IVF Center in Bangkok ဖန်ပြွန်သန္ဓေအထူးကုဆေးရုံ

  • Home
  • Myanmar
  • Yangon
  • IVF Center in Bangkok ဖန်ပြွန်သန္ဓေအထူးကုဆေးရုံ

IVF Center in Bangkok ဖန်ပြွန်သန္ဓေအထူးကုဆေးရုံ ဘန်ကောက်မြို့ရှိ Jetanin Hospital ဖန်ပြွန်သန္ဓေအထူးကုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး

13/08/2026

Success story of Jetanin

𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟴𝟴𝟴𝟴 𝟱𝟳 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟵𝟰 𝟬𝟬𝟬𝟬 𝟲𝟴𝟴

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂လမ်းထောင့်အနီး။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟳𝟳𝟮 𝟲𝟮𝟴 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟰𝟬𝟳𝟮 𝟵𝟵 𝟴𝟭𝟮

ဘန်ကောက်ဖုန်း
☎️ 𝟎𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဖန်ပြွန်သန္ဓေ #ဖန်ပြွန်သန္ဓေ

05/08/2026

𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

🏩ဂျက်တနင်ဆေးရုံဟာ ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာကုသမှုများကို အထူးပြုတယ့် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆေးရုံတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာမှာ 👶ကလေးပေါင်းသောင်းချီကို အောင်မြင်စွာမွေးဖွားခဲ့ပြီးဖြစ်ပါတယ်

🗓၁၉၉၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖန်ပြွန်သန္ဓေပြုလုပ်ခဲ့သည်မှာ နှစ် ၃၀ ကျော် သက်တမ်းရှိပြီဖြစ်ပါတယ်

💯နောက်ဆုံးပေါ်နှင့် အဆင့်မြင့်ဆုံးနည်းပညာတွေနဲ့ ကုသပေးလျက်ရှိပါတယ်။

📍ရရှိနိုင်တယ့်ကုသမှုနဲ့နည်းပညာတွေကတော့
👉IVF ဖန်ပြွန်သန္ဓေပြုလုပ်ခြင်း
👉ICSI ဓာတ်ခွဲခန်းတွင် သုတ်ပိုးအား မ မျိုးဥထဲသို့ ထိုးသွင်းရျ်သန္ဓေအောင်စေခြင်း
👉IMSI ကောင်းသောသုတ်ပိုးအား ရွေးချယ်ရျ် မ မျိုးဥထဲသို့ ထိုးသွင်းသန္ဓေအောင်စေခြင်း
👉IUI သုတ်ပိုးအား သားအိမ်ထဲသို့ ထည့်ပေးခြင်း
👉PESA / TESE သုတ်ပိုးမထွက်သော အမျိုးသားများအတွက် ခန္ဓာကိုယ်အတွင်းမှ စုတ်ယူခြင်း
👉PGT-A, PGT-M, PGT-SR သန္ဓေသားအား သားအိမ်ထဲသို့မထည့်မီ မျိုးရိုးဗီဇ ခရိုမိုဆုန်းစစ်ဆေးခြင်း
👉Hysteroscopy သားအိမ်မှန်ပြောင်းဖြင့်စစ်ဆေးခြင်း
👉Egg Freezing သားဥအေးခဲထားပေးခြင်း
👉Embryo Freezing အောင်ပြီးသန္ဓေသားအေးခဲထားပေးခြင်း
👉Sperm Freezing သုတ်ပိုးအေးခဲထားပေးခြင်း

စသည်တို့ကို ဂျက်တနင်ဆေးရုံရဲ့ 👩‍⚕️ကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများ၊ သန္ဓေသားပညာရှင်များနှင့် မျိုးရိုးဗီဇပညာရှင်များ ပူးပေါင်းကုသပေးပါတယ်

ကုသမှုတစ်ခုလုံးအတွက် အကောင်းဆုံးအရည်အသွေးနဲ့ 🧪အဆင့်မြင့်ဓာတ်ခွဲခန်းများထားရှိထားပါတယ်။

🏆ဂျက်တနင်ဆေးရုံဟာ အရှေ့တောင်အာရှမှာ ပထမဆုံး အမေရိကန်အခြေစိုက် JCI လက်မှတ်နဲ့ သြစတြေးလျားရဲ့ RTAC လက်မှတ်တို့ကို ရရှိထားပါတယ်။

ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာမှာ 👶ကလေးပေါင်းသောင်းချီကို အောင်မြင်စွာမွေးဖွားခဲ့ပြီးဖြစ်သောကြောင့် မိမိရဲ့အနာဂါတ်ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်တယ့်ဆေးရုံဖြစ်ပါတယ်

ကျွန်မတို့မှ ဂျက်တနင်တွင် ဆေးကုသလိုသူများအတွက်📌
✅ ဆရာဝန်ရက်ချိန်းစီစဥ်ပေးခြင်း
✅ လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
✅ တည်းခိုရန်စီစဥ်ပေးခြင်း
✅ မြန်မာစကားပြန်စီစဥ်ပေးခြင်း
✅ ကားကြိုစီစဥ်ပေးခြင်း
✅ ဆေးရုံမသွားမီ လိုအပ်သည်များကို အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးခြင်း
✅ ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်

❌💸ဝန်ဆောင်ခပေးရန်မလိုပါ💸❌

𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟴𝟴𝟴𝟴 𝟱𝟳 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟵𝟰 𝟬𝟬𝟬𝟬 𝟲𝟴𝟴

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂လမ်းထောင့်အနီး။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟳𝟳𝟮 𝟲𝟮𝟴 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟰𝟬𝟳𝟮 𝟵𝟵 𝟴𝟭𝟮

ထိုင်းဖုန်း
☎️ +𝟔𝟔 𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဖန်ပြွန်သန္ဓေ #ဖန်ပြွန်သန္ဓေ

🥚 Ultrasound မှာ သားဥအလုံး ၁၀ လုံးတွေ့ရင်... နောက်ဆုံး PGT-A ပုံမှန် Embryo ဘယ်နှလုံးကျန်မလဲ?IVF စတင်ဖို့ စီစဉ်တဲ့အခါ ရာ...
19/07/2026

🥚 Ultrasound မှာ သားဥအလုံး ၁၀ လုံးတွေ့ရင်... နောက်ဆုံး PGT-A ပုံမှန် Embryo ဘယ်နှလုံးကျန်မလဲ?

IVF စတင်ဖို့ စီစဉ်တဲ့အခါ ရာသီလာပြီး Day 2–3 မှာ Ultrasound ရိုက်ကာ Antral Follicle Count (AFC) သားဥအရေအတွက်ကို စစ်ဆေးလေ့ရှိပါတယ်။

ဒါပေမယ့် Ultrasound မှာ တွေ့တဲ့ သားဥအလုံးအရေအတွက်ဟာ နောက်ဆုံး ရမယ့်သန္ဓေသားအရေအတွက် မဟုတ်ပါဘူး။ IVF လုပ်စဉ် အဆင့်တိုင်းမှာ အရေအတွက် တဖြည်းဖြည်း လျော့သွားနိုင်ပါတယ်။ ဒါကို ဆရာဝန်တွေက IVF Attrition Pyramid လို့ ခေါ်ဆိုကြပါတယ်။ အစပိုင်းမှာ တွေ့ရတဲ့ မမျိုးဥ အရေအတွက်အနက် အစိတ်အပိုင်းတစ်ခုပဲ အဆုံးမှာ ကျန်းမာတဲ့ သန္ဓေသားအဖြစ် ကျန်ရှိတော့တာဟာ လုံးဝ သဘာဝကျတဲ့ အခြေအနေ တစ်ခုပဲဖြစ်ပါတယ်။

အဆင့်တစ်ခုချင်းစီမှာ အရေအတွက် ဘယ်လိုပြောင်းလဲသွားနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်! 👇

⚠️ **သတိပြုရန်**
ဒီအရေအတွက်တွေဟာ လူတိုင်းအတွက် မတူပါဘူး။ AMH၊ သားဥအရေအတွက်၊ အသက်၊ သုက်ပိုးအရည်အသွေး၊ IVF Laboratory နှင့် အခြားအချက်များပေါ် မူတည်ပြီး ရလဒ်က ကွာခြားနိုင်ပြီးတော့ အောက်ကတွက်ပြထားတာဟာ ပျမ်းမျှအကြမ်းမျဥ်းအရေအတွက်သာဖြစ်ပါတယ်။

ဥပမာ...

🥚 ရာသီ ဒုတိယ/တတိယရက် Ultrasound တွင် သားဥ = 10 လုံးရှိရင်

➡️ ၁။ Ovarian Stimulation ပြီးနောက်
💉 ဆေးထိုးပြီးနောက် သားဥအလုံး ၈–၁၀ လုံးခန့် ကြီးထွားလာနိုင်ပါတယ်။
📊 သားဥအရေအတွက် ၏ 80–100% ခန့်

➡️ ၂။ OPU (Egg Retrieval) သားဥထုတ်တယ့်အချိန်မှာ
🥚 ဥ ၇–၉ လုံးခန့် ထုတ်ယူနိုင်ပါတယ်။
📊 ကြီးထွားလာသော follicle များ၏ 85–95% ခန့်

➡️ ၃။ Mature Eggs (MII Eggs) ရင့်မှည့်သောသားဥ
✅ ထုတ်လိုက်သောသားဥများထဲမှာ မျိုးအောင်ရန် အသင့်ဖြစ်သော ရင့်မှည့်သောသားဥ ၆–၈ လုံးခန့် ရနိုင်ပါတယ်။
📊 ထုတ်ယူရရှိသော သားဥ များ၏ 75–85% ခန့်

➡️ ၄။ Fertilization (ICSI) မျိုးအောင်ခြင်း
🧬 သုတ်ပိုး၁ကောင်စီကို ထုတ်လိုက်တယ့် သားဥ၁လုံးချင်းစီထဲကို ထိုးထည့်ပြီး မျိုးအောင်အောင်လုပ်ပါတယ်။ မျိုးအောင်သောသန္ဓေသား ၅–၇ လုံးခန့် ရရှိနိုင်ပါတယ်
📊 ရင့်မှည့်သောသားဥ များ၏ 70–85% ခန့်

➡️ ၅။ Blastocyst (Day 5/6) မွေးထားခြင်း
🌱 မျိုးအောင်တယ့်သန္ဓေသားလေးတွေကို ဓာတ်ခွဲခန်းမှာ ၅-၆ရက်လောက်မွေးထားပါမယ်။ မွေးထားတယ့်ထဲမှာ Blastocyst အဆင့်အထိ ကြီးထွားလာနိုင်သောသန္ဓေသား ၃–၅ လုံးခန့်
📊 မျိုးအောင်သန္ဓေသား များ၏ 40–60% ခန့်

➡️ ၆။ PGT-A ခရိုမိုဆုန်းစစ်ဆေးနိုင်သောသန္ဓေသား
🔬 အရည်အသွေးကောင်းပြီး fully expanded blastocysts အဆင့်ထိ ကြီးထွားလာတယ့် သန္ဓေသားလေးတွေကိုဘဲ ခရိုမိုဆုန်းမှန်ကန်မှုရှိမရှိစစ်ဆေးနိုင်ပါတယ်။ PGT-A စစ်ဆေးနိုင်သော သန္ဓေသား ၃–၅ လုံးခန့်

➡️ ၇။ PGT-A ရလဒ်
💙 ခရိုမိုဆုန်းပုံမှန် (Euploid)ဖြစ်ပြီး သားအိမ်ထဲထည့်လို့ရနိုင်တယ့်သန္ဓေသား ၁–၃ လုံးခန့် ရနိုင်ပါတယ်။
📊 ခရိုမိုဆုန်းများ၏ရလဒ် ရာခိုင်နှုန်းမှာ အသက်ပေါ် မူတည်ပြီး ကွာခြားပါတယ်

📌 အမျိုးသမီးအသက်က အလွန်အရေးကြီးပါတယ်။

👩‍🦰 အသက်ငယ်လေ PGT-A ပုံမှန် Embryo ရနိုင်ခြေ မြင့်လေဖြစ်ပြီး၊ အသက်တိုးလာသည်နှင့်အမျှ ခရိုမိုဆုန်းမမှန်တယ့်သန္ဓေသား များလာနိုင်ပါတယ်။

**ဥပမာ**

🌸 အသက်

🧬 IVF နည်းပညာနဲ့ PGT-A စစ်ဆေးခြင်းက သင့်ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် ဘာတွေသိနိုင်လဲ? ဘာတွေမသိနိုင်ဘူးလဲ? 👶✨IVF (ဖန်ပြွန...
14/07/2026

🧬 IVF နည်းပညာနဲ့ PGT-A စစ်ဆေးခြင်းက သင့်ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် ဘာတွေသိနိုင်လဲ? ဘာတွေမသိနိုင်ဘူးလဲ? 👶✨

IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာနဲ့ ကလေးယူတဲ့အခါ PGT-A စစ်ဆေးတာကို ခပ်စိပ်စိပ် ကြားဖူးကြပါလိမ့်မယ်။ PGT-A ဆိုတာ သန္ဓေသားရဲ့ မျိုးဗီဇကို သားအိမ်ထဲမထည့်သွင်းမီ ကြိုတင်စစ်ဆေးတဲ့ နည်းပညာတစ်ခုပါ။

ဒါပေမဲ့ PGT-A စစ်ထားရုံနဲ့ ကလေးက ၁၀၀% လုံးဝကျန်းမာမယ်လို့ အာမခံနိုင်ပါသလား? ဘာတွေကို စစ်ဆေးပေးနိုင်လဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်! 👇

🔍 PGT-A က **ဘာတွေကို စစ်ဆေးပေးနိုင်လဲ?**

PGT-A က သန္ဓေသားမှာရှိတဲ့ ခရိုမိုဆုန်း (Chromosome) အရေအတွက် မှန်/မမှန်ကို အဓိက စစ်ဆေးပေးတာဖြစ်ပါတယ်။

✅ ခရိုမိုဆုန်း အရေအတွက် မမှန်ခြင်းများ ခရိုမိုဆုန်း ပိုနေတာ သို့မဟုတ် လိုနေတာကို စစ်ဆေးနိုင်ပါတယ်။
✅ မျိုးရိုးဗီဇဆိုင်ရာ ရောဂါစုများ 👉 ဒေါင်းဆင်ဒရုန်း (Down Syndrome - Trisomy 21)၊ Edwards Syndrome (Trisomy 18) နဲ့ Patau Syndrome (Trisomy 13) အစရှိတဲ့ ခရိုမိုဆုန်း မမှန်လို့ဖြစ်ရတဲ့ ရောဂါများကို သိရှိနိုင်ပါတယ်။
✅ လိင်ခရိုမိုဆုန်း မမှန်ခြင်းများ 👉 Turner syndrome သို့မဟုတ် Klinefelter syndrome စတဲ့ အခြေအနေများကို သိရှိနိုင်ပါတယ်။

🚫 PGT-A က ဘာတွေကို မသိနိုင်ဘူးလဲ?

PGT-A ဟာ ခရိုမိုဆုန်း အရေအတွက်ကိုပဲ စစ်တာဖြစ်လို့ သီးခြား ဗီဇပြောင်းလဲမှုများ သို့မဟုတ် ခန္ဓာကိုယ် တည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များကို မသိနိုင်ပါဘူး။

❌Single-Gene Disorders (ဗီဇတစ်ခုချင်းဆိုင်ရာ ရောဂါများ) 👉 Cystic Fibrosis၊ Thalassemia (သွေးအားနည်းရောဂါတစ်မျိုး) နဲ့ Sickle Cell Anemia စတဲ့ ရောဂါများကို မသိနိုင်ပါ။ (မှတ်ချက်- ဤရောဂါများကို သိရှိရန် **PGT-M** ဆိုသည့် အခြားစစ်ဆေးမှု ရွေးချယ်မှု လိုအပ်ပါသည်။)
❌ခန္ဓာကိုယ် တည်ဆောက်ပုံ အင်္ဂါချို့ယွင်းချက်များ 👉 မွေးရာပါ နှလုံးရောဂါ၊ နှုတ်ခမ်းကွဲ/အာခေါင်ကွဲခြင်း၊ ကျောရိုးအာရုံကြောချို့ယွင်းချက်များ။
❌ရှုပ်ထွေးသော အခြေအနေများ 👉 အော်တီဇင် (Autism)၊ ဆီးချိုရောဂါ၊ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေများ သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေး။
❌ကိုယ်ဝန်ဆောင်စဉ် ပတ်ဝန်းကျင်ကြောင့်ဖြစ်သော ပြဿနာများ 👉 ကိုယ်ဝန်ဆောင်စဉ် ကူးစက်ရောဂါရခြင်း သို့မဟုတ် မွေးဖွားစဉ် ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာများ။

❓ PGT-A စစ်ဆေးထားတဲ့ သန္ဓေသားဆိုရင် မွေးလာမယ့်ကလေးက ၁၀၀% ကျန်းမာမှာလား?

အဖြေတိုတိုပြောရရင်တော့ - မဟုတ်ပါဘူး။

PGT-A ပုံမှန်ဖြစ်တဲ့ သန္ဓေသားကို ထည့်သွင်းခြင်းဟာ ကိုယ်ဝန်ရရှိနိုင်ခြေကို မြင့်မားစေပြီး ခရိုမိုဆုန်း မမှန်လို့ သားလျှော/သားပျက်ရတဲ့ ရောဂါအန္တရာယ်ကို အဆမတန် လျှော့ချပေးနိုင်တာ မှန်ပေမဲ့ ကလေး ၁၀၀% လုံးဝ ရောဂါကင်းစင်မယ်လို့တော့ အာမခံချက် မပေးနိုင်ပါဘူး။

ဒါကြောင့်လည်း -
၁။ PGT-A စစ်ဆေးမှုဟာ ကလေးရဲ့အချင်းဖြစ်လာမယ့် အပြင်ဘက်ဆဲလ် အနည်းငယ်ကိုပဲ အသားစယူ စစ်ဆေးတာ ဖြစ်ပါတယ်။
၂။ အထက်မှာ ဖော်ပြခဲ့သလို PGT-A က စစ်ဆေးမပေးနိုင်တဲ့ သီးခြား မျိုးရိုးဗီဇ ရောဂါတွေနဲ့ ခန္ဓာကိုယ် အင်္ဂါချို့ယွင်းချက်တွေ ရှိနေနိုင်ပါသေးတယ်။
၃။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် အချိန်အလိုက် အာထရာဆောင်း (Ultrasound) ရိုက်ခြင်းနဲ့ အခြားလိုအပ်သော Prenatal Testing များ ပုံမှန်ပြသစစ်ဆေးဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

💡 **အနှစ်ချုပ်**
PGT-A ဆိုတာ IVF လုပ်ဆောင်ရာမှာ အောင်မြင်နိုင်ချေ အမြင့်ဆုံးနဲ့ ခရိုမိုဆုန်း ပုံမှန်ဖြစ်တဲ့ သန္ဓေသားကို ရွေးချယ်ဖို့ ကူညီပေးတဲ့ အလွန်ကောင်းမွန်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အခြား ကိုယ်ဝန်ဆောင်စဉ် ပုံမှန်စစ်ဆေးမှုများနှင့် တွဲဖက်လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာသော ရင်သွေးလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

🏩 𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ ထောင့်အနီး။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

ဘန်ကောက်ဖုန်း
☎️ 𝟎𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဖန်ပြွန်သန္ဓေ
#မျိုးဆက်ပွားကျန်းမာရေး #ဖန်ပြွန်သန္ဓေသား #ကျန်းမာရေးအသိမျှဝေခြင်း

📌 IVF လုပ်မယ့်သူတွေ ဘယ်လိုနေထိုင်စားသောက်သင့်သလဲ?IVF (In Vitro Fertilization) အောင်မြင်နှုန်း ပိုကောင်းစေဖို့ ဆေးကုသမှုတ...
21/06/2026

📌 IVF လုပ်မယ့်သူတွေ ဘယ်လိုနေထိုင်စားသောက်သင့်သလဲ?

IVF (In Vitro Fertilization) အောင်မြင်နှုန်း ပိုကောင်းစေဖို့ ဆေးကုသမှုတစ်ခုတည်း မဟုတ်ဘဲ ဇနီးနှင့် ခင်ပွန်း နှစ်ဦးစလုံး၏ နေထိုင်စားသောက်မှုပုံစံကလည်း အရေးကြီးပါတယ်။

👩 ဇနီးအတွက်

✅ ပရိုတင်းဓာတ်များများစားပါ။
နေ့စဥ် ကြက်ဥ ၁-၂လုံး၊ အသား၊ နို့၊ ပဲများများစားပါ။
ကျန်တယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေလည်း အာဟာရမျှတစွာစားနိုင်ပါတယ်။
✅ ကိုယ်အလေးချိန်ကို သင့်တော်တဲ့အတိုင်း ထိန်းထားပါ
✅ အိပ်ရေးဝဝ အိပ်ပါ
တစ်နေ့လျှင် 7-8 နာရီခန့် အိပ်စက်ခြင်းက ဟော်မုန်းညီမျှမှုကို ကူညီပေးနိုင်ပါတယ်။
✅ စိတ်ဖိစီးမှု လျှော့ချပါ
✅ ဟော်မုန်းဆိုင်ရာရောဂါများနှင့် နာတာရှည်ရောဂါများကို ကောင်းမွန်စွာ ကုသထိန်းချုပ်ပါ
ဥပမာ - PCOS၊ Thyroid ရောဂါများ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည်တို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသထိန်းချုပ်ထားသင့်ပါတယ်။
✅ ရေများများသောက်ပါ။ ၁ရက် ၂လီတာလောက်သောက်ပါ။
✅ cardio exercise လုပ်ပါ။ ဥပမာ-မြန်မြန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို ၁ရက်ကို ၂၀-၃၀ မိနစ်လောက်၊ ၁ပတ်ကို ၃-၅ရက်လောက်လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းကိုရှောင်ကျဥ်ပါ။
✅ Folic acid နဲ့ တခြားအားဆေးများသောက်ဖို့လိုမလို သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသောက်ပါ။

🚫 ဆေးလိပ်၊ အရက်နှင့် မူးယစ်စေသောအရာများကို ရှောင်ကြဉ်ပါ
🚫 ကဖင်း (Coffee, Energy Drink) ၊ အချိုရည်များ အလွန်အကျွံသောက်ခြင်းကို လျှော့ချသင့်ပါတယ်။ ၁ရက်ကို ၁ခွက်ထက် ပိုမသောက်သင့်ပါ။

👨 ခင်ပွန်းအတွက်

✅ ပရိုတင်းဓာတ်များများစားပါ။
✅ အိပ်ရေးဝဝ အိပ်ပါ
✅ cardio exercise လုပ်ပါ။ ဥပမာ-မြန်မြန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို ၁ရက်ကို ၂၀-၃၀ မိနစ်လောက်၊ ၁ပတ်ကို ၃-၅ရက်လောက်လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းကိုရှောင်ကျဥ်ပါ။
✅ အားဆေးများသောက်ဖို့လိုမလို သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသောက်ပါ။

🚫 ဆေးလိပ်၊ အရက်နှင့် မူးယစ်စေသောအရာများကို ရှောင်ကြဉ်ပါ
🚫 အပူချိန်မြင့်မားသော နေရာများတွင် အချိန်ကြာကြာ မနေသင့်ပါ
(ဥပမာ - Sauna, Hot Tub)

📅 IVF မလုပ်ခင် ဘယ်အချိန်လောက်က စပြင်ဆင်သင့်သလဲ?

အကောင်းဆုံးကတော့ IVF မလုပ်မီ ၃ လခန့်ကတည်းက ကျန်းမာရေးကောင်းမွန်အောင် စတင်ပြင်ဆင်သင့်ပါတယ်။

အမျိုးသမီးများအတွက် ဥအရည်အသွေးကောင်းမွန်စေရန်နှင့် အမျိုးသားများအတွက် သုတ်ကောင်အရည်အသွေးကောင်းမွန်စေရန် အနည်းဆုံး ၃ လကြိုတင် ပြင်ဆင်ခြင်းက IVF အောင်မြင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်ပါတယ်။

၃လအချိန်မပြည့်တော့လျှင်လည်း လုပ်ဖို့ဆုံးဖြတ်ပြီဆိုသည့်အချိန်မှစပြီး အထက်ပါအတိုင်း ပြင်ဆင်ထားခြင်းဖြင့် သားဥအရည်အသွေးကို ကောင်းအောင်ပြင်ဆင်ထားနိုင်ပါတယ်။

🏩 𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ ထောင့်အနီး။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

ဘန်ကောက်ဖုန်း
☎️ 𝟎𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဖန်ပြွန်သန္ဓေ

👶✨ ကလေးမွေးဖွားချိန်မှာသာ ရနိုင်တဲ့ အဖိုးတန် Stem Cells များ ✨👶ကလေးတစ်ယောက် မွေးဖွားတဲ့အချိန်မှာ အများအားဖြင့် စွန့်ပစ်လ...
20/06/2026

👶✨ ကလေးမွေးဖွားချိန်မှာသာ ရနိုင်တဲ့ အဖိုးတန် Stem Cells များ ✨👶

ကလေးတစ်ယောက် မွေးဖွားတဲ့အချိန်မှာ အများအားဖြင့် စွန့်ပစ်လိုက်ကြတဲ့ အချင်းကြိုးသွေး (Cord Blood)၊ အချင်း (Placenta)၊ ရေမြွှာအလွှာ (Amniotic Membrane) နဲ့ ချက်ကြိုး(Cord Tissue) တွေထဲမှာ အဖိုးတန် Stem Cells များစွာ ပါဝင်နေပါတယ်။

🌱 Stem Cells တွေကို ဘယ်ကနေ ရယူနိုင်လဲ?

🩸 **အချင်းကြိုးသွေး (Cord Blood)**

* သွေးဖွဲ့စည်းပေးတဲ့ Stem Cells များ ပါဝင်ပါတယ်
* သွေးနှင့် ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါအချို့ကို ကုသရာမှာ အသုံးပြုနေကြပါတယ်
* ဥပမာ - သွေးကင်ဆာ (Leukemia)၊ Lymphoma၊ Thalassemia (သွေးအားနည်းရောဂါ) နှင့် ကိုယ်ခံအားချို့ယွင်းမှုဆိုင်ရာ ရောဂါအချို့

🌸 **အချင်းတစ်ရှူး (Placental Tissue)**

* Stem Cells နဲ့ Growth Factors များ ပါဝင်ပါတယ်
* ဆဲလ်ပြန်လည်ပြုပြင်ကုသမှု နယ်ပယ်မှာ သုတေသနများ ဆက်လက်ပြုလုပ်နေပါတယ်
* ဥပမာ - ဒူးအဆစ်နာ၊ ခါးနာ၊ အဆစ်ရောင်ရောဂါများ၊ အရေပြားပျက်စီးမှုများနှင့် ဒဏ်ရာများ ပြန်လည်ကောင်းမွန်စေရေးဆိုင်ရာ သုတေသနများ

💧 **ရေမြွှာအလွှာ (Amniotic Tissue)**

* သဘာဝအတိုင်း ရောင်ရမ်းမှုကို လျော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်
* တစ်ရှူးပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ကုသမှုများတွင် အသုံးပြုနေကြပါတယ်
* ဥပမာ - မျက်စိမျက်ကြည်လွှာ ထိခိုက်ဒဏ်ရာများ၊ ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာများ၊ အနာကျက်ရန် ခက်ခဲသော ဒဏ်ရာများနှင့် အရေပြားပြန်လည်ပြုပြင်ခြင်း

🔗 **ချက်ကြိုး (Cord Tissue)**

* Mesenchymal Stem Cells (MSCs) များ ကြွယ်ဝစွာ ပါဝင်ပါတယ်
* အရိုး၊ အဆစ်၊ ကြွက်သားနှင့် အခြားတစ်ရှူးများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် သုတေသနများ ပြုလုပ်နေကြပါတယ်
* ဥပမာ - ဒူးအဆစ်နာ (Osteoarthritis)၊ ခါးနာ၊ ပခုံးနာ၊ အားကစားဒဏ်ရာများ၊ ကြွက်သားနှင့် အရွတ်ထိခိုက်မှုများ၊ လေဖြတ်ပြီးနောက် ပြန်လည်သန်စွမ်းရေးဆိုင်ရာ သုတေသနများ

✅ ကလေးမွေးချိန်မှာ စုဆောင်းမှာဖြစ်ပါတယ်
✅ စုဆောင်းရာတွင် မိခင်နှင့် ကလေးအတွက် နာကျင်မှုမရှိပါ
✅ ကလေးမွေးပြီးနောက် အသုံးပြုဖို့လိုအပ်ရင် ပြန်လည်ရယူနိုင်ပါသည်
✅ အပူချိန်နိမ့်စနစ်ဖြင့် နှစ်ရှည်လများ သိမ်းဆည်းထားနိုင်ပါသည်

💙 ကလေးမွေးဖွားခြင်းဟာ တစ်သက်မှာ တစ်ခါသာ ရရှိတဲ့ အခွင့်အရေးဖြစ်သလို၊ အချင်းကြိုးသွေး၊ အချင်း၊ ရေမြွှာအလွှာနဲ့ ချက်ကြိုးတစ်ရှူးများကို သိမ်းဆည်းထားခြင်းက မိသားစုအနာဂတ် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

📌 မှတ်ချက် - Stem Cell များ၏ အသုံးပြုမှုအချို့မှာ လက်ရှိကုသမှုများတွင် အသုံးပြုနေပြီး၊ အချို့မှာ သုတေသနနှင့် ဆေးပညာဆိုင်ရာ စမ်းသပ်လေ့လာမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါသည်။

Stem Cell Banking အကြောင်း ပိုမိုသိရှိလိုပါက ကျွန်မတို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏩 𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟴𝟴𝟴𝟴 𝟱𝟳 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟵𝟰 𝟬𝟬𝟬𝟬 𝟲𝟴𝟴

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂လမ်းထောင့်အနီး။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟳𝟳𝟮 𝟲𝟮𝟴 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟰𝟬𝟳𝟮 𝟵𝟵 𝟴𝟭𝟮

ဘန်ကောက်ဖုန်း
☎️ 𝟎𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#အချင်းကြိုးသွေး

𝐉𝐞𝐭𝐚𝐧𝐢𝐧 ဆေးရုံမှ 𝐃𝐫. 𝐒𝐢𝐫𝐢𝐬𝐮𝐤 နဲ့ ဆွေးနွေးပွဲ နောက်ဆုံးရက်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်Jetanin ဖန်ပြွန်သန္ဓေနှ...
08/06/2026

𝐉𝐞𝐭𝐚𝐧𝐢𝐧 ဆေးရုံမှ 𝐃𝐫. 𝐒𝐢𝐫𝐢𝐬𝐮𝐤 နဲ့ ဆွေးနွေးပွဲ နောက်ဆုံးရက်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်

Jetanin ဖန်ပြွန်သန္ဓေနှင့်မျိုးပွားမှုဆိုင်ရာအထူးကုဆေးရုံမှာ ပြသလိုပါက ကျွန်မတို့ရုံးဖုန်းတွေကို ဆက်သွယ်နိုင်ပါတယ်ရှင်။ ရုံးကိုလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့်။

🏩 𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ ထောင့်အနီး။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

ဘန်ကောက်ဖုန်း
☎️ 𝟎𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဖန်ပြွန်သန္ဓေ

Jetanin ဖန်ပြွန်သန္ဓေအထူးကုဆေးရုံမှ Dr. Sirisuk နဲ့ အခမဲ့ဆွေးနွေးဖို့ မနက်ဖြန် (၁)ရက်ဘဲ ကျန်ပါတော့တယ်ရှင့်📍နေရာ 👉 Yangon...
06/06/2026

Jetanin ဖန်ပြွန်သန္ဓေအထူးကုဆေးရုံမှ Dr. Sirisuk နဲ့ အခမဲ့ဆွေးနွေးဖို့ မနက်ဖြန် (၁)ရက်ဘဲ ကျန်ပါတော့တယ်ရှင့်

📍နေရာ 👉 Yangon Convention Center, Booth C15+E3
🗓️ ရက်စွဲ 👉 5 to 7 JUNE
⏰ အချိန် 👉 မနက် ၉နာရီမှ ညနေ ၅နာရီ

ဆွေးနွေးပွဲ ဒုတိယရက်ရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင့်

🏩Jetanin ဖန်ပြွန်သန္ဓေနှင့် မျိုးပွါးမှုဆိုင်ရာအထူးကုဆေးရုံ

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ ထောင့်အနီး။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

ဘန်ကောက်ဖုန်း
☎️ 𝟎𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဖန်ပြွန်သန္ဓေ

ဒီကနေ့ ပွဲလေးစပါပြီနော်📍နေရာ 👉 Yangon Convention Center, Booth C15+E3🗓️ ရက်စွဲ 👉 5 to 7 JUNE⏰ အချိန် 👉 မနက် ၉နာရီမှ ညနေ ...
05/06/2026

ဒီကနေ့ ပွဲလေးစပါပြီနော်

📍နေရာ 👉 Yangon Convention Center, Booth C15+E3
🗓️ ရက်စွဲ 👉 5 to 7 JUNE
⏰ အချိန် 👉 မနက် ၉နာရီမှ ညနေ ၅နာရီ

🗓️ ဇွန်လ ၆ရက်နေ့နဲ့ ၇ရက်နေ့တွေမှာဆိုရင် အထူးအစီစဥ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဖန်ပြွန်သန္ဓေကုသမှုမှာ သက်တမ်းအရှည်ဆုံးနဲ့ နာမည်အကြီးဆုံး 𝐉𝐞𝐭𝐚𝐧𝐢𝐧 ဆေးရုံမှ 𝐃𝐫. 𝐒𝐢𝐫𝐢𝐬𝐮𝐤 မှ ကိုယ်တိုင်"အခမဲ့" ကျွန်မတို့ booth မှာ လာရောက်ဆွေးနွေးပေးမှာဖြစ်ပါတယ်

#ဖန်ပြွန်သန္ဓေ

Address

No. 90, Botahtaung Zay St, Between Merchant Road & Strand Rd, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772772628

Alerts

Be the first to know and let us send you an email when IVF Center in Bangkok ဖန်ပြွန်သန္ဓေအထူးကုဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to IVF Center in Bangkok ဖန်ပြွန်သန္ဓေအထူးကုဆေးရုံ:

Shortcuts

Share