ကံကြမ္မာရေးရာအဖြေရှာ

ကံကြမ္မာရေးရာအဖြေရှာ "oneiromancy,
Tarot Reader & Spiritual Guide for love, career, and life’s journey
For Booking
📲09952120000
(Messages me on Viber or Page Cb)

နှစ်သစ်မှာ ပျော်ရွှင်ပြည့်စုံ ကြပါစေ
17/04/2026

နှစ်သစ်မှာ ပျော်ရွှင်ပြည့်စုံ ကြပါစေ

01/01/2026

#သားကောင်းမိခင်ဂါထာ 👶💞

*မိဘတိုင်း သားလိမ္မာ သမီးလိမ္မာလေးတွေ
ရလိုကြပါတယ်…
ကိုယ့်ရင်သွေးကိုမွေးလာရင်
ခြေလက်အင်္ဂါ စုံလင်ရုံမက
လိမ္မာရေးခြားရှိစွာ
ဘေးအန္တရာယ်ကင်းရှင်းစွာ
လောကမှာ လူတလုံးသူတလုံးဖြစ်စေချင်တဲ့
စေတနာတွေဟာ
မိဘတိုင်းရင်ထဲမှာ ရှိကြပါတယ်……

*ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေကတော့
ဘုရား တရား သံဃာ ရတနာသုံးပါးကို
အားကိုးကြပါတယ်။

*ဘုရားစာ တရားစာတွေကို
ရွတ်ဖတ်ပူဇော်လေ့ရှိပါတယ်……

*ဒီထဲမှာ သားကောင်းမိခင်ဂါထာ ကတော့
သားသမီးများ လိမ်မာစေရန်
ရွတ်ဖတ်ပူဇော်ကြပါတယ်……

*ပိဋကတ်မှာ ပါတာက" ဗောဓိရာဇ ကုမာရ" လို့
ခေါ်တဲ့ ဗောဓိ မင်းသား ကို
ကိုယ်ဝန်လွယ်ထားရတဲ့ သူ့ရဲ့ မိခင်က
မြတ်စွာဘုရားကိုလျှောက်ထားတဲ့
စကားမျှသာဖြစ်ပါတယ်……

*ဗောဓိမင်းသားဟာ ကောသမ္ဗီပြည်က
ဥတေနမင်းနဲ့ဝါသုလဒတ္တာ မိဖုရားတို့က
ဖွားတဲ့သား ဖြစ်ပါတယ်။
သူဟာ မိခင်ဝမ်းထဲမှာသန္ဓေနေစဉ်
မြတ်စွာဘုရားကောသမ္ဗီပြည်
ဃောသိတာရုံကျောင်းမှာ
သီတင်းသုံးတော်မူစဉ်
ဗောဓိမင်းသားရဲ့မယ်တော် မိဖုရားဟာ
မြတ်စွာဘုရားရဲ့ထံတော်မှောက်
သွားရောက်ဝပ်လျှိုး ရှိခိုးထိုင်နေပြီး
မြတ်စွာဘုရားကို လျှောက်ပါတယ်……

*" ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
အကျွန်ုပ်၏ ဝမ်းတိုက်၌တည်ရှိသော
ဤ သတို့သား /ဤသတို့သမီးသည်
မြတ်စွာဘုရားကို၄င်း တရားတော်ကို၄င်း
ရဟန်းသံဃာကို၄င်း ကိုးကွယ်ရာ ဟူ၍
ဆည်းကပ်ပါ၏။
ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည်
ထိုသတို့သား /သတို့သမီးကို
ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံးသရဏဂုံတည်သူ ဥပါသကာ/ဥပါသိကာဟူ၍
မှတ်တော်မူပါဘုရား"လို့လျှောက်ခဲ့ပါတယ်။

*အဲဒီလို အဓိပ္ပါယ် ရတဲ့ စကားပါဠိကို
မြတ်စွာဘုရားကိုတစ်ကြိမ်ပဲ
လျှောက်ထားခဲ့တာပါ……

*အခု "သားကောင်းမိခင်ဂါထာ"လို့
ကိုယ်ဝန်သည်တွေရွတ်ဖတ်ပူဇော်နေတဲ့
ပါဠိတော်ဟာဗောဓိမင်းသားရဲ့မယ်တော်က
ဘုရားကိုလျှောက်ခဲ့တဲ့ စကားပြေပါဠိပါ။
အဲဒီစကားအရ ဗောဓိမင်းသားဟာ
မယ်တော်ဝမ်းထဲမှာကတည်းက
သရဏဂုံကို မယ်တော်က ခံယူဆောက်တည်
ပေးခြင်းခံရတဲ့သူ ဖြစ်နေပါပြီ……

*မွေးဖွားပြီးတဲ့နောက်အထိန်းတော်က
ရင်ခွင်နဲ့ပိုက်ချီပြီး
မြတ်စွာဘုရားရှေ့တော်မှောက်ကို
သွားရောက်ပြီး ရှေးနည်းတူ သရဏဂုံ
ခံယူဆောက်တည်ပေးခြင်းခံရပါတယ်……

*အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းဖြစ်သူ
သဉ္ဇိကာပုတ္တကို တိုင်တည်သက်သေထားပြီး
မြတ်ဘုရားထံတော်မှာ သရဏဂုံတည်သူ
အဖြစ်ခံယူပါတယ်……

*ငယ်စဉ်ကအမေနဲ့အထိန်းတော်
ဆောက်တည်ပေးတာက မင်းသားအတွက်
အစောင့်အရှောက်အနေနဲ့ တည်ပြီးသားလို့
ဆိုပါတယ်။
မွေးလာလို့လူမှန်းသိတတ်တဲ့အရွယ်
လူကြီးတွေပြောတာကို
ဆင်ခြင်သဘောပေါက်လိုက်ရုံနဲ့
သတိကိုဖြစ်စေရုံမျှနဲ့
ဗုဒ္ဓဘာသာဝင်ဥပါသကာ ဒါယကာတယောက်
ဖြစ်သွားတော့တာပါဘဲ……

*ဒါက အားလုံးကိုသေသေချာချာ
နားလည်စေချင်လို့ပါ။

သားသမီးကောင်းရလိုရင်
ကိုယ်ဝန်ရှိကတည်းက မိခင်လောင်းဟာ
စောစောက ရေးခဲ့တဲ့ ဗောဓိမင်းသား
အမေ ဆောက်တည်ခဲ့တဲ့အတိုင်း
မြတ်ဘုရားရှေ့တော်မှောက်မှာ
မြန်မာဘာသာနဲ့ပဲ တိုင်တည်ရွတ်ဆိုသရဏဂုံ ဆောက်တည်ပါ။

*လေးနက်စွာ အလွန်ဆုံး သုံးကြိမ်ဆိုရင်ရပါပြီ။
အမှန်က စကားမပြောတတ်သေး
လူရယ်လို့မပီပြင်သေးတဲ့ သန္ဓေသားရဲ့
ကိုယ်စား အမေက
သရဏဂုံ ခေါ်တဲ့
ကိုးကွယ်ရာ ရှာပေးတာပါ……

*ကျန်တဲ့အချိန်တွေမှာ သရဏဂုံ ပုတီးစိပ်
ဂုဏ်တော်ပွား ပရိတ်ရွတ် မေတ္တာပို့ရင်
လုံလောက်နေပါပြီ……
ဒီဂါထာလေးကိုတော့ မကြာမကြာသတိရတိုင်း ရွတ်ပေးရင်ကောင်းပါတယ်…
အခေါက်ရေကန့်သတ်စရာ မလိုပါ…
အရေးကြီးတာက ဘာလို့ဒီလို လုပ်ရတာလဲ
ဆိုတဲ့ အကြောင်းရင်းကိုအမှန်အကန်
နားလည်ဖို့ပါဘဲ……

*လူတွေ သတိမထားမိတာရှိပါတယ်။
စိတ်ထဲမှာ
လောဘ ဒေါသ မောဟ အပူတွေ
နည်းနိုင်သမျှ နည်းအောင်
နေဘို့လည်းလိုပါတယ်……

*အရေးကြီးတာက အမေ့စိတ်ထားက
ဗိုက်ထဲက သန္ဓေသားအပေါ်
သက်ရောက် မှုရှိတာကြောင့် မိခင်ဟာ
စိတ်အေးချမ်းသူ ဖြစ်သင့်ပါတယ်……
စိတ်ကောင်းမွေး ကိုယ်ချင်းစာတရားထား
မေတ္တာစိတ် ကြီးလေ ……
ကလေးအတွက်ကောင်းလေပါ……

*မိခင်လောင်းကို စိတ်ချမ်းသာစွာနေနိုင်စေဘို့
မိသားစုဝင်တွေက ကူညီ သင့်ပါတယ်။
ဒါမှ အနာဂတ်ရဲ့ခေါင်းဆောင်ကောင်း
တရားစောင့်သူ စိတ်ကောင်းရှိသူ
မနာလိုစိတ်နည်းသူ လူတော်လူကောင်း
လေးတွေ များများပေါ်ထွန်းလာမှာပါ……
အဲဒါက ဂါထာ ရွတ်ဖို့ထက်
အရေးကြီးပါတယ်……

*နေ့စဉ် မိခင်က ဗိုက်ထဲက ကလေးကို
ကိုယ်ပြောချင်တဲ့ စကားကောင်းတွေ
ပြောပေးဘို့ မမေ့ပါနဲ့……

*မိခင်ကိုယ်တိုင်က စိတ်ကောင်း
ကိုယ်ကျင့်တရားကောင်းဘို့အဓိက
လိုအပ်ပါတယ်။
ဆဲရေးတိုင်းထွာ ရုန့်ရင်းကြမ်းတမ်းတာတွေ
မပြောမိ မလုပ်မိအောင်
သတိထားသင့်ပါတယ်။
အချုပ်ဆိုရရင် ကောင်းတာတွေ
များများတွေး များများပြော
များများလုပ်နေဖို့ မမေ့ကြပါနဲ့ ……လို့
ပြောချင်ပါတယ်……

*အမျိုးသမီးအားလုံး လူရောစိတ်ရော
လှနေကြမယ်ဆိုရင် မွေးလာတဲ့သားလေး
သမီးတွေလည်း လိမ္မာပြီး
ပြောစကားနားထောင်တဲ့ သားလေးတွေ
သမီးလေးတွေကို ပိုင်ဆိုင်ကြပါလိမ့်မယ်……

01/01/2026

#သံဗုဒ္ဓေဂါထာတော်အားဘာကြောင့်ရွတ်ပွားသင့်သလဲ

သံဗု​ဒ္ဓေ ဂါထာကို သီဟိုဠ်ခေတ်ရဟန်းတော်များစီရင်ရေးဖွဲ့ခဲ့ပြီး မြန်မာနိုင်ငံ မွာ သုဝဏဘူမိ သထုံခေတ်မှစ၍ ပူဇော်ရွတ်ပွားခဲ့ကြောင်း အဆို ရှိပါတယ် ။သထုံခေတ် အရှင်အရဟံမထေရ်ကြီးမှအစ အင်းဝခေတ် ဦးဥတ္တမကျော် ကုန်းဘောင်ခေတ် အဘဘိုးဘိုးအောင်တို့အလယ် ယနေ့ခေတ်ထွက်ရပ်ပေါက်ပြည်ရွှေဥမင်ဆရာတော်တို့အဆုံး ကျင့်ကြံပေါက်မြောက်ခဲ့ကြတဲ့ ဝိဇ္ဇာဓရ စာရင်းဝင် ဂါထာတော်ကြီးဖြစ်ပါတယ်။ ပွင့်တော်မူပြီးကြကုန်သော ၅သိန်း ၁သောင်း ၂ထောင် ၂ကျိပ်၈ဆူ ကုန်သော ဗုဒ္ဓဘုရားရှင်ကိုယ်တော်အပေါင်းကို အစထား၍ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်သော ဘုရားရှင်အနန္တကိုရှိခိုးပူဇော်သော ဂါထာတော်မြတ်ကြီးဖြစ်လို့ အစုံလင်အပြည့်ဝဆုံးဘုရားရှိခိုးဂါထာတော်ကြီးလည်းဖြစ်ပါတယ်။
အခု သံဗုဒ္ဓေ ဂါထာတော်ကြီးရဲ့ သင်္ချာ ပညတ်လျှို့ဝှက်ချက်ကိုရှင်းပြပါမယ်။
၅ သိန်းမှာပါတဲ့ ၅ ဂဏန်းဟာ ပထဝီ တေဇော အာပေါ ဝါယော အာကာသ ဆိုတဲ့ ဓာတ်ကြီးငါးပါးကိုကိုယ်စားပြုပါတယ်။ပထဝီဓာတ်မှ သောကြာ တေဇောဓာတ်မှ တနင်္ဂနွေ အင်္ဂါ အာပေါဓာတ်မှ တနင်္လာ ဝါယောဓာတ်မှ ဗုဒ္ဓဟူးစနေ အာကာသဓာတ်မှ ကြာသပတေးတို့ ပေါက်ပွားလာခြင်းကြောင့် ဓာတ် ၅ ပါးဟာ ဂြိုဟ် ၇ လုံးကိုအသီးသီးကိုယ်စားပြုပါတယ်။
၁သောင်း၂ထောင် မှာပါတဲ့ ၁၂ ဂဏန်းဟာ ရာသီ ၁၂ ခွင် ဘာဝ ၁၂ ပါးကိုကိုယ်စားပြုပါတယ်။
၂၈ ဂဏန်းဟာ အာသာဝတီအစေရဝတီအဆုံး ၂၇ လုံးသောနက္ခတ် နှင့် နက္ခတ်အကြီးအမှူးဖြစ်သော အဘိဇိ နက္ခတ် စုစုပေါင်းနက္ခတ် ၂၈ လုံးကိုကိုယ်စားပြုပါတယ်။
ထို့ကြောင့် သံဗုဒေ္ဓ ဂါထာတော်ကြီးကို ပူဇော်ပွားများခြင်းဖြင့်
ဓာတ်ကြီး ၅ ပါး
ဂြိုဟ်ကြီး ၇ လုံး
ရာသီ ၁၂ ခွင်
ဘာဝ. ၁၂ ပါး
နက္ခတ် ၂၈ လုံး တို့ဖောက်ပြန်မှုကြောင့်ဖြစ်သောအပြစ်များ စွမ်းအင်ရိုက်ခတ်မှုများ ဆိုးအားထကြွမှုများကို ကောင်းစွာပြုပြင်ကုစားနိုင်စွမ်းရှိသော ဂြိုဟ်ပြေနက္ခတ်ပြေရာသီပြေနဝင်းပြေ ဂါထာတော်ကြီးဖြစ်ပါကြောင်း။နေ့စဉ် သီလစောင့်ထိန်းပြီး ပုတီးတစ်ပတ်မှစ၍စွမ်းနိုင်သလောက် အာရုံမိမိစိပ်ပွားပါက ဓာတ်ခိုက်ပါဒ်ခိုက်နဝင်းခိုက်ရာသီခိုက်ဂြိုဟ်ခိုက်နက္ခတ်ခိုက်စသော စကြဝဠာစွမ်းအားစုများ၏ အညံ့အခိုက်များကိုကာကွယ်ကုစားနိုင်သောကြောင့် ဂြိုဟ်အားလုံးနီးပါးအသွားဖောက်သည် ယခုလိုအချိန်ကာလမှာ ရွတ်ဖတ်ပွားများသင့်ပါတယ်။

crd

Sayar Than Htike

01/01/2026

#အဘိဇိကာလသို့မဟုတ်အဘိဇိမုဟုတ္တာအကြောင်း

ဟိန္ဒူနက္ခတ်ဗေဒင်အရ အောင်မြင်ရန် အခွင့်အလမ်းကို များပြားစေပြီး မွန်မြတ်သော အခါချိန်မှာ အဘိဇိကာလ ဖြစ်သည် ။

အဘိဇိကာလ သည် နေ့စဉ်ပြုလုပ်လေ့ရှိသော မင်္ဂလာအချိန်ကာလတစ်ခုဖြစ်ပြီး မည်သည့်ကောင်းမှုကံကိုမဆို ထမ်းဆောင်နိုင်သည့် ကာလဖြစ်သည်။

အဘိဇိ ဟူသော စကားလုံး သည် အောင်ပွဲခံခြင်း၊ အောင်နိုင်ခြင်း၊ အနိုင်ရသူ ဟု အဓိပ္ပါယ် ရသည်။

ဤ ကာလသည် ထိုအချိန်တွင်ပျံ့နှံ့နေသော မကောင်းသောအချက် အားလုံးကိုဖယ်ရှားနိုင်စွမ်းရှိသည်။

Lord Krishna သည် ညအချိန်၌ ဤ အခါကာလ ၌ ဖွားမြင်ပြီး Lord Rama သည် နေ့အချိန်၌ ဤ အခါကာလ ၌ ဖွားမြင်သည်ဟု ဆိုကြသည်။
၎င်းသည် အခါချိန်တွင် မလိုလားအပ်သော သြဇာလွှမ်းမိုးမှု များ ကို ချေမှုန်းရန်/ ဖျက်ဆီးရန် ပါဝါရှိပြီး ထိရောက်စွာ ကာကွယ် မြှင့်တင်ပေးပါသည်။

ဟိန္ဒူကျမ်းစာအရ အဘိဇိကာလသည် ဗိဿနိုးဘုရား၏ ကောင်းချီးမင်္ဂလာဖြစ်သည်။
Lord Shivaက Tripurasur ကို အဘိဇိကာလတွင် ချေမှုန်းအောင်နိုင်ခဲ့ပြီး ကမ္ဘာ ကြီးကို ကယ်တင်ခဲ့သည်ဟုလည်း ယုံကြည်ကြပါသည်။ ဤ အချိန်ကာလသည် ထိုအချိန်တွင်ပျံ့နှံ့နေသော မကောင်းသော အချက်များ အားလုံးကိုဖယ်ရှားခြင်းနှင့်ဆက်စပ်နေသည် ။

ဆိုးဆိုးရွားရွား လွှမ်းမိုးမှုများကို ချေမှုန်းရန် အစွမ်းထက်သော အချိန်ကာလတစ်ခုဖြစ်သည်။

အဘိဇိကာလ သည် အလုပ်အသစ်အဆန်းများကို စတင်ရန် အလွန် ကောင်းသည်အချိန်ဟု ယူဆနိုင်ပါသည် ။

အသစ်အဆန်းတစ်ခုခုကို စွန့်စားရင်း အလုပ်သစ်တစ်ခုစလုပ်ခြင်း၊ လုပ်ငန်းသစ်စခြင်း၊ အိမ်ခြံမြေ သို့မဟုတ် အခြားဘဏ္႑ာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ အိမ်အခမ်းအနား၊ စည်းစိမ်ဥစ္စာ သို့မဟုတ် ကံကောင်းခြင်းများအတွက် ဝတ်ပြုဆုတောင်းခြင်း စသည်တို့သည် သင့်အား လိုချင်သောရလာဒ်များကို ဖြစ်ထွန်းစေသည်ဟု ယုံကြည်ကြသည်။

အဘိဇိကာလ သည် ထိုကာလအတွင်း လုပ်ဆောင်ခဲ့သော အလုပ်များ ကို အောင်မြင်စွာ ပြီးမြောက်အောင် ပံ့ပိုး ပေးသည့် အပြုသဘောဆောင်မှု နှင့် မှန်ကန်သော စွမ်းအင်များကို သယ်ဆောင်လာပါသည်။

သတိပြုရန်အချက်များ

ဗုဒ္ဓဟူးနေ့သည် အဘိဇိကာလ နေ့ကောင်းမဟုတ် ဟု ဆိုကြသည် ။ ထို့ကြောင့် ဗုဒ္ဓဟူးနေ့မှလွဲ၍ အခြားရက်များတွင် ဤကာလကို ရွေးချယ်၍ ကောင်းသောအလုပ်များကို လုပ်ဆောင်ရန် အကြံပြုလိုပါသည်။ ထို့အပြင် အဘိဇိ ကာလအတွင်း တောင်ဘက် သို့ ဦးတည်သွားခြင်း ခရီးသွားခြင်းများကို ရှောင်ရှားသင့်သည်။

ဗုဒ္ဓဟူးနေ့တွင် အဘိဇိကာလ ၌ ကောင်းသောအလုပ် မပြုသင့်ပါ။

လက်ထပ်ထိမ်းမြားခြင်းကဲ့သို့သောအခမ်းအနားများကို အဘိဇိကာလ တွင် ယေဘူယျအားဖြင့် တားမြစ်ထားပြီး မကျင်းပသော်လည်း အိန္ဒိယနိုင်ငံ၏ နေရာအတော်များများတွင် လက်ထပ်မင်္ဂလာအခမ်းအနားများကို ဤ ကာလ တွင် နှစ်သက်ကြသည်။

အရေးပေါ်အခြေအနေနှင့် အခြားသင့်လျော်သောအချိန်များ မရရှိနိုင်သောအခါများတွင် ဤ အဘိဇိကာလကို ရွေးချယ်နိုင်သည်။

အဘိဇိကာလ နှင့် အဘိဇိနက္ခတ် (ကြယ်စု) တို့သည် တစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်စပ်မှုမရှိခြင်းပင်ဖြစ်သည်။ သို့သော် အဘိဇိကာလ နဲ့ အဘိဇိနက္ခတ်တို့ အတူတူကျရင် အလွန်ကံကောင်းတယ်လို့ ယူဆကြပါသည်။

မှတ်ချက်။ အဘိဇိကာလကို ဗုဒ္ဓဟူးနေ့တွင် တားမြစ်ထားခြင်းအကြောင်းရင်းသည် ဗုဒ္ဓဟူးနေ့ရှိ အဘိဇိကာလအချိန်သည် ရာဟုကာလနှင့် တိုက်ဆိုင်နေခြင်းကြောင့် တားမြစ်ထားခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

*အဘိဇိကာလတွင်လာဘ်ရွှင့်လာဘ်ပွင့်ဂါထာရွတ်ခြင်းအစီအရင်လုပ်ခြင်းပွဲတင်အဓိဋ္ဌာန်ခြင်းပြုလုပ်ရန်အလွန်သင့်တော့ပါသည်။*

crd
AHA

01/01/2026

#စိန်ရတနာ 💎

စိန်သည်ကြွယ်ဝချမ်းသာ အောင်မြင်စေသောအထိမ်းအမှတ်ကျောက်မျက်ပစ္စည်းလဲဖြစ်သလို ချစ်ခြင်း၏ သင်္ကေတ ဟူ၍လဲ မှတ်ယူကြပါတယ် ဒါကြောင့် များသောအားဖြင့် လက်ထပ်လက်စွပ်တွေမှာ စိန်ကိုသုံးစွဲ ဝတ်ဆင်ကြပါတယ်
စိန်ကို ဝယ်ယူမယ်ဆိုရင်တော့အကောင်းဆုံးအချိန်က ဇန်နဝါရီလ ဖြစ်ပါတယ် ဇန်နဝါရီလမှာစိန်ဝယ်ယူဝတ်ဆင်ခြင်းဖြင့် ကံကောင်း လာဘ်ပွင့်စေ၍ ချမ်းသာခြင်း ထင်ပေါ်ကြော်ကြားခြင်းတို့ဖြစ်စေပါလိမ့်မယ် ထို့အပြင် စိန်သည်နည်းစနစ်မှန်စွာ ဝတ်ဆင်ပါက ပို၍ အကျိုးထူးကံကောင်းခြင်းကိုဖြစ်စေသောကြောင့် သေချာနည်းလမ်းတကျ ဝတ်သင့်တဲ့ ရတနာ တစ်ပါးလဲ ဖြစ်ပေသည်။ စိန်သည်လက်စွပ်အဖြစ် လက်ချောင်းတွင် ဝတ်ဆင်ပါက လက်ခလယ်တွင်သာ ဝတ်ဆင်လို့အကောင်းဆုံးဖြစ်သည် ။ လက်ထပ်လက်စွပ်မဟုတ်ပဲ လက်သူကြွယ် နှင် လက်ညိုးတွင်ဝတ်ပါက ကံဆိုး ၍မနာလိုသူ ရန်သူ ပေါတတ်သည်ဟု အယူရှိကြသည်။လက်သန်းတွင်ဝတ်ပါကလဲ ငွေမမြဲ အလုပ်ခက်ခဲ လာဘ်ပိတ်တတ်ပါတယ် ။
စိန်ကို လက်ဝတ်ရတနာ ပြုလုပ်ပါကလဲ စိန်အလုံးရေ မဂဏန်းသာ သုံးပါ စုံဂဏန်းသုံးလျှင် ကံညံတတ်ပါတယ် ။ စိန်ကို အခြားရတနာကျောက်များနှင့်တွဲဖက်စီခြယ် ဝတ်ဆင်နိုင်သောလဲ မဟူရာနှင့်တွဲဖက်မဝတ်သင့် ဝတ်သည့်လူခိုက်တတ်သည် ။ အခြားကျောက်အမျိုးအစားကို အလည်မှာထား ၍ စိန်ကိုခြံရံဝတ်ဆင်နိုင်သောလည်း စိန်ကို အလည်ထားပြီးအခြားကျောက်ခြံရံ မဝတ်ကောင်းပါ။ စိန်ကို သန့်စင်ရန် အချိန်ကောင်း ၅ချိန် ရှိပါတယ် ၄င်းအချိန်တို့မှာ 🌈
ဝတ်ဆင်သူပိုင်ရှင်မွေးနေ့ မနက် ၇နာရီမှ မနက်၉နာရီတွင်း
တနင်္ဂနွေ မနက် ၆:၀၀ မှ မနက် ၇:၀၀ တွင်း
တနင်္လာ မနက် ၇:၃၀ မှ မနက် ၉:၀၀
ဗုဒ္ဓဟူး မနက် ၇:၀၀ မှ မနက် မနက် ၉:၀၀
သောကြာ မနက် ၇:၃၀ မှ မနက် ၉:၀၀ နာရီ အတွင်းတို့မှာ ၄င်းရက်ထဲမှ လပြည့်ရက်နှင့် တိုက်ဆိုင်သည့် ရက်တစ်ရက်တွင် စိန်သိဒ္ဓိဖွင့်ပေးရပါမည်။ ယခုဖော်ပြပါရက်ထဲတွင်အင်္ဂါနေ့မပါသောလဲ အင်္ဂါသားသမီးများမှာ အင်္ဂါနေ့ မနက် ၇:၀၀ မှ ၉အတွင်းပြုနိုင်သည် ။ ပထမဆုံးသိဒ္ဓိဖွင့်ရာမှာ စိန်ကို သန့်စင်ရပါမယ် သန့်စင်ရာမှာ နွားနို့စိမ်းစစ်စစ် ဖြင့် ၂၁ ကြိမ်ဆေးကြောပေးရမည် ၄င်းနောက် တလျှော်ရည်ဖြင့် ၂၁ ကြိမ် ဆေးပေးပါ ပြီးနောက် ရိုးရိုးရေသန့်တွင် အမွေးနံသာရှိသောပန်းတို့ ဖြင့်တစ်ကြိမ် ရောဆေးကြော၍ စိန်ကို ကတီပါ အဝတ်စ အနီမှာ တင်ပါ ပြီးလျှင်စိန်နားမှာ အမွှေးတိုင် ၃ တိုင်ထွန်းညှိပေးပါ စိန် သိဒ္ဓိတက်၍ မိမိစိန်ကျောက် တန်ခိုးတောက်လာပါလိမ့်မည်

NannOoWai

🥰
31/12/2025

🥰

Address

Thingaha Street
Yangon
11091

Telephone

+959796165024

Website

Alerts

Be the first to know and let us send you an email when ကံကြမ္မာရေးရာအဖြေရှာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကံကြမ္မာရေးရာအဖြေရှာ:

Shortcuts

Share