Zi Wa Thu Kha Pharmacy

Call Directions Contact the practice

Zi Wa Thu Kha Pharmacy ကျန်းမာခြင်း
ချမ်းသာခြင်းသုခများ
ဆောင်ကျဉ်းရာ

World Pharmacist Day 25th Sep Recap လေးပါ 🎀Professional development ရော Career development အတွက်ရော အရေးပါတဲ့ နေ့လေးတနေ့...
04/10/2026

World Pharmacist Day 25th Sep Recap လေးပါ 🎀
Professional development ရော
Career development အတွက်ရော အရေးပါတဲ့ နေ့လေးတနေ့ဖြစ်ခဲ့ပါတယ် 🎀

ရက်ပိုင်း ရာသီဥတုက တအားပူလွန်းလို့ အပူရှပ် (Heat Stroke) ပြီး ဆေးရုံရောက်ရသူတွေ၊ အသက်အန္တရာယ် ကြုံရသူတွေ ရှိလာနေပါတယ်။ အ...
04/10/2026

ရက်ပိုင်း ရာသီဥတုက တအားပူလွန်းလို့ အပူရှပ် (Heat Stroke) ပြီး ဆေးရုံရောက်ရသူတွေ၊ အသက်အန္တရာယ် ကြုံရသူတွေ ရှိလာနေပါတယ်။ အပူရှပ်ခြင်းဟာ မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့အထိ စိုးရိမ်ရလို့ လက္ခဏာတွေနဲ့ အရေးပေါ် ပြုစုနည်းကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။
အောက်ကအချက်တွေကို သေချာဖတ်ပြီး Share ထားလိုက်ပါဦး။ 👇

🚨 (၁) မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ"
အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် -
* ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ
* ခေါင်းမူး၊ ခေါင်းကိုက်ပြီး အင်အားကုန်ခမ်းတာ
* ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
* နှလုံးတုန်ပြီး ကြွက်တက်တာ�(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်)

🔥 (၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ"
* ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ
* ကိုယ်အပူချိန် တက်လာတာ
* စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ
* သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ

🚑 ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း"

ဆေးရုံမပို့ခင် စပ်ကြား ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ -
1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။

2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပါ သို့မဟုတ် ဖျော့ပေးပါ။

3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။

4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။

❌ လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက်

* ပါရာစီတမော လုံးဝမတိုက်ရပါ။
အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။
* သတိလစ်နေရင် ရေမတိုက်ရပါ။
လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူကျပ်သွားတတ်ပါတယ်။

💡 ဘယ်လို ကြိုတင်ကာကွယ်မလဲ။

* ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။
* အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။
* အရည်ရွှန်းတဲ့ အသီးအနှံတွေ စားပေးပါ။
* နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

အပူဒဏ်ကြောင့် ဘယ်သူမှ အသက်အန္တရာယ်မဖြစ်ရအောင် ဒီပို့စ်လေးကို မျှဝေ (Share) ပေးပြီး သတိပေးလိုက်ကြရအောင်ဗျာ။
လူတိုင်း အပူဒဏ်ကနေ ကင်းဝေးကြပါစေ။ 💙

#ကျန်းမာရေးဗဟုသုတ

#အပူရှပ်ခြင်း

#ကျန်းမာရေး
Crd

ဇီဝသုခ ဆေးဆိုင်တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီး ဝန်ထမ်းတဦး လိုအပ်ပါတယ်ရှင် စိတ်ပါဝင်စားသူများ လျောက်ထားနိုင်ပါတယ် 🎀
09/09/2026

ဇီဝသုခ ဆေးဆိုင်တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီး ဝန်ထမ်းတဦး လိုအပ်ပါတယ်ရှင်
စိတ်ပါဝင်စားသူများ လျောက်ထားနိုင်ပါတယ် 🎀

ဇီဝသုခ ဆေးဆိုင်အတွက်
ဆေးအရောင်း ဝန်ထမ်း
ကျား/ မ (၁ ဦး) လိုအပ်ပါတယ်ရှင် ✨
ဆေးဆိုင်တိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါတယ် ✨

👉ဆေးအရောင်းအတွေ့အကြုံရှိသူ
👉ကွန်ပျူတာ အသုံးပြုနိုင်သူ
👉လူမှုဆက်ဆံရေးပူဌာဖျော်ရွေသူ
👉သွက်လက်ချက်ချာသူ
👉ကျန်းမာရေးကောင်းမွန်သူ

လျောက်ထားလိုသူများ Viber 09796301408 ကို CV ပေးပို့နိုင်ပါတယ်ရှင် 🎄

ဆေးဆိုင်တည်နေရာကတော့ ကျောက်မြောင်းလမ်း တာမွေမြို့နယ်ဖြစ်ပြီး တာမွေမြို့နယ်အတွင်းနေထိုင်သူ သွားလာရအဆင်ပြေသူ နှင့် အထက်ပါလိုအပ်ချက်များနှင့် လိုက်လျောညီထွေသူများကို ဦးစားပေးသွားပါမယ်ရှင် ❤️




ဇီဝသုခ ဆေးဆိုင်မိသားစုရဲ့ အလှူလေးပါ 🙏နတ်လူ သာဓုခေါ်နိုင်ကြပြီး ထပ်တူကုသိုလ်ရကြပါစေရှင် 🙏
30/03/2026

ဇီဝသုခ ဆေးဆိုင်မိသားစုရဲ့ အလှူလေးပါ 🙏
နတ်လူ သာဓုခေါ်နိုင်ကြပြီး ထပ်တူကုသိုလ်ရကြပါစေရှင် 🙏

စိတ်ချမ်းသာ ကြည်နူးရတဲ့ အမျိုးသမီးများနေ့ပါရှင် 💛ယနေ့ခေတ်အမျိုးသမီးများအနေနဲ့ အရင်လို အိမ်ထောင်ရှင်မကောင်းလုပ်ပြီး ကိုမွ...
08/03/2026

စိတ်ချမ်းသာ ကြည်နူးရတဲ့
အမျိုးသမီးများနေ့ပါရှင် 💛
ယနေ့ခေတ်အမျိုးသမီးများအနေနဲ့ အရင်လို အိမ်ထောင်ရှင်မကောင်းလုပ်ပြီး ကိုမွေးမြူထားတဲ့ သားရတနာ သမီးရတနာလေးတွေကို အမြင့်ဆုံးရောက်အောင် ပြုစုပျိုးထောင်ပေးမလား
ဒါမှမဟုတ် ခေတ်ကာလအလိုက် ကိုယ်တိုင်ရှေ့ထွက် အမျိုးသားများနှင့် နည်းတူ ရင်ဘောင်တန်းပြီး ကိုယ်ပိုင်၀င်ငွေရအောင် ကြိုးစားမလား ဘာပဲ လုပ်နေလုပ်နေ တန်ဖိုးရှိတဲ့ အမျိုးသမီးများ က ကျရာနေရာက အကောင်းဆုံး ပင်ပန်းပေမဲ့ အားသွန်ခွန်စိုက် ကြိုးစားနေကြလို့ ဒီနေ့တော့ ကျွန်မတို့ ကို့ကိုကို ဂုဏ်ပြုလိုက်ကြရအောင်ရှင် 💛💛💛



ဇီဝသုခ ဆေးဆိုင်အတွက်ဆေးအရောင်း ဝန်ထမ်း ကျား/ မ (၁ ဦး) လိုအပ်ပါတယ်ရှင် ✨ဆေးဆိုင်တိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါတယ် ✨👉ဆေးအရောင...
08/03/2026

ဇီဝသုခ ဆေးဆိုင်အတွက်
ဆေးအရောင်း ဝန်ထမ်း
ကျား/ မ (၁ ဦး) လိုအပ်ပါတယ်ရှင် ✨
ဆေးဆိုင်တိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါတယ် ✨

👉ဆေးအရောင်းအတွေ့အကြုံရှိသူ
👉ကွန်ပျူတာ အသုံးပြုနိုင်သူ
👉လူမှုဆက်ဆံရေးပူဌာဖျော်ရွေသူ
👉သွက်လက်ချက်ချာသူ
👉ကျန်းမာရေးကောင်းမွန်သူ

လျောက်ထားလိုသူများ Viber 09796301408 ကို CV ပေးပို့နိုင်ပါတယ်ရှင် 🎄

ဆေးဆိုင်တည်နေရာကတော့ ကျောက်မြောင်းလမ်း တာမွေမြို့နယ်ဖြစ်ပြီး တာမွေမြို့နယ်အတွင်းနေထိုင်သူ သွားလာရအဆင်ပြေသူ နှင့် အထက်ပါလိုအပ်ချက်များနှင့် လိုက်လျောညီထွေသူများကို ဦးစားပေးသွားပါမယ်ရှင် ❤️




26/02/2026

(၂၈) နှစ်ဆိုတဲ့ အရွယ်ဟာ ပန်းပွင့်ရမယ့် အရွယ်ပါ။ ဒါပေမဲ့ ကျွန်မအတွက်တော့ ဒီအရွယ်မှာတင် ဘဝရဲ့ နေဝင်ချိန်ကို ကြိုတင် မြင်နေရပြီ...ဆိူရင်ယုံကြမလား

ဆေ:စစ်ချက် အဖြေစာရွက်ကို လက်ထဲ ကိုင်ထားရင်း ကျွန်မ တစ်ကိုယ်လုံး ထုံကျင်အေးစက်သွားခဲ့တယ်။ ဆရာဝန်ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မရဲ့ အနာဂတ်တွေကို ရို@က်ချို:လိုက်သလိုပါပဲ။ 'သား.အိ.မ်.ခေါင်း.က.င်.ဆာ' တဲ့။ လူလတ်ပိုင်းတောင် မရောက်သေးတဲ့ ကျွန်မလို မိန်းကလေးတစ်ယောက်အတွက် ဒါဟာ မယုံနိုင်စရာ ကံကြမ္မာဆိုးပါပဲ။

ဒီလို ဖြစ်လာရတဲ့ အကြောင်းရင်းကို ပြန်တွေးကြည့်ရင် နောင်တတွေက တောင်ပုံရာပုံပါပဲ။ ကျွန်မတို့ ချစ်သူသက်တမ်း တစ်လျှောက်လုံးမှာ ကျွန်မဟာ သူ့ကို အရမ်းချစ်ခဲ့တယ်၊ အရမ်းလည်း ယုံကြည်ခဲ့တယ်။ သူ့ဘက်က အ~ကာအ~ကွယ် (Pr@tection) သုံးဖို့ ငြင်းဆန်တိုင်း၊ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောတိုင်း ကျွန်မကပဲ အလျော့ပေးခဲ့မိတယ်။

ဘေးထွက်ဆိုးကျိုးတွေ ရှိမှန်း သိပါလျက်နဲ့... သူ စိတ်မညစ်ရရင် ပြီးရော၊ သူ စိတ်ချမ်းသာရင် ပြီးရောဆိုပြီး 'အ.ရေး.ပေါ်.တာ:,Sae' တွေကို မုန့်စားသလို တစ်လုံးပြီးတစ်လုံး သော@က်ခဲ့မိတယ်။ အဲဒီအချိန်တုန်းကတော့ အချစ်ကြောင့် အရာရာကို ခွင့်လွှတ်ပေးနိုင်တယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီ ဆေးပြားလေးတွေက ကျွန်မရဲ့ ကျန်းမာရေးကို တဖြည်းဖြည်း တိုက်စားနေမှန်း ကျွန်မ မသိခဲ့ဘူး။

အခုတော့ ဆေ:စစ်ချက်အဖြေက ထွက်လာပြီ။ ကျွန်မ ကြောက်လွန်းလို့ အားကိုးတကြီးနဲ့ သူ့ဆီ ပြေးသွားခဲ့တယ်။ "ကိုယ်တို့ အတူတူ ကုသကြမယ်၊ ကိုယ် ရှိတယ်" ဆိုတဲ့ အားပေးစကားလေး တစ်ခွန်းပဲ မျှော်လင့်ခဲ့တာပါ။

ဒါပေမဲ့ တကယ်တမ်း ကြားလိုက်ရတဲ့ စကားကတော့ "နင့်ရောဂါက ပျောက်မှာမှ မဟုတ်တာ... ငါက ရောဂါသည်တစ်ယောက်နဲ့ ဘဝကို မမြှုပ်နှံချင်ဘူး" တဲ့။

သူ့ကြောင့်၊ သူ စိတ်တိုင်းကျ နေပေးခဲ့လို့ ဖြစ်ရတဲ့ ဝေဒနာကို သူကပဲ ရွံရှာသလို၊ ဝန်ထုပ်ဝန်ပိုးကြီးလို သဘောထားပြီး အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားခဲ့ပါပြီ။ အချစ်ကို ကိုးကွယ်ပြီး ကို@ယ့်ခ~န္ဓာ@ကိုယ်ကို ကိုယ်တိုင် ဖျ@က်ဆီးမိခဲ့တဲ့ ကျွန်မအဖြစ်က ရယ်စရာတောင် ကောင်းနေဦးမလားမသိဘူး။

အခုတော့ ရောဂါဝေဒနာက တစ်ဖက်၊ သစ္စာဖော@က်ခံရတဲ့ ဒ@ဏ်ရာက တစ်ဖက်နဲ့ ကျွန်မ တစ်ယောက်တည်း လူးလိမ့်ခံစားနေရတယ်။ ညဖက်တွေဆိုရင် နောင်တတွေနဲ့အတူThayချင်စိတ်တွေပါ ပေါက်မိတယ်...။

ညီမလေးတို့၊ သူငယ်ချင်းတို့ရေ... အစ်မကိုကြည့်ပြီး သင်ခန်းစာယူကြပါ။ ယောက်ျားတစ်ယောက်ရဲ့ ခဏတာ စိတ်ကျေနပ်မှုအတွက် ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ ကျန်းမာရေးနဲ့ ဘဝကို အလောင်းအစား မလုပ်ကြပါနဲ့။ ကိုယ့်ကိုယ်ကိုယ် မချစ်ဘဲ သူတစ်ပါးကို ပုံအောချစ်လိုက်တဲ့ ရလဒ်ဟာ အဆုံးသတ်မှာ အထီးကျန်ခြင်းနဲ့ နာကျင်မှုပဲ ဖြစ်ပါလိမ့်မယ်။

ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် စောင့်ရှောက်ကြပါနော်။ ကျွန်မလို နောင်တမျိုး ဘယ်သူမှ မရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

#နောင်တ

အေး ငါတို့တွေပဲဆေးတွေကပြတ်စျေးတွေကတက်🙄🙄🙄
19/02/2026

အေး ငါတို့တွေပဲ
ဆေးတွေကပြတ်
စျေးတွေကတက်
🙄🙄🙄

Happy New Year all 💛💛💛ကျန်းမာချမ်းသာပြီး စီးပွညးတိုးတက်တဲ့ မြင်းနှစ်လေးဖြစ်ကြပါစေရှင် 💛
17/02/2026

Happy New Year all 💛💛💛
ကျန်းမာချမ်းသာပြီး စီးပွညးတိုးတက်တဲ့ မြင်းနှစ်လေးဖြစ်ကြပါစေရှင် 💛

Address

အမှတ် ၅၆/ဘီ ကျောက်မြောင်းလမ်း ( ကျောက်မြောင်းလမ်းနှင့်ဩဘာလမ်းထောင့် )
Yangon
11211

Opening Hours

Monday 07:15 - 20:15
Tuesday 07:15 - 20:15
Wednesday 07:15 - 20:15
Thursday 07:15 - 20:15
Friday 07:15 - 20:15
Saturday 07:15 - 20:15
Sunday 07:15 - 20:15

Telephone

+959796301408

Website

Alerts

Be the first to know and let us send you an email when Zi Wa Thu Kha Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zi Wa Thu Kha Pharmacy:

Shortcuts

Share