Yaung Ni Laboratory - ရောင်နီ ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

  • Home
  • Myanmar
  • Yangon
  • Yaung Ni Laboratory - ရောင်နီ ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

Yaung Ni Laboratory - ရောင်နီ ရောဂါရှာဖွေရေးဓါတ်ခွဲခန်း ရောင်နီ ရောဂါရှာဖွေရေးဓါတ်ခွဲခန်း ? 24hours open

01/05/2026

ကဆုန်လပြည့်ဗုဒ္ဓနေ့
နှစ်စဥ်ကုသိုလ်
ပရိတ်တရားနာ
စွမ်းသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အဖြာဖြာကြောင့် သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြပါစေ

17/04/2026

နှစ်သစ်မှာ
အားလုံး
စိတ်ချမ်းသာ
ကိုယ်ကျန်းမာ
ဘေးဘယာတွေဝေးကွာကြပါစေ
ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ

11/03/2026

Day Night တာဝန်ထမ်းဆောင်နိုင်သော
Computer နှင့် သွေးဖောက်ကျွမ်းကျင်သော အမျိုးသားဝန်ထမ်း ၂ ဦး လစ်လပ်နေပါသဖြင့်
09428122824 သို့ viber or phone ဖြင့် ဆက်သွယ်
လျှောက်ထားနိုင်ပါသည်
မြောက်ဥက္ကလာ ရောင်​နီဓါတ်ခွဲခန်းတွင်
လစာ အလုပ်ချိန် ညှိနှိုင်း တာဝန်ထမ်းဆောင်ရမည်

10/02/2026

Day Night တာဝန်ထမ်းဆောင်နိုင်သော အမျိုးသား
၁ Technician တစ်ဦး
၂ သွေးဖောက်ကျွမ်းကျင်တစ်ဦး
၃ Marketing-Male or Female တစ်ဦး
၄ Runners- Male နှစ်ဦး
လစ်လပ်နေပါသဖြင့်
09428122824viber or phone
CV form ဖြင့်လျှောက်ထားနိုင်ပါသည်
လစာ duty ညိှနှုိင်းပါ
ရောင်နီဓါတ်ခွဲခန်း မြောက်ဥက္ကလာတွင် တာဝန်ထမ်းဆောင်ရမှာပါ
Yaung Ni Laboratory

24/01/2026

Iron Deficiency Anaemia
သံဓါတ် ချို့တဲ့သော သွေးအားနည်းရောဂါ

မြန်မာနိုင်ငံတွင် သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း​ရောဂါ​သည်အတွေ့ရများသောရောဂါတစ်ခုဖြစ်ပါသည်။

💢လူ၏ ခန္ဓာကိုယ်​တွင်​သွေးဖြူဥ၊သွေးနီဥ ၊သွေးဥမွှာ စသည်ဖြင့်သွေးဆဲလ်များရှိကြသည်။
ထိုသွေးဆဲလ်များအနက် သွေးနီဥ​ပမာဏ​လျော့နည်းနေခြင်း၊သို့မဟုတ်​ဟေမိုဂလိုဘင်ဓါတ်​ပမာဏ​လျော့နည်းနေခြင်းကို သွေးအားနည်းခြင်းဟုခေါ်ပါသည်။
💢သံဓါတ်သည်ထိုသွေးနီဥဆဲလ်များတည်ဆောက်ရာတွင်ဖော့လစ်အက်ဆစ်နှင့် ဗီတာမင်​B12 ဓါတ်များနှင့်အတူလိုအပ်ပါသည်။
💢ပုံမှန်​အားဖြင့်​ဟေမိုဂလိုဘင်ဓါတ် သည်​အသက်အရွယ်၊ ယောကျ်ား​မိန်းမ​စသည်​တို့​အပေါ်​တွင်​မူတည်၍ ကွာခြားပါသည်။
👉ပုံမှန်​လူတစ်ယောက်တွင်​ဟေမိုဂလိုဘင်ဓါတ် မှာ
အမျိုးသားများတွင် 135 g/L မှ​175 g/L အကြား
အမျိုးသမီး​များ​တွင်​ 115 g/L မှ​155g/L အကြား
တွင်ရှိပါသည်။

🤔သံဓါတ်​ချို့တဲ့ခြင်းကိုဘယ်လိုခွဲခြားထားသလဲ။
🧑‍⚕️သံဓါတ်ချို့တဲ့ခြင်းတွင် အဆင့် (3) ဆင့်ရှိပါသည်။
👉ပထမအဆင့် သည်​ခန္ဓာကိုယ်​တွင်​သိုလှောင်​ထားသောသံဓါတ်များလျော့နည်းလာခြင်းဖြစ်သည်။
👉ဒုတိယအဆင့်သည် ရိုးတွင်းခြင်ဆီထဲတွင် သွေးနီဥဆဲလ်​များ​ထုတ်လုပ်​ရန်​သံဓါတ်​မလုံလောက်တော့ခြင်းဖြစ်သည်။
👉တတိယအဆင့်သည်​ သွေးနီဥဆဲလ် များအလုံအလောက်မရှိသဖြင့် ခန္ဓာကိုယ်တွင်သွေးအားနည်းခြင်းရောဂါလက္ခဏာ​များပေါ်ပေါက်လာခြင်းဖြစ်သည်။

🤔သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း​ခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။
🧑‍⚕️သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း​ရောဂါ​ကြောင့်
💢ပင်ပန်းလွယ်ခြင်း
💢ခေါင်းကိုက်ခြင်း
💢ဂနာမငြိမ်ဖြစ်ခြင်း​(irritability)
💢ကြွက်တက်ခြင်း (muscle cramps)
💢အသားအရေ​ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
💢မြေကြီး၊ပြာ၊မြေဖြူ၊ကြက်ဥ​ခွံ၊ကြိုးစ၊ဆံပင်​စသည်​စားစရာ​မဟုတ်သော အရာများကိုစားချင်နေခြင်း(pica)
💢အသက်ရှုကျပ် လာခြင်း၊ မောခြင်း
💢လျှာတွင်အနာများဖြစ်ခြင်း( tongue sores)
💢နှလုံးခုန်နှုန်းမြန်ခြင်း
💢သွေးအားနည်းခြင်းကြောင့်နှလုံးမောခြင်း
💢ခြေသည်းလက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း၊ဇွန်း​ပုံသဏ္ဍာန်​ခွက်နေခြင်း
💢ဆံပင်ကျွတ်​ခြင်း
စသည်တို့ဖြစ်နိုင်သည်။

🤔သံဓါတ်ချို့တဲ့ခြင်းက ဘာကြောင့်ဖြစ်နိုင်သလဲ။
🧑‍⚕️အဓိကအားဖြင့်
🔷နေ့စဉ်​စားသုံးသောအစားအစာများတွင် သံဓါတ် လုံလောက်စွာမပါခြင်း
🔷အစားအစာ​များတွင်​ပါဝင်သောသံဓါတ်ကို အစာအိမ်​နှင့် အူလမ်းကြောင်းမှကောင်းစွာ မစုပ်ယူနိုင်ခြင်း၊အစာအိမ်အနာဖြစ်ခြင်းနှင့်​အူလမ်းကြောင်းခွဲစိတ်ထားခြင်း
🔷အမျိုးသမီးများတွင်ရာသီသွေးဆင်းမှုများခြင်း၊အစာအိမ်​နှင့်​အူလမ်းကြောင်းတွင် အနာဖြစ်ပြီးသွေးယိုစိမ့်ခြင်း အပါအဝင်​ခန္ဓာကိုယ်ရှိတနေရာရာမှ သွေးထွက်နေခြင်း၊
စသည်တို့ကြောင့်ဖြစ်နိုင်သည်။

🤔ဘယ်လို​လူမျိုးတွေ မှာ သွေးအားနည်းရောဂါဖြစ်တတ်သလဲ။
👉ကိုယ်ဝန်​ဆောင် များ၊ မွေးဖွား​ပြီးစအမျိုးသမီးများ၊နို့တိုက်မိခင်များ
👉အစားရှောင်သူများ
👉မကြာခဏသွေးလှူနေသူများ
👉အကြီးစားခွဲစိတ်မှုခံယူထားသူများ တွင်အဖြစ်များပါသည်။

🤔သံဓါတ်ချို့တဲ့ခြင်းကိုဘယ်လိုသိနိုင်မလဲ။
🧑‍⚕️အထက်ပါရောဂါလက္ခဏာများရှိသည့်အပြင် သွေးဖေါက်စစ်ဆေးခြင်းဖြင့်သိနိုင်သည်။

🤔သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သောသွေးအားနည်းခြင်းက​ ကုသလို့ပျောက်ကင်းနိုင်သလား။
🧑‍⚕️သံဓါတ်လျော့နည်းခြင်းပြင်းထန်မှုအနည်းအများပေါ်မူတည်၍ သောက်ဆေး၊ ထိုးဆေးများဖြင့်ကုသ၍ရနိုင်ပါသည်။
👉ထို့​အပြင်​နေ့စဥ်စားသုံးသောအစားအသောက်များတွင် သံဓါတ်ပြည့်ဝသောအစားအစာများဖြစ်သည့်အသား၊ငါးအမျိုးမျိုး၊ကြက်ဥ၊ ဘဲဥ၊ပဲအမျိုးမျိုး၊ဟင်းနုနယ်၊ပန်းမုန်လာ​၊ဂျုံ၊တို့ဟူး စသည်တို့ကိုစားသုံးပေးသင့်သည်။
🚨သွေးအားနည်းခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သဖြင့် သံဓါတ်ချို့တဲ့ခြင်းရှိမှသာ သံဓါတ်ပါသောအားဆေးများကိုသောက်သင့်ပါသည်။
🚨အဘယ်ကြောင့်ဆိုသော်သာလာဆီးမီးယား​(Thalassemia) ခေါ်မျိုးရိုးလိုက်သောသွေးအားနည်းရောဂါများတွင် သံဓါတ် ပါသောအားဆေးများလုံးဝမသောက်သင့်သောကြောင့်ဖြစ်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network
References
https://my.clevelandclinic.org/health/diseases/22824-iron-deficiency-anemia

Address

No. 528, May Dharwi Road, North Okkalapa Tsp
Yangon

Telephone

+959442136303

Website

Alerts

Be the first to know and let us send you an email when Yaung Ni Laboratory - ရောင်နီ ရောဂါရှာဖွေရေးဓါတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category