မြစကြာဆရာမထက်အဉ္ဇလီ - Tarot Reader

  • Home
  • Myanmar
  • Yangon
  • မြစကြာဆရာမထက်အဉ္ဇလီ - Tarot Reader

မြစကြာဆရာမထက်အဉ္ဇလီ - Tarot Reader ✡️ တားရော့ ၊ အင်း စမ ၊ ဆန်း ၊ မဟာဘုတ် ၊ ဇာတာစစ်ခြင်း ၊ ယတြာ ၊ အစီအရင် ပြုလုပ်ခြင်း ✡️
🌷🙏မြစကြာဒေါက်တာဆရာဇော်ဇော်🙏🌷 ၏တပည့်အရင်း
မြစကြာဆရာမထက်အဉ္ဇလီ

09/08/2026

💸 ဩဂုတ်လမှာ ဘယ်နေ့နံတွေ ပိုက်ဆံဝင်မလည်း ၊ ငွေကြေးကံပ်ိုမိုကောင်းမွန်လာမလဲ။

ယခု ( ၈ ) လပိုင်း အတွက် တားရော့ကတ်တွေ ဆွဲကြည့်လိုက်တဲ့အခါ နေ့နံတစ်ခုစီရဲ့ ငွေကြေးလမ်းကြောင်း ထင်ရှားစွာ ကွဲပြားနေတာကို တွေ့ရတယ်။ ကိုယ့်နေ့နံအတွက် ဘာပြင်ဆင်ထားသင့်လဲဆိုတာ ဖတ်ကြည့်ရအောင်ရှင် ။

⚡️ တနင်္ဂနွေ – အထက်လူကြီးအဆက်အသွယ်ကောင်းလို့ လာဘ်လာဘတွေရမယ်။ ဒါပေမယ့် ပါတီပွဲ၊ အလှူအတန်းတွေမှာ ငွေအများကြီး အလိုလိုကုန်တတ်
တယ်။ ငွေကြေးသုံစွဲမှု့ကို သေချာ စီစစ်ပါ ။

🌊 တနင်္လာ – မျှော်လင့်မထားတဲ့ ငွေလေးတွေ ရောက်လာနိုင်ပေမယ့် လက်ထဲရောက်တာနဲ့ အလိုလိုကုန်သွားတတ်တယ်။ ချက်ချင်းသုံးပစ်တဲ့အကျင့်ကို
ယခုလမှာ ဆင်ခြင်ပါ ။

🔥 အင်္ဂါ – သတိပေးချက်။ စကားအချေအတင်ဖြစ်မိရင် ငွေကြေးဆုံးရှုံးတတ်တယ်။ ဒီလအတွင်း စီးပွားရေးဆုံးဖြတ်ချက်ကြီးကြီးမားမားတွေကို တစ်ယောက်ထဲ မချပါနဲ့။

🧠 ဗုဒ္ဓဟူး / ရာဟု – ကိုယ့်ရဲ့ အိုင်ဒီယာကောင်းတွေက ဒီလမှာ ငွေအဖြစ် ပြောင်းလဲလာမယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ဆုံရင် အခွင့်အလမ်းကောင်းတွေ ဖွင့်ပေးမယ်။ စာချုပ်စာတန်းတွေကိုတော့ သေချာပြန်စစ်ပါ။

👑 ကြာသပတေး – ဒီလရဲ့ ငွေကြေးဘုရင်။ စီးပွားရေးအဆီးအတားတွေ ရှင်းသွားပြီး မျှော်မှန်းထားတာထက် အမြတ်တွေ ပိုဝင်လာမယ်။ ရတဲ့ငွေကို မြေပစ္စည်း ဒါမှမဟုတ် အိမ်ခြံမြေလိုမျိုး ရေရှည်မှာ အကျိုးရှိမယ့်ဟာတွေဆီ ပြန်လည်ရင်းနှီးမြှုပ်နှံသင့်ပါတယ် ။

🌸 သောကြာ – ဝင်ငွေကတည်ငြိမ်ပေမယ့် မိသားစုဘက်က မထင်မှတ်တဲ့ ကုန်ကျစရိတ်တွေ ပေါ်လာနိုင်တယ်။ အရေးပေါ်အတွက် ကြိုသိမ်းထားတဲ့ ပိုက်ဆံလေးပါသွားတက်ပါတယ် ။

⛰️ စနေ – ပင်ပန်းလေ ငွေရလေ။ ဒါပေမယ့် ဒီလမှာ အလွယ်တကူချမ်းသာဖို့ဆိုတာ မရှိဘူး။ တည်တည်ငြိမ်ငြိမ် ကိုယ့်လုပ်ရိုးလုပ်စဉ်ကို ဆက်လုပ်သွားပါ။ လကုန်လောက်ရောက်မှ ရလဒ်ကောင်းတွေ ပြန်မြင်ရမယ်။

---

ကိုယ့်နေ့နံရဲ့ဟောကိန်းကို သိပြီဆိုရင် Save ထားပြီး သူငယ်ချင်းတွေကိုပါ Share လုပ်ပေးပါ။ ဘယ်သူတွေ အတူတူကံကောင်းနေလဲ ကြည့်ရအောင် 💰

#မြစကြာဆရာမထက်အဉ္ဇလီ #တားရော့ဟောကိန်း #ဩဂုတ်လငွေကြေး #ကံဇာတာတက်မယ့်လ

04/08/2026

ဆရာမ ကျန်းမာရေး အခြေအနေကြောင့်
Reading အသစ်လေးတွေ မတင်ဖြစ်တာပါရှင် ။

မကြာခင် ဟောကိန်းလေးတွေ ပြန်တင်ပေးပါမယ် ။ ☺️

ဗေဒင်မေးထားသူတွေကိုတော့ Booking အလိုက်
ဟောကိန်းလေးတွေပို့ပေးနေပါတယ်ရှင် ။

#မြစကြာဆရာမထက်အဉ္ဇလီ

🐉 “သိုက်ကလာတဲ့သူ” တွေမှာ အချစ်ရေး၊ အိမ်ထောင်ရေး ဘာကြောင့် မကြာခဏ အဆင်မပြေတာလဲ… သိုက်ဆက်လေးတွေ ကြုံရတက်တဲ့ အချစ်ရေးအခြေအန...
20/07/2026

🐉 “သိုက်ကလာတဲ့သူ” တွေမှာ အချစ်ရေး၊ အိမ်ထောင်ရေး ဘာကြောင့် မကြာခဏ အဆင်မပြေတာလဲ…

သိုက်ဆက်လေးတွေ ကြုံရတက်တဲ့ အချစ်ရေးအခြေအနေလေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်ရှင် ။

🦋 အရမ်းချစ်ပေမယ့် မပိုင်ဆိုင်ရတတ်ဘူး
ကိုယ်အရမ်းချစ်တဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားတာ၊ နောက်ဆုံးမှာ မပေါင်းဖက်နိုင်တာမျိုး ဖြစ်တတ်တယ်။

🦋ရည်းစားဟောင်းတွေ ပြန်ပေါ်လာတတ်တယ်
ပြတ်ပြီးသားလူက မထင်မှတ်တဲ့အချိန်မှာ ပြန်ဆက်သွယ်လာတာ၊ ဘဝထဲကို ပြန်ဝင်လာတာမျိုး ကြုံရတတ်တယ်။

🦋အိမ်ထောင်ရေး နောက်ကျတတ်တယ်
အိမ်ထောင်ကျဖို့ နှောင့်နှေးတာ၊ စေ့စပ်ပြီးမှ ပျက်သွားတာမျိုးတွေ ၊ မင်္ဂလာဆောင်ခါနီး အတားအဆီးတွေ ပေါ်လာတာမျိုးကို ကြုံရတတ်ပါတယ် ။

🦋တတိယလူ ဝင်လွယ်တတ်တယ်
အချစ်ရေးအဆင်ပြေနေချိန် ပျော်ရွှင်နေရချိန်တွေမှာတောင် မထင်မှတ်တဲ့ ပြဿနာတွေ၊ ကြားလူဝင်ရောက်နှောင့်ယှက်မှုတွေ ပေါ်လာတတ်တယ်။

🦋ကိုယ်ပေးသလောက် ပြန်မရဘူး
ကိုယ်က အကုန်ပေးဆပ်ပေမယ့် တန်ဖိုးထားမခံရတာ၊ နာကျင်ရတာမျိုး ဖြစ်တတ်တယ်။

🦋အချစ်ရေးမှာ မကြာခဏ စမ်းသပ်ခံရတတ်တယ်
လမ်းခွဲခြင်း၊ အဝေးရောက်ခြင်း၊ မယုံကြည်မှု၊ နားလည်မှုလွဲခြင်းတွေကို အကြိမ်ကြိမ် ဖြတ်သန်းရတတ်တယ်။ စိတ်ပင်ပန်းရတဲ့ အချစ်ရေးမျိုး မကြာခဏ ကြုံတွေ့ရတတ်တယ် ။

🦋ဖူးစာအစစ်ကို တွေ့တဲ့အချိန်ကစပြီး ဘဝပြောင်းသွားတတ်တယ်။ မှန်ကန်တဲ့ လက်တွဲဖော်နဲ့ တွေ့သွားရင်
အရင်ကလို အချစ်ရေးပြဿနာတွေ တဖြည်းဖြည်း လျော့နည်းလာတတ်ကြပါတယ် ။

🔮 သိုက်ကလာတဲ့သူတွေရဲ့ အချစ်ရေးဟာ ပျော်ရွှင်မှုနဲ့ မထိုက်တန်လို့ မဟုတ်ဘဲ စိတ်ဓာတ်၊ သစ္စာတရားနဲ့ ကံကြမ္မာက စမ်းသပ်တာကိုခံရတဲ့ အချိန်တွေ ပိုများတတ်ကြပါတယ်ရှင် ။

📌 မိတ်ဆွေကရော…
🌻သိုက်ကလာတဲ့သူ ဟုတ်၊ မဟုတ် သိချင်ပါသလား ။
🌻အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘာကြောင့် အခက်အခဲတွေ မကြာခဏ ကြုံနေရတာလဲ သိချင်ပါသလား ။
🌻 ဘယ်အသက်အရွယ်မှာ ဖူးစာအစစ်နဲ့ ဆုံနိုင်မလဲ သိချင်ပါသလား ။

🩷သိုက်စက် အချစ်ရေး ၊ အိမ်ထောင်ရေး ဇာတာစစ်လိုလျှင် အသေးစိတ်တွက်ချက် စစ်ဆေးပေးပါတယ်ရှင် ။

#မြစကြာဆရာမထက်အဉ္ဇလီ

13/07/2026

💝ဒီနေ့နံလေးတွေကတော့ Love Energy အမြင့်ဆုံးမှာရှိနေပါတယ်ရှင် 🥰🥰

အချစ်ရေးကံပွင့်နေပြီ

💞 ကိုယ်မှကိုယ် သဲသဲလှုပ်အချစ်ခံရနိုင်တယ်။

💌 ရည်းစားဟောင်းဆီက ပြန်ဆက်သွယ်လာနိုင်တယ်။

🌸 Single ဆိုရင်လည်း Relationship အသစ် စတင်နိုင်တဲ့ Energy တွေ ဝင်လာနေတယ်ရှင့်

✨ တနင်္လာ ၊ ဗုဒ္ဓဟူး ၊ စနေ

အထက်ပါ နေ့နံတွေထဲမှာ မိတ်ဆွေပါနေရင်

ကွန်မန့်လေးရေးပြီး

Love Energy ကိုလက်ခံလိုက်ပါရှင် 🤗🤗

#မြစကြာဆရာမထက်အဉ္ဇလီ

09/07/2026

✨ တစ်ပတ်စာ နေ့နံ (၇) နေ့အလိုက် ကံမြင့် ကံတက် စေရန် ဆောင်ရန် ၊ ရှောင်ရန် လွယ်ကူရိုးရှင်းယတြာ လေးတွေ တင်ပေးလိုက်ပါတယ် ✨

🌞 တနင်္ဂနွေ

🍀 ဆောင်ရန် – အဝါရောင်အဝတ်အစား ဝတ်ဆင်ပါ။ မိဘနှင့် သက်ကြီးရွယ်အိုများကို ကူညီပေးပါ။

🚫 ရှောင်ရန် – ဒေါသနှင့် စကားမာမာပြောခြင်းကိုရှောင်ပါ ။

✨ ယတြာ အနေဖြင့် – ဘုရားတွင် ရေ (၁) ခွက်၊ ပန်းအဝါ (၁) ပွင့် ကပ်လှူပြီး “အခက်အခဲများ ပြေလည်ပါစေ” ဟု ဆုတောင်းပေးပါရှင် ။

🌙 တနင်္လာ

🍀 ဆောင်ရန် – ရေများများသောက်ပါ။ အေးချမ်းသောစိတ်ဖြင့် နေထိုင်ပါ။

🚫 ရှောင်ရန် – စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချခြင်းမျိုးကိုရှောင်ကြဉ်ပါ ။ မည်သည့်ကိစ္စမဆို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ပါ ။

✨ ယတြာ – ရေသန့်တစ်ခွက် ကပ်လှူပြီး ငှက်များကို အစာကျွေးပေးပါ။

🔥 အင်္ဂါ

🍀 ဆောင်ရန် – အနီရောင် သို့မဟုတ် ပန်းရောင်အသုံးအဆောင် ဆောင်ထားပါ။

🚫 ရှောင်ရန် – အငြင်းပွားခြင်း ၊ စကားစစ်ထိုးခြင်းရှောင်ပါ ။ စိတ်အလိုလိုက်၍ ပြုမူဆောင်ရွက်ခြင်း ရှောင်ပါ ။

✨ ယတြာ – ဘုရားတွင် အနီရောင်ပန်း (၃) ပွင့် ကပ်လှူ၍ မိမိအလိုရှိရာကို ဆုတောင်းပါ။

🌿 ဗုဒ္ဓဟူး

🍀 ဆောင်ရန် – စကားကို နူးညံ့စွာပြောပါ။ နွမ်းပါးသော လူတစ်ယောက်ကို အကူအညီပေးပါ။

🚫 ရှောင်ရန် – စကားကို မဟုတ်မမှန်ပြောဆိုခြင်းမျိုးရှောင်ပါ။

✨ ယတြာ – အစိမ်းရောင်အပင်တစ်ပင်ကို ရေလောင်းပြီး ကောင်းမှုကုသိုလ်ပြုလုပ်ပါ ၊ အမျှဝေပါ။

🌼 ကြာသပတေး

🍀 ဆောင်ရန် – စာဖတ်ခြင်း၊ ဘုရားစာရွတ်ခြင်း၊
မိမိသိထားသော အတက်ပညာမျှဝေခြင်း မျိုး ပြုလုပ်ပါ ။

🚫 ရှောင်ရန် – မာနကြီးခြင်း၊ သူတစ်ပါးကို အထင်သေးခြင်းမျိုးရှောင်ပါ ။

✨ ယတြာ – ဘုရားတွင် ဖယောင်းတိုင် (၁) တိုင် ထွန်း၍
လုပ်ငန်းကံတိုးတက်စေရန် ဆုတောင်းပါ။

🌸 သောကြာ

🍀 ဆောင်ရန် – ပန်းနုရောင် သို့မဟုတ် အဖြူရောင် ဝတ်ဆင်ပါ။ ကောင်းသောစကား ၊ မေတ္တာစကားများ ပြောဆိုပါ။

🚫 ရှောင်ရန် – မနာလိုစိတ်၊ မကျေနပ်စိတ် မွေးမြူခြင်း
မျိုးရှောင်ပါ ။

✨ ယတြာ – ဘုရားတွင် မွှေးသောပန်း (၅) ပွင့် ကပ်လှူပြီး မေတ္တာပွားပါ ၊ မိမိ အလိုရှိရာ ဆုတောင်းပါ ။

🪨 စနေ

🍀 ဆောင်ရန် – အနက်ရောင်၊ ခရမ်းရောင် သို့မဟုတ် နက်ပြာရောင် ဝတ်ဆင်ပါ။ သည်းခံစိတ်ထားပြီး အလုပ်ကို အာရုံစိုက်လုပ်ဆောင်ပေးပါ။

🚫 ရှောင်ရန် – အလျင်လို ဆုံးဖြတ်ခြင်း၊ သူတစ်ပါးအပေါ် အပြစ်တင်ခြင်းမျိုးရှောင်ပါ ။

✨ ယတြာ – ဘုရားတွင် ရေတစ်ခွက် ကပ်လှူ၍ “အတားအဆီးများ ဖယ်ရှားပေးပါ၊ ကံကောင်းခြင်းများ ဝင်ရောက်လာပါစေ” ဟု ဆုတောင်းပေးပါရှင် ။

🍀 ကောင်းသောစိတ်၊ ကောင်းသောအပြုအမူနှင့် ကြိုးစားအားထုတ်မှုတို့က ကံကောင်းခြင်းများကို ပိုမိုရရှိလာအောင် ဆွဲငင်ပေးနိုင်ပါသည်။ မိတ်တွေများအားလုံး စိတ်ချမ်းသာ၊ ငွေကြေးအဆင်ပြေပြီး လုပ်ဆောင်သမျှ အောင်မြင်ကြပါစေရှင် ။ 🙏

#မြစကြာဆရာမထက်အဉ္ဇလီ

🪐 July လမှာ စနေသားသမီးတွေ ဒီစာကိုတွေ့ရင် မကျော်သွားပါနဲ့...ဒီလက “ဆုံးရှုံးသွားပြီ” လို့ ထင်ထားတဲ့ အရာတစ်ခု ပြန်လည်ရရှိလာ...
07/07/2026

🪐 July လမှာ စနေသားသမီးတွေ ဒီစာကိုတွေ့ရင် မကျော်သွားပါနဲ့...

ဒီလက “ဆုံးရှုံးသွားပြီ” လို့ ထင်ထားတဲ့ အရာတစ်ခု ပြန်လည်ရရှိလာနိုင်တဲ့ လတစ်လဖြစ်ပါတယ် ။

တချို့အတွက်…
💼 အလုပ်အခွင့်အရေး အသစ်တွေရရှိလာမယ် ။

တချို့အတွက်…
💰 မျှော်မထားတဲ့ ငွေဝင်ကိန်းတွေပေါ်လာမယ်ရှင့် ။

တချို့အတွက်…
❤️ ပြတ်သွားတဲ့ လူတစ်ယောက်ဆီက သတင်းစကားဖြစ်စေ ဆက်သွယ်လာတာဖြစ်စေကြုံရပါလိမ့်မယ် ။

ဒါပေမယ့်…

July က စနေနေ့နံတွေကို စမ်းသပ်မယ့်လလည်း ဖြစ်ပါတယ်။

စိတ်လှုပ်ရှားပြီး ဆုံးဖြတ်ချက်အမြန်ချရင် နောင်တရနိုင်ပါတယ်။

ဒီလမှာ…
✨ ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့သူနဲ့ မထားတဲ့သူကို ကွဲကွဲပြားပြား မြင်လာရလိမ့်မယ်။

💼 အလုပ်အကိုင်မှာ ကြိုးစားမှုကို အသိအမှတ်ပြုခံရနိုင်ပြီး အခွင့်အရေးအသစ်တစ်ခုလည်း ပေါ်လာနိုင်ပါတယ်။

💰 ငွေဝင်ကံရှိပေမယ့် မလိုအပ်တဲ့ အသုံးစရိတ်တွေကိုတော့ လျော့ဖို့လိုပါတယ်။

❤️ အချစ်ရေးမှာတော့…
ပြန်လာတဲ့သူတိုင်းက ဖူးစာမဟုတ်သလို၊ အသစ်ဝင်လာတဲ့သူတိုင်းလည်း မကောင်းတဲ့သူ မဟုတ်ပါဘူး။ ဒီလက လူရွေးမှန်ဖို့ အရေးကြီးပါတယ်။

🌿 July လအတွက် ပေးချင်တဲ့Messageလေးကတော့

စောင့်ခဲ့ရတဲ့အရာတစ်ခုက ဒီလမှာ အဖြူ၊အမဲ သဲသဲကွဲကွဲသိလာနိုင်ပါတယ်။ ဒါပေမယ့် အဖြေကို လက်ခံဖို့ အသင့်ဖြစ်နေဖို့တော့ လိုပါတယ်။

💬 စနေနေ့နံလေးတွေ July မကုန်ခင် သတင်းကောင်းတစ်ခု ကြားရပါစေလို့ ဆုတောင်းပေးပါတယ်။

#မြစကြာဆရာမထက်အဉ္ဇလီ

🔮 July လတစ်လတာ သောကြာသားသမီးများ၏ ကံကြမ္မာ 🌸✨ ကံအဆိုးအကောင်းဒီလဟာ လူချစ်လူခင်ပေါများပြီး ကံဇာတာတက်လာမယ့်လ ဖြစ်ပါတယ်။💼 စီ...
07/07/2026

🔮 July လတစ်လတာ သောကြာသားသမီးများ၏ ကံကြမ္မာ 🌸

✨ ကံအဆိုးအကောင်း
ဒီလဟာ လူချစ်လူခင်ပေါများပြီး ကံဇာတာတက်လာမယ့်လ ဖြစ်ပါတယ်။

💼 စီးပွားရေး နှင့် အလုပ်အကိုင်
ဖောက်သည်အသစ်၊ အလုပ်အကိုင်အခွင့်အရေးသစ်တွေ ရရှိနိုင်ပါတယ်။ အနုပညာ၊ အလှအပ၊ Online လုပ်ငန်းများ အထူးကံကောင်းပါတယ်။

💰 ငွေကြေး
မထင်မှတ်တဲ့ ငွေဝင်ကံရှိနိုင်ပါတယ်။
လက်ဆောင်နဲ့ Bonus များလည်း ရရှိနိုင်ပါတယ်။

🤝 လူမှုရေး
လူသစ်တွေနဲ့ တွေ့ဆုံရပြီး အကျိုးရှိတဲ့ မိတ်ဆက်မှုတွေ ရရှိနိုင်ပါတယ်။

❤️ အချစ်ရေး နှင့် အိမ်ထောင်ရေး
Single တွေ Relationship စတင်နိုင်ပြီး ။

Couple တွေ အိမ်ထောင်သည်တွေကတော့
ပိုမိုနီးစပ်တဲ့ ဆက်ဆံရေးကို ရရှိမယ်။

📚 ပညာရေး
အနုပညာ၊ ဘာသာစကားနှင့် ဖန်တီးမှုဆိုင်ရာ ပညာရပ်တွေမှာ အောင်မြင်နိုင်ပါတယ်။

🩺 ကျန်းမာရေး
အသားအရေ ယားယံခြင်း ၊ ဟော်မုန်းအညီညွတ်ခြင်းနှင့် အိပ်ရေးမဝခြင်းကို ဂရုစိုက်ပါ။

🌿 ဆောင်ရန်
✅ အပြုံးမပျက်နေပါ။
✅ ပန်းအလှူပြုလုပ်ပါ။
✅ အကောင်းမြင်စိတ်ထားပါ။

⚠️ ရှောင်ရန်
❌ အချစ်ရေးမှာ အလျင်စလိုဆုံးဖြတ်ခြင်းရှောင် ။
❌ မလိုအပ်ပဲ ငွေသုံးစွဲခြင်းကိုရှောင်ပါ ။
❌ လူအပေါ် အလွန်အကျွံယုံကြည်ခြင်းမျိုးရှောင်ပါ ။

🍀 July လရဲ့ Key Messageအနေဖြင့်
သောကြာသားသမီးတွေသည် ယခုလထဲ အပြုံးတစ်ခုက ကံကောင်းခြင်းတံခါးကို ဖွင့်ပေးနိုင်ပါတယ်။

#မြစကြာဆရာမထက်အဉ္ဇလီ

🔮 July လတစ်လတာ ကြာသပတေးသားသမီးများ၏ ကံကြမ္မာ 🌼 ✨ ကံအဆိုးအကောင်းဒီလဟာ ဆုတောင်းပြည့်ဖို့ နီးစပ်လာတဲ့လ ဖြစ်ပါတယ်။ ကံကောင်းခ...
07/07/2026

🔮 July လတစ်လတာ ကြာသပတေးသားသမီးများ၏
ကံကြမ္မာ 🌼

✨ ကံအဆိုးအကောင်း
ဒီလဟာ ဆုတောင်းပြည့်ဖို့ နီးစပ်လာတဲ့လ ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ တဖြည်းဖြည်း ဝင်ရောက်လာနိုင်ပါတယ်။

💼 စီးပွားရေး နှင့် အလုပ်အကိုင်
အလုပ်မှာ အသိအမှတ်ပြုခံရနိုင်ပြီး လုပ်ငန်းတိုးချဲ့ဖို့ အခွင့်အရေးကောင်း ရှိပါတယ်။

💰 ငွေကြေး
ငွေဝင်တည်ငြိမ်လာပြီး ငွေစုနိုင်မယ့်လ တစ်လ ဖြစ်ပါတယ်။

🤝 လူမှုရေးတွင်
အကြီးအကဲတွေရဲ့ ကူညီထောက်ပံ့မှု ရရှိနိုင်ပါတယ်ရှင့် ။

❤️ အချစ်ရေး ၊ အိမ်ထောင်ရေး
ချစ်သူနဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရနိုင်ပါတယ်။

အိမ်ထောင်ရှင်များ သတင်းကောင်းရှိနိုင်ပါတယ်။

📚 ပညာရေး
နိုင်ငံခြားပညာရေး၊ သင်တန်း၊ လက်မှတ်ရယူခြင်းတွေမှာ ကံကောင်းနိုင်ပါတယ်။

🩺 ကျန်းမာရေး
သွေးပေါင်ကျခြင်းနှင့် အိပ်ရေးမဝခြင်းကို ဂရုစိုက်ပါ။

🌿 ဆောင်ရန်
✅ ဆရာသမားများကို ဂါရဝပြုပါ။
✅ အလှူဒါနပြုလုပ်ပါ။
✅ အဝါရောင်ပန်းများ ဘုရားကပ်ပါ။

⚠️ ရှောင်ရန်
❌ မလိုအပ်တဲ့ ငွေဖြုန်းတီးမှုမျိုးရှောင်ပါ ။
❌ မာနကြီးခြင်း၊ စကားပြောဆို မောက်မာတာမျိုးရှောင်ပါ ။
❌ ကတိလွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်တာမျိုးရှောင်ပေးပါ ။

🍀 July လရဲ့ Key Messageအနေဖြင့်
ကြာသာသတေးသားသမီးလေးတွေသည် ကောင်းမှုတစ်ခုကနေ ကံကောင်းခြင်းများစွာကို ပြန်လည်ခေါ်
ဆောင်လာပါလိမ့်မယ်။

#မြစကြာဆရာမထက်အဉ္ဇလီ

🔮 July လတစ်လတာ ဗုဒ္ဓဟူးသားသမီးများ၏ ကံကြမ္မာ 🌿✨ ကံအဆိုးအကောင်းဒီလမှာ ကံကြမ္မာတဖြည်းဖြည်း မြင့်တက်လာပြီး မျှော်လင့်ထားတဲ့...
06/07/2026

🔮 July လတစ်လတာ ဗုဒ္ဓဟူးသားသမီးများ၏ ကံကြမ္မာ 🌿

✨ ကံအဆိုးအကောင်း
ဒီလမှာ ကံကြမ္မာတဖြည်းဖြည်း မြင့်တက်လာပြီး မျှော်လင့်ထားတဲ့သတင်းကောင်းတွေ ကြားရနိုင်ပါတယ်။

💼 စီးပွားရေးနှင့် အလုပ်အကိုင်တွင်
ရာထူးတိုးခြင်း၊ အလုပ်သစ်ရခြင်း၊ စာချုပ်ချုပ်ဆိုရခြင်းတို့ ကြုံနိုင်ပါတယ်။

💰 ငွေကြေးနှင့်ပတ်သတ်ပြီး
ငွေဝင်တိုးလာနိုင်ပြီး အပိုဝင်ငွေလည်း ရနိုင်ပါတယ်။ ငွေစုဖို့ အချိန်ကောင်းပါရှင် ။

🤝 လူမှုရေးတွင်
လူချစ်လူခင် ပိုများလာပြီး ကိုယ့်ကို ထောက်ခံမယ့်သူတွေ တိုးလာမယ်။

❤️ အချစ်ရေး နှင့် အိမ်ထောင်ရေးတွင်
Single တွေအတွက် ဖူးစာကံလှုပ်ရှားနိုင်ပါတယ်။

Couple ၊ အိမ်ထောင်သည်တွေ အနေဖြင့် ယုံကြည်မှုပိုခိုင်မာလာမယ်။

📚 ပညာရေး
သင်ယူသမျှ လွယ်ကူစွာ နားလည်ပြီး အောင်မြင်မှုရရှိနိုင်ပါတယ်။

🩺 ကျန်းမာရေး
အနားယူချိန်နည်းတာကြောင့် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။
စိတ်သက်တောင့်သက်သာနေပြီး စိတ်ဖိစည်းမှု့တွေကိုလျော့ချပေးပါရှင် ။

🌿 ဆောင်ရန်
✅ စာပေဒါနပြုလုပ်ပေးပါ ။
✅ ဘုရားတွင် ရေချမ်းကပ်လှုပေးပါ ။
✅ အခွင့်အရေးသစ်တွေကို လက်ခံပါ။

⚠️ ရှောင်ရန်
❌ လူယုံလွယ်ခြင်းရှောင်ရမည် ။
❌ ကတိလွယ်လွယ်ပေးခြင်းမျိုးမပြုလုပ်ရ ။
❌ စိတ်ဖိစီးမှုများခြင်း ၊ အတွေးများခြင်းကို ဆင်ခြင်ပါ ။

🍀 July လအတွက် Key Messageအနေဖြင့်
ယုံကြည်မှုနဲ့ ကြိုးစားမှုက ဗုဒ္ဓဟူးသားသမီးလေးတွေကို ပိုမိုတောက်ပစေပါလိမ့်မယ်ရှင့် 🥰

#မြစကြာဆရာမထက်အဉ္ဇလီ

🔮 July လတစ်လတာ အင်္ဂါသားသမီးများ၏ ကံကြမ္မာ 🔥✨ ကံအဆိုးအကောင်းဒီလဟာ ကြိုးစားသလောက် အကျိုးပြန်ရမယ့်လ ဖြစ်ပါတယ်။ နှောင့်နှေး...
05/07/2026

🔮 July လတစ်လတာ အင်္ဂါသားသမီးများ၏ ကံကြမ္မာ 🔥

✨ ကံအဆိုးအကောင်း
ဒီလဟာ ကြိုးစားသလောက် အကျိုးပြန်ရမယ့်လ ဖြစ်ပါတယ်။ နှောင့်နှေးနေတဲ့ကိစ္စတွေ တဖြည်းဖြည်း အဆင်ပြေလာနိုင်ပါတယ်။

💼 စီးပွားရေး နှင့် အလုပ်အကိုင်တွင်
လုပ်ငန်းချဲ့ထွင်ဖို့၊ အလုပ်သစ်စဖို့ အချိန်ကောင်းပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုအောင်မြင်ပါလိမ့်မယ် ။

💰 ငွေကြေးအနေနှင့်
ဝင်ငွေတိုးလာနိုင်ပေမယ့် ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို အလျင်စလို မလုပ်သင့်ပါဘူးရှင့် ။

🤝 လူမှုရေးတွင်
အကူအညီပေးမယ့် မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံရတတ်ပါတယ်။ အတ္တကို လျှော့ထားရင် လူချစ်လူခင် ပိုများလာမယ့်လဖြစ်ပါတယ် ။

❤️ အချစ်ရေး နှင့် အိမ်ထောင်ရေးတွင်
ရည်းစားဟောင်း ပြန်ဆက်သွယ်လာနိုင်ပါတယ်။ ဆုံးဖြတ်ချက်မချခင် အတိတ်ကို သေချာပြန်သုံးသပ်ပါ။ Couple တွေ အိမ်ထောင်သည်တွေကတော့ အနာဂတ်အတွက် အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ရှိလာနိုင်ပါတယ်။

📚 ပညာရေး
ကြိုးစားမှုအတိုင်း ရလဒ်ကောင်းရရှိနိုင်ပါတယ်။ စာမေးပွဲဖြေဆိုသူများ သတင်းကောင်းကြားရနိုင်ပါတယ်။

🩺 ကျန်းမာရေး
ခါး၊ ပခုံးနှင့် ကြွက်သားနာကျင်မှုကို ဂရုစိုက်ပါ။

🌿 ဆောင်ရန်
✅ မေတ္တာပို့ပါ။
✅ အနီရောင်ပန်းများ ဘုရားကပ်ပါ။
✅ အစီအစဉ်တွေကို စနစ်တကျလုပ်ဆောင်ပါ။

⚠️ ရှောင်ရန်
❌ ဒေါသနဲ့ စကားပြောခြင်းကိုရှောင်ပါ ။
❌ အလျင်လို ဆုံးဖြတ်ခြင်းမျိုးမလုပ်ရ ။
❌ ငွေကြေးရင်းနှီးမြှုပ်နှံမှုများမလုပ်ရပါရှင် ။

🍀 အင်္ဂါသားသမီးလေးတွေအတွက် July လရဲ့ Key Message အနေဖြင့်
စိတ်ရှည်တဲ့သူကသာ အောင်မြင်မှုကို အရင်ရောက်နိုင်ပါတယ်ရှင် ။

#မြစကြာဆရာမထက်အဉ္ဇလီ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြစကြာဆရာမထက်အဉ္ဇလီ - Tarot Reader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share