Dr Wai Phyo

Directions Contact the practice

Dr Wai Phyo Health Information

မနက် ၆:၃၀ မှာ မှန်ပြောင်းနဲ့ ခွဲစိတ်ထားတဲ့ လူနာလေး ညနေ ၂:၃၀ မှာ ဒီလိုလေးတွေ့ရတော့ ကျေနပ်နေရော🥰သူလေးက ဆရာနဲ့ ခွဲချင်လို့ ...
22/09/2026

မနက် ၆:၃၀ မှာ မှန်ပြောင်းနဲ့ ခွဲစိတ်ထားတဲ့ လူနာလေး
ညနေ ၂:၃၀ မှာ ဒီလိုလေးတွေ့ရတော့ ကျေနပ်နေရော🥰

သူလေးက ဆရာနဲ့ ခွဲချင်လို့ လာပြပြနေတာ ကြာပြီ

ဆရာက Weight မကျမချင်း မခွဲပေးဘူး ပြောထားတာ
ခုတောင် ပေါင် ၂၀၀ ကျော် BMI က 42 နဲ့ 🫣😅
ဒါတောင် ပေါင် ၃၀ ချထားတာ ခွဲချင်လို့ 🥰

Laparoscopic surgery ရဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ ❤️

🔹 ခွဲစိတ်ရာမှာ အနာသေး
🔹 နာကျင်မှု နည်း
🔹 လှုပ်ရှားနိုင်တာ မြန်
🔹 ဆေးရုံမှာ နေရတဲ့အချိန် တိုတောင်းနိုင်
🔹 ပုံမှန်ဘဝကို မြန်မြန်ပြန်လည်ရနိုင်

လူနာက ဝိတ်ချပြီး ကြိုးစားခဲ့သလို ဆရာကလည်း အကောင်းဆုံးနဲ့ လုံခြုံစွာ ခွဲစိတ်ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ 🥰

Every small incision can make a big difference.


ချစ်ခဲ့တာ (၄) နှစ် လိုမျိုးတော့ မဟုတ်ပေမယ့် 😜ဆရာနဲ့ ပြခဲ့တာ 20/9/2023 ကအခု တိုက်တိုက်ဆိုင်ဆိုင် 21/9/2026 မှာ Baby လေး န...
21/09/2026

ချစ်ခဲ့တာ (၄) နှစ် လိုမျိုးတော့ မဟုတ်ပေမယ့် 😜

ဆရာနဲ့ ပြခဲ့တာ 20/9/2023 က

အခု တိုက်တိုက်ဆိုင်ဆိုင် 21/9/2026 မှာ Baby လေး နှလုံးခုန် သံ ကြားရတယ်

စိတ်တွေလှုပ်ရှားနေလို့ တင်လိုက်တာ😍

သဘာဝအတိုင်းရတာဆိုပေမယ့် ဆရာ နည်းနည်းတော့ ဝင်ပါလိုက်မယ်နော်😬😬😜

🐟 Salmon ငါးလေးတို့ရဲ့ အိမ်ပြန်ချိန်လိုပါပဲ… ❤️အနယ်နယ်အရပ်ရပ်က Origin ကိုလာပြီးဆရာတို့နဲ့အတူတူ မျှော်လင့်ချက်တွေနဲ့ ကြို...
19/09/2026

🐟 Salmon ငါးလေးတို့ရဲ့ အိမ်ပြန်ချိန်လိုပါပဲ… ❤️

အနယ်နယ်အရပ်ရပ်က Origin ကိုလာပြီး
ဆရာတို့နဲ့အတူတူ မျှော်လင့်ချက်တွေနဲ့ ကြိုးစားခဲ့ကြတဲ့ IVF မိခင်လောင်းလေးတွေ…

ကိုယ်ဝန်လေးရရှိပြီး အားလုံးအဆင်ပြေစွာနဲ့
ကိုယ့်ရဲ့နေရပ်ကို အောင်အောင်မြင်မြင် ပြန်သွားကြတဲ့အချိန်တိုင်း
ဆရာတို့အတွက် အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ ❤️

တစ်ချိန်က Origin မှာ အတူတူစောင့်မျှော်ခဲ့ကြတဲ့နေ့ရက်တွေ၊ အတူတူ ရင်ခုန်ခဲ့ကြတဲ့အချိန်တွေ၊
“အောင်မြင်ပါစေ” လို့ အတူတူမျှော်လင့်ခဲ့ကြတဲ့ အခိုက်အတန့်တွေကိုတော့ ဆရာတို့လည်း အမြဲအမှတ်ရနေမှာပါ။

အိမ်ပြန်ခရီးလမ်းမှာလည်း ကျန်းမာပျော်ရွှင်ပြီး
မိသားစုဘဝလေး ပိုမိုပြည့်စုံလှပပါစေ။

Good luck 🍀
Wishing you a safe journey and a beautiful new chapter ahead. ❤️





— Origin Fertility Center

17/09/2026

အခုတလော မီးဖွားမေမေတွေ နို့မတိုက်ရင် အရမ်း အသည်းယားနေတာ 😏😏😏

Special Nurse တွေကလည်း အမေနို့တိုက်ရင် ပင်ပန်းတော့ နို့သီးခေါင်းက ကြီးတယ် သေးတယ် ဝင်တယ် 😩😩
နို့ကမထွက် ကလေးက ငိုတယ်ဆိုပြီး မတိုက် နို့ဘူးဘဲ တိုက်နေတာ သိတော့ အရမ်းကို အသည်းတွေ ယားနေတာ ☹️☹️

ဒါနဲ့ ဒီနေ့ Ward Round နေရင်း မေမေက နို့မထွက်လို့ မတိုက်သေးဘူး ပြောတာနဲ့ ☹️☹️

လက်ဖမိုးနဲ့ ရင်သားကို စမ်းတော့ နို့တွေကတင်းနေတာ😒

အဲဒီမှာ မရတော့ဘူး ☹️

သမီးတို့တွေက အဲလိုဘဲ နို့တွေက တင်းနေပြီ နို့ကိုမတိုက်ချင်ဘူး ဘာညာ ဘာညာ *%% #**+ #* ဆိုပြီး လွှတိတော့တာ ☹️☹️☹️☹️

ကလေးမလေး က ဆရာ ဆရာ ခဏ ခဏ ဆိုတော့🙏

ဘာလဲပြောပေါ့ မလျှော့သေးဘူး 😎😎😎

သမီးက ရင်သား Silicon တွေ ထည့်ထားတာလေ တဲ့

😩🫣🫣🫣☹️🫢🫢🥲😅😅😅

သိဘူးလေကွယ် 🙏🙏😅

( Silicon ထည့်ထားလည်း နို့က တိုက်လို့ ရပါတယ်နော် 😏)

ဒီနေ့တော့ ဆရာ ပုံမှန်ရေးနေကြ Post တွေထဲကနေ နည်းနည်းခွဲထွက်ပြီး၊ သတ္တိရှိတဲ့ အမေကြီးတစ်ယောက်အကြောင်းလေး ပြောပြချင်ပါတယ်။ ...
14/09/2026

ဒီနေ့တော့ ဆရာ ပုံမှန်ရေးနေကြ Post တွေထဲကနေ နည်းနည်းခွဲထွက်ပြီး၊ သတ္တိရှိတဲ့ အမေကြီးတစ်ယောက်အကြောင်းလေး ပြောပြချင်ပါတယ်။ ❤️

ဆရာတို့နိုင်ငံမှာ
“အသက်ကြီးလာရင် သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အူကျတာတွေ ဖြစ်တာပဲ”
လို့ ယုံကြည်ထားကြသူတွေ အများကြီးရှိပါတယ်။

ဒါကြောင့် Pelvic Organ Prolapse (အမျိုးသမီးအောက်ပိုင်းအင်္ဂါများ ကျွံကျခြင်း) ဖြစ်နေတယ်ဆိုရင်တောင် နှစ်ပေါင်းများစွာ မကုသဘဲ ဒီအတိုင်းပဲ ခံစားနေကြရပါတယ်။

အောက်ပိုင်းမှာ အလုံးတစ်ခု ထွက်နေသလို ခံစားရတာ၊ လမ်းလျှောက်ရခက်တာ၊ ထိုင်ရခက်တာ၊ ဆီးသွားရခက်တာ၊ ဝမ်းသွားရခက်တာတွေ ဖြစ်နိုင်ပါတယ်။

တချို့အမျိုးသမီးတွေကတော့ ရှက်လို့ ဘယ်သူ့ကိုမှ မပြောဘဲ ဒီအတိုင်းပဲ ခံစားနေကြပါတယ်။ 😒😒😒

⸻

မကြာသေးခင်က ပဲခူးတိုင်း၊ သနပ်ပင်မြို့က အသက် ၈၅ နှစ်အရွယ် အမေကြီးတစ်ယောက် ဆရာ့ဆီ ရောက်လာခဲ့ပါတယ်။ ❤️

အမေကြီးက အရင်က သားအိမ်ထုတ်ခွဲစိတ်မှု (Hysterectomy) ပြုလုပ်ထားပြီးသားပါ။

ဒါပေမယ့် အချိန်ကြာလာတဲ့အခါ
သားအိမ်ထုတ်ပြီးနောက် မိန်းမကိုယ်အပေါ်ပိုင်း ကျွံကျခြင်း (Vaginal Vault Prolapse) ဖြစ်လာခဲ့ပါတယ်။ 🫣😩

အသက်က ၈၅ နှစ်…

ဒါပေမယ့် အမေကြီးက
“အသက်ကြီးပြီဆိုတော့ ဒီလိုပဲ နေရတော့မှာပေါ့” ဆိုပြီး လက်မလျှော့ခဲ့ပါဘူး။

သက်တောင့်သက်သာနဲ့ နေချင်တယ်။
နေ့စဉ်ဘဝကို အဆင်ပြေပြေ ဖြတ်သန်းချင်တယ်။

အဲဒါကြောင့် ကုသမှုခံယူဖို့ ဆရာ့ဆီကို ရောက်လာခဲ့တာပါ။ ❤️

ဆရာတို့ အနေနဲ့ အပေါက်ကလေးတွေကနေ Laparoscopic Keyhole Surgery ဖြင့် Prolapse ကို ပြန်လည်ပြုပြင်ပေးခဲ့ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။

အရင်က ဒီလိုခွဲစိတ်မှုတွေကို ဗိုက်ခွဲပြီး Open Surgery နဲ့ လုပ်ရတာများခဲ့ပေမယ့် အခုလို Laparoscopic Surgery နဲ့ ပြုလုပ်နိုင်တဲ့အခါ—

1️⃣ အနာသေးခြင်း
2️⃣ ခွဲစိတ်ပြီးနောက် နာကျင်မှု နည်းခြင်း
3️⃣ နာလန်ထ ပိုမိုမြန်ဆန်ခြင်း
4️⃣ ဆေးရုံတက်ရက် ပိုမိုတိုတောင်းနိုင်ခြင်း
5️⃣ နေ့စဉ်ဘဝကို ပိုမိုမြန်ဆန်စွာ ပြန်လည်ရောက်ရှိနိုင်ခြင်းတို့ရရှိခဲ့ပါတယ်

ဒါပေမယ့် ဆရာ့အတွက် အရေးကြီးဆုံးအရာကတော့ ခွဲစိတ်မှုအောင်မြင်တာတစ်ခုတည်း မဟုတ်ပါဘူး။

ခွဲစိတ်ပြီးနောက် အမေကြီးရဲ့မျက်နှာပေါ်မှာ ပြန်တွေ့ရတဲ့ ပျော်ရွှင်မှုနဲ့ သက်သာမှုပါ။ ❤️

အသက် ၈၅ နှစ်ဖြစ်ပေမယ့်…

“ကျွန်မလည်း သက်တောင့်သက်သာနဲ့ နေချင်သေးတယ်။
ကျွန်မဘဝကို ဂုဏ်သိက္ခာရှိရှိ ဆက်လက်နေထိုင်ချင်သေးတယ်”

ဆိုတဲ့အရာကို အမေကြီးက သက်သေပြသွားခဲ့ပါတယ်။ 😍❤️

အသက်ကြီးတာက ဘဝအရည်အသွေးကောင်းကောင်းနဲ့ နေထိုင်ခွင့်ကို မဆုံးရှုံးစေသင့်ပါဘူး။ ❤️😍

❤️ ဒါပေမယ့် ဆရာ လုံးဝမမျှော်လင့်ထားတဲ့ အရာတစ်ခုကတော့…

Follow-up ပြန်လာပြတဲ့နေ့မှာ အမေကြီးက ဆရာ့လက်ကို ကိုင်ပြီး စကားတစ်ခွန်း ပြောသွားပါတယ်။ 🙏🙏

“သားရဲ့ ကုသမှုက အမေ့ရဲ့ အသက်ကို ကယ်လိုက်သလိုပါပဲ…” တဲ့ ☺️🥰❤️

အဲဒီစကားတစ်ခွန်းက ဆရာ့အတွက် တကယ်ကို မမျှော်လင့်ထားတဲ့ စကားတစ်ခွန်းပါ။

ဆရာက ရောဂါတစ်ခုကို ကုသပေးလိုက်တယ်လို့ပဲ ထင်ထားပေမယ့်…

အမေကြီးအတွက်တော့ သူ့ဘဝရဲ့ နေ့စဉ်အဆင်မပြေမှုတွေ၊ စိတ်အနှောင့်အယှက်တွေ၊ အရှက်အကြောက်တွေကနေ ပြန်လည်လွတ်မြောက်လာသလို ခံစားခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ❤️

ဘာကိုပြသ သလဲဆိုတော့ သားအိမ်ကျွံကျခြင်းက အမျိုးသမီးတွေရဲ့ ဘဝကို ဘယ်လောက်တောင်ထိခိုက်နေသလဲဆိုတာရော

ကုသမှုတစ်ခုဟာ ရောဂါကိုသာ ပြုပြင်ပေးတာမဟုတ်ဘဲ လူတစ်ယောက်ရဲ့ သက်သာမှု၊ ယုံကြည်မှု၊ လွတ်လပ်မှုနဲ့ ဘဝအရည်အသွေး ကိုပါ ပြန်လည်ပေးနိုင်ပါတယ်။ ❤️








ဒီနေ့ ဆရာ လူနာလေး တစ်ယောက် အကြောင်းပြောပြမယ်နော်😍သူလေးက သားသားလေးလိုချင်လို့ Bangkok အထိသွားပြီးယူတာ သားလေးတစ်ခါ၊ သားနဲ့...
10/09/2026

ဒီနေ့ ဆရာ လူနာလေး တစ်ယောက် အကြောင်းပြောပြမယ်နော်😍

သူလေးက သားသားလေးလိုချင်လို့ Bangkok အထိသွားပြီးယူတာ သားလေးတစ်ခါ၊ သားနဲ့သမီးအမွှာ တစ်ခါ ထည့်ပြီး ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဖူး😒😒

ဆရာတို့ ဆီမှာ လာကြိုးစားတော့ သားတစ်ယောက်၊ သမီးနှစ်ယောက်ကို Origin မှာ PGTA နဲ့စစ်ပြီး ရပေမယ့်လည်း မပျော်နိုင်ရှာသေးဘူး စိတ်တွေပူနေတာနဲ့😒😏

“ အရမ်းစိတ်မပူနဲ့ ဆရာ ပူဖို့လည်းထားအုံး “ “ သမီးသာ ဗိုက်ကြီးလို့ကတော့ ဆရာ ဆေးရုံ (၁၀) ပါတ် ပါတ်ပြေးမယ်လို့ ပြောထားတာ “ 🫣😬😅

ဟူတ်တယ်လေ အရင် ကျန်းမာတဲ့ သန္ဓေသားတွေ BKK မှာ ထည့်တုံးကတောင် မအောင်မြင်ခဲ့တာ ဆိုတော့လေ

ဒါပေမယ့် သားသားလေးက ဆရာတို့ကချစ်လို့နဲ့ တူတယ် ဒီတစ်ခေါက် ပထမဆုံး အကြိမ်မှာဘဲ သားသားလေး တစ်ယောက်ထဲ ကြိုးစားပေးလိုက်တာ အောင်မြင်သွားတယ်

အဖြေရတော့ ဆရာ့ IVF Nurse တွေက ဆရာရေ ဆေးရုံပတ်ပြေးဖို့သာပြင်ထားအုံးဆိုတော့ မေ့တောင် မေ့နေတာ 😅😅

အမှန်တော့ ပါတ်ပြေးတိုင်းသာ ဗိုက်ကြီးကြမယ်ဆိုရင် ပြေးပါ့မယ်လို့ 🫣🫣😅😅




IVF ကို ကိုယ့်မြေကိုယ့်ရေ Origin Fertility Centerမှာ လုပ်မလား နိုင်ငံရပ်ခြားမှာ လုပ်မလား လုပ်မလား ဆိုတော့တော့😬😁😁ဘယ်မှာ လ...
04/09/2026

IVF ကို ကိုယ့်မြေကိုယ့်ရေ Origin Fertility Centerမှာ လုပ်မလား နိုင်ငံရပ်ခြားမှာ လုပ်မလား လုပ်မလား ဆိုတော့တော့😬😁😁

ဘယ်မှာ လုပ်လုပ်ပါ မိသားစု ဘဝလေးတွေ ပိုင်ဆိုင်ကြရင် ဆရာတို့က ကျေနပ်နေတာပါ 😍

Bangkok တို့ India တို့မှာ မအောင်မြင်ဘဲ ဆရာတို့ဆီမှာ အောင်မြင်သွားတဲ့ သူတွေလည်း အများကြီး ရှိသလို 😎😍

ဆရာတို့ဆီမှာ အဆင်မပြေဘဲ နိုင်ငံခြားမှာ အဆင်ပြေသွားတဲ့သူတွေလည်း ရှိနေမှာပါ🙏

ဒါပေမယ့် ဆရာတို့ Origin Fertility Center ကတော့ ဆရာတို့ဆီ ယုံကြည်ပြီး လာရောက်အပ်နှံတဲ့ လူနာတစ်ယောက်ချင်းစီအတွက်…☺️☺️☺️

နိုင်ငံရပ်ခြားမှာ ရရှိနိုင်တဲ့ IVF ဆိုင်ရာ knowledge၊ technology နဲ့ expertise တွေကို Myanmar မှာပဲ ရရှိနိုင်အောင် ကြိုးစားပေးထားတယ် ဆိုတာကိုတော့ ကတိပေးနိုင်ပါတယ်။ ❤️



100th မြောက် ဗိုက်မေမေက ပေါ်လာပြီနော်😍နေပြည်တော်က မဖြိုးဖြိုးဝေ 😍101 တို့ 103 တို့တောင် ဖြစ်သွားပြီ 😎 တကယ်တော့ 100မြောက်...
31/08/2026

100th မြောက် ဗိုက်မေမေက ပေါ်လာပြီနော်😍
နေပြည်တော်က မဖြိုးဖြိုးဝေ 😍

101 တို့ 103 တို့တောင် ဖြစ်သွားပြီ 😎 တကယ်တော့ 100မြောက်က ရှိနေတာကြာလှပြီနေမယ် ဆရာမမှတ်တာနဲ့ နယ်က အဖွဲ့တွေက ပြန်မပြောဖြစ်ကြတာနဲ့ဘဲ

101 မေမေက သေချာအောင်စောင့်ပြီးစစ်နေလို့ 100 မဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေတာနဲ့😒

101 ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်းဆိုတာဘဲ ရှိတယ် ဆိုပြီး ချော့နေရသေး 😬😁



ဒီနေ့ နည်းနည်း ကြွယ်မယ်နော် 😋☺️☺️☺️IVF အမွှာပူးကိုယ်ဝန် (၃) ယောက်ရယ်😎😎😎 PCOS ရှိလို့ ခဏခဏ စိတ်ရှည်ရှည် ပြပြီးမှရတဲ့ ဆရာ့...
25/08/2026

ဒီနေ့ နည်းနည်း ကြွယ်မယ်နော် 😋☺️☺️☺️

IVF အမွှာပူးကိုယ်ဝန် (၃) ယောက်ရယ်😎😎😎 PCOS ရှိလို့ ခဏခဏ စိတ်ရှည်ရှည် ပြပြီးမှရတဲ့ ဆရာ့ လူနာလေးတွေနဲ့ အမှတ်တရပေါ့

ဘာ… မီမီအေး ဗိုက်ကြီးတယ် ဟုတ်လား!!! 😳😂(မဂျိုးမဟုတ်ဖူးနော် 😅)မြန်မာကားတွေထဲကလို ခေါင်းကို “ချာကနဲ” လှည့်ပြီး မျက်လုံးပြူး...
20/08/2026

ဘာ… မီမီအေး ဗိုက်ကြီးတယ် ဟုတ်လား!!! 😳😂
(မဂျိုးမဟုတ်ဖူးနော် 😅)

မြန်မာကားတွေထဲကလို ခေါင်းကို “ချာကနဲ” လှည့်ပြီး မျက်လုံးပြူးသွားတဲ့ အိုင်တင်နဲ့သာ မြင်ကြည့်ကြပါ😎😂

ဒါပေမယ့် ဒီနေ့ရောက်လာတဲ့အချိန်ထိ ပြန်တွေးကြည့်မိတိုင်း…
ဒီအံ့ဩစရာလေးရဲ့ နောက်ကွယ်မှာ မီမီအေးတို့ ဇနီးမောင်နှံရဲ့ မလျှော့တဲ့စိတ်၊ မျှော်လင့်ချက်နဲ့ ယုံကြည်မှု တွေ အများကြီးရှိခဲ့ပါတယ်။ ❤️

ဆရာ့ကို ဆရာကိုယ်တိုင် ယုံကြည်တာထက်တောင် ပိုပြီး ဆရာ့အပေါ် ယုံကြည်မှုတွေ ပေးခဲ့ကြတဲ့အတွက် တကယ်ကို အရမ်းကျေးဇူးတင်ပါတယ်။ 🙏❤️

မီမီအေးမှာ မမျိုးဥအရေအတွက်နည်းတဲ့အပြင် အသားလုံးတွေလည်းရှိခဲ့တာကြောင့် IVF အောင်မြင်ဖို့က လွယ်ကူတဲ့အခြေအနေ မဟုတ်ခဲ့ပါဘူး။
IUI (၃) ကြိမ်တောင် ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ 😔

2024 ခုနှစ်မှာ IVF ကို စတင်ကြိုးစားခဲ့ပေမယ့် ပထမအကြိမ်မှာ သားဥတွေ မကြီးလာနိုင်ခဲ့လို့ ရပ်ခဲ့ရပါတယ်။
ဒုတိယအကြိမ်၊ တတိယအကြိမ်တွေကိုလည်း မလျှော့ဘဲ ထပ်မံကြိုးစားခဲ့ကြပေမယ့်… သားဥအရေအတွက်နည်းတာကြောင့် မျှော်လင့်ထားသလို အရည်အသွေးကောင်းတဲ့ သန္ဓေသားလေး မရခဲ့ပြန်ပါဘူး။ 😩💔

အဲဒီအချိန်တွေမှာ လူနာအတွက် ဆရာကိုယ်တိုင်တောင် အားနာပြီး စိတ်မကောင်းဖြစ်မိပါတယ်။
ဒါပေမယ့် မီမီအေးတို့ ဇနီးမောင်နှံကတော့ “မလျှော့ဘူး” ဆိုတဲ့စိတ်နဲ့ ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်။ ❤️

နောက်ဆုံး IVF cycle မှာတော့…
၃ ရက်သား သန္ဓေသားလေး တစ်လုံးတည်း ရခဲ့ပါတယ်။ 🥹❤️

တစ်လုံးတည်းဆိုပေမယ့် အဲဒီတစ်လုံးလေးကပဲ သူတို့ရဲ့ မျှော်လင့်ချက်အားလုံး ဖြစ်ခဲ့ပါတယ်။ 🌱

အဲဒီနောက် သားအိမ်အတွင်းနံရံနဲ့ ကပ်နေတဲ့ အသားလုံးတွေကိုလည်း ခက်ခက်ခဲခဲ ခွဲစိတ်ဖယ်ရှားခဲ့ရပါသေးတယ်။
ပြီးတော့… အားလုံးကို ခဏနားပြီး ၁၀ လခန့် စောင့်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့—
အဲဒီ ၃ ရက်သား သန္ဓေသားလေး တစ်လုံးတည်းကိုပဲ သားအိမ်ထဲ ပြန်ထည့်ပေးခဲ့ပါတယ်။ 🥹🙏

ပြီးတော့ ဖြစ်လာတာက…

တစ်လုံးတည်းသော သန္ဓေသားလေးက
တကယ့်ကို အံ့ဩစရာကောင်းတဲ့ သမီးလေးအဖြစ် ပြန်ရောက်လာခဲ့ပါတယ်။ 👶🏻🎀❤️

တစ်ခါတလေ IVF မှာ
“ဘယ်နှစ်လုံးရလဲ” ထက်
“ဘယ်လောက်ထိ မလျှော့ဘဲ ဆက်ကြိုးစားခဲ့လဲ” ဆိုတာက ပိုအရေးကြီးပါတယ်။

ဒီနေ့ မီမီအေးတို့ရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ သမီးလေးဟာ
အကြိမ်ကြိမ် မအောင်မြင်မှုတွေကြားကနေ မလျှော့ခဲ့တဲ့ မျှော်လင့်ချက်ရဲ့ အဖြေ လေးပါ။ 🥹❤️

မီမီအေးတို့ ဇနီးမောင်နှံရဲ့ ယုံကြည်မှုကို တန်ဖိုးထားပါတယ်။
ဒီခရီးလမ်းမှာ ဆရာ့ကို ယုံကြည်ပြီး လက်မလျှော့ဘဲ အတူတူ လျှောက်လာပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🙏❤️

တစ်လုံးတည်း… ဒါပေမယ့် တစ်ဘဝလုံးစာ ပျော်ရွှင်မှုကို ယူဆောင်လာပေးခဲ့တဲ့ သန္ဓေသားလေး။ 🥰🎀

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Wai Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Wai Phyo:

Shortcuts

Share