ACM Special Stroke Care Clinic

Call Directions Website

ACM Special Stroke Care Clinic ပြန်လည်သန်စွမ်းရေး

ACM Physiotherapy

ACM
Elderly Rehabilitation Center

ACM
ဘိုးဘွားများ ပြန်လည်သန်စွမ်းရေး စင်တာ
--------------------- -----------------
page 2

စင်တာ တည်နေရာ

ACM ဘိုးဘွားပြန်လည်သန်စွမ်းရေးစင်တာသည်

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်
67 ရပ်ကွက် ဆိပ်ကမ်းသာလမ်း ၊ ပဲခူးမြစ် မျက်နှာစာအရှေ့ မြေ အကျယ်အဝန်း 100×100 ပေ အဆောက်အဦးအကျယ်အဝန်း ပေ70 × ပေ 90 ကျယ်ဝန်းပြီး 3ထပ်အဆောက်အဦး ဖြစ်ပါသည်။

---------------------------------------------
Page 3

စင်တာတည်ထောင်ရခြင်းရည်ရွယ်ချက်

ပြန်လည်သန်စွမ်းရေး လေ့ကျင့်ရန် လိုအပ်သည့် မသန်စွမ်းဘိုးဘွားများ
အတွက် ရည်ရွယ်ပြီးတည်ထောင်ထားခြင်း ဖြစ်သည်။

--------------------*********
Page 4

စတင် ဦးဆောင်တည်ထောင်သူ

တည်ထောင်သူများ မှာ
ဦးဇာနည်ဟန် + ဒေါ်ခင်ဇာခြည်ဝင်း ဇနီးမောင်နှံ ဖြစ်ပါသည်။

---------------------------------------------
Page 5

စင်တာ တည်ထောင်ရခြင်း
ခံစားချက်

ရုပ်ပိုင်းဆိုင်ရာ ချို့တည့် နေပြီး
တစ်ပါးသူ၏ အကူ အညီ ယူနေရသော မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကို ကျန်းမာသန်စွမ်းစေလိုသော စိတ်ခံစားချက်ဖြင့် တည်ထောင်ခြင်းဖြစ်သည် ။

-----------------------------------------------
Page 6

စင်တာ၏ ဆောင်ပုဒ်မှာ

ဘိုးဘွားများပြန်လည်သန်စွမ်း ဘို့
အကောင်းဆုံးနေရာ

ACM Rehab Center ဖြစ်ပါသည်

---------- -**** ----------- *****---------
Page 7

အမှတ်တံဆိပ် အဓိပ္ပါယ်ဖေါ်ပြချက်

အထိမ်းအမှတ် တံဆိပ်သည် သ​စ်ရွက်ပေါ်တွင် ကျန်းမာသန်စွမ်းသည် လူပုံ ပါရှိပြီး အစိမ်းရောင်ဖြင့် ရေးဆွဲထားသည်။

လူပုံစံသည် ကျန်းမာခြင်း၊ ရွှင်လန်းတက်ကြွခြင်း အစိမ်းရောင်သည် ငြိမ်းချမ်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည်

--------------------------------------------

စင်တာ၏ ရည်ရွယ်ချက်

ACM Elderly Rehabilitation Center
၏ ရည်ရွယ်ချက်မှာ

စားဝတ်နေရေး တာဝန်တွေ များလွန်းလှ တဲ့ ခောတ်အခြေအနေတစ်ခုတွင်

မိသားစုဘဝတာဝန်များကို နှစ်ရှည်လများ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်

မိဘ ဘိုးဘွားများ မသန်မစွမ်းဖြစ်မှုအခြေအနေကို လျှော့ချရန်နှင့် ဘိုးဘွားများ ပို၍ လွတ်လပ်ပြီ: အောင်မြင်သောဘဝကို ပြန်လည်ပိုင်ဆိုင်စေနိုင်ရန်အတွက် ဖြစ်ပါသည်။

-------*****-----------*******-----
Page 8

တည်ထောင် မှု မှတ်တမ်း

ဦးဇာနည်ဟန် + ဒေါ်ခင်ဇာခြည်ဝင်းတို့ ဇနီးမောင်နှံ သည် ၂ဝ၁၉ခုနှစ်
နိုဝင်ဘာလ ၃၀ ရက် တွင်

ACM Rehab Center ကိုစတင်ဖွင့်လှစ်ခဲ့ပြီး

ယခုအခါ

Day Care & In Stay ဘိုးဘွား ၃၀ဦး ၊လက်ခံထားရှိနိုင်သော ဝန်ဆောင်မူ့ရရှိနိုင်စေရန် ကြိုးပန်းလျှက်ရှိပါသည်

-------------**-------------------
Page 9

နေထိုင်ခွင့်ပြုမည့် ဘိုးဘွား
အရည်အချင်းနှင့် ကိုက်ညီမှု အချက်အလက်များ

မိသားစုဝင်များ ၏ ဘိုးဘွားအပ်နှံမူ့ဆိုင်ရာ သဘောတူညီချက် ဖြင့် စင်တာတွင် နေထိုင်ခွင့်ပြု ချက်ရပြီးဖြစ်ရပါမည်

မှတ်ချက် ။
ကူးစက်ရောဂါ ရှိသော ဘိုးဘွားများ
အားလက်ခံ ချင်းမပြုသေးပါ

(က) အသက် ၆၀ အထက် ကျန်းမာရေးကြောင့် အိပ်ယာနာဖြစ်နေသော ဘိုးဘွားများ


(ခ) အသက် ၆၀အထက် လေဖြတ် နေသော ဘိုးဘွားများ


(ဂ) လူပ်ရှားသွားလာမူ့တွင်
လူအကူဖြင့် နေရသော ဘိုးဘွားများ


(ဃ) နေအိမ်တွင် ပြုစုစောင့်ရှောက်သူ များမအားလပ်၍ (သို့) အချိန်မပေးနိုင်၍ ပြုစုစောင့်ရှောက်သူကင်းမဲ့နေသည့် ဘိုးဘွားများ

(င) ဆီးချို ၊ သွေးတိုး၊ အဝလွန်နှင့် ဒူးနာ ၊ ခါးနာ ဝေဒနာ ရှိသည့် ဘိုးဘွားများ


(စ) ခွဲစိတ်ပြီးခါစ ကို စနစ်တကျ ပြုစု ရန်လိုအပ်သည့် ဘိုးဘွားများ

(ဆ) ကင်ဆာဆေးသွင်းနေရလို့ အားနည်းပင်ပန်းနေသည့် ဘိုးဘွားများ

((ဈ) ခါးနာ ဒူးနာ အကြောညှပ် အတွက်လေ့ကျင့် ရန်လိုအပ်သည့်ဘိုးဘွားများ

(ည) မကြာခဏ ဆေးခန်းပြနေရပြီး သွားရေးလာရေးခက်နေတဲ့ ဘိုးဘွားများ

(ဍ) အရိုးကျိုးခွဲစိတ်ထားပြီးပြန်လည်ထူထောင်ဖို့ လေ့ကျင့်ရန် လိုအပ်နေသော ဘိုးဘွားများ

(ဋ) အသက်ကြီးလို့ Dementia ဖြင့်စိတ်မတည်မငြိမ် ထိန်သိမ်းပြုစုခကါနေသော ဘိုးဘွားများ

(ဌ) အိမ်မှလူများ အလုပ်သွားရလို့ နေ့စဥ် ပြုစုဖို့ ခက်နေသော ဘိုးဘွားများ

(ဍ) အားနည်းပြီး ပြန်လည်နလန်ထူဘို့လိုအပ်တဲ့ ဘိုးဘွားများ

-------------*****----------*******-----
Page 10

ကျွမ်းကျင်ပညာရှင်များနှင့်
ဝန်ဆောင်မူ့

ACM ပြန်လည်သန်စွမ်းရေးစင်တာ ၌
အကြောအဆစ်ပညာရှင် (Physiotherapist ) များမှ

- ဘိုးဘွား များအား ထိမိခိုက်မိမှုနှင့် ထိခိုက်နိုင်မူ့မှ ကာကွယ်ရန်၊

- ကျန်းမာ သန်စွမ်းမှုတို့ ပြန်လည်ရရှိစေရန်

- နာကျင်မှု သက်သာစေရန်အတွက်

ပြန်လည်သန်စွမ်းရေး နည်းပညာများစက်ကိရိယာများ ၊ အထောက်အကူပစည်းများ ကိုအသုံးပြု ၍

အကြောအဆစ်ပြန်လည်သန်စွမ်းရေး ဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။

------------------------------------------
Page 11

စင်တာ၏ လေ့ကျင့်ကုသမူ့ ပုံစံများ

ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုများ−

နာကျင်မှုနှင့်ရောင်ရမ်းမှုကို လျှော့ချပေးပြီး၊ သန်စွမ်းမှု၊ ရွေ့လျားနိုင်မှု၊ ဟန်ချက်ထိန်းညှိမှုနှင့် လုပ်ဆာင်နိုင်မှုတို့ကို ပြန်လည်ရရှိစေရန်။

လုပ်ငန်းခွင်နှင့်ဆိုင်သော ကုသသူများ−

လူနာများအားနေ့စဉ်ပြုလုပ်နေကျ လှုပ်ရှားမှုများဖြစ်သည့်အစာစားခြင်း၊ အဝတ်လဲခြင်းနှင့် ရေချိုးခြင်းတို့ကို ကိုယ်တိုင်လုပ်နိုင်စေရန်။

စကားပြောလေ့ကျင့်ကုသသူများ

−လူနာများ၏စကားပြောနှင့်သိနားလည်မှုချွတ်ယွင်းခြင်းများကို ကူညီကုသပေးရန်နှင့် ၎င်းတို့၏ဆက်ဆံပြောဆိုမှုစွမ်းရည်ကို ပြန်လည်ရရှိစေရန်။

------------ --------------- ----------------
Page 12

လေ့ကျင့်ကုသ နည်းစနစ်နှင့် ကုသရာတွင်ပါဝင်သည့်ကိရိယာများ

လည်ပင်းရိုးနှင့်ခါးရိုးအား ဆန့်ဆွဲထားခြင်း လေ့လာအကဲဖြတ်ရန် စက်ပစ္စည်းကိရိယာများ

ဟန်ချက်ထိန်းညှိမှုအား အကဲဖြတ်စစ်ဆေးရန်သုံးသည့် စက်ပစ္စည်း

ကြွက်သားသန်စွမ်းမှုနှင့် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လေ့ကျင့်ခန်းစက်

လေ့ကျင့်ခန်းပြုလုပ်ရန် စက်ပစ္စည်းကိရိယာ

အသက်ရှုခြင်းနှင့်ဆိုင်သောပြေးစက်၊

ရွေးလျားမှုမရှိသော စက်ဘီးများ

အလေးမခြင်းကို လေ့ကျင့်ရန် စက်များ

ဘိုးဘွားများ အသုံးပြုနိုင်သည့် လေ့ကျင့်ခန်းလုပ်ရန် စက်ပစ္စည်းများ

နာကျင်မှုနှင့် ကြွက်သားရောင်ရမ်းခြင်း ထိန်းချုပ်ဖို့အသုံးပြုကိရိယာများ

လျှပ်စစ်ဖြင့် ကိုယ်ခန္ဓာ၌ အပူဓာတ်ဖြစ်ပေါ်စေခြင်း (တိုတောင်းသောလှိုင်း)
လျှပ်စစ်ဖြင့် လှုံ့ဆော်ခြင်း

အင်အားပြင်းသောလှိုင်းများကိုသုံး၍ အရိုးကြွက်သားများကို ကုသခြင်း

ကြွက်သားများနာကျင်မှုကို လျှပ်စစ်လှိုင်းများဖြင့် ကုသခြင်း

အသံလွန်လှိုင်း အသုံးပြု၍ ခန္ဓာကိုယ်တွင်းအင်္ဂါများအားပုံရိပ်ဖော်ခြင်း


--------------------- --------------------
Page 13

ACM ဘိုးဘွားပြန်လည်သန်စွမ်းရေးစင်တာ နှင့်ပါတ်သက်၍ စုံစမ်းရန်

ACM နှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းများကို ဖြေကြားပေးရန်နှင့်နယ်မှ လာရောက် ကုသလိုသူ ဘိုးဘွားများ နှင့် အထပ်မြင့်တွင်နေထိုင် သော ဘိုးဘွားများအတွက် ကြိုတင် ဆောင်ရွက်ပေးရန် နှင့် ကူညီပေးရန် အသင့်ရှိပါသည်။

ဤဝန်ဆောင်မှုအတွက် ACM ၏ ဆွေးနွေ တိုင်ပင်ရာတွင် အပိုဝန်ဆောင်ခပေးရန် မလိုပါ။

အွန်လိုင်းတွင် တိုင်ပင်ရန်

Fb Page - ACM Rehab Center

ရက်ချိန်း ရယူရန်

09 447837657

လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူအများ စိတ်ပူတတ်တဲ့ အရာတစ်ခုက "လေဖြတ်ပြီး တစ်ခြမ်းမလှုပ်နိုင်ရင် ကျန်တဲ့တစ်ခြမ်းပါ ကူးစက်ပြီး...
31/07/2025

လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူအများ စိတ်ပူတတ်တဲ့ အရာတစ်ခုက "လေဖြတ်ပြီး တစ်ခြမ်းမလှုပ်နိုင်ရင် ကျန်တဲ့တစ်ခြမ်းပါ ကူးစက်ပြီး မလှုပ်နိုင်တော့မှာလား" ဆိုတာပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အချက်အလက်တွေကို မျှဝေပေးချင်ပါတယ်။

လေဖြတ်ခြင်းက တခြားတစ်ခြမ်းကို ကူးစက်နိုင်လား? 🤔

တိုတိုပြောရရင်တော့ မကူးစက်နိုင်ပါဘူး❌
လေဖြတ်ခြင်း (Stroke) ဆိုတာ ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းကို သွေးထောက်ပံ့မှု ရုတ်တရက် ရပ်တန့်သွားတာ ဒါမှမဟုတ် သွေးယိုစိမ့်မှုဖြစ်တာကြောင့်ပါ။ ဒီလိုဖြစ်တဲ့အခါ ထိခိုက်တဲ့ ဦးနှောက်အပိုင်းက ထိန်းချုပ်ထားတဲ့ ခန္ဓာကိုယ်တစ်ခြမ်း (ဥပမာ- ဘယ်ဘက်ခြမ်းထိခိုက်ရင် ခန္ဓာကိုယ်ရဲ့ညာဘက်) ကိုပဲ သက်ရောက်မှုရှိပါတယ်။ လေဖြတ်တာဟာ ကူးစက်ရောဂါ မဟုတ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကျန်ရှိနေတဲ့ တစ်ခြမ်းကို ကူးစက်ပြီး မလှုပ်ရှားနိုင်အောင် လုပ်နိုင်စွမ်း မရှိပါဘူး။

⚠️ဘာကစိုးရိမ်ရလဲ?
နောက်တစ်ကြိမ် လေဖြတ်နိုင်ခြေ❗
လေဖြတ်ဖူးတဲ့သူတွေဟာ နောက်တစ်ကြိမ် ထပ်ပြီး လေဖြတ်နိုင်ခြေ ပိုများပါတယ်။ နောက်တစ်ကြိမ် လေဖြတ်တာက ဦးနှောက်ရဲ့ တခြားနေရာ ဒါမှမဟုတ် ကျန်နေတဲ့ဘက်ကို ထိခိုက်မိရင် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ထိခိုက်မှု ဖြစ်နိုင်တာမျိုးပါ။ ဒါပေမဲ့ ဒါက "ကူးစက်တာ" မဟုတ်ဘဲ နောက်ထပ်ရောဂါ ထပ်ဖြစ်တာပဲ ဖြစ်ပါတယ်။

🏋️ခန္ဓာကိုယ် ထိန်းချုပ်မှု မမျှတခြင်း
ခန္ဓာကိုယ်တစ်ခြမ်း လှုပ်ရှားမှုမရှိတော့တဲ့အခါ ကျန်တဲ့တစ်ခြမ်းက ပိုပြီး အားစိုက်လုပ်ဆောင်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ကျန်တဲ့တစ်ခြမ်းကို လေဖြတ်သလိုမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။

✅အရေးကြီးတာက..
လေဖြတ်ပြီးတဲ့အခါ ပြန်လည်သန်စွမ်းရေး (Rehabilitation) လုပ်ဖို့က အရမ်းအရေးကြီးပါတယ်။ Physical Therapy, Occupational Therapy စတာတွေက လှုပ်ရှားမှုတွေကို ပြန်လည်ရရှိဖို့နဲ့ ဘဝအရည်အသွေး ပိုကောင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင် လေဖြတ်ခြင်းကို ဖြစ်စေတဲ့ သွေးတိုး၊ ဆီးချို၊ အဆီဓာတ်များခြင်း၊ ဆေးလိပ်သောက်ခြင်းစတဲ့ အကြောင်းရင်းတွေကို စနစ်တကျ ထိန်းချုပ်ကုသတာက နောက်တစ်ကြိမ်လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးပါပဲ။
ဒီအချက်အလက်တွေက စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး မှန်ကန်တဲ့ နားလည်မှုရဖို့ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ လေဖြတ်ပြီးနောက် ပြန်လည်ကျန်းမာလာဖို့အတွက် ဂရုစိုက်မှုနဲ့ မှန်ကန်တဲ့ ဆေးကုသမှုတွေက အဓိကကျပါတယ်။
‌လေဖြတ်သူတို့အတွက် တခြား သိလိုတာတွေရှိရင်လည်း Comment မှာ မေးသွားနိုင်ပါတယ်နော်။ 👇

အသေးစိတ်စုံစမ်းရန်
📞 09 662294562
📍 လိပ်စာ – အမှတ် ၆၀ ၊ ၆၇ ရပ်ကွက် ၊ ဆိပ်ကမ်းသာလမ်း ၊19 ကွန်ဒိုဘေး ၊ ဗေလုဝ မှတ်တိုင်အနီး၊ ‌ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်း‌ဒေသကြီး။

#ပြန်လည်သန်စွမ်းရေး #လေဖြတ် #လေဖြန်း #လေဖြတ်ခြင်း #ကျန်းမာရေးအသိပညာ

29/07/2025

ACM မှာ လေ့ကျင့်ကုသပြီးတဲ့ လေဖြတ်သူတို့အတွက် အိမ်မှာ အလွယ်တကူလုပ်လို့ရမဲ့ လေ့ကျင့်ခန်း Home Rehab Exercises
တွေကိုဘယ်လိုပေးသလဲ?

ရည်ရွယ်ချက်ကတော့ နောက်တစ်ကြိမ် လေမဖြတ်ဖို့နဲ့ လက်ရှိရှိနေတဲ့ ကြွက်သားအား ဆုံးရှုံးမှု မရှိစေဖို့ အတွက်လုပ်ဆောင်ရပါတယ်။

"သင့်ချစ်ခင်ရသူတို့ရဲ့ ဘဝအရည်သွေးကို ပိုမိုကောင်းမွန်လာဖို့ ACM က ကူညီပေးပါရစေ"

❗အခုဆိုရင် ACM မှာ.....
✅လေဖြတ်ပြီး အနည်းငယ်ထိုင်နိုင်သူတွေ
✅လမ်းလျှောက်ရာမှာ အကူအညီနည်းနည်းလိုနေသေးသူတွေ
✅ခြေ၊ လက်လှုပ်ရှားမှုတွေမှာ အားနည်းနေသေးသူတွေ
✅တခြားသူအကူမလိုပဲ မိမိဘာသာ နေ့စဉ်အလုပ်‌တွေကို ပြန်လုပ်နိုင်ချင်သူတို့လာရောက် လေ့ကျင့်ကုသနိုင်ပါတယ်။

✨ACM လေဖြန်း၊ လေဖြတ် ပြန်လည်သန်စွမ်းရေးဆေးခန်း ကို ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး 5 နှစ်ကျော်သက်တမ်းရှိပါပြီ။ ယနေ့ထိတိုင် ခိုင်မာတဲ့ ရပ်တည်မှုဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။ လေဖြတ်သူတို့အတွက် အကောင်းဆုံး ပံ့ပိုးမှုများ ပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားအားထုတ်လျက်✨

အသေးစိတ်စုံစမ်းရန်
📞 09 662294562
📍 လိပ်စာ – အမှတ် ၆၀ ၊ ၆၇ ရပ်ကွက် ၊ ဆိပ်ကမ်းသာလမ်း ၊19 ကွန်ဒိုဘေး ၊ ဗေလုဝ မှတ်တိုင်အနီး၊ ‌ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်း‌ဒေသကြီး။

"ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ရိုက်ကူးတင်ဆက်သည်"

#ပြန်လည်သန်စွမ်းရေး #လေဖြတ် #လေဖြန်း

Address

No. 60 (. 67)block. Yadanar Road, Thanlyin Near Union Ethnic Village, Beluwa Bend Station 19 Adjacent To Condo. Thaketa Township Yangon
Yangon
11111

Alerts

Be the first to know and let us send you an email when ACM Special Stroke Care Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share