Family TeleConsult & DomiCare

Family TeleConsult & DomiCare Family TeleConsult & DomiCare was first launched in February 2022 by Nyein Say Yar Co., Ltd.

18/08/2026

မနာမကျန်းဖြစ်နေတဲ့ လူကြီးမိဘတွေကို ဆေးရုံ၊ ဆေးခန်းသွားပြဖို့ အခက်အခဲဖြစ်နေပါသလား? 👵🏻👴🏻

အသက်အရွယ်ကြီးလာတာနဲ့အမျှ ဆေးခန်းသွားဖို့ဆိုတာ လူကြီးမိဘတွေအတွက် ထင်သလောက် မလွယ်ကူနိုင်ပါဘူး။

ကားစီစဉ်ရတာ၊ သွားလာရင်း ပင်ပန်းရတာ၊ ဆေးခန်းမှာ အချိန်ကြာကြာ စောင့်ဆိုင်းရတာတွေကြောင့် လူနာအတွက်ရော မိသားစုဝင်တွေအတွက်ပါ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် "Family TeleConsult & DomiCare" က အိမ်ကနေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ 💙

📱 ဆေးရုံ၊ ဆေးခန်းကို ကိုယ်တိုင်သွားစရာမလိုဘဲ သက်ဆိုင်ရာ ဆရာဝန်၊ အထူးကုဆရာဝန်ကြီးတွေနဲ့ Online ကနေ တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်မယ့် Teleconsultation Service

🏠 အိမ်ပြင်ထွက်ဖို့ခက်ခဲတဲ့ လူကြီးမိဘတွေ၊ နာတာရှည်လူနာတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုနဲ့ စောင့်ရှောက်မှုတွေကို အိမ်အရောက် ဝန်ဆောင်မှုရယူနိုင်မယ့် DomiCare Service ဆိုပြီး

အဓိက Service ၂ မျိုး ရှိတာကြောင့် ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေအတွက်ပဲဖြစ်ဖြစ် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Service ကို ရွေးချယ်နိုင်ပါပြီရှင်။ 😇

ဘယ် Service က ပိုသင့်တော်မလဲဆိုတာ သိချင်တယ်ဆိုရင်လည်း Family TeleConsult & DomiCare ကို အရင်ဆုံး ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်ပါတယ်။ 🤗

⏰ မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း
📞 Hotline – 09 883 833 021, 09 883 833 023

"သင့်ကျန်းမာရေးအတွက် Family TeleConsult & DomiCare"

#မိသားစုဆရာဝန်

ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံနှစ်ခုပါ။ 💙MIBA C...
18/08/2026

ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံနှစ်ခုပါ။ 💙

MIBA College နှင့် Family TeleConsult & DomiCare တို့ရဲ့ ပူးပေါင်းမှုမှတစ်ဆင့် လူငယ်တွေရဲ့ အနာဂတ်နဲ့ မိသားစုတိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေ အတူတကွ ဖန်တီးခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 🙏💙

ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုဆီ အတူတကွ လျှောက်လှမ်းကြမယ်နော်။ 🤝

#မိသားစုဆရာဝန်

လူတစ်ယောက်ရဲ့ ဘဝမှာ တောက်ပတဲ့ အနာဂတ်ကို ပုံဖော်ဖို့ "ပညာရေး" က ဘယ်လောက်တောင် အဓိကကျသလဲ?
ဒါ့အပြင် စိတ်အေးချမ်းသာစွာနဲ့ အနာဂတ်ဆီ လျှောက်လှမ်းနိုင်ဖို့ နွေးထွေးတဲ့ "စောင့်ရှောက်မှု (𝐂𝐚𝐫𝐞)" ကရော ဘယ်လောက်ထိ လိုအပ်သလဲ?

ဒီမေးခွန်းနှစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဖြေတစ်ခုကို 𝐌𝐈𝐁𝐀 𝐂𝐨𝐥𝐥𝐞𝐠𝐞 နဲ့ 𝐅𝐚𝐦𝐢𝐥𝐲 𝐃𝐨𝐦𝐢𝐂𝐚𝐫𝐞 & 𝐓𝐞𝐥𝐞𝐜𝐨𝐧𝐬𝐮𝐥𝐭 တို့ အတူတကွ ပူးပေါင်းဖန်တီးလိုက်ပါပြီ! 🤝✨

ယခုလိုတရားဝင် 𝐌𝐎𝐔 လက်မှတ်ရေးထိုး လက်တွဲလိုက်တာဟာ "လူငယ်တွေအတွက် ခိုင်မာတဲ့ အနာဂတ်ပညာရေးကို တည်ဆောက်ပေးရင်း တစ်ဖက်မှာလည်း မိသားစုတိုင်းရဲ့ ကျန်းမာရေးနဲ့ စောင့်ရှောက်မှုကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ အတူတကွ ခြေလှမ်းသစ် စတင်လိုက်တာဖြစ်ပါတယ်။"

✨ ဒီပူးပေါင်းမှုကနေ သင်နဲ့ သင့်မိသားစုအတွက် ဘာတွေ ရရှိလာမလဲ?

1️⃣ အရည်အသွေးမြင့် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများ
2️⃣ မိသားစုတိုင်း စိတ်အေးချမ်းသာစွာ အားကိုးနိုင်မယ့် ဝန်ဆောင်မှုစနစ်
3️⃣ ခေတ်မီဆန်းသစ်တဲ့ လေ့ကျင့်သင်ကြားမှုနဲ့ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်မှုများ

👉 ဒါနဲ့ သင့်အနေနဲ့ရော ဒီပေါင်းစည်းမှုကနေ ဘာကို အရင်ဆုံး မျှော်လင့်မိလဲ?

(𝐀) တောက်ပတဲ့ ပညာရေးအခွင့်အလမ်းသစ်များ 🎓
(𝐁) မိသားစုအတွက် ပိုမိုစိတ်ချရတဲ့ စောင့်ရှောက်မှုစနစ် ❤️

(𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ သင့်ရဲ့ ဆန္ဒလေးကို "𝐀" သို့မဟုတ် "𝐁" လို့ ရေးခဲ့ပေးပါဦးနော်! 👇)

နွေးထွေးတဲ့ အနာဂတ်တွေကို အတူတူ ပုံဖော်နိုင်ဖို့အတွက် ဒီသတင်းကောင်းလေးကို သင့်မိသားစုနဲ့ မိတ်ဆွေတွေဆီ 𝐓𝐚𝐠 ရိုက်ပြီး 𝐒𝐡𝐚𝐫𝐞 သွားဖို့လည်း မမေ့နဲ့နော်! 🌟

နာတာရှည်လူနာတွေက သာမန်ထက် စိတ်ဓာတ်ကျဖို့ အခွင့်အလမ်း အများကြီး ပိုများပါတယ်။  အဓိကအချက်တွေကတော့  💢 ရောဂါကြောင့် လွတ်လပ်မ...
11/08/2026

နာတာရှည်လူနာတွေက သာမန်ထက် စိတ်ဓာတ်ကျဖို့ အခွင့်အလမ်း အများကြီး ပိုများပါတယ်။



အဓိကအချက်တွေကတော့

💢 ရောဂါကြောင့် လွတ်လပ်မှုမရှိတာ

💢 အခြားသူကို အားကိုးနေရတာ

💢 မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တာ

💢 ဝေဒနာနာကျင်မှု ပြင်းထန်တာ

💢 ဆေးတွေကြောင့် ခန္ဓာကိုယ်ဆိုင်ရာ ဓာတ်ပြောင်းလဲလာတာတွေ ဖြစ်ပါတယ်။



ဒါပေမဲ့ လူနာရှင်တွေအနေနဲ့ စိတ်ဓာတ်မကျအောင် ဒီလိုကူညီပေးနိုင်ပါတယ်။



✅ ၁။ လူနာရဲ့ စကားကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ နာကျင်မှု ညည်းသံတွေကိုပါ စိတ်ဝင်တစား နားထောင်ပေးတာက အကောင်းဆုံး ဆေးတစ်ခွက်ပဲနော်။



✅ ၂။ လူနာကိုယ်တိုင်က တန်ဖိုးရှိနေကြောင်း ခံစားရပါစေ။ ဥပမာ - အိမ်တွင်း ကိစ္စသေးသေးလေးတွေမှာ သူတို့ရဲ့ အကြံဉာဏ်ကို တောင်းခံပြီး "မိသားစုမှာ အရေးပါတယ်" ဆိုတာမျိုး ခံစားရအောင် လုပ်ပေးနိုင်ပါတယ်။



✅ ၃။ ကျန်းမာရေးစောင့်ရှောက်မှုကို အိမ်မှာတင် သက်သောင့်သက်သာ ဖန်တီးပေးပါ။ မိုးရွာထဲ၊ ကားလမ်းပိတ်ထဲ ဆေးခန်းသွားရတဲ့ ဒုက္ခကို လျှော့ချပေးခြင်းကလဲ လူနာရဲ့ စိတ်ဖိစီးမှုကို အများကြီး သက်သာစေပါတယ်။



နာတာရှည်လူနာတွေအတွက် ခန္ဓာကိုယ်ကျန်းမာရေးတင်မက စိတ်ဓာတ်ကျန်းမာရေးကိုပါ နွေးထွေးစွာ စောင့်ရှောက်ပေးဖို့က အရေးကြီးဆုံးပဲမို့ ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ သူနာပြုတွေကိုယ်တိုင် အိမ်တိုင်ရာရောက် ဆေးကုသမှုခံယူချင်ရင် Family ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ✨



အောက်ပါဖုန်းနံပါတ်တွေကနေ မနက် (၉) နာရီ မှ ညနေ (၄) နာရီခွဲ အတွင်း appointment ယူနိုင်ပါပြီ။ 🤙🏻



🔺 Hotline Number - 09 883 833 021, 09 883 833 023



သင့်ကျန်းမာရေးအတွက် Family TeleConsult & DomiCare 🩺



#မိသားစုဆရာဝန်

🌧 နေထိုင်မကောင်းပေမဲ့ မိုးရွာနေလို့ဆေးခန်းထွက်မပြချင်ရင် ဒီကို ဖုန်းဆက်ပါ။ မိုးတွင်းမှာ ကိုယ်တိုင်လူလတ်ပိုင်းတောင် အပြင်...
01/08/2026

🌧 နေထိုင်မကောင်းပေမဲ့ မိုးရွာနေလို့ဆေးခန်းထွက်မပြချင်ရင် ဒီကို ဖုန်းဆက်ပါ။

မိုးတွင်းမှာ ကိုယ်တိုင်လူလတ်ပိုင်းတောင် အပြင်ထွက်ဆေးခန်းပြဖို့ထက် ဆေးမြှီးတိုမှီဝဲပြီး ပေကပ်နေတတ်ကြတာ နာတာရှည်သမားတွေ ၊ လူကြီးမိဘတွေဆို ပိုလိုတောင် အိမ်မှာပဲအေးဆေးနားနေချင်ကြပါတယ်။ ဒါကြောင့်လဲ Family ကနေ အိမ်အအပြင်ထွက်ဖို့အခက်အခဲရှိတဲ့လူနာတွေအတွက် Domicare Package အမျိုးမျိုး စီစဉ်ပေးထားတာပါ။

✅ ဆေးခန်းပြချင်သူတွေအတွက် ဆရာဝန်ကိုယ်တိုင် အိမ်ပင့်လိုက်ပြီး ဆေးကုသပေးတဲ့
Premium Health Care On-Call Package

✅ ကျန်းမာရေး စစ်ဆေးချင်ရုံပဲဆိုတဲ့သူတွေအတွက်
Medical Wellness Package

✅ ကိုယ်ပြသရမဲ့ဆရာဝန်ဆီ တိုက်ရိုက်ရောက်အောင် တိုင်ပင်ဆွေးနွေးပေးမဲ့
Family Teleconsultation Service

✅ အထူးကုဆရာဝန်၊ သမားတော်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆေးခန်းပြနိုင်မဲ့
Specialist Tele-consultation Service

✅ သူနာပြုပိုင်းဆိုင်ရာ အနီးကပ်ပြုစုစောင့်ရှောက်မှုတွေအတွက်
24-Hour Special Nurse Service

စတဲ့ ဝန်ဆောင်မှုတွေအပြင် ကာကွယ်ဆေးထိုးနှံခြင်း ၊ lab စစ်ဆေးချက်တွေဖတ်ပေးခြင်း တို့ကိုပါ အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်၊ သူနာပြုနဲ့ သူနာပြုအကူတွေကိုယ်တိုင် ဆောင်ရွက်ပေးနေပါပြီ။

မိုးတွင်း အိမ်မှာပဲ နားနားနေနေ နေထိုင်ရင်း ဆေးကုသချင်ရင် အောက်ပါဖုန်းနံပါတ်တွေကို မနက် (၉) နာရီ မှ ညနေ (၄) နာရီခွဲ အတွင်း appointment ယူဖို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ။ 🤙🏻

🔺 Hotline Number - 09 883 833 021, 09 883 833 023

သင့်ကျန်းမာရေးအတွက် Family TeleConsult & DomiCare 🩺

#မိသားစုဆရာဝန်

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞  🙏မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ဝါဆိုလပြည့်နေ့ တွင် ကောင်းမှုကုသိုလ်များ ပွားမျ...
29/07/2026

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ဝါဆိုလပြည့်နေ့ တွင် ကောင်းမှုကုသိုလ်များ ပွားများကာ ကိုယ်စိတ်နှလုံး အေးချမ်းပြီး ကျန်းမာကြပါစေကြောင်း Family TeleConsult & DomiCare ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဆေးရှာရတာနဲ့ အချိန်ကုန်နေပြီလား။  သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် လိုမျိုး နာတာရှည်ရောဂါရှိတဲ့ မိဘဘိုးဘွားတွေအတွက် ...
24/07/2026

ဆေးရှာရတာနဲ့ အချိန်ကုန်နေပြီလား။



သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် လိုမျိုး နာတာရှည်ရောဂါရှိတဲ့ မိဘဘိုးဘွားတွေအတွက် ဆေးခန်းပြပြီး ဆေးဝါးရှာရခက်တတ်လို့ လူနာရှင်တွေအနေနဲ့ အတော်လေးခေါင်းခဲရတာပါ။ 😪



မိုးရာသီမှာ ဆေးဆိုင်တွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သွားလာလိုက်ရှာဖို့ အချိန်မရှိဘူးဆို Family Domicare ကို ဆက်သွယ်ပါ။



💢 Family မှာ Teleconsultation ဝန်ဆောင်မှု ၊ အိမ်တိုင်ရာရောက်ကုသပေးတဲ့ ဝန်ဆောင်မှုအပြင် ဆေးဝါးများကိုပါ တစ်ခါတည်း Delivery ပို့ဆောင်ပေးနေပါတယ်။

💢 ဆေးတိုင်းကလဲ ဆေးခန်းရဲ့ တရားဝင် Pharmacy ဌာနကနေ စီစစ်ထုတ်ပေးထားတာမို့ စစ်မှန်ကြောင်း ရာနှုန်းပြည့်အာမခံပေးနိုင်ပါတယ်။



ဆရာဝန်ပြတာကနေ ဆေးသောက်ရတဲ့အထိ သက်သောင့်သက်သာဖြစ်ဖို့ Family Domicare ကနေ တာဝန်ယူပေးနေပြီမို့



ဆေးခန်းပြဖို့ရက်ချိန်းလိုချင်တာ (သို့) ဆေးတွေအိမ်အရောက်မှာချင်ရင် မနက် (၉) နာရီ ကနေ ညနေ (၄) နာရီခွဲ အတွင်း ဆက်သွယ်နိုင်ပါတယ်ဗျ။ 🤙🏻



🔺 Hotline Number - 09 883 833 021, 09 883 833 023



သင့်ကျန်းမာရေးအတွက် Family TeleConsult & DomiCare 🩺



#မိသားစုဆရာဝန်

ဆေးရုံမှာ ပြသရခက်တဲ့ ဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ face to face ဆေးခန်းပြနိုင်မယ်ဆို ယုံလား။ ❓ မယုံလို့လဲ မရပါဘူး။ Fami...
22/07/2026

ဆေးရုံမှာ ပြသရခက်တဲ့ ဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ face to face ဆေးခန်းပြနိုင်မယ်ဆို ယုံလား။ ❓



မယုံလို့လဲ မရပါဘူး။ Family Domicare မှာ အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းဆေးခန်းပြနိုင်မဲ့ Teleconsultation Service ရှိနေပြီ မို့လို့ပါပဲ။ Téléconsultation Service ရဲ့ အားသာချက်က

✅ ဆေးရုံ၊ ဆေးခန်းတွေမှာ ရက်ချိန်းရဖို့ လနဲ့ချီ စောင့်စရာမလိုဘူး။

✅ နေမကောင်းတဲ့ လူနာအတွက် ဒုက္ခမများရတော့ဘူး။

✅ လူနာအခြေအနေကို မိသားစုဝင်အားလုံး ဆရာဝန်ဆီကနေ တိုက်ရိုက်ကြားသိနိုင်မှာ ဖြစ်ပါတယ်။



💢 ဆေးခန်းပြဖို့ လိုအပ်ချက်ကတော့ ကြည်လင်ပြတ်သားစွာ ဆွေးနွေးနိုင်ဖို့ ကောင်းမွန်တဲ့အင်တာနက်ချိတ်ဆက်မှု နဲ့ ဖုန်း (သို့) laptop ရှိဖို့ လိုပါမယ်ဗျာ။ 💢



Family Domicare ဆေးခန်းထိုင်တဲ့ဆရာဝန်ကြီးတွေကတော့ …

General Physician (အထွေထွေရောဂါအထူးကု သမားတော်)

General surgeon (အ‌ထွေထွေခွဲစိတ်အထူးကုဆရာဝန်)

Obstetrician and Gynecologist (သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်)

Paediatrician (ကလေးအထူးကုသမားတော်)

Hepatologist (အသည်းအထူးကုသမားတော်)

Gastroenterologist (အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်)

Nephrologist (ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်)

Rehab physician (ပြန်လည်သန်စွမ်းရေး ကုသမှု အထူးကုဆရာဝန်) တို့ဖြစ်ပါတယ်။



ကိုယ်ပြသချင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ရက်ချိန်းကြိုယူပေးပါနော်။ ဘယ်ဆရာဝန်နဲ့ပြသရမှန်း မသေချာဘူးဆို မနက် (၉) နာရီ ကနေ ညနေ (၄) နာရီခွဲ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။ 🤙🏻



🔺 Hotline Number - 09 883 833 021, 09 883 833 023



သင့်ကျန်းမာရေးအတွက် Family TeleConsult & DomiCare 🩺



#မိသားစုဆရာဝန်

Address

Yangon

Telephone

+959883833021

Website

Alerts

Be the first to know and let us send you an email when Family TeleConsult & DomiCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share