LMH Healthcare Services

LMH Healthcare Services Health and medical services

31/08/2025

ဘာလေးဘာ စပြီနော်
GPတွေ ကြောက်ကြတယ်ဆိုလား😂

စာလေးတွေ တနေ့တစ်ပုဒ် နှစ်ပုဒ်တင်မယ် စိတ်ကူးထားလို့ ကိုယ့်ကိုယ်ကတိပေးထားလို့ ရေးပါအုံးမယ်ရေးရတဲ့ ရည်ရွယ်ချက်က တစ်ခုခုကို ...
29/08/2025

စာလေးတွေ တနေ့တစ်ပုဒ် နှစ်ပုဒ်တင်မယ် စိတ်ကူးထားလို့ ကိုယ့်ကိုယ်ကတိပေးထားလို့ ရေးပါအုံးမယ်

ရေးရတဲ့ ရည်ရွယ်ချက်က
တစ်ခုခုကို တစိုက်မတ်မတ်လုပ်နေချင်လို့
(စာရေးနေရင် အာရုံသိပ်မလွင့်တော့)
ကိုယ်ကုထားတာလေးတွေ အမှတ်တရ သိမ်းဆည်းချင်လို့
ရေးထားတာလေးတွေ ဝင်ရောက်ဆွေးနွေးပေးကြသူများရှိရင် ပညာပိုတိုးမယ် ယူဆလို့ ဒါပါပဲ
ဆိုတော့ လိုအပ်တာလေးတွေရှိနေကောင်းရှိနေနိုင်ပါတယ်
😇😇😇

Case က
53 နှစ် အမျိုးသမီး
U/L Type 2 DM
Poor Drug compliance
Not well controlled

လာပြတာက AVI အတွက်ပါ

သွေးပေါင်ချိန်ရင်း တွေ့ရတဲ့ skin lesion လေးအကြောင်း ရေးချင်တာပါ

Flu season မှာ AVI တွေပဲကုရင်း ရိုးအီနေတဲ့ကိုယ့်အတွက် စိတ်ဝင်စားစရာ ကေ့စ်လေး ရောက်လာတာပါပဲ

Skin lesion ကို ပြောမယ်ဆိုရင်
**Symmetrical itchy red bumps(papules) over
**Flexural surface of upper limbs
**also on both buttocks
*not involved web space and trunk
*no similar history in her family
*worse at night and very itchy ပါ

ခေါင်းထဲအရင်ဆုံးရောက်မိတာက scabies များလားပေါ့
ဒါပေမဲ့ symmetrical ကို လှလှပပလေးဖြစ်နေတာမျိုး
တခြားသူတွေမှာ မရှိပဲ အန်တီ့မှာပဲ ဖြစ်တာ
Web space မပါလဲ scabies တော့ဖြစ်နိုင်သေးတာ
Burrow ဘာညာမတွေ့
တူတာက ညကျမှ သိသာယားတာ
But အိပ်ရင်တော့ အိပ်ပျော်တယ် ထကုတ်ရတာမရှိ
ဆိုတော့ severity က scabiesယားတာလောက် မဆိုးသလိုပဲ
နောက် Eczema
Papular eczema ပေါ့နော်
တူတာတော့ တော်တော်တူသလိုပါ
Skin ကလဲ dry ဖြစ်တဲ့ထဲပါတယ်
ဖြစ်နိုင်တယ်ပေါ့နော်

နောက်ထပ်စဉ်းစားတာ middle aged , DM လဲတွဲနေတယ်ဆိုတော့ prurigo nodularis တို့ prurigo simplex တို့ပေါ့
Renal Cx ဝင်နေလား မနေလားတော့ သေချာမသိရသေး
ဆီးကတော့ကောင်းကောင်းထွက်တယ် အမြုပ်မထဘူး
Urine REလေးတော့ စစ်ချင်တာ
လာပြတာက AVI အတွက်ပဲဆိုတော့
ရှင်းပြပြီး အရေပြားအတွက်ကုချင်ရင် ထပ်လာပြဖို့ မှာပါတယ်
GP မှာက တွေ့တာအကုန် တန်းကုပေးလိုက်ရင် လူနာက မပျော်ဘူးတော့ ဖြည်းဖြည်းချင်း ကိုယ့်ဖက်ပါအောင်ပြောယူရတာ😂
ကိုယ့်ရဲ့ working Dx က
Prurigo simplex ပါ
Eczema လဲ ထင်ပါတယ်
သွားမယ့် Tx လိုင်းက ဆင်တူလေးပဲဆိုတော့အရမ်းခေါင်းရှုပ်မခံသေးပါဘူး လောလောဆယ်ထိ🤪

Topical steroids
Anti histamine
Moisturizer ပါ

ပေးဖို့စိတ်ကူးယဉ်နေတာပါ
လူနာက AVI ပဲကုသွားတာပါ 😩

F/up ပြန်လာပါစေ မျှော်နေရင်း
လူနာပါးနေတဲ့ GP ဆာဝန်လေးမှ🥺

ကလေးလူနာလေးတွေလဲ ကြည့်ရလေ့ရှိတော့Emergency case လေးတစ်ခုအကြောင်း ရေးအုံးမယ်ကလေးမလေးက ၂နှစ်နဲ့ ၁၁လ အဖျားကြီးပြီး တက်လို့လ...
27/08/2025

ကလေးလူနာလေးတွေလဲ ကြည့်ရလေ့ရှိတော့
Emergency case လေးတစ်ခုအကြောင်း ရေးအုံးမယ်
ကလေးမလေးက ၂နှစ်နဲ့ ၁၁လ အဖျားကြီးပြီး တက်လို့လာပြတာ
စဝင်လာထဲကကြည့်လိုက်တော့ ကလေးက မှိန်းပြီးပျော့နေပြီ တစ်ချက်တစ်ချက် မျက်ဖြူလန်လန်သွား
တကိုယ်လုံးကတော့ပျော့ခွေ ဇက်လဲမထောင်နိုင်
ကြည့်တာနဲ့ သိနေပြီ လွှဲရတော့မယ်ပေါ့

လိုအပ်တာအမြန်မေးစမ်းတော့

ဖျားတာ ၄ရက်
ချောင်းခြောက်ဆိုးတယ် (အမေကတော့ သေချာမပြောနိုင်)
ကြပ်တယ် ရွှီရွှီမြည်တယ် အစာမဝင်တာ ၂ရက်ရှိပြီ
မှိနးတာလဲ ၂ရက်ရှိပြီ
ဆီးနည်းတယ်
တက်တာကတော့ ဒီနေ့မှ
အိမ်မှာတက်လာတာနဲ့ဆို ၁၀မိနစ်ကျော်လောက်ကြာနေပြီ

အရင် ဖျားရင်မတက်ဖူးဘူးတဲ့
တခါမှလဲ မဖျားဖူးဘူးဆိုပဲ
ရှေ့ရက်ကဆေးခန်းပြထားတယ် အအေးမိတယ်ပြောတယ်
ပေးတဲ့ဆေးတွေ တိုက်ထားတယ်
ပိုးသတ်ဆေးတစ်ခုခုပါမယ်ယူဆရတယ်
ဒါပေမယ့်အဖျားမကျဘူးတဲ့
ကာကွယ်ဆေးက အစုံမထိုးဖြစ်ဘူးလို့ ယူဆရတာပဲ

စမ်းကြည့်လိုက်တော့
Drowsy
Fever 102*
Ronchi + crepts both side
Air entry reduced on rt side
SP02 88%
PR 140bpm PV good
BP မစမ်းမိ
Para suppo ထည့်ခိုင်းပြီး လွှဲဖို့ပြင်
ကလေးကို ဘေးစောင်းလေးထားပြီး O2ပေးထား
ဆေးရုံကားခေါ်ပေါ့
ကိုယ်ကုရတာတော့ ဘာမှသိပ်မရှိ

ဆေးရုံသွားဆို လမ်းစရိတ်မရှိ
ငွေလေးသောင်းထုတ်ပေးပြီး ဆေးရုံအပြန် လာပြဖို့ပဲပြော

ကိုယ်လဲ သိချင် ပညာယူချင်လို့
အရမ်းကြီးမှိန်းခွေနေတော့ LP ဘာညာဖောက်ရမယ်တောင်ထင်ထားတာ

ဆေးရုံမှာစစ်တာက
Dengue sero Negative
WBC 22.4
Hb 8.8
Plt 429
CRP 15.14
CXR -> Pnemonia (Rt > Lt upper zones)

Dx က Febrile convulsion with severe pneumonia ပေါ့
ဆေးရုံမှာ ပိုးသတ်ဆေးထိုး Drip ချိတ်နဲ့ ခလေးက ပြန်ကောင်းသွားပါတယ်
ဆေးရုံဆင်းတော့ Antibiotics 5ရက်ဆက်သောက်ခိုင်းပါတယ်
ကိုယ့်ဆီလာပြတော့ ဒေါင်ဒေါင်မြည်နေပါပြီ

Case က ရိုးရိုးလေးပါပဲ
Emergency case လာရင် မပြာဖို့နဲ့ ကိုယ့်ဆီမှာ လိုတာလေးရှိအောင် ဥပမာ O2 Dz inj စတာလေးတွေပြင်ဆင်ထားဖို့ပါပဲ

လူနာနဲ့ trust တည်ဆောက်ရတာလွယ်ပါတယ်
၄၀၀၀၀ပေးလိုက်တာကိုးလို့ မပြောကြေး😂😂

Address

Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959789592179

Website

Alerts

Be the first to know and let us send you an email when LMH Healthcare Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to LMH Healthcare Services:

Shortcuts

Share