28/09/2026
မနက်ဖြန် Online အတန်းလေး Join ချင်သူများအတွက်ကတော့ စာရင်းသွင်းဖို့ ဒီနေ့ နေ့လည်အထိ အချိန်လေးရပါမယ်နော် .. 🩵
ကိုယ့်စိတ်လေးကို ကိုယ်တိုင် နားလည်တတ်စေဖို့ (ရင်ဖွင့်ရင်းနဲ့) - ၂ နာရီအတန်း
Understanding Your Emotions - 2 hours Class
💠 အဆင်မပြေတာတွေကြားမှာ အရာရာကို ရှေ့ဆက်ရင်ဆိုင်ဖို့ ကြိုးစားရုန်းကန်နေသူများအတွက် ဒီတစ်ပတ် စာရင်းသွင်းရမယ့် ၂ နာရီအတန်းလေးတွေဟာဆိုရင် တက်ရောက်ရန် အထူးသင့်တော်ပါတယ်။
ဒီ အတန်းလေးက ဘယ်သူတွေ တက်ရောက်နိုင်သလဲ …
🔹 နေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားရင်း စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို ခံစားနေရသူတွေ
🔹 ပြင်းထန်တဲ့ ခံစားချက်တွေ လျှော့ချချင်သူတွေ အထူးတက်ရောက်နိုင်ပါတယ်။
၂ နာရီအတန်းလေး တက်ရောက်တဲ့အခါ …
✨ စိတ်အနားရစေမယ်။
✨ စိတ်ရဲ့ ခံနိုင်ရည်စွမ်းအားတွေ ကောင်းလာမယ်။
✨ အချင်းချင်း စိတ်ခံစားမှုတွေ ချိတ်ဆက်ရင်း လက်ခံနိုင်စွမ်းတွေ တိုးတက်လာမယ်။
အခုလို ၂ နာရီအတန်းချိန်တိုင်းမှာ တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ အကြောင်းအရာ၊ ခံစားချက်တွေနဲ့ ရင်ဖွင့်ဆွေးနွေးရင်း နားထောင်ကြရင်းနဲ့ အချင်းချင်း အားပေးနှစ်သိမ့်ကြမှာပါ။
ဒီလို အတန်းလေးတွေကိုလည်း စိတ်မိတ်ဆွေကနေ အပတ်စဉ် ပြုလုပ်ပေးနေတာဖြစ်လို့ အားလုံးပါဝင်ပြီး ဆွေးနွေးရင်ဖွင့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
အပတ်စဉ် ၃ ချိန် ဖွင့်လှစ်ပေးထားမှာဖြစ်လို့ မိမိအဆင်ပြေတဲ့အတန်းလေးတွေကို ရွေးချယ်ပြီး စာရင်းသွင်းတက်ရောက်နိုင်မှာပါ။
ကိုယ့်စိတ်လေးကို ကိုယ်တိုင် နားလည်တတ်စေဖို့ (၂ နာရီ အတန်း)
Understanding Your Emotions - 2 hours Class
နေ့ရက် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ (အင်္ဂါနေ့)
အချိန် - မနက် ၇ နာရီ မှ ၉ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform
နေ့ရက် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform
နေ့ရက် - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့ (စနေနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform
*မိမိကိုယ်တိုင်နဲ့ ပါဝင်သူအားလုံး လွတ်လပ်စွာရင်ဖွင့်နိုင်ဖို့အတွက် လုံခြုံတိတ်ဆိတ်တဲ့ နေရာလေးကနေ တက်ရောက်စေချင်ပါတယ်။*
အတန်းလေးမှာ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ အခုပဲ စာရင်းသွင်းနိုင်ပါပြီ။
စာရင်းသွင်းရန်
https://forms.gle/45nUDkYJh1mUmG2P6
တက်ရောက်နိုင်သူများကို စိတ်မိတ်ဆွေကနေ သောကြာနေ့ နေ့လည် နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါမယ်နော်။ အတန်းအချိန်နီးကပ်မှ စာရင်းသွင်းသူများကတော့ နေရာရရှိမှုသေချာစေရန် စိတ်မိတ်ဆွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
*လူဦးရေအကန့်အသတ်လည်းရှိတာဖြစ်လို့ စာရင်းအမြန်ပေးရင်း သေချာလေးတက်ရောက်ဖြစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်ရှင်။*
#စိတ်မိတ်ဆွေ