May Oo's Fiction

May Oo's Fiction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Oo's Fiction, Yangon.

Before You အပိုင်း ( ၉ )“အမေ သမီးအလုပ်သွားတော့မယ်နော် ……”“အင်း ဒီမှ ထမင်းချိုင့်ယူသွားလိုက်ဦး …….”“အယ် အမေအစောကြီးထလိုက်...
14/06/2026

Before You

အပိုင်း ( ၉ )

“အမေ သမီးအလုပ်သွားတော့မယ်နော် ……”

“အင်း ဒီမှ ထမင်းချိုင့်ယူသွားလိုက်ဦး …….”

“အယ် အမေအစောကြီးထလိုက်တာလား သမီးပြောထားတယ်လေ ဝယ်စားလိုက်ပါမယ်ဆို……”

“အမေလဲ မအိပ်ချင်တော့တာနဲ့ ချက်လိုက်တာပါ ယူသွားလိုက် နေ့တိုင်းမှ မဟုတ်ဘဲကို…”

“ဟုတ်ကဲ့ပါ နောက်နေ့တွေတော့ အိပ်မပျော်လဲ ထမချက်နဲ့နော်……”

“အေးပါအေ ယူသွားချေတော့…….”

တစ်ခါတစ်လေဆိုပေမယ့် အမေ့ကို မပင်ပန်းစေချင်တာကြောင့် မနက်စောစောမထခိုင်းခြင်းပေ။ အမေကတော့ အသက်ကြီးလာတာနဲ့အမျှ အိပ်ပျော်ရန်ခက်ခဲမှန်းလဲ သိနေသည်။ အိပ်မပျော်သည့်တိုင် အလုပ်ထမလုပ်စေချင်တာကတော့ ခင်ရဲ့မိခင်အပေါ်ချစ်သည့်စိတ်ကြောင့်ဖြစ်သည်။

ခေါင်းကို အသာခါရမ်းရင်း အမေပြင်ပေးထားသည့် ထမင်းချိုင့်ကို ယူကာ ရုံးသွားရန် အိမ်ကထွက်လာခဲ့သည်။

“တော်တော်စကားများလာတာပဲ မဖြစ်ဘူး ယောကျ်ားမြန်မြန်ယူခိုင်းမှ ။ ဒီလိုသာဆို အပျိုကြီးဖြစ်ပြီး ပစီပစာပိုများလာတာပဲရှိမယ်။

“ဟတ်ချီးးးးး….. အား အမေငါ့အတင်းပြောနေပြန်တာလားမသိ..”

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ဟင်း ဟင် ဟင်း ဟင်…….”
သီချင်းလေးညီးပြီး သော့လေးကို ရမ်းကာထွက်လာသော သူက ဘေးဘီကို ဝေ့မကြည့်ခဲ့မိပါ။

“ဒါဘယ်လဲ……”

“အမေ့….”

အနီးနားက ကပ်ပြိး ထွက်လာတဲ့ အသံဖြစ်လို့ ပိုလို့ လန့်သွားရသည်။ ဘေးကို ဝေ့ကြည့်မိတော့ အိမ်က မာတာမိခင်….

“ဟုတ်တယ် ငါ နင့်အမေ…”

“အာ အမေကလဲ လန့်သွားတာပဲ…….”

“အမယ် နင်ဟာ့နင် သီချင်းလေး တငြီးငြီးနဲ့ ငါ့ကိုမမြင်တာလေ…..”

“ဟီးးးးး”

အမေ့ကို သွားလေးစိကာ ရီပြလိုက်ရင်း လက်နှစ်ဖက်နဲ့ အမေ့ကိုယ်ကို သိမ်းဖက်လိုက်သည်။

“အမလေး အပိုတွေလာမလုပ်နေနဲ့ ဖယ် အခုက ဘယ်သွားမလို့လဲ …..”

“မေ့ဆီလေ အမေ ပြီးတာနဲ့ အလုပ်တန်းသွားမှာ…….”

“ဟွန့် ထင်ပါတယ် အဲ့လောက်တက်ကြွနေပုံ‌ထောက်…….”

“ဟီး….”

အမေ့စကားကို သဘောကျကာ ခေါင်းလေးပုရင်း ရီပြလိုက်သည်။

“ပြောပါဦး အခြေနေ….”

သူ့အနားက ခွာကာ စကားပြောရင်း ဧည့်ခန်းသို့ လှမ်းနေသော အမေ့နောက်ကို ကောင်းပြည့်လိုက်လာလိုက်သည်။

“အခြေနေကတော့ ပုံမှန်လိုမဟုတ်ဘူး နည်းနည်းတိုးတက်လာပြီ……..”

ဧည့်ခန်းထဲရောက်တော့ ဆိုဇာပေါ်ထိုင်လိုက်ရင်း စကားဆက်လိုက်သည်။

“အလုပ်သင်အနေထားလား…”

“အဲ့လောက်တော့ မဟုတ်ဘူး အိမ်စာပေးထားတဲ့ အနေထားလောက်ပါအမေ…..”

“လိုသေးတယ် ပိုကြိုးစား သား ……”

“ကြိုးစားနေပါတယ်အမေ အိမ်စပေးထားတဲ့ အခြေနေကနေ စာမေးပွဲအောင်တဲ့အနေထားထိ…….”

“ဘွဲ့ရတဲ့အထိမဟုတ်ဘူးလား……”

“အဲ့လောက်ထိလဲ မတွေ့ရဲသေးဘူးအမေ တစ်ဆင့်ချင်းသွားမှရမယ် မဟုတ်ရင် စာမေးပွဲကျသွားနိုင်တယ်……..”

“ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးလား ယုံကြည်ချက်မရှိဘဲ စာမေးပွဲဘယ်လိုအောင်မလဲ…….”

“ယုံကြည်ချက်ရှိပါတယ် မေ့ရဲ့စိတ်ကိုတော့ မှန်းမထားရဲတာပါအမေ စာဘယ်လောက်ဘဲ ကျက်ထားပါစေ တစ်ဖက်ရဲ့ အဖြေပေးမှုက မှန်မမှန်လဲ လိုသေးတယ်လေ….”

“အမေကတော့ ဘွဲ့ရတဲ့အထိမြင်ချင်တယ် ………”

“သားကြိုးစားပါ့မယ်…….”

“စစ်မှန်တဲ့ချစ်ခြင်းက ဘာမဆို အောင်မြင်နိုင်တယ်ဆိုတာ မှတ်ထားပါသား စိတ်ရင်းအမှန်နဲ့ ဆက်ဆံပြီး အရည်ချင်းအပြည့်အဝကို အသုံးချပါ ဒါဆို ဘာမဆို ဖြစ်လာနိုင်တယ်……’
“ဟုတ်ကဲ့ပါအမေ သားမှတ်ထားပါ့မယ်…….”

“ကဲ သွားသွား နောက်ကျနေမယ်……”

“ဟုတ် ……”

အမေ့ဆီက ခွင့်ပြုချက်ရသည်နှင့် ကားသောက်ကို ဆိုပ်ကိုင်ကာ အိမ်ထဲကနေမြန်မြန်ထွက်လာခဲ့သည်။
အချိန်ကိုကြည့်တော့ ၇ နာရီ ။ အခုထွက်ရင်တောင် နောက်မကျလောက်ဘူးထင်ပါသည်။

ကားရဲ့လီဘာကို သတ်မှတ်အမှတ်ထိတင်လျက် မောင်းကာ သူမရှိရာသို့ ရောက်ရန် စိတ်ဆန္ဒတွေ စောနေခဲ့သည်။

“ကျွီ…. တီ တီ….”

ကားဟွန်းသံမြည်အောင်လုပ်လိုက်သည်နှင့် သူမ၏အိန္ဒြေရှိလှသောခြေလှမ်းများနှင့် သူ့ရင်ကို ဖန်းစားနိုင်သော အလှတရားက ထွက်ပေါ်လာသည်။ လောနေတဲ့စိတ်အစဉ်က သူမကိုမြင်လိုက်သည်နှင့် မီးကိုရေနှင့်ငြိမ်းလိုက်သလိုပင် ဖြစ်သွားရသည်။

“ချောက်……”

သူမရဲ့ အလှတရားအပေါ် ငေးမောနေမိတုန်း ကားတံခါးကို ဖွင့်ကာ သူမကကားပေါ်တက်လို့လာခဲ့သည်။

“ဘာကြည့်နေတာလဲ ခင်မျက်နှာမှာ တစ်ခုခုပေနေလို့လား…….”

“မဟုတ်ပါဘူး ……..”

“ဟင် ဒါဆိုဘာလို့လဲ…….”

မျက်နှာမှာ တစ်ခုခုပေမပေ စမ်းနေသော သူမက တကဘ့်ကို ချစ်ဖို့ကောင်းလွန်းလှသည်။ သူမကပဲ ရိုးနေတာလား သူကပဲ သူ့အချစ်တေါကို ပုံဖော်မပြနိုင်သေးတာလားပင်။ သူမျက်လုံးက သူမအပေါ်စူးရှရှကျရောက်မှုနှင့်အတူ ချစ်ခြင်းတွေပြည့်နေလောက်မယ်ဆိုတာတော့ သူ့ကိုယ်သူသတိထားမိသည်။

“လှလို့လေ……”

“အယ်….”

သူ့စကားကြောင့် ရှက်သွားကာ မျက်နှာလေးကို တစ်ဖက်သို့လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်နေလေသည်။

“အဟင်း……..”

“မရီနဲ့…….”

“ဟောဗျာ လှလို့လှတယ်ပြောတာ ရှက်ရလားဗျာ……”

“အို့ ဘယ်မိန်းကလေးက ဒီလိုစိုက်ကြည့်နေတာကို သည်းခံနိုင်မှာလဲ……”

သူ့ဘက်ကိုတော့ မျက်နှာ မလှည့်လာသေးဘဲ တဖက်ကို ကြည့်ရင်းသာ ပြန်ငြင်းနေလေသည်။

“ဟုတ်ပါပြီဗျာ စတာပါ ခါးပတ်လေးပတ်လိုက်ဦးနော် အလုပ်ကို ကိုယ်လိုက်ပို့မယ်……..”

“ဟုတ်…..”

ရုံးကိုလိုက်ပို့ဖို့ ခါးပတ်ပတ်ခိုင်းမှ အသံလေးက ထွက်လာကာ ခါးပတ်ပတ်နေလေသည်။
ခေါင်းကိုအသာခါလိုက်ရင်း ပြုံးလိုက်မိတာကတော့ အကြိမ်ရေပင် မရေတွက်နိုင်လောက်တော့ပါ။
တစ်နေ့တစ်ခြား ပိုပိုဖမ်းစားလာသော သူမအလှကြောင့် အချစ်မှာနစ်မွန်းနေရသော အချစ်ရူးလေးဖြစ်နေရပြီ။ ရောဂါမကျွမ်းသေးခင် အမေပြောသလို ဘွဲ့ရအောင်မြန်မြန်လုပ်ရတော့မည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.
“ကျွီ ဒုန်း…….”
“ကားတံခါးကို စောင့်ပိတ်လိုက်ပြီး နေကာမျက်မှန်ကိုတက်ကာ ခပ်မိုက်မိုက်နှင့် ကားကိုမှီရပ်နေလိုက်သည်။ဘေးက ဖြတ်သွားသော လူများကတော့ သူ့ကို လူထူးဆန်း တစ်ယောက်လို ကြည့်နေကြပြန်သည်။မိန်းကလေးအချို့ကတော့ ပြုံးစိစိနဲ့ သူ့ကို ခိုးကြည့်နေသည်။

ဒါကလဲ ပျိုတိုင်းကြိုက်လောက်တဲ့ ရူပကာကြေင့်ဆိုတော့လဲ ကိုယ့်ကိုကိုယ်ဂုဏ်ယူရပြန်သည်။

တပ်ထားတဲ့နေကာမျက်မှန်ကို ပင့်တင်းလိုက်ရင်း လက်ပိုက်ကာ တစ်စုံတစ်ယောက်အလာကို စောင့်နေလိုက်သည်။ အိမ်က ထွက်လာတော့ ၇နာရီမထိုးခင်ဆိုတော့ အခုဆို ၇ခွဲပြီးလောက်ပြီ။
မကြာခင်တော့ သူစောင့်နေသူရောက်လာမှာပါ။ ဘာလို့ဆို ရုံးနောက်နောက်မကျတတ်သော အကိင့်ကို သိနေ၍သာ။

….
….
….

စောင့်ရင်းစောင့်ရင်း ချွေးတွေပြန်လာ၍ နေပူလာသောဒဏ်ကို မခံစားနိုင်တော့ကာ ဒေါသထွက်လာသည်။

“ဖူး….”

လေပူများကို မှုတ်ထုတ်ရင်း မနေနိုင်တော့၍ ကားထဲ ပြန်ထိုင်ကာ ကားစက်နှိုးပြီး Aircon ပြန်ဖွင့်ထားလိုက်သည်။

“ကျွတ် ဒီနေ့မှ ဘာလို့နောက်ကျနေတာလဲကွာ……”

နာရီကိုကြည့်တော့ လက်တံက ၈နာရီမထိုးခင် ၅ မိနစ်ကိုပြနေသည်။ ဒါဆို သူ၁၀မိနစ်ကျော်တောင် စောင့်နေခဲ့ရတာပေါ့။ တစ်ခါမှ နောက်မကျဖူးသည်သူကြောင့် ဒေါသထွက်ရင်းသာ လေပူများကို အကြိမ်ကြိမ် မှုတ်ထုတ်နေမိသည်။

“ဟားးးး……”

“ကျွီ……”

“ဒုန်း…..”

“မေ ဖြည်းဖြည်းဆင်း………”

“ဟုတ်ကဲ့ ကိုကောင်းပြည့်……”

ကားထဲကနေ သူမအသံကို ကြားလိုက်ရ၍ အပြင်ကို ကြည့်မိတော့ မျှော်နေသော တစ်စုံတစ်ယောက်ဖြစ်နေသည်။ဘေးမှာကလဲ အမျိုးသားတစ်ယောက်နှင့်။

ဘယ်သူလဲ သူက။

“တောက်……”

ပြင်းထန်သော ဒေါသနှင့်အတူ တောက်ခေါက်သံက ကျယ်သွားခဲ့ပြီး ကမူးကရူးနဲ့ ကားပေါ်ကဆင်းလိုက်ကာ သူမဆီသို့ လှမ်းသွားလိုက်သည်။

“ဒေါ် ခင် သ စ္စာ မေ ….”

“ဟင်…..”

ကျယ်လောင်သော ခေါ်သံကြောင့် သူမကိုယ်လေး တုန်လှုပ်သွားကာ အသံလာရာကို ကြည့်မိတော့ မမျှော်လင့်ထားသူ တစ်ဦး။

“လာခဲ့စမ်း……”

အားပါတဲ့ ဆွဲချက်ကြောင့် လက်ကောက်ဝတ်လေးနာသွားကာ သူမကိုယ်ကလဲ ခေါ်တဲ့သူထံ ယိမ်းပါသွားသည်။

“ဒါဘာသဘောလဲ….”

“အ နာတယ်….”

လက်ကောက်ဝတ်ကို အားနှင့် ညစ်ထားတာကြောင့် နားကျင်မှုက သူမကို မျက်ရည်ပါ ဝဲတက်လာစေသည်။

“ဒါဘာသဘောလဲလို့ မေးနေတယ်လေ…..”

သူမ ဘာဖြစ်တယ်ဆိုတာကို သတိမထားမိဘဲ သူပြောချင်ရာ မေးချင်ရာသာ မေးနေ၏။

“ဘာသဘောမှမဟုတ်ဘူး …….”

“ဘာပြောတယ်…..”

“လွှတ် နာတယ်…….”

သူဆွဲထားသော သူမလက်ကောက်ဝတ်ကို လွတ်အောင်ရုန်းနေမိသလို ပါးစပ်ကလဲ အလိုအလျောက်ငြင်းဆန်နေသည်။

“ခင်ဗျား ဖောက်ပြန်နေတာလား….”

“ဘာာာာာာာာာ….”

မထင်မှတ်ထားသော စကားကြောင့် အံ့ဩသွားရကာ လက်နာတာပင်မေ့သွားသည်အထိ သူ့ကို စိုက်ကြည့်နေလိုက်သည်။

ကောင်းပြည့်ကတော့ သူမကိုစိုးရိမ်နေမိပေမယ့် ကြားထဲလဲ ဝင်မပါရဲ့ပေ။ တစ်ဖက်လကိုကြောက်လို့တော့မဟုတ်။ မေက သူဝင်ပါခြင်းအပေါ် သဘောတူရဲ့လား မသိ၍ဖြစ်သည်။ သို့သော် အဆိုးဆုံးအခြေနေဆိုရင်တော့ ဝင်ပါဖို့ ဆုံးဖြတ်ထားလိုက်သည်။

“ဘာစကားပြောလိုက်တာလဲ နင်…”

“ဟုတ်တယ်လေ ကျုပ်ကွယ်ရာမှာ တခြားကောင်တစ်ကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ ဖောက်ပြန်တာမဟုတ်လို့ဘာလဲ………”

“ငါ့ကို ဖောက်ပြန်တယ်ပြောရအောင် နင်က ငါနဲ့ဘာဆိုင်လို့လဲ…..”

“ဘာပြောတယ် ဘာဆိုင်လဲမေးရအောင် ခင်ဗျားနဲ့ကျုပ်ကရည်းစားတွေလေ ….”

“ပြီးသွားခဲ့တာဖြင့် လွန်ခဲ့တဲ့ ၂ပတ်လောက်ကကို အခုမှဘာတွေလာပြောနေတာလဲ……..”

“ခင်ဗျားပြီးတယ်ဆိုတိုင်း အတည်ဖြစ်မလား ကျုပ်လက်မခံဘူး…….”

“လက်မခံရအောင် နင်ကဘာမို့လို့လဲ နင်ကိုယ်နင်ဘာထင်နေလဲ……..”

“ဘာ ကျုပ်လုပ်ရင် ခင်ဗျားသေတော့မယ်……”

“လုပ်ကြည့်စမ်းပါ ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး ငါကလဲ သည်းခံနေမှာမဟုတ်ဘူး…….”

“........”

တစ်ချိန်က သူပြောသမျှနားထောင်ပေးခဲ့သူဆိုတာနဲ့ လားလားမျှမဆိုင်တဲ့သူတစ်ယောက်လိုပင်။ မထင်မှတ်ထားတဲ့ ပုံစံကိုတွေ့လိုက်ရ၍ ဘာမှဆက်မပြောဖြစ်ပဲ သူမကိုသာ စိုက်ကြည့်နေမိသည်။

“လွှတ်လိုက်ပါ ညီလေး …..”

“ခင်ဗျား စောက်ပူမပါဘူး……”

သူ့လက်ကို အတင်းလာဖြုတ်ကာ လွှတ်ဖို့ပြောနေသော ဟိုလူ့ကြောင့် သူ့ဒေါသက ပြန်ထွက်လာရာ ပြန်ရန်စောင်နေမိခဲ့သည်။

“ထွက်သွား……”

“ဘာ…..”

>>>>>>>>>>>>>>>>>>>>.

Part (10) မျှော်………..

Before You                                  အပိုင်း ( ၈ )ခင်တို့ စားလို့အပြီးမှာ ပိုက်ဆံရှင်းပြီးနောက် အိမ်ပြန်ပို့ပေးခဲ...
02/05/2026

Before You

အပိုင်း ( ၈ )

ခင်တို့ စားလို့အပြီးမှာ ပိုက်ဆံရှင်းပြီးနောက် အိမ်ပြန်ပို့ပေးခဲ့သည်။

“ကျေးဇူးတင်ပါတယ် ကိုကောင်းပြည့် ……….”

“အာ ရပါတယ် မေ……..”

“ဒါဆို ခင်အိမ်ထဲ ဝင်တော့မယ် ဂရုစိုက်ပြန်ပါ….”

“ဟို…….”

ခင် အိမ်ထဲဝင်ဖို့ ပြင်လိုက်ချိန် သူ့ခေါ်သံကြောင့် ပြန်လှည့်ကြည့်လိုက်သည်။

“ဟုတ်……”

“ကို ခွင့်တစ်ခုလောက်တောင်းချင်လို့……..”

“ဟုတ်ပြောပါ ကိုကောင်းပြည့်………”

“ဒီလိုနောက်ကျတဲ့နေ့တွေဆို ကို့ကိုလာကြိုခွင့်ပြုနိုင်မလား………”

“...........”

သူပြောလာတဲ့စကားကြောင့် ခင်ခဏတွေဝေသွားမိသည်။ ဘာမှမဆိုင်တဲ့သူနှစ်ယောက်အတွက် အကြိုအပိုလုပ်ဖို့ဆိုတာ နည်းနည်းတော့ ဝန်လေးမိသည်။ ဒီအချိန်က ခင့်အတွက် ပြန်လည်ကုစားနေရတဲ့အချိန်ဆိုတော့ လက်ခံဖို့ရာ နည်းနည်းခက်၏။

“ဒါက……..”

“မေ စဉ်းစားလိုက်ပါ ချက်ချင်းပြန်မဖြေလဲ ရတယ် ကိုအမြဲတမ်းလာမကြိုပါဘူး တကယ်လို့ ဒီလိုနောက်ကျတဲ့ နေ့တွေဆို ကိုဆီဖုန်းဆက်ပေးလို့ရမလား…….”

“...........”

“စဉ်းစားလိုက်ပါ မေအတွက် အနှောင့်အယှက်မဖြစ်ဖူးဆိုရင် ကိုဆီဖုန်းဆက်လိုက်ပါ ကိုစောင့်နေပါမယ်……..”

“..............”

“ဒါဆို ကိုသွားပြီ Goodnight မေ….”

သူစကားတွေပြောပြီး ထွက်သွားသည့်တိုင် ခင့်မှာ အဖြေမရှိသေးပါ။ သူ့အရိပ်လေးပျောက်ကွယ်သွားတာကိုကြည့်ပြီးမှ ခင်လဲ အိမ်ထဲ ဝင်လာခဲ့သည်။

“ပြန်ရောက်ပြီ အမေ…….”

အိမ်ထဲ ဝင်လာလာချင်း အမေ့ကို ဧည့်ခန်းထဲ စာအုပ်အုပ်ထိုင်ဖတ်နေတာကို တွေ့လိုက်ရ၍ နှုတ်ဆက်လိုက်သည်။

အမြဲတမ်းနောက်ကျနေကျ မဟုတ်ပေမယ့် ဒီလိုတစ်ခါတစ်လေ နောက်ကျတဲ့အခါ အမေက မအိပ်ပဲစောင့်နေတတ်သည်။

“အင်း စားလာပြီးပြီမလား…….”

“ဟုတ်အမေ အ‌မေကော စားပြီးပြီလား……”

“စားပြီးပြီ သမီး ဒီနေ့က ဘာရှိလို့လဲ ………..”

“အော် Error လေးနည်းနည်းပါလို့ လုပ်နေတာအမေ…..”

“အခုကော ပြေသွားပြီလား…..”

“ဟုတ် ပြေသွားတယ် အမေ…….”

“အေးအေး ဝင်နားတော့လေ ပင်ပန်းနေရောပေါ့…..”

“ဟုတ်အမေ အမေလဲ အိပ်တော့နော်…….”

“အေးအေး……”

အမေနဲ့စကားပြောပြီးတာနဲ့ အခန်းထဲ တန်းဝင်လာခဲ့သည်။ အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး အိပ်ယာပေါ် လှဲချလိုက်သည်။

‘ဒီနေ့က တော်တော် ပင်ပန်းတာပဲ……….’

တကယ်တေ့ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုနေခဲ့တာဖြစ်သည်။ ကိုကောင်းပြည့်ပြောခဲ့တဲ့ စကားအပေါ် ပြန်တွေးမိသွားပြန်သည်။

တကယ်ကော လက်ခံလို့ပြေပါ့မလား…..။ တစ်ခါနာဖူးတဲ့ နှလုံးသားက နောက်တစ်ခါ နာကျင်မိမှာကြောက်နေတာလဲပါမည်။ရလဒ်က ဘယ်လိုနေမလဲဆိုတာကို လက်ရှိမှာ မသိချင်သေးပါ။

“ဟင်း…….”

သက်ပြင်းအရှည်ကြီးကို ချလိုက်မိပြီး အတွေးတွေကို ဒီလောက်နှင့်ရပ်လိုက်ပြီး ရေချိုးရန်ပြင်ရတော့သည်။အခုချိန်မှ ရေမိုးချိုးမနားရင် အိပ်ရာဝင်နောက်ကျမှာကြောင့်ဖြစ်သည်။

“ဟူး ရေချိုးပြီး အိပ်ရမယ်……”

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လေးချွန်သံဖြင့် ဝင်လာသော သားဖြစ်သူကို ဒေါ်စိုးကြည် ထိုင်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။

“ဘယ်ကပြန်လာတာလဲ အဲ့တာ……….”

“ဟာ အမေမအိပ်သေးဘူးလား…..”

“ဘယ်သူ့ကြောင့်လို့ထင်လဲ……”

“ဟဲဟဲ အမေကလဲ သားဟာသား ဖွင့်ဝင်လာမှာပေါ့…..”

“အောင်မလေး ဘယ်တုန်းက သားပြန်မလာသေးဘဲ အမေအိပ်လို့လဲ ……..”

“ဒါဆို ဘယ်လိုလုပ်မလဲ နောက်ဆို နောက်ကျတော့မှာ…..”

“ဟင် ဘာလို့လဲ ဘာရှိလို့လဲ……”

“ဘာမှမဟုတ်ပါဘူး မေ့ဆီကို သားအကြိုအလုပ်လုပ်ခွင့်တောင်းထားတယ်……”

“ဟုတ်လှချည်လား သမီးခင်က လက်ခံတယ်တဲ့လား…….”

အမေ့ဆီက ပြန်မေးလာသော စကားကြောင့် သူဇာတ်ပိုးကို ပွတ်လိုက်မိပြီး ရှက်ရယ် ရယ်လိုက်မိသည်။

“အဲ့လိုတော့ မဟုတ်သေးဘူး……”

အမေကတော့ သူ့ကို မျက်စောင်းထိုးကာ ကြည့်လာ၏။

“ခွင့်မပြုသေးတာကိုများ…..”

“ခွင့်ပြုလာမှာပါ ကျွန်တော်ယုံကြည်တယ် သားရဲံ မေတ္တာတွေ စစ်မှန်တယ်ဆိုတာသိတဲ့တစ်နေ့ မေလက်ခံမှာပါ…….”

“အေးပါ စောင့်ကြည့်ရတာပေါ့ အဲ့နေ့ကို….”

“ဟဲဟဲ…….”

အမေ့ကို ပြောင်စပ်စပ်ဖြင့် ပြန်လဲ ရီပြရင်း ပါးကို နမ်းကာ စနောက်လိုက်သည်။

“မွ…..”

“အမလေး သွား သွားနားတော့ အမေကိုလာ့ကပ်ချွဲမနေနဲ့…..”

“ဒါဆို သားအခန်းထြ ဝင်တော့မယ်……. အမေလဲ အိပ်တော့နော်….”

“အေးပါ….”

ပျော်ရွှင် မြူးတူးနေသောစိတ်အစဉ်က လူက တက်ကြွနေပြီး အိပ်ခန်းထဲသို့ မြောက်ကြွမြောက်ကြွဖြင့် ဝင်လာခဲ့သည်။

အမေကို သူပြောခဲ့သလိုပါပဲ ။သူသာ စိတ်ရင်းအမှန်တွေကို ဖွင့်ပြနိုင်မယ်ဆို သူမလဲ သူ့အပေါ်နားလည်ပြီး ပိုလက်ခံနိုင်လာမှာပါ ။ လက်ခံလာအောင်လဲ သူကြိုးစားရမှာပေါ့။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“ဒုန်း….”

“တောက် ….”

“အုန်း…..”

“ဟာကွာ….”

အိမ်ထဲရောက်လာတာနဲ့ အခန်းထဲ တန်းဝင်ကာ ပေါက်ကွဲနေ၏။ အပြင်က ကြားရင်တောင် လာဆွဲရဲကြမှာမဟုတ်။ သူ့ဒေါသအခြေအနေကို သိကြတာကြောင့်လဲ ပါလိမ့်မည်။

မကျေနပ်တဲ့စိတ်ကြောင့် ဒေါသထွက်ကာ ပေါက်ကွဲနေမိရင်း ပစ္စည်းများကိုသာ ပုံချလိုက်၏။

“ဟားးးးးးးးး……”

“ဒေါက် ဒေါက်….”

“သား ဘာဖြစ်တာလဲ……..”

“....”

“ကျွီ….”

“ဘာဖြစ်လာတာလဲ တစ်အိမ်လုံးက လူတွေလဲ လန့်ကုန်နေပြီ……”

“ဘာမှမဖြစ်ပါဘူး အမေ……”

သူဒေါသထွက်ပေါက်ကွဲနေတုန်း လာပြောသူက အမေဖြစ်နေတာကြောင့် ဘာမှပြန်မပြောနိုင်ခဲ့ပါ။ ဘာမှမဖြစ်ကြောင်းသားပြောပြီး အမေဆီက စကားပြန်အလာကို ရပ်စောင့်နေမိသည်။

“ဘာမှမဟုတ်ရင် အိပ်တော့ ပစ္စည်းကျကွဲတာတွေသိမ်းဖို့ကောင်မလေးတစ်ချို့လွှတ်လိုက်မယ်…..”

“ဟုတ်…….”

အမေလှည့်ထွက်သွားမှ တံခါးပြန်ပိတ်လိုက်ပြီး အခန်းထဲ ဝေ့ကြည့်လိုက်မိသည်။
ပြစ်ခွဲထားသော ပစ္စည်းစတွေက အခန်းတွင်း‌ နေရာအနှံ့ပြန့်ကျဲနေသည်။ ဖိုအရာတွေကို ကျော်ခွလိုက်ပြီး အိပ်ယာပေါ်၌ထိုင်ချလိုက်သည်။
အိမ်မှာအမေကရှိနေသည်မို့ ထပ်ပေါက်ကွဲအေင်လဲ လုပ်လို့မဖြစ်ပေ။ တစ်အိမ်လုံးက သူ့ကိုကြောက်ရပေမယ့် သူကတော့ အမေ့ကို ကြောက်ရသည်မို့ အမေမကြိုက်သည့် ဆူညံ့ခြင်းကို လုပ်လို့မဖြစ်ပါ။

“ဟူး ……”

“ဒေါက် ဒေါက်……”

“ဝင်ခဲ့….”

အိမ်က ကောင်မလေးတစ်ချို့ကို အခန်းထဲ လွှတ်လိုက်မည်ဟု အမေပြောသွားတာကြောင့် သတိရပြီးတန်းခွင့်ပြုလိုက်ခြင်းဖြစ်၏။

“အကိုလေး မေမေကြီးလွှတ်လိုက်တာပါ…….”

“အေး ရှင်းလိုက် ……”

ပြောပြီးတာနဲ့ ရေချိုးခန်းထဲ တန်းသွားလိုက်သည်။

“ခင်ဗျားက နှလုံးသားမရှိတဲ့ မိန်းမဘဲ……”

တစ်ဖြည်းဖြည်းနဲ့ အာရုံထဲကို မြင်ကွင်းတစ်ချို့ပြန်ပေါ်လာခဲ့သည်။

သူမဟုတ်တဲ့ တခြားယောကျ်ားတစ်ယောက်ကို စကားပြောနေတဲ့ပုံရိပ်တွေ၊ ပြုံးပြနေတာတွေက သူ့ကို ဒေါသထွက်လာစေခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။ ပြတ်တာ မကြာသေးတဲ့အချိန်အတွင်း တခြားတစ်ယောက်ရသွားပြီးတဲ့လား ….

အံ့ဩဖို့တော့ ကောင်းသား။ တစ်ဖက်က ယောကျ်ားကလဲ ခစားနေလိုက်တာဆိုတာ နွားပွဲစားများလုပ်တာလားထင်ရအောင် သွားကြီးကို ဖီးနေတာ မြင်လို့တောင်မကောင်း။
ဒီလို လူတွေကြောင့် ယောကျာ်းလေး သိက္ခာကျရသည်။

“ဟာ…… ဒုန်း…..”

တွေးရင်းတွေးရင်း ဒေါသက ထပ်ထွက်လာတာကြောင့် ဘေးရှိ နံရံကို ထပ်ပြီးလက်သီးနဲ့ ထိုးလိုက်မိပြန်သည်။ လက်က နားကျင်မှုကို ခံစားလိုက်ရပေမယ့် အရှိန်မပယ်သေးသည့်ဒေါသကြောင့် သိပ်တော့ မနာလိုက်ပေ။

“မကြာခင် ထပ်တွေ့ရမှာပါ ခင်ဗျား ကျုပ်ကို အဲ့အချိုးတော့ လုပ်လို့မရဘူး ဒေါ်ခင်သစ္စာမေ…..”

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.

Next ( 9 )....

Before You                                 အပိုင်း ( ၇ )ကြည်လင်နေတဲ့ စိတ်ကြောင့် ရုံးတက်ရတာ တက်ကြွနေသည်။ ခါတိုင်းလိုပဲ ထ...
01/05/2026

Before You

အပိုင်း ( ၇ )

ကြည်လင်နေတဲ့ စိတ်ကြောင့် ရုံးတက်ရတာ တက်ကြွနေသည်။ ခါတိုင်းလိုပဲ ထမင်းချိုင့် သယ်နေကျလူမဟုတ်တာက တစ်ကြောင်း ၊ အိမ်ထောင်သည်ကလည်း မဟုတ်နေ၍ တခြားဝန်ထမ်းတွေလို နေ့လည်စာအတွက် အပူအပင်က မရှိနေပါ။

“မမ စိတ်ပျော်နေတယ်နဲ့တူတယ် ပျော်စရာရှိရင်မျှဝေပါဦး….”

“ဘာမှမရှိပါဘူး….”

“ဟုတ်လို့လား ခါတိုင်းနဲ့မတူနေဘူးနော်……..”

“အင်းးး မနက်စာစားခဲ့လို့ဖြစ်မယ်….”

“အမ် ဘာမှလဲမဆိုင်ဘူးမမကလဲ…”

ခင့်စကားကို နားမလည်စွာ ကြောင်တောင်တောင်ဖြင့် ခေါင်းလေးကုတ်ကာ ပြန်ပြောလာ၏။

“အဟင်း ကဲ သွားသွား အလုပ်လုပ်ချေ….”

“ဟုတ် မမ……”

ခင်လဲ အလုပ်သွားလုပ်ခိုင်းလိုက်ပြီး ကိုယ့်နေရာမှာ ထိုင်လိုက်ကာ အလုပ်လုပ်ခြင်းကို စတင်လိုက်သည်။

“......”

တစ်နေ့နဲ့တစ်နေ့ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေက မတူပေမယ့် အလုပ်များတာကတော့ နေ့စဉ်ပဲဖြစ်သည်။
“မမ မမ….”

“အသံကျယ်ကြီးနဲ့ ဘာဖြစ်တာတုန်း………”

“မမ ဟောဟြ ဟောဟဲ ပြဿနာတက်ပြီ ………”

“ဘာလဲ…….”

“ပို့ရမယ့် ပစ္စည်းတွေမှာ error ပါနေတာတွေရှိနေတယ်………”

“ဘယ်လို …. မပို့ခင် စကရုံကနေထဲက သေချာ မစစ်ခဲ့ဘူးလား……..”

“အဲ့တာက ……..”

“မစစ်ခဲ့ကြပြန်ဘူးလား ငါတစ်ထည်ချင်းစစ်ဖို့ပြောခဲ့တယ်လေ………”

“အဲ့တာက အထည်ရေတွက်များတော့ မြန်မြန်ပဲ စစ်လိုက်မိတယ် အကုန်လုံးမဟုတ်လိုက်ဘူး ပို့ကမယ့်ရက်ကလဲနီးနေတော့ ……….”

“ဒီစကားက ဆင်ခြေဖြစ်နေတာ သိလား……”

“ကိစ္စတစ်ခုမှာ အကြောင်းပြချက်ရှိနိုင်ပေမယ့် ဒီလိုဖြစ်နိုင်တာကြောင့် သေချာမှာခဲ့တာလေ……..”

“တောင်းပန်ပါတယ်မမ……..”

“အဖွဲ့က လူတွေခေါ်သွား ပို့လိုက်တဲ့ပုံးတွေကို အကုန်ဖောက်ပြီး ရွေးထုတ်ခိုင်းလိုက် မနိုင်ရင် ရောက်သွားတဲ့ ဆိုင်တိုင်းကိုမှာထား အထုတ်ဖြည်တဲ့အခါ ရောင်းခါနီးတိုင်း အထည် error ပါမပါ စစ်ပြီးမှ ထည့်ပေးခိုင်းလိုက်………”

“ဟုတ်မမ…….”

“ကျွတ် ….ဟူးးးးး…အ……”

“မမကကော……”

“ငါလဲ သွားရမှာပေါ့ သွား ဖုန်းဆက်တော့ချေ……”

“ဟုတ် ဟုတ်မမ……..”

ခင်ရှေ့က ထိုကောင်မလေးထွက်သွားမှ ခင်လဲ ဖုန်းကိုယူကာ စက်ရုံကို ဖုန်းလှမ်းဆက်ပြီး error မပါအောင် သေချာစစ်ခိုင်းရတော့မည်။

တစ်နေကုန်လုံးအလုပ်တွေရှုပ်နေခဲ့တာကောင့် ထမင်းတောင်စားခဲ့လား မစားခဲ့သလား သတိမထားမိတော့ပါ။နာရီကို ကြည့်တော့ အချိန်အားဖြင့် ၇နာရီထိုးနေခဲ့ပြီဖြစ်၏။

“အချိန်အဲ့လောက်တောင်ရှိသွားပြီလား ….”

ဘေးကို ဝှေ့ကြည့်မိတော့ သူမရဲ့အဖွဲ့သားများလဲ ခြေကုန်လက်ပန်းကျနေပုံပေါ်၏။ အထည် error ကိစ္စကလဲ ဖြေရှင်းလို့ပြီးခဲ့ပြီမို့ ရုံးဆင်းရန် အကုန်လုံးကို ပြောရဦးမည်။

“အားလုံးပဲ ဒီနေ့ပင်ပန်းသွားကြပြီ ရုံးဆင်းကြတာပေါ့…..”

“ဟေးးးးးးး…..”

သူမစကားအဆုံး ဝမ်းသာအားရလက်ခုပ်ဝိုင်းတီးကြတာမို့ ခင်ပြုံးလိုက်မိ၏။ တစ်နေတာလုံးပင်ပန်းခဲ့ကြပေမယ့် အခုလိုပြီးသွားပြန်တော့ ပြသာနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြန်ပြီဆိုတဲ့ ခံစားချက်က ဝင်ရောက်လာခဲ့သည်။ အလုပ်ကို လက်စသတ်လိုက်ပြီး ပြန်ရန် ပြင်ရတော့သည်။

“ကျွီ….”

Company က ထွက်လာတာနဲ့ တက်စီငှားရန် ကြံနေတုန်း ကားတစ်စီး ရပ်လာတာကြောင့် လန့်သွားရသည်။
ကားထဲကို သေချာကြည့်မှ သူဖြစ်နေ၏။သူမကြည့်နေတာကို ပြုံးပြလာပြီး ကားပေါ်လာဆင်းကာ သူမဆီလျှောက်လာ၏။

“ကိုကောင်းပြည့် ဒီကို ဘယ်လိုလုပ်ပြီ…..”

“မေ့ကို လာကြိုတာ…”

“ရှင့် ….”

လာကြိုတယ် ဆိုရအောင် အခုမှရုံးဆင်းကြောင်းကိုလဲ မပြောမိပါ။

“အန်တီပြောတာ ကြားလိုက်လို့ မေ….”

“အမေပြောတာ……”

သိလိုက်ပါပြီ အကြောင်းရင်းကို…..

“ကို့ကို တိုက်ရိုက်ပြောတာတော့ မဟုတ်ဘူး အမေနဲ့ အန်တီဖုန်းပြောနေတုန်း မေပြန်မရောက်သေးဘူးလို့ ပြောသံကြားလိုက်လို့ လာကြိုတာ…..”

“အော် ခင် ကိုယ့်ဟာကိုပြန်လဲ အဆင်ပြေတာပဲ အလုပ်ရှုပ်ခံလို့ ကိုကောင်းပြည့်ရယ်….”

“နောက်ကျတေပြီ ဒီအချိန်ဆို လိုင်းကားမရှိတော့ဘူး တက်စီကျတော့လဲ ကိုစိတ်မချလို့ ကိုနဲ့ ပြန်လိုက်မယ်မလား…”

“ရောက်နေပြီးပြီဆိုတော့ ဒုက္ခဆက်ပေးရတော့မှာပေါ့ အဟင်း…”

“ဒုက္ခမဟုတ်ပါဘူးဗျာ ကိုယ့်စိတ်နဲ့ကိုယ် လုပ်တာပါ….”

“ဒါဆိုလဲ ကျေးဇူးပါရှင်….”

“ချောက်…”

Lover seat ဘက်ခြမ်းရှိတံခြားကို သူကိုယ်တိုင်ဖွင့်ပေးလာပြီး ခင်ကိုတက်စေ၏။ ကားပေါ်ရောက်ပြီဆိုမှ တံခါးကို ပိတ်လိုက်ကာ ကားမောင်းသူနေရာ ဝင်ထိုင်ပြီး ထွက်လာခဲ့ကြသည်။

“ဗိုက်ဆာနေလား မေ……”

“သိပ်မဆာသေးပါဘူး ရုံးမှာ အဆာပြေစားလိုက်သေးလို့ ….”

“အော်…..”

“ကိုကောင်းပြည့်ကော စားပြီးလောက်ပြီပေါ့….”

“ဟင့်အင်းမစားရသေးဘူး……”

“ဟယ် တကယ်လား ၇ နာရီတောင်ကျော်နေပြီကို …..”

“ဟုတ်တယ် ကိုက ဆာမှစားဖြစ်တာ……..”

“အော်…..”

“အခုတော့ ကိုဗိုက်ဆာနေပြီ….”

ကားမောင်းရင်း အေးဆေး‌ပြောနေပေမယ့် သူမကြောင့်များလားဆိုသည့်အတွေးကြောင့် သူ့ဘက်ကို လှည့်ကြည့်လျက်သားဖြစ်သွားသည်။

“အယ် ဘယ်လိုလုပ်မလဲ အခုခင့်မှာ ဘာမှလဲ မပါဘူး…..”

“တစ်ခုခု ဝင်စားမယ်ဆိုရင်ကော ပြေမလား မေ…..”

“ဟုတ်ရပါတယ် အဆာလွန်ရင် အစာအိမ်ဖြစ်နေမယ် ……”
“ဘာစားချင်လဲ မေ……”

“ခင်ကဘာပဲဖြစ်ဖြစ်ရတယ် ကိုကောင်းပြည့်စားချင်တဲ့နေရာသာရွေးလိုက်ပါ….”

“အန်တီကို ကိုဖုန်းဆက်ပြောပေးမယ်နော်…..”

“ရပါတယ် ခင်ပဲ ပြောလိုက်မယ်……”

ခင် ဖုန်းကိုထုတ်ကာ အမေဆီကို ခေါ်လိုက်ပြီး ခဏအတွင်းဖုန်းကဝင်သွားကာ တစ်ဖက်မှ ကိုင်လိုက်သည်။

‘ဟယ်လို အမေ…….’

‘..........’

‘ဟုတ် ပြန်လာနေပြီ ကိုကောင်းပါပါတယ် ….’

‘........’

‘ဟုတ် ကိုကောင်းပြည့်က ဗိုက်ဆာနေလို့ တစ်ခုခုစားပြီးမှ ပြန်လာမယ်လို့ ဖုန်းဆက်ပြောတာအမေ
စိတ်ပူနေမှာစိုးလို့………’

‘........’

‘ဟုတ် ဟုတ် ဒါပဲနော်……..’

“ရပြီ…..”

ဖုန်းကိုချလိုက်တာနဲ့ သူက ခင့်ဘက်ကို ခေါင်းလေးငဲ့ရင်း မေးလာ၏။

“အန်တီဘာပြောလဲ……..”
“ရတယ်တဲ့ သူစားပြီးပြီတဲ့ ……..”

“Ok ဒါဆို ခွင့်ပြုချက်လဲ ရပြီဆိုတော့ ကိုမောင်းပြီနော်…..”

“ဟုတ်…….”

သူမဆီက အဖြေဆုံးမှ သူ့ပုံစံက ပိုတက်ကြွနေပုံရကာ ကားကိုဦးတည်ရာ ပြောင်းလိုက်လေ၏။အချိန်ခဏအကြာ၌ ဆိုင်တစ်ဆိုင်ရှေ့ ကားကို ရပ်လိုက်သည်။ ဆိုင်ကိုကြည့်တော့ လူအတော်အသင့်တော့ ထိုင်စားနေကြသည်။

သူမတို့အတွက်တော့ ထိုင်ရန်နေရာ ရှိနေသေးတာ တွေ့လိုက်ရ၍ တော်သေးသည်ဟုသာ တွေးလိုက်မိသေးသည်။

“ချောက်…..”

ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားနေတုန်းမှာပဲ သူကကားတံခါးကို လာဖွင့်ပေးလာ၏။ကားပေါ်က ဆင်းလိုက်ပြီး ဆိုင်ရှေ့သို့ လျှောက်လာခဲ့ကြသည်။

ဆိုင်ကတော့ ယိုးဒယားအထောင်းဆိုင်ထင်၏။ ဆိုင်အကြီးပုံစံမဟုတ်တဲ့ အိမ်ဆိုင်လေးကိုမှ အပြင်အဆင်က ရိုးရိုးလေးနဲ့လှနေသည်။ ဆိုင်ထဲ ဝင်ဝင်ချင်းမှာပင် ငါးကင်နံ့က သူမနှာခေါင်းထဲ ရိုက်ခတ်လာ၏။

“အနံ့ကတော့ ဗိုက်ပိုဆာအောင်လုပ်နေတာပဲ….”

သူ့စကားကို သဘောကျစွာ ခင်ပြုံးလိုက်မိသည်။

“လာ ကိုတို့ ထောင့်လေးမှာပဲ ထိုင်ရအောင်….”

“အင်း..”

သူညွှန်ပြရာ ထောင့်စားပွဲလေးကို ကြည့်လိုက်ပြီး သူ့နောက်ကပင် လိုက်လာခဲ့သည်။ ထိုင်ခုံနားရောက်တော့ သူက ထိုင်ခုံကို ဆွဲပေးလာကာ ခင်ထိုင်ရန် လုပ်ပေး၏။ထိုင်ခုံ၌ ဝင်ထိုင်လိုက်တော့မှ တစ်ဖက်ခုံ၌ သူကထိုင်လေသည်။

“ဘာစားချင်လဲ မေ ဒီမှာက ယိုးဒယား သဘေင်္ာသီးထောင်းနဲ့ ငါးကင်ကတော့ ကောင်းတယ်…”

“ကိုကောင်းပြည့်အဆင်ပြေရာမှာလိုက်ပါ ခင်က ဘာပဲဖြစ်ဖြစ်စားတယ်….”

“မေက ငါးကင်ကြိုက်တယ်မလား အဲ့တာပဲ ယူလိုက်မယ်နော်….”

“ဟင် ဟုတ်….”

‘ခင် ငါးကင်ကြိုက်တာ သူဘယ်လိုသိပါလိမ့်…’

တကယ့်ကို ဇဝေဇဝါဖြစ်သွားရတာပါ။ ဘာလို့ဆို သူမအကြိုက်ကို တစ်ခါမှ မပြောမိတာကြောင့်ပေ။

“ခင် ငါးကင်ကြိုက်တာ ဘယ်လိုသိတာလဲ….”

“အော်အဲ့တာလား ဟိုတစ်ခါ အမေတို့နဲ့ ထမင်းအတူစားတုန်းကလေ မေကတခြားဟင်းတွေ သိပ်မထိဘဲ ငါးကင်ပဲ အများဆုံးစားတာ သတိထားမိလိုက်လို့ပါ….”

“ရှင်…..”

သူအဲ့လိုပြောလာတော့ အံ့ဩမိတာအပြင် ရှက်သွားရသည်။ သူမပဲ အစားကြူးနေမိခဲ့တာလားဟုပင် တွေးမိသွားသည်အထိ။

“အံ့ဩသွားတာလား ကိုက မေကြိုက်တာကို သိထားချင်ရုံသက်သက်ပါ တစ်မျိုးမထင်ပါနဲ့ မေအတွက် အနှောင့်အယှက်များဖြစ်သွားလား…..”

“အနှောင့်အယှက်တော့ မဟုတ်ပါဘူး ခင်ကိုယ်တုင်တောင် သတိမထားမိခဲ့လို့လေ…”

“ဒါကလဲ ဖြစ်တတ်ပါတယ် ကိုဆိုလဲ ကြိုက်တဲ့အရာဆို ခဏခဏထိတွေ့တတ်တယ် မေ့အကြောင်းပိုနားလည်ချင်ရုံသက်သက်ပါ…”

“.......”

“ကိုကပြောပြရုံပါပဲ မေ့ကို အတင်းဖွင့်ပြောနေတာမဟုတ်ပါဘူး….”

“ဟုတ်ကဲ့….”

“........”

“..........”

ဘာမှ သိပ်ပြောစရာမရှိသလို ခင့်အတွက်နောက်အသစ်စဖို့ စိတ်ကူးမရှိသေးတာကြောင့် စကားပြောတာရပ်သွားခဲ့၏။

“ငါးကင်ရပါပြီ….”

စားပွဲထိုးလေးက သူမတို့စားပွဲကို မှာထားတာလေးတွေ လာချပေးတော့မှ စားဖို့ဘက်ကို အာရုံစိုက်လိုက်သည်။

“စားကြည့် မေ ……..”

“ဟုတ်ကဲ့…..”

>>>>>>>>>>>>>>>>>>>>>>>>>>.

Next ( 8 )

Address

Yangon
11031

Website

Alerts

Be the first to know and let us send you an email when May Oo's Fiction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to May Oo's Fiction:

Shortcuts

Share