The Whisper from Higher Self

Call Directions Website

The Whisper from Higher Self Tarot & Intuitive Guidance 🌙
Messages from your Higher Self
Healing • Love • Life Direction
DM for personal reading 🔮

28/09/2026

Today's Message (29.9.2026)

- ဒီနေ့ကတော့ ပတ်ဝန်းကျင်မှာ လူတွေနဲ့ အမြင်မတူတာ၊ အပြိုင်အဆိုင်ဖြစ်တာ၊ ကိုယ်လုပ်ချင်တာနဲ့ တခြားသူတွေကလုပ်ချင်တာ မတူတာမျိုးလေးတွေ ရှိနိုင်တဲ့နေ့ပါနော်။
- အလုပ်တစ်ခုကို လုပ်တဲ့နေရာမှာ ကိုယ့်အမြင်ကို ကိုယ်ပြောချင်သလို တခြားသူကလည်း သူ့အမြင်နဲ့သူ ပြောလာတာမျိုးကနေ အခြေတင်ဖြစ်တတ်ပါတယ်။
- အဲ့ဒီလိုအခြေအနေမှာ ကိုယ်က အနိုင်ရဖို့ပဲ ကြိုးစားနေရင် ပိုပင်ပန်းသွားနိုင်လို့ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာကိုပဲ အာရုံစိုက်ပါ။
- အခုတလော ကိုယ့်စိတ်ထဲမှာ “ငါလည်း တစ်ခုခုစလုပ်ရမယ်” ဆိုတဲ့စိတ်မျိုးဖြစ်‌နေတတ်ပါတယ်။
- အရင်က စိတ်ကူးထားတဲ့အရာတစ်ခုကို စတင်ဖို့ကြိုးစားတာ၊ အသစ်တစ်ခုသင်ယူဖို့၊ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို စမ်းကြည့်ဖို့ စိတ်အားတက်လာတာမျိုးရှိတယ်။
- အထူးသဖြင့် အလုပ်နဲ့ပတ်သက်ပြီး အခွင့်အရေးအသစ်တစ်ခု၊ တာဝန်အသစ်တစ်ခု ဒါမှမဟုတ် ကိုယ့်အတွက် အသုံးဝင်မယ့် Skill တစ်ခုကို လေ့လာဖြစ်တာမျိုးရှိပါလိမ့်မယ်။
- ငွေကြေးပိုင်းမှာတော့ ချက်ချင်းကြီးအကျိုးအမြတ်ရတာထက် ကိုယ့်အနာဂတ်အတွက် အကျိုးရှိမယ့်နေရာမှာ ငွေနဲ့အချိန်ကို ရင်းနှီးမြှုပ်နှံတာမျိုး ပိုကောင်းပါတယ်။
- ဒီနေ့မှာ စိတ်လှုပ်ရှားပြီး တစ်ခါတည်းအများကြီးစလုပ်ချင်တာမျိုးရှိပါတယ်။
- စိတ်အားတက်နေတုန်း အစပဲစပြီး နောက်ပိုင်းဆက်မလုပ်နိုင်တာမျိုး မဖြစ်အောင် ကိုယ်တကယ်‌ရှေ့ဆက်လုပ်နိုင်မယ့်အရာတစ်ခုကိုပဲ အရင်ရွေးပါ။
- အချစ်ရေးမှာတော့ အပြိုင်အဆိုင်လိုမျိုး energy လေးရှိပါတယ်။
- တစ်ယောက်ယောက်က ကိုယ့်အာရုံကိုရချင်တာ၊ ကိုယ်ကလည်း တစ်ဖက်လူရဲ့အာရုံကိုရဖို့ စောင့်နေမိတာမျိုးရှိတယ်။
- Single တွေအနေနဲ့ အသစ်တစ်ယောက်နဲ့ စကားစဖြစ်တာ၊ စိတ်ဝင်စားစရာလေးတစ်ခု စတင်လာတာမျိုးရှိနိုင်ပါတယ်။
- RS တွေဆိုရင်တော့ ကိစ္စသေးသေးလေးကို အနိုင်ယူဖို့ပြိုင်မနေဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့ လိုနေပါတယ်။
- သူများပြသနာကြားဝင်ပါမိတာ၊ သူများရန်ပွဲကြားမဆီမဆိုင်ကြားညှပ်ပါပြီး ထိခိုက်မိတာမျိုးရှိတတ်ပါတယ်။
- ကျန်းမာရေးမှာ သူအပူငုပ်တာ၊ သွေးပေါင်ကျပြီးအားနည်းတာ၊ အဆုတ်ယောင်တာမျိုးဖြစ်တတ်လို့သတိထားပေးပါနော်။
ဒီနေ့အတွက် Message 🕊️
လူတွေနဲ့ ပြိုင်နေရတာထက် မနေ့ကထက် ဒီနေ့ကိုယ်တိုင် ပိုကောင်းလာဖို့က ပိုအရေးကြီးပါတယ်။ အခုစချင်နေတဲ့အရာက သေးသေးလေးဖြစ်နေရင်တောင် စလိုက်ပါ။ အစကောင်းကောင်းလုပ်ထားရင် နောက်ပိုင်းမှာ အခွင့်အရေးတွေ ထပ်ပေါ်လာနိုင်ပါတယ်။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ဘဲ ကိုယ့်လမ်းကိုယ် တစ်ဆင့်ချင်းလျှောက်သွားပါနော်။ 🌱🤍

Lucky Color - အစိမ်း၊ လိ‌မ္မော်၊ အဝါ၊ အနီ

27/09/2026

Today's Message (28.9.2026)

- ဒီနေ့ကတော့ အရင်ကနဲ့မတူတဲ့အရာတစ်ခုကို စတင်ဖို့စိတ်ကူးဝင်လာနိုင်တဲ့နေ့လေးပါနော်။
- အရင်က မလုပ်ရဲသေးတဲ့အရာတစ်ခုကို “ဒီတစ်ခါတော့ စမ်းကြည့်မယ်” ဆိုပြီး ခြေလှမ်းစတင်ဖြစ်တာမျိုးရှိပါတယ်။
- ကိုယ့်ဘဝမှာ အပြောင်းအလဲတစ်ခုလုပ်ချင်နေတာ၊ နေရာအသစ်တစ်ခုကိုသွားချင်တာ၊ အလုပ်အသစ်တစ်ခုစမ်းကြည့်ချင်တာ၊ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို တကယ်စလုပ်ချင်လာတာမျိုးပါ။
- ကိုယ့်တန်ဖိုးကို တခြားသူတွေရဲ့အမြင်နဲ့ တိုင်းတာနေမယ့်အစား ကိုယ်ဘာလိုချင်လဲ၊ ဘာက ကိုယ့်အတွက်တကယ်ကောင်းလဲဆိုတာကို ပိုအာရုံစိုက်ဖို့တော့လိုပါတယ်။
- ကိုယ့်အတွက်ပျော်ရွှင်စေတဲ့အရာတွေ၊ ကိုယ့်ကိုတိုးတက်စေတဲ့အရာတွေ၊ ကိုယ့်ဘဝကို ပိုကောင်းလာစေမယ့်အရာတွေကို ဦးစားပေးပါ။
- အလုပ်ကိုင်ပိုင်းမှာတော့ အသစ်တစ်ခုခုကိုစတင်ဖို့ အခွင့်အရေးရလာတတ်ပါတယ်။
- ကိုယ်လုပ်နေကျအလုပ်ထဲမှာ တာဝန်အသစ်ရတာ၊ ကိုယ်စိတ်ဝင်စားတဲ့ Project တစ်ခု စဖြစ်တာ၊ သင်ယူချင်တဲ့ Skill တစ်ခုကို စတင်လေ့လာဖြစ်တာမျိုးပါ။
- ငွေကြေးပိုင်းမှာတော့ ချက်ချင်းရမယ့်အကျိုးအမြတ်ထက် ရေရှည်အတွက် ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတာမျိုး လုပ်ကြည့်ပါ။
- သင်တန်းတက်တာ၊ Skill တစ်ခုလေ့လာတာ၊ ကိုယ့်အလုပ်အတွက်လိုအပ်တာတွေ ဝယ်တာမျိုးမှာ သုံးရတဲ့ငွေက နောက်ပိုင်းမှာ ပြန်အကျိုးရှိလာနိုင်ပါတယ်။
- ကျန်းမာရေးမှာအပူငုပ်တာ၊ သွေးအားနည်းပြီးမူးတာ၊ ခေါင်းမူးပြီး မအီမသာဖြစ်တာမျိုးရှိတတ်ပါတယ်။
- ဒီနေ့မှာ အထူးသဖြင့် Intuition အားကောင်းနေတတ်ပါတယ်။ လူတစ်ယောက်နဲ့တွေ့လိုက်တဲ့အချိန် “ဒီလူနဲ့ပတ်သက်ပြီးတော့ သတိထားရမယ်” လို့ ခံစားရတာ၊ ကိစ္စတစ်ခုကို လုပ်သင့်မလုပ်သင့် အတွင်းစိတ်က တစ်ခုခုကို သတိပေးနေတာမျိုးရှိရင် အဲ့ဒီခံစားချက်ကို လုံးဝလျစ်လျူမရှုလိုက်ပါနဲ့နော်။
Lucky Color - အပြာ၊ လိ‌မ္မော်၊ အဝါ၊ အဖြူ

27/09/2026

မနက်ဖြန် 28ရက်နေ့ကနေစပြီးတော့ 10 လပိုင်း8ရက်နေ့လောက်ထိကို reading လေးတွေပိတ်ထားပါ့မယ်နော်။ personal ကိစ္စလေးတွေရှိလို့ပါရှင့်။ Daily Message လေးတွေကတော့ ပုံမှန်လေးတင်ထားပေးပါ့မယ်ရှင့်

26/09/2026

Today's Message (27.9.2026)

- ဒီနေ့ကတော့ တစ်ယောက်တည်းနေပြီး ကိုယ့်အတွေးထဲမှာပဲ ပိတ်မနေဘဲ လူတွေနဲ့ပြန်ပြီး စကားပြောဖြစ်လာမယ့်နေ့လေးပါနော်။
- သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေနဲ့ တွေ့ဖြစ်တာ၊ စကားပြောဖြစ်တာ၊ အတူတူစားသောက်ဖြစ်တာမျိုးရှိနိုင်ပါတယ်။
- အခုတလော လူတွေနဲ့နည်းနည်းဝေးဝေးနေခဲ့ရင်တောင် ဒီနေ့မှာတော့ ကိုယ့်ကို ပြန်ခေါ်လာမယ့်သူတစ်ယောက်ရှိတတ်ပါတယ်။
- သတင်းကောင်းလေးတစ်ခု၊ Message တစ်စောင်၊ ဖုန်းဆက်လာတာမျိုး ဒါမှမဟုတ် တစ်နေရာရာကို ဖိတ်ခေါ်ခံရတာမျိုးလည်း ရှိပါတယ်။
- ကိုယ်မျှော်လင့်မထားတဲ့လူတစ်ယောက်ဆီကနေ စကားလေးတစ်ခွန်းရလာပြီး စိတ်ပျော်သွားတာမျိုးပါ။
- အရမ်းကြီးမဟုတ်ပေမယ့် ဒီနေ့ရဲ့ mood ကို ပြောင်းသွားစေနိုင်တဲ့ pleasant news လေးတစ်ခု ရှိနိုင်ပါတယ်နော်။
- အလုပ်ကိုင်ပိုင်းမှာတော့ ကိုယ်တစ်ယောက်တည်း အားလုံးကို လုပ်ဖို့မလိုပါဘူး။
- တစ်ယောက်နဲ့တစ်ယောက် အကြံပေးတာ၊ အကူအညီပေးတာ၊ အတူတူလုပ်ကြတာကနေ အလုပ်တစ်ခု ပိုမြန်ပြီး ပိုကောင်းလာနိုင်ပါတယ်။
- ကိုယ်မသိတဲ့အရာတစ်ခုကို တခြားသူဆီက သင်ယူရတာ၊ ကိုယ့်မှာရှိတဲ့ Skill ကို တခြားသူတွေနဲ့ ပေါင်းပြီးအသုံးချရတာမျိုးလည်း ရှိပါတယ်။
- အထူးသဖြင့် Teamwork နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ကိုယ့်အတွက် အခွင့်အရေးကောင်းတစ်ခု ရလာနိုင်ပါတယ်။
- ကိုယ်လုပ်ချင်နေတဲ့အရာတစ်ခုရှိရင်လည်း ဒီနေ့မှာ အဲ့ဒီအကြောင်းကို တစ်ယောက်ယောက်နဲ့ ပြောကြည့်ပါ။
- ကိုယ်တိုင်ထင်ထားတာထက် တခြားသူတစ်ယောက်ရဲ့ အကြံဉာဏ်က ပိုအသုံးဝင်သွားနိုင်ပါတယ်။
- အလုပ်အသစ်၊ Project အသစ် ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး လူတစ်ယောက်က လမ်းညွှန်ပေးတာမျိုးလည်း ရှိပါတယ်။
- ငွေကြေးပိုင်းမှာတော့ လူမှုရေးနဲ့ပတ်သက်ပြီး သုံးစရာလေးတွေရှိတတ်ပါတယ်။
- သူငယ်ချင်းတွေနဲ့စားသောက်တာ၊ တွေ့ဆုံတာ၊ တစ်ယောက်ယောက်ကို လက်ဆောင်ပေးတာမျိုးတွေရှိနိုင်ပေမယ့် အလွန်အကျွံမသုံးမိဖို့တော့ သတိထားပါ။
- ကျန်းမာရေးမှာ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ကိုယ်လက်မအီမသာဖြစ်ပြီး အစားသိပ်မစားချင်တာမျိုးဖြစ်နေတတ်ပါတယ်
- ဒီရက်ပိုင်းမှာ အရင်နေ့တွေထက်ပိုပြီး ဆံပင်ကျွတ်လာတာမျိုး၊ ဆံပင်ပါးလာသလို ခံစားရတာမျိုးလည်းရှိတတ်ပါတယ်။

ဒီနေ့အတွက် Message 🕊️

အရာအားလုံးကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းဖို့မလိုပါဘူး။ လူကောင်းတွေနဲ့ တွေ့ဆုံပြီး စကားပြောတဲ့အခါ ကိုယ်မမြင်မိသေးတဲ့အခွင့်အရေးတွေ ပေါ်လာတတ်ပါတယ်။ ဒီနေ့မှာရလာတဲ့ Message တစ်ခု၊ ဖိတ်ခေါ်မှုတစ်ခု၊ လူတစ်ယောက်ရဲ့အကူအညီတစ်ခုကို အလွယ်တကူမပယ်ချလိုက်ပါနဲ့။ တစ်ခါတလေ ကိုယ့်အတွက်ကောင်းတဲ့အရာတွေက ကိုယ်တစ်ယောက်တည်းကြိုးစားရင်းမဟုတ်ဘဲ လူတွေနဲ့ဆုံတွေ့ရာကနေ စတင်လာတတ်ပါတယ်နော်။ 🤍
Lucky Color - အဖြူ၊ လိ‌မ္မော်၊ အဝါ


25/09/2026

Today's Message (26.9.2026)

- ဒီနေ့ကတော့ ကိုယ့်မှာရှိပြီးသားအရာတွေကို မပျောက်အောင်ထိန်းထားချင်စိတ် အရမ်းများနေတတ်တဲ့နေ့လေးပါနော်။
- ငွေကြေးပဲဖြစ်ဖြစ်၊ အလုပ်ပဲဖြစ်ဖြစ်၊ လူတစ်ယောက်နဲ့ဆက်ဆံရေးပဲဖြစ်ဖြစ် “ဒါကိုတော့ မဆုံးရှုံးချင်ဘူး” ဆိုတဲ့စိတ်ရှိနေတတ်ပါတယ်။
- တစ်ခါတလေ အရမ်းသေချာချင်လို့ အခွင့်အရေးအသစ်တွေကိုတောင် လက်မလွှတ်ရဲဘဲ ကိုယ့် comfort zone ထဲမှာပဲ နေမိတတ်ပါတယ်။
- အခုတလော ကိုယ့်ဘဝကို ပိုတည်ငြိမ်အောင်လုပ်ဖို့ စိတ်ဝင်စားလာတယ်။
- အလုပ်မှာလည်း ကိုယ့်တာဝန်ကိုယ်သေချာလုပ်ချင်လာမယ်၊ ငွေကြေးမှာလည်း မလိုအပ်တာတွေ လျှော့သုံးပြီး စုဆောင်းချင်လာမယ်။
- ကိုယ့်အတွက် လိုအပ်တာနဲ့ မလိုအပ်တာကို ပိုခွဲခြားလာပြီး “အခုချက်ချင်းရတာထက် ရေရှည်အတွက်ကောင်းတာကို ရွေးမယ်” ဆိုတဲ့စိတ်မျိုးရှိလာနိုင်ပါတယ်။
- တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ဖို့လိုပါတယ်။
- အလုပ်တွေပဲ အာရုံစိုက်ပြီး ကိုယ့်အနားယူချိန်၊ ကိုယ့်ပျော်ရွှင်မှုတွေကို လျစ်လျူမရှုပါနဲ့။
- ကိုယ်တိုင်လည်း အားနည်းနေတဲ့အချိန်မှာ အရာရာကို ကိုယ်တစ်ယောက်တည်း ထိန်းထားဖို့ ကြိုးစားနေရင် ပိုပင်ပန်းလာနိုင်ပါတယ်။
- ကိုယ့်အတွက် တကယ်တန်ဖိုးရှိတဲ့အရာတွေကို ထိန်းသိမ်းရင်း ကိုယ့်ကိုယ်ကိုပါ ဂရုစိုက်ပေးပါနော်။
- ဒီနေ့ရဲ့ energy က တည်ငြိမ်နေရာကနေ ရုတ်တရက်တက်ကြွလာတာမျိုးရှိတယ်။
- အလုပ်တစ်ခုကို အကြာကြီးစဉ်းစားနေရာကနေ ရုတ်တရက် “လုပ်လိုက်မယ်” ဆိုပြီး စလုပ်ဖြစ်တာ၊
- သွားစရာရှိတဲ့နေရာတစ်ခုကို ရုတ်တရက်သွားဖြစ်တာ၊ အသစ်တစ်ခုကို စိတ်ဝင်စားလာတာမျိုးရှိနိုင်ပါတယ်။
- အလုပ်ကိုင်ပိုင်းမှာတော့ အရင်ကထက် ကိုယ့်ကိုယ်ကို ယုံကြည်ပြီး လုပ်လာနိုင်လိမ့်မယ်။
- စိတ်တက်ကြွလာတဲ့အချိန်မှာ အရာအားလုံးကို တစ်ပြိုင်နက်တည်း လုပ်ချင်မနေပါနဲ့နော်။
- စိတ်အားတက်တုန်း အများကြီးစပြီး နောက်ပိုင်းမှာ ပင်ပန်းသွားတာမျိုးမဖြစ်အောင် ကိုယ့်အရှိန်ကိုယ်ထိန်းဖို့သတိထားပါ။
- ကျန်းမာရေးမှာဇက်ကေကာတက်တာ၊ အတွေးများတာ၊ ကျောအောင့်တာမျိုးဖြစ်နေတတ်ပါတယ်။
- သွေးတိုးတာမျိုး၊ အဆုတ်အအေးပတ်တာမျိုးဖြစ်တတ်လို့သတိထားပေးပါ။
Lucky Color - နီညို၊ အစိမ်း၊ လိ‌မ္မော်၊ အဝါ


မင်းက ငွေကြေးအသုံးဖြုန်းကြီးတဲ့သူမျိုးလား ?choose 1✨GENERAL ENERGY🍀general energy မို့လူတိုင်းနဲ့မကိုက်ညီနိုင်ပါ။ ပိုသေခ...
25/09/2026

မင်းက ငွေကြေးအသုံးဖြုန်းကြီးတဲ့သူမျိုးလား ?

choose 1✨
GENERAL ENERGY🍀
general energy မို့လူတိုင်းနဲ့မကိုက်ညီနိုင်ပါ။ ပိုသေချာတိကျချင်ပါက Personal reading ယူလို့ရပါတယ်ရှင်။
Telegram - https://t.me/The_Whisper_from_Higherself

အခြားသော personal Package -
https://www.facebook.com/share/p/19N44BsZMb/

The Whisper from Higher Self

24/09/2026

Today's Message (25.9.2026)

- ဒီနေ့ကတော့ အရင်က မရှင်းလင်းသေးတဲ့ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိလာမယ့်နေ့လေးပါ။
- ကိုယ်တိုင်သိချင်နေတဲ့အရာတစ်ခုကို တစ်ယောက်ယောက်ဆီက တိုက်ရိုက်သတင်းစကားကြားရတာ၊ ကိုယ်ကိုယ်တိုင်ကပဲ အမြင်မှန်ရလာတာမျိုးရှိပါတယ်။
- ကိုယ်က အပြင်ပန်းမှာ အေးအေးဆေးဆေးနေနိုင်ပေမယ့် အတွင်းစိတ်ထဲမှာတော့ “ဒါက တကယ်လား၊ ငါဘာလုပ်ရမလဲ” ဆိုပြီး ပြန်တွေးနေမိတတ်ပါတယ်။ - ကိုယ့်ခံစားချက်ကို ထိန်းထားနိုင်တဲ့သူဖြစ်ပေမယ့် တစ်ခါတလေမှာ မပြောပြဖြစ်တဲ့ခံစားချက်တွေ‌ကြောင့် မွန်းကျပ်နေရတတ်ပါတယ်။
- အခုတလော ကိုယ်လုပ်နေကျအရာတွေကိုတောင် စိတ်မဝင်စားတော့သလို၊ ဘာလုပ်လုပ် အားမရသလို၊ “ဒါကိုလုပ်ရင်လည်း ဘာထူးမှာလဲ” ဆိုပြီး စိတ်ကျသွားတာမျိုးလည်း ရှိတယ်။
- အခွင့်အရေးတစ်ခုကိုယ့်ရှေ့ကိုရောက်လာရင်‌ေတာင်မှ ကိုယ်က စိတ်မပါလို့ မမြင်မိတာမျိုးလည်း ဖြစ်တတ်ပါတယ်နော်။
- အရင်က စိတ်ပျက်ခဲ့ရတာတွေ၊ မျှော်လင့်ပြီးမှ မဖြစ်လာခဲ့တာတွေကြောင့် အသစ်တစ်ခုကိုတောင် စိတ်မဖွင့်ချင်တော့တာမျိုးပါ။
- အလုပ်ကိုင်ပိုင်းမှာတော့ ဒီနေ့က ဘယ်ကိစ္စမဆို အချက်အလက်တွေကို သေချာကြည့်ပြီး ဆုံးဖြတ်ရမယ့်နေ့ပါ။
- ကိုယ်မကြိုက်တဲ့အခြေအနေတစ်ခုကို သိသိကြီးနဲ့ ဆက်ပြီးလက်ခံနေမယ့်အစား ဘာက အဆင်မပြေဖြစ်တာလဲဆိုတာ တိတိကျကျမြင်အောင်ကြည့်ပါ။
- စကားပြောစရာကိစ္စရှိရင်လည်း စိတ်အလိုကိုလိုက်ပြီးပြောတာထက် အချက်အလက်နဲ့ အေးအေးဆေးဆေးပြောတာက ပိုအဆင်ပြေပါလိမ့်မယ်။
- ငွေကြေးပိုင်းမှာတော့ မလိုအပ်တဲ့အရာတွေကို စိတ်အလိုလိုက်ပြီး ဝယ်မိတာ၊ “ဒါလေးတော့ရချင်တယ်” ဆိုပြီး အကျိုးရှိမရှိမစဉ်းစားဘဲ သုံးမိတာမျိုးကို သတိထားပါ။
- ဒီနေ့မှာ ငွေကို ဘယ်နေရာမှာ သုံးသင့်လဲ၊ ဘယ်နေရာမှာ မသုံးသင့်သေးလဲဆိုတာ ပြန်စိစစ်ကြည့်ပါ။
- အချစ်ရေးမှာတော့ မပြောဖြစ်သေးတဲ့စကားတစ်ခုကို ပြောဖြစ်လာတာ၊ တစ်ဖက်လူရဲ့ခံစားချက်ကို ပိုရှင်းရှင်းသိလာတာမျိုးရှိပါတယ်။
- RS တွေအနေနဲ့ အဆင်မပြေတာရှိရင် စိတ်ထဲမှာပဲထားမနေဘဲ အေးအေးဆေးဆေးပြောကြည့်ပါ။
- တစ်ယောက်က ကိုယ့််ခံစားချက်ကို ဖုံးကွယ်ထားပြီး ကျန်တစ်ယောက်ကလည်း ကိုယ့်ဘာသာကိုယ်ထင်ချင်တာထင်နေမယ်ဆိုရင်တော့ ပိုပြီးဝေးကွာသွားပါလိမ့်မယ်။
- ကျန်းမာရေးမှာတော့ တစ်ခုခုနဲ့ရှမိတာ၊ လက်သည်းကျိုးတာ ပဲ့တာမျိုးဖြစ်တတ်ပါတယ်။
- အထိုင်များတာကြောင့် လေးလံထိုင်းမှိုင်းနေတာ၊ ခါးနာတာ၊ ဇက်ကြောတက်ပြီး ညောင်းကိုက်တာမျိုးဖြစ်တတ်လို့ အကြောလျှော့တာမျိုးလေးလုပ်ပေးပါ။

ဒီနေ့အတွက် Message 🕊️
အမှန်တရားကိုသိရတာက တစ်ခါတလေ နာကျင်စရာဆိုပေမယ့် ဘာကိုမှမသိဘဲနေရတာထက် ပိုကောင်းပါတယ်။ စိတ်မပါသလို၊ ဘာကိုမှမလိုချင်သလိုဖြစ်နေတဲ့အချိန်မှာလည်း ကိုယ့်ရှေ့က အခွင့်အရေးတွေကို မမြင်ဘဲမကျော်သွားပါနဲ့။ ခဏနားပြီး ကိုယ့်စိတ်ကိုပြန်နားထောင်ပါ။ ပြီးရင် ကိုယ့်အတွက်တကယ်လိုအပ်တာကို ရှင်းရှင်းလင်းလင်းရွေးချယ်ပါနော်။ 🤍

Lucky Color - အဖြူ၊ အစိမ်း၊ အနီ၊ အဝါ


23/09/2026

Today's Message (24.9.2026)

- ဒီနေ့ကတော့ ကိုယ်စောင့်မျှော်နေတဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး “ဘယ်တော့ဖြစ်မလဲ၊ တကယ်ဖြစ်လာမှာလား” ဆိုပြီး တွေးနေမိတတ်တဲ့နေ့လေးပါနော်။
- အရင်ကတည်းက အားထုတ်ထားတာတစ်ခု၊ စောင့်ကြည့်နေတဲ့ကိစ္စတစ်ခု၊ ရလဒ်ကိုမျှော်နေတဲ့အရာတစ်ခုရှိရင် အခုချိန်မှာ ချက်ချင်းအဖြေမရသေးလို့ စိတ်မရှည်ဖြစ်နေတတ်ပါတယ်။
- ဒါပေမယ့် ကိုယ်လုပ်ထားသမျှက အလကားဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။
- ရလဒ်က နည်းနည်းနှေးနေနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ်မျှော်လင့်ထားတဲ့ဘက်ကိုရောက်လာဖို့ရှိပါတယ်။
- အခုတလော ကိုယ့်စိတ်ထဲမှာ မသေချာတာတွေကြောင့် အတွေးများနေတတ်ပါတယ်။
- တစ်ခုခုကို အရမ်းတွေးပြီး ကိုယ်တိုင်ပဲ အဓိပ္ပါယ်ဖော်နေမိတာ၊ မဖြစ်သေးတဲ့အရာကို ကြိုပြီးစိုးရိမ်နေမိတာမျိုးရှိပါတယ်။
- အထူးသဖြင့် လူတစ်ယောက်ရဲ့စကား၊ အပြုအမူတစ်ခုကို “သူဘာကိုဆိုလိုတာလဲ” ဆိုပြီး အတွေးတွေထဲမှာ ပြန်ပြန်လည်နေမိတတ်ပါတယ်။
- တစ်ချို့ကိစ္စတွေမှာလည်း အစပိုင်းမှာ အခြေအနေက မရှင်းသလို၊ ကိုယ်တိုင်တောင် ဘာလုပ်ရမလဲမသိသလို ဖြစ်နေတတ်ပါတယ်။
- အလုပ်ကိုင်ပိုင်းမှာတော့ အရင်ကကြိုးစားထားတဲ့အရာတစ်ခုကနေ ရလဒ်ပြန်ရလာဖို့ရှိပါတယ်။
- အထူးသဖြင့် အချိန်ယူပြီး တဖြည်းဖြည်းလုပ်လာရတဲ့ကိစ္စတွေမှာ ကိုယ့်ရဲ့အားထုတ်မှုကို ပြန်မြင်ရမယ့်ကာလမျိုးပါ။
- ငွေကြေးပိုင်းမှာလည်း စောင့်နေတဲ့ငွေ၊ ပြန်ရဖို့မျှော်နေတဲ့အရာ၊ အလုပ်ကနေ ရလာမယ့်အကျိုးအမြတ်တစ်ခုနဲ့ ပတ်သက်ပြီး အဆင်ပြေမယ့်နေ့ပါ။
- အချစ်ရေးမှာတော့ စိတ်ထဲမှာ မသေချာမှုတွေရှိနေတတ်တယ်။
- တစ်ဖက်လူက ဘာတွေးနေလဲ၊ ဒီဆက်ဆံရေးက ဘယ်ကိုသွားမလဲဆိုတာကို မသိသေးလို့ စိတ်ပူနေတာမျိုးရှိပါတယ်။
- ကျန်းမာရေးမှာ ကိုယ်တွင်းအပူများတာ၊ အပူကန်တာမျိုးဖြစ်တတ်ပါတယ်။

Lucky Color - စိမ်းပြာ၊ အပြာ၊ အဝါ၊


22/09/2026

Today's Message (23.9.2026)

- ဒီနေ့ကတော့ အဆင်ပြေနေရာကနေ ရုတ်တရက်အခြေအနေပြောင်းသွားတာမျိုးတွေ ကြုံရနိုင်တဲ့နေ့လေးပါနော်။
- အရင်က သိပ်ကြီးမထင်ထားတဲ့ ကိစ္စလေးတစ်ခုကနေ ဘာရယ်မဟုတ်တာလေးတွေကြောဂ့် ကိုယ်မျှော်လင့်မထားတဲ့အထိ ပြောင်းလဲသွားတာမျိုးရှိတတ်ပါတယ်။
- ဒီနေ့မှာ ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခု၊ စကားလေးတစ်ခွန်းလောက်ကနေ စိတ်ဆိုးကြ၊ စိတ်ကောက်ကြတာ
- အဆင်ပြေနေတဲ့ Relationship တစ်ခုပါ Break Up ဖြစ်သွားတာမျိုးတောင် ရှိတတ်ပါတယ်နော်။
- ဒါကြောင့် ဒီနေ့မှာ စိတ်တိုလာတဲ့အချိန်၊ ဒေါသထွက်လာတဲ့အချိန်တွေမှာ ချက်ချင်းတုံ့ပြန်တာထက် ခဏလောက်ရပ်ပြီး စိတ်အေးအေးထားပေးပါ။
- အခုတလော ကိုယ်တိုင်လည်း ကိုယ်ရောစိတ်ရော နည်းနည်းပင်ပန်းနေပြီလို့ ပြောလို့ရပါတယ်။
- အရာရာကို ကိုယ်တိုင်ပဲ ထိန်းချုပ်ဖို့ကြိုးစားနေရတာ၊ စိတ်ထဲမှာ အတွေးတွေများနေတာ၊
- ဖြစ်လာမယ့်ကိစ္စတွေကို ကြိုတွေးပြီး စိတ်ပူနေတာတွေကြောင့် အနားယူဖို့လိုနေပါပြီ။
- အလုပ်တွေရှိလို့ မနားနိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အမြဲဖိအားပေးမနေပါနဲ့နော်။
- အထူးသဖြင့် အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။
- ညဘက်အထိ ဖုန်းသုံးတာ၊ အတွေးတွေထဲမှာပဲ လည်ပတ်နေတာ၊ မပြီးသေးတဲ့ကိစ္စတွေကို စိတ်ထဲမှာ ထပ်ခါထပ်ခါတွေးနေတာတွေ လျှော့ပေးပါ။
- အလုပ်ကိုင်ပိုင်းမှာလည်း အဆင်ပြေနေတဲ့ Plan တစ်ခု ရုတ်တရက်ပြောင်းရတာ၊ အရင်စီစဉ်ထားတာနဲ့ မတူဘဲ အခြေအနေအသစ်တစ်ခုကို လိုက်ညှိရတာမျိုးရှိပါတယ်။
- အချစ်ရေးမှာတော့ အဆင်ပြေနေရာကနေ ရုတ်တရက်အေးသွားတာ၊
- စကားလေးတစ်ခွန်းကနေ ပြဿနာကြီးသွားတာ၊ Break Up အထိဖြစ်သွားတာမျိုးတွေကို အထူးသတိထားစေချင်ပါတယ်။
- RS ရှိတဲ့သူတွေဆိုရင် ဒီနေ့မှာ “ငါမှန်တယ်၊ သူမှားတယ်” ဆိုပြီး အနိုင်ယူဖို့ထက် တစ်ယောက်နဲ့တစ်ယောက် စိတ်အေးအေးနဲ့ ပြောဆိုပေးတာက ပိုကောင်းပါတယ်။
- Single တွေအနေနဲ့လည်း အခုချိန်မှာ အချစ်ရေးထက် ကိုယ့်စိတ်ကိုယ် ပြန်ဂရုစိုက်ဖို့ ပိုလိုနေတဲ့အခြေအနေပါ။
- ကျန်းမာရေးမှာ ဝမ်းဗိုက်မကောင်းတာ၊ အောင့်တာ ၊အမျိုးသမီးလေးတွေဓမ္မတာကြောင့် သာမန်ထက်ပိုကိုက်ခဲနေတာမျိုး ရှိပါတယ်။
- အမြင့်ကနေပြုတ်ကျတာ၊ချော်ကျတာမျိုးရှိတတ်လို့အသွားလာသတိထားပေးပါ။

ဒီနေ့အတွက် Message 🕊️

အရာရာတိုင်းကို ချက်ချင်းကြီးဖြေရှင်းဖို့ထက် တချို့အရာတွေကို ခဏရပ်လိုက်မှသာ ပိုရှင်းလင်းလာတာမျိုးရှိပါတယ်။ ကိုယ်ရောစိတ်ရော ပင်ပန်းနေပြီဆိုရင် အနားယူပါ၊ အိပ်ရေးဝဝအိပ်ပါ။ စိတ်ပူနေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ကြီးတွေ မချပါနဲ့။ ဒီနေ့အတွက် ကိုယ့်ကိုယ်ကို အေးအေးဆေးဆေးထားပေးနိုင်ဖို့ကပဲ အရေးကြီးဆုံးပါနော်။ 🤍

Lucky Color - နီညို၊ အစိမ်း၊ အဝါ၊ ငွေ


မင်းကို ဘယ်အရာတွေက Energy Drain ဖြစ်စေလဲ ?choose 1✨GENERAL ENERGY🍀general energy မို့လူတိုင်းနဲ့မကိုက်ညီနိုင်ပါ။ ပိုသေချ...
22/09/2026

မင်းကို ဘယ်အရာတွေက Energy Drain ဖြစ်စေလဲ ?

choose 1✨
GENERAL ENERGY🍀
general energy မို့လူတိုင်းနဲ့မကိုက်ညီနိုင်ပါ။ ပိုသေချာတိကျချင်ပါက Personal reading ယူလို့ရပါတယ်ရှင်။
Telegram - https://t.me/The_Whisper_from_Higherself

အခြားသော personal Package -
https://www.facebook.com/share/p/19N44BsZMb/

The Whisper from Higher Self

Address

Yangon

Alerts

Be the first to know and let us send you an email when The Whisper from Higher Self posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share