21/08/2026
🧘♀️ Backbend လုပ်ဖို့ ဘာလို့ ကြောက်ကြတာလဲ?
Backbend လေ့ကျင့်ခန်း လုပ်တဲ့အခါ ကြောက်ရွံ့စိတ်ဝင်တတ်တာဟာ သဘာဝကျပါတယ်။
ကြောက်ရတဲ့အဓိက အကြောင်းအရင်း (၃) ချက်...
✨မမြင်ရတဲ့ နောက်ကွယ်ကို လှန်ချရတာဟာ ဦးနှောက်က အန္တရာယ်ရှိတယ်လို့ ယူဆပြီး ကြောက်စိတ်ဖြစ်ခြင်း...
✨ခါးဆစ် (Lumbar Spine) ကိုပဲ ဖိအားအကုန်ပေးပြီး လှန်မိရင် ခါးနာတတ်တာကြောင့် ခါးဒဏ်ရာရမှာကို စိုးရိမ်ခြင်း..
✨Backbend က ရင်ဘတ်နဲ့ လည်ပင်းကို အပြည့်အဝ ပွင့်စေတဲ့အခါ စိတ်ပိုင်းဆိုင်ရာအရ မိမိကိုယ်ကို ကာကွယ်မှုမဲ့သွားသလို ခံစားရစေပြီး စိုးရိမ်စိတ် ပေါ်ခြင်း...
🛡️ မကြောက်တော့ဘဲ ဘေးကင်းကင်းနဲ့ ဘယ်လိုလေ့ကျင့်မလဲ?
✅Upper Back ကို အရင်ဖွင့်ပါ။
✅အခြေခံ Basic Poses တွေကနေ စတင်ပါ။
✅အထောက်အကူပစ္စည်း Props များကို အသုံးပြုပါ။
ဥပမာ-လက်နဲ့ နံရံကို တဖြည်းဖြည်း ကိုင်ဆင်းသွားတဲ့ နည်းလမ်းက လဲကျမှာကို မကြောက်ရတော့ပါဘူး။
✅ Breathe အသက်ရှူခြင်းကို အာရုံစိုက်ပါ။
Backbend ဆိုတာ ခါးကို ကွေးတာထက် ရင်ဘတ်ကို ဖွင့်ပီး ပင့်တင်ပေးရတာ ဖြစ်ပါတယ်။
နည်းလမ်းမှန်ရင် ကြောက်စိတ်တွေ ပျောက်သွားပြီး စိတ်ရောကိုယ်ပါ လန်းဆန်းမှုကို ရရှိနိုင်ပါလိမ့်မယ်✨
𝐃𝐞𝐞𝐩𝐞𝐧𝐢𝐧𝐠 𝐭𝐡𝐞 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 (𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐏𝐫𝐚𝐜𝐭𝐢𝐭𝐢𝐨𝐧𝐞𝐫)
Mon, Tue & Wed 🔸 7:00 ~ 8:00 Am
Mon & Tue 🔸 6:00 ~7:00 Pm
Sat & Sun 🔸 7:00 ~ 8:00 Am
Instructor 🔸 𝚆𝙷𝙰𝚁
𝚃𝚘 𝙲𝚛𝚎𝚊𝚝 𝙰 𝙱𝚎𝚝𝚝𝚎𝚛 𝙻𝙸𝙵𝙴 👇
𝒀𝒐𝒈𝒂 𝑶𝒖𝒚𝒊𝒏
📍 89, Ouyin Street, Kyeemyindine Township.
📞 09 76 111 4545 , 09 42 001 4545