26/09/2026
"မျှော်လင့်ခြင်းရဲ့ လမ်းကလေးမှာ မောပန်းနေပြီလား…" 🌸
လတိုင်း လတိုင်း Test Kit လေးပေါ်မှာ မျဉ်းနှစ်ကြောင်း ပေါ်လာမလားဆိုပြီး ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ စက္ကန့်တွေ…
မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ တိတ်တဆိတ် ဝမ်းနည်းခဲ့ရတဲ့ ရာသီသွေးလာတဲ့ ရက်တွေ…
"သတင်းကောင်း မရသေးဘူးလား" ဆိုတဲ့ အနီးဝန်းကျင်ရဲ့ စေတနာစကားတွေကို ပြုံးပြပြီး ကြိတ်မှိတ် ကြံ့ကြံ့ခံခဲ့ရတဲ့ ခံစားချက်တွေ…
ဒါတွေကို မေမေတို့နဲ့အတူ အခြားသော အမျိုးသမီးများစွာလည်း ကြိတ်မှိတ် ခံစားနေကြရတာပါ။ သင် တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ❤️
ရင်သွေးလေးတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ဆိုတာ အချို့အတွက် လွယ်ကူနိုင်ပေမဲ့၊ အချို့အတွက်တော့ စိတ်ရှည်မှု၊ ပေးဆပ်မှုနဲ့ သီးခံခြင်းများစွာနဲ့ တည်ဆောက်ရတဲ့ ခရီးတစ်ခု ဖြစ်နေတတ်ပါတယ်။
✅နားလည်ပေးနိုင်တဲ့ ခင်ပွန်းနဲ့အတူ စိတ်ဓာတ်မကျပဲမိမိကိုယ်ကို သေချာဂရုစိုက်ပါ—
✅စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပါ။ စိတ်ဖိစီးမှုက သန္ဓေတည်ဖို့ ခက်ခဲစေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။
✅ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို မျှတစွာ စားသုံးပါ။
✅လိုအပ်ရင် အထူးကုဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စစ်ဆေးကုသမှုတွေ ခံယူပါ။
ကလေးဆိုတာ စိတ်ဆန္ဒနဲ့တင်မကဘဲ အချိန်အခါနဲ့ ကံဇာတာ အကျိုးပေးမှုလည်း လိုအပ်တဲ့ ပဟေဠိတစ်ခုပါ။ မိမိကိုယ်ကို အပြစ်တင်တာမျိုး၊ အားငယ်တာမျိုး လုံးဝမလုပ်ပါနဲ့။
သင်ဟာ ခိုင်မာတဲ့ မေတ္တာတံခါးကို ဖွင့်လှစ်ထားပြီးသား မိခင်ကောင်းတစ်ယောက်ပါ။ ရင်သွေးလေးက သင့်ဆီလာဖို့ လမ်းပျောက်နေတာ မဟုတ်ပါဘူး၊ အကောင်းဆုံးသော အချိန်တစ်ခုကို စောင့်ဆိုင်းနေတာပါနော်✨
ဒီနေ့မှာပဲ စိတ်ကို ပေါ့ပါးစွာထားပြီး မိမိကိုယ်ကို ပွေ့ဖက်လိုက်ပါ။ မကြာမီရက်များမှာ ရင်သွေးလေးရဲ့ သတင်းကောင်းနဲ့အတူ မေမေတို့ရဲ့ အပြုံးတွေကို မြင်တွေ့ရပါစေကြောင်း အမှန်ကန်ဆုံး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ 👶👶💕