Tarot Angel

Directions

Tarot Angel တားရော့ အစီရင် အဆောင်

💵 ပိုက်ဆံရှိရင် သူဌေးလို သုံးပြီး ပိုက်ဆံပြတ်ရင် သူတောင်းစားလို ညည်းတတ်တဲ့ ရာသီဖွား 6 ခု 💸​ပိုက်ဆံရှိတဲ့အချိန်မှာ အရမ်းလ...
17/07/2026

💵 ပိုက်ဆံရှိရင် သူဌေးလို သုံးပြီး ပိုက်ဆံပြတ်ရင် သူတောင်းစားလို ညည်းတတ်တဲ့ ရာသီဖွား 6 ခု 💸

​ပိုက်ဆံရှိတဲ့အချိန်မှာ အရမ်းလက်ဖွာပြီး ဘုရင်လို သုံးတတ်ကြပေမယ့် ပိုက်ဆံပြတ်သွားရင်တော့ "ဒုက္ခသည်ကြီး" စတိုင် ချက်ချင်းပြောင်းသွားတတ်တဲ့ ရာသီဖွားတွေအကြောင်း... (ကိုယ့်အလှည့်ကျရင် အော်မငိုကြေးနော် 🤫 )

​အခုထိ ဖတ်ပြီးသွားပြီဆိုရင်တော့... ကိုယ့်သူငယ်ချင်းတွေထဲက "ပိုက်ဆံရှိရင် ဘုရင် ပိုက်ဆံပြတ်ရင် ဒုက္ခသည်" ဖြစ်သွားတဲ့သူတွေကို အောက်က ကွန်မန့်မှာ မန်းရှင်းခေါ်ပြီး သက်သေပြလိုက်ကြရအောင် 👇👇



17/07/2026

ကိုယ်ရထားတဲ့ဟာကြီးက Right person လား Wrong person လား ဘယ်လိုခွဲရမလဲဆရာတဲ့။

ခွဲနည်းက အလွယ်လေး

ဒီလူနဲ့တွဲပြီး အသားတွေကြည်လာမယ်၊ skin တွေ glow လာမယ်၊ ဝလာမယ်၊ Aura တွေထလာမယ်ဆိုရင် အဲ့တာ Right person

ဒီလူနဲ့တွဲပြီးမှ မဲလာမယ်၊ မွဲလာမယ်၊ ပြာလာမယ်၊အကြည်ဓာတ်ကပျောက် ပိန်ချုံးလာမယ်၊ တစ်ရက်တစ်ရက် လငပုတ်ဖမ်းတဲ့မျက်နှာကြီးနဲ့ အိုလာမယ်ဆိုရင် အဲ့တာ Wrong person

လွယ်လွယ်လေး။



12/07/2026

အချစ်ရေးမှာ စေတနာကအရေးကြီးတယ်ဆိုတာ ကိုယ့်အပေါ်ငွေသုံးပေးခြင်းတစ်ခုတည်းမဟုတ်ဘူး .. ငွေသုံးတိုင်းလည်း စေတနာလို့မခေါ်ပါဘူး ..

အသေးလေးတွေကအစ ပြောစရာမလိုပဲ ဂရုစိုက်ပေးတာလည်းစေတနာ ..

ခက်ခဲတဲ့ကာလတွေမှာ ပျော်ရွှင်စေချင်တာလည်း စေတနာ ..

မအားတဲ့ကြားက အချိန်ပေးဖို့ကြိုးစားတာလည်း စေတနာ ..

အပြစ်ပြောဖို့ထက် ကိုယ့်အပေါ်နားလည်ပေးခြင်းကလည်း စေတနာ ..

ကိုယ့်ကို တိုးတက်စေချင်တာလည်း စေတနာ ..

ကောင်းတာလေးတွေ စားစေချင်တာလည်း စေတနာ ..

ကျန်းကျန်းမာမာရှိနေစေချင်တာလည်း စေတနာပဲ ..

တကယ်ချစ်ရင် ချစ်တဲ့ခံစားချက်က ထုတ်မပြရင်တောင် ခံစားလို့ရကြပါတယ် .. ချစ်တဲ့သူတွေကလည်း ခံစားချက်ကို ထုတ်ပြကြပါတယ် ..

ကိုယ်ချစ်တဲ့သူကို ပျော်စေချင်တယ် .. အဆင်ပြေစေချင်တယ် .. မကောင်းတာတွေ ဖြစ်သွားမှာလည်း စိတ်ပူတယ် .. သူပင်ပန်းနေရင်တောင် အဲ့တာတွေ ကိုယ်တိုင်ယူလိုက်ချင်တဲ့အထိ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားက ကြီးမားပါတယ် ..

ကိုယ့်အပေါ်စေတနာမရှိရင် လှည့်ထွက်လာခဲ့ပါ .. ကိုယ့်ကိုမကောင်းတာတွေဖြစ်ပေါ်စေမယ် .. စိတ်လုံခြုံမှုလည်း မပေးစွမ်းနိုင်တဲ့သူအပေါ် စွဲလမ်းနေမယ်ဆို ချစ်ခြင်းမေတ္တာရဲ့ ကောင်းမွန်တဲ့အခြမ်းကို ခံစားလို့ရမှာမဟုတ်ပါဘူး .. ချစ်ခြင်းမေတ္တာဆိုတာ ကောင်းတာတွေပဲဖြစ်ပေါ်စေတာမို့လို့ပါ ..

ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ကြိုးစားပါ .. ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ရင် သူများတွေကိုလည်း သေချာချစ်နိုင်သလို အချစ်လည်းခံရပါလိမ့်မယ် .. ကိုယ်လိုချင်တဲ့အရာကို အတွင်းထဲမှာ ရှာတွေ့ထားရင် ပြင်ပကနေလည်း သူ့အလိုလို ရောက်လာပါလိမ့်မယ် ..

အမြဲပြောနေကြစကားလိုပဲ ကိုယ့်အတွက်ဆိုတဲ့အရာတွေက ကိုယ့်အတွက်ပဲ အမြဲဖြစ်နေမှာပါ .. 🍀🤍

Lots of love 💕


Tarot ဖတ်တာ မှန်တယ်ဆိုပြီး ချစ်ခင်ပေးတဲ့သူတွေ ၊ သူငယ်ချင်းတွေကို ပြန်ညွှန်းပေးကြတဲ့ clients တွေနဲ့ Mention ခေါ်ပြီး ညွှန...
07/07/2026

Tarot ဖတ်တာ မှန်တယ်ဆိုပြီး ချစ်ခင်ပေးတဲ့သူတွေ ၊ သူငယ်ချင်းတွေကို ပြန်ညွှန်းပေးကြတဲ့ clients တွေနဲ့ Mention ခေါ်ပြီး ညွှန်းပေးကြတဲ့ သဲလေးတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင် 😘


07/07/2026

✨ Tarot Reading Giveaway! ✨ 🔮

​Comment မှာ ကိုယ့်ရဲ့ အကြိုက်ဆုံး/လတ်တလော အမြဲနားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ် ကို ရေးပေးခဲ့ပါနော်

​အဲဒီ Comment လေးတွေထဲမှာ React (Like/Love) အများဆုံးရရှိတဲ့ သူ ၅ ဦး ကို ရွေးချယ်ပြီး Tarot မေးခွန်း (၂) ခု ကို free ဟောပေးသွားမှာ ဖြစ်ပါတယ်ရှင် 🥰

​🌟 အနိုင်ရရှိသူများအတွက်

​Tarot Reading (၂) ခု ကို အသေးစိတ် ဟောပေးမှာဖြစ်ပါတယ်ရှင်

ခုပဲ ကိုယ့်အကြိုက်ဆုံးသီချင်းလေးတွေကို Comment မှာ ရေးပေးခဲ့ဖို့ မမေ့နဲ့နော်! အားလုံးပဲ ကံကောင်းကြပါစေရှင် ✨🎶🎼

ပါဝါများချင်များမယ်သူများတွေလို မာယာတော့မများဘူး 😎
06/07/2026

ပါဝါများချင်များမယ်
သူများတွေလို မာယာတော့မများဘူး 😎

ဒီကတော့ မအားတဲ့ကြားက Followers လေးတွေ ဖတ်ဖို့ Tarot Post တွေ နေ့တိုင်း အားစိုက်ပြီး တင်ပေးနေတာ... သူတို့ကတော့ မန့်ဖို့ ဝ...
02/07/2026

ဒီကတော့ မအားတဲ့ကြားက Followers လေးတွေ ဖတ်ဖို့ Tarot Post တွေ နေ့တိုင်း အားစိုက်ပြီး တင်ပေးနေတာ... သူတို့ကတော့ မန့်ဖို့ ဝန်လေးနေကြတယ်... ဟွန့် 🥺

​ဒါပေမဲ့လည်း တင်ပြီးရင် Like လေးတွေ၊ Comment လေးတွေက ခြောက်ကပ်ပြီး တိတ်ဆိတ်လွန်းလို့... တစ်ခါတလေ ဖုန်းလေးပွတ်ရင်း "ငါ့စေတနာတွေ သဲထဲရေသွန်ပြီလား" ဆိုပြီး တိတ်တိတ်လေး ဝမ်းနည်းမိတယ် သိလား... 😢

​Post အောက်မှာ Sticker လေးတစ်ခုပဲဖြစ်ဖြစ် လာချန်ပေးကြရင် ဆရာမလေး အရမ်း အမောပြေရမှာပါ 🥺

​
မမန့်ရင်တော့ စိတ်ကောက်ပြီး ဘာ post မှ ထပ်မတင်ပေးဘဲ နေတော့မှာနော်... ဟွန့်! စတာ စတာ 😝🤍✨

လာမယ့် ၃ လအတွင်း ကိုယ့်ရဲ့ ငွေကြေးကံ အခြေအနေ ဘယ်လိုရှိမလဲ? 🤔💰​စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ငွေကြေးဓန ကံကောင်း...
02/07/2026

လာမယ့် ၃ လအတွင်း ကိုယ့်ရဲ့ ငွေကြေးကံ အခြေအနေ ဘယ်လိုရှိမလဲ? 🤔💰

​စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ငွေကြေးဓန ကံကောင်းခြင်းတွေကို စိတ်ကူးယဉ်ရင်း... ပုံထဲက မိမိစိတ်ကို အဆွဲဆောင်နိုင်ဆုံး Pile လေးတစ်ခုကို ရွေးချယ်ကြည့်ပေးပါနော် 💁‍♀️

​🪙 Pile 1

​Card Energies: Wheel of Fortune, Two of Pentacles, Ace of Pentacles

​ဒီ Pile လေးကို ရွေးချယ်ထားတဲ့သူတွေအတွက် လာမယ့် ၃ လအတွင်း "ငွေကြေးကံဇာတာ သိသိသာသာ အလှည့်အပြောင်း ဖြစ်တော့မယ်" လို့ ပြနေပါတယ်နော် ကံတရားရဲ့ ဘီးလုံးကြီးက သင့်ဘက်ကို လှည့်လာပါပြီရှင်

​ငွေကြေးအခြေအနေ

​အစောပိုင်းမှာ ငွေအဝင်အထွက် မျှအောင် ညှိနေရလို့ စိတ်ညစ်ခဲ့ရရင်တောင် မကြာခင်မှာ "ငွေတုံးငွေခဲ (သို့) အခွင့်အလမ်းသစ်" ကြီးကြီးမားမား ဝင်လာဖို့ ရှိပါတယ် အလုပ်သစ်ရတာ၊ လစာတိုးတာ ဒါမှမဟုတ် ရစရာရှိတဲ့ ငွေဟောင်းတွေ ပြန်ရတတ်ပါတယ်

​❌ ငွေကြေးကံအညံ့နှင့် သတိပြုရန်အချက်

​ငွေကံက အလှည့်အပြောင်းရှိပေမဲ့ ကတ်တွေရဲ့ သဘောအရ ငွေဝင်တာနဲ့အမျှ ရုတ်တရက် "ကျန်းမာရေးမကောင်းလို့ ဆေးဖိုးဝါးခ ကုန်ရတာမျိုး" ဒါမှမဟုတ် "မထင်မှတ်ဘဲ အိမ်ပြင်ရတာ၊ ပစ္စည်းပျက်လို့ လဲရတာမျိုး" ကြောင့် မမျှော်လင့်ဘဲ အိတ်ပေါက်သလို ငွေအလုံးအရင်း ပြန်ထွက်သွားတတ်တဲ့ အညံ့ရှိပါတယ် ငွေဝင်လာတဲ့အခါ ချက်ချင်း အသုံးမဖြုန်းပစ်ဘဲ အစီအစဉ်တကျ ပြန်လည်ထိန်းညှိ (Balance) လုပ်ဖို့ အရေးကြီးပါတယ်နော်

​အကြံပြုချက် 💡

​စွန့်စားပြီး ရင်းနှီးမြှုပ်နှံမှုအသေးစားလေးတွေ လုပ်ဖို့ စဉ်းစားနေရင် အချိန်ကောင်းပါပဲ ကံပွင့်နေတဲ့ အချိန်မို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်လိုက်ပါနော်

​💵 Pile 2

​Card Energies: Nine of Pentacles, The Emperor, Page of Wands

​Pile 2 သမားတွေကတော့ လာမယ့် ၃ လအတွင်း "ဘုရင်တစ်ပါးလို စိတ်ချမ်းသာ၊ လူချမ်းသာ ဖြစ်ရမယ့် Energy" ထွက်နေပါတယ် ငွေကြေးအရ လွတ်လပ်မှုနဲ့ တည်ငြိမ်မှုကို ရရှိပါလိမ့်မယ်

​ငွေကြေးအခြေအနေ

​ကိုယ့်ရဲ့ ကြိုးစားမှုကြောင့် ရပိုင်ခွင့်တွေ အပြည့်အဝရပြီး အလိုလိုနေရင်း ငွေတွေ စုမိဆောင်းမိလာပါလိမ့်မယ် အထူးသဖြင့် ကိုယ်ပိုင်အလုပ်၊ Online Shop လုပ်တဲ့သူတွေဆိုရင် အရောင်းအဝယ် တအားသွက်ပြီး ငွေပုံပေါ် ထိုင်ရမယ့်လတွေပါပဲ လူကြီးသူမ (သို့) တစ်ယောက်ယောက်ဆီကနေ ငွေကြေးပံ့ပိုးမှုလည်း ရတတ်ပါတယ်

​❌ ငွေကြေးကံအညံ့နှင့် သတိပြုရန်အချက်

​ဒီ Pile ရဲ့ အဓိက အညံ့ကတော့ "သူတပါးကြောင့် ငွေဆုံးရှုံးရတတ်တာ" ပါပဲ ကိုယ့်အနားမှာ စကားချိုချိုနဲ့ ငွေလာချေးတဲ့သူ၊ အတူတူ အကျိုးတူရင်းနှီးမြှုပ်နှံပါဆိုပြီး မက်လုံးပေး လာလိမ်မယ့်သူတွေ ရှိနေလို့ အယုံမလွယ်ဖို့ အထူးသတိထားရပါမယ် လူနာမည်ခံပြီး ငွေထုတ်ချေးတာ သို့မဟုတ် အာမခံပေးတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့ ကိုယ့်ရဲ့ အတွေးအခေါ် စိတ်ကူးသစ်တွေကို အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်မနေပါနဲ့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချလေ ငွေပိုဝင်လေ ဖြစ်မှာပါ

​အကြံပြုချက် 💡

​ဒီ ၃ လအတွင်းမှာ သင့်ရဲ့ ဆွဲဆောင်မှုနဲ့ စွမ်းအင်က တအားတက်နေတာမို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး ပိုက်ဆံတွေကို သုံးစွဲပစ်လိုက်ပါတော့နော် ငွေသုံးလေ ငွေပိုဝင်လေဖြစ်နိုင်ပါတယ်

​💎 Pile 3

​Card Energies: The Star, Four of Pentacles, Ten of Cups

​ဒီ Pile လေးကို ရွေးချယ်ထားတဲ့သူတွေကတော့ "မမျှော်လင့်ဘဲ ကံထူးမယ့် အိတ်စိုက်ငွေကံမျိုး" ပါ စိတ်ကူးထားတဲ့ အိပ်မက်တွေ သော့ပွင့်သွားသလို အဆင်ပြေသွားပါလိမ့်မယ်

​ငွေကြေးအခြေအနေ

​မိသားစုဆီက ဖြစ်ဖြစ် ၊ ထီပေါက်တာမျိုး ဖြစ်ဖြစ် ကံစမ်းရာကနေ အလှူငွေ၊ မုန့်ဖိုး သို့မဟုတ် လက်ဆောင်ပစ္စည်း အဖိုးတန်တာတွေ ဝင်လာတတ်ပါတယ် ဒါ့အပြင် သင့်ရဲ့ ငွေကြေးအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် "မိတ်ဆွေကောင်း" တွေ ပေါ်လာတတ်လို့ ရင်အေးရမယ့် ၃ လပါပဲ

​❌ ငွေကြေးကံအညံ့နှင့် သတိပြုရန်အချက်

​အိတ်စိုက်ငွေကံ ရှိပေမဲ့ "လောင်းကစားကံ၊ ဖြတ်လမ်းကနေ ငွေရှာတဲ့ကံ လုံးဝမရှိပါဘူး" အလွယ်တကူ ငွေရချင်ဇောနဲ့ မဟုတ်ကုတ်ဟတ် လိုင်းပေါ်က ဂိမ်းတွေဆော့တာ၊ အွန်လိုင်း ရင်းနှီးမြှုပ်နှံမှု အတုအယောင်တွေထဲ ပိုက်ဆံထည့်မိရင်တော့ အရင်းပါ ပြုတ်သွားနိုင်တဲ့ အညံ့ကြီး ရှိနေပါတယ် ငွေကံကောင်းပေမဲ့ လောဘတကြီးနဲ့ အရမ်းကြီး သိမ်းဆည်းထားတာမျိုး (သို့) ကပ်စေးကုတ်တာမျိုး လုပ်ရင် စွမ်းအင်ပိတ်တတ်ပါတယ် နည်းနည်းပါးပါး ပြန်လည်လှူဒါန်းပေးရင် ငွေကံ ပိုပွင့်ပါတယ်

​အကြံပြုချက် 💡

​"မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်မယ့်လတွေ" မို့ စိတ်ပူပင်မှုတွေကို လွှတ်ချလိုက်ပါ သင့်ရဲ့ ငွေရေးကြေးရေး အနာဂတ်က အရမ်းကို တောက်ပနေပါတယ်

​✨ Disclaimer: Tarot Reading ဆိုတာ General Energy ဖြစ်လို့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတာလေးတွေကိုပဲ အပြုသဘောဆောင် ယူသွားပေးပါနော်

​💌 ကိုယ့်ရဲ့ ကိုယ်ပိုင်ငွေကံ၊ အလုပ်အကိုင် ကံဇာတာကို ကွက်တိ အသေးစိတ် သိချင်တယ်ဆိုရင်တော့...

​မေးခွန်း ၁ ခုကို ၂၀၀၀ ကျပ် တည်းနဲ့ အသေးစိတ် လာရောက်တွက်ချက် စစ်ဆေးလို့ ရပါတယ်နော် 🔮

​✨ Page Chat Box မှာ အချိန်မရွေး စာပို့ပြီး မေးမြန်းနိုင်ပါပြီရှင်

​အားလုံးပဲ လာမယ့် ၃ လအတွင်း ငွေတွေ ဒလဟော ဝင်ကြပါစေ... 💰💸✨

ရည်းစားဟောင်း (Ex) ကို မေ့ရခက်ဆုံးနဲ့ အမြဲ Profile ခိုးကြည့်တတ်တဲ့ ရာသီဖွား (6 ) ခု"​" ငါ တကယ်မေ့သွားပါပြီ" ဆိုပြီး လူရှ...
29/06/2026

ရည်းစားဟောင်း (Ex) ကို မေ့ရခက်ဆုံးနဲ့ အမြဲ Profile ခိုးကြည့်တတ်တဲ့ ရာသီဖွား (6 ) ခု"

​" ငါ တကယ်မေ့သွားပါပြီ" ဆိုပြီး လူရှေ့သူရှေ့မှာတော့ မာနတခွဲသားနဲ့ လေလုံးထွားနေပေမဲ့... ညဘက် လူခြေတိတ်လို့ အထီးကျန်တဲ့အချိန်ကျမှ လက်က အလိုလို Ex ရဲ့ Profile ကို ရိုက်ရှာပြီး Stalk တတ်တဲ့ ရာသီဖွား (၆) ခုက ဘယ်သူတွေဖြစ်မလဲ? 👀

​✨ Disclaimer: ကိုယ့် သူငယ်ချင်းတွေထဲမှာ ဒီလိုလူမျိုးရှိရင် Mention ခေါ် လိုက်တော့နော်! 🥰

​🔮 ကိုယ့်ရဲ့ အချစ်ရေး နဲ့ Ex ရဲ့ စိတ်ထဲက အမှန်တရားကို Tarot နဲ့ သေသေချာချာ စစ်ဆေးချင်ရင်တော့...
မေးခွန်း ၁ ခုကို ၁,၅၀၀ ကျပ် တည်းနဲ့ အသေးစိတ် လာရောက်မေးမြန်းလို့ ရပါတယ်ရှင် ✨

လာမယ့် ၃ လအတွင်း ကိုယ့်ရဲ့ ငွေကြေးကံ အခြေအနေ ဘယ်လိုရှိမလဲ?  Pick a pile 💁‍♀️​ စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ကိ...
29/06/2026

လာမယ့် ၃ လအတွင်း ကိုယ့်ရဲ့ ငွေကြေးကံ အခြေအနေ ဘယ်လိုရှိမလဲ?

Pick a pile 💁‍♀️

​ စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ကိုယ့်ဆီကို အဆွဲဆောင်နိုင်ဆုံး Pile လေးတစ်ခုကို ရွေးချယ်ကြည့်ပေးပါနော်။

​🌻 Pile 1
🌻 Pile 2
🌻 Pile 3 ဘာလေးရွေးထားလဲ မန့်ပေးသွားနော် 🤗

အဖြေကို မကြာခင်တင်ပေးပါမယ်ရှင်




Address

Dagon Seikkan
Yangon
11441

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Tarot Angel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share