05/08/2026
Human Papillomavirus Vaccination (HPV) - သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအကြောင်းသိကောင်းစရာ
သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေကြားမှာ ဒုတိယအဖြစ်အများဆုံးနဲ့ အသက်အန္တရာယ်ကို အပေးနိုင်ဆုံး ကင်ဆာရောဂါတစ်ခု ဖြစ်ပါတယ်။
✨ ဒီကင်ဆာဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီး ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ 🔬 HPV (Human Papillomavirus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။
⚠️ အဆိုပါပိုးဟာ လိင်ဆက်ဆံမှုကတစ်ဆင့် အဓိကကူးစက်တတ်ပြီး ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ အခြေချရာကနေ သားအိမ်ခေါင်းဆဲလ်တွေကို ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲပစ်တတ်ပါတယ်။
💉 ဒါကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ အသက် (၉) နှစ်မှစ၍ လိင်မဆက်ဆံဖူးသေးခင် အချိန်မှာ HPV ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းပဲ ဖြစ်ပါတယ်။
👩 အသက်အရွယ်မရွေး အမျိုးသမီးတိုင်း မိမိကိုယ်ကို သားအိမ်ခေါင်းကင်ဆာဘေးမှ ကာကွယ်ဖို့ ကျန်းမာရေးအသိရှိရှိဖြင့် ကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။ 🥰
#သားအိမ်ခေါင်းကင်ဆာ ာကွယ်ဆေး #အမျိုးသမီးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ