A Lin Yaung Clinic

A Lin Yaung Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Lin Yaung Clinic, Home Health Care Service, Insein, Yangon.

🍀🍀
09/05/2024

🍀🍀

Credit: Dr.Nyein Mon Moderna vaccine ကို အသက် ၆လ အထက် cap အရောင်ပေါ်လိုက်ပြီး ကလေးတွေ ထိုးလို့ ရမရ ​ပူပန်ကြတဲ့ ဖေဖေမေမေတ...
21/07/2022

Credit: Dr.Nyein Mon
Moderna vaccine ကို အသက် ၆လ အထက် cap အရောင်ပေါ်လိုက်ပြီး ကလေးတွေ ထိုးလို့ ရမရ ​ပူပန်ကြတဲ့ ဖေဖေမေမေတို့အတွက် ​ဖတ်မိသလောက် sharing လုပ်လိုက်ပါတယ်

✅Red cap with light blue label border color

တစ်လုံးမှာ 5.5 ml or 7.5 ml ပါ ပါတယ်
0.5 ml မှာ 100ug mRNA
တခါမှ vaccine မထိုးဖူးဘဲ moderna စထိုးမယ်ဆို ၁၂ နှစ် အထက် 0.5 ml ထိုးရမှာပါ
booster အတွက် ဆိုရင်တော့0.25ml ပါ

✅Dark blue cap with purple label border
တလုံး မှာ 2.5 ml ပါပါတယ်
0.5 ml မှာ 50 mcg mRNA
6-11year - 0.5ml
12 years above booster - 0.5 ml ပါ

✅Dark blue cap with teal label border color

currently unavailable ပါတဲ့

✅Red blue cap with megenta label border color
6 months - 5 years အတွက်ပါ
တလုံးမှာ 2.5 ml ပါ ပါတယ်
0.5 ml မှာ 25 mcg mRNA
6months to 5 years- 0.5 ml ပါ

❓Red cap ကို ၆လ အထက် ထိုးလို့ရလား

Moderna fact sheet မှာ red cap ကို ၁၂နှစ်အောက်မသုံးဖို့ပြောပါတယ်

reason က dosing error ဖြစ်မှာစိုးလို့ပါတဲ့

ကာကွယ်ဆေးထိုးပေးသူတွေက basic health staff တွေမို့ နားလည်ရလွယ် မှတ်ရလွယ်အောင် ပုလင်းအ​ရောင်အတိုင်း catagories အတိုင်းခွဲလိုက်ရင် 0.5ml ပဲထိုးလို့ရအောင်ခွဲထားပါတယ်

❗၆နှစ် နဲ့ ၁၂နှစ်ကြားက 0.25 ml ထိုးလိုက်ရတာလွယ်ပေမယ့် ၆လ နဲ့ ၅နှစ်ကြားကိုထိုးမယ်ဆို 0.125ml ပဲထိုးရမလိုဖြစ်နေမှာပါ 0.125 သည် dosing ဘယ်လိုမှ မတိကျတဲ့အတွက် မထိုးသင့်ပါဘူး

❓အဲ့ဒါဆို ၆နှစ်နဲ့ ၁၁နှစ်ကြားဆို ထိုးရမလား

approved မဟုတ်ပေမယ့် တရားဝင်ထိုးပေးနေတဲ့ဆေးတွေကိုရွေးမလား

systemic review သေချာလုပ်ထားပြီး US CDC approved ပေမယ့် ဒီနိုင်ငံမှာ တရားဝင်သွင်းခွင့်မပေးထားတဲ့ဆေးကိုရွေးမလား

မိဘရဲ့ဆုံးဖြတ်ချက်ပါ
တာဝန်ယူမှု တာဝန်ခံမှုကတော့ခုချိန်မှာဘယ်ဆေးပဲထိုးထိုး ကိုယ်တိုင်ပဲ တာဝန်ခံရမှာပါ

ကျမရဲ့ recommandation ကတော့

၅နှစ်အောက် -မထိုးပါနဲ့ဦး doseမှန်ဖို့ ခဲယဥ်းလို့ပါ

၆နှစ် ၁၁နှစ် - ကိုယ့်ကလေးအခြေအနေနဲ့စဥ်းစားပါ
ကျောင်းသွားနေရတဲ့ကလေး/ အိမ်မှာပဲ online class တက်ရတဲ့ကလေး
အိမ်က ​တခြားမိသားစုဝင်တွေရဲ့ ကာကွယ်ဆေးထိုးထားတဲ့အခြေအနေ ပြင်ပနဲ့ အထိအတွေ့များမှု risk

ဒါတွေနဲ့ချိန်ထိုးစဥ်းစားစေချင်ပါတယ်

၁၂နှစ်အထက် - ဆေးရဲ့ cold chain နဲ့ အာနိသင် စိတ်ချရတယ်ဆို ထိုးစေချင်ပါတယ် (sinopharm/sinovax မှ တရားဝင်တယ်ထင်တဲ့သူတွေမပါပါ)

crd: Dr. Nyein Mon
Ref
1.Fact sheet for health care provider EUA of Moderna covid 19 vaccine
2.Moderna children update label info.CDC
3. Moderna covid vaccine presentation

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများကူးစက်ခံရပြီး...
14/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။

အိပ်မပျော်သူတွေအတွက် အလွယ်တကူ အိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေညဘက် ညဘက် အိပ်ယာထဲလှဲပြီးတာတောင်မှ မျက်လုံးကြီးပြူးကြေ...
09/07/2022

အိပ်မပျော်သူတွေအတွက် အလွယ်တကူ အိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေ

ညဘက် ညဘက် အိပ်ယာထဲလှဲပြီးတာတောင်မှ မျက်လုံးကြီးပြူးကြောင်လို့ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ တောင်တွေးမြောက်တွေးတွေးရင်း အိပ်ပျော်ဖို့ခက်ခဲလွန်းတဲ့ညတွေ လူတိုင်းကြုံဖူးကြမှာပါ။

ပုံမှန်အားဖြင့်တော့ တစ်ခါတစ်လေမှ ကြုံတတ်ပေမယ့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေများပြီး ပူပင်သောကတွေများနေရင်တော့ ဒီလိုအိပ်မပျော်မှုတွေကို ပုံမှန်ထက်ပိုကြုံရနိုင်ပါတယ်။

လူဆိုတာ ညရောက်ရင် အိပ်မှာပဲလို့ အကြမ်းဖျဉ်းတွေးလို့ရပေမယ့် ကိုယ့်အလှည့်ကျမ အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာဝင်ချိန်ရောက်တိုင်း အိပ်စက်ဖို့ ခက်ခဲနေတာမျိုးကြုံလာရပြီဆိုရင် ဒါက သင့်ကျန်းမာရေးအတွက် မကောင်းတဲ့ နမိတ်လက္ခဏာတစ်ခုဆိုတာ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ခေတ်လို ခေတ်ကာလမျိုးမှာ အမျိုးမျိုးအဖုံဖုံသော ပူပင်သောကတွေနဲ့မို့ ညညအိပ်မပျော်နိုင်သူတွေ အမြောက်အများရှိနေပါတယ်။

လူတွေ တွေးထင်သလောက် အလွယ်တကူအိပ်မပျော်နိုင်တဲ့အခါ အိပ်ရေးပျက်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ အိပ်ရေးပျက်တာဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာမို့ ခုလိုကာလမျိုးမှာ အန္တရာယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ညအချိန်တွေမှာ အချိန်မှန်မှန် အိပ်ရေးဝဝအိပ်စက်ဖြစ်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

1. အခန်း အပူချိန်လျှော့ချပါ - အခန်းအပူချိန် မြင့်မားရင် အိပ်ပျော်ဖို့ခက်ခဲ့တာမို့ အခန်းအပူချိန် နည်းပါးအောင်လုပ်တာမျိုး၊ အိပ်ယာဝင်ခါနီး ရေချိုးတာမျိုးတွေပြုပြီး အေးချမ်းစွာ အိပ်စက်အနားယူပါ။

2. အိပ်ချိန်မှန်ပါစေ - ဘယ်အချိန်အိပ်မယ်ဆိုတာကို သက်မှတ်ပြီး နေစဉ်အိပ်ယာဝင်ပါ၊ တဖြည်းဖြည်း အသားကျလာပါလိမ့်မယ်။

3. ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ - လေ့ကျင့်ခန်းလုပ်တာက အိပ်စက်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ မနက် အိပ်ယာနိုးနိုးချင်းနဲ့ ညအိပ်ယာဝင်ခါနီးတွေမှာ လေ့ကျင့်ခန်းပြုလုပ်တာက အိပ်ပျော်စေဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။

4. ယောဂ နဲ့ တရားထိုင်ခြင်းအလေ့အကျင့်ထားပါ - အိပ်ပျော်လွယ်စေချင်ရင် ယောဂလေ့ကျင့်တာ၊ တရားထိုင်တာလိုမျိုး စိတ်ကိုငြိမ်းချမ်းစေတဲ့ အလေ့အထတွေကိုလည်း ပြုလုပ်သင့်ပါတယ်။

5. တရေးနိုးတိုင်း အချိန်မကြည့်ပါနဲ့ - လူအတော်များများက တရေးနိုးချိန်တွေမှာ နာရီထကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအလေ့အထဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

6. နေ့ခင်းဘက်မှာ အကြာကြီးမအိပ်ပါနဲ့ - နေ့ခင်းနေ့လယ်မှာ အချိန်အကြာကြီး အိပ်စက်ဖြစ်ရင် ညဘက်မှာ အိပ်ပျော်ဖို့ခက်ပါတယ်။

7. အစာစားချိန်ကို ဂရုစိုက်ပါ - အိပ်ခါနီးမှာ ဘာမှမစားတာ ဒါမှမဟုတ် အိပ်ယာဝင်ချိန်နဲ့ အစာစားချိန်ကို ၃ နာရီလောက်ခွာထားတာတွေက အိပ်စက်မှုကို အကျိုးပြုသလို ကိုယ်အလေးချိန်မတက်စေဖို့ နည်းလမ်းကောင်းလည်းဖြစ်ပါတယ်။

8. သာယာနာပျော်ဖွယ် ဂီတသံများ နားဆင်ပါ - ငြိမ့်ငြောင်းပြီး သာယာနာပျော်ဖွယ်ရှိတဲ့ ဂီတသံစဉ်တွေကို အိပ်ယာဝင်ခါနီးမှာ နားဆင်ပေးပြီး သက်သောင့်သက်သာ အိပ်စက်မယ်ဆိုရင် ကောင်းမွန်စွာ အိပ်ပျော်နိုင်ပါတယ်။ မျိုးတွေပေါ့။

9. လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပါ - မီးချောင်း၊ တီဗီ၊ ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတိုင်းကို ပိတ်ထားတာက အိပ်စက်မှုကို အထောက်အကူဖြစ်စေပါတယ်။ အိပ်ယာဝင်ခါနီးမှာ ဖုန်းကြည့်တာမျိုးကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။

10. ကော်ဖီ၊ အရက်လျှော့သောက်ပါ - ကြိုက်တတ်လို့ သောက်တယ်ဆိုရင်တောင်မှ ပမာဏကို လျှော့ချသင့်သလို ညအိပ်ယာဝင်ခါနီးမှာလည်း မသောက်သုံးသင့်ပါဘူး။ ကော်ဖီရော အရက်ရောဟာ အိပ်စက်မှုကို အနှာင့်အယှက်ပြုတဲ့အရာတွေဖြစ်ကြပါတယ်။



Ref: Healthline

ကိုယ်ဝန်ပျက်ကျခြင်း၊ သားလျှောသားပျက်ခြင်းမိသားစုဘဝလေးပြည့်စုံဖို့ ရင်သွေးလေးလိုချင်ပါတယ်ဆိုမှ ပျက်ကျသွားမှာ စိုးရိမ်နေလာ...
29/06/2022

ကိုယ်ဝန်ပျက်ကျခြင်း၊ သားလျှောသားပျက်ခြင်း

မိသားစုဘဝလေးပြည့်စုံဖို့ ရင်သွေးလေးလိုချင်ပါတယ်ဆိုမှ ပျက်ကျသွားမှာ စိုးရိမ်နေလား? သားလျှောသားပျက်ခြင်းအကြောင်း ဒါလေးတွေ သတိထားစေချင်ပါတယ်နော်။

ရာသီထိမ်၊ ဆီးစစ်လို့ နှစ်ကြောင်းပေါ်ပြီးချိန်မှစ ကိုယ်ဝန်အစောပိုင်းကာလ ၃ လ - ၄ လ အတွင်း သန္ဓေသား ထွက်ကျသွားတာကို ကိုယ်ဝန်ပျက်ကျခြင်း လို့ ခေါ်ပါတယ်။

ကျန်းမာရောဂါကင်းတဲ့ မိခင်တွေမှာလည်း အလိုလျောက်သားပျက်သားလျှောနိုင်သလို မတော်တဆထိခိုက်မိခြင်းနှင့် အချို့သောအခြေအနေတွေကြောင့် ပိုပျက်ကျနိုင်ခြေရှိပါတယ်။

ဘယ်သူတွေ ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများသလဲ ကြည့်ရအောင်။
• အသက် ၃၅ နှစ် အထက် ကိုယ်ဝန်ဆောင်မိခင်
• ယခင်က ကိုယ်ဝန်ပျက်ကျဖူးသူ
• အဟာရချို့တဲ့လွန်းသူ
• အရက်၊ ဆေးလိပ်နှင့် တားမြစ်ဆေးဝါးသုံးသူ
• လုပ်ငန်းခွင်တွင် ဓာတုဆေးဝါးနှင့် ဓာတ်ရောင်ခြည် ထိတွေ့မှုရှိသူ
• လိင်မှတဆင့် ကူးစက်သောရောဂါများရှိသူ
• နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ ကဲ့သို့ နာတာရှည်ရောဂါရှိသူ
• သားအိမ်အနေအထားမမှန်ခြင်း၊ အလုံးတည်ခြင်း နှင့် သားအိမ်ခေါင်းတွင် ရောဂါရှိသူ
• သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိပြီး ကောင်းစွာထိန်းချုပ်ကုသမှုမခံယူထားသူ
• ဟော်မုန်းရောဂါများရှိသူ
• သိုင်းရွိုက်ဂလင်းရောဂါရှိသူ
• သွေးရောဂါရှိသူ ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။

မျိုးမအောင်သောသန္ဓေဖြစ်ခြင်း၊ သန္ဓေသားပုံမမှန်ခြင်း၊ ခရိုမိုဇုန်းရောဂါများဖြစ်ခြင်း၊ သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများကြောင့်လည်း ပျက်ကျနိုင်ပါတယ်။

ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးမှာ
- မိန်းမကိုယ်မှ သွေးတစက်စက်ကျခြင်း
- အညိုရောင်အရည်ကျဲကျဲဆင်းခြင်း
- သွေးနှင့် သန္ဓေသားတစ်ရှူးစ အတုံးအခဲများဆင်းခြင်း
- ဝမ်းဗိုက်အောက်ပိုင်း၊ ကျောနှင့် တင်ပါးခွက်ထဲတွင် ဆုပ်ဆွဲထားသလို နာကျင်ကိုက်ခဲခြင်း ဖြစ်ပြီဆိုရင် ကိုယ်ဝန်ပျက်ကျတာဖြစ်ပါတယ်။

ကိုယ်ဝန်ပျက်ကျတယ်လို့ ကိုယ့်ကိုယ်ကိုယ်သံသယရှိတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်တာ၊ ဆေးရုံသွားတာမျိုးလုပ်ပါ။

သွေးဆင်းများခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်းဗိုက်နာခြင်း၊ မိန်းမကိုယ်မှ အနံ့ဆိုးသော အရည်များဆင်းခြင်း ဖြစ်လာရင် သားအိမ်တွင်း ပိုးဝင်နေတာဖြစ်ပြီး မိခင်အသက်အန္တရာယ်ရှိနိုင်ပါတယ်။

အချို့သူတွေမှာ သန္ဓေသားနှင့်အချင်းတစ်ရှူး အကုန်လုံးထွက်ကျပြီး သားအိမ်ခြစ်ဖို့မလိုတတ်ပါဘူး။ သန္ဓေသားအကုန်လုံးထွက်ကျတာမျိုးမဟုတ်ဘဲ တစ်ရှူးအပိုင်းအစလေးတွေ ကျန်နေရင်တော့ သားအိမ်ခြစ်ဖို့လိုပါတယ်။

ဘယ်လိုဂရုစိုက်ကြမလဲ?

• ကိုယ်ဝန်ရှိပြီဆိုတာ စသိသိချင်းကတည်းက ကိုယ်ဝန်မှန်မှန်အပ်ပြီး ဂရုစိုက်ပါ။
• ဖောလစ်အက်ဆစ်သောက်ပါ။
• အဟာရပြည့်ဝအောင်စားသောက်ပါ။
• ကက်ဖင်းပါတာတွေလျှော့သောက်ပါ။
• အရက်၊ ဆေးလိပ်ဖြတ်ပါ။
• ပေါ့ပါးသော လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။
• ကိုယ်ဝန်ပျက်ကျစေနိုင်သော အကျင့်များကိုရှောင်ပါ။
• လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများရှိရင် ကြိုတင်ကုသမှုခံယူပါ။

လိင်ဆက်ဆံခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ သာမာန်အလုပ်လုပ်ခြင်း တို့ကြောင့်တော့ ကိုယ်ဝန်ပျက်မကျစေပါဘူးနော်။

ကိုယ်ဝန်ရဖို့ ခက်ခဲနေတာ၊ ကိုယ်ဝန်ဆောင်တိုင်းတဲ့အကြိမ်တိုင်း ၃ ကြိမ်ထိ ဆက်တိုက်ပျက်ကျနေတာမျိုးဆိုရင်တော့ ကိုယ်ဝန်မဆောင်မီအချိန်ကစပြီး သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။


#ဟက်ပီး

တားဆေးတွေက စသောက်တာနဲ့ ကိုယ်ဝန်တားပေးနိုင်သလား၊၊တားဆေးအများစုက ဟော်မုန်းပါတာဖြစ်တဲ့အတွက်  အာနိသင်ပြဖို့ ရက်ပိုင်းလောက် စ...
23/06/2022

တားဆေးတွေက စသောက်တာနဲ့ ကိုယ်ဝန်တားပေးနိုင်သလား၊၊

တားဆေးအများစုက ဟော်မုန်းပါတာဖြစ်တဲ့အတွက် အာနိသင်ပြဖို့ ရက်ပိုင်းလောက် စောင့်ရပါတယ်၊၊ ဘာကြောင့်ပြောရတာလဲဆိုတော့ အတွဲတွေက တားဆေးစသုံးပြီးတာနဲ့ အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ယူဆကြလို့ပါ၊၊

တားဆေးတွေက ရာသီစက်ဝန်းရဲ့ ဘယ်အချိန်မှာမဆို သုံးလို့ရပါတယ်၊၊ ဒါပေမယ့် ဆရာဝန်တွေက ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း စသောက်ခိုင်းကြပါတယ်၊၊ ဘာကြောင့်လဲဆိုတော့ ဒီရက်တွေမှာဆိုရင် အတူနေလည်း ကိုယ်ဝန်မရနိုင်လို့ပါ (ရာသီစက်ဝန်းတိုတဲ့သူတွေက ခြွင်းချက်ပါ)၊၊

ဒါပေမယ့် တခြားရက်တွေမှာ သောက်မယ်ဆိုရင်တော့ အာနိသင်ပြမယ့်ရက် မရောက်မချင်း အတူနေတာကို ရှောင် ဒါမှမဟုတ် အတူနေမယ်ဆို ကွန်ဒုံးသုံးဖို့ လိုပါတယ်၊၊

ဘယ်နှရက်ရှောင်ရမလဲဆိုတာကတော့

-ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေးသောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း၊ ဟော်မုန်းပါ သားအိမ်ထဲထည့်တဲ့ပစ္စည်းဆိုရင် ၇ရက်ရှောင်ရပါတယ်၊၊
-ဟော်မုန်း တစ်မျိုးတည်းပါတဲ့ သောက်ဆေးဆိုရင် ၂ရက်ရှောင်ရပါတယ်၊၊
-ကော့ပါးပါတဲ့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းက ချက်ချင်း အာနိသင်ပြတဲ့အတွက် ရှောင်စရာမလိုပါဘူး၊၊

ဒီလိုရက်ရှောင်ရမှာက ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်းမဟုတ်ဘဲ တခြားနေ့မှာ စသုံးမယ့်သူတွေအတွက်ပါ၊၊ စလာပြီး ၅ရက်အတွင်းဆို မလိုပါဘူး၊၊


#ဟက်ပီး

၂၀၂၂ ခုနှစ်အတွက် ပြင်သစ်နိုင်ငံထုတ် ​ပြင်းထန်ရာသီတုပ်​ကွေးကာကွယ်​ဆေး (​လေးမျိုးစပ်) Vaxigrip Tetra Myanmar FDA Registere...
22/06/2022

၂၀၂၂ ခုနှစ်အတွက် ပြင်သစ်နိုင်ငံထုတ် ​ပြင်းထန်ရာသီတုပ်​ကွေးကာကွယ်​ဆေး (​လေးမျိုးစပ်) Vaxigrip Tetra Myanmar FDA Registered ထပ်​မံရောက်ရှိပါပြီ။

(DKSH ကုမ္ပဏီမှဖြန့်ချိ​သော Cold chain စိတ်ချရသည့်ကာကွယ်​ဆေးများဖြစ်ပါတယ်။)

ထိုးနှံနိုင်သည့်အသက်အရွယ် - အသက် (၆) လအရွယ်မှစတင်၍ထိုးနှံနိုင်ပါသည်။

အသက် (၉)နှစ်နှင့်အထက် တစ်ကြိမ်သာထိုးရန်လိုအပ်ပြီး
အသက် (၉)နှစ်​အောက် က​လေးငယ်များ ယခင်က တုပ်​ကွေးကာကွယ်​ဆေးထိုးနှံဖူးခြင်းမရှိပါက စထိုးသည့်နှစ်တွင် တစ်လခြားပြီး (၂) ကြိမ်ထိုးရန်လိုအပ်ပါတယ်။ အသက် (၉) နှစ်​အောက် က​လေးငယ်များ ယခင်က တုပ်​ကွေးကာကွယ်​ဆေးထိုးနှံဖူးပါက တစ်ကြိမ်သာထိုးရန်လိုအပ်ပါသည်။

ထိုးနှံသင့်သူများ -
✅က​လေးငယ်များ
✅အသက်အရွယ်ကြီးသူဘိုးဘိုးဘွားဘွားများ
✅နာတာရှည်​ရောဂါအခံရှိသူများ
✅ကိုယ်ခံအားနည်းသူများ
✅​နေ့စဥ်လူထုထဲအလုပ်လုပ်​နေရပြီးကူးစက်နိုင်​ချေရှိသူများ
✅ကိုယ်ဝန်​ဆောင်မိခင်များ
✅ကျန်းမာ​ရေးလုပ်သားများ

ရာသီတုပ်​ကွေးကာကွယ်​ဆေးထိုးပြီး ၇ - ၁၀ ရက်ကြာမှကိုယ်ခံအား စထွက်တာမို့ တုပ်​ကွေးရာသီမစမီ ​စော​စောထိုး​လေ ပို​ကောင်း​လေပါ။

​​​စျေးနှုန်း - တစ်ဦးလျှင် ၃၀,၀၀၀ကျပ်။

​​ဆေးခန်းသို့လာ​ရောက်ထိုးနှံနိုင်သလို အိမ်အ​ရောက်ဝန်​ဆောင်မှုလည်းရှိပါတယ်။
မြို့နယ်အလိုက် ခရီးစရိတ်အား အထူးသက်သာ​သောနှုန်းထားများဖြင့် စီစဥ်ထားပါတယ်။
တစ်​နေရာတည်းတွင် လူ (၁၀) ဦးနှင့်အထက်ထိုးနှံပါက ခရီးစရိတ်အခမဲ့ပါ။

ကာကွယ်​ဆေးများအရည်အ​သွေးအပြည့်အဝရ​စေရန် WHO အသိအမှတ်ပြု ကာကွယ်​ဆေးသီးသန့်ထားသိုသည့်​ရေခဲ​သေတ္တာ (Medical grade ice-lined refrigerator) ဖြင့်ထားသိုသည့်အတွက် မီးပျက်လျှင်လည်း Cold chain ပျက်မှာ စိတ်ပူစရာမလို​တော့ပါ။

(ကုပ္မဏီများ၊​သင်တန်း​ကျောင်းများ၊စက်ရုံ၊အလုပ်ရုံများ၊ အသင်းအဖွဲ့များအတွက်အထူး​​စျေးနှုန်းများရှိပါတယ်။)

ကြိုတင်စာရင်း​ပေးရန်နှင့်စုံစမ်း​မေးမြန်းရန်
-09 517 4191 (Viber, Phone call)
Page messenger

​ဆေးခန်းလိပ်စာ
အမှတ် ၃၃၅, က-၆ လမ်း
မြို့သစ်ဈေး
အင်းစိန်မြို့နယ်၊ ရန်ကုန်။

အလင်းရောင်ဆေးကုခန်းလေးမှာ အိမ်တိုင်ရာရောက် Ultrasound တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်ကူးခြင်း service လေး ရရှိနေပါပြီ☘️မိမိ...
22/06/2022

အလင်းရောင်ဆေးကုခန်းလေးမှာ အိမ်တိုင်ရာရောက် Ultrasound တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်ကူးခြင်း service လေး ရရှိနေပါပြီ☘️

မိမိနဲ့ မိသားစု ကျန်းမာရေးအတွက် Ultrasound ရိုက်ဖို့ကလည်း လိုအပ်နေပြီ
ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲရှိနေတဲ့သူများအတွက် အပြင်ထွက်စရာမလိုဘဲ အိမ်မှာပင် Ultrasound ရိုက်ကူးလို့ရမှာဖြစ်ပါတယ်🚑

🔸️ဝမ်းဗိုက်အတွင်းအင်္ဂါများ၊ သားအိမ်အတွင်းအင်္ဂါများ အတွင်း အလုံး၊ အကျိတ် တို့ကို စမ်းသပ်ပုံဖော်၍ ရောဂါရှာဖွေခြင်း၊
🔸️ကိုယ်ဝန်ဆောင် မိခင်များ ကလေးမွေးဖွားမည့်ရက်၊ ရင်သွေးအနေအထား၊ အချင်းအနေအထားတို့ကို စမ်းသပ်စစ်ဆေးခြင်း၊
🔸️အဆုတ် နဲ့ နှလုံး အခြေအနေများ

စသည်တို့ကို ဆေးရုံဆေးခန်းသို့ ကိုယ်တိုင်လာရောက်စရာမလိုဘဲ ကြိုတင် Booking တင်ရုံနှင့် အလင်းရောင်ဆေးခန်းမှ ဓါတ်မှန်ဆရာဝန်များမှ အိမ်တိုင်ရာရောက် လာရောက် ရိုက်ကူးပေးနေပါပြီ။

အသေးစိတ်စုံစမ်းလိုပါက
Messenger မှ ဖြစ်စေ၊ ဆေးခန်းဖုန်း 09 517 4191 မှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

ဆေးခန်းတွင်လဲ အပတ်စဉ် အင်္ဂါ/ ကြာသပတေးနေ့လေးတွေမှာ လာရောက် ရိုက်ကူးနိုင်ပါတယ်။

ကြိုတင်စာရင်းပေးသွင်းခြင်းကိုတော့ ဆောင်ရွက်ပေးဖို့ လိုပါမယ်ရှင့်☘️

💫အလင်းရောင်ဆေးခန်း
အမှတ် ၃၃၅
က - ၆ လမ်း
မြို့သစ်ဈေး, အင်းစိန်
ဖုန်း : ၀၉ ၅၁၇ ၄၁၉၁




photo credit #

Vaxigrip Tetra 2022 ရာသီတုပ်ကွေး ကာကွယ်ဆေးအား အလင်းရောင်အထွေထွေရောဂါကုဆေးခန်းတွင် ကြိုတင်စာရင်းပေး၍ ထိုးနှံနိုင်ပါပြီ☘️☘...
20/06/2022

Vaxigrip Tetra 2022 ရာသီတုပ်ကွေး ကာကွယ်ဆေးအား အလင်းရောင်အထွေထွေရောဂါကုဆေးခန်းတွင် ကြိုတင်စာရင်းပေး၍ ထိုးနှံနိုင်ပါပြီ☘️☘️

☘️Vaxigrip Tetra 2022 က အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါတယ်။
- A/H1 N1
- A/H3 N2
- B/Austria
- B/Phuket

ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံသင့်သူများ
- သက်ကြီးရွယ်အို (အသက် ၆၅ နှစ် အထက်)
- ရောဂါအခံရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံး နှင့်ကျောက်ကပ်၊ အဆုတ်ရောဂါရှိသူများ)
- ကိုယ်ဝန်ဆောင်သည်များ
- ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ (HIV, ကင်ဆာရောဂါသည်)
- ကိုယ်ခံအားကျဆင်းသည့် ဆေးသောက်နေရသူများ
- ကျန်းမာရေးဝန်ထမ်းများ….အား ဥိီးစားပေးထိုးနှံသင့်ပါသည်။

👼ကလေးများ
- အသက် (၆)လ အရွယ်မှ စတင်၍ ထိုးနှံနိုင်ပါသည်။
- အသက်(၆)လမှ (၉)နှစ်ကလေးများတွင် ယခင်ကထိုးခဲ့ဘူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။
- ယခင်က ထိုးခဲ့ဖူးခြင်းမရှိပါက ပထမ အကြိမ်(၁)လုံးထိုးပြီး တစ်လအကြာတွင် နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။

- အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်လိုအပ်ပါသည်။

🤰👩‍🍼 ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များလည်း ထိုးနှံနိုင်ပါသည်။

❌ကာကွယ်ဆေးထိုးနှံရန် မသင့်လျော်သူများ”
- Egg albumin (ကြက်ဥ) နှင့်ဆိုးရွားစွာ ဓါတ်မတည့်သူများ
- ဓါတ်မတည့်ရောဂါအခံရှိသူများ
- လတ်တလော ဖျားနေသူများအဖို့ နေကောင်းသက်သာမှထိုးသင့်ပါမည်။

💢ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများ (Side Effects)
- အဖျားငွေ့ငွေ့တက်နိုင်ခြင်း
- ထိုးထားသည့်နေရာတွင် နာကျင် ကိုက်ခဲခြင်း
- ကြွက်သားများကိုက်ခဲခြင်း…တို့ဖြစ်နိုင်ပါသည်။

💊ထိုသို့ ဖြစ်လာလျှင် အကိုက်အခဲ ပျောက်ဆေး (ပါရာစီတမော) သို့မဟုတ် ဆရာဝန်ညွှန်ကြားသောဆေး သောက်သုံးပေးနိုင်ပါသည်။

💦Covid နှင့် ရာသီတုပ်ကွေး
- ကိုဗစ် ဖြစ်ပြီးသူများတွင်လည်း တုပ်ကွေး ကာကွယ်ဆေး ထိုးနိုင်ပါသည်။
- Covid ကာကွယ်ဆေး နှင့် တုပ်ကွေးကာကွယ်ဆေး အား တစ်ပြိုင်နက်တည်းလည်း ထိုးနှံနိုင်ပါသည်။
- ကာကွယ်ဆေးများ ထိုးထားခြင်းဖြင့် ရောဂါ ဖြစ်ပွါးလာပါက ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။

💢အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးပေးသော ဝန်ဆောင်မှုလည်း ရယူနိုင်ပါသည်။

💫company အသင်းအဖွဲ့များ၊ သင်တန်း အဖွဲ့အစည်းများကိုလည်း သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆောင်ရွက်ပေးနေပါသည်။

☘️ကာကွယ်ဆေးထိုးနှံလိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီရှင့်☘️

အသေးစိတ်သိရှိလိုပါက
📩Page messenger chat box သို့မဟုတ်
☎️09- 517 4191

📝အမှတ် - 335 , က - ၆ လမ်း, မြို့သစ်ဈေး
အင်းစိန်မြို့နယ်။






Monkey Pox (မျောက်ကျောက်ရောဂါ) Credit : WHO
02/06/2022

Monkey Pox (မျောက်ကျောက်ရောဂါ)

Credit : WHO

မတူညီသော COVID-19 ကာကွယ်ဆေးများကို ထိုးနှံခြင်းသည် ဘေးကင်းပါသလား?အချက်အလက်အမှန်🎉🎉ဘေးကင်းပါသည်။ WHO သည် မတူကွဲပြားသည့် CO...
02/06/2022

မတူညီသော COVID-19 ကာကွယ်ဆေးများကို ထိုးနှံခြင်းသည် ဘေးကင်းပါသလား?

အချက်အလက်အမှန်🎉🎉

ဘေးကင်းပါသည်။
WHO သည် မတူကွဲပြားသည့် COVID-19 ကာကွယ်ဆေးများအသုံးပြုမှုကို လက်ခံပါသည်။
ဆိုလိုသည်မှာ ကာကွယ်ဆေးထိုးနှံသည့်အကြိမ်ရေများတွင် မတူညီသော ကာကွယ်ဆေးအမျိုးအစားများကို အသုံးပြုခြင်းကိုဆိုလိုသည်။

လေ့လာချက်များအရ မတူညီသောကာကွယ်ဆေးများထိုးနှံခြင်းသည် ကာကွယ်ဆေးတစ်မျိုးတည်းကို အကြိမ်တိုင်းထိုးနှံခြင်းကဲ့သို့ ရောဂါပိုးကိုတိုက်ဖျက်နိုင်ကြောင်း အကြံပြုချက်များစွာကို WHO မှ ထုတ်ပြန်ထားပါသည်။

Source : https://www.facebook.com/WorldHealthOrganizationMyanmar/

အလင်းရောင်ဆေးကုခန်းတွင် Moderna COVID-19 vaccine ထိုးလို့ ရပါပြီ..တစ်ဦးလျှင် - ၁၇၀၀၀၀ ကျပ်Home visit - အနည်းဆုံး ၅ ဦးစုပ...
01/06/2022

အလင်းရောင်ဆေးကုခန်းတွင် Moderna COVID-19 vaccine ထိုးလို့ ရပါပြီ..

တစ်ဦးလျှင် - ၁၇၀၀၀၀ ကျပ်

Home visit - အနည်းဆုံး ၅ ဦးစုပေးရပါမည်။

မြို့နယ်အလိုက် သယ်ယူပို့ဆောင်စရိတ် အနည်းဆုံးဖြင့် လာရောက် ထိုးနှံပေးပါမည်☘️☘️

အသေးစိတ်ကို cb မှတဆင့် မေးမြန်နိုင်ပါသည်။

Address

Insein
Yangon

Telephone

+9595174191

Website

Alerts

Be the first to know and let us send you an email when A Lin Yaung Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to A Lin Yaung Clinic:

Share