောချို့ယွင်းမှုကို ကာကွယ်ပေးခြင်း 🧠🛡️
ဖောလစ်အက်ဆစ်ဟာ သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ ခါးရိုးဆစ် အာရုံကြောမကြီး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ကလေးရဲ့ အာရုံကြောပြွန်လေးတွေ စတင်ဖြစ်ပေါ်နေပြီဖြစ်လို့ ဖောလစ်အက်ဆစ်ဓာတ် ကြိုတင်ပြည့်ဝနေမှသာ Spina Bifida (မွေးရာပါ ခါးရိုးဆစ်မပိတ်ခြင်း) ကဲ့သို့သော ပြင်းထန်တဲ့ မွေးရာပါချို့ယွင်းမှုတွေကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 👍👶

၂။ ဆဲလ်အသစ်များနှင့် သွေးနီဥများ ဖြစ်ပေါ်စေခြင်း 🩸🔬
ဖောလစ်အက်ဆစ်ဟာ ဗီတာမင် B9 တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်း DNA တည်ဆောက်မှုနဲ့ ဆဲလ်အသစ်များ အလျင်အမြန် ကွဲပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် သွေးနီဥတွေ ဖြစ်ပေါ်ဖို့ ကူညီပေးတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်တတ်တဲ့ သွေးအားနည်းရောဂါကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 💪✨

၃။ အစားအစာတစ်ခုတည်းဖြင့် မလုံလောက်ခြင်း 🥦🥗
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အချို့သော ကောက်နှံများတွင် ဖောလစ်အက်ဆစ်ဓာတ် သဘာဝအတိုင်း ပါဝင်သော်လည်း ကိုယ်ဝန်ဆောင်ချိန်အတွက် လိုအပ်သော ပမာဏကို ပြည့်ဝအောင် အစားအစာတစ်ခုတည်းကနေ ရယူဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အားဆေးပုံစံဖြင့် သောက်သုံးပေးခြင်းကသာ အသေချာဆုံး နည်းလမ်း ဖြစ်ပါတယ်။ 💊✅

အကယ်၍ သင့်မှာ ဆီးချိုရောဂါ ရှိနေရင်ဖြစ်ဖြစ်၊ အတက်ရောဂါဆေးများ စွဲသောက်နေရရင်ဖြစ်ဖြစ်၊ မိသားစုထဲမှာ အာရုံကြောချို့ယွင်းတဲ့ ရာဇဝင်ရှိရင်ဖြစ်ဖြစ် ဖောလစ်အက်ဆစ်ကို သာမန်ထက် ပိုမိုမြင့်မားတဲ့ ပမာဏ (5mg အထိ) သောက်ဖို့ လိုအပ်နိုင်တာကြောင့် မသောက်သုံးမီ မိမိပြသနေသည့် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးပေးပ
ါရှင့်။ 👩‍⚕️🩺
#ကျန်းမာရေး #ဖောလစ်အက်ဆစ် #ကိုယ်ဝန်ဆောင်ကျန်းမာရေး

ဘာကြောင့် ၆ လတစ်ကြိမ် သွားဆေးခန်းသွားသင့်သလဲ? သွားဆရာဝန်နဲ့ ဘယ်နှစ်ကြိမ်ပြသင့်လဲဆိုတာကို တိတိကျကျ အဖြေမရှိပေမဲ့ သွားနှင့...
27/08/2026

ဘာကြောင့် ၆ လတစ်ကြိမ် သွားဆေးခန်းသွားသင့်သလဲ?

သွားဆရာဝန်နဲ့ ဘယ်နှစ်ကြိမ်ပြသင့်လဲဆိုတာကို တိတိကျကျ အဖြေမရှိပေမဲ့ သွားနှင့် ခံတွင်း ဆရာဝန်အများစုကတော့ ၆ လတစ်ကြိမ် ပြသဖို့ အကြံပြုကြပါတယ်။ ဒါဆို ဘာကြောင့် ၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသဖို့က အရေးကြီးသလဲ? 🤔

အဖြေက ရှင်းရှင်းလေးပါပဲ။ ဒီ ၆ လဆိုတဲ့ ကာလအတွင်းမှာ သွားနဲ့ခံတွင်းပြဿနာတွေကို အစောပိုင်းအဆင့်မှာပဲ စစ်ဆေးတွေ့ရှိနိုင်လို့ပါပဲ။ 🔍
သွားကို ပုံမှန်စစ်ဆေးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ? 🦷💡
**သွားချေး (Plaque) စုပုံလာမှုကို တားဆီးပေးခြင်း** 🛡️
သွားဘယ်လောက်ပဲတိုက်တိုက် ၊ ဘယ်လောက်ပဲ သွားပွတ်ကြိုးသုံးသုံး
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ဒီလိုလုပ်ရုံနဲ့ မလုံလောက်နိုင်သေးပါဘူး။
သွားဆရာဝန်ဆီကို ပုံမှန်သွားရောက်ပြသမှ သွားပေါ်က သွားချေးတွေကို သေချာဖယ်ရှားပေးနိုင်မှာပါ။ သွားချေးဆိုတာက ဘတ်တီးရီးယား ပေါက်ဖွားမှုကို အားပေးပြီး သွားကျောက်အဖြစ် မာခဲသွားကာ နောက်ဆုံးမှာ သွားဖုံးရောဂါနဲ့ သွားကျိုးခြင်းတို့အထိ ဖြစ်လာစေနိုင်ပါတယ်။ 🦠⚠️

⏳သွားချေးက သွားပေါ်မှာ ကြာကြာရှိလေလေ ထုံးဓာတ်စုပုံလာပြီး ဖယ်ရှားဖို့ ပိုခက်ခဲလေဖြစ်ပါတယ်။ သွားချေးဖယ်ရှားဖို့အတွက် သွားဆရာဝန်နဲ့ ပြသပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

**သွားနှင့်ခံတွင်း ပြဿနာများကို စစ်ဆေးတွေ့ရှိခြင်း** 🔎
သွားနဲ့ သွားဖုံးတွေကို ဘယ်လောက်ပဲ ဂရုစိုက်စိုက် တစ်ချို့သော သွားနဲ့ခံတွင်းပြဿနာတွေက အစပိုင်းမှာ ထင်ရှားတဲ့လက္ခဏာတစ်စုံတစ်ရာ မပြတတ်တာကြောင့် သွားဆရာဝန်ထံ ပုံမှန် ပြသဖို့ လိုအပ်ပါတယ်။ 🩺 တစ်ချို့ပြဿနာတွေက ရောဂါရင့်တဲ့အဆင့်ရောက်မှ လက္ခဏာပြလေ့ရှိတာကြောင့် ကုသဖို့ ပိုပြီးတော့ ခက်ခဲသွားစေနိုင်ပါတယ်။ 🚨

သွားဖုံးရောဂါနှင့် ခံတွင်းကင်ဆာတို့ကို အစောပိုင်းအဆင့်မှာ ကုသနိုင်ဖို့ ပုံမှန်ပြသနေမှသာ ပြောင်းလဲမှုကို စောစောသိနိုင်တာကြောင့် ပုံမှန်ပြသဖို့ အကြံပြုချင်ပါတယ်။ 🩺💚

အဆိုပါ သွားနှင့်ခံတွင်း ပြဿနာအများစုကို သတ်မှတ်ထားသော ၆ လအတွင်း စောစီးစွာ စစ်ဆေးတွေ့ရှိပြီး မှန်ကန်စွာ ကုသပါက ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ 🤝✨

အောက်ပါ ကျန်းမာရေး အခြေအနေများ ရှိပါက ပိုမိုခဏခဏ ပြသရန်လိုအပ်နိုင်ပါတယ် -
• ဆေးလိပ်သောက်သူများ🚬
• ကိုယ်ဝန်ဆောင်မိခင်များ🤰
• ဆီးချိုရောဂါရှိသူများ 🩸
• ကင်ဆာလူနာများ 🎗️
• ခုခံအားနည်းသူများ 🛡️
• ပြင်းထန်သော သွားဖုံးရောဂါရှိသူများ 🦷
• နှလုံးရောဂါရှိသူများ 🫀
ပုံမှန်ပြသခြင်းက သွားနဲ့ခံတွင်းကို ပိုမိုကျန်းမာစေနိုင်တာကြောင့် ပုံမှန်ပြသကြဖို့ အကြံပြုလိုပါတယ်။ 😁✨

.elitesmilestn.com

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူအား ပြုစုပေးရာတွင် ဘယ်လိုလုပ်ဆောင်မလဲ 🤔💧မိသားစုထဲတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူရှိပါက...
19/08/2026

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူအား ပြုစုပေးရာတွင် ဘယ်လိုလုပ်ဆောင်မလဲ 🤔💧

မိသားစုထဲတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူရှိပါက ကျန်တဲ့ မိသားစုဝင်များကို မကူးစက်စေရန်နှင့် လူနာကိုပြုစုပေးရမည့်နည်းလမ်းများမှာ -

၁။ လူနာနှင့်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သန့်ရှင်းသောရေကို အသုံးပြု၍ သေချာစွာ ဆေးကြောပါ။ 🧼💧

၂။ လူနာကို ရေဓာတ်လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရပါမည်။ ဓာတ်ဆားရည် တိုက်ပါ။ 🥤

၃။ ဓာတ်ဆားထုပ်များကို နီးစပ်ရာကျန်းမာရေးဆေးခန်း (သို့) ဆေးဆိုင်များတွင် ရရှိနိုင်သည်။ 🏥💊

၄။ ဓာတ်ဆားထုပ်များမရှိပါက အောက်ပါနည်းဖြင့်လည်း ဖျော်နိုင်ပါသည်။
• ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် 🧂 + သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း 🥄 + သန့်ရှင်းသောသောက်ရေ တစ်လီတာထဲတွင် ထည့်၍ ဖျော်ပြီး ၂၄ နာရီအတွင်း သောက်သုံးပါ။ 🥛⏰

၅။ အခြားအရည်များ (ဟင်းချို၊ ဖျော်ရည်၊ ဆိုဒါ၊ အုန်းရည် စသည်)တို့ကိုလည်း တိုက်နိုင်ပါသည်။ 🍲🥤🥥

၆။ ဆေးကုသမှုခံယူရန် နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပါ။ 🏥🏃‍♂️

အကယ်၍ လူနာက အန်ခြင်း၊ အလွန်အမင်း အရည်ဝမ်းသွားခြင်းတို့ဖြစ်ပွားပြီး ခန္ဓာကိုယ်အတွင်း ဆုံးရှုံးသွားသော အရည်ဓာတ်အလုံအလောက် ပြန်လည်မသောက်နိုင်ပါက ချက်ချင်းအကူအညီရယူပြီး ထိရောက်တဲ့ဆေးကုသမှု ခံယူသင့်ပါတယ်။ ⚠️🚑

ဂယောင်ဂယမ်းများဖြစ်ခြင်း (သို့) အာရုံမလန်းဆန်းခြင်း/ခေါင်းမကြည်လင်ခြင်း၊ ကြွက်သားကြွက်တက်ခြင်း၊ အားနည်းခြင်း (အမှီမပါဘဲ မထိုင်နိုင်ခြင်း)၊ မူးဝေခြင်း တို့က အန္တရာယ်လက္ခဏာတွေဖြစ်တဲ့အတွက် အရေးပေါ် ဆေးကုသမှုအမြန်ခံယူရန် လိုအပ်ပါတယ်။ 🚨🩺

မိမိဒေသတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့နှံ့နေပါက သင့်ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်မှသူများအား ဘယ်လိုကာကွယ်မလဲ? 🛡️
• သန့်ရှင်းသောရေကို ကျိုချက်၍သောက်ပါ။ အစားအသောက် ချက်ပြုတ်
ရာတွင် သန့်ရှင်းသောရေကို အသုံးပြုပါ။ 🚰🔥
• ပြင်ပ အစားအစာများကို ရှောင်ပါ။ 🚫
• ဆပ်ပြာနှင့် သန့်ရှင်းသောရေကို အသုံးပြု၍ လက်ကို ပုံမှန်ဆေးကြောပါ။ အထူးသဖြင့် အစာမစားမီ၊ မချက်ပြုတ်မီ၊ အိမ်သာသုံးပြီးနောက် (သို့) ကလေးအနှီး diaper ကို လဲပြီးပါက လက်ကို ဆေးကြောပါ။ 🧼🖐️
• အစားအစာကို သေချာချက်ပြုတ်ပြီး ပူပူနွေးနွေး စားပါ။ 🍲🔥
• သောက်သုံးရေရရှိသည့် နေရာအနီးတွင် လက်ဆေးခြင်း၊ အဝတ်အစားများ လျှော်ဖွပ်ခြင်း၊ အညစ်အကြေးစွန့်ခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။ 🚫🧺

ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ကြိုတင်ကာကွယ်ရလွယ်ကူသလို ရောဂါလက္ခဏာ ပြလာပါကလည်း အချိန်မီ ကုသမှုခံယူဖို့ အင်မတန် အရေးကြီးပါတယ်။ မိသားစုဝင်များတွင် ဝမ်းသွားခြင်း၊ အန်ခြင်းနှင့် ရေဓာတ်ခင်းခြောက်သည့် လက္ခဏာများ ခံစားရပါက အချိန်မဆိုင်းဘဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသကြပါရှင်။ 🏥❤️

#ကြိုတင်ကာကွယ်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်


ဝမ်းပျက်ဝမ်းလျှော ရောဂါအန္တရာယ်မှ ကင်းဝေးစေရန် မီးဖိုချောင်တွင် အဓိက လိုက်နာရမည့် အရေးကြီး အချက် (၅) ချက်နေ့စဉ် စားသောက်...
16/08/2026

ဝမ်းပျက်ဝမ်းလျှော ရောဂါအန္တရာယ်မှ ကင်းဝေးစေရန် မီးဖိုချောင်တွင် အဓိက လိုက်နာရမည့် အရေးကြီး အချက် (၅) ချက်

နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေသလို မဆင်ခြင်ပါကလည်း ရောဂါဘယတွေကို သယ်ဆောင်လာနိုင်ပါတယ်။ 🥗

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အန္တရာယ်ကင်းတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးနိုင်ဖို့ မီးဖိုချောင်မှာ မဖြစ်မနေ လိုက်နာသင့်တဲ့ သော့ချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ 🔑

**၁။ သန့်ရှင်းမှုကို ပထမဦးစားပေးပါ။** 🧼
အစားအစာ မကိုင်တွယ်မီ၊ ချက်ပြုတ်စဉ်နှင့် အိမ်သာမှအထတိုင်းတွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ 🧼🖐️ ချက်ပြုတ်ရာတွင် အသုံးပြုသည့် စဉ့်နီတုံး၊ ဓား၊ မီးဖိုချောင် မျက်နှာပြင်များနှင့် ပန်းကန်ခွက်ယောက်များကို အမြဲ သန့်ရှင်းနေပါစေ။ 🍽️✨ ရောဂါသယ်ဆောင်သည့် ပိုးမွှားတွေက မြေကြီး၊ မသန့်ရှင်းသောရေ၊ ယင်ကောင်နှင့် တိရစ္ဆာန်တွေမှတစ်ဆင့် မသန့်ရှင်းသော လက်နဲ့ အသုံးအဆောင်တွေဆီသို့ ကူးစက်တတ်သဖြင့် မီးဖိုချောင်ကို ပိုးမွှားအန္တရာယ်မှ ကာကွယ်ရန်နှင့် သန့်ရှင်းစွာထားရန် လိုအပ်ပါတယ်။ 🪰🧫

**၂။ သားစိမ်းငါးစိမ်းနှင့် ချက်ပြီးသားဟင်းများကို သီးခြားစီ ခွဲထားပါ။** 🥩🥗
မချက်ရသေးသည့် အသား၊ ငါး၊ ပင်လယ်စာအစိမ်းများကို ချက်ပြီးသား အစားအသောက်များနှင့် ရောမထားပါနှင့်။ ❌ သားစိမ်းငါးစိမ်း လှီးဖြတ်ပြင်ဆင်ရန်အတွက် ဓားနှင့် စဉ့်နီတုံးများကိုလည်း သီးသန့်အသုံးပြုရပါမယ်။ 🔪 မချက်ရသေးတဲ့အသားများနှင့် အသားမှထွက်တဲ့အရည်တွေမှာ အန္တရာယ်ရှိတဲ့ ပိုးမွှားများ ပါဝင်နိုင်တာကြောင့် ချက်ပြီးသားဟင်းများနဲ့ ရောနှောထားမိပါက ရောဂါပိုးမွှားများ ကူးစက်နိုင်ပါတယ်။ 🦠

**၃။ သေချာကျက်အောင် ချက်ပြုတ်ပါ။** 🍳
အသား၊ ငါး၊ ကြက်ဥနှင့် ပင်လယ်စာများကို သေချာကျက်အောင် ချက်ပြုတ်ပါ။ 🍗🍳 အထူးသဖြင့် အသားစင်းကော၊ အသားကင်၊ အသားတုံးအကြီးကြီးများနှင့် ကြက်ကောင်လုံးကြော်များမှာ အလယ်ဗဟိုအထိ ကျက်တာသေချာဖို့ လိုပါတယ်။ 🍗🔥 အစားအစာများကို အပူချိန် 70°C အထိ ရောက်အောင် ချက်ပြုတ်ခြင်းက ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပြီး ပိုလျှံသည့် ဟင်းများကို ပြန်လည်စားသုံးခါနီးတွင် ပူလာသည်အထိ သေချာပြန်နွှေးပါ။ 🌡️🍲

**၄။ သင့်တော်သည့် အပူချိန်တွင် သိမ်းဆည်းပါ။** ❄️
ချက်ပြုတ်ပြီးသား အစားအစာများကို အခန်းတွင်း အပူချိန်၌ ၂ နာရီထက် ပိုမထားပါနှင့်။ ⏱️ ပုပ်သိုးလွယ်သည့် အစားအစာများနှင့် ချက်ပြုတ်ပြီးသား ဟင်းများကို ရေခဲသေတ္တာထဲတွင် စနစ်တကျ သိမ်းဆည်းပါ။ 🧊နံ ရေခဲသေတ္တာထဲတွင် အေးခဲထားသည့် အသားများကို ချက်ပြုတ်ရာတွင် အခန်းတွင်းအပူချိန်၌ ဒီအတိုင်း ပစ်မထားပါနှင့်။ ရောဂါပိုးမွှားများသည် အခန်းတွင်းအပူချိန်၌ လျင်မြန်စွာ ပွားများနိုင်ပါတယ်။ 🦠📈

**၅။ သန့်ရှင်းသောရေနှင့် လတ်ဆတ်သော အစားအစာများကိုသာ သုံးစွဲပါ။** 💧
သောက်သုံးရေ သို့မဟုတ် ကျိုချက်ထားသော ရေကောင်းရေသန့်ကိုသာ အသုံးပြုပါ။ 🚰 လတ်ဆတ်သော အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဦးစားပေး ရွေးချယ်ပြီး ရက်လွန်နေသည့် အစားအစာများ၊ မှိုတက်နေသည်များကို လုံးဝ မစားသုံးပါနှင့်။ 🥬🍎 အစိမ်းလိုက်စားရသည့် သစ်သီးနှင့် တို့စရာများကို ရေစင်စင် ဆေးကြောပါ၊ သစ်သီးများကို အခွံနွှာ စားသုံးပါ။ 🍇 အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်းများနှင့် အဏုဇီဝပိုးမွှားများက ပျက်စီးပြီး မှိုတက်နေသော အစားအစာများတွင် အများဆုံး ပါဝင်တတ်သောကြောင့် ဖြစ်ပါတယ်။ 🚫

အစားအသောက်တွေကို စနစ်တကျ သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်းဖြင့် မိသားစုဝင်တွေအားလုံးကို ဝမ်းပျက်ဝမ်းလျှောနှင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါအန္တရာယ်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 👨‍👩‍👧‍👦❤️

#ကြိုတင်ကာကွယ်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်


မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ 🌧️⚠️မိုးရာသီ ရောက်ရှိလာတာနဲ့အမျှ ဝမ်းပျက်ဝမ်...
13/08/2026

မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ 🌧️⚠️

မိုးရာသီ ရောက်ရှိလာတာနဲ့အမျှ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုတွေ ပိုမိုများပြားလာတတ်ပါတယ်။ 🌧️ မိသားစုဝင်တွေအားလုံး ဘေးကင်းကျန်းမာစေဖို့အတွက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ ပတ်သက်တဲ့ သတိပြုရမယ့် အချက်များကို မျှဝေပေးလိုက်ပါတယ်နော်...💚👨‍👩‍👧‍👦

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါက ဝမ်းရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးများပါရှိတဲ့ မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိရာမှတဆင့် ကူးစက်ဖြစ်ပွားစေပါတယ်။ ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွေမှာ အဖြစ်များပါတယ်... 🦠🛑🌧️
ရောဂါပိုးပါဝင်တဲ့ ဝမ်းအညစ်အကြေးတွေက ရောဂါပိုးတွေဟာ ယင်ကောင်မှတစ်ဆင့်လည်းကောင်း၊ 🪰

မသန့်ရှင်းသောလက် စသည်တို့မှ တစ်ဆင့် လည်းကောင်း၊ 🖐️ အစားအသောက်၊ သောက်သုံးရေများအတွင်းသို့ ရောက်ရှိခြင်း (သို့မဟုတ်) တိုက်ရိုက်ဝင်ရောက်ခြင်း (ဥပမာ - မိလ္လာပိုက်ပေါက်ခြင်း၊ အညစ်အကြေးကို မြေဩဇာအဖြစ်အသုံးပြုခြင်း) တို့မှ တစ်ဆင့် စားသောက်မိသူများအား ကူးစက်ပြီး တစ်ဦးမှတစ်ဦးဆီကို ရောဂါဆက်လက် ကူးစက်စေပါတယ်။ 💧🍱

ရောဂါလက္ခဏာများမှာ 🚨
* အရည်ဝမ်းများစွာသွားခြင်း၊ 💧
* ငါးညှီနံ့ရှိသော ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊
* အော့အန်ခြင်း၊ 🤮
* နှလုံးခုန်နှုန်းမြန်ခြင်း၊ ❤️‍🔥
* အရေပြား၏ကျုံ့ဆန့်နိုင်အား လျော့နည်းလာခြင်း၊
* မျက်တွင်းချိုင့်ဝင်ခြင်း၊ 👁️
* ခံတွင်း/လျှာနှင့်နှုတ်ခမ်းများခြောက်သွေ့ခြင်း၊ 👅
* ကြွက်တက်ခြင်း၊ ⚡
* သတိလစ်ခြင်းတို့ဖြစ်ပါသည်။ 💫

ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ- 🛡️
• မသန့်ရှင်းတဲ့ လမ်းဘေးအစားအသောက်တွေကို ရှောင်ပါ။ 🚫🍡
• အစားမစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်၊ အညစ်အကြေးနှင့် အမှိုက်များ ကိုင်တွယ်ပြီးချိန်နှင့် အိမ်သာမှဆင်းချိန်တိုင်းတွင် လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာ စနစ်တကျ ဆေးကြောပါ။ 🧼🖐️
• တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။ 🪥✨
• ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲပါ။ 🚽
• ရေကို ကျိုချက်၍သောက်သုံးပါ။ ☕💧
• အစားအစာများကို ကျက်အောင်ချက်ပြီးမှစားပါ။ 🍲🔥
• အစားအစာများကို ယင်မနားအောင် လုံခြုံစွာ ဖုံးအုပ်ထားပါ။ 🍲🍱
• ခြင်၊ ယင် တို့ ပေါက်ဖွားမှုမရှိစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။ 🧹🏡

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများ ခံစားရပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ် လျင်မြန်စွာ လျော့နည်းသွားနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့အတွက် အချိန်မဆိုင်းဘဲ နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသ ကုသမှု ခံယူပါ။ 🏥🚑⚡
မိသားစုဝင် အားလုံး ကျန်းမာရွှင်လန်းကြပါစေ...💖🍀

#ကြိုတင်ကာကွယ်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်


ဆေးတောင့် (Capsule) တွေကို ခွာပြီး အမှုန့်အတိုင်း သောက်လို့ရသလား? 💊ဆေးသောက်ရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ ဆေးလုံးကြီးလွန်းလိ...
08/08/2026

ဆေးတောင့် (Capsule) တွေကို ခွာပြီး အမှုန့်အတိုင်း သောက်လို့ရသလား? 💊

ဆေးသောက်ရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ ဆေးလုံးကြီးလွန်းလို့ မျိုချရခက်လို့ပဲဖြစ်ဖြစ် အချို့သူတွေက ဆေးတောင့် (Capsule) တွေကို ခွာပြီး အထဲက ဆေးအမှုန့်တွေကို ရေနဲ့ဖျော်သောက်တာ ဒါမှမဟုတ် အစားအစာတွေထဲ ထည့်ဖျော်သောက်တာမျိုး လုပ်လေ့ရှိကြပါတယ်။ 🥛🥣

ဒါဟာ တကယ်ပဲ ဘေးကင်းရဲ့လား? ⚠️ ဆေးအာနိသင်ရော အပြည့်အဝ ရနိုင်ပါ့မလား? ❓

အချို့ဆေးတောင့်တွေကို ခွာပြီးအတွင်းက ဆေးကို သောက်လို့ရပေမဲ့ အချို့ဆေးအမျိုးအစားတွေကတော့ မရပါဘူး။ ❌ ဆေးတောင့်ခွံတွေမှာ သူ့လုပ်ဆောင်ချက်နဲ့သူ ရှိကြပါတယ်။ 🛡️ အချို့ဆေးတွေမှာ ဆေးတောင့်တွေကို ခွာမသောက်သင့်တဲ့ အဓိက အကြောင်းရင်း (၃) ချက် ရှိပါတယ်။

၁။ ဆေးအာနိသင် ပျက်ပြယ်သွားနိုင်ခြင်း ⏳
ဆေးတောင့်အချို့ကို ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ဆေးအာနိသင် တဖြည်းဖြည်းချင်းစီ ထွက်လာအောင် ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။ ⏱️ အကယ်၍ ဆေးခွံကို ခွာပြီး အမှုန့်အတိုင်း သောက်ချလိုက်ရင် ဆေးအာနိသင်အားလုံးက ခန္ဓာကိုယ်ထဲကို တစ်ပြိုင်နက်တည်း ရုတ်တရက် ရောက်ရှိသွားပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ခံစားရနိုင်သလို 🚨 ဆေးအာနိသင်လည်း ကြာကြာမခံဘဲ ပျက်ပြယ်သွားတတ်ပါတယ်။

၂။ အစာအိမ် အမြှေးပါးကို ထိခိုက်စေနိုင်ခြင်း 🤢
တချို့သော ဆေးအမှုန့်တွေဟာ ပြင်းအားများပြီး အစာအိမ်ကို တိုက်ရိုက်ထိတွေ့ရင် အစာအိမ်နံရံကို လှုံ့ဆော်တာ၊ အနာဖြစ်စေတာမျိုး ဖြစ်နိုင်ပါတယ်။ 🛑 ဆေးတောင့်ခွံတွေက အဲ့ဒီပြင်းတဲ့ဆေးတွေကို အစာအိမ်ထဲ တိုက်ရိုက်မထိဘဲ ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားနိုင်အောင် အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ 🛡️

၃။ ဆေးပမာဏ မပြည့်ဝခြင်း မျ
ဆေးတောင့်ကို ခွာပြီး အမှုန့်ကို ရေထဲ၊ အစားအစာထဲ ဖျော်လိုက်တဲ့အခါ ဆေးအမှုန့်အချို့ဟာ ဖန်ခွက် ဒါမှမဟုတ် ပန်းကန်လုံးတွေမှာ ကပ်ကျန်နေခဲ့တတ်ပါတယ်။ 🥛🥣 ဒါကြောင့် ခန္ဓာကိုယ်ထဲကို ရောက်ရမယ့် ဆေးပမာဏ (Dosage) အပြည့်အဝ မရရှိတော့ဘဲ ရောဂါမပျောက်ဘဲ ဖြစ်နေတတ်ပါတယ်။ 📉

အကယ်၍ သင့်မှာ ဆေးမျိုချရခက်ခဲတဲ့ ဝေဒနာရှိနေရင် ဆေးတောင့်တွေကို ကိုယ့်သဘောနဲ့ကိုယ် ခွာမသောက်ပါနဲ့။ 🙅‍♂️ မိမိပြသနေတဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ပြီး 👨‍⚕️👩‍⚕️ သောက်ရလွယ်ကူတဲ့ ဆေးရည်ပုံစံမျိုး သို့မဟုတ် အခြားအစားထိုးဆေးဝါးများ ပြောင်းလဲပေးဖို့ တောင်းဆိုခြင်းကသာ အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ✅

.com


www.oschospitalmm.com

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕🙏“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို” 🪷🌸ဝါဆိုလပြည့်နေ့က ဗုဒ္ဓဘာသာဝင်တို့အတ...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕🙏

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို” 🪷🌸

ဝါဆိုလပြည့်နေ့က ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားဆန်းကြယ်တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ✨✨

• ဘုရားလောင်း ပဋိသန္ဓေယူသောနေ့ 🤰🤱
• ဘုရားလောင်း တောထွက်တော်မူသောနေ့ 🐎🧘‍♂️
• မြတ်စွာဘုရား ဓမ္မစကြာတရားဦး စတင်ဟောကြားတော်မူသောနေ့ ☸️📖
• ရတနာသုံးပါး (ဘုရား၊ တရား၊ သံဃာ) စတင်စုံလင်စွာ ပေါ်ထွန်းခဲ့သောနေ့ 🪷✨

ဤကဲ့သို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးဘယကင်းဝေးကြပါစေကြောင်း ဥက္ကလာဆေးရုံမိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်... 🏥🏥🤍✨


💖 International Self-Care Day💖နှစ်စဉ် ဇူလိုင်လ ၂၄ ရက်နေ့ ဟာ International Self-Care Day ဖြစ်ပါတယ်။ 🗓️ ဘာကြောင့် ၇လပိုင်း...
24/07/2026

💖 International Self-Care Day💖

နှစ်စဉ် ဇူလိုင်လ ၂၄ ရက်နေ့ ဟာ International Self-Care Day ဖြစ်ပါတယ်။ 🗓️ ဘာကြောင့် ၇လပိုင်း ၂၄ ရက်နေ့လို့ သတ်မှတ်ရသလဲဆိုရင် မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့ဆိုတာ တစ်ခါတရံမှ လုပ်ရမယ့်အရာမဟုတ်ဘဲ (24/7) ပတ်လုံး အမြဲတမ်း လုပ်နေရမယ့် နေထိုင်မှုပုံစံဖြစ်တယ်ဆိုတာကို သတိပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ⏰✨

ဒီနှစ်အတွက် ဆောင်ပုဒ်တွေကတော့ "Your Mental Health Matters" 🧠💚 နဲ့ "Self-Care at the Forefront of Prevention" 🛡️ ဖြစ်ပါတယ်။

နေ့စဉ် အလုပ်တာဝန်တွေ၊ မိသားစုအရေးတွေနဲ့ လုံးပန်းနေရတဲ့ ကြားထဲမှာ ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့ မကြာခဏ မေ့လျော့နေတတ်ကြပါတယ်။ 🔄 တကယ်တော့ Self-Care ဆိုတာ အတ္တဆန်တာမဟုတ်ဘဲ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ 🏗️💖

Self-Care ဆိုတာ အလှပြင်တာ ဒါမှမဟုတ် အပန်းဖြေခရီးထွက်တာဆိုတာတွေထက် ပိုမိုကျယ်ပြန့်ပါတယ်။ ✨ Self-Care ဆိုတာ -

• ကိုယ်ခန္ဓာကျန်းမာရေး (Physical Self-Care): 🏋️‍♂️
အာဟာရပြည့်ဝအောင် စားတာ 🥗၊
ရေလုံလောက်စွာသောက်တာ 💧၊
ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ 🏃‍♂️ နဲ့
အိပ်ရေးဝဝအိပ်တာတွေဟာ 😴
ခန္ဓာကိုယ်အတွက် အခြေခံအကျဆုံး Self-Care တွေ ဖြစ်ပါတယ်။

• စိတ်ကျန်းမာရေး (Mental & Emotional Self-Care): 🧘‍♀️
စိတ်ဖိစီးမှုတွေကို စနစ်တကျ စီမံခန့်ခွဲတာ၊ မိမိဝါသနာပါတဲ့ အလုပ်တစ်ခုခုအတွက် အချိန်ပေးတာ 🎨၊ လိုအပ်ရင် "ဟင့်အင်း" လို့ ငြင်းဆိုတတ်တာ 🛑 နဲ့ စိတ်အပန်းဖြေချိန် သီးသန့်ထားရှိခြင်းတို့ ဖြစ်ပါတယ်။

• ပတ်ဝန်းကျင်နှင့် လူမှုရေး (Social Self-Care): 🤝
မိမိအပေါ် အပြုသဘောဆောင်တဲ့၊ စိတ်ခွန်အားပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ 👨‍👩‍👧‍👦✨

လုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝမှာ Self-Care ရရှိဖို့ ဘယ်လိုလေ့ကျင့်မလဲ။ 💼🌱

အလုပ်တွေ ဘယ်လောက်ပဲများများ နေ့စဉ်ဘဝမှာ အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။ 💡

Micro-breaks ယူပါ - ☕
အလုပ်လုပ်နေရင်း နာရီဝက် သို့မဟုတ် တစ်နာရီပြည့်တိုင်း အနည်းဆုံး ၁ မိနစ်၊ ၂ မိနစ်ခန့် မျက်စိခေတ္တမှိတ်ထားခြင်း 👀 သို့မဟုတ် အကြောဆန့်ခြင်းများ ပြုလုပ်ပေးပါ။ 🧘‍♂️

Digital Detox လုပ်ပါ - 📵
တစ်နေ့တာလုံး ဖုန်း၊ ကွန်ပျူတာတွေနဲ့ ထိတွေ့နေရတာကြောင့် ညအိပ်ခါနီးအချိန် သို့မဟုတ် အားလပ်ရက်တွေမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဖုန်းကြည့်ခြင်းကို လျှော့ချပါ။ ဒီနေ့ခေတ်မှာ ဒါက ပိုပို အရေးပါလာပါတယ်။

ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများ မွေးမြူပါ - 🥗
ဥပမာ - ရေဓာတ်ပြည့်ဝနေစေရန် ရေဘူးအမြဲဆောင်ထားခြင်း 💧၊ သရေစာစားလိုပါက အဆီအစိမ့်များမည့်အစား အစေ့အဆန် သို့မဟုတ် သစ်သီးဝလံများကို ရွေးချယ်စားသုံးခြင်း။ 🥑🍎

Self-Care ဆိုတာ မိမိရဲ့ ကျန်းမာရေးကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ 🏥 အကယ်၍ မိမိခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာတွင် ပုံမှန်မဟုတ်သော ဝေဒနာ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကို အလွန်အကျူး ခံစားလာရပါက ကိုယ်တိုင်ဆေးမှီးတိုဖြင့် ကုသနေမည့်အစား နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အထူးကုဆရာဝန်ကြီးများနှင့် အချိန်မီ ပြသတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ 👨‍⚕️👩‍⚕️🩺

ယနေ့ ကျရောက်တဲ့ International Self-Care Day မှာ "ငါ့ရဲ့ ကျန်းမာရေးအတွက် ဘာတွေအလေးထား လုပ်ဆောင်ပေးပြီးပြီလဲ" လို့ မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ရင်း၊ ယနေ့ကစပြီး ကိုယ့်ကိုယ်ကို ပိုမိုချစ်ခင် ဂရုစိုက်ပေးလိုက်ပါစို့။ 💕✨

.awarenessdays.com

Mental Health Matters""Self-Care at the Forefront of Prevention"

World Brain Day 🧠နှစ်စဉ် ဇူလိုင်လ ၂၂ ရက်နေ့ ကို World Brain Day 🧠 အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပလေ့ရှိပါတယ်ရှင်။ ဦးနှ...
22/07/2026

World Brain Day 🧠

နှစ်စဉ် ဇူလိုင်လ ၂၂ ရက်နေ့ ကို World Brain Day 🧠 အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပလေ့ရှိပါတယ်ရှင်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်ရေးစင်တာဖြစ်ပြီး၊ စဉ်းစားတွေးခေါ်မှု၊ လှုပ်ရှားမှု ၊ ခံစားချက် နဲ့ မှတ်ဉာဏ်တွေ အားလုံးကို စီမံခန့်ခွဲပေးတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်ရှင်

ယခုနှစ် ၂၀၂၆ ခုနှစ်ရဲ့ ဆောင်ပုဒ်က “Brain Health: Access for All” ဖြစ်ပါတယ်ရှင်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ဦးနှောက်ကျန်းမာရေး အသိပညာတွေ တိုးပွားလာစေဖို့ ရည်ရွယ်ပါတယ်ရှင်။

ဦးနှောက်ကျန်းမာရေးက ဘာကြောင့် အရေးကြီးသလဲ❓
ကမ္ဘာတစ်ဝှမ်းလုံးမှာ လေဖြတ်ခြင်း ၊ စိတ်ကျရောဂါ ၊ ခေါင်းကိုက်၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ အတက်ရောဂါ စတဲ့ အာရုံကြောဆိုင်ရာ ဝေဒနာတွေကို လူသန်းပေါင်းများစွာ ခံစားနေကြရပါတယ်ရှင်။ ဒီရောဂါတွေရဲ့ အဓိကသော့ချက်ကတော့ "ကြိုတင်ကာကွယ်ခြင်းနဲ့ စောစီးစွာ ကုသခြင်း" ပဲဖြစ်ပါတယ်ရှင်။

နေ့စဉ်ဘဝမှာ ဦးနှောက်ကျန်းမာအောင် ဘယ်လိုစောင့်ရှောက်မလဲ❓
နေ့စဉ် နေထိုင်မှုပုံစံ Lifestyle ကို အနည်းငယ် ပြောင်းလဲပေးရုံနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါတယ်ရှင်။

အာဟာရပြည့်ဝအောင် စားသုံးပါ 🥗 - Omega-3 ပါဝင်တဲ့ ငါးများ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် သစ်သီးဝလံများက ဦးနှောက်ဆဲလ်များကို ကာကွယ်ပေးပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်ဆိုတာ အသိပေးလိုပါတယ်ရှင်။

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ 🏃‍♀️ - တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းက ဦးနှောက်ဆီသို့ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ဆဲလ်အသစ်များ ဖွံ့ဖြိုးမှုကို အားပေးပါတယ်ရှင်။

လုံလောက်စွာ အိပ်စက်ပါ 😴 - ညဘက်တွင် ၇ နာရီမှ ၈ နာရီအထိ နှစ်ခြိုက်စွာ အိပ်စက်ခြင်းက ဦးနှောက်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး မှတ်ဉာဏ်ကို ပြန်လည်စုစည်းပေးပါတယ်ရှင်။

ဦးနှောက်ကို အမြဲအလုပ်ပေးပါ 💡 - စာဖတ်ခြင်း ၊ ပဟေဠိအဖြေရှာခြင်း ၊ ဘာသာစကားအသစ် သို့မဟုတ် ကျွမ်းကျင်မှုအသစ်တစ်ခုခုကို လေ့လာခြင်းက ဦးနှောက်ဆဲလ်များအကြား ဆက်သွယ်မှုကို ပိုမိုအားကောင်းစေပါတယ်ရှင်။

အပေါင်းအသင်းနှင့် ထိတွေ့ဆက်ဆံပါ 🤝 - မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြောဆို ဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်ရှင်။

ဘယ်လိုလက္ခဏာတွေရှိရင် သတိထားရမလဲ❓
အောက်ပါ လက္ခဏာရပ်တွေကို ခံစားနေရရင်တော့ ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ တစ်ခုခု ချို့ယွင်းနေတဲ့ သတိပေးချက်ဖြစ်နိုင်တာကြောင့် လျစ်လျူမရှုသင့်ပါဘူးရှင်။

မကြာခဏ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း ⚡

လက်ခြေများ ထုံကျင်ခြင်း၊ အားနည်းခြင်း သို့မဟုတ် လှုပ်ရှားရခက်ခဲခြင်း 🖐️

စကားပြောရာတွင် ထစ်ငေါ့ခြင်း သို့မဟုတ် အမြင်အာရုံ ရုတ်တရက် ဝေဝါးသွားခြင်း 👁️

မေ့လျော့လွယ်ခြင်း သို့မဟုတ် အာရုံစူးစိုက်ရခက်ခဲခြင်း 🤔

အထူးသဖြင့် မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ လက်မမြှောက်နိုင်ခြင်းနှင့် စကားသံဗလုံးဗထွေးဖြစ်ခြင်း စသည့် လေဖြတ်ခြင်းအကြိုလက္ခဏာများ ပြသလာပါက အချိန်ဆွဲမနေဘဲ အနီးစပ်ဆုံး ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အာရုံကြောအထူးကုဆရာဝန်ကြီးများနှင့် ချက်ချင်း ပြသကုသမှု ခံယူရပါမယ်ရှင်။

ကျန်းမာပြီး တက်ကြွတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ယနေ့ကစပြီး ဦးနှောက်ကျန်းမာရေးကို ဂရုစိုက် စောင့်ရှောက်လိုက်ပါရှင်။

wfneurology.org

Health: Access for All
Brain Day

"၁၉ ဇူလိုင် မမေ့နိုင်.. အာဇာနည်နေ့ တို့မမေ့။"📅 ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် နိုင...
19/07/2026

"၁၉ ဇူလိုင် မမေ့နိုင်.. အာဇာနည်နေ့ တို့မမေ့။"

📅 ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် နိုင်ငံ့အတွက် သက်စွန့်ကြိုးပမ်း ကျဆုံးသွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို ရင်ထဲဝယ် အမြဲအောက်မေ့ သတိရလျက်...❤️ ဥက္ကလာဆေးရုံမှ ရိုသေလေးစားစွာ ဂါရဝပြု ဦးညွတ်အပ်ပါသည်။ 🙏


Address

No. 137(D), Thudhamar Road, North Okkalapa Township
Yangon

Opening Hours

Monday 06:00 - 23:59
Tuesday 06:00 - 23:59
Wednesday 06:00 - 23:59
Thursday 06:00 - 23:59
Friday 06:00 - 23:59
Saturday 06:00 - 23:59
Sunday 06:00 - 23:59

Telephone

+959450868201

Alerts

Be the first to know and let us send you an email when OSC Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OSC Pharmacy:

Shortcuts

Share