14/06/2026
Before You
အပိုင်း ( ၉ )
“အမေ သမီးအလုပ်သွားတော့မယ်နော် ……”
“အင်း ဒီမှ ထမင်းချိုင့်ယူသွားလိုက်ဦး …….”
“အယ် အမေအစောကြီးထလိုက်တာလား သမီးပြောထားတယ်လေ ဝယ်စားလိုက်ပါမယ်ဆို……”
“အမေလဲ မအိပ်ချင်တော့တာနဲ့ ချက်လိုက်တာပါ ယူသွားလိုက် နေ့တိုင်းမှ မဟုတ်ဘဲကို…”
“ဟုတ်ကဲ့ပါ နောက်နေ့တွေတော့ အိပ်မပျော်လဲ ထမချက်နဲ့နော်……”
“အေးပါအေ ယူသွားချေတော့…….”
တစ်ခါတစ်လေဆိုပေမယ့် အမေ့ကို မပင်ပန်းစေချင်တာကြောင့် မနက်စောစောမထခိုင်းခြင်းပေ။ အမေကတော့ အသက်ကြီးလာတာနဲ့အမျှ အိပ်ပျော်ရန်ခက်ခဲမှန်းလဲ သိနေသည်။ အိပ်မပျော်သည့်တိုင် အလုပ်ထမလုပ်စေချင်တာကတော့ ခင်ရဲ့မိခင်အပေါ်ချစ်သည့်စိတ်ကြောင့်ဖြစ်သည်။
ခေါင်းကို အသာခါရမ်းရင်း အမေပြင်ပေးထားသည့် ထမင်းချိုင့်ကို ယူကာ ရုံးသွားရန် အိမ်ကထွက်လာခဲ့သည်။
“တော်တော်စကားများလာတာပဲ မဖြစ်ဘူး ယောကျ်ားမြန်မြန်ယူခိုင်းမှ ။ ဒီလိုသာဆို အပျိုကြီးဖြစ်ပြီး ပစီပစာပိုများလာတာပဲရှိမယ်။
“ဟတ်ချီးးးးး….. အား အမေငါ့အတင်းပြောနေပြန်တာလားမသိ..”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ဟင်း ဟင် ဟင်း ဟင်…….”
သီချင်းလေးညီးပြီး သော့လေးကို ရမ်းကာထွက်လာသော သူက ဘေးဘီကို ဝေ့မကြည့်ခဲ့မိပါ။
“ဒါဘယ်လဲ……”
“အမေ့….”
အနီးနားက ကပ်ပြိး ထွက်လာတဲ့ အသံဖြစ်လို့ ပိုလို့ လန့်သွားရသည်။ ဘေးကို ဝေ့ကြည့်မိတော့ အိမ်က မာတာမိခင်….
“ဟုတ်တယ် ငါ နင့်အမေ…”
“အာ အမေကလဲ လန့်သွားတာပဲ…….”
“အမယ် နင်ဟာ့နင် သီချင်းလေး တငြီးငြီးနဲ့ ငါ့ကိုမမြင်တာလေ…..”
“ဟီးးးးး”
အမေ့ကို သွားလေးစိကာ ရီပြလိုက်ရင်း လက်နှစ်ဖက်နဲ့ အမေ့ကိုယ်ကို သိမ်းဖက်လိုက်သည်။
“အမလေး အပိုတွေလာမလုပ်နေနဲ့ ဖယ် အခုက ဘယ်သွားမလို့လဲ …..”
“မေ့ဆီလေ အမေ ပြီးတာနဲ့ အလုပ်တန်းသွားမှာ…….”
“ဟွန့် ထင်ပါတယ် အဲ့လောက်တက်ကြွနေပုံထောက်…….”
“ဟီး….”
အမေ့စကားကို သဘောကျကာ ခေါင်းလေးပုရင်း ရီပြလိုက်သည်။
“ပြောပါဦး အခြေနေ….”
သူ့အနားက ခွာကာ စကားပြောရင်း ဧည့်ခန်းသို့ လှမ်းနေသော အမေ့နောက်ကို ကောင်းပြည့်လိုက်လာလိုက်သည်။
“အခြေနေကတော့ ပုံမှန်လိုမဟုတ်ဘူး နည်းနည်းတိုးတက်လာပြီ……..”
ဧည့်ခန်းထဲရောက်တော့ ဆိုဇာပေါ်ထိုင်လိုက်ရင်း စကားဆက်လိုက်သည်။
“အလုပ်သင်အနေထားလား…”
“အဲ့လောက်တော့ မဟုတ်ဘူး အိမ်စာပေးထားတဲ့ အနေထားလောက်ပါအမေ…..”
“လိုသေးတယ် ပိုကြိုးစား သား ……”
“ကြိုးစားနေပါတယ်အမေ အိမ်စပေးထားတဲ့ အခြေနေကနေ စာမေးပွဲအောင်တဲ့အနေထားထိ…….”
“ဘွဲ့ရတဲ့အထိမဟုတ်ဘူးလား……”
“အဲ့လောက်ထိလဲ မတွေ့ရဲသေးဘူးအမေ တစ်ဆင့်ချင်းသွားမှရမယ် မဟုတ်ရင် စာမေးပွဲကျသွားနိုင်တယ်……..”
“ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးလား ယုံကြည်ချက်မရှိဘဲ စာမေးပွဲဘယ်လိုအောင်မလဲ…….”
“ယုံကြည်ချက်ရှိပါတယ် မေ့ရဲ့စိတ်ကိုတော့ မှန်းမထားရဲတာပါအမေ စာဘယ်လောက်ဘဲ ကျက်ထားပါစေ တစ်ဖက်ရဲ့ အဖြေပေးမှုက မှန်မမှန်လဲ လိုသေးတယ်လေ….”
“အမေကတော့ ဘွဲ့ရတဲ့အထိမြင်ချင်တယ် ………”
“သားကြိုးစားပါ့မယ်…….”
“စစ်မှန်တဲ့ချစ်ခြင်းက ဘာမဆို အောင်မြင်နိုင်တယ်ဆိုတာ မှတ်ထားပါသား စိတ်ရင်းအမှန်နဲ့ ဆက်ဆံပြီး အရည်ချင်းအပြည့်အဝကို အသုံးချပါ ဒါဆို ဘာမဆို ဖြစ်လာနိုင်တယ်……’
“ဟုတ်ကဲ့ပါအမေ သားမှတ်ထားပါ့မယ်…….”
“ကဲ သွားသွား နောက်ကျနေမယ်……”
“ဟုတ် ……”
အမေ့ဆီက ခွင့်ပြုချက်ရသည်နှင့် ကားသောက်ကို ဆိုပ်ကိုင်ကာ အိမ်ထဲကနေမြန်မြန်ထွက်လာခဲ့သည်။
အချိန်ကိုကြည့်တော့ ၇ နာရီ ။ အခုထွက်ရင်တောင် နောက်မကျလောက်ဘူးထင်ပါသည်။
ကားရဲ့လီဘာကို သတ်မှတ်အမှတ်ထိတင်လျက် မောင်းကာ သူမရှိရာသို့ ရောက်ရန် စိတ်ဆန္ဒတွေ စောနေခဲ့သည်။
“ကျွီ…. တီ တီ….”
ကားဟွန်းသံမြည်အောင်လုပ်လိုက်သည်နှင့် သူမ၏အိန္ဒြေရှိလှသောခြေလှမ်းများနှင့် သူ့ရင်ကို ဖန်းစားနိုင်သော အလှတရားက ထွက်ပေါ်လာသည်။ လောနေတဲ့စိတ်အစဉ်က သူမကိုမြင်လိုက်သည်နှင့် မီးကိုရေနှင့်ငြိမ်းလိုက်သလိုပင် ဖြစ်သွားရသည်။
“ချောက်……”
သူမရဲ့ အလှတရားအပေါ် ငေးမောနေမိတုန်း ကားတံခါးကို ဖွင့်ကာ သူမကကားပေါ်တက်လို့လာခဲ့သည်။
“ဘာကြည့်နေတာလဲ ခင်မျက်နှာမှာ တစ်ခုခုပေနေလို့လား…….”
“မဟုတ်ပါဘူး ……..”
“ဟင် ဒါဆိုဘာလို့လဲ…….”
မျက်နှာမှာ တစ်ခုခုပေမပေ စမ်းနေသော သူမက တကဘ့်ကို ချစ်ဖို့ကောင်းလွန်းလှသည်။ သူမကပဲ ရိုးနေတာလား သူကပဲ သူ့အချစ်တေါကို ပုံဖော်မပြနိုင်သေးတာလားပင်။ သူမျက်လုံးက သူမအပေါ်စူးရှရှကျရောက်မှုနှင့်အတူ ချစ်ခြင်းတွေပြည့်နေလောက်မယ်ဆိုတာတော့ သူ့ကိုယ်သူသတိထားမိသည်။
“လှလို့လေ……”
“အယ်….”
သူ့စကားကြောင့် ရှက်သွားကာ မျက်နှာလေးကို တစ်ဖက်သို့လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်နေလေသည်။
“အဟင်း……..”
“မရီနဲ့…….”
“ဟောဗျာ လှလို့လှတယ်ပြောတာ ရှက်ရလားဗျာ……”
“အို့ ဘယ်မိန်းကလေးက ဒီလိုစိုက်ကြည့်နေတာကို သည်းခံနိုင်မှာလဲ……”
သူ့ဘက်ကိုတော့ မျက်နှာ မလှည့်လာသေးဘဲ တဖက်ကို ကြည့်ရင်းသာ ပြန်ငြင်းနေလေသည်။
“ဟုတ်ပါပြီဗျာ စတာပါ ခါးပတ်လေးပတ်လိုက်ဦးနော် အလုပ်ကို ကိုယ်လိုက်ပို့မယ်……..”
“ဟုတ်…..”
ရုံးကိုလိုက်ပို့ဖို့ ခါးပတ်ပတ်ခိုင်းမှ အသံလေးက ထွက်လာကာ ခါးပတ်ပတ်နေလေသည်။
ခေါင်းကိုအသာခါလိုက်ရင်း ပြုံးလိုက်မိတာကတော့ အကြိမ်ရေပင် မရေတွက်နိုင်လောက်တော့ပါ။
တစ်နေ့တစ်ခြား ပိုပိုဖမ်းစားလာသော သူမအလှကြောင့် အချစ်မှာနစ်မွန်းနေရသော အချစ်ရူးလေးဖြစ်နေရပြီ။ ရောဂါမကျွမ်းသေးခင် အမေပြောသလို ဘွဲ့ရအောင်မြန်မြန်လုပ်ရတော့မည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.
“ကျွီ ဒုန်း…….”
“ကားတံခါးကို စောင့်ပိတ်လိုက်ပြီး နေကာမျက်မှန်ကိုတက်ကာ ခပ်မိုက်မိုက်နှင့် ကားကိုမှီရပ်နေလိုက်သည်။ဘေးက ဖြတ်သွားသော လူများကတော့ သူ့ကို လူထူးဆန်း တစ်ယောက်လို ကြည့်နေကြပြန်သည်။မိန်းကလေးအချို့ကတော့ ပြုံးစိစိနဲ့ သူ့ကို ခိုးကြည့်နေသည်။
ဒါကလဲ ပျိုတိုင်းကြိုက်လောက်တဲ့ ရူပကာကြေင့်ဆိုတော့လဲ ကိုယ့်ကိုကိုယ်ဂုဏ်ယူရပြန်သည်။
တပ်ထားတဲ့နေကာမျက်မှန်ကို ပင့်တင်းလိုက်ရင်း လက်ပိုက်ကာ တစ်စုံတစ်ယောက်အလာကို စောင့်နေလိုက်သည်။ အိမ်က ထွက်လာတော့ ၇နာရီမထိုးခင်ဆိုတော့ အခုဆို ၇ခွဲပြီးလောက်ပြီ။
မကြာခင်တော့ သူစောင့်နေသူရောက်လာမှာပါ။ ဘာလို့ဆို ရုံးနောက်နောက်မကျတတ်သော အကိင့်ကို သိနေ၍သာ။
….
….
….
စောင့်ရင်းစောင့်ရင်း ချွေးတွေပြန်လာ၍ နေပူလာသောဒဏ်ကို မခံစားနိုင်တော့ကာ ဒေါသထွက်လာသည်။
“ဖူး….”
လေပူများကို မှုတ်ထုတ်ရင်း မနေနိုင်တော့၍ ကားထဲ ပြန်ထိုင်ကာ ကားစက်နှိုးပြီး Aircon ပြန်ဖွင့်ထားလိုက်သည်။
“ကျွတ် ဒီနေ့မှ ဘာလို့နောက်ကျနေတာလဲကွာ……”
နာရီကိုကြည့်တော့ လက်တံက ၈နာရီမထိုးခင် ၅ မိနစ်ကိုပြနေသည်။ ဒါဆို သူ၁၀မိနစ်ကျော်တောင် စောင့်နေခဲ့ရတာပေါ့။ တစ်ခါမှ နောက်မကျဖူးသည်သူကြောင့် ဒေါသထွက်ရင်းသာ လေပူများကို အကြိမ်ကြိမ် မှုတ်ထုတ်နေမိသည်။
“ဟားးးး……”
“ကျွီ……”
“ဒုန်း…..”
“မေ ဖြည်းဖြည်းဆင်း………”
“ဟုတ်ကဲ့ ကိုကောင်းပြည့်……”
ကားထဲကနေ သူမအသံကို ကြားလိုက်ရ၍ အပြင်ကို ကြည့်မိတော့ မျှော်နေသော တစ်စုံတစ်ယောက်ဖြစ်နေသည်။ဘေးမှာကလဲ အမျိုးသားတစ်ယောက်နှင့်။
ဘယ်သူလဲ သူက။
“တောက်……”
ပြင်းထန်သော ဒေါသနှင့်အတူ တောက်ခေါက်သံက ကျယ်သွားခဲ့ပြီး ကမူးကရူးနဲ့ ကားပေါ်ကဆင်းလိုက်ကာ သူမဆီသို့ လှမ်းသွားလိုက်သည်။
“ဒေါ် ခင် သ စ္စာ မေ ….”
“ဟင်…..”
ကျယ်လောင်သော ခေါ်သံကြောင့် သူမကိုယ်လေး တုန်လှုပ်သွားကာ အသံလာရာကို ကြည့်မိတော့ မမျှော်လင့်ထားသူ တစ်ဦး။
“လာခဲ့စမ်း……”
အားပါတဲ့ ဆွဲချက်ကြောင့် လက်ကောက်ဝတ်လေးနာသွားကာ သူမကိုယ်ကလဲ ခေါ်တဲ့သူထံ ယိမ်းပါသွားသည်။
“ဒါဘာသဘောလဲ….”
“အ နာတယ်….”
လက်ကောက်ဝတ်ကို အားနှင့် ညစ်ထားတာကြောင့် နားကျင်မှုက သူမကို မျက်ရည်ပါ ဝဲတက်လာစေသည်။
“ဒါဘာသဘောလဲလို့ မေးနေတယ်လေ…..”
သူမ ဘာဖြစ်တယ်ဆိုတာကို သတိမထားမိဘဲ သူပြောချင်ရာ မေးချင်ရာသာ မေးနေ၏။
“ဘာသဘောမှမဟုတ်ဘူး …….”
“ဘာပြောတယ်…..”
“လွှတ် နာတယ်…….”
သူဆွဲထားသော သူမလက်ကောက်ဝတ်ကို လွတ်အောင်ရုန်းနေမိသလို ပါးစပ်ကလဲ အလိုအလျောက်ငြင်းဆန်နေသည်။
“ခင်ဗျား ဖောက်ပြန်နေတာလား….”
“ဘာာာာာာာာာ….”
မထင်မှတ်ထားသော စကားကြောင့် အံ့ဩသွားရကာ လက်နာတာပင်မေ့သွားသည်အထိ သူ့ကို စိုက်ကြည့်နေလိုက်သည်။
ကောင်းပြည့်ကတော့ သူမကိုစိုးရိမ်နေမိပေမယ့် ကြားထဲလဲ ဝင်မပါရဲ့ပေ။ တစ်ဖက်လကိုကြောက်လို့တော့မဟုတ်။ မေက သူဝင်ပါခြင်းအပေါ် သဘောတူရဲ့လား မသိ၍ဖြစ်သည်။ သို့သော် အဆိုးဆုံးအခြေနေဆိုရင်တော့ ဝင်ပါဖို့ ဆုံးဖြတ်ထားလိုက်သည်။
“ဘာစကားပြောလိုက်တာလဲ နင်…”
“ဟုတ်တယ်လေ ကျုပ်ကွယ်ရာမှာ တခြားကောင်တစ်ကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ ဖောက်ပြန်တာမဟုတ်လို့ဘာလဲ………”
“ငါ့ကို ဖောက်ပြန်တယ်ပြောရအောင် နင်က ငါနဲ့ဘာဆိုင်လို့လဲ…..”
“ဘာပြောတယ် ဘာဆိုင်လဲမေးရအောင် ခင်ဗျားနဲ့ကျုပ်ကရည်းစားတွေလေ ….”
“ပြီးသွားခဲ့တာဖြင့် လွန်ခဲ့တဲ့ ၂ပတ်လောက်ကကို အခုမှဘာတွေလာပြောနေတာလဲ……..”
“ခင်ဗျားပြီးတယ်ဆိုတိုင်း အတည်ဖြစ်မလား ကျုပ်လက်မခံဘူး…….”
“လက်မခံရအောင် နင်ကဘာမို့လို့လဲ နင်ကိုယ်နင်ဘာထင်နေလဲ……..”
“ဘာ ကျုပ်လုပ်ရင် ခင်ဗျားသေတော့မယ်……”
“လုပ်ကြည့်စမ်းပါ ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး ငါကလဲ သည်းခံနေမှာမဟုတ်ဘူး…….”
“........”
တစ်ချိန်က သူပြောသမျှနားထောင်ပေးခဲ့သူဆိုတာနဲ့ လားလားမျှမဆိုင်တဲ့သူတစ်ယောက်လိုပင်။ မထင်မှတ်ထားတဲ့ ပုံစံကိုတွေ့လိုက်ရ၍ ဘာမှဆက်မပြောဖြစ်ပဲ သူမကိုသာ စိုက်ကြည့်နေမိသည်။
“လွှတ်လိုက်ပါ ညီလေး …..”
“ခင်ဗျား စောက်ပူမပါဘူး……”
သူ့လက်ကို အတင်းလာဖြုတ်ကာ လွှတ်ဖို့ပြောနေသော ဟိုလူ့ကြောင့် သူ့ဒေါသက ပြန်ထွက်လာရာ ပြန်ရန်စောင်နေမိခဲ့သည်။
“ထွက်သွား……”
“ဘာ…..”
>>>>>>>>>>>>>>>>>>>>.
Part (10) မျှော်………..