01/06/2026
Pilates လုပ်ရင် ဘာလို့ အသက်ရှူနည်းက အရေးကြီးတာလဲ???
Pilates ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး လျှို့ဝှက်ချက်ကတော့ "နံရိုးအသက်ရှူနည်း" (Lateral Breathing) ပဲ ဖြစ်ပါတယ်။နဂိုဝမ်းဗိုက်ပိန်လိုက်ဖောင်းလိုက်အသက်ရှူတာမျိုး မဟုတ်ဘဲ ဗိုက်ကြွက်သားကိုညှစ်ထားပြီး ရှုသွင်းတဲ့အချိန် နံရိုးတွေကိုပြန့်ကားစေပြီး ရှုထုတ်တဲ့အချိန်မှာ နံရိုးတွေကိုပြန်စေ့သွားတဲ့ Lateral Thoracic Breathing နဲ့အသက်ရှုရတာဖြစ်ပါတယ်။ 🧚🏻♀️
ဒီလို ရှူပေးခြင်းအားဖြင့် ဘာတွေ ထူးခြားသွားမလဲဆိုရင် ……
🌷Core ကို ပိုအသက်ဝင်စေတယ်: ရှူထုတ်လိုက်တိုင်းမှာ ဝမ်းဗိုက်အတွင်းပိုင်း ကြွက်သားတွေ (Deep Core) ကို ပိုပြီး ကျုံ့နိုင်စေလို့ ဝမ်းဗိုက်နဲ့ ခါးကြွက်သားတွေအားကောင်းလာပြီး Posture မှန်ကန်လာစေပါတယ်။
🌷ကျောရိုးကို ကာကွယ်ပေးတယ်: အသက်ရှူတာ မှန်ကန်ရင် ခန္ဓာကိုယ် Balance ကို ပိုထိန်းရလွယ်ပြီး အလွယ်တကူ ကျောရိုးအတွက်ဒဏ်ရာမရအောင် ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်ဟန်ချက်ပိုညီစေပါတယ်။
🌷အောက်ဆီဂျင် ပိုရစေတယ်: အဆုတ်တစ်ခုလုံး နဲ့ နံရိုးတစ်ဝိုက် လေအပြည့်ရရှိစေပြီး ပြည့်ပြည့်ဝဝ အလုပ်လုပ်ရလို့ တစ်ကိုယ်လုံး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
🌷Movement နဲ့ Breath ရဲ့ စည်းချက်ကို ထိန်းပေးတယ်:
Pilates ရဲ့ အဓိက Principles ထဲက တစ်ခုဖြစ်တဲ့ Control အတွက် အသက်ရှူနည်းက အင်ဂျင်တစ်ခုလို အလုပ်လုပ်ပါတယ်။ လှုပ်ရှားမှုတိုင်းကို အသက်ရှူသွင်း/ရှူထုတ် စည်းချက်နဲ့ တွဲလုပ်ရတဲ့အတွက် လေ့ကျင့်ခန်းလုပ်နေစဉ် အလောတကြီး ဖြစ်မသွားဘဲ ကြွက်သားတွေကို ပိုပြီး အနုစိတ် အာရုံစိုက် ထိန်းချုပ်နိုင်လာစေပါတယ်။
🌷စိတ်နှင့် ခန္ဓာကိုယ် ချိတ်ဆက်မှုကို မြှင့်တင်ပေးတယ်:
ဗိုက်ကို အမြဲကျုံ့ထားပြီး နံရိုးကို ချဲ့ကာ အသက်ရှူရတဲ့အတွက် စိတ်ကို တခြားနေရာ လွင့်မသွားအောင် လက်ရှိလုပ်နေတဲ့ အနေအထား (Form) ပေါ်မှာပဲ ရာနှုန်းပြည့် အာရုံစိုက်ထားနိုင်စေပါတယ်။ ဒါကြောင့် Pilates လုပ်ပြီးရင် လူက ပင်ပန်းသွားတာထက် စိတ်ကြည်လင်ပြီး Refresh ဖြစ်သွားရတာပါ။
ဒီတော့ နောက်တစ်ခါ Pilates လေ့ကျင့်ရင် ခန္ဓာကိုယ် လှုပ်ရှားမှုတင်မကဘဲ နံရိုးအသက်ရှူနည်း (Lateral Breathing) လေးကိုပါ သေချာ အာရုံစိုက်ပြီး ဆော့ကြည့်ကြရအောင်နော်။ 🧘♀️✨