09/07/2022
📌 အယ်လ်ဇိုင်းမားရောဂါ (Alzheimer's Disease) က မှတ်ဉာဏ်ယိုယွင်းမှုကို ဖြစ်ပေါ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဤ ရောဂါသည် ဦးနှောက်ဆဲလ်များထိခိုက် စေပြီးနောက်ဆုံးတွင် ဦးနှောက်ဆဲလ်များကို သေဆုံးစေပါတယ်။ ထိခိုက်ခံရသူတွင် မှတ်ဉာဏ်ပြဿနာများ၊ လူမှုရေးနှင့် အမူအကျင့်ဆိုင်ရာ ပြဿနာများကို ခံစားရနိုင်ပြီးနေ့စဥ်တာဝန်များကိုလွတ်လပ်စွာလုပ်ဆောင်ရန် အနှောင့်အယှက်ဖြစ်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါ၏ အစောပိုင်းလက္ခဏာများတွင် စကားလုံးများကို မေ့လျော့ခြင်း နှင့် မကြာသေးမီက အဖြစ်အပျက်တစ်ခုကို မေ့လျော့ခြင်းတို့ဖြစ်စေပါတယ်။ ရောဂါအခြေအနေ တိုးတက်လာသည်နှင့်အမျှ ပြင်းထန်သော မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်ပေါ်စေပြီး ထိခိုက်ခံရသူတွင် ပုံမှန်အလုပ်များနှင့် လှုပ်ရှားမှုများကို မလုပ်ဆောင်နိုင်တော့ပါ။ အချိန်ကြာလာတာနဲ့အမျှ မှတ်ဉာဏ်ဆုံးရှုးမှု ပိုဆိုးလာပြီး အိမ်တွင်း သိုမဟုတ် အလုပ်တွင် ပုံမှန်လုပ်ဆောင်မှုအပေါ်စတင်အကျိုးသက်ရောက် စေပါတယ်။
❗အယ်လ်ဇိုင်းမားရောဂါကိုဖြစ်စေသောအကြောင်းရင်းများ
👉 မှတ်ဉာဏ်ချိုယွင်းခြင်းရဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပါဘူး။ သိုသော် မျိုးရိုးဗီဇ၊ လူနေမှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ က အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။ ဤအချက်များသည် အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါက လူလတ်ပိုင်းအရွယ်မှာ စတင်အကျိုးသက်ရောက်ပါတယ်။ အများအားဖြင့် မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့နေရာမှာ ဦးနှောက်ပျက်စီးမှု စတင်ပါတယ်။ ထို့နောက် ဦးနှောက်၏ အခြားအစိတ်အပိုင်းများသို ပြန့်နှံသွားပြီး အာရုံကြောများကို ဆုံးရှုးစေပါတယ်။ ထိခိုက်ခံရသူ၏ ဦးနှောက်ကို အရွယ်အစား သိသိသာသာကျုံ့သွားစေပါတယ်။ သိပ္ပံပညာရှင်များ၏ အဆိုအရ Plaques နှင့် Tangles ပရိုတင်း နှစ်ခုက အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေပါတယ်။
📌အယ်လ်ဇိုင်းမားရောဂါ၏ အဆင့် ၇ ဆင့်
👉အဆင့် ၁။ ဤအဆင့်တွင်ရောဂါရှိသူတွင်ပုံမှန်အပြုအမူရှိပါတယ်။ မှတ်ဉာဏ်၊ စိတ်နေစိတ်ထား၊ အပြုအမူ သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးပြောင်းလဲမှုများနှင့် ပတ်သက်သော လက္ခဏာများ မပြပါ။
👉အဆင့် ၂။ ဤအဆင့်တွင် ရောဂါရှိသူသည် စကားလုံးများကိုမေ့သွားခြင်း သို့မဟုတ် အရာဝတ္ထု များကို ဆုံးရှုးခြင်း နေရာမှားထားခြင်းကဲ့သို့သော အစောပိုင်း လက္ခဏာများကို ပြပါတယ်။ ဤလက္ခဏာများကို ဆရာဝန်အပါအဝင် အခြားသူများ သတိပြုမိမည်မဟုတ်ပါ။ ဤရောဂါရှိသူသည် လုပ်ငန်းတာဝန်များကို အာရုံစိုက်ရန် အခက်အခဲများ ကြုံတွေ့လာနိုင်ပါတယ်။
👉အဆင့် ၃။ ဤအဆင့်တွင် ရောဂါရှိသူသည် တူညီသောမေးခွန်းများကို ထပ်ခါတလဲလဲ မေးတတ်ခြင်း၊ ဖတ်ပြီးစာများကို အချိန်တိုအတွင်း မေ့သွားတတ်ခြင်း၊ ပစ္စည်းများကို စနစ်တကျ စီစဉ်ရန် ခက်ခဲခြင်း၊ အစီအစဉ်များ ချမှတ်ရန် ခက်ခဲခြင်း၊ အမည်များ မေ့သွားတတ်ခြင်းတို့ဖြစ်လာပါတယ်။သူတိုရဲ့ အလုပ်အကိုင် သိုမဟုတ် အလုပ်အကိုင် လိုအပ်ချက်တွေကို ပြည့်ဖို ခက်ခဲလာပါတယ်။
👉အဆင့် ၄။ ဤအဆင့်တွင်ရောဂါရှိသူသည် သူတို့၏လိပ်စာကို မှတ်မိနိုင်တော့ပါ။ တစ်ချို့လူတွေက အမှီအခိုကင်းစွာနေထိုင်နိုင်ပေမယ့် တစ်ချို့ကသူတိုရဲ့နေ့စဉ်အလုပ်တွေကို အကူအညီလိုလာပါတယ်။ အဆင့်၄ တွင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး စကားစမြည်ပြောဆိုခြင်း သို့မဟုတ် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းတိုကို ရှောင်ကြဉ်လာပါတယ်။
👉အဆင့် ၅။ ဤအဆင့်တွင် ရောဂါရှိသူသည် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်းမရှိတော့ပါ။ သူတို့ဘယ်မှာရောက်နေသလဲ၊ ဘာရည်ရွယ်ချက်အတွက်လဲဆိုတာကို မမှတ်မိတော့ပါ။ အချိန်နှင့် ရက်စွဲ၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အခြား ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုလည်း မမှတ်မိနိုင်တော့ပါ။
👉အဆင့် ၆။ ဤအဆင့်တွင် အဝတ်အစားဝတ်ခြင်းနှင့် ရေချိုးခန်းသို့သွားခြင်းကဲ့သို့သော ရိုးရှင်းသောလှုပ်ရှားမှုများအတွက် ကူညီပေးရန်လိုအပ်လာပါမယ်။ လူများနှင့် ဆက်ဆံရေးကို ရှုပ်ထွေးခက်ခဲလာပါတယ်။ သူတို့သည် နာမည်များနှင့် မျက်နှာများကို မမှတ်မိနိုင်တော့ပါ။ ဆီး နှင့် ဝမ်း ထိန်းချုပ်မှုကိုလည်း ဆုံးရှုံးလာပါမယ်။
👉အဆင့် ၇။ ဤအဆင့်တွင် အစာစားခြင်း၊ ရေသောက်ခြင်း၊ ထိုင်ခြင်းနှင့် လမ်းလျှောက်ခြင်း၊ ပြုံးခြင်း စတဲ့အခြေခံလုပ်ဆောင်ချက်များအတွက် အကူအညီလိုအပ်လာပါတယ်။ အစားအသောက်ကို ကောင်းစွာ မျိုချပုံကိုလဲ မေ့သွားနိုင်ပါတယ်။ ကြွက်သားမကြာခဏ တောင့်တင်းမှုနှင့် အဆစ်ပုံသဏ္ဍာန်လွဲမှားမှုများလည်း ဖြစ်ပေါ်လာပါတယ်။
📌အယ်လ်ဇိုင်းမား မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
👉အယ်လ်ဇိုင်းမားရောဂါသည် ကြိုတင်ကာကွယ်နိုင်သောရောဂါမျိုးမဟုတ်ပါ။ သို့သော် အယ်လ်ဇိုင်းမားအတွက် လူနေမှုပုံစံ၊ ဖြစ်နိုင်ခြေ အကြောင်းရင်းများစွာကို ပြုပြင်နိုင်ပါတယ်။ အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည့် နှလုံးကျန်းမာသော နေထိုင်မှုပုံစံ ရွေးချယ်မှုတွင် အောက်ပါတို့ ပါဝင်ပါတယ် --
✅လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
✅လတ်ဆတ်သောထွက်ကုန်များ၊ ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်နည်းသော မြေထဲ နှင့် ပင်လယ် အစားအစာများကို စားသုံးပါ။
✅သွေးတိုး၊ ဆီးချို နှင့် ကိုလက်စထရော မြင့်မားမှုကို ထိန်းချုပ်ရန် လမ်းညွှန်ချက်များကို လိုက်နာပါ။
✅ဆေးလိပ်၊ ကွမ်းနှင့် အရက်သောက်စားခြင်းကို ရှောင်ကြဥ်ပါ။
👉ကျွန်ုပ်တိုနှင့် အခမဲ့အွန်လိုင်း တိုင်ပင်ဆွေးနွေးမှုကို ကြိုတင်စာရင်းသွင်းရန် 📞09881177023 သို့ ဆက်သွယ်လိုက်ပါ။
👉အထွေထွေစုံစမ်းမေးမြန်းမှုများနှင့် နောက်ထပ်အချက်အလက်များအတွက် Regain Physiotherapy ၏ ✉️Facebook chat box တွင် မက်ဆေ့ခ်ျပေးပိုပါ သို့မဟုတ် 📧[email protected] တွင် ကျွန်ုပ်တိုထံ ဆက်သွယ်လို့ရပါတယ်။
------------------------------------------------------------------------
📌Alzheimer’s disease is a progressive disorder leading to memory degeneration. The condition causes the brain cells to waste away. It ultimately results in the death of brain cells. The affected person can suffer from memory problems, issues with social and behavioral thinking leading to disruption of the affected individual to function independently. Early signs of memory degeneration include forgetting conversation or a recent event. As the condition progresses, it leads to severe memory impairment which causes the affected person unable to carry out regular tasks and activities. Memory loss worsens with time. So, it starts to affect the normal function at home or work.
❗Causes Of Alzheimer’s disease
👉The exact reason for memory degeneration remains unclear. But, scientists believe a combination of genetic, lifestyle, and environmental factors can trigger the problem. These factors can affect the brain over time and result in developing Alzheimer’s disease. In rare cases, gene changes can cause the development of the disease. Such issues start affecting a person in their middle age. Usually, the damage to the brain starts in the region controlling memory. The affected person’s brain reduces in size significantly. According to the researchers, two proteins can lead to the problem- Plaques and tangles.
📌7 Stages of Alzheimer's
👉Stage 1. Preclinical stage or stage of normal observable behavior
In this stage, the person has a normal outward behavior. They do not show any symptoms related to changes in memory, mood, behavior or personality.
👉Stage 2. Very mild changes
In this stage, the person shows subtle symptoms such as forgetting a word or losing/misplacing things. These signs may not be noticeable by others including the doctor. They may also face difficulty in focusing or concentrating on their tasks.
👉Stage 3. Stage of mild cognitive impairment
In this stage, The person repeatedly asks the same questions, they forget something they just read, they have trouble staying organized, they find it difficult to make and execute plans, they tend to forget names
and find it hard to meet the requirements of their job or occupation.
👉Stage 4. Mild Alzheimer’s disease
The individual becomes unable to remember the date, a recent holiday, or a visit to a loved one. They may, however, remember their address at this stage. Some people may manage to live independently, but the near ones should help them with their everyday chores. They may show a lack of interest in their surroundings and avoid holding conversations or participating in activities.
👉Stage 5. Moderate Alzheimer’s disease
The person becomes incapable of living independently. They fail to realize where they are and for what purpose. They also lose track of time and date and become unable to remember their address, phone number and other personal details. They may forget to change their clothes unless they are reminded to do so. They also do not realize what to wear according to the weather or occasion.
👉Stage 6. Moderately severe Alzheimer’s disease
In this stage the individual needs to be assisted for simple activities such as getting dressed and going to the washroom. They may confuse people and relations. They forget names but may recognize faces. This stage is often characterized by violent outburst by the patients. They may also exhibit loss of bowel and bladder control.
👉Stage 7. Severe Alzheimer's disease
The person needs help for basic needs such as eating, drinking, sitting up and walking. They may forget to smile. They may even forget how to smile or swallow their food properly. They often develop stiffness and joint deformities.
📌How to prevent Alzheimer's from happening?
👉Alzheimer's disease is not a preventable condition. However, a number of lifestyle risk factors for Alzheimer's can be modified. Heart-healthy lifestyle choices that may reduce the risk of Alzheimer's include the following:
✅Exercising regularly
✅Eating a diet of fresh produce, healthy oils and foods low in saturated fat
✅Following treatment guidelines to manage high blood pressure, diabetes and high cholesterol
✅ Avoiding the use of to***co, alcohol and cigarette.
👉To book your free online consultation with us, please give us a call at 📞09881177023.
👉For general enquiries and for further information, please send us a message at our ✉️FB chat box or contact us at 📞09881177023 or at 📧[email protected].
Rehabilitation is to show a patient what they can do for themselves!