နေ၀န်း - 𝑵𝒂𝒚 𝑾𝒖𝒏𝒏 𝑪𝒍𝒊𝒏𝒊𝒄

  • Home
  • Myanmar
  • Yangon
  • နေ၀န်း - 𝑵𝒂𝒚 𝑾𝒖𝒏𝒏 𝑪𝒍𝒊𝒏𝒊𝒄

နေ၀န်း - 𝑵𝒂𝒚 𝑾𝒖𝒏𝒏 𝑪𝒍𝒊𝒏𝒊𝒄 General and Tele-medicine Clinic

09/03/2023

#ဆေးခန်းအရောင်းPost

ဆေးခန်း တည်နေရာ - ရွှေလင်ပန်းစက်မှု့ဇုံ ရှေ့၊ ရခိုင်ရိုးကြီးကျေးရွာ တစ်ခုတည်းသော အဝင်လမ်း ဗိုလ်ချုပ်လမ်းမကြီး အပေါ်တွင်တည်ရှိသည်။ အထည်ချုပ်စက်ရုံများတွင် အလုပ်ဆင်းသော အမျိုးသမီးဝန်ထမ်းပေါင်းများစွာနေထိုင်သော အဆောင်များ လမ်းတလျောက်လုံးတွင် အသီးသီးနေရာယူထားကြသည်။ လူပင်လယ်ကြီးကို မနက်ရုံးတက်ရုံးဆင်း အချိန်တိုင်းတွင်တွေ့ရမည်ဖြစ်သည်။ လမ်းထဲရှိ ဆရာဝန် ထိုင်သောဆေးခန်း ၄ ခန်းတွင်တစ်ခုအပါအဝင်ဖြစ်သည်။ စပ်ဆေး ဆိုင် များလည်းရှိသေးသည်။

#လူနာရရှိမှု့အခြေအနေ

ဆေးခန်းဖွင့်ထားသည်မှာ ၁ နှစ်ခွဲနီးပါးခန့်ရှိပြီး မနက် ၉ - ည ၉ ထိဖွင့်လှစ်လျက်ရှိသည်။ လူနာအများစုမှာ အမျိုးသမီးများပင်ဖြစ်သည်။ ဖျားနာလူနာ၊ နာတာရှည်လူနာ၊ ထိခိုက်ရှနာလူများ၊ induced abortion, pregnancy care နှင့် Skin Diseases, Cosmetics induced acnes များ အလာများသည်။ တစ်နေ့ ၁၀-၂၀ ကြားလူနာလာရောက်ပြသလျက်ရှိသည်။
ယခုထိုင်နေသော ဆရာဝန်မှာ အမျိုးသားဖြစ်၍ အမျိုးသမီးဆရာဝန် ထိုင်ပါလျှင် လူနာ ၃၀/၄၀ ခန့်ရနိုင်ပါသည်။ Service & Communication ကောင်းလျှင်၎င်းထက် များနိုင်ပါသည်။

#ဆေးခန်းအနေအထား

ယခင်ရွှေဆိုင်ဖွင့်ခဲ့သောကြောင့် Decoration အတော်အဆင်ပြေသည်။ ကြမ်းနှင့်နံရံ အပြည့်ကြွေပြားအကြီးများကပ်ထားသည်။
ဆေးခန်းမှာ ၂ ထပ်ဖြစ်၍ အပေါ်အောက် လှေကားဖြင့်တက်ရသည်။ အပေါ်ထပ်တွင် ဆရာဝန်ညအိပ်နေနိုင်သည်။ တစ်ထပ်လျှင် ၁၃ပေ x ပေ၂၀ ခန့်ရှိသည်။ ဆေးခန်း အနောက်တွင် ကပ်လျက် အဆောင်ရှိသည်။ အနောက်ထဲတွင် ကိုယ်ပိုင် အိမ်သာ တစ်လုံးရှိသည်။ အရှေ့ဘက်တွင် ကားတစ်စီးရပ်စာ ပါကင် ပါရှိသည်။ ဆေးကုသခန်း. လူနာစောင့်ရန်နေရာ. ဆေးပေးသောနေရာ အောက်ထပ်တွင် သီးသန့်ရှိသည်။ အပေါ်ထပ် ဆရာဝန်နေပြီး အောက်ထပ်ကိုဆေးခန်း ပြုလုပ်ထားသည်။ အပေါ်ထပ်တွင် ဘုရားခန်းအကန့်သီးသန့် အပိုပါသည်။ ဝါရံတာတွင် ဘေစင်နှင့် ရေချိုးနိုင်သောနေရာကန့်ထားသည်။
ဆေးခန်း အမည်နှင့် အခန်းကိုလက်လွဲ ဝယ်လိုလျှင်လဲရသည်။ သုံးလက်စ Furniture များပါဝယ်လိုလျှင်လဲရသည်။ ဆေးပေးသော ဝန်ထမ်းပါ ထားရှိလျက်ရှိသောကြောင့် အဆင်ပြေလျှင်ဆက်ခန့်ထားနိုင်သည်။ ကာလအခန်းငှားဈေးမှာ ၇ သိန်းခန့်ဖြစ်သော်လည်း ဆေးခန်းဖွင့်မည်ဆိုသောကြောင့်သာ အခန်းခမှာ တစ်လ (၅)သိန်းဖြစ်သည်။ များသည်ဟုထင်ရသော်လည်း လူနာအရေအတွက်နှင့် CF မျှလျှင် တစ်နေ့ ၅ ယောက်လာလျှင်ပင် ဆေးခန်းအရင်းကာပြီးဖြစ်သည်။



ဆေးခန်း၌ နှစ်ဦး သုံးဦး (or) မိသားစုငယ်ဖြင့် နေလျှင် အိမ်ခန်းခ. ဆေးခန်းခ နှင့် သွားလာရေးစရိတ် Save ဖစ်မည်။ နာမည်ကောင်းရပြီးသားဆေးခန်းဖြစ်သည့်အပြင် အမျိုးသမီး ဆရာဝန်ဖြစ်ပါက အထက်ဖော်ပြပါအတိုင်း လူနာပိုရမည်ဖြစ်သည်။ မိမိတို့မှာ အမျိုးသားဆရာဝန်ဖြစ်သည်က တစ်ကြောင်း၊ မိမိ အိမ်တွင်သာနေထိုင်သည်က တစ်ကြောင်းဖြစ်သောကြောင့် ဆေးခန်းနေရာပြောင်းရွေ့ရန်စီစဉ်ခြင်းဖြစ်ပါသည်။



ဆေးခန်း အခန်းခ တစ်လစာ (၅)သိန်း (သို့) ညှိနှိုင်း.
ဆေးခန်းအမည်နှင့် Furniture များ ညှိနှိုင်း. Demographic, patients data များ hangover, business running procedure များ သေသေချာချာပြောပေးခဲ့ပါမည်။

မိဘများမပေါ့ဆ သင့်တဲ့ ကလေးဖွံ့ဖြိုးမှုနောက်ကျခြင်း📣📣📣📣📣အခုတ‌လော ဆရာ့ ဆေးခန်းမှာဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကလေးငယ်တွေ တွေ့တ...
04/11/2022

မိဘများမပေါ့ဆ သင့်တဲ့ ကလေးဖွံ့ဖြိုးမှုနောက်ကျခြင်း
📣📣📣📣📣

အခုတ‌လော ဆရာ့ ဆေးခန်းမှာ
ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကလေးငယ်တွေ တွေ့တွေ့နေရပါတယ်။
စကားပြောရမယ့် အရွယ် လမ်းလျှောက်ရမယ့်အရွယ် မပြောနိုင် မလျှောက်နိုင်သေးတဲ့ အထိ တချို့ကလေးတွေမှာ တွေ့နေရပါတယ်။

တချို့မိဘတွေ ကတော့ ပုံမှန်လို့ပဲထင်ပြီး သတိမထားမိတဲ့သူတွေရှိသလို
တချို့မိဘများ ကျတော့ ပရောဂ သိုက် ပြုစားတာ စတဲ့ အယူတွေထင်ပြီး ပေါ့ဆမိနေတာတွေ့ရပါတယ်။

တချို့ကျတော့ သူ့အလိုလို့ကောင်းသွားမယ် ထင်ပြီးနေနေကြသူတွေလည်းပါပါတယ်။

အောက်ဖော်ပြပါပုံထဲ က အတိုင်း ကလေး အသက်လိုက် လုပ်ဆောင်နိုင်ရမယ့် အချက်တွေ မလုပ်နိုင်ရင် ကလေးက ဖွံ့ဖြိုးမှု သိသာစွာ နောက်ကျနေတဲ့ သို့ ရောဂါတခုခု ရှိနေတဲ့ အ‌ခြေအနေပါ။ အလိုအချက်တွေနဲ့ မိမိကလေး ကိုက်ညီနေပြီဆိုလျှင် အချိန်မဆွဲပဲ နီးစပ်ရာ ဆရာဝန် နှင့် တိုင်ပင်ရမှာပါ။

အရပ်ထဲက အများပြောတဲ့ ကောင်းနိုးရာတွေ ဆေးမြှီးတိုတွေ လျှောက်လုပ်ရင်း အချိန်မနှောင်းစေဖို့ တိုက်တွန်းလိုက်ပါတယ်။

Dr.MTN
Photo and fact credit MOHS

🐵မျောက်ကျောက် (Monkeypox)ရောဂါလက္ခဏာများ🐵  #မျောက်ကျောက်မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီ...
10/06/2022

🐵မျောက်ကျောက် (Monkeypox)ရောဂါလက္ခဏာများ🐵


#မျောက်ကျောက်

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။ ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

ပထမဆုံး (၅) ရက်အတွင်းမှာ
🌡ဖျားခြင်း၊
🌡ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
🌡ပြန်ရည်အိတ် (lymph nodes)များရောင်ရမ်းခြင်း၊
🌡ခါးနာခြင်း၊
🌡ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက် များပေါ်မှာ ပိုပေါက်လာပါတယ်။
အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
အနာတွေက အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀)
နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။

မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
🌡အဆုတ်ရောင်ရောဂါ၊
🌡ပိုးဝင်ခြင်း၊
🌡ဦးနှောက်ရောင်ရောဂါ၊
🌡မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။

လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။
ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။ တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။
ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။
အသားအားလုံး မကျက်တကျက် စားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။

မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။

Credited : Aung Min
Source WHO

28/03/2022

မိဘပြည်သူများခင်ဗျား

ကျွန်တော်များနေဝန်းဆေးခန်းမှ ကျန်းမာရေး စောင့်ရှောက်ကုသပေးခြင်းအပြင် Kaung Myat Lab နှင့် ချိတ်ဆက်ထားပြီး သွေးစစ်ပေးခြင်း ကိုလည်း ဝန်ဆောင်မှုပေးနေပါကြောင်း အခမဲ့ သွေးပေါင်ချိန်ပေးခြင်း ကိုယ်အလေးချိန် ချိန်ပေးခြင်းများဆောင်ရွက်ပေးနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျား နေ့စဉ် ပိတ်ရက်မရှိ မနက်၈နာရီ မှ ည ၈နာရီ အတွင်း ထို့အပြင် အိမ်သို့လိုက်၍ ကုသပေးပါကြောင်း☺️☺️☺️

ပြည်သူများအတွက်
နေဝန်းအထွေထွေနှင့်တယ်လီအထူးကုဆေးခန်း

ကျွမ်းကျင်သော အထွေထွေရောဂါကု ဆရာဝန် နှင့်သက်ဆိုင်ရာ အထူးကုများဆရာဝန်များအား အိမ်သို့ပင့်ဆောင်ပြီး အထူးဝန်ဆောင်မှု များအာ...
18/03/2022

ကျွမ်းကျင်သော အထွေထွေရောဂါကု ဆရာဝန် နှင့်
သက်ဆိုင်ရာ အထူးကုများဆရာဝန်များအား

အိမ်သို့ပင့်ဆောင်ပြီး အထူးဝန်ဆောင်မှု များအား သင့်တင့်သော ဈေးနှုန်းဖြင့် ရယူခြင်း အစီအစဉ်



ဆေးခန်း နှင့် အိမ်သို့ကုသခြင်း အတွက် အောက်ပါ ဝန်ဆောင်မှုများကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကိုယ်တိုင်ရေးဆွဲထားတဲ့ Cloud Base Software တစ်ခုဖြစ်တဲ့ Electronic Medical Records နဲ့ ဆေးကုထားသော လူနာ မှတ်တမ်းများ ထည့်သွင်းထားသောကြောင့်
ဆေးခန်းစာအုပ်မလိုခြင်း၊ အချိန်မရွေး နေရာမရွေး ဆေးကုသနိုင်ခြင်းတို့ကို
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ထို့ကြောင့် ဆရာဝန်အိမ်ပင့်ကုသခြင်းအတွက် အထွေထွေကု ဆရာဝန်နှင့်ပြသကုသနိုင်ခြင်း အပြင် ၊ အထူးကုဆရာဝန်ကြီးများနဲ့ လူနာတိုက်ရိုက် Video Call / Voice Call တို့ဖြင့်လည်းကုသနိုင်ပါသည်။

အထွေထွေဆရာဝန်မှ လူနာ စမ်းသပ်ထားသမျှ
1. နှလုံး ခုန်သော အသံများ Recording လုပ်ကာ ထည့်သွင်းပေးခြင်း
2. ECG (အိမ်ပင့် ဝန်ဆောင်မှု့အတွက် လိုအပ်လျှင် FOC ဆွဲပေးသည်)
3. အဆုတ်မှ ကြားရသော အသံများ
4. Vital Signs များ
5. စမ်းသပ်တွေ့ရှိမှု့များ
6. ဓါတ်ခွဲ၊ ဓါတ်မှန် စစ်ဆေးခြင်း၊ အဖြေများ
ကို Electronic Medical Records Software ထဲထည့်သွင်းပေးသောကြောင့် အထူးကုများမှ အချိန်နှင့်တပြေးညီ မှတ်တမ်းများ ကြည့်ရှု့ကာလိုအပ်သလို ECG ရိုက်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း ကို ပြုလုပ်ပေးနေလျက်ရှိပါတယ်။

အားဆေးချိတ်ခြင်း၊ နှာခေါင်းပိုက် ၊ ဆီးပိုက် ၊ အရိုးအကြောပြန်လည်သန်စွမ်းရေး ၊ ကျန်းမာရေးသိလိုရာမေးခြင်း ၊ လိုအပ်သလို ညှိနှိုင်းစီစဉ်ပေးခြင်း တို့ကို အိမ်ပင့် အထွေထွေရောဂါကုဆရာဝန်ထံမှ ဝန်ဆောင်မှုများ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ထို့အပြင် တစ်ကြိမ်အိမ်သို့လာရောက်ကုသပြီးလျှင်လည်း လူနာကျန်းမာရေးနှင့်ဆေး အဆက်မပြတ်အောင်

Tele Consultation ဖြင့် Viber or Messenger ကနေ လူနာအခြေအနေအပေါ်မူတည်ပြီး ဆေးများချိန်ညှိပေးခြင်းကို (၂) ခေါက် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

(၁) ရက်ကြိုတင်ပြီး Booking ယူရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆေးကုသမှု့ အလျှင်အမြန်လိုအပ်နေသော လူနာများကိုလဲ ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

Downtown မြို့နယ်များ - 25,000 ကျပ်
မြို့အစွန်များ - 25,000 ကျပ် ++
Phone – 09759752152
Viber - 095092457
Page Messenger

Date ...7-2-22Credit to Prof Dr. Daw Than Than Ayeအိုမီခရွန် အပိုင်း(၂) သိပ်လည်းမပူနဲ့ - သိပ်လည်းမပေါ့နဲ့ ""ကျားဆို သေနတ...
07/02/2022

Date ...7-2-22

Credit to Prof Dr. Daw Than Than Aye

အိုမီခရွန် အပိုင်း(၂)

သိပ်လည်းမပူနဲ့ - သိပ်လည်းမပေါ့နဲ့ "
"ကျားဆို သေနတ် - ပုရွက်ဆိတ်ဆို လက်ညှိုး"

********

ကိုဗစ်ဖြစ်နိုင်တဲ့ အလားအလာနဲ့ ရောဂါ ဆိုးနိုင်ခြေကို အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။

၁။ ကာကွယ်ဆေး လုံးဝ မထိုးသေး + ကိုဗစ်လည်းမဖြစ်ဘူးသေးသူ
၂။ ကာကွယ်ဆေး အပြည့် ၂ လုံးထိုးထားဘူးသူ
၃။ ကာကွယ်ဆေး booster dose အပါအဝင် ၃ ချောင်း ထိုးထားပြီးသူ
၄။ ကိုဗစ်ဖြစ်ပြီးသူ + ကာကွယ်ဆေး ထပ်ထိုးထားပြီးသူ
ဒီလေးမျိုးမှာ ၁ မှ ၄ အထိ ရောဂါ ကူးစက်ခံရမှု နဲ့ ရောဂါ ဆိုးနိုင်ခြေ အများဆုံး မှ အနည်းဆုံး စီတန်းပြထားတာဖြစ်ပါတယ်။ မိမိကိုယ်ကို ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။


******
Antibody level and infectivity
ကိုဗစ်အင်တီဘေါ်ဒီ နဲ့ ကိုဗစ်ရောဂါဖြစ်နိုင်ခြင်း

အင်တီဘေါ်ဒီ Antibodyက ကိုဗစ်ပိုးမဝင်အောင် တားဆီးမထားနိုင်လို့ ကိုဗစ်ပိုး ကူဆက်ခံရပေမဲ့
ဒုတိယခုခံအားအဆင့် ဖြစ်တဲ့ ( cellular immunity ) Tcell lymphocyte သွေးဖြူဥတွေက ပိုးကို မြန်မြန်သတ်ပစ်နိုင်ပါတယ်။
တနည်းအားဖြင့် အင်တီဘေါ်ဒီဆိုတာ ပိုးတွေကို cell ထဲမဝင်ခင် တစ်စုထဲ freeze ဖမ်းချုပ်ပေးထားပြီး မက်ခရိုဖေခ်ျတွေက အမှိုက်သိမ်းသလို engulf လာလုပ်တာ၊ စားပစ်ပြီး ရှင်းထုတ်ပစ်တာပါ။ အဝေးကနေအဆိပ်ဖြန်းပြီးသတ်တဲ့နည်းနဲ့ ခိုင်းနှိုင်းလို့ရပါတယ်။ နောက်တဆင့် Cellular immunity မှာကတော့ killer T cell (CD8 T cell )လို့ခေါ်တဲ့ lymphocytes တွေက ပိုးဝင်ပြီးသား (cell ) ကလပ်စည်းတွေကို အနီးကပ် ( ဓါးနဲ့ ) ထိုးဖေါက်ပြီး ခြေမှုန်းဖျက်ဆီး လိုက်တာနဲ့တူပါတယ်။ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ antibodyကပိုးကို မတားဆီးနိုင်ပေမဲ့ ဒုတိယအဆင့် ဖြစ်တဲ့ T cell ခုခံအားတွေရှိတဲ့အတွက် ပိုးတွေထပ်မပွါးအောင် သတ်ပစ်နိုင်လို့ ဆိုးရွားတဲ့ ကိုဗစ်မဖြစ်သွားအောင် တားဆီးနိုင် ပါတယ်။
ဒါကြောင့် ပိုးဝင်ပေမဲ့ မဆိုးသွားပါဘူး။

*****
အိုမီခရွန်ရဲ့ clinical features ရောဂါလက္ခဏာ တွေက ယခင်ဒယ်လ်တာနဲ့ ဘာတွေကွာခြားသလဲ ......

အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ အိုမီခရွန်ဟာ တေါ်တေါ်လေး ပျော့ပါတယ်။
အများအားဖြင့် အရမ်းနုန်းမယ်၊ ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်။
၁ ရက် ၊၂ ရက် လောက်ဖျားမယ်။ လည်ချောင်းနာမယ်။ လည်ချောင်းယားမယ်၊ ချောင်း
နည်းနည်းဆိုးမယ်။ ၅ ရက်လောက်ဆို ပြန်ကောင်းသွားတတ်ပါတယ်။

လူနာအများမှာCRP နဲ့ D-Dimer တွေက normal ဘဲဖြစ်နေတတ်တယ်။
အောက်စီဂျင်ကျပြီး အမောဖောက်တာတာ တော်တော် ရှားပါတယ်။
အများအားဖြင့် ၄ ရက်မှ ၆ ရက် မှာ အပြီးနေကောင်းသွားကြပါတယ်။
ချောင်းဆိုးတာ ချွဲထွက်တာတွေ့ရတယ်။ ( delta တုန်းကတော့ ချောင်းခြောက်ဆိုးပါတယ်)
အနံ့ပျောက်တာမျိုး မတွေ့ရပါဘူး။
ညညချွေးထွက်တာ၊ ဝမ်းလျောတာ တော့ရှိတတ်ပါတယ်။

Diagnosis ...အိုမီခရွန်ကို RDT နဲ့ PCR နည်းနဲ့ ယခင်ကိုဗစ်ကဲ့သို့ စစ်ဆေးတွေ့ရှိနိုင်ပါသေးတယ်။ ကိုဗစ်ဟုတ်မဟုတ် ပြောနိုင်ပေမဲ့ ဒါက အိုမီခရွန် ဟုတ်မဟုတ် ဆိုတာကတော့ လက်ရှိ PCR test လုပ်ရာမှာ S gene ၃ ခုမှာ ၁ခု မတွေ့ရဘူး ( S gene dropout or S gene target failure) ဆိုရင် အိုမီခရွန်လို့ယူဆ ရပါတယ်။
Sequencing confirmation ထပ်လုပ်ရပါမယ်။


******
ဘယ်လို ကိုင်တွယ်ရမလဲ

*** ရောဂါမပြန့်အောင် နေထိုင်ရမယ်ဆိုတာ အကျယ်ချဲ့မပြောလိုပေမဲ့ Isolation သီးသန့်ခွဲနေရမယ်။ အနည်းဆုံး ၁ ပတ်တော့ ခွဲနေပါ။
ယခင်ကိုဗစ်လောက် မကြာပါဘူး။

*** အထူးသဖြင့် ပြင်းထန် နမိုးနီးယား ဖြစ်လာနိုင်ခြေရှိသူများ ကို
ယခင်ကိုဗစ်လိုမျိုး အရေးကြီးလက္ခဏာတွေ ပေါ်ပေါက်လာခြင်း ရှိမရှိ စောင့်ကြည့်ရပါမယ်။
အသက်ရှူ မဝခြင်း၊ကြပ်ခြင်း
အောက်စီဂျင် pulse oximeter နဲ့ လက်ထိပ်မှာ တိုင်းခြင်း ၊ ၆ မိနစ်လမ်းလျှောက်ပြီး အောက်စီဂျင်တိုင်းရင် ပိုပြီး စောစောသိနိုင်ပါတယ်။

*****
ယခင်ကလို ရောဂါအဆင့်အလိုက် ခွဲရပါမယ်။
Mild disease
ရောဂါမဆိုးသူများမှာ၏လက္ခဏာ .....

- No evidence of viral pneumonia ( အဆုပ်ရောင်လက္ခဏာ မရှိခြင်း
- hypoxia/SpO2 > 94 % on Room Air အောက်စီဂျင် ၉၄% ကျော်ပုံမှန်ရှိခြင်း
- Respiratory rate < 24/min. အသက်ရှူနှုန်း ၂၄ / မိနစ် ထက်မပိုခြင်း

ဒါဆို ကောင်းပါတယ်။ စိတ်မပူနဲ့အုန်း။

****
severe covid ဖြစ်လာနိုင်သူများ ( High Risk သမားတွေ) အတွက်
ပိုဂရုစိုက်ရမဲ့ အ​ခြေအနေကတော့
Red flag signs (If developed likely to deteriorate):
အရေးကြီးလက္ခဏာတွေစောင့်ကြည့်ရမယ်။

High-grade fever/ severe cough.

Shortness of breath (while walking, talking, sitting), tightness in chest.

Feeling of disorientation.

Slurred speech/seizures.

Unable to wake up or stay awake.

Respiratory rate ≥ 24/ min.
အသက်ရှူနှုန်း တစ်မိနစ်မှာ > ၂၄ ကြိမ် ထက်များခြင်း
Oxygen saturation < 94% on room air.
အောက်စီဂျင် < ၉၄% ထက်နည်းခြင်း

high risk တွေမှာ သွေးစစ်ပြီး
ဘယ်တော့ အရေးတကြီး action ယူရမလဲ ...
အများကြီး စစ်ဖို့မလို ပါဘူး။

***Focus on 3 Lab tests:
ဓါတ်ခွဲခန်း အဖြေ ၃ မျိုးကို ကြည့်ရမယ်။
1. Neutrophil Lymphocyte Ratio >3.2 or RDW above 14.5.
2. Raised CRP.
3. Raised D-Dimer.

မှတ်ချက်။ ။ D-Dimer ဟာအသက်ကြီးသူတွေမှာ ပုံမှန်များတတ်တယ်။ အသက်ကြီးရင် အခြား
ရောဂါတွေရှိရင်လည်း D-Dimer များတတ်လို့ specific တိကျမှု လည်းမရှိပါဘူး။
အသက်အလိုက်ပြန်ညှိရမယ်။
အသက်အလိုက်ညှိတဲ့ ဖေါ်မြူလာ ကတော့
The formula is: Age (years) x 10 ug/L for patients > 50 years of age.
ဥပမာ အသက် ၈၈ နှစ်ရှိသူမှာ ၈၈ x ၁၀ = ၈၈၀ သည်ပုံမှန်လို့ သတ်မှတ်ရပါမယ်။ ၈၈၀ ကျော်မှ များတယ်လို့ခေါ်ပါမယ်။
***D dimer တက်ခြင်း - 2 times above normal limit ( ပုံမှန်ထက် ၂ ဆ ပိုများခြင်း)

***CRP များခြင်း
-5 times of ULN limit (၅ဆ များခြင်း )
-rising CRP from baseline 3 times (မူလ ထက်၃ ဆပိုများလာခြင်း )

ဒါဆိုရင် ရောဂါ ဆိုးလာနိုင်ခြေရှိတယ်။
၅ ရက်မကျော်ရင် ( Rem ဆိုရင် ၇ ရက်မကျော် ရင် ) antiviral ပေးရပါမယ်။

ဒါပေမဲ့ Anti viral ကို high risk feature prdict လုပ်တာနဲ့ စပေးရပါမယ်။

**********

Treatment
ဘယ်လိုကုမလဲ
Treatment of Mild Cases ရောဂါလက္ခဏာ ပျော့သူများ
အိုမီခရွန်က ယခင်က ကိုဗစ်နဲ့မတူဘဲ အများအားဖြင့် ပျော့ပါတယ်။Mild ဖြစ်ပါတယ်။ ဘာမျှသိပ်လုပ်စရာမလိုဘဲ ပြန်ကောင်းသွားကြပါတယ်။ ကြောက်စရာမလိုပါဘူး။
symptomatically ဝေဒနာသက်သာအောင်ဘဲ ဆေးပေးဖို့လိုပါတယ်။
ပိုးသတ်ဆေး လည်းမလိုပါဘူး။
အောက်စီဂျင်မကျရင် ဒက်ဆာတို့ စတီးရွိုက်တို့ လုံးဝမပေးရပါဘူး။
Rehydration ရေများများတိုက်ပါ
Antipyretic (Paracetamol) အဖျားကျဆေး ပါရာစီတမော ဘဲတိုက်ပါ
အဟာရကောင်းကောင်း ကြွေးပါ

အိုမီခရွန်မှာ Supportive medications

Anti-tussive, Vitamin C , Zinc, Vit D ဒါတွေကို ယခင်ကိုဗစ်တွေမှာ လိုလိုမယ်မယ် သုံးခဲ့ကြပေမဲ့ အခု အိုမီခရွန်မှာတော့ သိပ္ပံနည်းကျလေ့လာထားတာမရှိတော့ ကုသတဲ့ဆရာဝန်တွေ ရဲ့သဘောပါဘဲ။

Anti- Viral
ဗိုင်းရပ်ပိုးသတ်ဆေး အသုံးပြု ခြင်း

Early antiviral agents တွေသုံးဖို့လိုရင် အစောဆုံးစပေးရမယ်။
ဗိုင်းရပ်ပိုးပွားများချိန် ကာလ က
ရောဂါလက္ခဏာ စတင်ခံစားရတဲ့ အချိန်မှ ၅ ရက်မကျော်လွန်ခင် ပေးမှ ထိရောက်မှုရှိမယ်။ စိတ်ချရမယ်။
ဘယ်ဆေးဘဲ သုံးသုံး အချက်၂ ချက် ကိုသတိပြုရမယ်။
၁။ သုံးတဲ့ဆေးက ထိရောက်တယ်ဆိုတဲ့ strong evidence တွေရှိရမယ်။ တစ်မျိုးကိုသာရွေးချယ်ရမယ် ဆိုတော့ တစ်ခုပြီးတစ်ခု သို့မဟုတ ၂ မျိုးပေါင်းသုံးတာ လုပ်လို့မရပါဘူး။ ( except monoclonal antibody cocktail )
၂။ ၅ ရက် အတွင်း အချိန်မှီဖို့လိုပါတယ်။ အောက်စီဂျင်မကျမီ ပေးရပါမယ်။ ( မှတ်ချက် ။ အောက်စီဂျင်ကျမှပေးရတာမဟုတ်ပါဘူး။ ) ဒါကြောင့် အစောဆုံးရှာဖွေပါ။ သိအောင်လုပ်ပါ။

ဘာဆေးတွေရှိသလဲ...
Omicron အတွက် သုံးနိုင်တဲ့ ထိရောက်တဲ့ဆေး
၄ မျိုး ရှိနေပါပြီ ။
၁။ sotrovimab ( ယခင်က သုံးတဲ့ Casirivimab, plus Imdevimabကို အိုမီခရွန်မှာ သုံးရင်မထိရောက်တော့ပါဘူး။
၂။ Paxlovid အထိရောက်အဆုံး၊ ကောင်းဆုံးရွေးချယ်မှု
၃။ Remdesivir ထိရောက်ပါတယ်။
၄။ Molnupiravir ကို အထက်ပါဆေးတွေ မသုံးနိုင်ရင်သုံးနိုင်ပါတယ်။
ဘယ်သူတွေကိုရွေးပြီး anti - viral ပေးရမလဲ ...

( ဆက်ရန်)

Address

Bo Gyoke Street, Rakhine Yoe Gyi, Htan Ta Pin Tsp
Yangon
11391

Telephone

+959443130088

Website

Alerts

Be the first to know and let us send you an email when နေ၀န်း - 𝑵𝒂𝒚 𝑾𝒖𝒏𝒏 𝑪𝒍𝒊𝒏𝒊𝒄 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to နေ၀န်း - 𝑵𝒂𝒚 𝑾𝒖𝒏𝒏 𝑪𝒍𝒊𝒏𝒊𝒄:

Shortcuts

Share

Category