Partners' Link

Partners' Link Let's do the best relations with Partners' Link.

🧠 အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ?စာဖတ်တာ၊ အလုပ်လုပ်တာ၊ စာလေ့လာတာတွေမှာ အာရုံစူးစိုက်မှု (Concentration) ကော...
07/09/2026

🧠 အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ?

စာဖတ်တာ၊ အလုပ်လုပ်တာ၊ စာလေ့လာတာတွေမှာ အာရုံစူးစိုက်မှု (Concentration) ကောင်းမွန်ဖို့က အရေးကြီးပါတယ်။ နေ့စဉ်ဘဝမှာ အလွယ်တကူ လိုက်နာနိုင်တဲ့ အလေ့အကျင့်လေးတွေက အာရုံစူးစိုက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။

🔹 အိပ်ရေးဝဝ အိပ်ပါ
အိပ်ရေးမဝရင် နေ့ခင်းဘက်မှာ ပင်ပန်းနွမ်းနယ်ပြီး အာရုံစူးစိုက်ရခက်နိုင်ပါတယ်။ ပုံမှန်အိပ်ချိန်ထားပြီး အိပ်စက်မှုကောင်းအောင် ဂရုစိုက်ပါ။

🔹 အာဟာရပြည့်ဝအောင် စားပါ
အသီးအရွက်၊ သစ်သီး၊ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို မျှတစွာစားသုံးပါ။

🔹 ရေ လုံလောက်စွာ သောက်ပါ
ရေဓာတ်မလုံလောက်ခြင်းက ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်တာကြောင့် ရေကို ပုံမှန်သောက်ပေးပါ။

🔹 အလုပ်ကို တစ်ခုပြီးမှ တစ်ခု လုပ်ပါ
တစ်ချိန်တည်းမှာ အလုပ်များစွာကို လုပ်ဆောင်တာထက် လုပ်စရာတစ်ခုကို အာရုံစိုက်ပြီး ပြီးမြောက်အောင်လုပ်တာက ပိုထိရောက်နိုင်ပါတယ်။

🔹 ဖုန်းနဲ့ Social Media ကို ခဏနားပါ 📱
စာလုပ်ချိန်၊ အလုပ်လုပ်ချိန်မှာ Notification တွေကို ပိတ်ထားပြီး အာရုံထွေပြားစေမယ့်အရာတွေကို ခဏဖယ်ထားပါ။

🔹 ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ 🏃
လမ်းလျှောက်ခြင်း၊ အားကစားလုပ်ခြင်း စတဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။

✨ အာရုံစူးစိုက်မှုကောင်းဖို့ဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ နေ့စဉ်အလေ့အကျင့်လေးတွေကို ပုံမှန်ပြုလုပ်ပေးခြင်းက အရေးကြီးပါတယ်။

#အာရုံစူးစိုက်မှု

နှလုံးရောဂါ ဟာ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုတာသိပြီးပြီလား ?“နှလုံးရောဂါဆိုတာ အသက်ကြီးမှ ဖြစ်တတ်တဲ့ ရောဂါ" လို့ အရင်က ယူ...
07/09/2026

နှလုံးရောဂါ ဟာ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုတာသိပြီးပြီလား ?

“နှလုံးရောဂါဆိုတာ အသက်ကြီးမှ ဖြစ်တတ်တဲ့ ရောဂါ" လို့ အရင်က ယူဆခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ အသက် ၂၀၊ ၃၀ အရွယ် လူငယ်လူရွယ်တွေမှာပါ နှလုံးရောဂါဖြစ်ပွားမှုနဲ့ ရုတ်တရက် နှလုံးရပ်တန့်မှု (Sudden Cardiac Arrest) တွေ သိသိသာသာ မြင့်တက်လာနေပါတယ်။

လူငယ်တွေမှာ နှလုံးရောဂါ အဖြစ်များလာရတဲ့ အဓိက အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှုနှင့် အိပ်ရေးပျက်ခြင်း ၊ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်စားသောက်မှုပုံစံရှိခြင်း၊ လှုပ်ရှားမှု နည်းပါးခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးမှုများခြင်း စတဲ့အချက်တွေကြောင့် အဖြစ်များပါတယ်။

📌မပေါ့ဆသင့်တဲ့ သတိပေး လက္ခဏာများ

🔹ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲက တင်းကြပ်ကြပ်ဖြစ်ပြီး မွန်းကြပ်လာခြင်း
🔹အနည်းငယ် လှုပ်ရှားရုံဖြင့် မောပန်းလွယ်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
🔹ရင်တုန်ခြင်း၊ အကြောင်းရင်းမရှိဘဲ မူးဝေခြင်းနှင့် သတိလစ်မလို ဖြစ်ခြင်း
🔹မေးရိုး၊ လည်ပင်း၊ ပခုံး သို့မဟုတ် ဘယ်ဘက်လက်မောင်းဆီသို့ နာကျင်မှု ပျံ့နှံ့သွားခြင်း စတဲ့ လက္ခဏာများ ခံစားရပါက မပေါ့ဆသင့်ပါဘူး။

ငယ်ရွယ်စဉ်ကတည်းက နှလုံးကျန်းမာရေး ကောင်းမွန်စေရန်အတွက် တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် သာမန် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

အသီးအရွက်၊ ငါးနှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ပိုမိုစားသုံးပါ။
စိတ်ဖိစီးမှုကို လျှော့ချပြီး နေ့စဉ် အိပ်ချိန် ၇-၈ နာရီ ပြည့်ဝအောင် အိပ်စက်ပါ။

ပုံမှန် သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရော စစ်ဆေးမှု (Medical Checkup) ပြုလုပ်ပါ။
အသက်ငယ်သေးလို့ ဘာမှမဖြစ်နိုင်ဘူးဆိုပြီး မပေါ့ဆဘဲ ဒီနေ့ကစပြီး နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့နော်။

🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”
🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881
🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679
#𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕

အဖြေမှန်လေးအတွက် ကံထူးရှင် ၃ဦး cb မှာ ph bill လက်ဆောင်လာယူပါနော်။ 😍😍နောက်လည်း ဒီလို အစီအစဉ်လေးတွေမှာပါဝင်ကံစမ်းနိုင်ဖို့...
05/09/2026

အဖြေမှန်လေးအတွက် ကံထူးရှင် ၃ဦး cb မှာ ph bill လက်ဆောင်လာယူပါနော်။ 😍😍

နောက်လည်း ဒီလို အစီအစဉ်လေးတွေမှာပါဝင်ကံစမ်းနိုင်ဖို့ Partners’ Link page လေးကို Like & Follow လုပ်ထားပေးကြပါဦးနော်။

🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”

🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881

🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679

\ #𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕

💸 Weekend is Calling! 📞✨ဒါပေမဲ့… လစာကတော့ မခေါ်သေးဘူး..တစ်ပတ်လုံး အလုပ်တွေကို ကြိုးစားပြီးပြီဆိုတော့ Weekend ရောက်လာတာနဲ...
28/08/2026

💸 Weekend is Calling! 📞✨

ဒါပေမဲ့… လစာကတော့ မခေါ်သေးဘူး..

တစ်ပတ်လုံး အလုပ်တွေကို ကြိုးစားပြီးပြီဆိုတော့ Weekend ရောက်လာတာနဲ့ အနားယူချင်ပြီ၊ Chill ချင်ပြီ၊ အပြင်ထွက်ချင်ပြီ 😎

ဒါပေမဲ့ ကိုယ့် Bank Account ကတော့…
“ခဏစောင့်ပါဦး… လစာထုတ်ဖို့ ၃ ရက်လိုသေးတယ်” ဆိုပြီး ပြောနေပြန်ရော 😂💸

အဲ့တော့ ဒီ Weekend မှာ -

☕ ကော်ဖီလေးသောက်
🎧 သီချင်းလေးနားထောင်
🛋️ အိမ်မှာပဲ Relax လုပ်
💙 ကိုယ့်အတွက် အချိန်လေးပေးလိုက်ပါ။

လစာမထုတ်သေးပေမယ့် Mood ကတော့ မကျစေနဲ့နော်! 😆

🍇“ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔' 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”

🏡 ရန်ကုန် လိပ်စာ -
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881

🏡 မန္တလေး လိပ်စာ -
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679

#𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုတာ ဘာလဲ?လတ်တလော ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြော...
21/08/2026

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုတာ ဘာလဲ?

လတ်တလော ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်ဖို့ လိုအပ်နေပါတယ်။

🔎 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ…

Vibrio cholerae(ကာလဝမ်းရောဂါပိုး)၊ E.Coli နဲ့ Samonella တို့လို စတဲ့ဘက်တီးရီးယားရောဂါပိုးတွေပါဝင်တဲ့ မသန့်ရှင်းသော ရေ၊ အစားအသောက်တွေကနေ ကူးစက်နိုင်ပါတယ်။

⚠️ သတိထားရမယ့် လက္ခဏာတွေ

• ရုတ်တရက် ဝမ်းအရည်များများ သွားခြင်း
• မကြာခဏ ဝမ်းလျှောခြင်း
• အန်ခြင်း
• ရေဓာတ်နဲ့ ဆားဓာတ်များ ဆုံးရှုံးလာခြင်း
• အားနည်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း

အထူးသဖြင့် ဝမ်းလျှောတာ ပြင်းထန်လာရင် ရေဓာတ်ခမ်းခြောက်မှု မြန်မြန်ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

🛡️ ဘယ်လိုကာကွယ်မလဲ?

✅ သန့်ရှင်းတဲ့ သောက်ရေကိုသာ သောက်ပါ

✅ ရေကို ကျိုချက်ပြီး သောက်ပါ

✅ အစားအသောက်တွေကို သန့်ရှင်းစွာ ချက်ပြုတ်စားသုံးပါ

✅ အစားမစားခင်၊ အိမ်သာသုံးပြီးနောက် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ

✅ မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကို ရှောင်ပါ

✅ အိမ်သာနဲ့ အမှိုက်စွန့်ပစ်မှုကို သန့်ရှင်းစွာ စီမံပါ။

🚨 ဝမ်းလျှောခြင်း ပြင်းထန်လာခြင်း၊ အန်ခြင်းများခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာန/ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပြသပါ။

သတင်းအချက်အလက်မှန်ကန်စွာ သိရှိပြီး ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကာကွယ်မှုပါနော်။ 💙

🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”

🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881

🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679

\ #𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕

📢 “ပျောက်ဆုံးနေတဲ့အပိုင်းလေးက ဘာနံပါတ်လဲ?” 🧩ဒီ Puzzle လေးထဲက ပျောက်ဆုံးနေတဲ့ အပိုင်း က ဘယ်နံပါတ်ဖြစ်မလဲ❓🔎 သေချာကြည့်ပြီး...
11/08/2026

📢 “ပျောက်ဆုံးနေတဲ့အပိုင်းလေးက ဘာနံပါတ်လဲ?” 🧩

ဒီ Puzzle လေးထဲက ပျောက်ဆုံးနေတဲ့ အပိုင်း က ဘယ်နံပါတ်ဖြစ်မလဲ❓

🔎 သေချာကြည့်ပြီး 1️⃣ / 2️⃣ / 3️⃣ ထဲက အဖြေမှန်ကို Comment မှာ ရေးခဲ့ပေးပါ။

🎁 အဖြေမှန်သူ (၃) ဦးကို ဖုန်းဘေ လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်။

📌 ပါဝင်ရန် စည်းမျဉ်း

✅ ဒီ Post ကို Like & Share လုပ်ပါ။
✅ Partners’ Link Page ကို Follow/Like လုပ်ထားပါ။
✅ Comment မှာ အဖြေနံပါတ် ကို ရေးပြီး သူငယ်ချင်း (၂) ယောက်ကို Mention လုပ်ပေးပါ။

🏆 ကံထူးရှင်ကြေညာမည့်ရက် – (၁.၉.၂၀၂၆)

💙 ကဲ… ဘယ်နံပါတ်က ပျောက်ဆုံးနေတဲ့ Puzzle Piece ဖြစ်မလဲ?

အဖြေမှန်ကို အမြန်ဆုံး Comment မှာ ရေးပြီး ဖုန်းဘေ လက်ဆောင် ရယူလိုက်ပါ! 🎉

“ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬' 𝐋𝐢𝐧𝐤 နှင့်အစပြုလိုက်ပါ”🤗

🏡 ရန်ကုန် လိပ်စာ -

𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .

📲 𝐘𝐆𝐍 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 𝟎𝟗 𝟕𝟗𝟕 𝟒𝟏𝟏 𝟕𝟕𝟏 , 𝟎𝟗 𝟕𝟗𝟕 𝟒𝟏𝟏 𝟖𝟖𝟏

🏡 မန္တလေး လိပ်စာ -

𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .

📲 𝐌𝐃𝐋 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟓 𝟏𝟒𝟖 , 𝟎𝟗 𝟕𝟗𝟎 𝟏𝟒𝟔 𝟔𝟕𝟗

’Link

လေးဘက်နာရောဂါတွေ ဆိုတာ ဘာတွေလဲ? အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ? 🦵"လေးဘက်နာ" ဆိုတာ ခန္ဓာကိုယ်ရဲ့ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ သ...
07/08/2026

လေးဘက်နာရောဂါတွေ ဆိုတာ ဘာတွေလဲ? အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ? 🦵

"လေးဘက်နာ" ဆိုတာ ခန္ဓာကိုယ်ရဲ့ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ သွေးကြောတွေကို နာကျင်ရောင်ရမ်းစေတဲ့ ရောဂါစုကြီး ဖြစ်ပါတယ်။ လူအတော်များများက အဆစ်အမြစ်ကိုက်ခဲတာ တစ်ခုတည်းကိုပဲ လေးဘက်နာလို့ ထင်တတ်ကြပေမယ့် တကယ်တော့ လေးဘက်နာအမျိုးအစား ပေါင်း ၁၀၀ ကျော်အထိ ရှိပါတယ်။

အဲ့ဒီထဲကမှ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဖြစ်အများဆုံး လေးဘက်နာ အမျိုးအစားကြီး (၄) မျိုးကို ဝေမျှပေးချင်ပါတယ် 👇

🩸 သွေးလေးဘက်နာ (Rheumatoid Arthritis - RA)

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ပြီး ကိုယ့်အဆစ်တွေကို ပြန်တိုက်ခိုက်ရာကနေ ဖြစ်လာတဲ့ ရောဂါပါ။ လက်ချောင်း၊ ခြေချောင်း အဆစ်လေးတွေကစပြီး ဘယ်ညာအစုံလိုက် ရောင်ရမ်းနာကျင်တတ်ပြီး မနက်အိပ်ရာထချိန်မှာ အဆစ်တွေ တောင့်တင်းနေတတ်တာက အဓိက လက္ခဏာဖြစ်ပါတယ်။

🦴 အရိုးနုစား လေးဘက်နာ (Osteoarthritis - OA)

အသက်ကြီးလာတာ၊ ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် အဆစ်ကို အလွန်အကျွံ သုံးစွဲတာကြောင့် အဆစ်ကြားက အရိုးနုလေးတွေ ပွန်းစားပြီး ဖြစ်လာတဲ့ ရောဂါပါ။ အသက် ၅၀ ကျော်သူတွေမှာ အဖြစ်များပြီး အထူးသဖြင့် ဒူးဆစ်၊ ခါးဆစ်နဲ့ တင်ပါးဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။

🍄ယူရစ်အက်စစ်များ လေးဘက်နာ / ဂေါက်ရောဂါ (Gout)

သွေးထဲမှာ ယူရစ်အက်စစ် (Uric Acid) တွေ အရမ်းများလာပြီး အဆစ်တွေထဲမှာ သွားစုပုံရာကနေ ဖြစ်လာတာပါ။ကိုယ်တွင်း ကလီစာများ၊ ပုစွန်၊ မျှစ်နဲ့ အရက်၊ ဘီယာတွေ အစားများသူတွေမှာ အဖြစ်များပြီး အထူးသဖြင့် ခြေအဆစ်ကြီး ချက်ချင်းဖောင်းကြွပြီး ပြင်းပြင်းထန်ထန် နာကျင်လာတတ်ပါတယ်။

🦋 အရေပြားလေးဘက်နာ / လူးပတ်စ်ရောဂါ (SLE)

ဒါကတော့ အဆစ်အမြစ်တင်မကဘဲ အရေပြား၊ ကျောက်ကပ်၊ နှလုံးနဲ့ အဆုတ်စတဲ့ ခန္ဓာကိုယ်အတွင်းအင်္ဂါတွေကိုပါ ကိုယ်ခံအားစနစ်က မှားယွင်းတိုက်ခိုက်တဲ့ ပြင်းထန်တဲ့ လေးဘက်နာအမျိုးအစား ဖြစ်ပါတယ်။ မျက်နှာမှာ လိပ်ပြာပုံစံ အနီကွက်တွေ ထွက်လာတတ်တာက ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

"လေးဘက်နာရောဂါတွေဟာ အမျိုးအစားပေါ်မူတည်ပြီး ကုသပုံချင်း မတူညီကြပါဘူး။“

ဒါကြောင့် မိမိမှာ အဆစ်အမြစ်တွေ ပုံမှန်မဟုတ်ဘဲ နာကျင်ရောင်ရမ်းနေပြီဆိုရင် အကိုက်အခဲပျောက်ဆေးတွေ ဇွတ်မှိတ်သောက်မယ့်အစား နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ထိရောက်တဲ့ ကုသမှုကို စောစောစီးစီး ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ ❤️

Partners' Link Co., Ltd. ၏  မန္တလေးမြို့ ရုံးခွဲ  တွင် တာဝန်ထမ်းဆောင် ရန် အရည်အချင်း ရှိသော  အောက်ပါ ဝန်ထမ်းများအား အမြန...
06/08/2026

Partners' Link Co., Ltd. ၏ မန္တလေးမြို့ ရုံးခွဲ တွင် တာဝန်ထမ်းဆောင် ရန် အရည်အချင်း ရှိသော အောက်ပါ ဝန်ထမ်းများအား အမြန်အလိုရှိပါသည် ။

လျှောက်ထားလိုသူများ သည် ‌ ဖော်ပြပါ viber နှင့် Email သို့ CV Form များ ပေးပို့လျှောက်ထားနိုင်ပါသည် ။

Omega-3 ဆိုတာဘာလဲ? Omega-3 ထဲမှာ ဘာတွေ ပါဝင်လဲ? 🐟🧠ကျန်းမာရေးအတွက် “Omega-3 (အိုမီဂါ-သရီး)” ကို သောက်ပေးသင့်တယ်ဆိုတာ လူတိ...
06/08/2026

Omega-3 ဆိုတာဘာလဲ? Omega-3 ထဲမှာ ဘာတွေ ပါဝင်လဲ? 🐟🧠

ကျန်းမာရေးအတွက် “Omega-3 (အိုမီဂါ-သရီး)” ကို သောက်ပေးသင့်တယ်ဆိုတာ လူတိုင်းကြားဖူးကြမှာပါ။ ဒါပေမဲ့ Omega-3 ဆိုတာ တကယ်တော့ ဘာလဲ? သူ့ထဲမှာ ဘာဓာတ်တွေ ပါဝင်နေလို့ ခန္ဓာကိုယ်အတွက် ဒီလောက်အရေးကြီးတာလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်👇

Omega-3 ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ “မပြည့်ဝဆီဥဓာတ် (Good Fat)” အမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ သူ့အလိုလို မထုတ်လုပ်နိုင်တာကြောင့် အစားအသောက်တွေကတစ်ဆင့် မဖြစ်မနေ ဖြည့်တင်းပေးရပါတယ်။

Omega-3 ရဲ့ အဓိက အကျိုးပြုပုံစံ (၃) မျိုး ရှိပြီး သူ့ထဲမှာ အဓိကအားဖြင့် အောက်ပါ ဓာတ်ပစ္စည်း (၃) မျိုး ပါဝင်ပါတယ် 👇

DHA (Docosahexaenoic Acid) 🧠👀

ဦးနှောက်နှင့် အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ်လုပ်ဖို့နဲ့ မျက်စိအမြင်အာရုံ စူးရှထက်မြက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထူးအရေးပါပြီး ဆယ်လ်မွန်ငါး၊ တူနာငါးစတဲ့ ပင်လယ်ငါးကြီးတွေနဲ့ ငါးကြီးဆီ (Fish Oil) တွေမှာ အများဆုံး ပါဝင်ပါတယ်။

EPA (Eicosapentaenoic Acid) 🫀🛡️

ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ချပေးပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေးကို အဓိက စောင့်ရှောက်ပေးပါတယ်။ သွေးတွင်း အဆီဓာတ် (Triglycerides) ကို ကျဆင်းစေပြီး ပင်လယ်စာတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

ALA (Alpha-Linolenic Acid) 🌱

ဒါကတော့ အပင်ကရတဲ့ Omega-3 အမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး နည်းနည်းချင်းစီကို EPA နဲ့ DHA အဖြစ် ပြန်ပြောင်းလဲပေးပါတယ်။ နှမ်းကြတ်စေ့ (Flaxseeds)၊ သစ်ကြားသီး (Walnuts) နဲ့ ချီယာစေ့ (Chia seeds) တို့မှာ အများဆုံး ပါဝင်ပါတယ်။

💡 Omega-3 သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ -

👉🏻 နှလုံးရောဂါနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုကို လျော့ချပေးခြင်း
👉🏻 ဥာဏ်ရည်ဥာဏ်သွေးနှင့် မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း
👉🏻အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲမှုများကို သက်သာစေခြင်း
👉🏻 မျက်စိအမြင်အာရုံတိုးတတ်ကောင်းမွန်စေခြင်း
👉🏻 စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူး များစွာရှိပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ်စားသောက်မှုပုံစံမှာ Omega-3 ပါဝင်တဲ့ အစားအစာတွေနဲ့ ငါးကြီးဆီ ဖြည့်စွက်စာတွေကို မျှတစွာ ထည့်သွင်းစားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ ❤️

ရာသီတုတ်ကွေး ကာကွယ်ဆေး (Flu Vaccine) တကယ်ရော ထိုးဖို့ လိုအပ်သလား ❓💉ရာသီဥတု အကူးအပြောင်း ရောက်ပြီဆိုတာနဲ့ တုပ်ကွေး ဖျားနာ...
06/08/2026

ရာသီတုတ်ကွေး ကာကွယ်ဆေး (Flu Vaccine) တကယ်ရော ထိုးဖို့ လိုအပ်သလား ❓💉

ရာသီဥတု အကူးအပြောင်း ရောက်ပြီဆိုတာနဲ့ တုပ်ကွေး ဖျားနာတာတွေ ခဏခဏ ဖြစ်တတ်ကြပါတယ်နော်။ ဒီလိုအချိန်မှာ "ရာသီတုတ်ကွေး ကာကွယ်ဆေး ထိုးသင့်သလား၊ မထိုးသင့်ဘူးလား" ဆိုပြီး တွေးရခက်နေသူတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အဓိက ကာကွယ်ဆေး ထိုးသင့်သူများ 💡

👶 ကလေးငယ်များ (အသက် ၆ လအထက်)

👵 အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ

🤰 ကိုယ်ဝန်ဆောင် မိခင်များ

🏥 နာတာရှည် ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ် ရောဂါသည်များ)

👩‍⚕️ ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာပြုစုနေသူများ

⚠️ဘယ်သူတွေ မထိုးသင့်ဘူးလဲ (သို့) ခဏဆိုင်းငံ့သင့်သလဲ

❌ ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်ခုခုနဲ့ ပြင်းထန်စွာ ဓာတ်မတည့်ဖူးသူများ (Severe Allergy)

❌ အဖျားတက်နေချိန် သို့မဟုတ် ပြင်းထန်စွာ ဖျားနာနေချိန် (ဖျားတာ သက်သာမှ ထိုးပေးရပါမည်)

💡 ဘာကြောင့် နှစ်စဉ် ထိုးပေးသင့်တာလဲ?

ရာသီတုတ်ကွေး ဗိုင်းရပ်စ် (Influenza Virus) ဟာ အမျိုးအစား ခဏခဏ ပြောင်းလဲတတ်တာမို့ လွန်ခဲ့တဲ့နှစ်က ထိုးထားတဲ့ ကာကွယ်ဆေးဟာ ဒီနှစ်အတွက် အပြည့်အဝ အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် တစ်နှစ်ကို (၁) ကြိမ် ပုံမှန် ထိုးပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

🌟 တုတ်ကွေးဖြစ်ရင် အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ဆေးဖိုးကုန်ကျစရိတ် များနိုင်တာမို့ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရာသီတုတ်ကွေး ကာကွယ်ဆေး ထိုးနှံထားကြဖို့ တိုက်တွန်းပါရစေနော်။

🍇 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’ 𝑳𝒊𝒏𝒌 နှင့်အစပြုလိုက်ပါ”

🏡 ရန်ကုန် လိပ်စာ
𝐍𝐨.𝟐𝟏𝟐 , 𝟏𝟏𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭 , 𝐖𝐚𝐫𝐝 (𝟑) , 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 , 𝐘𝐚𝐧𝐠𝐨𝐧 .
📲 YGN 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 797 411 771 , 09 797 411 881

🏡 မန္တလေး လိပ်စာ
𝐍𝐨.𝟒𝟏𝟒 , 𝐇𝐭𝐚 𝐘𝐚𝐧 𝐊𝐚𝐫 𝐖𝐚𝐫𝐝 , 𝟑𝟑𝐫𝐝 𝐒𝐭𝐫𝐞𝐞𝐭 , 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟔𝟑 𝐱 𝟔𝟒 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐒𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 .
📲 MDL 𝐇𝐨𝐭 𝐋𝐢𝐧𝐞 - 09 765 635 148 , 09 790 146 679

#𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔’𝑳𝒊𝒏𝒌 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒆𝒖𝒕𝒊𝒄𝒂𝒍𝑫𝒊𝒔𝒕𝒓𝒊𝒃𝒖𝒕𝒊𝒐𝒏𝑪𝒐𝒎𝒑𝒂𝒏𝒚 #𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚 #𝑬𝒕𝒉𝒊𝒄𝒂𝒍𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #𝑶𝑻𝑪𝑴𝒆𝒅𝒊𝒄𝒊𝒏𝒆 #ရာသီတုပ်ကွေး

Address

No. 212, Ngwe Kyar Yan 11th Street , Ward (3) , South Okkalapa
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 05:00
Friday 09:00 - 17:00
Saturday 09:00 - 05:00

Telephone

09797411881

Website

Alerts

Be the first to know and let us send you an email when Partners' Link posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Partners' Link:

Shortcuts

Share