Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ

  • Home
  • Myanmar
  • Yangon
  • Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ

Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ We will provide the best healthcare services and the best customer care with reasonable prices.Thank you.

ကျန်းမာရေး ကောင်းစေရာ မရှိမဖြစ်အရေးပါ အစာအိမ် ကျန်းမာရေး ဂရုစိုက်ခြင်းကို Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ ...
30/04/2026

ကျန်းမာရေး ကောင်းစေရာ မရှိမဖြစ်အရေးပါ အစာအိမ် ကျန်းမာရေး ဂရုစိုက်ခြင်းကို Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ မှာ စစ်ဆေးရ လွယ်ကူ၊ နာကျင်မှုကင်းဝေးကာ ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများမှ Gastroscopy ( အစာအိမ် မှန်ပြောင်းကြည့်ခြင်း ) သေးငယ် ပျော့ပြောင်းသော မှန်ပြောင်းကိုအသုံးပြုပြီးခံတွင်းမှတစ်ဆင့် အစာရေမျိုပြွန် အစာအိမ်နှင့်အူသိမ်အပေါ်ပိုင်းတို့အား ကြာချိန် 10-15 မိနစ်မျှသာ ကြာမြင့် နေ့စဉ်ကြည့်ရှုစစ်ဆေးပေး၍ ရောဂါအား တိကျမှန်ကန်စွာ ရှာဖွေစစ်ဆေး၊ ဆွေးနွေးကုသပေးနေပါတယ်။

Gastroscopy ( အစာအိမ် မှန်ပြောင်းကြည့်ခြင်း ) ဖြင့်ကျန်းမာရေး စစ်ဆေးလိုသူများ၊ ဝမ်းဗိုက် မကြာခဏအောင့်သူများ၊ အစာအိမ်ရောဂါ၊ အစာအိမ်နာရှိသူများ၊ အစာမျိုရခက်သူများ၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်မှုရှိသူများ၊ အသက် 60 နှစ်အထက်နောက်ပိုင်း အက်စစ်ရည်ပြန်တက်ခြင်း လက္ခဏာရှိသူများ၊ အစားအစာငြီးငွေ့ခြင်း (သို့) အကြောင်းအရင်းမသိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မိသားစုဝင်ထဲတွင်ကင်ဆာ ရောဂါရာဇဝင်ရှိခြင်းတွေကို သင့်တော်သောကျန်းမာရေးဝန်ဆောင်ခနှင့်အတူရောဂါဖွေရှာခိုင်ရတနာ ဝန်ဆောင်မှုပေးပါရစေ။

ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အခြေခံတစ်ခုလို အစာအိမ် ကျန်းမာရေး ဂရုစိုက်ခြင်းကို ခေတ်သစ်လူနေမှုကျန်းမာရေးမဏ္ဍိုင်ခိုင်ရတနာမှာ အချိန်မီရှာဖွေပြီး ကျန်းမာသုခချမ်းသာ ကောင်းခြင်းအဖြာဖြာကို ရရှိခံစားနိုင်ပါပြီ။

ခိုင်ရတနာဆေးရုံ(သာကေတ)

ဆက်သွယ်စုံစမ်းရန်
၀၉ ၈၈၅ ၇၂၇၂၇၂
၀၉ ၈၈၅ ၇၄၇၄၇၄

အမှတ်(၂၄၀၅/A-၂၄၀၆A)၊ (၁၀)တောင်ရပ်ကွက်၊ ရတနာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🗺️
https://maps.app.goo.gl/2ZPibBbFumFqdZP98?g_st=ic





#အစာအိမ်မှန်ပြောင်းကြည့်ခြင်း
#ခေတ်သစ်လူနေမှုကျန်းမာရေးမဏ္ဍိုင်ခိုင်

ယနေ့ စစ်ဆေး မနက်ဖြန် ကာကွယ် အူမကြီး ကင်ဆာ အန္တရာယ်ကို Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ မှာ Colonoscopy ( အူ...
26/04/2026

ယနေ့ စစ်ဆေး မနက်ဖြန် ကာကွယ် အူမကြီး ကင်ဆာ အန္တရာယ်ကို Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ မှာ Colonoscopy ( အူမကြီး မှန်ပြောင်းကြည့်ခြင်း ) အသုံးပြု ကြိုတင် ရှာဖွေ တားဆီးနိုင်ပါသည်။

အူမကြီး ကင်ဆာသည် အဖြစ်များဆုံးကင်ဆာထဲမှာပါဝင်ပြီး အူမကြီး မှန်ပြောင်းကြည့်ခြင်းကို အူမကြီးကင်ဆာမျိုးရိုးရှိသူများ ၊ အူမကြီးအသားပိုမျိုးရိုးရှိသူများ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ အပြင် ဝမ်းမမှန်သူများ၊ သွေးအားနည်းရောဂါရှိသူများ၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်မှုရှိသူများဟာ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ များသောကြောင့် အူမကြီး မှန်ပြောင်းကြည့်ခြင်း ကို ပိုမိုခံယူသင့်ပါတယ်။

အူမကြီး မှန်ပြောင်းကြည့်ခြင်းဖြင့် အူမကြီးကင်ဆာ မဖြစ်ခင် ကနဦးအဆင့် အူမကြီးအသားပိုအကြိတ်များကို သင့်တော်သောကျန်းမာရေးဝန်ဆောင်ခနှင့်အတူရောဂါကြိုတင်ဖွေရှာခိုင်ရတနာ တိုက်တွန်းပါရစေ။

အူလမ်းကြောင်းရောဂါ အများစုမှာ အစပိုင်းတွင် လက္ခဏာမပေါ်နိုင် လက္ခဏာပြပြီးမှ စစ်ဆေးပါက ကုသမှုခက်ခဲပြီး ကုန်ကျစရိတ်လဲများနိုင်တာမို့ ရောဂါကို အချိန်မီရှာဖွေပြီး ဆေးကုသမှုကုန်ကျစရိတ်ကို လျော့ချရင်း ကျန်းမာသုခချမ်းသာ ကောင်းခြင်းအဖြာဖြာကို ရရှိခံစားနိုင်ပါပြီ။

ခိုင်ရတနာဆေးရုံ(သာကေတ)

ဆက်သွယ်စုံစမ်းရန်
၀၉ ၈၈၅ ၇၂၇၂၇၂
၀၉ ၈၈၅ ၇၄၇၄၇၄

အမှတ်(၂၄၀၅/A-၂၄၀၆A)၊ (၁၀)တောင်ရပ်ကွက်၊ ရတနာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🗺️
https://maps.app.goo.gl/2ZPibBbFumFqdZP98?g_st=ic





#အူမကြီးမှန်ပြောင်းကြည့်ခြင်း
#ခေတ်သစ်လူနေမှုကျန်းမာရေးမဏ္ဍိုင်ခိုင်

Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ မှာ ERCP ( သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့် စစ်ဆေးကုသခြင်း ) ဖြင့် အကြီ...
22/04/2026

Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ မှာ ERCP ( သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့် စစ်ဆေးကုသခြင်း ) ဖြင့် အကြီးစားခွဲစိတ်မှုပြုလုပ်စရာမလို၊ နာကျင်မှုနည်းပြီး ပြန်လည်ကောင်းမွန်ရန် ကြာချိန်တိုတောင်းသောနည်းကို အသုံးပြု ရောဂါ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လို့ရတဲ့အပြင် ကုသမှုများပါ တစ်ပါတည်း သင့်တော်သောကျန်းမာရေးဝန်ဆောင်ခနှင့်အတူလုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ခိုင်ရတနာ ကျန်းမာရေးသတင်းကောင်း မျှဝေပါရစေ။

ပန်ကရိယဆိုင်ရာ ပြဿနာများဖြစ်တဲ့ ပန်ကရိယ​ရောင်ခြင်း
၊ ပန်ကရိယ​ကင်ဆာ၊ ပန်ကရိယပြွန်ပိတ်ခြင်း/ကျဥ်းခြင်း

သည်းခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ သည်းခြေကျောက်တည်ခြင်း၊ သည်း​ခြေပြွန်ပိတ်ခြင်း၊ သည်း​ခြေပြွန်ပိုးဝင်ခြင်း၊ သည်းခြေကင်ဆာအပြင် သည်း​ခြေပြွန် (သို့) ပန်ကရိယမှ အရည်များစိမ့်ထွက်ခြင်း ရောဂါတွေအတွက် ERCP ( သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့် စစ်ဆေးကုသခြင်း ) အသုံးပြု လူနာများအား ကိုင်တွယ်ကုသရာမှာ ကောင်းခြင်းအခရာ ရရှိခံစားနိုင်ပါပြီ။

ခိုင်ရတနာဆေးရုံ(သာကေတ)

ဆက်သွယ်စုံစမ်းရန်
၀၉ ၈၈၅ ၇၂၇၂၇၂
၀၉ ၈၈၅ ၇၄၇၄၇၄

အမှတ်(၂၄၀၅/A-၂၄၀၆A)၊ (၁၀)တောင်ရပ်ကွက်၊ ရတနာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🗺️
https://maps.app.goo.gl/2ZPibBbFumFqdZP98?g_st=ic





#သည်းခြေလမ်းကြောင်းမှန်ပြောင်းကြည့်စစ်ဆေးကုသခြင်း
#ခေတ်သစ်လူနေမှုကျန်းမာရေးမဏ္ဍိုင်ခိုင်

ခိုင်ရတနာရဲ့ ချစ်ခင်ရတဲ့ မိသားစုတွေအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် Khaing Yadanar Hosp...
19/04/2026

ခိုင်ရတနာရဲ့ ချစ်ခင်ရတဲ့ မိသားစုတွေအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ မှာ ဝါရင့်အထူးကုဆရာဝန်ကြီးများ၊ အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဝန်များနှင့် ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်သော ကျန်းမာရေးဆိုင်ရာရလဒ်များဆီသို့ သင့်တော်သောကျန်းမာရေးဝန်ဆောင်ခနှင့်အတူအချိန်တိုင်းမှာခိုင်ရတနာ ၂၄နာရီ ၇ရက်ပတ်လုံး ရှိနေပါတယ်။

ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတိုင်းဟာ အချိန်နှင့်တပြေးညီ အရေးပါတဲ့အတွက်ကြောင့် အရေးပေါ်ဌာန

ပြင်ပလူနာဌာန

ခေတ်မီစက်ပစ္စည်းများနှင့် ပိုးမွှားသန့်စင်
ထားပြီး သန့်ရှင်းသပ်ရပ်သော ခွဲစိတ်ခန်းများ၊
သားဖွားခန်းများ

ဓာတ်ခွဲ၊ဓာတ်မှန်ဌာန

ကျောက်ကပ်သွေးသန့်စင်ဌာန

အစာအိမ်နှင့် အူမကြီး မှန်ပြောင်းကြည့်ရှု
နိုင်ခြင်း

သည်းခြေလမ်းကြောင်း မှန်ပြောင်းဖြင့် စစ်ဆေးကုသခြင်း

နည်းလမ်းများအား ဆေးဘက်ဆိုင်ရာ နည်းပညာအဆင့်မြင့်များနှင့် ခေတ်မီစက်ကိရိယာများဖြင့် တပ်ဆင်ထားသောကြောင့် အရည်အသွေးမြင့် ဆေးကုသမှုများ၊ တိကျမှန်ကန်သော ရောဂါရှာဖွေစစ်ဆေးမှုများ၊ ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုများနှင့် ကျွမ်းကျင်ဆရာဝန်များ၏ ဆွေးနွေးတိုင်ပင်မှုများဖြင့် လူနာများအား ကျန်းမာသုခချမ်းသာ ကောင်းခြင်းအဖြာဖြာကို ရရှိခံစားနိုင်ပါပြီ။

ခိုင်ရတနာဆေးရုံ(သာကေတ)

ဆက်သွယ်စုံစမ်းရန်
၀၉ ၈၈၅ ၇၂၇၂၇၂
၀၉ ၈၈၅ ၇၄၇၄၇၄

အမှတ်(၂၄၀၅/A-၂၄၀၆A)၊ (၁၀)တောင်ရပ်ကွက်၊ ရတနာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🗺️
https://maps.app.goo.gl/2ZPibBbFumFqdZP98?g_st=ic




#ခေတ်သစ်လူနေမှုကျန်းမာရေးမဏ္ဍိုင်ခိုင်

📣 Job vacancy announcementခိုင်ရတနာဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည် ။အလုပ်လျှောက်လွှာများက်ို...
08/10/2024

📣 Job vacancy announcement

ခိုင်ရတနာဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည် ။

အလုပ်လျှောက်လွှာများက်ို ရုံးချိန် အတွင်း ဆေးရုံတွင် လာရောက်လျှောက်ထားနိုင်ပါသည် ။ (သို့မဟုတ် )

[email protected] သ်ို့ (သို့မဟုတ် ) 09786015091 viber သို့ပေးပို့လျှောက်ထားနိုင်ပါသည် ။

  sharing about Monkey Pox မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများ📌မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ ? မျောက်ကျောက်ရောဂါဆိုတ...
21/08/2024

sharing about Monkey Pox

မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများ

📌မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ ?

မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။

📌ရောဂါလက္ခဏာများ အနေဖြင့်

-ဖျားခြင်း၊
-ခေါင်းအရမ်းကိုက်ခြင်း၊
-ကြွက်သားနာကျင်ခြင်း၊
- ခါးနာခြင်း၊
-အားအင်ကုန်ခမ်းခြင်း၊
- ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် -အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း (သို့မဟုတ်) အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။

📍အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ‌ ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် (သို့မဟုတ် ) အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။

ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။

အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။

📍အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ဆေးကုသမှုခံယူရန်မလိုဘဲ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။

📍မွေးကင်းစကလေးငယ်များ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများ နှင့် ခုခံအား/ ကိုယ်ခံအား ကျဆင်းနေသည့်သူများတွင် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အန္တရာယ်ရှိနိုင်ပါသည်။

📌ကာကွယ်ရန် နည်းလမ်းများ

❇️ကာကွယ်ဆေးထိုးခြင်း ( The JYNNEOS vaccine is recommended for prevention of mpox. Getting both doses provides the best protection. You should get two doses 4 weeks apart. )

ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။
ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၎င်းကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

❇️ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုမှ ရှောင်ကြဉ်ခြင်း
❇️ မျောက်ကျောက်ရောဂါသံသယ ရှိသူနှင့် အသားချင်းထိတွေ့ခြင်း မှ ရှောင်ကြဉ်ခြင်း
❇️ မျောက်ကျောက်ရောဂါသံသယရှိသူ၏ အသုံးအဆောင်များက်ို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊ မဖြစ်မနေ ကိုင်တွယ်ရမည် ဆိုပါက နှာခေါင်းစည်းတပ်ခြင်း ၊ တခါသုံးလက်အိတ်ဝတ်ဆင်ပြီးမှ ကိုင်တွယ်ခြင်း နှင့် ကိုင်တွယ်ပြီးပါက လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးကြောခြင်း
❇️ ရောဂါပိုးရှိသူ၏ အဝတ်အထည်များက်ို ရေနွေး ၊ ဆပ်ပြာတို့နှင့် စင်ကြယ်အောင် လျှော်ဖွတ်ခြင်း ၊ ရောဂါပိုးရှိသူအား သီးသန့်နေထိုင်စေခြင်း ၊ အရေပြား အဖုအဖိမ့်များက်ို ဖုံးအုပ်သည့် အဝတ်အစားမျ်ိုး ဝတ်ဆင်ခြင်း ၊ ပါးစပ်တဝိုက်တွင် အဖုအဖိမ့် ရှိနေပါက နှာခေါင်းစည်းတတ်ဆင်ခြင်းဖြင့် အခြားသူများအား ကူးစက်စေခြင်းကို လျော့ပါးစေနိုင်ပါသည် ။

📌မျောက်ကျောက်ရောဂါကို ကုသရန် ဆေးရှိသလား
-မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။

ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း ( သို့မဟုတ် )လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ (သို့မဟုတ်) မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။ ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကို အသုံးပြုဖို့ ထောက်ခံချက်ပေးထားပါသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ပါသည်။

📌ဆောင်သင့်သည့် အချက်များ

✅ လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း
✅ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်း
✅ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူခြင်း

ကိုးကား
WHO
https://www.who.int/myanmar/emergencies/mpox
How to Protect Yourself | Mpox | Poxvirus - CDC

sharing about Monkey Pox
#မျောက်ကျောက်ရောဂါ

Address

Yadanar Street
Yangon
11231

Telephone

+959885747474

Website

Alerts

Be the first to know and let us send you an email when Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khaing Yadanar Hospital-ခိုင်ရတနာဆေးရုံ-သာကေတ:

Shortcuts

Share

Category