Nan Da Wun Health Care Center

Nan Da Wun Health Care Center Health Care Center

မြန်မာ သက္ကရာဇ် ၁၃၈၈ ခုနှစ်သစ်မှ စ၍ မြန်မာ ပြည်သူ ပြည်သားအပေါင်း ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ...
15/04/2026

မြန်မာ သက္ကရာဇ် ၁၃၈၈ ခု

နှစ်သစ်မှ စ၍ မြန်မာ ပြည်သူ ပြည်သားအပေါင်း ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်

#နှစ်သစ် #နန္ဒဝန်ဆေးခန်း #ဆုမွန်ကောင်း

သတိထား ရမည့် ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများခံတွင်းကင်ဆာဆိုတာ စောစောသိရင် ကုသလို့ရပေမဲ့၊ သတိမထားမိဘဲ ထားလိုက်ရင် အသက်...
30/03/2026

သတိထား ရမည့် ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

ခံတွင်းကင်ဆာဆိုတာ စောစောသိရင် ကုသလို့ရပေမဲ့၊ သတိမထားမိဘဲ ထားလိုက်ရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

ရောဂါ လက္ခဏာများ

ပုံမှန်အားဖြင့် ခံတွင်း ၊ နှုတ်ခမ်း နှင့် သွားဖုံးနေရာတွေမှာ အနာလေးတွေ ဖြစ်တတ်ပြီး နှစ်ပတ်အတွင်း ပျောက်လေ့ရှိပါတယ်။ ၂ ပတ်ထက်ကျော်ပြီး မပျောက်ဘူးဆိုရင်တော့ သတိထားရပါမယ်။

သွားဖုံး၊ လျှာ ဒါမှမဟုတ် ပါးစောင်ထဲမှာ ပုံမှန်မဟုတ်တဲ့ အဖြူကွက်၊ အနီကွက်တွေ တွေ့ရရင် ခံတွင်းကင်ဆာ ရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်လို့ မပေါ့ဆသင့်ပါဘူး။

ခံတွင်း၊ လျှာ၊ လည်ပင်း စသည် တစ်နေရာမှာ အလုံးအကျိတ် ဖြစ်ခြင်း၊ စကားပြောရ ခက်ခဲခြင်း၊ အစာမျိုရ ခက်ခဲခြင်း၊ ခံတွင်း နံ့ နံခြင်း၊ နာတာရှည် နားကိုက်ခြင်း စသည် လက္ခဏာတွေဟာလည်း ခံတွင်းကင်ဆာရောဂါရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ?
🍀ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာ စားသုံးသူများ

🍀အရက်ကို အလွန်အကျွံ သောက်သုံးသူများ

🍀HPV ဗိုင်းရပ်စ် ကူးစက်ခံထားရသူများ

ကာကွယ်ဖို့ နည်းလမ်း (၃) ခု:
🍁ကွမ်း၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ

🍁နေရောင်ခြည်ဒဏ်ကနေ နှုတ်ခမ်းကို ကာကွယ်ပါ (Lip balm သုံးပါ)

🍁၆ လတစ်ကြိမ် သွားနဲ့ခံတွင်း စစ်ဆေးမှုပြုလုပ်ပါ။

#ခံတွင်းကင်ဆာ #ကျန်းမာရေးဗဟုသုတ #နန္ဒဝန်ဆေးခန်း #ကင်ဆာရောဂါ

သေချာ ကာကွယ် ရာသီတုတ်ကွေး အန္တရာယ်အသက် ၆ လမှ စ၍ ထိုးနိုင်ပါသည်ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကာကွယ်ဆေးတကြိမ်ထိုးထားလျှင် က...
16/03/2026

သေချာ ကာကွယ် ရာသီတုတ်ကွေး အန္တရာယ်

အသက် ၆ လမှ စ၍ ထိုးနိုင်ပါသည်

ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကာကွယ်ဆေးတကြိမ်ထိုးထားလျှင် ကလေး အသက် ၆ လထိ တုတ်ကွေးရောဂါ ကာကွယ်ပြီးသား ဖြစ်သည်ဟု ယူဆမှု့များလည်း ရှိပါသည်။

တကြိမ်တခါမျှ မထိုးဖူးသော အသက် ၉ နှစ်အောက် ကလေးများတွင် ပထမအကြိမ် ထိုးပြီး ၄ ပတ်အကြာတွင် ဒုတိယ အကြိမ် ထပ်မံထိုးနှံရန် လိုအပ်ပါသည်။ အရင် နှစ်တွေက ထိုးဖူးရင်တော့ တကြိမ်သာ ထိုးရန် လိုအပ်ပါသည်။

အသက် ၉ နှစ် မှ စ တင်၍ တကြိမ်သာ ထိုးရန် လိုအပ်ပါသည်။

ထိုးနှံသင့်သူများ

- နဂို ရောဂါ အခံ တခုခု ရှိသူများ ( ဆီးချို၊ ကင်ဆာ စသည်)
- ကျန်းမာရေး ဝန်ထမ်းများ
- လူ ထူထပ်သော နေရာသို့ အမြဲသွားလာနေရသူများ
- အသက်ကြီး သူများ (၆၅ နှစ် နှင့် အထက်)
- ကိုယ်ဝန်ဆောင် အမျိုးသမီးများ

ကုမ္ပဏီ၊ ကျောင်း၊ အလုပ်ရုံများအတွက်လည်း လူဦးရေ နှင့် မြို့နယ်ပေါ် မူတည်၍ သက်သာသော စျေးနှုန်းများဖြင့် ဆောင်ရွက်ပေးပါသည်။

စာရင်း ပေးသွင်းရန် : ၀၉၄၀၆၀၉၉၃၃၂

လိပ်စာ: ၇၃၀၊ ဘုရင့်နောင် လမ်းမကြီး၊ ရွာမ အနောက် ရပ်ကွက်၊ အင်းစိန် မြို့နယ်။ ( ဆရာတော်ကြီး နှင့် မင်းစေတီ မှတ်တိုင် ကြား)

#နန္ဒဝန်ဆေးခန်း #အင်းစိန် #ကျန်းမာရေးဗဟုသုတ

နှစ်သစ် ဆုတောင်း 🍀🍀🍀
01/01/2026

နှစ်သစ် ဆုတောင်း 🍀🍀🍀

အိမ်ပင့်ကျန်းမာရေး စောင့်ရှောက်မှု  #အိမ်ပင့်ကျန်းမာရေး  #ကင်ဆာ  #လေဖြတ်
26/10/2025

အိမ်ပင့်ကျန်းမာရေး စောင့်ရှောက်မှု

#အိမ်ပင့်ကျန်းမာရေး #ကင်ဆာ #လေဖြတ်

09/10/2025

ဘယ်သူတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်လဲ
🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷

🤍အသက် ၄၀ ကျော် အမျိုးသမီးများ

🤍အမေ၊ ညီအစ်မ စသည် မိသားစု မျိုးရိုးတွင် ရင်သားကင်ဆာ ရှိသူများ

🤍ဓမ္မတာ စောလာသူများ

🤍သွေးဆုံး နောက်ကျသူများ

🤍အဝလွန်သူများ

🤍ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သူများ

#နန္ဒဝန်ဆေးခန်း #ကင်ဆာ #ကျန်းမာရေး

သီတင်းကျွတ် ဆုတောင်း  🙏🙏🙏🙏🙏သီတင်းကျွတ် အခါသမယမှ စပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း နန္ဒဝန် ဆေးခန်းမိသားစုမှ...
06/10/2025

သီတင်းကျွတ် ဆုတောင်း
🙏🙏🙏🙏🙏

သီတင်းကျွတ် အခါသမယမှ စပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း နန္ဒဝန် ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်လပြည့် #နန္ဒဝန်ဆေးခန်း #ကင်ဆာ

ပန်းနာရင်ကျပ် လူနာများ သတိပြုရန်🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀မကြာခင် မိုးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီ ဝင်တော့မယ် ဆိုတော့ ပန်းနာရင်ကျပ် ရှ...
01/10/2025

ပန်းနာရင်ကျပ် လူနာများ သတိပြုရန်
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မကြာခင် မိုးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီ ဝင်တော့မယ် ဆိုတော့ ပန်းနာရင်ကျပ် ရှိတဲ့ လူနာများ မိမိကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုပါတယ်။ မိမိကိုယ်ကို ပြင်းထန် ပန်းနာရင်ကျပ် ခံစားရမှုက ကာကွယ်ဖို့ လိုက်နာသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

🍀အပြင်သွားတဲ့အခါ မိမိ နှာခေါင်းနဲ့ ပါးစပ်ကို နှာခေါင်းစည်း သို့မဟုတ် လည်ပတ်တို့ဖြင့် ဖုံးအုပ်ပါ။

🍀မိမိ ရှုနေကျ ပန်းနာရင်ကျပ်ရှုဆေးများ ရှိပါက မိမိကိုယ်နှင့်မကွာ အမြဲဆောင်ထားပါ။

🍀မိမိ အိမ်တွင် ဖုန်မှုန်များ၊ မီးခိုးမှုန်များ ကင်းစင်ပြီး သန့်ရှင်းနေအောင် ထားပါ။

🍀ရာသီတုပ်ကွေး ရောဂါကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်းက ပန်းနာရင်ကျပ် ရောဂါကို ပိုမိုပြင်းထန် ဆိုးဝါးစေသောကြောင့် လိုအပ်ပါက တုပ်‌ကွေး ကာကွယ်ဆေးထိုးခြင်း၊ အိပ်ရေး ဝဝ အိပ်ခြင်း၊ ရေများများသောက်ခြင်းများ၊ အပြင်မှ ပြန်လာတိုင်း/မကြာခဏ လက်ဆေးခြင်း များ လုပ်ဆောင်ပါ။

ရေခဲရေ ကဲ့သို့သော ရေနှင့် အချိုရည်များထက် ရေနွေးနွေးလေးသောက်ခြင်း က ပန်းနာရင်ကျပ် ခံစားရမှုကို ပိုမိုသက်သာစေပါတယ်။ လာမယ့် ဆောင်းရာသီမှာ မိမိကျန်းမာရေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းလည်း လိုက်နာပါ။ မိမိ အဆုတ် ကျန်းမာရေးကိုလည်း မိမိကိုယ်တိုင် ဂရုစိုက်ပါ။

#ပန်းနာရင်ကျပ် #ကျန်းမာရေး

Address

Yangon
11091

Opening Hours

Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:30 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959406099343

Website

Alerts

Be the first to know and let us send you an email when Nan Da Wun Health Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nan Da Wun Health Care Center:

Shortcuts

Share