Mahar Loka Wellness

Call Directions

Mahar Loka Wellness Better Health, Better Life

Nebulizer ဆေးရည် ဝယ်ယူတဲ့အခါ ဒါတွေကို သေသေချာချာ စစ်ဆေးပါNebulizer စက်နဲ့ တွဲသုံးရတဲ့ ဆေးရည်ဝယ်တဲ့အခါ နာမည်တစ်ခုတည်း ကြည...
18/11/2026

Nebulizer ဆေးရည် ဝယ်ယူတဲ့အခါ ဒါတွေကို သေသေချာချာ စစ်ဆေးပါ

Nebulizer စက်နဲ့ တွဲသုံးရတဲ့ ဆေးရည်ဝယ်တဲ့အခါ နာမည်တစ်ခုတည်း ကြည့်ပြီး ရွေးလို့မရပါဘူး။ အရည်အသွေးစိတ်ချရမှု၊ ထုပ်ပိုးတာ လုံခြုံမှု၊ သိမ်းဆည်းတာ စနစ်ကျမှု — ဒီသုံးချက်က အရမ်းအရမ်းပဲ အရေးကြီးပါတယ်။

ဒီလို အရေးကြီးတာတွေကို Mahar Loka ဘက်က အပြည့်အဝ တာဝန်ယူပေးပါရစေ။

Mahar Loka မှာရှိတဲ့ ဆေးရည်တွေက ဒီစံနှုန်းတွေနဲ့ ကိုက်ညီပါတယ် —
✅ SALRITE (Salbutamol 2.5mg)
✅ IPRARITE (Ipratropium 500mcg)
✅ DUOSAL (Ipratropium Bromide 500mcg & Salbutamol Sulphate 2.5mg)

ဒါ့အပြင် ဝယ်ယူတဲ့အခါ သိလိုတာမှန်သမျှ မေးမြန်းနိုင်တဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်နော်။ စက်ရော ဆေးရည်ရောကို တစ်နေရာတည်းမှာပဲ အစုံအလင် ရနိုင်ပါတယ်။
ဒါကြောင့် Nebulizer ဆေးရည် လိုအပ်တဲ့အခါ Mahar Loka ကို သတိရလိုက်ပါ။

💡 မှတ်ချက် — တစ်ဦးနဲ့တစ်ဦး ဝေဒနာမတူညီနိုင်တာမို့ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ အသုံးပြုပါ။
📩 Page Messenger ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်။

These products are medicines — use only as directed by your doctor. This post is for information only, not medical advice.

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ အားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံနေစေဖို့ Mahar Loka Wellness  က ဆု...
25/10/2026

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ အားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံနေစေဖို့ Mahar Loka Wellness က ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🪔

သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပါပဲ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီးတဲ့နောက် တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ဆင်းသက်တော်မူတဲ့ နေ့မြတ်ဖြစ်သလို ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ နေ့ထူးလည်းဖြစ်ပါတယ်။

ဒီမင်္ဂလာရှိတဲ့ အခါသမယမှာ Mahar Loka Wellness ကို အစဉ်တစိုက် အားပေးချစ်ခင်ကြတဲ့ မိဘပြည်သူအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ဘေးအန္တရာယ်အပေါင်းက ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အခုလို သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို ကန်တော့ဖို့ဆိုရင် ရိုသေမှုနဲ့အတူ သူတို့ရဲ့ ကျန်းမာရေးကိုပါ ထည့်သွင်းဂရုစိုက်ဖို့ကိုလည်း Mahar Loka Wellness က သတင်းစကား လက်ဆောင်ပါးလိုက်ပါတယ်။

မိဘတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို တစ်နေရာတည်း ရရှိနိုင်တာကတော့ Mahar Loka Wellness ပါပဲ။

Mahar Loka Wellness ကို အစဉ်တစိုက် ယုံယုံကြည်ကြည် အားပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် Mahar Loka Wellness က အမြဲပဲ အနားမှာရှိနေမယ်ဆိုတာ စိတ်ချလက်ချ ယုံကြည်လိုက်ပါနော်…။
#သီတင်းကျွတ်လပြည့် #ဆုမွန်ကောင်း

💨 Nebulizer ဆေးရည် လိုပြီဆိုရင် — Mahar Loka ကို သတိရလိုက်ပါအသက်ရှူလမ်းကြောင်းအတွက် Nebulizer စက်နဲ့ တွဲသုံးရတဲ့ ဆေးရည်တ...
23/10/2026

💨 Nebulizer ဆေးရည် လိုပြီဆိုရင် — Mahar Loka ကို သတိရလိုက်ပါ

အသက်ရှူလမ်းကြောင်းအတွက် Nebulizer စက်နဲ့ တွဲသုံးရတဲ့ ဆေးရည်တွေကို Mahar Loka မှာ အခုပဲ ဝယ်ယူရရှိနိုင်ပါပြီ။

✅ SALRITE (Salbutamol 2.5mg)
✅ IPRARITE (Ipratropium 500mcg)
✅ DUOSAL (Ipratropium Bromide 500mcg & Salbutamol Sulphate 2.5mg)

Mahar Loka မှာ ဝယ်ယူရင် —
✔️ အရည်အသွေးစိတ်ချရမှု
✔️ စနစ်ကျတဲ့ သိမ်းဆည်းမှု
✔️ သိလိုတာ မေးလို့ရတဲ့ ဝန်ဆောင်မှု
✔️ စက်ရော ဆေးရည်ရော တစ်နေရာတည်းမှာ ရရှိနိုင်မှုတွေကို ပိုင်ဆိုင်ခွင့် ရရှိပါလိမ့်မယ်။

💡 မှတ်ချက် — တစ်ဦးနဲ့တစ်ဦး ဝေဒနာမတူညီနိုင်တာမို့ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ အသုံးပြုပါ။

📩 မှာယူလိုပါက Page Messenger ကနေ ဆက်သွယ် မှာယူနိုင်ပါပြီ။

ကျန်းမာရေးပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရရှိနိုင်စေဖို့အတွက် Mahar Loka က လူကြီးမင်းတို့အနားမှာ အမြဲအသင့်ရှိနေပါတယ်။

These products are medicines — use only as directed by your doctor. This post is for information only, not medical advice.
#အသက်ရှူလမ်းကြောင်း

ကမ္ဘာပေါ်မှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက ကိုယ့်ရဲ့ နေ့စဉ် ကျန်းမာရေးပါပဲ! 🌿✨ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာဖို့ဆိုတာဟာ...
18/09/2026

ကမ္ဘာပေါ်မှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက ကိုယ့်ရဲ့ နေ့စဉ် ကျန်းမာရေးပါပဲ! 🌿✨
ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာဖို့ဆိုတာဟာ နေ့စဉ် ပုံမှန် အာဟာရစောင့်ရှောက်မှုကနေ စတင်ပါတယ်။ 💯
နေ့စဉ် အစားအသောက် ပုံမှန်စားရုံနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Amino Acids နဲ့ Multivitamins ဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိဖို့ကတော့ မလွယ်ကူလှပါဘူး။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ALVITMIN Syrup က အသင့်ရှိလို့နေပါပြီ…။

ALVITMIN Syrup ကို နေ့စဉ် ဘာကြောင့် ပုံမှန် သောက်သုံးပေးသင့်တာလဲ? 🤔💡
1️⃣ ကြွက်သားကြံ့ခိုင်ဖို့နဲ့ အားအင်ပြည့်ဝဖို့ 🏋️‍♂️
Essential Amino Acids ၁၀ မျိုးက ပရိုတိန်း တည်ဆောက်မှုကို အဓိက အထောက်အကူပြုပေးလို့ နေ့စဉ်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ် ကြွက်သားတွေကို ပိုပြီး ကြံ့ခိုင်စေပါတယ်။

2️⃣ အာရုံစူးစိုက်မှုကောင်းဖို့နဲ့ လန်းဆန်းတက်ကြွဖို့ 🧠👁️
ဗီတာမင်ဓာတ်တွေ ပါဝင်လို့ အာရုံကြောနဲ့ အမြင်အာရုံ စနစ်ကို ထောက်ပံ့ပေးတဲ့အပြင် စာကျက်ချိန်မှာ အရမ်းအာရုံစိုက်ရတဲ့ ဆယ်ကျော်သက်တွေ၊ ရုံးဝန်ထမ်းတွေနဲ့ လူငယ်တွေအတွက် နေ့စဉ်သောက်ပေးမယ်ဆိုရင် တက်ကြွလန်းဆန်းမှုကို အပြည့်အဝ ရစေပါလိမ့်မယ်။

3️⃣ ရေရှည် ခုခံအားစနစ် ထိန်းသိမ်းခြင်း 🛡️
ကိုယ်ခန္ဓာ ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် သဘာဝနဲ့အညီ ရေရှည် ကျန်းမာသန်စွမ်းအောင် ကူညီပေးပါတယ်။
အရသာကောင်းမွန်ပြီး သောက်ရလွယ်ကူတဲ့ ALVITMIN Syrup လေးနဲ့ မိသားစုရဲ့ နေ့စဉ်ကျန်းမာရေး အုတ်မြစ်ကို ပုံမှန်လေး စွဲသောက်ရင်း အခုပဲ တည်ဆောက်လိုက်ကြရအောင်။ 🥄✨
📩 ALVITMIN Syrup ရဲ့ အသေးစိတ် အချက်အလက်တွေကို ပိုပြီးသိရှိချင်ရင် Page Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Disclaimer: This product is a dietary supplement designed to support overall health and daily nutritional needs. It is not intended to diagnose, treat, cure, or prevent any disease. Individual results may vary. Please consult with a qualified healthcare professional or physician before use, especially if you are pregnant, nursing, taking medications, or have a medical condition.

ဆီးချိုကြောင့် အမေနဲ့ အဖေ အားနည်းလာတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ သားသမီးတွေ ရှိကြပါသလား? 💔🥀'အမေ... ဒါလေး မစားနဲ့...
11/09/2026

ဆီးချိုကြောင့် အမေနဲ့ အဖေ အားနည်းလာတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ သားသမီးတွေ ရှိကြပါသလား? 💔🥀
'အမေ... ဒါလေး မစားနဲ့ဦး၊ ဆီးချိုတက်မယ်'
'အဖေ... ဒါလေး မသောက်နဲ့ဦး၊ သကြားဓာတ်တွေပါတယ်။' ❌🙅
မိဘတွေကို သွေးတွင်းသကြားဓာတ် မတက်စေချင်လို့ စိတ်ပူပြီး အခုလိုမျိုး တားဆီးနေရပေမဲ့ တစ်ဖက်မှာလည်း အစားအရမ်းရှောင်လွန်းလို့ အမေနဲ့ အဖေ ကိုယ်အလေးချိန် ကျသွားတာ၊ ကြွက်သား လျော့ပြီး နုံးချိလာတာကို မြင်ရတာ သားသမီးတိုင်းအတွက် စိတ်မကောင်းစရာပါပဲ… 😞🥺

⚠️ ဆီးချိုရှိတဲ့ မိဘတွေအတွက် အဓိက လိုအပ်ချက်က 'ဘာမှမစားရတာ' မဟုတ်ဘဲ 'မှန်ကန်တဲ့ အာဟာရကို အပြည့်အဝ ရရှိဖို့' ပဲ ဖြစ်ပါတယ်။

ဆီးချိုကြောင့် ခန္ဓာကိုယ်ဆီကနေ သကြားဓာတ်ကို အလွယ်တကူ မရရှိတဲ့အခါ ကြွက်သားထဲမှာရှိတဲ့ ပရိုတင်းတွေကို ဖြိုခွဲပြီး စွမ်းအင်ယူဖို့ သုံးလိုက်ရတာမို့ အသက်ကြီးလာတာနဲ့အမျှ အားအင်တွေ လျော့နည်းလာရတာပါပဲ။

ဒါကြောင့် ဆီးချိုရှိတဲ့ မိဘတွေအတွက် အချို လုံးဝမပါဘဲ (Sugar-Free) လိုအပ်တဲ့ အာဟာရကို အပြည့်အဝ ဖြည့်တင်းပေးနိုင်မယ့် Diabecare Protein Powder 🥛 က အကောင်းဆုံး အာဟာရ အဖော်မွန်ပဲဖြစ်ပါတယ်။

✨ Diabecare က ထောက်ပံ့ပေးမယ့် အာဟာရတွေ ✨
💪 High Protein: လျော့ရဲသွားတဲ့ ကြွက်သားထုကို ပြန်လည် ထိန်းသိမ်း တည်ဆောက်ပေးဖို့ အထောက်အကူပြုပါတယ်။

🛡️ Colostrum: ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ မကြာခဏဆိုသလို နုံးချိ ပင်ပန်းတာတွေကို သက်သာသွားစေပါလိမ့်မယ်။
🧠 ❤️ DHA & Omega 3: နှလုံးကျန်းမာရေးနဲ့ ဦးနှောက် မှတ်ဉာဏ် ထိန်းသိမ်းနိုင်စွမ်းတွေကို စောင့်ရှောက်မှုပေးပါလိမ့်မယ်။

မိဘတွေကို 'ဒါတွေ မစားနဲ့၊ ဟိုဟာတွေ မစားနဲ့' လို့ တားမြစ်နေမယ့်အစား… ဒီနေ့ပဲ မိဘတွေရဲ့ ကျန်းမာရေးနဲ့ အားအင်တွေ ပြန်လည် ပြည့်ဝလာစေဖို့ Diabecare Protein Powder လေးနဲ့ အကောင်းဆုံး ဂရုစိုက်မှု ပေးလိုက်ပါ! 🎁❤️

🛒 မှာယူလိုပါက: မိဘတွေအတွက် ချစ်ခြင်းမေတ္တာ နွေးထွေးမှုပေးဖို့ Messenger (CB) ကနေ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ ပို့ပေးရုံဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါပြီ။

🚚📦 နီးစပ်ရာ ဆေးဆိုင်ကြီးတွေမှာလည်း ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးလို့ ရရှိနေပါပြီ။ 🏥✨
⚠️ Disclaimer: Diabecare Protein Powder is a dietary supplement designed to provide nutritional support and is not intended to diagnose, treat, cure, or prevent any disease, including diabetes. It is not a replacement for prescribed medical treatment. Always consult with a qualified healthcare professional before making any changes to your diet or health regimen.
#ဆီးချိုဖြည့်စွက်စာ #မိဘကျန်းမာရေး #ဆီးချိုနှင့်အာဟာရ

ဒိုင်ပါလောင်တဲ့ပြဿနာတွေနဲ့ Nappy-Hippo ရဲ့ လက်တွေ့ဖြေရှင်းပေးနိုင်စွမ်းများ---------------------------မေး။ ။ ဒိုင်ပါ လဲပ...
09/09/2026

ဒိုင်ပါလောင်တဲ့ပြဿနာတွေနဲ့ Nappy-Hippo ရဲ့ လက်တွေ့ဖြေရှင်းပေးနိုင်စွမ်းများ
---------------------------
မေး။ ။ ဒိုင်ပါ လဲပေးတဲ့အခါ တချို့မေမေတွေက အစိုဓာတ်ကို သေသေချာချာ မသုတ်ဘဲ ဒိုင်ပါအသစ်ကို ချက်ချင်း ပြန်စွပ်ပေးတတ်ကြပါတယ်။ အဲဒီလိုလုပ်တာက ဘာကြောင့် ဒိုင်ပါလောင်တာကို ပိုဆိုးစေတာလဲ၊ ဘယ်လိုဖြေရှင်းသင့်ပါသလဲ?
အဖြေ။ ။ ဘေဘီလေးတွေရဲ့ အသားအရေဟာ လူကြီးတွေထက် (၅) ဆ ပိုပြီး နုနယ်ထိရှလွယ်လို့ စိုစွတ်မှုဒဏ်ကို အလွယ်တကူပဲ ခံရတတ်ပါတယ်။ အစိုဓာတ်ကျန်နေချိန်မှာ ဒိုင်ပါအသစ်ကို ချက်ချင်းစွပ်လိုက်ရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်သလို အနီကွက်ထတာ၊ ပွန်းပဲ့တာနဲ့ ဒိုင်ပါလောင်တာတွေကို ချက်ချင်းဆိုသလိုပဲ ဖြစ်ပေါ်စေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒိုင်ပါလဲတိုင်း အရင်ဆုံး ရေစင်စင် သန့်စင်ပြီး ခြောက်သွေ့အောင် သုတ်ပေးဖို့ လိုပါတယ်။ အဲဒီနောက် Nappy-Hippo Diaper Cream ကို ပါးပါးလေး လိမ်းပေးလိုက်ပါ။ ဒါဆိုရင် အသားအရေပေါ်မှာ Protective Barrier တစ်ခု ဖန်တီးပေးပြီး စိုစွတ်မှုကိုလည်း ထိန်းချုပ်ကာကွယ်ပေးနိုင်စွမ်းရှိသွားပါပြီ။ ဒီလိုမျိုး Nappy-Hippo Diaper Cream ကို လိမ်းပေးလိုက်ရင် ခုဒိုင်ပါလောင်တာကို ခုချက်ချင်းပဲသက်သာစေပြီး ဘေဘီလေးတွေကို တစ်ညလုံး အေးအေးချမ်းချမ်း အိပ်စက်သွားစေနိုင်ပါတယ်။

မေး။ ။ တချို့မေမေတွေက ဒိုင်ပါလောင်မှပဲ ခရင်မ်လိမ်းရတယ်လို့ ထင်မှတ်နေကြပါတယ်။ တကယ်ရော ဒိုင်ပါမလောင်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နေ့စဉ် ပုံမှန်လိမ်းပေးသင့်သလား?
အဖြေ။ ။ တကယ်တော့ ဒိုင်ပါလောင်မှ ကုသတာထက် မလောင်ခင် ကြိုတင်ကာကွယ်တာက ပိုပြီး ထိရောက်ပါတယ်။ ဘေဘီလေးတွေရဲ့ အသားအရေဟာ အမြဲတမ်းပဲ စိုစွတ်မှုဒဏ်နဲ့ ပွန်းပဲ့မှုဒဏ်ကို ခံနေရတာကြောင့် ဒိုင်ပါလဲတိုင်း Nappy-Hippo Diaper Cream ကို ပါးပါးလေး ပုံမှန်လိမ်းပေးသင့်ပါတယ်။ Nappy-Hippo Diaper Cream မှာ ပါဝင်တဲ့ Zinc Oxide က အသားအရေကို အမြဲတမ်း ခြောက်သွေ့သန့်ရှင်းစေတဲ့အပြင် ဘက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးတဲ့ Moisture Control အာနိသင်ရှိတာကြောင့် ဘေဘီလေးတွေရဲ့အသားအရေကို နီမြန်းယားယံတာတွေကနေ ကင်းဝေးစေပါတယ်။

မေး။ ။ Nappy-Hippo Diaper Cream က ဒိုင်ပါလောင်တာအတွက်တင် မဟုတ်ဘဲ ဘေဘီလေးတွေရဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဖြစ်တတ်တဲ့ အဖုအပိမ့်တွေအတွက်ပါ သုံးလို့ရတယ်ဆိုတာ ဟုတ်ပါသလား?
အဖြေ။ ။ ဟုတ်ကဲ့၊ အမှန်တကယ်ကို သုံးလို့ရပါတယ်။ Nappy-Hippo Diaper Cream ဟာ ဒိုင်ပါလောင်တာကို အဓိက ကုသပေးနိုင်စွမ်းရှိတဲ့အပြင် သာမန် အသားအရေ ပွန်းပဲ့တာတွေနဲ့ နေ့စဉ်ဆိုသလို ရာသီဥတုကြောင့် သားသားမီးမီးလေးတွေရဲ့ လည်ပင်းကြား၊ ချိုင်းကြားနဲ့ ပေါင်ကြားတွေမှာ ချွေးစားလို့ ထွက်လာတဲ့ အဖုအပိမ့်၊ အနီစက်လေးတွေအတွက်ပါ ကုသပေးနိုင်စွမ်းရှိပါတယ်။ ပါးပါးလေး လိမ်းပေးရုံနဲ့ ခုလောင် ခုသက်သာစေတာမို့ ဘေဘီလေးတွေရှိတဲ့ အိမ်တွေတိုင်းမှာ ဆောင်ထားသင့်တဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုပါပဲ။

သားသားမီးမီးလေးတွေ အိပ်ရေးဝဝနဲ့ သက်တောင့်သက်သာ အိပ်စက်နိုင်ဖို့၊ အသားအရေ နီမြန်းယားယံမှုတွေ ကင်းဝေးစေဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Nappy-Hippo Diaper Cream ကို ယခုပဲ မှာယူလိုက်ပါတော့ရှင်။

အသေးစိတ်သိရှိလိုချင်တယ်ဆိုရင်တော့ အခုချက်ချင်းပဲ Page Messenger ကို ဆက်သွယ်လိုက်ပါ…

#ဘေဘီ့အသားအရေစောင့်ရှောက်မှု #ဒိုင်ပါလောင်ခြင်းကာကွယ်ရန် #မေမေတို့အတွက်

Mahar Loka Co. Ltd. မှာ အောက်ပါဆေးများရနိုင်ပါပြီ။ !Hexacoline - Citicoline Tablets 500mgAminix         - Amisulpride Ta...
24/08/2026

Mahar Loka Co. Ltd. မှာ အောက်ပါဆေးများရနိုင်ပါပြီ။ !

Hexacoline - Citicoline Tablets 500mg
Aminix - Amisulpride Tablets BP 100mg
Fluxazine - Flunarizine Tablets 5mg/ 10mg
Haloenix - Haloperidol Tablets BP 1.5mg
Hexadone - Risperidone Tablets USP 2mg
Mirxapine - Mirtazapine Tablets BP 15mg‌
Quetex - Quetiapine Tablets USP 25mg
Zexapine - Olanzapine Tablets 5mg/ 10mg

22/08/2026

Nappy Hippo နဲ့ဆိုရင် Baby တို့အတွက်
Diaper ပွန်းမှာ စိတ်ပူစရာမလိုတော့ပါဘူး !

ရင်သွေးလေးရဲ့ ကျန်းမာသန်စွမ်းခြင်းဆိုတာမေမေတို့အတွက် ပျော်ရွှင်မှုပါပဲ။ပျော်ရွှင်မှုသာမက အရေးအကြီးဆုံး တာဝန်တစ်ခုဆိုလည်း...
21/08/2026

ရင်သွေးလေးရဲ့ ကျန်းမာသန်စွမ်းခြင်းဆိုတာ
မေမေတို့အတွက် ပျော်ရွှင်မှုပါပဲ။

ပျော်ရွှင်မှုသာမက အရေးအကြီးဆုံး တာဝန်တစ်ခုဆိုလည်းမမှားပါဘူး။
ဒါကြောင့် ကလေးငယ်တွေရဲ့ ကိုယ်ခံအားကိုမြှင့်တင်ပြီး နေ့စဉ်လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြည့်ဆည်းပေးချင်တဲ့ မေမေတို့ဘက်ကနေ
Panavit အစက်ချအားဆေးလေးကို ညွှန်းပေးချင်ပါတယ်။

တိုက်ကျွေးရလွယ်ကူပြီး မွေးကင်းစမှ ၂ နှစ်ကျော်အရွယ်အထိ တိုက်ကျွေးနိုင်ပါတယ်။
အီတလီနိုင်ငံမှ ထုတ်လုပ်ထားလို့ အရည်အသွေးစိတ်ချနိုင်ပါတယ်နော်။

Panavit Drop (15ml) ဈေးနှုန်းလေးကတော့ - 43,100 Ks ပါ။
Yangon မြို့တွင်း Cash On Delivery ရနိုင်ပြီး ပို့ခအခမဲ့ဖြစ်ပါတယ်။

#ကလေးအားဆေး

19/08/2026

ဘေဘီလေးတို့ရဲ့ ကိုယ်ခံအားအတွက်
မရှိမဖြစ် Panavit !

ရင်သွေးငယ်လေးတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုက ငယ်စဉ်ကာလမှာ အလွန်အရေးကြီးပြီး
ကိုယ်ခံအားစနစ်ကလည်း အပြည့်အဝ မကျန်းမာသေးပါဘူး။
ဒီလိုအချိန်မှာ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲကနေရရှိတဲ့
အာဟာရတွေအပြင် လိုအပ်တဲ့ဓာတ်တွေကိုပါ အပြည့်အဝဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ
တစ်ခါတလေ တော်တော်လေးခက်ခဲပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့ !
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလုံလောက်လောက် ရရဲ့လားဆိုပြီး
အမြဲတမ်း စိတ်ပူနေရတဲ့ မေမေတို့ဘက်မှာ Panavit Drop ရှိနေပါတယ်နော်။
လိုအပ်သမျှ Vitamin တွေကို အပြည့်အဝ ဖြည့်ဆည်းပေးပြီး
ကိုယ်ခံအားတည်ဆောက်ဖို့အတွက် လုံးဝ ယုံကြည်စိတ်ချနိုင်ပါတယ်။

တိုက်ကျွေးရလွယ်ကူပြီး မွေးကင်းစမှ ၂ နှစ်ကျော်အရွယ်အထိ တိုက်ကျွေးနိုင်မှာပါ။
အီတလီနိုင်ငံမှ ထုတ်လုပ်ထားလို့ အရည်အသွေးစိတ်ချနိုင်ပါတယ်နော်။

#ကလေးအားဆေး

Address

No-6, Moe Ma Kha Street, Malikha Housing, Thinganyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959780780500

Website

Alerts

Be the first to know and let us send you an email when Mahar Loka Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share