23/06/2026
ပျားရည်က ရိုးရိုးသကြားနဲ့ယှဉ်မယ်ဆို
ဆီးချိုသွေးချိုအတွက် ပိုကောင်းနိုင်မလား ?
ပျားရည်က သဘာဝထွက်ကုန်စစ်စစ်ဖြစ်ပြီး အကျိုးပြုတဲ့ဓာတ်တွေ ပါဝင်ပေမဲ့
သွေးတွင်း အချိုဓာတ်နဲ့ ပတ်သတ်လာတဲ့အခါမှာ စဉ်းစားစရာလေးရှိလာပါတယ်။
အမှတ်လွဲကြတဲ့ တစ်ချက်ကတော့ ပျားရည်က သဘာဝကရလို့
သုံးစွဲဖို့ Safe ဖြစ်တယ်ဆိုတာပါပဲ။ 🐝
နှိုင်းယှဉ်ကြည့်တဲ့အခါ ပျားရည်က သကြားနဲ့စာရင် အချိုဓာတ်အနည်းငယ်ပဲ လျော့နည်းပါတယ်။
သကြားရဲ့ဖွဲ့စည်းပုံက 50% Glucose, 50% Fructose ဖြစ်ပြီး
ပျားရည်မှာ 30% Glucose, 40% Fructose နဲ့ ရေ၊ ဝတ်မှုန်၊ အကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။
ဆီးချိုသမားတွေအတွက် ပျားရည်ကို ဘယ်လိုသုံးစွဲနိုင်မလဲ ? 🍯
ပျားရည်က သဘာဝဖြစ်ပေမဲ့ အစာခြေလိုက်တဲ့အခါ သကြား (အချိုဓာတ်) ပဲဖြစ်ပါတယ်။
ဒါကြောင့် ပုံမှန် သကြားသုံးနေကျနေရာတွေမှာ ပျားရည်ကို အစားထိုးတာမျိုး သုံးနိုင်ပါတယ်။
ဒီလိုသုံးနိုင်ရင်တော့ သကြားလောက် အချိုဓာတ်မများတဲ့အပြင် ပျားရည်ရဲ့
အခြား အကျိုးပြုဓာတ်တွေကိုပါ ရရှိမှာဖြစ်လို့ ခန္ဓာကိုယ်အတွက် ပိုကောင်းနိုင်ပါတယ်။
သတိထားရမှာက နဂို သကြားပါဝင်ပြီးသား အစားအစာမှာ
ပျားရည်ထပ်ထည့်လိုက်တာမျိုးကို ရှောင်ကျဉ်ဖို့ပါပဲ။
ပျားရည်လည်း မသုံးချင်၊ သူ့ဆီကရတဲ့ အကျိုးပြုဓာတ်တွေကိုလည်း လိုချင်တယ်ဆိုရင်တော့
ကိုယ့်ရဲ့ Diet ထဲမှာ အခွံမာသီး၊ အစေ့အဆံ၊ ပဲ၊ ဟင်းရွက်စိမ်းတွေထည့်စားဖို့
အကြံပြုပါတယ်။🤍
#ဆီးချိုသွေးချို #ဆီးချိုသွေးချိုတိုင်းစက်