ရွှေအိုးဆေးဆိုင် - Shwe Ohh Pharmacy

  • Home
  • Myanmar
  • Yangon
  • ရွှေအိုးဆေးဆိုင် - Shwe Ohh Pharmacy

ရွှေအိုးဆေးဆိုင် - Shwe Ohh Pharmacy One Stop Pharmacy for you and your family

"𝐒𝐇𝐖𝐄 𝐎𝐇𝐇 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 နဲ့ ဓာတ်ပုံရိုက် 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 ကျပ် (၁) သိန်းကျော်ဖိုး ကံစမ်းလိုက်! 📸🎁"​𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 ချစ်သူတို့အတွက် Shwe Oh...
24/08/2026

"𝐒𝐇𝐖𝐄 𝐎𝐇𝐇 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 နဲ့ ဓာတ်ပုံရိုက် 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 ကျပ် (၁) သိန်းကျော်ဖိုး ကံစမ်းလိုက်! 📸🎁"

𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 ချစ်သူတို့အတွက် Shwe Ohh ဆိုင်ခွဲများတွင် 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 Skincare ဝယ်ယူရင်း (၁) သိန်းကျော်တန် 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 𝐆𝐢𝐟𝐭 𝐒𝐞𝐭 တွေကို ကံစမ်းနိုင်မယ့် ရင်ခုန်စရာ အစီအစဉ်ကြီး တစ်ခုရောက်ရှိလို့ လာပါပြီ! ✨

ဒီ အစီအစဉ်မှာ ပါဝင်ဖို့အတွက်ဆိုရင်တော့ -

(၁) သတ်မှတ်ထားသော ရွှေအိုးဆေးဆိုင်, ဆိုင်ခွဲတွေမှာ 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 Products တွေထဲက -
• 𝐀𝐪𝐮𝐚 𝐁𝐚𝐥𝐚𝐧𝐜𝐞 𝟒 𝐢𝐧 𝟏 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫
• 𝐄𝐭𝐞𝐫𝐧𝐚𝐥 𝐘𝐨𝐮𝐭𝐡 𝟒 𝐢𝐧 𝟏 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫
• 𝐌𝐢𝐧𝐞𝐫𝐚𝐥 𝐒𝐮𝐧 𝐒𝐞𝐫𝐮𝐦
• 𝐅𝐚𝐜𝐢𝐚𝐥 𝐅𝐨𝐚𝐦 & 𝐓𝐨𝐧𝐞𝐫 𝐢𝐧 𝟏
• 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 𝐖𝐚𝐭𝐞𝐫 & 𝐓𝐨𝐧𝐞𝐫 𝐢𝐧 𝟏
ငါးမျိုးထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူပြီး၊ ဝယ်ယူကြောင်း Voucher (ဘောက်ချာ) တောင်းယူပါ။

(၂) ရွှေအိုးဆေးဆိုင်ရဲ့ ဆိုင်ရှေ့မှာ ရွှေအိုးရဲ့ ဆိုင်းဘုတ်နဲ့အတူ 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 ​ Product + Voucher ပါဝင်တဲ့ ပုံလှလှလေး ရိုက်ပါ။

(၃) ရိုက်ထားတဲ့ ဓာတ်ပုံကို ကိုယ့်ရဲ့ Facebook Account မှာ Public နဲ့ တင်ပေးပြီး တင်ထားတဲ့ SS လေးကို ဒီပိုစ့်ရဲ့ အောက်မှာ ကောမန့်ပေးပေးပါနော်။

ဒါဆိုရင် ဒီ Campaign လေးမှာ ပါဝင်သွားပါပြီ။

🎁 ကံထူးရှင်တွေအတွက် အထူးလက်ဆောင်လေးတွေကတော့ စုစုပေါင်း Skincare ပစ္စည်း (၁၀) သိန်းကျော်ဖိုးကို 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐆𝐢𝐟𝐭 𝐒𝐞𝐭 အနေနဲ့ ပေးသွားမှာဖြစ်ပြီးတော့ စက်တင်ဘာ (၃၀) ရက်နေ့ထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး၊ Winner (၁၀) ဦးကိုတော့ အောက်တိုဘာလထဲမှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ 🤩
ကဲ... 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 လည်း ဝယ်ယူရင်း၊ (၁) သိန်းကျော်ဖိုး မဲအကြီးကြီးပါ ဖောက်ပေးမယ့် အခွင့်အရေးမို့ နီးစပ်ရာ ရွှေအိုးဆေးဆိုင်ခွဲတွေဆီ အခုပဲ အပြေးလေး သွားရောက်ပြီး ဓာတ်ပုံရိုက် ကံစမ်းလိုက်တော့နော်! 🏃‍♀️💨

(အငြင်းပွားဖွယ် ရှိလာပါက 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 ​ ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်းကို လေးစားစွာနဲ့ ကြိုတင် အသိပေးအပ်ပါတယ်နော်။)





⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများပြားချိန် သတိပြုဖွယ်ဝမ်းလျှောတာကို မပေါ့ဆပါနဲ့ — ရေဓာတ်ဆုံးရှုံးမှုကို အထူးသတိထားပါ​ယခုရက်ပ...
22/08/2026

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများပြားချိန် သတိပြုဖွယ်
ဝမ်းလျှောတာကို မပေါ့ဆပါနဲ့ — ရေဓာတ်ဆုံးရှုံးမှုကို အထူးသတိထားပါ

ယခုရက်ပိုင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရုတ်တရက် အရည်များသော ဝမ်းလျှောခြင်း (Acute Watery Diarrhoea – AWD) ဖြစ်ပွားမှုများ တွေ့ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး၊ အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်သော အူလမ်းကြောင်းပိုးဝင်ရောဂါများတွင် ကာလဝမ်းရောဂါ (Cholera) လည်း ပါဝင်ပါတယ်။

📌 သို့သော် အရည်များသော ဝမ်းသွားတိုင်း Cholera ဖြစ်သည်ဟု အတည်မပြုနိုင်ပါ။

လူနာ၏ လက္ခဏာများ၊ ဝမ်းစစ်ဆေးမှု (Stool examination/culture) နှင့် ဆရာဝန်၏ စမ်းသပ်စစ်ဆေးသုံးသပ်ချက်များအပေါ် မူတည်၍သာ ရောဂါကို တိကျစွာ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

━━━━━━━━━━━━━━
🦠 Cholera ဆိုတာ ဘာလဲ?

Cholera သည် Vibrio cholerae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်အူလမ်းကြောင်းပိုးဝင်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပိုးမွှားပါဝင်နေသော မသန့်ရှင်းသည့် ရေနှင့် အစားအစာများမှတစ်ဆင့် အဓိကကူးစက်တတ်ပါတယ်။

ရောဂါပိုးဝင်ရောက်ပြီးနောက် လူအချို့တွင် လက္ခဏာမပြဘဲ ရှိနိုင်သော်လည်း၊ အချို့တွင် ရုတ်တရက် ရေလိုဝမ်းကို အလွန်အမင်း သွားတတ်ပါတယ်။

━━━━━━━━━━━━━━
🔎 သတိပြုရမည့် လက္ခဏာများ

• ရုတ်တရက် ရေလိုဝမ်းကို အကြိမ်များစွာ သွားခြင်း
• မကြာခဏ အန်ခြင်း
• အလွန်အမင်း ရေငတ်ခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း
• ဆီးသွားနည်းလာခြင်း
• မျက်လုံးချိုင့်ဝင်ခြင်း
• နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း
• မူးဝေခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မှိန်းခြင်း သို့မဟုတ် သတိလစ်ခြင်း

Cholera တွင် “Rice-water stool” ဟုခေါ်သော ဆန်ဆေးရည်ကဲ့သို့ အဖြူဖျော့ဖျော့ ဝမ်းရေများ သွားတတ်ပါသည်။ သို့သော် ဝမ်းအရောင်တစ်ခုတည်းဖြင့် ရောဂါကို အတည်မပြုနိုင်ပါ။

အရေးကြီးဆုံးအချက်မှာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားများ (Electrolytes) သည် အချိန်တိုအတွင်း လျင်မြန်စွာ ဆုံးရှုံးသွားနိုင်ခြင်း ဖြစ်ပါတယ်။

━━━━━━━━━━━━━━
💧 ရေဓာတ်ဆုံးရှုံးမှုကို အထူးသတိပြုပါ

ရေလိုဝမ်းကို အကြိမ်များစွာသွားခြင်းနှင့် အန်ခြင်းတို့ တစ်ပြိုင်နက်ဖြစ်ပါက ရေနှင့် ဓာတ်ဆားများ အလွန်လျင်မြန်စွာ ဆုံးရှုံးနိုင်ပါတယ်။

အစပိုင်းတွင် ရေငတ်ခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ဆီးနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ပိုမိုဆိုးရွားလာလျှင် မျက်လုံးချိုင့်ဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဆီးလုံးဝမထွက်ခြင်း၊ မတ်တပ်မရပ်နိုင်အောင် မူးဝေခြင်းနှင့် သတိလစ်မေ့မြောခြင်းအထိ ဖြစ်နိုင်ပါတယ်။

✅ ဒါ့ကြောင့် ဝမ်းလျှောလျှင် “ဝမ်းရပ်အောင်လုပ်ခြင်း” ထက် “ဆုံးရှုံးသွားသော ရေနှင့် ဓာတ်ဆားများကို အချိန်မီ ပြန်လည်ဖြည့်တင်းခြင်း” သည် အသက်ကယ်တင်ရန် အရေးအကြီးဆုံး ဖြစ်ပါတယ်။

━━━━━━━━━━━━━━
🥤 ဝမ်းလျှောလျှင် ပထမဆုံးလုပ်ဆောင်ရန် — ORS ဓာတ်ဆားရည်သောက်ပါ

ဝမ်းစတင်ပျက်သည်နှင့် ဓာတ်ဆားရည် (Oral Rehydration Solution – ORS) ကို ချက်ချင်း စတင်သောက်သုံးသင့်ပါတယ်။ ဖြစ်နိုင်လျှင် BPI (MPF) ကဲ့သို့ တစ်လီတာရေနှင့် ဖျော်သောက်ရသော ORS ဓာတ်ဆားရည် ကို အသုံးပြုပါ။

• ဝမ်းသွားသည့် အကြိမ်တိုင်း ORS ကို နည်းနည်းနှင့် မကြာခဏ သောက်ပေးပါ။
• အန်နေပါက တစ်ခါတည်း အများကြီးမသောက်ဘဲ စားပွဲတင်ဇွန်းဖြင့် တစ်ဇွန်းချင်း ခပ်စိပ်စိပ် သောက်ပါ။
• ORS အထုပ်ပါ ညွှန်ကြားချက်အတိုင်း ရေပမာဏအတိအကျဖြင့်သာ ဖျော်စပ်ပါ။
• ရေဓာတ်ဆုံးရှုံးမှု အလွန်ပြင်းထန်ပါက ORS တစ်ခုတည်းဖြင့် မလုံလောက်နိုင်ဘဲ ဆေးရုံတွင် သွေးကြောသွင်းဆေးရည် (IV fluid) ချက်ချင်းလိုအပ်နိုင်ပါတယ်။

━━━━━━━━━━━━━━
💊 ပဋိဇီဝပိုးသတ်ဆေးကို မိမိသဘောဖြင့် မသောက်ပါနှင့်

ဝမ်းလျှောတိုင်း ပဋိဇီဝပိုးသတ်ဆေး သောက်ရန်မလိုအပ်ပါ။ ဝမ်းပျက်ရသည့်အကြောင်းရင်း၊ လူနာ၏ အသက်အရွယ်၊ ရောဂါအခြေအနေနှင့် ဆေးစစ်ချက်များအပေါ် မူတည်၍ လိုအပ်သောဆေးဝါးကို ဆရာဝန်ကသာ ချိန်ဆညွှန်ကြားသင့်ပါတယ်။

မိမိသဘောဖြင့် ဆေးဝယ်သောက်ခြင်းထက် ORS ကို စနစ်တကျ သောက်သုံးပြီး လိုအပ်ပါက ဆေးရုံ/ဆေးခန်းသို့ အမြန်ပြသခြင်းက ပိုမိုအရေးကြီးပါတယ်။

━━━━━━━━━━━━━━
🏥 အရေးပေါ် ဆေးရုံ/ဆေးခန်းသို့ ချက်ချင်းပြသရမည့် လက္ခဏာများ

အောက်ပါလက္ခဏာများ တွေ့ရှိပါက အိမ်တွင်စောင့်မနေဘဲ အရေးပေါ် ဆေးရုံ/ဆေးခန်းသို့ သွားရောက်ပါ။

🚨 အရည်များသော ဝမ်းကို အကြိမ်များစွာ ဆက်တိုက်သွားခြင်း
🚨 အန်လွန်း၍ ရေနှင့် ဓာတ်ဆားရည်ပင် သောက်မရခြင်း
🚨 အလွန်အမင်း ရေငတ်ခြင်း၊ ပါးစပ်နှင့် လျှာ အလွန်ခြောက်သွေ့ခြင်း
🚨 ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးလုံးဝမထွက်ခြင်း
🚨 မျက်လုံးအလွန်ချိုင့်ဝင်ခြင်း
🚨 မတ်တပ်မရပ်နိုင်အောင် မူးဝေခြင်း၊ သွေးပေါင်ကျခြင်း
🚨 မှိန်းလွန်းခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် သတိလစ်ခြင်း
🚨 ဝမ်းထဲတွင် သွေးပါခြင်း
🚨 ကိုယ်ပူအဖျားကြီးခြင်း သို့မဟုတ် ဗိုက်အလွန်အမင်းအောင့်ခြင်း

👶👴🤰 ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် နာတာရှည်ရောဂါအခံရှိသူများ တွင် ပိုမိုအထူးဂရုပြု စောင့်ကြည့်ပေးရန် လိုအပ်ပါတယ်။

━━━━━━━━━━━━━━
🧼 မိသားစုအတွင်း ကူးစက်မှုလျော့နည်းစေရန်

💧 သန့်ရှင်းသော သောက်သုံးရေကိုသာ သုံးပါ။ ရေကို ဆူပွက်အောင်ကြိုချက်သောက်ပါ၊ သို့မဟုတ် စိတ်ချရသော သောက်ရေသန့်ကိုသာ အသုံးပြုပါ။

🍲 အစားအစာကို ကျက်ကျက်ချက်ပြီး ပူပူနွေးနွေး စားပါ။ အပြင်တွင် အချိန်ကြာမြင့်စွာထားသော အစားအစာများကို ရှောင်ကြဉ်ပါ။

🧊 မသန့်ရှင်းသောရေဖြင့် ပြုလုပ်ထားသည့် ရေခဲများမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်သဖြင့် သတိပြုပါ။

🧼 အိမ်သာအသုံးပြုပြီးချိန်၊ အစားအစာမပြင်ဆင်မီ/မစားမီနှင့် လူနာကို ပြုစုစောင့်ရှောက်ပြီးချိန်တိုင်း ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ စနစ်တကျ လက်ဆေးပါ။

🏠 မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်သာ/မိလ္လာစနစ်များကို သန့်ရှင်းစွာ ထိန်းသိမ်းပါ။

━━━━━━━━━━━━━━
📌 မှတ်ထားရမည့် အချက် ၄ ချက်

1️⃣ ဝမ်းလျှောလျှင် ORS ဓာတ်ဆားရည်ကို စောစီးစွာ စတင်သောက်ပါ။
2️⃣ ရေဓာတ်ဆုံးရှုံးမှု လက္ခဏာများကို အမြဲစောင့်ကြည့်ပါ။
3️⃣ ပြင်းထန်လက္ခဏာများ တွေ့ရှိပါက ဆေးရုံ/ဆေးခန်းသို့ ချက်ချင်းသွားပါ။
4️⃣ ရေ၊ အစားအစာနှင့် လက်သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။

[Medical Disclaimer / ကျန်းမာရေးဆိုင်ရာ သတိပေးချက်] ဤ Content သည် အများပြည်သူအတွက် ကျန်းမာရေးဗဟုသုတရရန် အလို့ငှာသာ ရည်ရွယ်ပါသည်။ ဆေးဝါးသုံးစွဲမှုနှင့် အသေးစိတ် ကုသမှုများအတွက် မိမိသဘောအလျောက် ဆေးသောက်ခြင်း မပြုဘဲ တတ်ကျွမ်းနားလည်သော ဆရာဝန်များ၊ ကျန်းမာရေးပညာရှင်များနှင့်သာ စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသမှု ခံယူပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။

#ဝမ်းပျက်ဝမ်းလျှော #ရေဓာတ်ဆုံးရှုံးမှု #ကျန်းမာရေးအသိပညာပေး

☀️ Sun Serum လိမ်းပြီး မျက်နှာပြာသွားတာမျိုး မကြိုက်ဘူးလား? 🤔​Sunscreen လိမ်းပြီးရင်❌ White Cast ကျန်တာ❌ မျက်နှာဖြူပြာပြ...
21/08/2026

☀️ Sun Serum လိမ်းပြီး မျက်နှာပြာသွားတာမျိုး မကြိုက်ဘူးလား? 🤔

Sunscreen လိမ်းပြီးရင်
❌ White Cast ကျန်တာ
❌ မျက်နှာဖြူပြာပြာ ဖြစ်သွားတာ
❌ တစ်နေ့လုံး စေးကပ်ကပ်နဲ့ နေရတာ

ဒီလိုခံစားချက်တွေ မကြိုက်တဲ့သူတွေအတွက် Skinefits Sun Serum လေး ရှိပါတယ်။ 🤍☀️

💧 Lightweight Serum Texture
အရည်ကျဲကျဲ ပေါ့ပါးတဲ့ Serum Texture မို့ လိမ်းလိုက်တာနဲ့ အသားထဲ စိမ့်ဝင်လွယ်ပြီး လန်းဆန်းပေါ့ပါးတဲ့ Feel ကို ရရှိစေပါတယ်။

🤍 White Cast မဖြစ်စေတဲ့ Finish
လိမ်းထားမှန်းတောင် မသိသာစေတဲ့ Natural Finish မို့ Sunscreen လိမ်းတိုင်း မျက်နှာပြာတတ်သူတွေအတွက် အဆင်ပြေတဲ့ရွေးချယ်မှုတစ်ခုပါ။

🛡️ SPF 50 PA++++
နေ့စဉ်ထိတွေ့ရတဲ့ UVA & UVB ရောင်ခြည်တွေကနေ အသားအရေကို ကာကွယ်ပေးဖို့ အထောက်အကူပြုပါတယ်။

💦 Sun Protection + Hydration တစ်ခါတည်း
Moisturizer နဲ့ Sunscreen ကို အဆင့်ဆင့် မလိမ်းချင်သူတွေအတွက် Skincare Routine ကို ပိုမိုရိုးရှင်းစေမယ့် Sun Serum လေးပါ။

✨ ပေါ့ပါး၊ မစေးကပ်၊ White Cast မဖြစ် — နေ့တိုင်းသုံးဖို့ အဆင်ပြေတဲ့ Sun Serum!

နေ့စဉ်နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ဖို့ Skinefits Sun Serum ကို ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်နော်။ 🤍☀️

𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 – 𝐅𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐤𝐢𝐧 𝐛𝐞𝐧𝐞𝐟𝐢𝐭𝐬

🛒 𝗢𝗿𝗱𝗲𝗿 𝗡𝗼𝘄
📞 09 788 368 811 / ​ 09 788 367 744
📞 09 788 367 700 / 09 788 369 900

++++ ြန်မာ #နေကာခရင်မ်

💧 pH Level မမျှတလို့ မိန်းမကိုယ်ပိုင်း သန့်ရှင်းရေးအတွက် စိတ်ပူနေရပြီလား၊ အမျိုးသမီးလေးတို့ရေ…​နေ့စဉ် intimate care ကို ...
20/08/2026

💧 pH Level မမျှတလို့ မိန်းမကိုယ်ပိုင်း သန့်ရှင်းရေးအတွက် စိတ်ပူနေရပြီလား၊ အမျိုးသမီးလေးတို့ရေ…

နေ့စဉ် intimate care ကို နူးညံ့ပြီး ယုံကြည်စိတ်ချစွာ ဂရုစိုက်ဖို့ GOONGBE Premium Feminine Wash ရှိနေပြီနော်။ Sensitive ဖြစ်လွယ်သော အပြင်ပိုင်းအသားအရေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး သန့်ရှင်းလန်းဆန်းကာ စိုပြေသက်သာသောခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။

Probiotics နှင့် Prebiotics ပါဝင်မှုက intimate area ၏ သဘာဝ balance ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူပြုပေးနိုင်ပြီး၊ Panthenol (Vitamin B5) က အသားအရေကို အစိုဓာတ်ဖြည့်တင်းကာ ဆေးကြောပြီးနောက် နူးညံ့စိုပြေစေဖို့ ကူညီပေးပါတယ်။

🤍 GOONGBE Premium Feminine Wash ကို ဘာကြောင့်ရွေးချယ်သင့်လဲ?

• Probiotics + Prebiotics ဖြင့် နေ့စဉ် intimate care အတွက် သဘာဝ balance ကို ဂရုစိုက်ပေးနိုင်ခြင်း။
• Panthenol (Vitamin B5) ဖြင့် စိုပြေသက်သာပြီး ခြောက်သွေ့တင်းကျပ်သလို မခံစားရစေရန် ကူညီပေးခြင်း။
• အပျိုဖော်ဝင်စအရွယ်မှစ၍ အသက်အရွယ်မရွေး၊ sensitive ဖြစ်လွယ်သူများအတွက်လည်း နေ့စဉ်အသုံးပြုရန် သင့်တော်ခြင်း။

ဒီလအတွက် အလွန်တန်သော Buy 1 Get 1 Special Promotion

📅 ပရိုမိုးရှင်းကာလ — ၁.၈.၂၀၂၆ မှ ၃၁.၈.၂၀၂၆ အထိ

🤍 GOONGBE Premium Feminine Wash တစ်ဘူး ဝယ်ယူရုံဖြင့် Foam Type (20 ml) — 25,000 Ks တန် တစ်ဘူးကို လက်ဆောင်ရရှိမှာပါ။

ရွေးချယ်နိုင်သော အမျိုးအစားများ

• Foam Type (150 ml) — နူးညံ့သော အမြှုပ်ပုံစံကို ကြိုက်နှစ်သက်သူများအတွက်။
• Gel Type (200 ml) — အေးမြလန်းဆန်းသော gel texture ကို ကြိုက်နှစ်သက်သူများအတွက်။

မိုးရာသီမှာလည်း သန့်ရှင်းလန်းဆန်းပြီး ယုံကြည်မှုရှိရှိ ဖြတ်သန်းလိုက်ပါ။ Lady ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး GOONGBE Premium Feminine Wash နဲ့ နေ့စဉ် intimate care ကို စတင်လိုက်နော်။

📍 နီးစပ်ရာ ရွှေအိုးဆေးဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်ပြီရှင့်။

🛒 𝗢𝗿𝗱𝗲𝗿 𝗡𝗼𝘄
📞 09 788 368 811 / 09 788 367 744
📞 09 788 367 700 / 09 788 369 900

မှတ်ချက် — အဆိုပါပစ္စည်းကို အပြင်ပိုင်းသန့်စင်ရေးအတွက်သာ အသုံးပြုပါ။ ယားယံခြင်း၊ အနံ့ပြင်းခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းများ ဆက်လက်ဖြစ်ပေါ်နေပါက ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ပါ။

#အမျိုးသမီးသုံးသန့်စင်ဆေး

🎉💚 Delivery Fee ပေးစရာမလိုဘူးနော်! 💚🎉 ​🎉 ပဲခူးမြို့ ​ ဆေးရုံကြီးအနီးဆိုင်ခွဲ 📢 ဖွင့်လှစ်ခြင်း အထူးအစီစဉ်အဖြစ်​📅 18.8.202...
17/08/2026

🎉💚 Delivery Fee ပေးစရာမလိုဘူးနော်! 💚🎉

🎉 ပဲခူးမြို့ ​ ဆေးရုံကြီးအနီးဆိုင်ခွဲ
📢 ဖွင့်လှစ်ခြင်း အထူးအစီစဉ်အဖြစ်

📅 18.8.2026 မှ 20.8.2026 အထိ
🏪 သတ်မှတ်ထားသော ဆိုင်ခွဲမှ
📍 10 KM အတွင်း မှာဆိုရင် Delivery Fee အခမဲ့!

💚 ရွှေအိုးပရိသတ်တို့ မိသားစုအတွက်
လိုအပ်တဲ့ပစ္စည်းများကို ပိုခပေးစရာမလိုဘဲ
မြန်မြန်ဆန်ဆန်နဲ့ စိတ်ချရစွာ မှာယူလိုက်တော့နော်။

🚴‍♀️💨 PandaGo Flash Deli ဖြင့် Delivery Fee အခမဲ့ဖြင့်
ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။

📍 ဆိုင်လိပ်စာ
အမှတ် (၂၂၄/၁)၊ ရန်ကုန်–မန္တလေးလမ်း၊
ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

📞 ဆက်သွယ်ရန်
09 760 363 847
09 768 060 309

⏳ (၃)ရက်တာသာ ပြုလုပ်ပေးမယ့် အထူးအစီအစဉ်ဖြစ်လို့ လက်ဦးမှုကိုရယူလိုက်ပါ။ 💚

#ပဲခူး
#ဆေးရုံကြီးအနီးဆိုင်ခွဲ

🍋🌿 သဘာဝရနံ့နဲ့ လန်းဆန်းသန့်ရှင်းတဲ့ နေ့ရက်တိုင်းအတွက် Mahabodhi Lemon & Macadamia ✨​နေ့စဉ်ရေချိုးပြီးတိုင်း အသားအရေကို သ...
17/08/2026

🍋🌿 သဘာဝရနံ့နဲ့ လန်းဆန်းသန့်ရှင်းတဲ့ နေ့ရက်တိုင်းအတွက် Mahabodhi Lemon & Macadamia ✨

နေ့စဉ်ရေချိုးပြီးတိုင်း အသားအရေကို သန့်ရှင်းလန်းဆန်းစေဖို့အပြင် နူးညံ့တဲ့ရနံ့လေးနဲ့ တစ်နေ့တာလုံး ယုံကြည်မှုရှိရှိ နေချင်သူတွေအတွက် Mahabodhi Lemon & Macadamia ကို ရွေးချယ်နိုင်ပါတယ်။ 💛

🍋 Lemon & Macadamia Collection မှာ
🧴 Body Wash
🌿 Deodorant Roll-On
တို့ကို ရွေးချယ်နိုင်ပြီး—

✨ Natural Ingredients
✨ Sensitive Skin အတွက် နူးညံ့စွာ အသုံးပြုနိုင်ခြင်း
✨ Long Lasting Freshness
✨ Harmful Chemicals မပါဝင်ခြင်း

စတဲ့ အားသာချက်များနဲ့ နေ့စဉ် Personal Care Routine ကို ပိုမိုပြည့်စုံစေမှာပါ။ 🥰

🌼 Fragrance Free နဲ့ White Musk ဆိုပြီး မိမိနှစ်သက်ရာကို ရွေးချယ်နိုင်တာကြောင့် ကိုယ်ပိုင် Style နဲ့ လိုက်ဖက်တဲ့ ရနံ့ကို ရှာဖွေလိုက်ပါနော်။ 💚

🛒 Mahabodhi Lemon & Macadamia Products များကို ရွှေအိုးဆေးဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။

🛒 𝗢𝗿𝗱𝗲𝗿 𝗡𝗼𝘄
📞 09 788 368 811 / 09 788 367 744
📞 09 788 367 700 / 09 788 369 900

🌈 သားသားမီးမီးတို့အတွက် ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ် 🌈​🎉 ရွှေအိုးဆေးဆိုင် (ဒဂုံမြို့နယ် - နဝေးဒေးလမ်းဆိုင်ခွဲ)...
16/08/2026

🌈 သားသားမီးမီးတို့အတွက် ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ် 🌈

🎉 ရွှေအိုးဆေးဆိုင် (ဒဂုံမြို့နယ် - နဝေးဒေးလမ်းဆိုင်ခွဲ) မှာ Champs အထူးပရိုမိုးရှင်း ရှိပါတယ်နော်!
📅 ၁၉.၈.၂၀၂၆ မှ ၂၁.၈.၂၀၂၆ ရက်နေ့ထိ
⏰ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီထိ

👶 အထူးပရိုမိုးရှင်း နှင့်အတူ ကလေးငယ်များအတွက် ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ် ပါဝင်ပါတယ်! 🐘🐰🐵🐯

📌 ၂၁.၈.၂၀၂၆ (တစ်ရက်တည်း) - နေ့လယ် ၂ နာရီ မှ ၄:၃၀ နာရီထိသာ ကျန်းမာရေးစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

📍 ရွှေအိုးဆေးဆိုင် (ဒဂုံမြို့နယ် - နဝေးဒေးလမ်းဆိုင်ခွဲ)
Location Map Link >> > https://maps.app.goo.gl/gEpJhj7zfnEvNFyT8

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို Champs နဲ့အတူ ဂရုစိုက်ကြရအောင်! 💚

🍊✨ နေ့စဉ် Vitamin C လိုအပ်ချက်တွေကို လွယ်လွယ်ကူကူ ဖြည့်တင်းလိုက်ပါ!​အလုပ်များတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ V...
15/08/2026

🍊✨ နေ့စဉ် Vitamin C လိုအပ်ချက်တွေကို လွယ်လွယ်ကူကူ ဖြည့်တင်းလိုက်ပါ!

အလုပ်များတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin C ကို အရသာရှိရှိနဲ့ ဖြည့်တင်းချင်သူတွေအတွက် VitaFresh C လေးကို ရွေးချယ်နိုင်ပါတယ်။ 🧡

💊 VitaFresh C
🍊 Vitamin C ပါဝင်ခြင်း
💧 ရေထဲထည့်ဖျော်သောက်နိုင်တဲ့ Effervescent Tablet ဖြစ်လို့ သောက်သုံးရလွယ်ကူခြင်း
✨ နေ့စဉ် Vitamin C ဖြည့်တင်းမှုအတွက် အထောက်အကူပြုနိုင်ခြင်း

🧡🍊 တက်ကြွလန်းဆန်းတဲ့ နေ့ရက်တိုင်းအတွက် Vitamin C ကို မမေ့နဲ့နော်!

🛒 VitaFresh C ကို ရွှေအိုးဆေးဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။

🛒 𝗢𝗿𝗱𝗲𝗿 𝗡𝗼𝘄
📞 09 788 368 811 / 09 788 367 744
📞 09 788 367 700 / 09 788 369 900

👩‍👧‍👦 မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာနှင့်အတူ ကလေးတွေရဲ့ နူးညံ့တဲ့အသားအရေ ပိုင်ဆိုင်နိုင်ပါပြီ။ 💙​နူးညံ့ပြီး ဂရုစိုက်ပေးဖို့...
12/08/2026

👩‍👧‍👦 မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာနှင့်အတူ ကလေးတွေရဲ့ နူးညံ့တဲ့အသားအရေ ပိုင်ဆိုင်နိုင်ပါပြီ။ 💙

နူးညံ့ပြီး ဂရုစိုက်ပေးဖို့လိုအပ်တဲ့ ကလေးတွေရဲ့ အသားအရေအတွက် GOONG BE Face Lotion လေးကို မေမေတို့ရွေးချယ်နိုင်ပါတယ်။ ✨

🩵 GOONG BE Face Lotion
🌿 Mild formula ဖြင့် ဖော်စပ်ထားခြင်း
💧 မျက်နှာအသားအရေကို စိုပြေချောမွေ့နေစေရန် အထောက်အကူပြုနိုင်ခြင်း
👶 နူးညံ့တဲ့ ကလေးအသားအရေအတွက် နေ့စဉ် Skin Care Routine ထဲ ထည့်သွင်းအသုံးပြုနိုင်ခြင်း

မေမေ့ရဲ့ နေ့စဉ်ဂရုစိုက်မှုလေးတစ်ခုက ကလေးလေးရဲ့ နူးညံ့တဲ့အသားအရေအတွက် ချစ်ခြင်းမေတ္တာတစ်ခုပါပဲ။ 🥰💙

📍 GOONG BE Face Lotion ကို သတ်မှတ်ထားသော ရွှေအိုးဆေးဆိုင်များမှာ ဝယ်ယူနိုင်ပါပြီ။

🛒 𝗢𝗿𝗱𝗲𝗿 𝗡𝗼𝘄
📞 09 788 368 811 / ​ 09 788 367 744
📞 09 788 367 700 / 09 788 369 900


🌈 သားသားမီးမီးတို့အတွက် ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ် 🌈​🎉 ရွှေအိုးဆေးဆိုင် (အင်းစိန် - ဖော့ကန်ဆိုင်ခွဲ) မှာ Cha...
11/08/2026

🌈 သားသားမီးမီးတို့အတွက် ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ် 🌈

🎉 ရွှေအိုးဆေးဆိုင် (အင်းစိန် - ဖော့ကန်ဆိုင်ခွဲ) မှာ Champs အထူးပရိုမိုးရှင်း ရှိပါတယ်နော်!
📅 ၁၂.၈.၂၀၂၆ မှ ၁၄.၈.၂၀၂၆ ရက်နေ့ထိ
⏰ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီထိ

👶 အထူးပရိုမိုးရှင်း နှင့်အတူ ကလေးငယ်များအတွက် ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်လဲ ပါဝင်ပါတယ်! 🐘🐰🐵🐯

📌 ၁၄.၈.၂၀၂၆ (တစ်ရက်တည်း) - နေ့လယ် ၂ နာရီ မှ ၄:၃၀ နာရီထိသာ ကျန်းမာရေးစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

📍 ရွှေအိုးဆေးဆိုင် (အင်းစိန် - ဖော့ကန်ဆိုင်ခွဲ)
အမှတ် (၁၅၇၅)၊ အောက်မင်္ဂလာဒုံလမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်။
📲 09 788 369 994 , 09 788 369 992
Location Map Link >> > https://maps.app.goo.gl/aLikgzK5Qwh4EhJG7

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို Champs နဲ့အတူ ဂရုစိုက်ကြရအောင်! 💚

#ရွှေအိုးဆေးဆိုင် #ကလေးကျန်းမာရေး

Address

51, Kyun Taw Road, Sanchaung Township
Yangon
11111

Website

Alerts

Be the first to know and let us send you an email when ရွှေအိုးဆေးဆိုင် - Shwe Ohh Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share