Moria Soulspace

Directions

Moria Soulspace ✨ Awakening souls, guiding hearts, and creating space for inner truth.🦋
(2)

Three of swords & Seven of swords နဲ့မှတင် အူတက် ဒီကတ်က ကွက်ကွက်ကွင်းကွင်းတွေကိုပြတာ 🤣 ဘာ reading မှမဟုတ်ဘူး artwork သဘေ...
22/09/2026

Three of swords & Seven of swords နဲ့မှတင် အူတက် ဒီကတ်က ကွက်ကွက်ကွင်းကွင်းတွေကိုပြတာ 🤣 ဘာ reading မှမဟုတ်ဘူး artwork သဘောကျလို့လာတင်တာ😆

သင့်အတွက် Card Message 💌🃏 ဒီ Reading ကို ဘယ်သူတွေ ဖတ်သင့်လဲ?​အချစ်ရေးမှာ အပေးအယူမျှတမှုကို လိုလားနေသူတွေ၊ ကိုယ်ပေးဆပ်သလိ...
22/09/2026

သင့်အတွက် Card Message 💌

🃏 ဒီ Reading ကို ဘယ်သူတွေ ဖတ်သင့်လဲ?

​အချစ်ရေးမှာ အပေးအယူမျှတမှုကို လိုလားနေသူတွေ၊ ကိုယ်ပေးဆပ်သလို အသိအမှတ်ပြုခံချင်သူတွေနဲ့ သင့်တော်ပါတယ်။ စိတ်ကစားတာမျိုးမဟုတ်ဘဲ ရင့်ကျက်တည်ငြိမ်တဲ့ ဆက်ဆံရေး၊ နားလည်မှုအပြည့်ရှိပြီး အပြန်အလှန် ဖေးမချင်တဲ့ စစ်မှန်တဲ့အချစ် (Soulmate Connection) ကို မျှော်လင့်စောင့်ဆိုင်းနေသူတွေ ဒီစာလေးကို ဆက်ဖတ်ပေးပါ။မဆိုင်တဲ့သူတွေကတော့ ကျော်သွားလိုက်ပါရှင်။

​💌 အတိတ်က ကိစ္စတွေအတွက် Second chance ဒါမှမဟုတ် သင့်အတွက် တရားမျှတတဲ့ အဖြေကောင်းတစ်ခု မကြာခင် ရောက်လာပါတော့မယ်။ ဒီအချိန်မှာ သူများစကားတွေထက် ကိုယ့်ရဲ့ ပင်ကိုယ်အသိစိတ် (Intuition) ကိုပဲ အပြည့်အဝ ယုံကြည်လိုက်ပါ။ သင့်ရဲ့ နူးညံ့တဲ့ မေတ္တာတရားက အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် ကုစားပေးသွားပါလိမ့်မယ်။ မကြာခင်မှာ အထင်လွဲမှုတွေ ကင်းရှင်းသွားပြီး ချစ်ရသူနဲ့ ပြန်လည်ဆုံစည်းရတာ၊ အတူတူ ပျော်ရွှင်စွာ အောင်ပွဲခံရတာမျိုးတွေ ကြုံလာရနိုင်တာမို့ စိတ်အေးအေးလေးနဲ့သာ စောင့်နေသင့်ပါတယ်။ 🥂

ယနေ့ည 8:00 PM – 10:00 PM အတွင်းမှာ အောက်မှာဖော်ပြထားတဲ့ Tarot Reading တွေကို လာရောက်မေးမြန်း/Booking တင်နိုင်ပါတယ်။ပုံမှ...
22/09/2026

ယနေ့ည 8:00 PM – 10:00 PM အတွင်းမှာ အောက်မှာဖော်ပြထားတဲ့ Tarot Reading တွေကို လာရောက်မေးမြန်း/Booking တင်နိုင်ပါတယ်။

ပုံမှန် ၃ ရက် Waiting Time မစောင့်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
ဒီ Session မှာ လက်ခံမယ့် လူဦးရေ အကန့်အသတ်တော့ရှိပါတယ်ရှင်။

⏳Timeless Collective Messageလက်ရှိမှာ အချစ်ရေး၊ ဆက်ဆံရေး ဒါမှမဟုတ် ကိုယ်တန်ဖိုးထားတဲ့ connection တစ်ခုနဲ့ပတ်သက်ပြီး ပျော...
20/09/2026

⏳Timeless Collective Message

လက်ရှိမှာ အချစ်ရေး၊ ဆက်ဆံရေး ဒါမှမဟုတ် ကိုယ်တန်ဖိုးထားတဲ့ connection တစ်ခုနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ ရောထွေးနေနိုင်ပါတယ်။ ဖြစ်ချင်တာနဲ့ လက်ရှိအခြေအနေကြား balance လုပ်နေရပြီး မဖြစ်သေးတဲ့အရာတွေကို အတွေးလွန်ကာ စိတ်ပူပန်နေမိနိုင်ပါတယ်။

ဒါပေမယ့် အခုက အရာအားလုံးကို အတင်းထိန်းချုပ်ဖို့မလိုပါဘူး။ ကိုယ့်စိတ်ကို ပြန်ထိန်းပြီး သည်းခံနိုင်ဖို့လိုတဲ့အချိန်ဖြစ်ပြီး လက်ရှိအခြေအနေကလည်း တဖြည်းဖြည်း ပြောင်းလဲသွားနိုင်ပါတယ်။ မျှော်လင့်မထားတဲ့ turning point တစ်ခုက အခြေအနေကို ပြန်ရွေ့လျားသွားစေနိုင်ပါတယ်။

နောက်ဆုံးမှာ ကိုယ့်ခံစားချက်တွေကို ပိုနားလည်ပြီး အေးအေးဆေးဆေး ကိုင်တွယ်နိုင်တဲ့ emotional maturity ကို ရလာပါလိမ့်မယ်။ အခုခံစားနေရတဲ့ uncertainty ကြောင့် အဆုံးသတ်လို့မသတ်မှတ်လိုက်ပါနဲ့ ...အချိန်နဲ့အမျှ အရာအားလုံးဟာ သူ့နေရာနဲ့သူ ပြန်ရောက်လာနိုင်ပါတယ်။

Ultimate Reading ရဲ့ Feedback လေး 🍀🥰
19/09/2026

Ultimate Reading ရဲ့ Feedback လေး 🍀🥰

Carl Jung...
18/09/2026

Carl Jung...

ကမ္ဘာကျော် ပန်းချီဆရာကြီး Vincent Van Gogh ရဲ့ ဇာတာကို Vedic Astrology အရ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ သူ့ရဲ့ ဘဝသမိုင်းကြော...
18/09/2026

ကမ္ဘာကျော် ပန်းချီဆရာကြီး Vincent Van Gogh ရဲ့ ဇာတာကို Vedic Astrology အရ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ သူ့ရဲ့ ဘဝသမိုင်းကြောင်းနဲ့ ဇာတာခွင်ထဲက အချိတ်အဆက်တွေဟာ အလွန်ကို အံ့သြစရာကောင်းလောက်အောင် တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ သူဟာ မေထုန်လဂ်ရှင် (Gemini Ascendant) ဖြစ်ပါတယ်။

​မေထုန်လဂ်မှာ ရာဟုက ၇ အံသာအကွာနဲ့ ပူးကပ်နေပါတယ်။ ဒါဟာ သမားရိုးကျဘောင်တွေထဲကနေ ဖောက်ထွက်ချင်တဲ့၊ ဂနာမငြိမ်တဲ့ (Unconventional/Eccentric) ကိုယ်ရည်ကိုယ်သွေးကို ပြနေပါတယ်။

​၂ တန့်သခင် တနင်္လာဟာ ၆ တန့် (ဗြိစ္ဆာရာသီ) Jyeshta နက္ခတ်မှာ နိစ် (Debilitated) ဖြစ်နေပါတယ်။ ၆ တန့်ဆိုတာ အခက်အခဲ၊ ရန်သူနဲ့ ရောဂါဖြစ်ပြီး၊ စိတ်ကိုကိုယ်စားပြုတဲ့ တနင်္လာ နိစ်ဖြစ်တာကြောင့် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှု (Psychological struggle) နဲ့ ခံစားလွယ်မှုတွေကို သင်္ကေတအရ ပြဆိုနေပါတယ်။ ၂ တန့် (ငွေကြေး/မိသားစု) သခင် ၆ တန့်ရောက်တာကလည်း မိသားစုနဲ့ ငွေကြေးကျပ်တည်းမှုကို ပြနေပါတယ်။

​နိစ်စနေ တစ်တန့်ကိုမြင်တာကလည်း ဘဝရဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ အထီးကျန်ဆန်မှုကို ပေး​နေပါတယ်။ ၆ တန့်သခင် အင်္ဂါကလည်း ၁ တန့်၊ ၄ တန့်တွေကို လှမ်းမြင်နေတဲ့အတွက် စိတ်လိုက်မာန်ပါဖြစ်လွယ်တာ၊ ဒေါသထွက်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်စေတာ (ဥပမာ- နားရွက်ဖြတ်တဲ့ ဖြစ်ရပ်) တွေကို တွန်းအားပေးနေပါတယ်။

ဒီဇာတာမှာ အထူးခြားဆုံးကတော့ အနုပညာကို ဝါသနာအဆင့်မဟုတ်ဘဲ ဘဝရဲ့ အဓိကလမ်းကြောင်း (Life direction/Vocation) အဖြစ် တွန်းအားပေးနေတဲ့ အချက်ပါပဲ။

​၅ တန့် (ဖန်တီးမှု) နဲ့ ၁၂ တန့် (အထီးကျန်ခြင်း/စိတ်ကူးယဉ်ခြင်း) သခင်ဖြစ်တဲ့ သောကြာဟာ ၁၀ တန့်မှာ ဥစ် (Exalted) အားနဲ့ ရပ်တည်နေပါတယ်။
​၁၁ တန့်သခင် အင်္ဂါဟာ သောကြာနဲ့ ၂ အံသာအကွာမှာ ပူးနေပြီး (နေလောင်ကျွမ်းခြင်းခံထားရပါတယ်)။ ၃ တန့် (လက်+ကြိုးစားအားထုတ်မှု) သခင် တနင်္ဂနွေကလည်း ၁၀ တန့်မှာ ပူးနေပါတယ်။

​Aesthetic impulse ကိုပြတဲ့ သောကြာနဲ့ Action/Drive ကိုပြတဲ့ အင်္ဂါတို့ ၁၀ တန့်မှာ ပူးနေတာ၊ ၃ တန့်သခင်ပါ ပါဝင်နေတာတွေက သူ့ရဲ့ ပန်းချီဆွဲခြင်းအပေါ်မှာ အစွဲအလမ်းကြီးစွာ နေ့မနားညမနား ပေါက်ကွဲအားပြင်းပြင်း ဖန်တီးခဲ့တာကို ပြသနေပါတယ်။

​၇ တန့် (ဓနုရာသီ) မှာ ၁၀ တန့်နဲ့ ၇ တန့်သခင် ကြာသာပတေးက ကသစ်အားနဲ့ ရပ်တည်နေပါတယ်။ ဒါပေမယ့် ကြာသာပတေးဟာ Ketu နဲ့ ၁ အံသာအကွာမှာ ပူးနေတယ်။

​ဒီအချက်က သမားရိုးကျ အိမ်ထောင်ရေး၊ ဆက်ဆံရေး မျိုးကို မတည်ဆောက်နိုင်ခဲ့တာကို ပြပါတယ်။ Ketu ရဲ့ သဘောအရ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တွယ်တာမှုကနေ ကင်းကွာပြီး (Detachment)၊ တစ်သီးပုဂ္ဂလဆန်တဲ့ ဝိညာဉ်ရေးရာ ရှာဖွေမှုဘက်ကို ပိုအားသန်သွားစေပါတယ်။ ဒါပေမယ့် ကသစ်အားနဲ့ ကြာသာပတေးက ၁၁ တန့်၊ ၁ တန့် နဲ့ ၃ တန့်တွေကို ပြန်မြင်နေတဲ့အတွက် ဒီလိုအခက်အခဲတွေကြားကနေ သူ့ရဲ့ ဉာဏ်ပညာနဲ့ အနုပညာကို အကာအကွယ်ပေးထားပါတယ်။

​၁၁ တန့် (မိဿရာသီ) မှာ ၁ တန့်သခင် ဗုဒ္ဓဟူးနဲ့ ၉ တန့်သခင် စနေတို့ ပူးပြီး ၁+၉၊ ၄+၉ Raja Yogas တွေ ဖြစ်ပေါ်နေပါတယ်။

​ယောဂအားကောင်းပေမယ့်၊ ၉ တန့်သခင် စနေဟာ မိဿရာသီမှာ နိစ် (Debilitated) ဖြစ်နေပါတယ်။ ထို့အပြင် စနေဟာ ၈ တန့် (ရုတ်တရက် အပြောင်းအလဲ၊ သေဆုံးခြင်း၊ အမွေအနှစ်) သခင်လည်း ဖြစ်နေပါတယ်။

​ဒါကြောင့် ၁၁ တန့် (Gains/လာဘ်လာဘ) မှာ ရာဇယောဂရှိပေမယ့် စနေရဲ့ နှောင့်နှေးစေတဲ့ သဘာဝနဲ့ ၈ တန့်သခင်ရဲ့ လွှမ်းမိုးမှုတွေကြောင့် သက်ရှိထင်ရှားရှိချိန်မှာ အောင်မြင်မှုကို လုံးဝမခံစားခဲ့ရဘဲ၊ ကွယ်လွန်ပြီးနောက်ပိုင်းမှသာ ကမ္ဘာကျော်ပြီး အကြီးမားဆုံးသော Posthumous fame ကို ရရှိခဲ့တာဟာ ဗေဒင်သင်္ကေတအရ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။

📝 ​သုံးသပ်ချက်
Van Gogh ရဲ့ ဇာတာဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေ၊ အထီးကျန်မှုတွေ (၆ တန့် တနင်္လာ၊ ရာဟု၊ စနေအမြင်) တစ်ဖက်မှာ ရှိနေသလို၊ အခြားတစ်ဖက်မှာလည်း အလွန်အားကောင်းတဲ့ ဖန်တီးမှုစွမ်းရည်နဲ့ ရည်မှန်းချက် (၁၀ တန့်က သောကြာဥစ်နဲ့ ဂြိုဟ်စုများ) ယှဉ်တွဲတည်ရှိနေတဲ့ ဇာတာဖြစ်ပါတယ်။ နာကျင်မှုတွေကြားကနေ အခွင့်အရေးရတိုင်း သူ့ရဲ့ ကြီးမားတဲ့ Creative drive ကို အသုံးပြုပြီး ဇွဲလုံ့လကြီးစွာ ဖန်တီးနိုင်ခဲ့တာကသာ သူ့ကို သမိုင်းဝင် ပါရမီရှင်တစ်ယောက် ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ရတဲ့ Vedic Astrology ရဲ့ Feedback လေး 🥰 📌 Client ခွင့်ပြုချက်နှင့် တင်ထားခြင်းဖြစ်သည်။
17/09/2026

ဒီနေ့ရတဲ့ Vedic Astrology ရဲ့ Feedback လေး 🥰

📌 Client ခွင့်ပြုချက်နှင့် တင်ထားခြင်းဖြစ်သည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Moria Soulspace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share