Nyein Chan Thar Medical Center

Nyein Chan Thar Medical Center Quality, Care, Experience

04/06/2026

မဂ်လာပါရှင်🙏
Urgent

# # # Nyein Chan Thar Medical Center (ရန်ကင်းမြို့နယ် - ကျောက်ကပ်သွေးသန့်စင်ဌာန) တွင် တာဝန်ထမ်းဆောင်ရန် သူနာပြု အကူ ( မ ) တစ်ဦးအမြန်အလိုရှိပါသည်။ ဆေးရုံ၊ဆေးခန်းအတွေ့အကြုံရှိသူ/ ဆေးခန်းနှင့်ရေရှည်လက်တွဲလုပ်နိုင်သူကို ဦးစားပေးပါမည်။ အတွေ့အကြုံမရှိလဲ လာရောက်လျှောက်ထားနိုင်ပါသည်။‌‌ လာရောက်လျှောက်ထားမည် ဆိုပါက ------
1.ကိုယ်ရေးရာဇဝင်အချက်အလက် (CV form)
2.မှတ်ပုံတင်မူရင်း / မိတ္တူ
3. ပညာအရည်အချင်း အောင်လက်မှတ် မူရင်း / မိတ္တူ
4.အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ
5.သန်းခေါင်စာရင်းမိတ္တူ --
များယူဆောင်ပြီး ဆေးခန်းသို့ မနက် ၉နာရီမှ နေ့လည် ၂ နာရီ အတွင်း ( 15.6.2026/ Monday ) နောက်ဆုံးထားပြီး လာရောက်လျှောက်ထားနိုင်ပါသည်ရှင့်။ (Sunday ဆေးခန်းပိတ်ပါသည်။) အသေးစိတ် သိရှိလိုပါက ဆေးခန်းဖုန်းနံပတ် သို့ လည်း ဆက်သွယ် စုံစမ်းနိုင်ပါသည် ရှင်။

26/05/2026
မင်္ဂလာပါရှင်🙏🏻Nyein Chan Thar Medical Center ၏ ကျောက်ကပ်ရောဂါများနှင့်ပတ်သက်၍ ရရှိနိုင်သောဝန်ဆောင်မှုများကိုမိတ်ဆက်ပေးခ...
16/05/2026

မင်္ဂလာပါရှင်🙏🏻
Nyein Chan Thar Medical Center ၏ ကျောက်ကပ်ရောဂါများနှင့်ပတ်သက်၍ ရရှိနိုင်သောဝန်ဆောင်မှုများကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။

Nyein Chan Thar Medical Center တွင်ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့်ပတ်သက်၍
🌟 မည်သည့်လူနာအမျိုးအစားမဆို (နာတာရှည်/ရုတ်တရက်)(အသည်းရောင် အသားဝါပိုးရှိသူ/မရှိသူ) လူနာများကို ဈေးနှုန်းချိုသာစွာ ဖြင့် ဝန်ဆောင်မှုပေးခြင်း။

✅ နိုင်ငံတကာအဆင့်မှီ ဂျပန်နိုင်ငံမှ စက်သစ်ကြီးများဖြင့်ကျောက်ကပ်ဆေးကုသမှုများကိုပြုလုပ်ပေးခြင်း။

✅ ဝါရင့်ဆီးနှင့်ကျောက်ကပ် အထူးကုသမားတော်ကြီးများနှင့်တိုင်ပင်ဆွေးနွေးခြင်း။

✅ Infectious နှင့် Non-infectious လူနာများအား သီးသန့် HD စက်များနှင့်ဆောင်ရွက်ပေးခြင်း။

✅ ဓာတ်ခွဲခန်းတွင်ကျောက်ကပ်ကျန်းမာရေးအတွက်စစ်ဆေးခြင်း။

✅ နိုင်ငံတကာအဆင့်မီ Kidney-Kleen Dialyzer Reprocessor ကျောက်ကပ်တုဆေးကြောသန့်စင်စက်အသုံးပြုထားခြင်းကြောင့်ကျောက်ကပ်တုများအားအကြိမ်ကြိမ်ယုံကြည်စိတ်ချစွာ ပြန်လည်အသုံးပြုနိုင်ခြင်း။

✅ ကျောက်ကပ်သွေးသန့်စင်ခြင်းကို ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း နံနက် 8 နာရီမှ ညနေ 5 နာရီအထိ (2 sections) ဆောင်ရွက်ပေးခြင်း။

✅ သန့်ရှင်းသပ်ရပ်၍ အေးချမ်းသောအခန်းများဖြင့် သွားလာရလွယ်ကူသော ပတ်ဝန်းကျင်တွင်ကုသနိုင်ခြင်း။

✅ စနစ်တကျလေ့ကျင့်သင်ကြားထားသောကျွမ်းကျင်ဆရာဝန်၊ ဆရာ၊ဆရာမများ မှ နွေးထွေးစွာစောင့်ရှောက်မှုပေးခြင်း စသည့် ဝန်ဆောင်မှုများကိုဈေးနှုန်းချိုသာစွာဖြင့်တနေရာတည်းမှာပင်ရရှိနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်။

✅ ထို့အပြင် ကျောက်ကပ်ဆေးရာတွင်အသုံးပြုသော RO Water Quality ကိုလည်း လစဉ် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ RO Water Sample ပို့၍စစ်ဆေးပါတယ်ရှင်။

✅ HD စက်များနှင့်ပတ်သက်၍လည်း Cleaning & Disinfection ကို Infection Control Guideline အတိုင်းတိကျစွာဆောင်ရွက်လုပ်ကိုင်ပါတယ်ရှင်။

💯 ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျောက်ကပ်ရောဂါရှိ လူနာများအား လုံခြုံစိတ်ချပြီး အရည်အသွေးမြင့် Dialysis ဝန်ဆောင်မှုများဖြင့် ကျန်းမာရေးကောင်းမွန်သော လူနေမှုဘဝကို ထောက်ပံ့ပေးနိုင်ရန် ဖြစ်ပါသည်။
🔖 ကျောက်ကပ်သွေးသန့်စင်မှုနှင့်ပတ်သက်၍ booking ယူလိုခြင်းနှင့် အသေးစိတ်သိရှိလိုခြင်းများအတွက် -

📲ဖုန်း - 09408594477, 09408594488
(or)
Nyein Chan Thar Medical Center ၏ Facebook messenger/chat box
(or)
Viber (09408594477) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
🕰ဆေးခန်းဖွင့်ချိန် - မနက် (8) နာရီမှညနေ (5) နာရီ
(တနင်္ဂနွေတစ်ရက်ပိတ်ပါသည်။)

♦️လူနာများအဆင်ပြေလွယ်ကူစေရန် Mobile banking ဖြင့်လည်းငွေပေးချေနိုင်ပါတယ်ရှင်။

🏥 အခန်း ၄ ၊ တိုက် ၂၉၁ ၊ ရန်အောင် ၃ လမ်း၊ ၂ ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ ( ကြားမှတ်တိုင် အနီး )

မိုးရာသီရောက်ရှိလာတော့မှာ  ဖြစ်တဲ့အတွက်ကလေးငယ်နှင့်လူငယ်တွေမှာအဖြစ်များဆုံးရောဂါတစ်ခုဖြစ်တဲ့ Dengue လို့ခေါ်တဲ့သွေးလွန်တ...
11/05/2026

မိုးရာသီရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက်ကလေးငယ်နှင့်လူငယ်တွေမှာအဖြစ်များဆုံးရောဂါတစ်ခုဖြစ်တဲ့ Dengue လို့ခေါ်တဲ့သွေးလွန်တုပ်ကွေးရောဂါ အကြောင်းလေးကို ပြောပြချင်ပါတယ်။
✅သွေးလွန်တုပ်ကွေးရောဂါကဘာကြောင့်ဖြစ်တာလဲ?
ရောဂါပိုးသယ်ဆောင်ထားတဲ့Aedes လို့ခေါ်တဲ့ခြင်ကြားတစ်မျိုးကိုက်လို့ပဲဖြစ်ပါတယ် ညဘက်နဲ့မနက်ခင်းပိုင်းမှာမဟုတ်ဘဲနေ့ခင်းဘက်မှာရှိတဲ့ခြင်ကြားက်ိုက်တာကြောင့်ပဲဖြစ်ပါတယ်။

✅ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ?
3 ရက်နှင့်အထက်ဖျားခြင်း၊ နှုံးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းးများအပြင် ကော်ဖီရောင်အန်ခြင်း၊ဝမ်းမည်းမည်းသွားခြင်း၊ခန္ဓာကိုယ်တွင်အနီစက်များထွက်ခြင်း၊ဗိုက်အောင့်ခြင်း နှင့်ရောဂါပြင်းထန်လာလျှင် shock ရပီးအသက်ဆုံးရှုံးတဲ့အထိပါဖြစ်နိုင်ပါတယ်။

✅ရောဂါပိုးအမျိုးအစားဘယ်နှမျိုးရှိလဲ?
ရောဂါပိုးအမျိုးအစား၄ မျိုးရှိပါတယ်
ရောဂါတခါမှမဖြစ်ဖူးသူတွေမှာပုံမှန်ရာသီတုပ်ကွေးလက္ခဏာများကဲ့သို့ခံစားရပီးပျောက်ကင်းသွားနိုင်သလို
ပထမတစ်ခါရောဂါဖြစ်ဖူးပြီးနောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပိုမိုပြင်းထန်တဲ့အဆင့်ထိဖြစ်နိုင်ပါတယ် ဒါ့ကြောင့်တစ်ကြိမ်ဖြစ်ဖူးသားကလေးများ လူငယ်များမှာ အထူးဂရုစိုက်စောင့်ကြည့်ရန်လိုအပ်ပါတယ်။

✅ဘယ်လိုကုသမှုတွေခံယူသင့်လဲ?
အထက်ပါ ကိုယ်ခန္ဓာမှသွေးထွက်တဲ့လက္ခဏာများဖြစ်လာလျှင်နီးစပ်ရာဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
ဒါ့အပြင်ကိုယ်ခံအားကောင်းအောင်ရေများများသောက်ခြင်း၊ဓာတ်ဆားရည်သောက်ခြင်း၊အာဟာရပြည့်ဝအောင်စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းဖြင့်ရောဂါပိုးကိုအနိုင်ယူနိုင်ပါတယ်။

✅ဘယ်လိုကာကွယ်ကြမလဲ?
Aedesခြင်သည် ရေငြိမ်ရေဝပ်သောနေရာတွင်ပေါက်ဖွားနိုင်သည့်အတွက် မိမိတို့ခြံအတွင်းရေဝပ်သောနေရာများကိုစနစ်တကျသန့်ရှင်းခြင်း၊ အိမ်တွင်ရှိသောဘုရားပန်းအိုးများကိုနေ့စဉ်ရေလဲပေးခြင်း၊ ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ခြင်မကိုက်စေသော ဆေးများလိမ်းခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။

✅ဒါ့အပြင်သံသယရှိသောရောဂါလက္ခဏာများခံစားရလျှင် သွေးထဲရှိ NS1 Ag လို့ခေါ်တဲ့ဓာတ်တမျိုးစစ်ကြည့်လို့ရပါတယ်။

မင်္ဂလာပါရှင်🙏🏻Nyein Chan Thar Medical Center တွင်ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့်ပတ်သက်၍🌟 မည်သည့်လူနာအမျိုးအစားမဆို (နာတာ...
22/04/2026

မင်္ဂလာပါရှင်🙏🏻
Nyein Chan Thar Medical Center တွင်ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့်ပတ်သက်၍
🌟 မည်သည့်လူနာအမျိုးအစားမဆို (နာတာရှည်/ရုတ်တရက်)(အသည်းရောင် အသားဝါပိုးရှိသူ/မရှိသူ) လူနာများကို ဈေးနှုန်းချိုသာစွာ ဖြင့် ဝန်ဆောင်မှုပေးခြင်း။
Nyein Chan Thar Medical Center ၏ ကျောက်ကပ်ရောဂါများနှင့်ပတ်သက်၍ ရရှိနိုင်သောဝန်ဆောင်မှုများကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။
✅ နိုင်ငံတကာအဆင့်မှီ ဂျပန်နိုင်ငံမှ စက်သစ်ကြီးများဖြင့်ကျောက်ကပ်ဆေးကုသမှုများကိုပြုလုပ်ပေးခြင်း။
✅ ဝါရင့်ဆီးနှင့်ကျောက်ကပ် အထူးကုသမားတော်ကြီးများနှင့်တိုင်ပင်ဆွေးနွေးခြင်း။
✅ Infectious နှင့် Non-infectious လူနာများအား သီးသန့် HD စက်များနှင့်ဆောင်ရွက်ပေးခြင်း။
✅ ဓာတ်ခွဲခန်းတွင်ကျောက်ကပ်ကျန်းမာရေးအတွက်စစ်ဆေးခြင်း။
✅ နိုင်ငံတကာအဆင့်မီ Kidney-Kleen Dialyzer Reprocessor ကျောက်ကပ်တုဆေးကြောသန့်စင်စက်အသုံးပြုထားခြင်းကြောင့်ကျောက်ကပ်တုများအားအကြိမ်ကြိမ်ယုံကြည်စိတ်ချစွာ ပြန်လည်အသုံးပြုနိုင်ခြင်း။
✅ ကျောက်ကပ်သွေးသန့်စင်ခြင်းကို ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း နံနက် 8 နာရီမှ ညနေ 5 နာရီအထိ (2 sections) ဆောင်ရွက်ပေးခြင်း။
✅ သန့်ရှင်းသပ်ရပ်၍ အေးချမ်းသောအခန်းများဖြင့် သွားလာရလွယ်ကူသော ပတ်ဝန်းကျင်တွင်ကုသနိုင်ခြင်း။
✅ စနစ်တကျလေ့ကျင့်သင်ကြားထားသောကျွမ်းကျင်ဆရာဝန်၊ ဆရာ၊ဆရာမများ မှ နွေးထွေးစွာစောင့်ရှောက်မှုပေးခြင်း စသည့် ဝန်ဆောင်မှုများကိုဈေးနှုန်းချိုသာစွာဖြင့်တနေရာတည်းမှာပင်ရရှိနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်။
ထို့အပြင် ကျောက်ကပ်ဆေးရာတွင်အသုံးပြုသော RO Water Quality ကိုလည်း လစဉ် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ RO Water Sample ပို့၍စစ်ဆေးပါတယ်ရှင်။
✅ HD စက်များနှင့်ပတ်သက်၍လည်း Cleaning & Disinfection ကို Infection Control Guideline အတိုင်းတိကျစွာဆောင်ရွက်လုပ်ကိုင်ပါတယ်ရှင်။
💯 ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျောက်ကပ်ရောဂါရှိ လူနာများအား လုံခြုံစိတ်ချပြီး အရည်အသွေးမြင့် Dialysis ဝန်ဆောင်မှုများဖြင့် ကျန်းမာရေးကောင်းမွန်သော လူနေမှုဘဝကို ထောက်ပံ့ပေးနိုင်ရန် ဖြစ်ပါသည်။
🔖 ကျောက်ကပ်သွေးသန့်စင်မှုနှင့်ပတ်သက်၍ booking ယူလိုခြင်းနှင့် အသေးစိတ်သိရှိလိုခြင်းများအတွက် -

📲ဖုန်း - 09408594477, 09408594488
(or)
Nyein Chan Thar Medical Center ၏ Facebook messenger/chat box
(or)
Viber (09408594477) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
🕰ဆေးခန်းဖွင့်ချိန် - မနက် (8) နာရီမှညနေ (5) နာရီ
(တနင်္ဂနွေတစ်ရက်ပိတ်ပါသည်။)

♦️လူနာများအဆင်ပြေလွယ်ကူစေရန် Mobile banking ဖြင့်လည်းငွေပေးချေနိုင်ပါတယ်ရှင်။

🏥 အခန်း ၄ ၊ တိုက် ၂၉၁ ၊ ရန်အောင် ၃ လမ်း၊ ၂ ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ ( ကြားမှတ်တိုင် အနီး )

ငြိမ်းချမ်းသာ Medical Center တွင်ကျောက်ကပ်ဆေးနေသော လူနာများအားတစ်ယောက်လျှင် ဆန်တစ်ပြည်၊ ဆီတစ်ပုလင်း၊ ဆားတစ်ထုပ်၊ ကြက်ဥဆယ...
20/04/2026

ငြိမ်းချမ်းသာ Medical Center တွင်ကျောက်ကပ်ဆေးနေသော လူနာများအား
တစ်ယောက်လျှင် ဆန်တစ်ပြည်၊ ဆီတစ်ပုလင်း၊ ဆားတစ်ထုပ်၊ ကြက်ဥဆယ်လုံးတို့ကို မြန်မာနှစ်သစ်ကူးအလှူအဖြစ် လှူဒါန်းခဲ့ပါသည်။

🙏 နှစ်သစ်ဆုတောင်း 🙏
16/04/2026

🙏 နှစ်သစ်ဆုတောင်း 🙏

📌"လူမသိသူမသိ သွေးတိုးအကြောင်းတွေ..."📌__________________________________________________📍 ၁။ သွေးတိုး‌ရောဂါက     အငန်စားတ...
14/04/2026

📌"လူမသိသူမသိ သွေးတိုးအကြောင်းတွေ..."📌
__________________________________________________

📍 ၁။ သွေးတိုး‌ရောဂါက
အငန်စားတာတစ်ခုထဲကြောင့် မဟုတ်ပါ။

_ အသက် (ကြီးလာရင်)
_ မိသားစုရာဇဝင်
_ အစားအသောက် (အဆီ၊ အငန်)
_ အနေအထိုင် (လှုပ်လှုပ်ရှားရှားမရှိ)
_ ဆေးလိပ်၊ အရက်၊ ကွမ်း
_ Stress များ၊ အိပ်ရေးမဝ

ဒီအချက်တွေအားလုံးက
သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်...
သွေးတိုးရှိတဲ့သူပဲဖြစ်ဖြစ်၊
မရှိသေးတဲ့သူပဲဖြစ်ဖြစ်
အတတ်နိုင်ဆုံးဒီအချက်တွေထဲက
ရှောင်လို့ရတာ‌ရှောင်၊ ဆောင်လို့ရတာဆောင်ရင်
သွေးတိုးရောဂါဖြစ်နိုင်ချေနည်းလာပါမယ်။
_________________________________________________

📍၂။ သွေးတိုးနဲ့ဆီးချိုကတွဲနေနိုင်တယ်။

ဒီရောဂါနှစ်ခုက Risk factor တွေဆင်တူကြတယ်။

ပြောချင်တာက...
ဥပမာ- အဆီတွေအရမ်းအစားများရင်...
အဆီပိတ်ပြီး သွေးလည်းတိုးနိုင်သလို..
အဆီကြောင့် Insulin resistance ကျပြီး
ဆီးချိုလဲဖြစ်လာနိုင်တယ်။

ဒါကြောင့် သွေးတိုးရှိတဲ့သူက
အစားအသောက်အနေအထိုင်မဆင်ခြင်ဘူး၊
ဆေးမသောက်ဘူးဆိုရင်
ဆီးချိုလဲတွဲဖြစ်လာနိုင်သလို ...

ဆီးချိုသမားလဲအလားတူပါပဲ။
__________________________________________________

📍 ၃။ သွေးထိန်းဆေး/ကျဆေးများကို
နေ့တိုင်းမပြတ်သောက်ရပါမယ်။

သွေးတိုးရော၊ ဆီးချိုရော ...

ဒီရောဂါတွေကလုံးဝ
ပျောက်ကင်းသွားတယ်ဆိုတာမရှိပါဘူး။

Control ရတယ်မရဘူးပဲရှိပါတယ်။

ဒါကြောင့် Control ရချင်တယ်၊
ရောဂါသက်သာချင်တယ်၊
ဒီရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
မခံစားချင်ဘူးဆိုရင်
ဆေးပုံမှန်‌နေ့တိုင်းသောက်ရပါမယ်။

တကယ်က...
သွေးထိန်းဆေးနဲ့ သွေးကျဆေးတူတူပါပဲ။

သွေးကျဆေးလို့ပြောရင်
သွေးပေါင်တက်မှသောက်ရတယ်ထင်ကြလွန်းလို့ သွေးထိန်းဆေးလို့ပြောင်းခေါ်ကြတာ...။

သွေးတိုးကရောဂါရှိတာသေချာပြီဆိုတာနဲ့
ဆေးက နေ့တိုင်းတောက်လျှောက်‌‌ပုံမှန်မှီဝဲရမှာပါ။

အစားအသောက်အနေအထိုင်လဲဆင်ခြင်တယ်၊
ဆေးလိပ်၊ အရက်လဲဖြတ်တယ်၊
ကျန်းမာအောင်လဲနေထိုင်တယ်ဆိုရင်...

တစ်ရက်မှဆေးတစ်လုံးလောက်သောက်ရတာပဲဗျာ..

ဆေးပုံမှန်သောက်မလား....
လေဖြတ်တဲ့ထိဒီတိုင်းပဲနေမလား...
သေချာစဉ်းစားကြည့်နော်။
__________________________________________________

📍 ၄။ သွေးတိုးတာက
ရောဂါအခံတစ်ခုကြောင့်လဲ ဖြစ်နေနိုင်တယ်။

လူအများစုပေါ့နော်..
90% သောလူ‌တွေမှာ သွေးတိုးရောဂါဖြစ်ကြတာကို
Primary or Essential Hypertension လို့ခေါ်ပါတယ်။

ဒါပေမဲ့တချို့လူတွေမှာ သွေးတိုးတယ်ဆိုပေမဲ့ သွေးတိုးရောဂါကြောင့်မဟုတ်ပဲ
တခြားအကြောင်းအရင်းတစ်ခုကြောင့်
သွေးပေါင်တက်နေတာမျိုးဖြစ်နိုင်တယ်။

ဥပမာ- ကျောက်ကပ်မကောင်းတာ၊
ဟော်မုန်းစနစ်မှာပြဿနာတစ်ခုခုရှိတာ
စတဲ့အခြေအနေတွေမှာဆိုရင်လည်း
သွေးတိုးနေနိုင်တယ်။

ဒါတွေကြောင့်သွေးတိုးတာဆိုရင်တော့
ဖြစ်စေတဲ့ရောဂါအရင်းခံကိုကုလိုက်ရင်
သွေးတိုးပါတခါထဲပျောက်သွားမှာဖြစ်ပါတယ်။
__________________________________________________

📍 ၅။ ဆေးမသောက်ရင်ဘာတွေဖြစ်လာမလဲ..

စဉ်းစားကြည့်ပါ။

သွေးတိုးနေတယ်ဆိုတာ
ကျွန်တော်တို့ရဲ့သွေးကြောတွေထဲမှာ
Pressure တွေတက်နေတာ...

သွေးတွေဒလဟောအရှိန်နဲ့စီးဆင်းနေတဲ့အခါ
သွေးကြောနံရံတွေကိုပွတ်တိုက်ပါများပြီး
နံရံတွေဒဏ်ဖြစ်လာတယ်။

ဒဏ်ဖြစ်လာတဲ့နေရာကို
သွေးဥမွှား Cell လေးတွေစုသွားတဲ့အခါ
သွေးခဲလိုဖြစ်လာတယ်။

အဲ့သွေးခဲကကြီးလာရင်း ပြုတ်ထွက်ပြီး
ဦးနှောက်သွေးကြောသွားပိတ်ရင် လေဖြတ်မယ်၊
နှလုံးသွေးကြောသွားပိတ်ရင် Heart Attack ရမယ်၊
အဆုတ်‌သွေးကြောသွားပိတ်ရင် အသက်ရှုရခက်လာမယ်၊ အကုန်သေတတ်တာကြီးပါပဲ။

ဒါမှမဟုတ်လဲ လေပူဖောင်းလို...
လေမတရားတင်းလာရင်ပေါက်ထွက်သွားနိုင်သလိုပဲ

Pressure တွေများလာတဲ့သွေးကြောတွေက
ဖောင်းပြီး ပေါက်ထွက်သွားနိုင်တယ်။

မျက်စိသွေးကြောပေါက်သွားရင်
မျက်စိကွယ်သွားမယ်၊
ခေါင်းထဲကသွေးကြောတခုခုပေါက်သွားရင်
ဦးနှောက်ထဲသွေးယိုစီးမယ်။

တခါတလေ သွေးကြောက
အဆီတွေများလို့ပိတ်ဆို့တယ်ဆိုရင်...

ကျောက်ကပ်ကသွေးကြောသာဆို
ကျောက်ကပ်သွေးမရပဲအလုပ်မလုပ်တော့ဘူး။
==========================================

ဆိုတော့ ...
သွေးတိုးကိုသေချာမကုသဘူးဆိုရင်
သင်ထင်ထားတာထက်
ပိုပြီးအခြေအနေဆိုးနိုင်တယ်ဆိုတာ
ခေါင်းထဲရှိထားဖို့လိုပါတယ်။

❗⭐ အရေးအကြီးဆုံးက ...
ဆေးသောက်ရုံနဲ့လည်းမပြီးသေးပဲ၊
အစားအသောက်အနေအထိုင်ကစလို့
အစစအရာရာဆင်ခြင်မှ
ရောဂါပိုပိုသက်သာပြီး
လူကောင်းပကတိလို နေထိုင်နိုင်မှာပါလို့
အကြုံပြုချင်ပါတယ်။ 🙏🏻

🙏🏻 မြန်မာပြည်သူပြည်သားအားလုံး
မဟာသင်္ကြန်အခါသမယမှာ
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။ 🙏🏻

ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲနေတယ်ဆို …=====🧑‍⚕️ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးတစ်ခုနဲ့တစ်ခုကို အဆစ်တွေက တွယ်ဆက်ပေးထားတာဖြစ်ပ...
07/10/2025

ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲနေတယ်ဆို …
=====

🧑‍⚕️ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးတစ်ခုနဲ့တစ်ခုကို အဆစ်တွေက တွယ်ဆက်ပေးထားတာဖြစ်ပြီး ထိုအဆစ်တွေဟာ နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက် ကူညီပေးပါတယ်။ ဒါပေမယ့် ရောဂါတစ်ခုခုကြောင့်၊ ဒါမှမဟုတ်ဒဏ်ရာတစ်ခုခုကြောင့် အဆစ်တွေ ပျက်စီးသွားတဲ့အခါ လှုပ်ရှားသွားလာဖို့အခက်တွေ့ကြုံရပြီး နာကျင်တဲ့ဝေဒနာကိုပါ ခံစားရပါတယ်။

ကိုယ်လက်အဆစ်အမြစ်ကိုက်ရတဲ့အကြောင်းတချို့ ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

🧑‍⚕️ အသက်ကြီးလာသည်နှင့်အမျှ အဆစ်အမြစ်နာကျင်ခြင်းသည် အဖြစ်များလာတတ်ကြပါတယ်။ နိုင်ငံတနိုင်ငံ၏ စစ်တမ်းတခုတွင် အရွယ်ရောက်ပြီးသူ၏ ၃ပုံ၁ပုံခန့်သည် ပြီးခဲ့သည့်ရက် ၃၀ အတွင်း အဆစ်အမြစ်နာကျင်ခြင်းကို ခံစားခဲ့ကြရတယ်ဟု ဖော်ပြထားပါတယ်။

ဒူးနာခြင်းသည် အဖြစ်အများဆုံးဖြစ်ပြီး ပခုံးနှင့်တင်ပါးနာကျင်ခြင်းသည် ဒုတိယအဖြစ်အများဆုံးဖြစ်တယ်။ ဒါပေမယ့် အဆစ်အမြစ်တွေနာကျင်ကိုက်ခဲမှုဟာ ခြေကျင်းဝတ်နှင့်ခြေဖဝါးမှသည် ပခုံးနှင့်လက်ဖဝါးတွေအထိ၊ သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို သက်ရောက်နိုင်ပါတယ်။

🧑‍⚕️ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေသည့်အကြောင်းအရာများကတော့
🦴 အရိုးအဆစ်ရောင်ခြင်း (Osteoarthritis)
🦴 လေးဖက်နာအဆစ်ရောင်ရောဂါ (Rheumatoid arthritis)
🦴 အဆစ်များကြားရှိအရည်အိတ်ရောင်ခြင်း (Bursitis)
🦴 ဂေါက်‌ရောဂါ (Gout)
🦴 ထိခိုက်ဒဏ်ရာ စသည်တို့ပဲဖြစ်ပါတယ်။

🧑‍⚕️ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းဝေဒနာဟာ ဘယ်သူတွေမှာ ဖြစ်နိုင်ချေများသလဲဆိုတော့ …
📈 မိသားစုမျိုးရိုးတွင် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းရောဂါအခံရှိသူများ
📈 အသက်အရွယ်ကြီးရင့်လာသူများ
📈 ဂေါက်ရောဂါ (Gout) ရှိသူအများစုမှာ အမျိုးသားများဖြစ်ကြပြီး အမျိုးသမီးများသည် အမျိုးသားများထက် လေးဖက်နာအဆစ်ရောင်ရောဂါ (Rheumatoid arthritis) ဖြစ်နိုင်ချေပိုများပါတယ်။
📈 ယခင်က အဆစ်အမြစ်ဒဏ်ရာရရှိခဲ့ဖူးခြင်း
📈 အဝလွန်ခြင်း စသည့်သူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။

🧑‍⚕️ ဒါကြောင့် မိမိဟာ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းဝေဒနာ ဖြစ်နိုင်ချေများသောအုပ်စုထဲတွင်ပါဝင်ပြီး အဆစ်အမြစ်တွေလည်းကိုက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပြီး အောက်ပါ ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်သင့်ပါတယ်။

✔️ ဓာတ်ခွဲခန်းတွင်သွေးစစ်တဲ့အခါ ဘာတွေထည့်စစ်သင့်သလဲဆိုတော့
🧪 CP (Auto) with film report
🧪 ESR
🧪 A*O (Quanti)
🧪 RA (Quanti)
🧪 Anti CCP
🧪 Uric acid
🧪 Vitamin D

🧪 Electrolytes (Na+,K+,Cl-,HCO3-)
👉 ၃လအတွင်းဆီးချိုသွေးချိုထိန်းသိမ်းမှုကို စစ်ဆေးရန်အတွက် 🧪 HbA1c စသည်တို့ကို ယေဘုယျအားဖြင့် စမ်းသပ်စစ်ဆေးသင့်ပါတယ်။

Address

Room 4, Building 291, Yan Aung (3) Street, Ward 2, Yankin Township
Yangon
11081

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959408594477

Website

Alerts

Be the first to know and let us send you an email when Nyein Chan Thar Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyein Chan Thar Medical Center:

Share