ဖော်မွန် - Phaw Mon

ဖော်မွန် - Phaw Mon 𝗛𝗜𝗩 ပိုး ကူးစက်ခံရလွယ်အုပ်စုများအတွက် အခမဲ့(အခမဲ့) ဝန်ဆောင်မှုများပံ့ပိုးပေးလျက်ရှိပါသည် 🙏

ဖော်မွန်စင်တာ (𝗣𝗵𝗮𝘄 𝗠𝗼𝗻 Center) များတွင် 𝗛𝗜𝗩 ပိုးကူးစက်ခံရလွယ်အုပ်စုများဖြစ်တဲ့ လိင်လုပ်ငန်းဖြင့် အသက်မွေးသူအမျိုးသမီးများ၊ အမျိုးသားချင်းချစ်ခင်စုံမက်သူများနှင့် ၎င်းတို့၏ လက်တွဲဖော်များအတွက် အောက်ဖော်ပြပါဝန်ဆောင်မှုများကို အခမဲ့ (အခမဲ့) ပံ့ပိုးပေးလျက်ရှိပါတယ် . . .

💌𝗛𝗜𝗩 ရှိ/မရှိ ကနဉီးသွေးစစ်ဆေးပေးခြင်း
💌𝗛𝗜𝗩 ရှိ/မရှိ အတည်ပြုစစ်ဆေးနိုင်ရန်အတွက် ချိတ်ဆက်လွှဲပြောင်းညွှန်းပို့ပေးခြင်း
💌𝗛𝗜𝗩 ပိုးကူးစက

်ခံနေရကြောင်း အတည်ပြုစစ်ဆေးပြီးသူများအား 𝗔𝗥𝗧 ဆေးအချိန်မီသောက်သုံးနိုင်ရေးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးခြင်း
💌ကာလသားရောဂါအပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများအတွက် စမ်းသပ်စစ်ဆေး ကုသပေးခြင်း
💌မျိုးဆက်ပွားကျန်းမာရေးနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများအား တိုင်ပင်ဆွေးနွေးခြင်းနှင့် ပံ့ပိုးပေးခြင်း

‼️ ဖော်မွန်စင်တာ (𝗣𝗵𝗮𝘄 𝗠𝗼𝗻 Center)များကို အောက်ဖော်ပြပါနေရာများမှာ ဖွင့်လှစ်ထားပါတယ် ‼️

(၁) ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် - အမှတ် (၇၀)၊ မြေညီထပ်၊ ကိုင်းတန်းလမ်း၊ လမ်းမတော်မြို့နယ်။

(၂) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် - အမှတ် (၃၄၀)၊ စိတ္တသုခလမ်း၊ ရွာသစ်ရပ်၊ တပ်ကြီးကုန်း၊ မှော်ဘီမြို့နယ်။

(၃) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ် - အမှတ် (မ/၂၀၁)၊ ၁၀ လမ်း၊ ရပ်ကွက် (၈)၊ ရပ်ကွက်ကြီး (၄)၊ ပြင်ဉီးလွင်၊ မန္တလေးတိုင်းဒေသကြီး။

(၄) မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် - အမှတ် (မ/၄၃ (ခ))၊ မြကျွန်းသာလမ်း၊ ရှမ်းဝိုင်းရပ်ကွက်၊ ရမည်းသင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(၅) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် - မစ (၁၅)၊ ပြည်ထောင်စုလမ်း၊ မြောက်စံပြ၊ စစ်တွေမြို့။

(၆) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် - အမှတ် (က/၂၃)၊ အရှေ့မင်းလမ်း၊ အောင်မင်္ဂလာ ရပ်ကွက်၊ လှည်းကူးမြို့နယ်။

💌ဖော်မွန်စင်တာများကို တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ ပုံမှန်ဖွင့်လှစ်ထားပါသည်။
💌 ဖော်မွန်စင်တာများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗-𝟕𝟗𝟕𝟐𝟏𝟏𝟗𝟏𝟗, 𝟎𝟗-𝟕𝟗𝟕𝟐𝟏𝟏𝟒𝟏𝟒 ဖုန်းနံပါတ်များ (သို့မဟုတ်) Messenger (CB) တွင် စာပို့၍လည်း အသေးစိတ်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

📣မိတ်ဆွေတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစိတ်ချစွာလျှို့ဝှက်ထိန်းသိမ်းထားမှုကို တန်ဖိုးထားပြီး လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန်အတွက် အသင့် စောင့်ဆိုင်းနေကြပါတယ် 🙏🙏

#ဖော်မွန်စင်တာ

16/12/2024

“ခွဲခြားနှိမ့်ချမှု လျော့ကျဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”တီဘီရောဂါရှိသူတွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာတွေလျော့နည်းစေဖို့အတွက် အတူနေမိသားစုဝင်တွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ/ဆေးခန်းများအပြင်စာသင်ကျောင်းမှ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အလုပ်ရှင်တွေအပါအဝင် အားလုံးပူးပေါင်းပါဝင်ကြဖို့လိုအပ်ပါတယ်။✅တီဘီရောဂါရှိသူတွေအတွက် စိတ်လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ရှိဖို့ဝိုင်းဝန်း ဖန်တီးပေးသင့်ပါတယ်။��✅အတူနေမိသားစုဝင်များအနေနဲ့ ကိုယ်ချင်းစာနာစိတ်၊3rd Post December Reel.mp4ကူညီဖေးမလိုစိတ် ရှိရန်လိုအပ်ပြီး ဆေးကုသနေစဉ်ကာလတစ်လျှောက်မှာလည်း အားပေးစကားပြောဖို့၊ ဂရုတစိုက်နွေးနွေးထွေးထွေး ဆက်ဆံဖို့ အရေးကြီးပါတယ်။ ��✅လုပ်ငန်းခွင်တွေမှာ ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဆန့်ကျင်တဲ့မူဝါဒတွေ ချမှတ်ဖို့လိုသလို တီဘီရောဂါရှိသူအား အလုပ်မှလည်းမထုတ်ပယ်သင့်ပါ။���� ဲခြားဆက်ဆံမှုတွေမရှိစေဖို့ းလုံးအတူတူးပေါင်းဆောင်ရွက်ကြပါစို့နော်။ ��

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ?📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသား...
09/12/2024

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ?

📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသားစုဝင်အပါအဝင် ပတ်ဝန်းကျင်မှလူတွေက ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ရှိတတ်ပါတယ်။ တီဘီရောဂါ ကူးစက်ခံရမှာကို စိုးရိမ် ကြောက်လန့်ပြီး
🔺 တီဘီရောဂါရှိသူနဲ့ ထမင်းအတူတူမစားချင်တာ၊
🔺အခေါ်အပြော၊ ပေါင်းသင်းဆက်ဆံမှု မလုပ်ချင်တာ စသဖြင့် ခွဲခြားဆက်ဆံခံရတာတွေ ရှိတတ်ပါတယ်။

📌ဒီလိုအခြေအနေတွေကြုံရတဲ့အခါ တီဘီရောဂါရှိသူတွေအနေနဲ့ ရှက်ရွံ့အားငယ်တာ၊ စိတ်အလိုမကျဖြစ်တာ၊ အထီးကျန်သလို ခံစားရတာနဲ့ စိတ်ဓာတ်ကျတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ လူတွေနဲ့ မရောနှောတော့ဘဲ တစ်ယောက်တည်း သီးခြားနေလိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆေးရုံဆေးခန်းကို မသွားချင်တဲ့အထိ ဖြစ်လာပါက ဆေးသောက်ပျက်ကွက်ပြီး တီဘီဆေးကုသမှုအတွက် အဟန့်အတား ဖြစ်စေကာ ရောဂါပျောက်ကင်းဖို့ နှောင့်နှေးတာမျိုးအထိ ကြုံရတတ်ပါတယ်။

📌ဒီအခြေအနေတွေ မရှိစေဖို့ တီဘီရောဂါရှိသူနဲ့ အတူနေမိသားစုဝင်အပါအဝင် အများပြည်သူကို တီဘီရောဂါနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ များများမျှဝေပေးဖို့ လိုအပ်ပါတယ်။

💝ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။

Safe S*x ဖြစ်ဖို့ အရေးကြီးတယ်နော်လိင်မှုကိစ္စဆိုတာ ဆယ်ကျော်သက်တိုင်း ရှောင်လွှဲလို့မရတဲ့ သဘာဝကိစ္စတစ်ခုဆိုပေမဲ့ ဒီလိင်မှ...
04/12/2024

Safe S*x ဖြစ်ဖို့ အရေးကြီးတယ်နော်

လိင်မှုကိစ္စဆိုတာ ဆယ်ကျော်သက်တိုင်း ရှောင်လွှဲလို့မရတဲ့ သဘာဝကိစ္စတစ်ခုဆိုပေမဲ့ ဒီလိင်မှုကိစ္စမှာဖြစ်သွားတဲ့ အမှားအယွင်းတစ်ခုကြောင့် တစ်ဘဝလုံးမှာ ဗျာများရမယ့် HIV ရောဂါပိုးကူးစက်ခံရတာမျိုးနဲ့ အခြား လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ခံစားရတာအပြင် အချိန်မတိုင်ခင်ကိုယ်ဝန်ရခြင်းတွေကလည်း ဘဝရဲ့ တိုးတက်ရှင်သန်မှုကို ဟန့်တားနှောင့်ယှက်နိုင်တဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ လိင်မှုဘဝမှာ လုံခြုံစိတ်ချရစေဖို့အတွက် သတိထားသင့်တဲ့ အခြေခံအချက် (၃) ချက်ကို Myanmar Positive Group ကနေ မျှဝေပေးသွားချင်ပါတယ်နော်။

နံပါတ် (၁) အန္တရာယ်ရှိတဲ့ လိင်ကိစ္စတွေကို ရှောင်ကြဉ်ရပါမယ်။
သဘာဝအတိုင်းမဟုတ်တဲ့ လိင်ဆက်ဆံမှုပုံစံတွေအပါအဝင် ၊ မသန့်ရှင်းတဲ့ အရာဝတ္တုတွေအသုံးပြုတာနဲ့ လိင်အင်္ဂါသန့်ရှင်းမှုမရှိဘဲ ဆက်ဆံခြင်းတွေက အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံခြင်းတွေပါပဲနော်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ဒီလိုအပြုအမူတွေကိုရှောင်ရှားတာက ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် အကောင်းဆုံးနဲ့ စိတ်အချရဆုံးကာကွယ်နည်းပဲဖြစ်ပါတယ်။

နံပါတ် (၂) သစ္စာရှိရှိပေါင်းသင်းရပါမယ်။
ချစ်သူသမီးရည်းစားချင်းမှာပဲဖြစ်ဖြစ် ၊ အိမ်ထောင်ဖက်အချင်းချင်းပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အပြန်အလှန် သစ္စာရှိပြီး လိင်မှုကိစ္စတွေကိုစောင့်ထိန်းတာက HIV, AIDS အပါအဝင် အခြားကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင် ပါတယ်နော်။

အဓိပ္ပါယ်ကတော့ လိင်ဆက်ဆံဖော် (s*x partner) တစ်ဦးတည်းသတ်သတ်မှတ်မှတ်ထားပြီး ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်မှာရော ၊ မိမိရဲ့ partner မှာရော ကူးစက်ရောဂါပိုးကင်းရှင်းဖို့အတွက်ကိုတော့ တိတိကျကျ သိရှိထားဖို့လိုပါမယ်နော်။

နံပါတ် (၃) ကွန်ဒုံးသုံးရပါမယ်။
ကွန်ဒုံးသုံးဖို့အတွက်ကတော့ ပြောစရာမလိုလောက်အောင် အားလုံးလည်းသိပြီးကြပြီဆိုပေမဲ့ ကွန်ဒုံးဝယ်ဖို့ အတွက်တော့ လက်တွေ့မှာခက်ခဲနေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ပြောပြချင်တာကတော့ ကွန်ဒုံးက ကျန်းမာရေး ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာပါ။ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ် ပေးနိုင်တဲ့အပြင် ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်တဲ့ ကျန်းမာရေးသုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကွန်ဒုံးကိုလိုအပ်တဲ့အခါမှာ ရဲရဲဝယ်ဖို့ မမေ့ပါနဲ့နော်။

01/12/2024
ဒီဇင်ဘာလ ၁ရက်နေ့တွင် ကျရောက်သော World AIDS Day သည် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပြီး HIV ...
01/12/2024

ဒီဇင်ဘာလ ၁ရက်နေ့တွင် ကျရောက်သော World AIDS Day သည် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပြီး HIV ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကာ အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ကာ AIDS ကပ်ရောဂါကို အဆုံးသတ်ရန် ကတိကဝတ်ပြုကြပါသည်။

ယခုနှစ်၏ ခေါင်းစဉ် “Take the Rights Path” သည် လူသားတစ်ဦးချင်းစီ၏ တန်းတူညီမျှမှုအတွက် တိုက်တွန်းရန်၊ လူ့အခွင့်အရေးများကို ကာကွယ်ရန်နှင့် ဤလုပ်ငန်းစဉ်တွင် မည်သူမျှ နောက်ကျမကျန်စေရန် တိုက်တွန်းသော လှုံ့ဆော်မှုတစ်ခုဖြစ်ပါသည်။

MPG ၏ တည်ထောင်ရေး မူဝါဒများ MPG သည် နှစ် ၂၀ ခန့် အကြာက တည်ထောင်ခဲ့သောအချိန်မှစ၍ အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများနှင့် မိသားစုဝင်များ၊ ဦးတည်အုပ်စုများအတွက် အခွင့်အရေးများ အသိပေးတင်ပြတောင်းဆိုခြင်းကို ရှေ့တန်းကပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပါဝင်ပတ်သက်မှုအနေဖြင့် The Greater Involvement of People Living with HIV (GIPA) နှင့် အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများ၏ အဓိကပါဝင်ပတ်သက်မှု Meaningful Involvement of People with HIV/AIDS (MIPA) မူဝါဒများကို ကျွန်ုပ်တို့ လက်ခံခဲ့ပါသည်။
ဤမူဝါဒများသည် အိပ်ချ်အိုင်ဗွီတုံ့ပြန်ရေးနှင့် AIDS အဆုံးသတ်ရေးတွင် ပြုစုစောင့်ရှောက်မှု ပေးခြင်းအကြောင်းသာမက အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများကို ကိုယ်စားပြုရန်၊ ဦးဆောင်ရန်၊ ပံ့ပိုးရန်နှင့် ၎င်းတို့ ဦးဆောင်သော အဖွဲ့အစည်းများကို ပိုမိုတိုးတက်စေခဲ့ပါသည်။ အကျိုးသက်ရောက်မှု အများဆုံးခံစားရသူများသည် ဖြေရှင်းချက်များ ဆောင်ရွက်နိုင်ရာတွင်လည်း အဓိကဖြစ်စေရန် သေချာစေခဲ့ပါသည်။ ကျွန်ုပ်တို့သည် အခွင့်အရေးများ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဤခရီးစဉ်ကို စတင်ခဲ့ပြီး AIDS ကင်းစင်သော မြန်မာနှင့် ကမ္ဘာတစ်ခုကို ရရှိသည်အထိ ဤလမ်းကြောင်းကို ကျွန်ုပ်တို့ ကတိပြုနေဆဲဖြစ်ပါသည်။
AIDS ကို အဆုံးသတ်သော လမ်းကြောင်းသည် အခွင့်အရေးလမ်းကြောင်းဖြစ်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းကို ထိန်းသိမ်းထားပြီး လူ့အဖွဲ့အစည်းအားလုံးကို ပါဝင်စေခြင်းသည် အရေးကြီးသောကဏ္ဍဖြစ်ပါသည်။ အန္တရာယ်ရှိသော စည်းမျဉ်းစည်းကမ်းများကို ဖယ်ရှားပြီး လူတိုင်း၏ အခွင့်အရေးများကို ထိန်းသိမ်းထားသော စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရပါမည်။
ယခုနှစ် World AIDS Day တွင်လူတိုင်း၏ ကျန်းမာရေးကို ကာကွယ်ရန် လူတိုင်း၏ အခွင့်အရေးများကို ကာကွယ်ရန် လှုံ့ဆော်လိုက်ကြပါစို့။
"အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့"

Address

No. 49, 11th Street, Middle Block, LanMaDaw Township, Yangon
Yangon
11131

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when ဖော်မွန် - Phaw Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category