Kaung Thu Kha General Practice

Kaung Thu Kha General Practice Facebook ပေါ်က သင့်ရဲ့ မိသားစုဆရာ၀န်

10/05/2022

Credit to
ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)
ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

28/12/2021

Crd

မြန််မာနိုင်ငံကို Omicron တကယ်ရောက်လာပါပြီ 🚨

ဒူဘိုင်းကနေပြန်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက်မှာ 28.12.21 စစ်ဆေးမှုအဖြေအရ ကိုဗစ်ဗီဇမျိုးကွဲ အိုမီခရွန် ( Omicron) တွေ့ရှိပါတယ်တဲ့။
တစ်ယောက်သာ ကိုဗစ်လက္ခဏာပြပြီး ကျန်သုံးယောက် လက္ခဏာမပြပါဘူးတဲ့။ လေးယောက်လုံး ကျန်းမာရေးကောင်းမွန်နေပါတယ်တဲ့။

အားလုံးပဲ မပေါ့ဆကြပါနဲ့ ။
အကြောက်လဲမလွန်ကြပါနဲ့။
Mask တပ်ပါ။ လက်ဆေးပါ။
လူထူထပ်တဲ့နေရာတွေရှောင်ပါ။

08/12/2021

10.12.2021
မနက်ခင်း ဆေးခန်းပိတ်ပါသည်။

19/07/2021

မနှစ်ဆေးခန်း page စဖွင့်ကတည်းက အခုထိ ကူညီလျှက်ရှိပါတယ်။
ဒီလိုအချိန်မှာ ပိုပြီး ကူညီပေးမှာဖြစ်လို့ မေးမြန်းလိုတာရှိရင် မေးမြန်းန်ိုင်ပါတယ်။

03/06/2021

ဆေးခန်းဖွင့်ပါပြီ
မနက် (၇)နာရီ မှ နေ့လည်(၁၁)နာရီ
ညနေ (၄)နာရီ မှ ည‌(၇)နာရီ
ပိတ်ရက်မရှိပါ

Test & Care ဧရာ၀တီစင်တာ သို့လာရောက်ပြသမည့် ရောဂါလက္ခဏာခံစားနေရသူများ အတွက် ကြိုတင်သိရှိထားရန် အချက်များ။စာရင်းပေးသွင်းရမ...
13/10/2020

Test & Care ဧရာ၀တီစင်တာ သို့လာရောက်ပြသမည့် ရောဂါလက္ခဏာခံစားနေရသူများ အတွက် ကြိုတင်သိရှိထားရန် အချက်များ။

စာရင်းပေးသွင်းရမည့် ဝက်ဘ်ဆိုက်
https://bit.ly/36UvIss
Hotlines: 014705555
Email: [email protected]

Credit goes to
Fournation

ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း အပါအဝင် COVID 19 ရောဂါလက္ခဏာ ခံစားရပါက COVID-19 Rapid Diagnostic Test (RDT) ဖြင့် စမ်းသပ် စ...
11/10/2020

ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း အပါအဝင် COVID 19 ရောဂါလက္ခဏာ ခံစားရပါက COVID-19 Rapid Diagnostic Test (RDT) ဖြင့် စမ်းသပ် စစ်ဆေးပေးနိုင်ရန် သုဝဏ္ဏအားကစားကွင်းအတွင်း Testing center တစ်ခု ဖွင့်လှစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ အောက်တိုဘာ (၁၁)

ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ရန်ကုန်မြို့နေ ပြည်သူလူထုများ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း အပါအဝင် COVID 19 ရောဂါလက္ခဏာ ခံစားရပါက COVID-19 Rapid Diagnostic Test (RDT) ဖြင့် စမ်းသပ် စစ်ဆေးပေးနိုင်ရန်အတွက် သုဝဏ္ဏအားကစားကွင်းအတွင်း Testing center တစ်ခုကို အောက်တိုဘာလ (၁၁)ရက်နေ့က စတင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ Testing center သို့ လာရောက်ပြသရန်အတွက် ဖုန်း (သို့မဟုတ်) online ဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ပြီး လူနာနံပါတ်တစ်ခု ကြိုတင်ရယူထားရမည်ဖြစ်သည်။ လူနာ၏အခြေအနေပေါ်မူတည်၍ လာရောက်ပြသရမည့် နေ့ရက်နှင့် အချိန်ကို တစ်ပါတည်း သတ်မှတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

လူနာများအနေဖြင့် လာရောက်ပြသချိန်တွင် RDT စစ်ဆေးရန်လိုအပ်ပါက ချက်ချင်းစစ်ဆေးကာ ဓါတ်ခွဲအဖြေပေါ်မူတည်၍ ဆက်လက်ကုသခြင်း၊ quarantine ထားရှိခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းအတွက် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်းနှင့် ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးပညာရှင်များ အပါအဝင် Quarantine Center များမှ စေတနာ့ဝန်ထမ်း စုစုပေါင်း (၄၀)ဦးခန့်က ဝင်ရောက် လုပ်အားပေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

Credit goes to
#ရန်ကုန်သတင်းဌာနခွဲ

Address

Yangon

Opening Hours

Monday 07:00 - 11:00
16:00 - 19:00
Tuesday 07:00 - 11:00
16:00 - 19:00
Wednesday 07:00 - 11:00
16:00 - 19:00
Thursday 07:00 - 11:00
16:00 - 19:00
Friday 07:00 - 11:00
16:00 - 19:00
Saturday 07:00 - 11:00
16:00 - 19:00
Sunday 07:00 - 11:00
16:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Kaung Thu Kha General Practice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share