21/08/2022
"Eye Twitching အကြောင်းသိကောင်းစရာများ"
👀Eye Twitching ဆိုတာဘာလဲ?
Eye Twitchingဆိုတာ လူမှုပတ်ဝန်းကျင်မှာအများခေါ်လေ့ရှိတဲ့ မျက်ကြောဆွဲခြင်း ၊ မျက်စိတစ်ဖက်မျက်တောင် ခဏခဏမှိတ် ခြင်း တို့ကိုခေါ်တာဖြစ်ပါတယ်။ ဒီအပြုမှုဟာ ပတ်ဝန်းကျင်မှာမြင်နေကျဖြစ်ပေမယ့် မျက်စိကျန်းမာရေးအတွက်တော့အန္တရာယ်ရှိနိုင်ပါတယ်။
Eye Twitchingအများစုဟာ မိနစ်အနည်းငယ်အတွင်းပဲကြာတတ်ပေမယ့် တစ်ချို့သောသူတွေမှာတော့ အကျင့်တစ်ခုအနေနဲ့ကြာရှည်စွာရှိနေတာတွေ့ရပါတယ်။ တကယ်လို့ သင့်မှာမကြာခဏ Eye Twitchingဖြစ်နေတယ်ဆိုရင်တော့ မျက်စိကုသတဲ့ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။
ဆေးပညာအခေါ်ဝေါ်အရ Eye Twitchingကို လို့ခေါ်ပါတယ်။
❓Eye Twitching ဘာကြောင့်ဖြစ်တာလဲ?
Eye Twitching ဖြစ်ရတဲ့အကြောင်းတွေကတော့ တစ်ခုထက်မကရှိပါတယ်။
စိတ်ဖိစီးမှုမကြာခဏကြုံတွေ့ရတတ်တဲ့သူတွေမှာ Eye Twitching ဖြစ်နိုင်ပါတယ်။
အိပ်ရေးပျက်တာတွေများပြီး ပင်ပန်းနွမ်းလျလာတဲ့ အချိန်တွေမှာလည်း Eye Twitching ဖြစ်နိုင်ပါတယ်။
Coffee အလွန်ကျွံသောက်တတ်သူတွေလည်းဖြစ်နိုင်ပါသေးတယ်။
Eye Twitching ကိုဖြစ်စေတဲ့တခြားသော အကြောင်းရာတွေကတော့ အရက်အလွန်အကျွံသောက်ခြင်း၊ မျက်စိခြောက်သွေ့ခြင်း၊ မျက်စိနာကျင်ကိုက်ခဲခြင်း ၊ Eye Allergiesဖြစ်ခြင်း အစရှိတဲ့အကြောင်းရာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
🔴Eye Twitching ရဲ့ လက္ခဏာများ
Eye Twitching မှာ အပျော့စားနဲ့အပြင်းစားလက္ခဏာဆိုပြီးနှစ်မျိုးရှိပါတယ်။
အပျော့စားလက္ခဏာမှာတော့ လျှပ်တစ်ပြတ်အတွင်းမှာ မျက်ခွံကနှစ်ကြိမ်ဆက်တိုက်ပိတ်လိုက်ဖွင့်လိုက်ဖြစ်သွားတတ်တယ်။ ဒါပေမယ့် ဒီလက္ခဏာက ရက်အနည်းလောက်ပဲဖြစ်တတ်ပြီး မကြာခင်မှာပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။
အပြင်းစားလက္ခဏာမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကြာရှည်စွာမျက်ခွံက ပိတ်လိုက်ဖွင့်လိုက်ဖြစ်တတ်ပါတယ်။ ထိန်းချုပ်လို့မရတော့ဘဲ အကျင့်တစ်ခုဖြစ်သွားတဲ့အခြေနေထိကိုရောက်သွားပါတယ်။
✅ဘယ်လိုကုသရမလဲ?
Eye Twitching အတွက်ကုသမှုတွေကတော့ အမျိုးမျိုးရှိကြပါတယ်။ အပျော့စား Eye Twitching အတွက်ကုသမှုကိုတော့ ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ Stressတွေကို လျှော့ချပါ။အိပ်ချိန်လုံလောက်စွာရယူပြီး အနားယူပါ။ Caffeine ဓာတ်ကိုလည်းလျှော့ရပါမယ်။
အပြင်းစား Eye twitching အတွက်ဆိုရင်တော့ မျက်စိကုသမှုပေးနေတဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
💯👨🏻⚕️ရောဂါဆိုတာ ကုသရင်ပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် Eye twitching ဖြစ်နေပြီဆိုရင် မပေါ့ဆဘဲ ကျွမ်းကျင်ဆရာဝန်တွေဆီမှာ ကုသမှုခံယူပါလို့ The Eye Health ကနေ အကြံပေးချင်ပါတယ်။
" သင့်မျက်စိကိုဂရုစိုက်ပါ "
#မျက်စိ #ကျန်းမာရေး
T h e E y e H e a l t h
#မျက်စိကျန်းမာရေး