Happy & Co.

Directions Website Contact the practice

Happy & Co. ဦးနှောက်နဲ့ နှလုံးသားလေးတို့ ဟန်ချက်ညီညီ အချိတ်အဆက်မိလာပြီး၊ ပျော်ရွှင်မှုတွေခံစားရအောင် ကုစားပေးမယ့်ရပ်ဝန်း

“ငါ” ဆိုတာ ဒီလို ဖြစ်လာခဲ့တာ — စိတ်ဒဏ်ရာတွေက ပုံသွင်းလိုက်တဲ့ ငါ့ရဲ့ ပုံစံများ❣️တစ်ခါတလေ မှန်ထဲကို ကြည့်ရင်း ဒါမှမဟုတ် က...
12/10/2026

“ငါ” ဆိုတာ ဒီလို ဖြစ်လာခဲ့တာ — စိတ်ဒဏ်ရာတွေက ပုံသွင်းလိုက်တဲ့ ငါ့ရဲ့ ပုံစံများ
❣️တစ်ခါတလေ မှန်ထဲကို ကြည့်ရင်း ဒါမှမဟုတ် ကိုယ့်ရဲ့ အပြုအမူတွေကို ပြန်သတိထားမိရင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိဖူးပါသလား။
👉“ငါက ဘာလို့ လူတွေကို ဒီလောက် မယုံရဲရတာလဲ”
👉“ငါက ဘာလို့ နည်းနည်းလေး အဆင်မပြေတာနဲ့ အလန့်တကြား တွယ်ကပ်မိတာလဲ၊ ဒါမှမဟုတ် အဝေးကို ပြေးထွက်ချင်ရတာလဲ”
👉“ငါက ဘာလို့ အမြဲတမ်း ပြီးပြည့်စုံနေအောင် အတင်းကြိုးစားပြီး တခြားသူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်နေရတာလဲ”
❣️ဒါတွေကို မွေးရာပါ စရိုက်လို့ ထင်တတ်ကြပါတယ်။
🥺ဒါပေမဲ့ တကယ်တော့ ဒီနေ့ မြင်တွေ့နေရတဲ့ “ငါ” ဆိုတဲ့ ပုံစံဟာ အတိတ်က နာကျင်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တည်ဆောက်ခဲ့ရတဲ့ အကာအကွယ်အလွှာတွေ ဖြစ်နေတတ်ပါတယ်။
နာကျင်မှုတွေက ထွင်းထုလိုက်တဲ့ အကျင့်စရိုက်များ
❣️လူတစ်ယောက်ဟာ အကြောင်းမဲ့ ခက်ထန်မလာသလို၊ အကြောင်းမဲ့လည်း ကြောက်ရွံ့မနေပါဘူး။
📌အရာရာကို ထိန်းချုပ်ချင်စိတ် (Control Freak ဖြစ်ခြင်း)
ငယ်စဉ်က ကိုယ့်ရဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေဟာ ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိဘဲ ရုတ်တရက် ချိုးဖောက်ခံခဲ့ရဖူးတဲ့အခါ— ကြီးပြင်းလာချိန်မှာ ဘာတစ်ခုမှ မလွတ်ထွက်သွားအောင်၊ ထပ်ပြီး အန္တရာယ်မကြုံရအောင် အရာရာကို အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားတတ်တဲ့ “ငါ” ဖြစ်လာပါတယ်။

📌လူတိုင်းကို အလိုလိုက်အလိုက်သိချင်ခြင်း (People Pleaser ဖြစ်ခြင်း)
ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်ပြရင် အပြစ်တင်ငြင်းပယ်ခံရမှာ၊ စွန့်ပစ်ခံရမှာ ကြောက်ခဲ့ဖူးတဲ့အခါ— ကိုယ့်ဆန္ဒကို ဖျောက်ဖျက်ပြီး တခြားသူတွေ သဘောကျအောင် ဟန်ဆောင်ပြုံးပြတတ်တဲ့ “ငါ” ဖြစ်လာပါတယ်။

📌အေးစက်ပြီး တစ်ကိုယ်တည်း နေတတ်ခြင်း (Hyper-independence)
အားကိုးဖို့ ကြိုးစားတိုင်း လျစ်လျူရှုခံခဲ့ရတာ၊ အကူအညီတောင်းတိုင်း ပိုနာကျင်ခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့အခါ— “ဘယ်သူ့ကိုမှ မယုံဘူး၊ ငါ့ဘာသာငါပဲ လုပ်မယ်” ဆိုပြီး မာကျောတဲ့ တံတိုင်းခတ်ထားတဲ့ “ငါ” ဖြစ်လာပါတယ်။

🥺ဒီလို စရိုက်တွေဟာ အလကားပေါ်လာတာ မဟုတ်ပါဘူး။
အဲဒီအချိန်တုန်းက အသက်ရှင်ကျန်ရစ်ဖို့အတွက်၊ ဒီထက်ပိုပြီး မနာကျင်ရတော့ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရွေးချယ်ခဲ့ရတဲ့ သံချပ်ကာအင်္ကျီတွေ ဖြစ်ခဲ့ပါတယ်။🥺
“ငါ” ဆိုတာ ဒီဒဏ်ရာတွေချည်းပဲ မဟုတ်ပါဘူး…..
ဒါပေမဲ့ ပြဿနာက အဲဒီအကာအကွယ်တွေဟာ အတိတ်က ကလေးတစ်ယောက်အတွက် လိုအပ်ခဲ့ပေမဲ့၊ အခု အရွယ်ရောက်လာတဲ့အခါမှာတော့ ကိုယ့်ကို ချစ်ခင်နွေးထွေးတဲ့ ဆက်ဆံရေးတွေဆီ မရောက်နိုင်အောင် ပိတ်ပင်ထားတဲ့ အတားအဆီးတွေ ပြန်ဖြစ်လာတာပါပဲ။🥺

👉ဒီနေ့မှာ သင့်ရဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက်တွေကို ပြန်ငဲ့ကြည့်ပြီး —
“အော်… ငါ ဒီလိုတွေ ခက်ထန်နေတာ၊ ငါ ဒီလိုတွေ မလုံခြုံဘဲ စိုးရိမ်နေတာဟာ ငါ့ရဲ့ စိတ်ဒဏ်ရာဟောင်းတွေက ပုံသွင်းထားလို့ပါလား”
ဆိုတာကို သတိပြုမိလိုက်တာနဲ့တင် သင့်ကိုယ်သင် နားလည်ပေးနိုင်တဲ့ လမ်းစ ပွင့်သွားပါပြီ။
👉သင်ဟာ သင့်ရဲ့ ဒဏ်ရာတွေ မဟုတ်ပါဘူး။ အဲဒီဒဏ်ရာတွေက ပုံသွင်းထားတဲ့ အကျင့်ဟောင်းတွေကို ဖြည်းဖြည်းချင်း ပြန်လည် ချွတ်ခွာခွင့် ရှိပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်လည် မွေးဖွားခွင့်
“ငါဆိုတာ ဒီလို ဖြစ်လာခဲ့တာ” ဆိုတာကို သိမြင်လိုက်တဲ့အခါ အတိတ်ကို အပြစ်တင်ဖို့ မဟုတ်ဘဲ၊ အဲဒီလို ခက်ခဲတဲ့ ဒဏ်ရာတွေကြားကနေ ဒီနေ့အထိ ကြံ့ကြံ့ခံပြီး ရှင်သန်လာနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်စာနာဖို့ ဖြစ်ပါတယ်။💖
Happy & Co. မှာ ကျွန်မတို့ ယုံကြည်တာတစ်ခုရှိပါတယ်။
အတိတ်က နာကျင်မှုတွေက သင့်ရဲ့ အစပျိုးမှုကို ပုံသွင်းခဲ့တယ်ဆိုရင်တောင်၊ ဒီနေ့နဲ့ နောင်အနာဂတ်မှာ သင် ဘယ်လိုလူအဖြစ် ဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ သင်ကိုယ်တိုင် ပြန်လည် ရွေးချယ်တည်ဆောက်ခွင့် ရှိပါတယ်။🙌
💖သင့်ရဲ့ အကာအကွယ်တံတိုင်းတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပြီး၊ စစ်မှန်တဲ့ ကိုယ့်ရဲ့ သဘာဝအတိုင်း အေးချမ်းစွာ နေထိုင်နိုင်မယ့် အဆုံးသတ်သစ်တစ်ခုကို Happy & Co. က အမြဲ အတူတူ ဖေးမရှာဖွေပေးပါမယ်။

ပြီးပြည့်စုံနေစရာ မလိုဘူး၊ ဒီတိုင်း ရှင်သန်နေရတာနဲ့တင် လုံလောက်တယ်“အဆင်ပြေရဲ့လား” လို့ မေးလာရင် “ပြေပါတယ်” လို့ပဲ ခပ်မြန...
10/10/2026

ပြီးပြည့်စုံနေစရာ မလိုဘူး၊ ဒီတိုင်း ရှင်သန်နေရတာနဲ့တင် လုံလောက်တယ်
“အဆင်ပြေရဲ့လား” လို့ မေးလာရင် “ပြေပါတယ်” လို့ပဲ ခပ်မြန်မြန် ဖြေမိတဲ့နေ့တွေ လူတိုင်းမှာ ရှိပါတယ်။
တကယ်တော့ အဆင်မပြေပါဘူး။🥺
အလုပ်တွေက မပြီးနိုင်ဘူး၊
စိတ်ထဲမှာ တစ်ခုခုကို အမြဲစိုးရိမ်နေရတယ်၊
ညဘက်ဆို အတွေးတွေများပြီး အိပ်မပျော်
ဘူး။
မနက်မိုးလင်းရင်လည်း အင်အားအပြည့်နဲ့ နိုးထလာတာ မဟုတ်ဘဲ တာဝန်အရ လူရှေ့မှာ ပုံမှန်အတိုင်း ပြုံးပြနေရတာမျိုး။
🥺လူတွေက ပြောကြတယ် — အမြဲတမ်း active ဖြစ်နေရမယ်၊ အောင်မြင်နေရမယ်၊ ပျော်ရွှင်နေရမယ်တဲ့။
❣️ဒါပေမဲ့ ဘယ်သူမှ စက်ရုပ်မဟုတ်ပါဘူး။ ❣️တစ်ခါတလေ ဘာမှမလုပ်ချင်ဘဲ ခြေပစ်လက်ပစ် နေချင်တာ၊ အခန်းထဲမှာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ငြိမ်နေချင်တာ၊ စိတ်ဓာတ်ကျပြီး အားလုံးကို လက်ပစ်ကူးရတာ မောလာတာတွေဟာ weakness မဟုတ်သလို၊ အပြစ်လည်း မဟုတ်ပါဘူး။
❣️လူသားဖြစ်နေလို့ ကြုံရတဲ့ သဘာဝတရားတစ်ခုပါပဲ။
🥺ခက်တာက ကျွန်မတို့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးဖို့ထက် တခြားသူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ပဲ အမြဲ ဦးစားပေးနေမိကြတာ။
🙌ပျော်ရွှင်မှုဆိုတာ ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေ၊ အမြဲတမ်း ပြုံးရယ်နေရတာတွေကို မဆိုလိုပါဘူး။
💖ဒီနေ့ မောနေရင် မောနေမှန်း ကိုယ့်ကိုယ်ကိုယ် ဝန်ခံလိုက်တာ
💖မလုပ်နိုင်သေးတဲ့ အရာတွေကို အတင်းတွန်းမလုပ်ဘဲ ဒီတိုင်း ခဏထားလိုက်တာ
💖“မလုပ်ပေးနိုင်ဘူး” လို့ တခြားသူကို အားမနာတမ်း ငြင်းလိုက်နိုင်တာ
💖ဘာအကျိုးမှ မရှိဘူးဆိုရင်တောင် ကိုယ့်စိတ်လေး ခဏပေါ့သွားမယ့် အရာတစ်ခုခုကို ရွေးချယ်လိုက်တာ
💖ဒါတွေဟာလည်း တကယ့် လက်တွေ့ကျတဲ့ သက်သာရာတွေပါပဲ။
🙌ဒီနေ့မှာ မောင်နှမတို့ဘက်က ဘာကြီးမှ ပြီးပြည့်စုံနေအောင် လုပ်ပြစရာ မလိုပါဘူး။
🙌💖လောကကြီးရဲ့ ပြိုင်ပွဲတွေကြားမှာ ခဏလောက် ခြေစုံရပ်ပြီး ကိုယ့်ကိုယ်ကိုယ် သက်ညှာပေးလိုက်ပါ။
💖🙌ဒီနေ့တစ်ရက်ကို မနားတမ်း ရုန်းကန်ပြီး ရှင်သန်ကျော်ဖြတ်လာနိုင်ခဲ့တာနဲ့တင်
လုံလောက်နေပါပြီ။
💖ပျော်ရွှင်ဖို့ မလွယ်ကူတဲ့ နေ့ရက်တွေမှာတောင်၊ ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာ အသက်ရှူခွင့်ပေးဖို့ Happy & Co. က အမြဲ အနားမှာ ရှိနေပါတယ်။

📌ဒေါသဆိုတာ အဆိပ်မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပေးထားတဲ့ ခန္တာကိုယ်ရဲ့ စည်းဘောင်ပါ❣️ကျွန်မတို့ ကြီးပြင်းလာတဲ့ ပ...
16/09/2026

📌ဒေါသဆိုတာ အဆိပ်မဟုတ်ပါဘူး၊ ကိုယ့်
ကိုယ်ကိုယ် ကာကွယ်ဖို့ ပေးထားတဲ့ ခန္တာကိုယ်ရဲ့ စည်းဘောင်ပါ
❣️ကျွန်မတို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ “ဒေါသမထွက်နဲ့၊ စိတ်မတိုနဲ့၊ ယဉ်ကျေးရမယ်” ဆိုတာမျိုးပဲ အမြဲ ကြားခဲ့ရတတ်ပါတယ်။
❣️ဒေါသထွက်တာဟာ မကောင်းတဲ့အရာ၊ အပြစ်တစ်ခုလို သတ်မှတ်ခံရတဲ့အခါ ကျွန်မတို့ ဘာလုပ်ကြသလဲ? အတွင်းထဲမှာပဲ အံကြိတ်ပြီး ဖိသိပ်ထားလိုက်ကြတယ်။
🙌ဒါပေမဲ့ နာမည်ကျော် စိတ်ဒဏ်ရာဆိုင်ရာ ပါရဂူ ဒေါက်တာ Gabor Maté ကတော့ ဒေါသနဲ့ ပတ်သက်ပြီး သိပ်ကို ရှင်းလင်းတဲ့ အမြင်တစ်ခုကို ချပြထားပါတယ်။
👉Healthy Anger (ကောင်းမွန်တဲ့ ဒေါသ) ဆိုတာ ဘာလဲ?
❣️တကယ်တော့ ဒေါသမှာ အဆိုးမြင်စရာ ဘာမှမရှိပါဘူး။
သဘာဝတရားက ကျွန်မတို့ရဲ့ ဦးနှောက်ထဲမှာ ဒေါသ (Anger circuit) ကို ထည့်သွင်းတည်ဆောက်ပေးထားတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။
❣️တိရစ္ဆာန်တစ်ကောင်ရဲ့ နယ်မြေထဲ ကျူးကျော်ဝင်ရောက်သွားတဲ့အခါ သူတို့ ဒေါသမာန်ဖီပြတတ်ကြတယ်။
❣️ဒါဟာ တိုက်ခိုက်ဖို့ သက်သက်ထက် “ဒါ ငါ့နေရာ၊ ကျူးကျော်မလာနဲ့” လို့ သတိပေးပြီး အကြမ်းဖက်မှု မဖြစ်အောင် တားဆီးပေးတဲ့ သဘာဝအကာအကွယ်ပါ။
❣️Healthy ဖြစ်တဲ့ ဒေါသဆိုတာ ရိုးရိုးရှင်းရှင်းပါပဲ—

"မင်း ငါ့စည်းဘောင် (Boundary) ကို ကျူးကျော်လာပြီ။ ရပ်လိုက်ပါ။"

❣️တစ်ဖက်လူကို "မရဘူး/ရပ်ပါ" လို့ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာဟာ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် "တန်ဖိုးထားတယ်၊ ကာကွယ်တယ်" လို့ လက်ခံလိုက်တာ (Saying yes to yourself) ဖြစ်ပါတယ်။
❣️ဥပမာ (Healthy Anger):
ရုံးမှာ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေကို လုပ်ဖော်ကိုင်ဖက်က အမြဲ လွှဲချနေတယ်ဆိုပါစို့။
အားနာပြီး အကုန်ခေါင်းငုံ့ခံမနေသလို၊ ရန်တွေ့အော်ဟစ်စရာလည်း မလိုပါဘူး။
"ဒီအလုပ်က ငါ့ရဲ့ တာဝန်ထဲမှာ မပါဘူး၊ ငါ့မှာလည်း လက်ရှိလုပ်လက်စတွေ အချိန်မီပြီးအောင် လုပ်ရမှာမို့ မကူညီနိုင်တော့ဘူး" လို့ တည်ငြိမ်ပြတ်သားစွာ ပြောဆိုငြင်းပယ်တာမျိုးပါ။
👉ဒေါသကို ဖိသိပ်ထားတဲ့အခါ ဘာဖြစ်လာသလဲ?
❣️ကလေးဘဝမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို လူကြီးတွေက နားလည်မပေးဘဲ လက်မခံတဲ့အခါ ကလေးဟာ မိဘဆီက အချစ်ခံရဖို့၊ အဖွဲ့အစည်းထဲ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ကိုယ့်ခံစားချက်ကို ချုပ်တည်းပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ရပါတယ်။

👉ကြီးပြင်းလာတဲ့အခါ ဒါဟာ ပုံစံနှစ်မျိုးနဲ့ ပြန်ထွက်လာတတ်ပါတယ်—
📍အတွင်းကို ပြန်လှည့်တိုက်ခိုက်ခြင်း (Repression):
စိတ်ထဲမှာပဲ အမြဲ မျိုသိပ်ထားတဲ့အခါ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘဲ နာတာရှည်ရောဂါတွေ၊ Autoimmune ရောဂါတွေအထိ ဖြစ်လာတတ်ပါတယ်။
❣️ဥပမာ: မိသားစုထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ မတရားခံရတိုင်း "ငါပဲ သည်းခံလိုက်ပါမယ်" ဆိုပြီး နှစ်နဲ့ချီ မျိုသိပ်ထားရာကနေ ခေါင်းကိုက်တာ၊ အစာအိမ်ရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းတာနဲ့ နာတာရှည် မောပန်းနွမ်းနယ်တာတွေ ခန္ဓာကိုယ်မှာ ပြလာတာမျိုးပါ။🥺

📍မီးတောင်လို ပေါက်ကွဲခြင်း (Explosive Anger):
အမြဲ ဖိသိပ်ထားရတဲ့ ဖိအားပေး ပေါင်းအိုးလိုပါပဲ။ တဖြည်းဖြည်း ပြည့်လျှံလာပြီး ဘာမဟုတ်တဲ့ အသေးအမွှားလေးကနေ ရုတ်တရက် အကြီးအကျယ် ထပေါက်ကွဲတော့တာပါ။
❣️ဥပမာ: အိမ်မှာ ရေခွက်လေးတစ်ခွက် မတော်တဆ မှောက်ကျသွားတာ ဒါမှမဟုတ် ကားလမ်းနည်းနည်း ပိတ်သွားတာလေးနဲ့တင် အထိန်းအကွပ်မရှိ အော်ဟစ်ဆဲဆို၊ ပစ္စည်းတွေ ပစ်ပေါက်ပြီး ဒေါသပေါက်ကွဲသွားတာမျိုး ဖြစ်ပါတယ်။

❣️ဒေါက်တာ Gordon Neufeld ရဲ့ စကားတစ်ခု ရှိပါတယ်။
“Frustration is the engine of aggression” (စိတ်ပျက်လက်ပျက်ဖြစ်မှုဟာ ရန်လိုကြမ်းတမ်းမှုရဲ့ စက်အင်ဂျင်ဖြစ်တယ်) တဲ့။
❣️ဒေါသတကြီး ရန်လိုပေါက်ကွဲတတ်တဲ့ လူကြီးတစ်ယောက်ရဲ့ အတွင်းထဲမှာ ကလေးဘဝတုန်းက လိုအပ်ချက်တွေ လျစ်လျူရှုခံခဲ့ရပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်မရခဲ့တဲ့ ကလေးတစ်ယောက် ငိုကြွေးနေဆဲ ဖြစ်နိုင်ပါတယ်။

👉အဲ့တော့ ဒေါသကို ဘယ်လို ကိုင်တွယ်ကြမလဲ?
❣️ဒေါသထွက်လာတိုင်း တစ်ဖက်လူကို အော်ဟစ်ပေါက်ကွဲပြစရာ မလိုသလို၊ မျိုသိပ်ထားဖို့လည်း မလိုပါဘူး။
💖သတိထားကြည့်ပေးပါ (Be an Observer):
ဒေါသထွက်လာတဲ့အခါ "ငါ့ကိုယ်ထဲမှာ ဒေါသလှိုင်းတစ်ခု တက်လာနေပြီ၊ ရင်ဘတ်ထဲ တင်းကျပ်လာပြီ" ဆိုတာကို အကဲခတ်သူအဖြစ် သတိထားကြည့်ပေးပါ။
💖ခံစားခွင့်ပေးပါ (Hold Space):
စိတ်ထဲ ပေါက်ကွဲချင်တဲ့အချိန်မှာ ချက်ချင်း စကားပြန်မပြောဘဲ "ငါ အခု ဒေါသထွက်နေတယ်၊ ခဏနေမှ ဒီအကြောင်း ပြန်ပြောမယ်" လို့ ရပ်တန့်ပြီး ကိုယ့်ခန္ဓာကိုယ်ထဲမှာ လုံခြုံစွာ နေရာပေးထားပါ။
💖ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ပါ: တစ်ဖက်လူ ဘာကြောင့် ဒေါသထွက်နေလဲဆိုတာ လိုက်လံဖြေရှင်းပေးဖို့ထက် ကိုယ့်ရဲ့ စည်းဘောင် (Boundary) ကို ကာကွယ်ဖို့နဲ့ ကိုယ့်လိုအပ်ချက်ကို ပြန်ကြည့်ဖို့က ပိုအရေးကြီးပါတယ်။

🙌💖ဒေါသဆိုတာ မျိုသိပ်ထားရမယ့် အဆိပ်အတောက် မဟုတ်သလို၊ သူတစ်ပါးကို ထိခိုက်စေရမယ့် လက်နက်လည်း မဟုတ်ပါဘူး။
💖သူဟာ ကိုယ့်ရဲ့ စည်းဘောင်ကို ကျူးကျော်ခံရချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခန္ဓာကိုယ်က အချက်ပြပေးတဲ့ သဘာဝခေါင်းလောင်းသံလေးတစ်ခုသာ ဖြစ်ပါတယ်။
💖မိမိကိုယ်ကိုယ် ပြန်လည်နားလည်ချင်သူများ၊ ဖိနှိပ်ထားရတဲ့ စိတ်ခံစားချက်တွေကို လုံခြုံနွေးထွေးတဲ့ နေရာတစ်ခုမှာ ဖွင့်ထုတ်ထိန်းညှိလိုသူများအတွက် Happy & Co. Wellness Center က အမြဲ အသင့်ရှိနေပါတယ်။

📌ဘဝက ပင်ပန်းနေချိန်မှာတောင် ပျော်ရွှင်ကြည်နူးမှု (Joy) ကို ဘယ်လို ပြန်ယူမလဲ(Stanford စိတ်ပညာရှင် Dr. Kelly McGonigal ၏ သ...
15/09/2026

📌ဘဝက ပင်ပန်းနေချိန်မှာတောင် ပျော်ရွှင်ကြည်နူးမှု (Joy) ကို ဘယ်လို ပြန်ယူမလဲ
(Stanford စိတ်ပညာရှင် Dr. Kelly McGonigal ၏ သိပ္ပံအမြင်နှင့် လက်တွေ့ အသုံးချနည်း)

❣️တစ်ခါတလေ ဘဝမှာ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်စရာ သတင်းဆိုးတွေ ဆက်တိုက်ကြုံနေရတဲ့အခါ ကျွန်မတို့ရဲ့ အတွင်းစိတ်က အလိုလို တင်းကျပ်ပြီး ထုံထိုင်းသွားတတ်ပါတယ်။
❣️စိတ်ထဲမှာ
"အရာရာ ဒီလောက် အဆင်မပြေဖြစ်နေတာ ငါ ဘယ်လိုလုပ် ပျော်နိုင်မှာလဲ"၊
"ဒီလိုအချိန်မှာ ရယ်မောပျော်ရွှင်ဖို့ ကြိုးစားတာ တစ်ကိုယ်ကောင်းဆန်ရာ မကျဘူးလား" ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်ကြပါတယ်။

❣️ကိုယ့်ရဲ့ နာကျင်မှု၊ ပင်ပန်းမှုနဲ့ အားငယ်မှုတွေကို ဖုံးကွယ်စရာ မလိုပါဘူး။
❣️ခက်ခဲတဲ့ အခြေအနေတစ်ခုကြားမှာ အားအင်ကုန်ခမ်းတာ၊ မျှော်လင့်ချက်မဲ့သလို ခံစားရတာဟာ လူသားတစ်ယောက်အနေနဲ့ သဘာဝကျလှတဲ့ တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်…….

❣️ဒါပေမဲ့ Stanford စိတ်ပညာရှင် Dr. Kelly McGonigal ကတော့ ပျော်ရွှင်ကြည်နူးမှု (Joy) ရဲ့ သဘောသဘာဝကို အင်မတန် နွေးထွေးတဲ့ အမြင်တစ်ခုနဲ့ ရှင်းပြထားပါတယ်။
🙌 Joy ဆိုတာ ဘဝမှာ အရာရာ ပြည့်စုံပြီး အဆင်ပြေချောမွေ့နေမှ ခံစားရတဲ့ ဆုလာဘ်
တစ်ခု မဟုတ်ပါဘူး။
🙌အခက်အခဲတွေ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ လူတစ်ယောက် "ရှေ့ဆက်ပြီး အသက်ရှင်ချင်စိတ်" ဖြစ်ပေါ်လာစေဖို့ ခန္ဓာကိုယ်နဲ့ စိတ်က ပေးထားတဲ့ သဘာဝ အားဆေးတစ်ခုသာ ဖြစ်ပါတယ်။
❣️ဒီလို ခက်ခဲတဲ့ နေ့ရက်တွေကြားထဲမှာ ကိုယ့်ရဲ့ အတွင်းစိတ်ကို ညင်သာစွာ ဖေးမပေးနိုင်မယ့် သေးငယ်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

👉၁။ စိတ်ထဲ ဘာမှမခံစားရတော့ဘဲ ထုံထိုင်းသွားတာဟာ ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနေတာပါ (Emotions)
❣️ပြဿနာတွေ အရမ်းများလာတဲ့အခါ ဝမ်းလည်းမနည်းနိုင်၊ ဒေါသလည်းမထွက်နိုင်ဘဲ စိတ်ထဲမှာ ဘာမှမရှိတော့သလို ထုံထိုင်း (Shutdown) သွားဖူးပါသလား။
❣️ဒါဟာ သင် weak ဖြစ်လို့ မဟုတ်ပါဘူး။
❣️အရမ်းနာကျင်စရာကောင်းတဲ့ အခြေအနေကနေ သင့်စိတ်ကို မခံစားရအောင် ခန္ဓာကိုယ်နဲ့ ဦးနှောက်က မေတ္တာတရားနဲ့ အလိုအလျောက် ကာကွယ်ပေးနေတာ (Self-protection) ဖြစ်ပါတယ်။
❣️ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ "ငါ့စိတ်က ငါ့ကို ကာကွယ်ပေးနေတာပဲ" လို့ မေတ္တာနဲ့ ကြင်နာစွာ အဲ့ပုံစံလေးကို အသိအမှတ်ပြုပေးလိုက်ပါ။

👉၂။ စိတ်ကို ဘာမှလုပ်လို့မရနိုင်သေးရင် ခန္ဓာကိုယ်လေးကို အရင် နေရာပြောင်းပေးပါ (Body)
❣️အိပ်ရာထဲကနေ မထချင်ဘဲ တစ်နေ့လုံး ခွေနေချင်တာမျိုး၊ ထိုင်ခုံမှာ တောင့်တောင့်ကြီး ဖြစ်နေတာမျိုးပါ။
❣️စိတ်ညစ်နေချိန်မှာ "စိတ်ဓာတ်မကျနဲ့" လို့ စိတ်ကိုအတင်းခိုင်းတာထက် ခန္ဓာကိုယ်ကို ညင်သာစွာ ကူညီပေးတာ ပိုထိရောက်ပါတယ်။
❣️ထိုင်ခုံကနေ ထပြီး အကြောဆန့်တာ၊ ၅ မိနစ်ခန့် ဖြည်းဖြည်းချင်း လမ်းလျှောက်တာ သို့မဟုတ် ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာမျိုး လုပ်ကြည့်ပါ။
❣️ကြွက်သားတွေ လှုပ်ရှားလိုက်တာနဲ့ ခန္ဓာကိုယ်ကနေ သွေးကြောထဲကို "Hope molecules" (မျှော်လင့်ချက် မော်လီကျူးများ) ထုတ်လွှတ်ပေးပြီး စိတ်ကို အနည်းငယ် ပေါ့ပါးစေပါတယ်။

👉၃။ အားငယ်နေတဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်ခဲ့တဲ့ အမှတ်တရကို ပြန်ခေါ်ပါ (Brain & Memory)
❣️အရာရာကို တစ်ယောက်တည်း ရုန်းကန်နေရသလို ခံစားရပြီး အထီးကျန်အားငယ်လာတဲ့ အခိုက်အတန့်။
❣️အတိတ်တုန်းက ကိုယ့်ကို ချစ်ခင်ကြင်နာစွာ ဖေးမခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ မျက်နှာ၊ သို့မဟုတ် ကိုယ်တိုင် ခက်ခဲတဲ့ ကာလတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အခိုက်အတန့်လေးတစ်ခုကို စိတ်ထဲ ပြန်ဖော်ကြည့်ပါ။ 🙌ဒါအလွန်အရေးကြီးပါတယ်…….
💖အဲဒီအမှတ်တရကနေ "ငါ့ကို ချစ်တဲ့သူတွေ ရှိခဲ့ဖူးတယ်"၊ "ငါ အရင်ကလည်း ဒီလို အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်" ဆိုတဲ့ အတွေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပြန်လည်ရယူပါ။

👉၄။ ညအိပ်ရာဝင်ချိန်မှာ စိတ်ကို သက်ညှာပါ (Attention)
❣️ညဘက်ရောက်တိုင်း မနက်ဖြန် ဘာတွေပိုဆိုးလာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အိပ်မပျော်ဖြစ်နေတာမျိုးပါ။
❣️ဦးနှောက်ဟာ အဆိုးတွေကို အရင်တွေးမိတတ်တဲ့ သဘောရှိပါတယ်။
❣️အိပ်ခါနီးမှာ ပြဿနာအားလုံးကို ဖြေရှင်းဖို့ မကြိုးစားပါနဲ့ဦး။
❣️ဒီကနေ့ ကုန်ဆုံးသွားတဲ့အထဲက သေးငယ်တဲ့ ကောင်းကွက်လေးတစ်ခုတည်း ကိုပဲ ရွေးချယ် စဉ်းစားပေးပါ (ဥပမာ- ဒီနေ့ နေ့လယ်က သောက်ခဲ့ရတဲ့ ကော်ဖီလေး ကောင်းတယ်၊ လမ်းမှာတွေ့တဲ့ ကြောင်လေးက ချစ်စရာကောင်းတယ် စသဖြင့်)။………

👉၅။ ကိုယ့်ရဲ့ ဝါသနာတွေကို လုပ်ခွင့်ပြုပေးပါ (Instincts)၊ သေးသေးလေးဆိုရင်တောင်အကြုံးဝင်ပါတယ်….
❣️အလုပ်တွေ၊ တာဝန်တွေကြားမှာ ပန်းပင်ရေလောင်းတာ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွေ့ဖက်တာ၊ သီချင်းနားထောင်တာတွေကို အချိန်ဖြုန်းနေတယ်လို့ ခံစားရတာ။
❣️သင့်စိတ်ကို ငြိမ်းချမ်းစေတဲ့ ဒီအသေးအမွှား အလေ့အထလေးတွေဟာ တကယ်တော့ စိတ်ဓာတ်မကျအောင် ထိန်းထားပေးတဲ့ ကျောက်ဆူးလေးတွေ ဖြစ်ပါတယ်။
❣️အခြားသူတွေကို အကြောင်းပြချက် ပေးနေစရာမလိုဘဲ ကိုယ့်စိတ်ကို သက်သာစေမယ့် အရာလေးတွေကို နေ့စဉ်ဘဝထဲမှာ နေရာပေးလိုက်ပါနော်…….

👉၆။ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေချိန် သေးငယ်တဲ့ အကူအညီလေးတစ်ခုပဲဖြစ်ဖြစ်ပေးပါ (Choices)
❣️ဘာမှ အရာမရောက်သလို၊ ကိုယ့်မှာ စွမ်းဆောင်ရည် မရှိတော့သလို ခံစားရတဲ့အခါ။
❣️ပင်ပန်းနေတဲ့ မိတ်ဆွေတစ်ယောက်ဆီ စာတိုလေးတစ်စောင်ပို့ပြီး အားပေးတာ သို့မဟုတ် ကိုယ့်ဘေးက လူတစ်ယောက်ကို ရေတစ်ခွက် ငှဲ့ပေးတာမျိုး လုပ်ကြည့်ပါ။
❣️သူတစ်ပါးကို နွေးထွေးမှုပေးလိုက်တဲ့အခါ "ငါ့ရဲ့ တည်ရှိမှုက အဓိပ္ပာယ်ရှိသေးတယ်" ဆိုတာကို ကိုယ့်ရဲ့ အတွင်းစိတ်က အလိုလို ပြန်လည်ခံစားမိလာပါတယ်။

👉၇။ အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့
❣️ကိုယ့်ပြဿနာနဲ့ သူများကို သွားမရှုပ်ချင်ဘူး၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးဆိုပြီး အကုန် ကြိတ်မှိတ်ခံစားနေတာ။
❣️ ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီ အကူအညီတောင်းတာ၊ ရင်ဖွင့်တာဟာ ကိုယ် weak ဖြစ်လို့မဟုတ်ပါဘူး။
❣️ကိုယ့်ကို ချစ်ခင်တဲ့သူတွေကို သင့်ကို ဖေးမကူညီခွင့်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
🥺သင် တစ်ယောက်တည်း အရာရာကို ထမ်းထားစရာ မလိုပါဘူး။
❣️ဒီကနေ့မှာ အရာရာကို အကောင်းမြင်နေဖို့ မလိုပါဘူး။
❣️ခက်ခဲနေတဲ့ ခံစားချက်တွေကို နားလည်လက်ခံပေးရင်းနဲ့ပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်နှလုံးအတွက် သေးငယ်တဲ့ သက်သာရာလေးတစ်ခုကို ဖန်တီးပေးဖို့တော့ ထိုက်တန်ပါတယ်။
❣️သင့်ရဲ့ တည်ရှိနေမှုဟာ ဒီလောကကြီးအတွက် အဖိုးတန်သလို၊ ဘယ်လောက်ပဲ မုန်တိုင်းထန်နေပါစေ သင့်အတွင်းစိတ်ထဲမှာ ရှင်သန်နိုင်စွမ်းနဲ့ ကြည်နူးမှုတွေ ခံစားနိုင်စွမ်း ရှိနေဆဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်
Happy & Co.

📌အပိုင်း (၂) — ပြန်လည်ကုစားခြင်း (Healing) ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပေါင်းစည်းခြင်းပါ❣️"အချိန်တွေ ကြာသွားရင် အရာရာ ...
07/09/2026

📌အပိုင်း (၂) — ပြန်လည်ကုစားခြင်း (Healing) ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပေါင်းစည်းခြင်းပါ
❣️"အချိန်တွေ ကြာသွားရင် အရာရာ အလိုလို ပျောက်ကင်းသွားမှာပါ..."
❣️ဒဏ်ရာရနေတဲ့သူတွေကို ဒီစကားနဲ့ အားပေးတတ်ကြပေမဲ့ Dr. Gabor Maté ကတော့ — "အချိန်တစ်ခုတည်းက စိတ်ဒဏ်ရာကို အလိုအလျောက် မကုစားနိုင်ပါဘူး" လို့ ထောက်ပြထားပါတယ်။
❣️ဒဏ်ရာကို ဒီအတိုင်း ပစ်ထားရင် အပေါ်ယံ အမာရွတ်တက်သွားတာ ဒါမှမဟုတ် အတွင်းထဲမှာ အိပ်ပျော်နေတာသာ ဖြစ်ပြီး၊ တစ်နေ့နေ့ တစ်စုံတစ်ခုက လာထိခိုက် (Trigger လုပ်) လိုက်တာနဲ့ အစိမ်းလိုက် ပြန်နာကျင်ရတတ်ပါတယ်။
📍ဒါဆိုရင် အမှန်တကယ် ကုစားခြင်း (Healing) ဆိုတာ ဘာလဲ?
❣️Healing နဲ့ Health (ကျန်းမာရေး) ဆိုတဲ့ စကားလုံးဟာ မူလဝေါဟာရအရ "Wholeness" — အစိတ်စိတ်အမြွှာမြွှာ မဟုတ်ဘဲ "တစ်ခုလုံးအဖြစ် ပြည့်စုံညီညွတ်ခြင်း" ကနေ ဆင်းသက်လာတာပါ။
❣️Trauma (စိတ်ဒဏ်ရာ) ဆိုတာ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေ၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတို့ အချင်းချင်း အဆက်အသွယ် ပြတ်တောက် (Disconnect) သွားတာ ဖြစ်ပါတယ်။
❣️ဒါကြောင့် Healing ဆိုတာ ပြင်ပရောဂါ ပျောက်ကင်းရုံ (Cure ဖြစ်ရုံ) သက်သက် မဟုတ်ဘဲ၊ အဆက်ပြတ်နေတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို ပြန်လည် ချိတ်ဆက်ပြီး "တစ်ခုလုံးအဖြစ် ပြန်လည်ပြည့်စုံလာခြင်း" (Wholeness) ကို ဆိုလိုပါတယ်။
📍ကုစားမှုဆီ လျှောက်လှမ်းဖို့ မရှိမဖြစ် သော့ချက် (၃) ချက်နဲ့ လက်တွေ့ဖြစ်ရပ်များ
👉၁။ ဖွင့်ဟအားနည်းနိုင်စွမ်း (Vulnerability) ကို ပြန်လည်လက်ခံပါ
❣️Vulnerability ဆိုတာ "ဒဏ်ရာရနိုင်စွမ်း" လို့ အဓိပ္ပာယ်ရပါတယ်။ သဘာဝတရားထဲက အရာရာတိုင်းဟာ မာကျောတဲ့အခွံထဲမှာ ကြီးထွားလို့မရဘဲ နူးညံ့ထိခိုက်လွယ်တဲ့ နေရာကနေပဲ ကြီးထွားကြတာပါ။
❣️ငယ်စဉ်က နာကျင်မှုဒဏ်ကို မခံနိုင်လို့ ကာကွယ်ဖို့ တည်ဆောက်ခဲ့တဲ့ "ငါအမြဲမှန်ရမယ်ဆိုတဲ့ အကာအကွယ်တံတိုင်း" ကို ဖြေလျှော့ပြီး ကိုယ့်ရဲ့ အားနည်းချက်ကို ရိုးသားစွာ ဖွင့်ပြခွင့်ပေးမှသာ စိတ်ပိုင်းဆိုင်ရာ ကြီးထွားမှု ပြန်လည်စတင်နိုင်ပါလိမ့်မယ်။
👉ဖြစ်ရပ်လေ့လာမှု (Case 1) — အနိုင်ယူခြင်း အကာအကွယ်နောက်က ကြောက်ရွံ့မှုကို ဝန်ခံခြင်း
❣️အသက် ၃၄ နှစ်အရွယ် ကိုဖြိုးဟာ အလုပ်မှာရော အိမ်ထောင်ရေးမှာပါ ပြဿနာတစ်ခုခုဖြစ်ရင် အမှားလုံးဝအကျမခံဘဲ အနိုင်ပိုင်း ငြင်းခုံတတ်ပါတယ်။
❣️ပြဿနာရဲ့ အရင်းအမြစ် (The Wound):
ငယ်စဉ်က အဖေဖြစ်သူရဲ့ ပြင်းထန်တဲ့ ရိုက်နှက်အပြစ်ပေးမှုတွေအောက်မှာ "ငါ မှားသွားရင် ငါ့ကို နှိပ်စက်လိမ့်မယ်၊ ငါအမြဲမှန်နေမှ ဘေးကင်းမယ်" ဆိုတဲ့ မာကျောတဲ့ ကာကွယ်ရေးတံတိုင်း (Rigid Defense) ကို တည်ဆောက်ခဲ့တာပါ။
❣️ကုစားမှုဆီ ကူးပြောင်းလာပုံ (The Shift):
အမြဲအနိုင်ယူနေတာကြောင့် ဇနီးဖြစ်သူနဲ့ ဆက်ဆံရေး ပျက်စီးလုနီးပါးဖြစ်လာချိန်မှာ သူ သဘောပေါက်သွားတာက — အခုအချိန်ဟာ ငယ်ငယ်ကလို ကာကွယ်မဲ့နေတဲ့ ကလေးဘဝ မဟုတ်တော့ဘဲ၊ ရှေ့ကလူဟာလည်း သူ့ကို အပြစ်ပေးမယ့် ရန်သူမဟုတ်ဘဲ လက်တွဲဖော်ဖြစ်နေတယ်ဆိုတဲ့ အချက်ပါ။
❣️Vulnerability ပြသခြင်း (The Action):
ဒါကြောင့် အငြင်းအခုံဖြစ်ချိန်မှာ ဒေါသနဲ့ အနိုင်ယူမယ့်အစား အသက်ကိုထိန်းရင်း ဇနီးသည်ကို "ငါ အမှားလုပ်မိသွားတာ တကယ်ပါပဲ။ ငါ အမှားကို ဝန်ခံလိုက်ရင် မင်း ငါ့ကို စွန့်ပစ်သွားမှာကို အရမ်းကြောက်နေမိလို့ပါ" ဆိုပြီး သူ့ရဲ့ အားနည်းချက်နဲ့ ကြောက်ရွံ့မှုကို ပထမဆုံးအကြိမ် ရိုးရိုးသားသား ဖွင့်ပြောပြခဲ့ပါတယ်။
❣️အဲဒီလို ကိုယ့်ရဲ့ အကာအကွယ်အခွံကို ချွတ်ချပြီး နူးညံ့စွာ ဖွင့်ပြလိုက်တဲ့အခါ ဇနီးသည်ဘက်ကလည်း အပြစ်မတင်တော့ဘဲ နားလည်စာနာစွာ ပြန်ဖေးမပေးခဲ့တဲ့အတွက် တင်းမာနေတဲ့ ဆက်ဆံရေးမှာ အမှန်တကယ် စိတ်ချင်းဆက်မိသွားခဲ့ပါတယ်။
👉၂။ အတိတ်ထဲ နစ်မွန်းမနေဘဲ ပစ္စုပ္ပန်မှာ ရင်ဆိုင်ပါ
❣️Dr. Gabor Maté က "အတိတ်အကြောင်းကို ထိုင်တွေးနေတာထက် အတိတ်ရဲ့ အရိပ်
မည်းကြောင့် အခုဒီစက္ကန့်မှာ ငါ့အတွင်း ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကိုင်တွယ်ရပါမယ်" လို့ ဆိုထားပါတယ်။
❣️စိတ်ဒဏ်ရာရဲ့ သဘောက အတိတ်က အန္တရာယ်အချက်ပြမှုကို အခုပစ္စုပ္ပန်မှာလည်း ဖြစ်ပျက်နေသလိုမျိုး ဦးနှောက်နဲ့ ခန္ဓာကိုယ် (Nervous System) က လှုံ့ဆော်တုံ့ပြန်နေတာပါ။
❣️ဒါကြောင့် အတွေးထဲ မျောမသွားဘဲ ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုဆီ သတိပြန်ကပ်ခြင်းက အတိတ်ကနေ လွတ်မြောက်စေမှာ ဖြစ်ပါတယ်။
👉ဖြစ်ရပ်လေ့လာမှု (Case 2) — အတွေးလွန်ခြင်းမှ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုကို နားထောင်ခြင်းဆီသို့
❣️အသက် ၂၈ နှစ်အရွယ် မနှင်းဟာ အစည်းအဝေးမှာ အထက်လူကြီးက အလုပ်ကို အနည်းငယ် ထောက်ပြရုံနဲ့ "ငါတော့ အလုပ်ပြုတ်တော့မှာပဲ၊ ငါက ဘာမှအသုံးမကျဘူး" ဆိုပြီး နေ့မအား ညမအား အတွေးလွန် (Overthinking ဖြစ်) နေတတ်ပါတယ်။
❣️ပြဿနာရဲ့ အရင်းအမြစ် (The Wound): ငယ်ငယ်က မိဘတွေ မကြာခဏ အော်ဟစ်အပြစ်တင်ပြီး အိမ်ပေါ်က နှင်ချတတ်တဲ့ အတွေ့အကြုံကြောင့် သူ့ရဲ့ အာရုံကြောစနစ်က ဝေဖန်ခံရတာကို အသက်အန္တရာယ် (Life Threat) တစ်ခုလို သတ်မှတ်ပြီး Panic ဖြစ်နေတာပါ။
အတိတ်ကို ပြန်တွေးလေ၊ အတွေးထဲ နစ်လေ ပိုဆိုးလေ ဖြစ်နေခဲ့ပါတယ်………
❣️ကုစားမှုဆီ ကူးပြောင်းလာပုံ (The Shift): ဒါကြောင့် "ငါ အတွေးလွန်နေတာ မဟုတ်ဘူး၊ အတိတ်က ကြောက်ရွံ့မှုဒဏ်ရာကြောင့် ငါ့ခန္ဓာကိုယ်က အချက်ပေးခေါင်းလောင်း ထိုးနေတာပါလား" ဆိုတာကို စတင်နားလည်လာပါတယ်။
❣️ ခန္ဓာဆီ သတိပြန်ကပ်ခြင်း (The Action): အစည်းအဝေးမှာ ဝေဖန်ခံရပြီး ထိတ်လန့်လာချိန်တိုင်း အတိတ်အတွေးတွေနောက် ချက်ချင်းမလိုက်တော့ဘဲ — တင်းကျပ်လာတဲ့ ရင်ဘတ်ပေါ် လက်တင်လိုက်တယ်၊ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိကပ်ထားပြီး "အခု ငါ ရုံးခန်းထဲမှာ ဘေးကင်းနေတယ်။ ငါ့အသက်အန္တရာယ် မရှိဘူး" လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ဝင်လေထွက်လေကို ဖြည်းဖြည်းချင်း ပြန်ညှိယူခဲ့ပါတယ်။
❣️ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို အသိအမှတ်ပြုပြီး အာရုံကြောစနစ်ကို ပြန်လည်ငြိမ်သက်စေလိုက်တဲ့အခါ (Somatic Grounding) အတိတ်ရဲ့ ချုပ်ကိုင်မှုကနေ ပစ္စုပ္ပန်ဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
👉၃။ စစ်မှန်မှု (Authenticity) နဲ့ ရှင်သန်ပါ
❣️ကလေးဘဝမှာ စိတ်ဒဏ်ရာရစေတဲ့ အချက်တွေထဲမှာ မိဘဆီက အသိအမှတ်ပြုမှုရဖို့အတွက် ကိုယ့်ရဲ့ မွေးရာပါ စိတ်ခံစားမှုတွေကို ဖိနှိပ်ထားရခြင်းက အဓိကပါဝင်ပါတယ်။
❣️ကလေးတစ်ယောက်ဟာ မိဘရဲ့ အချစ်ကိုရဖို့အတွက် ကိုယ့်ရဲ့ "စစ်မှန်တဲ့ ခံစားချက် (Authenticity)" နဲ့ "မိဘနဲ့ ဆက်ဆံရေး အဆင်ပြေရေး (Attachment)" နှစ်ခုအနက် တစ်ခုကို ရွေးရတဲ့အခါ ရှင်သန်နိုင်ဖို့အတွက် Authenticity ကို စွန့်လွှတ်လိုက်ရလေ့ရှိပါတယ်။ Healing ဆိုတာ အဲဒီ စွန့်လွှတ်ခဲ့ရတဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ပြန်လည်တောင်းယူခြင်းပါပဲ။
👉ဖြစ်ရပ်လေ့လာမှု (Case 3) — ချစ်ခင်မှုရဖို့ ဟန်ဆောင်ခြင်းမှ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခြင်းဆီသို့
❣️အသက် ၃၁ နှစ်အရွယ် မလွင်ဟာ လုပ်ငန်းခွင်မှာရော မိတ်ဆွေတွေကြားမှာပါ သူများအကူအညီတောင်းသမျှ မငြင်းရဲဘဲ အမြဲ ခေါင်းညိတ်လိုက်လျောနေရတဲ့ People Pleaser တစ်ယောက်ပါ။ ကိုယ်တိုင် မောပန်းသေလုနီးပါးဖြစ်နေရင်တောင် အမြဲတမ်း ပြုံးပြနေတတ်ပါတယ်။
• ပြဿနာရဲ့ အရင်းအမြစ် (The Wound): ငယ်စဉ်က ဝမ်းနည်းတာ၊ စိတ်ဆိုးတာ၊ မလုပ်ချင်တာကို ဖွင့်ပြောလိုက်တိုင်း မိဘတွေက "လိမ္မာတဲ့ကလေး မဟုတ်ဘူး၊ ဒီလိုဆို မချစ်တော့ဘူး" လို့ အချစ်ကို ရုပ်သိမ်း (Withdrawal of love) ခဲ့ကြပါတယ်။ ဒါကြောင့် သူဟာ မိဘဆီက အချစ်ရဖို့အတွက် ကိုယ့်ရဲ့ ခံစားချက်အစစ်တွေကို ဖိနှိပ်ပြီး အမြဲတမ်း အလိုက်တသိ ဟန်ဆောင်ပြရတဲ့ ပုံစံခွက်ထဲ နေသားကျခဲ့တာပါ။
• ကုစားမှုဆီ ကူးပြောင်းလာပုံ (The Shift): လူတိုင်းကို လိုက်လျောနေရတာကြောင့် စိတ်ရောကိုယ်ပါ ပြိုလဲ (Burnout) လာတဲ့အခါ — အခု အရွယ်ရောက်ချိန်မှာ သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုကို မရမှာကြောက်ပြီး ကိုယ့်ခံစားချက်ကို သတ်ပစ်နေစရာ မလိုတော့ဘူးဆိုတာကို သူ သဘောပေါက်လာခဲ့ပါတယ်။
• ငြင်းပယ်ခြင်းနဲ့ စစ်မှန်မှုကို ရွေးချယ်ခြင်း (The Action): သူများအလုပ်တွေ ကူလုပ်ပေးဖို့ တောင်းဆိုခံရချိန်မှာ အရင်လို အားနာပြီး အလိုလို ခေါင်းညိတ်မယ့်အစား၊ ရင်ထဲက တကယ်မလုပ်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုးကို မျက်ကွယ်မပြုတော့ဘဲ "ကျွန်မ အခုလောလောဆယ် ကိုယ်ပိုင်အလုပ်တွေ များနေလို့ မကူညီပေးနိုင်သေးပါဘူးရှင်" လို့ တည်ငြိမ်စွာ စတင်ငြင်းဆို (Boundary ချမှတ်) ခဲ့ပါတယ်။
❣️တခြားသူတွေ စိတ်တိုင်းကျအောင် ဟန်ဆောင်နေတာကို ရပ်တန့်ပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံစားချက်ကို တန်ဖိုးထားခွင့်ပြုလိုက်တဲ့အခါမှသာ (Being Authentic) အတွင်းစိတ်က တကယ့်လွတ်လပ်ငြိမ်းချမ်းမှုကို စတင်တွေ့ရှိလာခဲ့ပါတယ်။
🙌Healing ဆိုတာ ဒဏ်ရာတွေကို အပေါ်ယံ အင်္ဂတေဖုံးလိုက်တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေနဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုတွေကို မောင်းမထုတ်တော့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်နွေးထွေးစွာ ပွေ့ဖက်လက်ခံပေးတဲ့ သတိပြုမှု ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
💖သင့်အတွင်းထဲက ဒဏ်ရာဟောင်းတွေကို လုံခြုံတဲ့ နေရာတစ်ခုမှာ ဖွင့်ဟပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပေါင်းစည်းချင်တယ်ဆိုရင် Happy & Co. က အမြဲ အတူရှိနေပေးပါမယ်နော်……

📌အပိုင်း (၁) — စိတ်ဒဏ်ရာ (Trauma) ဆိုတာ သင့်အပေါ် ကျရောက်ခဲ့တဲ့ အရာမဟုတ်ပါဘူး❣️"ငါတော့ Trauma တွေ ရသွားပြီ..."❣️ဒီစကားလု...
04/09/2026

📌အပိုင်း (၁) — စိတ်ဒဏ်ရာ (Trauma) ဆိုတာ သင့်အပေါ် ကျရောက်ခဲ့တဲ့ အရာမဟုတ်ပါဘူး
❣️"ငါတော့ Trauma တွေ ရသွားပြီ..."
❣️ဒီစကားလုံးကို နေ့စဉ်ဘဝမှာ အလွယ်တကူ သုံးနှုန်းတာ မကြာခဏ ကြားဖူးကြမှာပါ။
❣️ရုံးမှာ အဆူခံရတာ၊ စာမေးပွဲကျတာ၊ အလုပ်ဖိအားများတာ စတဲ့ ခက်ခဲတဲ့ အတွေ့အကြုံတိုင်းကို Trauma ရသွားပြီလို့ ထင်တတ်ကြပါတယ်။
❣️ ဒါပေမဲ့ ကမ္ဘာကျော် စိတ်ဒဏ်ရာဆိုင်ရာ ပါရဂူ Dr. Gabor Maté ကတော့ — စိတ်ဖိစီးမှုတိုင်းဟာ Trauma မဟုတ်သလို၊ ခက်ခဲတဲ့ အတွေ့အကြုံတိုင်းကလည်း စိတ်ဒဏ်ရာ ဖြစ်မသွားဘူးလို့ ထောက်ပြထားပါတယ်။
❣️ Dr. Gabor Maté ရှင်းပြသလို Trauma ဆိုတာ ဂရိစကားအရ "ဒဏ်ရာရခြင်း" (Wound) လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုတာက စိတ်ဒဏ်ရာဆိုတာ အပြင်လောကမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မဟုတ်ဘဲ၊ အဲဒီအဖြစ်အပျက်ကြောင့် ကျွန်ုပ်တို့အတွင်းထဲမှာ စွဲကျန်ရစ်ခဲ့တဲ့ "အတွင်းဒဏ်ရာအနာတရ" သက်သက်သာ ဖြစ်ပါတယ်။

📍ဒဏ်ရာရဲ့ သဘာဝနဲ့ အမာရွတ်တစ်ရှူး (Scar Tissue)
❣️ Dr. Gabor Maté ရဲ့ အဆိုအရ စိတ်ဒဏ်ရာတစ်ခု ခန္ဓာနဲ့စိတ်ထဲ ကျန်ရစ်နေတဲ့အခါ အဓိက ပုံစံနှစ်မျိုးနဲ့ ပြသလေ့ရှိပါတယ်—

👉ပထမတစ်မျိုးက စိုစိစိနဲ့ ပွင့်ဟနေတဲ့ ဒဏ်ရာအစိမ်း (Raw Wound):
❣️လွန်ခဲ့တဲ့ အချိန်အကြာကြီးက ရခဲ့တဲ့ ဒဏ်ရာဟာ မကျက်သေးတဲ့အခါ ဘေးကလူတစ်ယောက်က မတော်တဆ လာပုတ်မိတာနဲ့ အခုမှ အသစ်စက်စက် ဓားနဲ့ အထိုးခံလိုက်ရသလို ပြင်းပြင်းထန်ထန် နာကျင်တုံ့ပြန်မိတတ်ပါတယ်။

👉ဖြစ်ရပ်လေ့လာမှု (Case 1) — လက်တွဲဖော်ကြားက အစိမ်းလိုက် ဒဏ်ရာ
❣️အသက် ၃၂ နှစ်အရွယ် ကိုထက်ဟာ ချစ်သူဖြစ်သူက မက်ဆေ့ခ်ျ ချက်ချင်း စာမပြန်တဲ့အခါတိုင်း သွေးရူးသွေးတန်းဖြစ်ပြီး ဒေါသတကြီး ရန်လုပ်တတ်ပါတယ်။
❣️ချစ်သူက ဖုန်းခဏချထားမိတာ သက်သက်ဖြစ်ပေမဲ့၊ ငယ်စဉ်က မိဘတွေရဲ့ လျစ်လျူရှုစွန့်ပစ်ခံရဖူးတဲ့ သူ့ရဲ့ မကျက်သေးတဲ့ ဒဏ်ရာအစိမ်း (Raw Wound) ကို သွားပုတ်မိလိုက်သလို ဖြစ်သွားတာပါ။
❣️ဒါကို "Trigger ဖြစ်တယ်" လို့ ခေါ်ပြီး၊ အတိတ်က နာကျင်မှုက ပစ္စုပ္ပန်မှာ အသစ်လို ပြန်ပေါ်လာတာ ဖြစ်ပါတယ်။

👉နောက်တစ်ခုကတော့ မာကျောတောင့်တင်းသွားတဲ့ အမာရွတ် (Scar Tissue):
❣️ဒဏ်ရာက သွေးမထွက်တော့ပေမဲ့ မာကျောတောင့်တင်းတဲ့ အမာရွတ် ဖြစ်သွားတာပါ။ အမာရွတ်တစ်ရှူးတွေမှာ အာရုံကြောတွေ မရှိတော့လို့ ထုံ/ခံစားမှုမဲ့ (Numb) သွားတတ်သလို၊ ဘယ်တော့မှလည်း ကြီးထွားရှင်သန်ခြင်း (Growth) မရှိတော့ပါဘူး။

👉ဖြစ်ရပ်လေ့လာမှု (Case 2) — အကာအကွယ်လွန်ကဲမှုရဲ့ မာကျောတဲ့ အမာရွတ်
❣️အသက် ၃၀ အရွယ် မစုဟာ အလုပ်မှာ အရမ်းတော်ပြီး စည်းကမ်းတင်းကျပ်တဲ့ မန်နေဂျာတစ်ဦးပါ။
❣️ဒါပေမဲ့ ရုံးမှာ ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ်မှန်ကြောင်း အသေအလဲ ငြင်းခုံတတ်ပြီး အမှားကို လုံးဝ လက်မခံပါဘူး။
❣️သူငယ်ငယ်က အမှားတစ်ခုလုပ်မိတိုင်း ပြင်းပြင်းထန်ထန် ရိုက်နှက်အပြစ်ပေးခံခဲ့ရတဲ့အတွက် "ငါအမြဲမှန်နေမှ ဘေးကင်းမယ်" ဆိုတဲ့ အမာရွတ် (Scar) ကို တည်ဆောက်ထားတာပါ။
❣️အဲဒီမာကျောမှုက သူ့ကို နောက်ထပ် ဒဏ်ရာမရအောင် ကာကွယ်ပေးထားပေမဲ့၊ တခြားသူတွေနဲ့ နွေးထွေးစွာ ချိတ်ဆက်နိုင်စွမ်းနဲ့ စိတ်ခံစားမှုပိုင်း ကြီးထွားမှုကိုတော့ လုံးဝ ရပ်တန့်သွားစေပါတယ်။

🙌ဒါပေမဲ့ Dr. Gabor Maté ပေးတဲ့ သတင်းကောင်းတစ်ခုကတော့ —
စိတ်ဒဏ်ရာဆိုတာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်သမိုင်း မဟုတ်ဘဲ "အတွင်းဒဏ်ရာ" သက်သက်သာ ဖြစ်တဲ့အတွက် ဘယ်အချိန်မှာမဆို ပြန်လည်ကုစား (Heal) လို့ ရနိုင်ပါတယ်။

📍အချိန်တစ်ခုတည်းက စိတ်ဒဏ်ရာကို အလိုလို မပျောက်ကင်းစေနိုင်သလို၊ အမာရွတ်ဖုံးထားရုံနဲ့လည်း အနာက မကျက်သွားပါဘူး🥺……
💖ဒါဆိုရင် ဒီအတွင်းဒဏ်ရာတွေကို ဘယ်လိုနည်းနဲ့ အမှန်တကယ် ပြန်လည်ကုစားကြမလဲ...

(အပိုင်း ၂ မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်နော်……)

📌စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲခြင်းတို့၏ မူလဇစ်မြစ် (Dr. Gabor Maté ၏ အမြင်မှတစ်ဆင့်)❣️ကျွန်မတို့ လူ့အဖွဲ့အစည်...
02/09/2026

📌စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲခြင်းတို့၏ မူလဇစ်မြစ် (Dr. Gabor Maté ၏ အမြင်မှတစ်ဆင့်)
❣️ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ စိတ်ဓာတ်ကျခြင်း (Depression) နဲ့ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety) ကို မျိုးရိုးဗီဇချို့ယွင်းချက် သို့မဟုတ် ဦးနှောက်ထဲက ဓာတုပစ္စည်းမညီမျှမှုသက်သက်လို့ မြင်လေ့ရှိကြပါတယ်။
❣️ဒါပေမဲ့ ကမ္ဘာကျော် စိတ်ဒဏ်ရာဆိုင်ရာ ပါရဂူ Dr. Gabor Maté ကတော့ ဒီခံစားချက်နှစ်ခုစလုံးဟာ ငယ်ဘဝက လိုအပ်တဲ့ “ဆက်သွယ်မှု (Connection)” တွေ ပြတ်တောက်သွားခြင်းကနေ စတင်ခဲ့တဲ့ သဘာဝတုံ့ပြန်မှုတွေသာ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။
❣️စိတ်ခံစားမှုတွေကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်ဖို့ အဓိက သဘောတရား ၃ ခုကို မျှဝေပေးချင်ပါတယ်။
📍၁။ စိတ်ဓာတ်ကျခြင်း (Depression) ဆိုတာ ခံစားချက်တွေကို အောက်ကို ဖိနှိပ်ပစ်ခြင်း ဖြစ်ပါတယ်…….
❣️“Depress” ဆိုတဲ့ စကားလုံးရဲ့ မူလအဓိပ္ပာယ်ကိုယ်တိုင်က “အောက်ကို ဖိနှိပ်ချလိုက်တာ” ဖြစ်ပါတယ်။
❣️စိတ်ဓာတ်ကျနေတဲ့အခါ လူတွေဟာ မိမိရဲ့ စစ်မှန်တဲ့ ခံစားချက်တွေ (အထူးသဖြင့် ဒေါသ၊ မကျေနပ်မှု) ကို အောက်ကို ဖိနှိပ်ပစ်လိုက်ကြပါတယ်။
❣️ဥပမာ — ကလေးဘဝမှာ ဒေါသထွက်ပြီး ငိုယိုတဲ့အခါ “တိတ်စမ်း၊ မငိုနဲ့၊ အပြစ်ပေးမယ်” လို့ အမြဲ အငေါက်ခံရတဲ့ ကလေးတစ်ယောက်ဟာ မိဘရဲ့ အချစ်နဲ့ တွယ်တာမှုကို မဆုံးရှုံးချင်တာကြောင့် မိမိဒေါသကို မျိုသိပ်ဖိနှိပ်ဖို့ ရွေးချယ်လိုက်ရပါတယ်။
💔ပြဿနာက ဒေါသတစ်ခုတည်းကိုပဲ ရွေးချယ်ဖိနှိပ်လို့ မရဘဲ၊ စိတ်ခံစားမှုတစ်ခုကို ဖိနှိပ်လိုက်တာနဲ့ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုတွေပါ တစ်ပါတည်း ပျောက်ကွယ်သွားပြီး မိမိရဲ့ စစ်မှန်တဲ့ သဘာဝ (Authentic Self) နဲ့ပါ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

📍၂။ စိုးရိမ်စိတ် (Anxiety) ဆိုတာ တုံ့ပြန်မှု မရရှိခဲ့တဲ့ နာတာရှည် ကြောက်ရွံ့မှု ဖြစ်တယ်
❣️ကြောက်ရွံ့ခြင်းဆိုတာ အန္တရာယ်ကနေ ကာကွယ်ဖို့ သဘာဝတရားက ပေးထားတဲ့ ကောင်းမွန်တဲ့ ဦးနှောက်ဆားကစ်တစ်ခု ဖြစ်ပါတယ်။
❣️ဒါပေမဲ့ လုံခြုံမှု (Safety) ဆိုတာ အန္တရာယ်မရှိရုံ သက်သက်မဟုတ်ဘဲ “နွေးထွေးတဲ့ ချိတ်ဆက်မှု (Presence of Connection)” ရှိနေမှသာ ပြည့်စုံတာပါ။
❣️ဥပမာ — ကလေးငယ်တစ်ယောက် အမှောင်ထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ ကြောက်လန့်ပြီး ငိုကြွေးတတ်ပါတယ်။
❣️ အဲဒီအချိန်မှာ “လေ့ကျင့်ပေးရမယ်” ဆိုပြီး မိဘက လာမပွေ့ချီဘဲ ပစ်ထားလိုက်တဲ့အခါ ကလေးရဲ့ ဦးနှောက်ထဲမှာ ကြောက်ရွံ့မှုက နာတာရှည် ဖြစ်သွားပါတယ်။
❣️သဘာဝကျတဲ့ ကြောက်ရွံ့မှုကို နွေးထွေးတဲ့ ချိတ်ဆက်မှုနဲ့ အချိန်မီ တုံ့ပြန်မပေးတဲ့အခါ ကြီးပြင်းလာတဲ့အထိ အကြောင်းမဲ့ ထိတ်လန့်နေတတ်တဲ့ Anxiety (စိုးရိမ်ပူပန်မှုလွန်ကဲခြင်း) အဖြစ် အမြစ်တွယ်သွားတတ်ပါတယ်။
📍၃။ ကစားခြင်း (Play) ပျောက်ဆုံးသွားတဲ့အခါ စိတ်ဓာတ်ကျခြင်း စတင်လာတယ်
❣️ကလေးတွေတင် မဟုတ်ဘဲ လူကြီးတွေမှာပါ စိတ်ပေါ့ပါးစွာ ဆော့ကစားခြင်း၊ တီထွင်ဖန်တီးခြင်းတွေ မရှိတော့တဲ့အခါ စိတ်ခံစားမှု ဆားကစ်တွေ ပိတ်ဆို့သွားတတ်ပါတယ်။
❣️ကစားခြင်းဆိုတာ ဦးနှောက်က လုံခြုံတယ်လို့ ခံစားရမှသာ ပေါ်ပေါက်လာနိုင်တဲ့ အရာဖြစ်ပါတယ်။
❣️ဥပမာ — ရလဒ် ဒါမှမဟုတ် ငွေကြေးအကျိုးအမြတ်ကို မမျှော်ကိုးဘဲ ပန်းချီဆွဲတာ၊ ဂီတတူရိယာတစ်ခု တီးခတ်တာ၊ မြေကြီးနဲ့ သစ်ရွက်တွေကို ထိတွေ့ကိုင်တွယ်တာမျိုးကို အချိန်ပေး ပြုလုပ်ခြင်း ဖြစ်ပါတယ်။
❣️စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်စိတ်လွန်ကဲခြင်းတို့ဟာ သင့်မှာ ချို့ယွင်းချက်ရှိနေလို့ မဟုတ်ဘဲ၊ တစ်ချိန်က ရှင်သန်နိုင်ဖို့အတွက် သင့်ခန္ဓာကိုယ်က မတတ်သာလို့ ရွေးချယ်ခဲ့ရတဲ့ အကာအကွယ်တံတိုင်းတွေသာ ဖြစ်ပါတယ်………
❣️ဒီခံစားချက်တွေကို အပြစ်မမြင်ဘဲ အရှိအတိုင်း အသိအမှတ်ပြုပေးရင်း၊ ဆော့ကစားတတ်တဲ့ စိတ်ကလေးနဲ့ သင့်ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်သဘာဝဆီကို ဖြည်းဖြည်းချင်း ပြန်လည်ချိတ်ဆက်လိုက်ပါနော်…….

❣️ကျွန်မတို့ လူသားတွေဟာ အထီးကျန်ဖို့၊ ခံစားချက်တွေကို အမြဲ မျိုသိပ်ပြီး ရှင်သန်ဖို့ ဖန်တီးခံထားရတာ မဟုတ်ပါဘူး။
❣️💖နွေးထွေးတဲ့ အသိုက်အဝန်းထဲမှာ လုံခြုံစွာ နားခိုဖို့နဲ့ လွတ်လပ်ပေါ့ပါးစွာ ကစားနိုင်ဖို့အတွက်သာ ဦးနှောက်နဲ့ ခန္ဓာကိုယ်က ဖွဲ့စည်းထားတာပါ။
💖ဒီအမှန်တရားကို အခြေခံပြီး Happy & Co. ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
💖Happy & Co. ဆိုတာ ပြဿနာတွေကို “အမြန်ပြုပြင်ပေးတဲ့ နေရာတစ်ခု” မဟုတ်ပါဘူး။
❣️ပတ်ဝန်းကျင်နဲ့ တွယ်တာမှုတွေကြားမှာ ရှင်သန်နိုင်ဖို့အတွက် ကလေးဘဝကတည်းက စွန့်လွှတ်ခဲ့ရတဲ့ သင့်ရဲ့ “စစ်မှန်တဲ့ ကိုယ်ပိုင်သဘာဝ (Authentic Self)” ကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရှာဖွေနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။💖
❣️ဖိနှိပ်ထားရတဲ့ ခံစားချက်တွေကို စကားလုံးတွေနဲ့ မပြောပြနိုင်ရင်တောင် အနုပညာနဲ့ လှုပ်ရှားမှုတွေကတစ်ဆင့် ခန္ဓာကိုယ်ကို စိတ်ဒဏ်ရာတွေကနေ ညင်သာစွာ ပြန်လည်လွတ်မြောက်စေနိုင်ပါတယ်။
❣️လုံခြုံမှုဆိုတာ ခြိမ်းခြောက်မှု မရှိရုံတင် မဟုတ်ဘဲ နွေးထွေးတဲ့ ချိတ်ဆက်မှု ရှိနေခြင်းသာ ဖြစ်ပါတယ်။ အမှောင်မိုက်ဆုံး အခိုက်အတန့်တွေမှာ အရာရာကို တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့တော့။
❣️သင့်ရဲ့ နာကျင်မှုတွေကို ကရုဏာအပြည့်နဲ့ နားထောင်ပေးပြီး၊ ပျောက်ဆုံးနေတဲ့ ပျော်ရွှင်ပေါ့ပါးမှုဆီ အတူတကွ ခြေလှမ်းလှမ်းနိုင်ဖို့ Happy & Co. အမြဲ အဆင်သင့် ရှိနေပါတယ်။

📌Post 3: Nervous System ကုစားမှုမှာ သင် သတိမထားမိဘဲ ကျန်ခဲ့တဲ့ အဓိက အချက် (၃) ချက် (Part 3)Post 2 မှာ ဖော်ပြခဲ့တဲ့ အာရုံ...
31/08/2026

📌Post 3: Nervous System ကုစားမှုမှာ သင် သတိမထားမိဘဲ ကျန်ခဲ့တဲ့ အဓိက အချက် (၃) ချက် (Part 3)
Post 2 မှာ ဖော်ပြခဲ့တဲ့ အာရုံကြောစနစ် ပြန်လည်တည်ဆောက်ရေး အဆင့် ၅ ဆင့်ကို ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ပေမဲ့ ထူးမခြားနား ဖြစ်နေသေးတယ်ဆိုရင် သင်တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။
❣️ကျွန်မတို့ အများစု မကြာခဏ လျစ်လျူရှုမိတတ်တဲ့ အလွန်အရေးကြီးတဲ့ အချက် ၃ ချက် ရှိနေတတ်ပါတယ်-
📌၁။ Going Too Deep Too Fast (အရမ်းမြန်မြန် လုပ်လွန်းခြင်း)
❣️ခန္ဓာကိုယ်က အပြောင်းအလဲတွေကို တစ်ရက်တည်းနဲ့ လက်မခံနိုင်ပါဘူး။
❣️သွားကို Brace တပ်သလိုပါပဲ။ သွားညှိတဲ့အခါ တစ်ရက်တည်းနဲ့ အတင်းဆွဲညှိလိုက်ရင် သွားတွေ ကျွတ်ထွက်သွားမှာပါ။
❣️ဒါကြောင့် လနဲ့ချီပြီး ဖြည်းဖြည်းချင်း ညှိယူရတာပါ။
❣️အာရုံကြောစနစ်ကိုလည်း အတင်းမတွန်းဘဲ ဖြည်းဖြည်းချင်းပဲ ချဲ့ထွင်ရပါမယ်။
❣️ကိုယ့်ကိုယ်ကိုယ် အဆမတန် ဖိအားပေးလိုက်ရင် အာရုံကြောစနစ်က ပိုမို ကြောက်လန့်ပြီး Protection Mode ထဲ ပိုပိတ်မိသွားတတ်ပါတယ်။
📌၂။ Missing Co-Regulation (လူအချင်းချင်း နွေးထွေးစွာ ချိတ်ဆက်မှု လိုအပ်နေခြင်း)
❣️တစ်ယောက်တည်း တရားထိုင်၊ တစ်ယောက်တည်း ရေအေးစိမ်နေရုံနဲ့ အာရုံကြောစနစ်က အပြည့်အဝ မငြိမ်သက်နိုင်ပါဘူး။
❣️လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ Oxytocin (ချစ်ခင်မှု၊ ပွေ့ဖက်မှု၊ မျက်လုံးချင်းဆုံမှု၊ အဖော်ပြုပေးမှုကနေ ထွက်တဲ့ ဟော်မုန်း) ပေါ်မှာ အလွန်မှီခိုပါတယ်။
❣️တစ်ခါတလေမှာ တစ်ယောက်တည်း ကုစားနေတာထက် ကိုယ့်ကို အမှန်တကယ် နားလည်ပေးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတာ၊ ချစ်ရသူနဲ့ ပွေ့ဖက်တာက အာရုံကြောစနစ်ကို ပိုမိုလျင်မြန်စွာ လုံခြုံမှုပေးနိုင်ပါတယ်။
📌၃။ Missing External Safety (တကယ့် ပတ်ဝန်းကျင် အန္တရာယ် ရှိနေခြင်း)
❣️ကိုယ့်ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ လက်တွဲဖော် (Toxic partner) ရှိနေရင် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အမြဲ အော်ဟစ်နှိမ်ချခံနေရရင် အာရုံကြောစနစ်က Fight/Flight ဖြစ်နေတာ လုံးဝ ပုံမှန်ပါပဲ။
❣️ဒါဟာ သင့်အာရုံကြောစနစ် ပျက်ယွင်းနေတာ မဟုတ်ပါဘူး၊ အန္တရာယ်အစစ်ကို သင့်လျော်စွာ သတိပေးနေတာပါ။
❣️ဒီလိုအခြေအနေမျိုးမှာ အတွင်းစိတ်ကုစားမှုသက်သက်ထက် ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းနှင့် စည်းခြားခြင်း (Boundaries သတ်မှတ်ခြင်း) သာလျှင် အဓိက အဖြေဖြစ်ပါတယ်။
❣️Healthy ဖြစ်တဲ့ အာရုံကြောစနစ် ဆိုတာ အမြဲတမ်း အေးဆေးငြိမ်သက်နေတာကို မဆိုလိုပါဘူး။
❣️လိုအပ်တဲ့အခါ အလုပ်ကြိုးစားရန် တက်ကြွလာနိုင်ပြီး၊ အန္တရာယ်ကင်းတဲ့အခါ အေးချမ်းစွာ ပြန်လည်အနားယူနိုင်တဲ့ "Responsive" ဖြစ်မှုကို ဆိုလိုတာပါ။

❣️ပန်းတိုင်က စိတ်ဖိစီးမှု လုံးဝမရှိတဲ့ဘဝကို ဖန်တီးဖို့ မဟုတ်ပါဘူး။
❣️ စိတ်ဖိစီးမှု ကြုံလာရင်တောင် "ဒါဟာ အဆင်မပြေမှု သက်သက်သာဖြစ်ပြီး ငါ့အတွက် အန္တရာယ်မဟုတ်ဘူး၊ ငါ ကျော်ဖြတ်နိုင်တယ်" ဆိုပြီး ခန္ဓာကိုယ်က အပြည့်အဝ ယုံကြည်နိုင်စွမ်း ရှိလာစေဖို့သာ ဖြစ်ပါတယ်။

❣️အာရုံကြောစနစ်ကို ပြန်လည်ထိန်းညှိတယ်ဆိုတာ တစ်ညတည်းနဲ့ ပြီးသွားမယ့် အရာမဟုတ်ပါဘူး။
❣️အခုချိန်ထိ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရှင်သန်လာခဲ့ရတဲ့ ကိုယ့်ခန္ဓာကိုယ်လေးကို အပြစ်မတင်ဘဲ "ငါ့ကို ကာကွယ်ပေးခဲ့တာ ကျေးဇူးပါ" လို့ မေတ္တာပို့ပေးလိုက်ပါနော်…..
❣️သင့်ခန္ဓာကိုယ်က အန္တရာယ်ကင်းတယ်လို့ ခံစားရဖို့ အချိန်ယူရတာ သဘာဝကျပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် နူးနူးညံ့ညံ့ ဆက်ဆံရင်း၊ သေးငယ်တဲ့ ခြေလှမ်းလေးတွေနဲ့ လုံခြုံမှုကို ပြန်လည်တည်ဆောက်သွားကြရအောင်ရှင်။
❣️သင့်ရဲ့ စိတ်ခံစားချက်တိုင်းကို အသိအမှတ်ပြုပြီး အတူတကွ ဖြတ်သန်းပေးဖို့ Happy & Co. က အမြဲ အဆင်သင့်ရှိနေပါတယ်ရှင်။ ✨🫂 🌿🤍

Address

Yangon

Alerts

Be the first to know and let us send you an email when Happy & Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Happy & Co.:

Shortcuts

Share