Sayar Myint

Sayar Myint Founder of Sayar Myint Set Kyar Minn Company Limited Managing Director of Sayar Myint Set Kyar Minn Company Limited

မြတ်ဗုဒ္ဓအား အမှူးထား၍…ပုပ္ပါး(၂)မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် ဝိပဿနာ တရားရှုမှတ် ကျင့်ကြံပွါးများနေကြကုန်သော သံဃာတော်အရ...
07/09/2026

မြတ်ဗုဒ္ဓအား အမှူးထား၍…
ပုပ္ပါး(၂)မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် ဝိပဿနာ တရားရှုမှတ် ကျင့်ကြံပွါးများနေကြကုန်သော သံဃာတော်အရှင်သူ မြတ်များနှင့် ယောဂီပုဂ္ဂိုလ် သူတော်
စဉ်များ ဆွမ်း၊ ဆေးအတွက်မပင်မပန်း ရွှင်လန်းကြည်သာစွာ တရားဘာဝနာ ပွါးများနိုင်စေရန် အာစိဏ္ဏကံ လစဉ်ဝတ်မပျက် ယခုလလည်း ကုသိုလ်ပြုရပြန်ပါပြီ နတ်လူ သာဓုခေါ်စေသောဝ်….။

စက်ရုံ၏ ကျောင်းဆောင်မှာ သီတင်းသုံးတော်မူသော မြတ်ဗုဒ္ဓအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း….
03/09/2026

စက်ရုံ၏ ကျောင်းဆောင်မှာ သီတင်းသုံးတော်မူသော မြတ်ဗုဒ္ဓအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း….

နေ့စဉ် ရသုံးရနဲ့ နေ…လူ့ဘဝဆိုတာ တိုတိုလေးမလို့ နေ့စဉ် နေ့တိုင်း ၁။ ကုသိုလ်ရ၂။ ပညာရ၃။ ဥစ္စာရဆ်ိုတဲ့ ရသုံးရ ကို ရအောင်နေရမယ...
31/08/2026

နေ့စဉ် ရသုံးရနဲ့ နေ…
လူ့ဘဝဆိုတာ တိုတိုလေးမလို့ နေ့စဉ် နေ့တိုင်း
၁။ ကုသိုလ်ရ
၂။ ပညာရ
၃။ ဥစ္စာရ
ဆ်ိုတဲ့ ရသုံးရ ကို ရအောင်နေရမယ်လို့ ရှေး သူတော်ကောင်းများရဲ့ လမ်းညွှန်မှုအတိုင်း နေထိုင်ရပါတယ်….။

ကာလဒါန အလှူတော်…မြတ်ဗုဒ္ဓအမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ကုသိုလ်ယူကြသည်…
28/08/2026

ကာလဒါန အလှူတော်…
မြတ်ဗုဒ္ဓအမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ကုသိုလ်ယူကြသည်…

Set Kyar Minn Herbal Farm စတင်ခဲ့တဲ့ ခရီးလမ်းဟာ ခုဆိုရင် ၄ နှစ်ထဲသို့ ချင်းနင်းဝင်ရောက်လာပါပြီ…သစ်ကြံပိုးပင်လေးတွေလည်း တ...
14/08/2026

Set Kyar Minn Herbal Farm စတင်ခဲ့တဲ့
ခရီးလမ်းဟာ ခုဆိုရင် ၄ နှစ်ထဲသို့ ချင်းနင်းဝင်ရောက်လာပါပြီ…
သစ်ကြံပိုးပင်လေးတွေလည်း တဖြည်းဖြည်းနဲ့ ဒီအရွယ်ရောက်လာပြီ…

နံနက်ခင်း မင်္ဂလာရှိတဲ့ အချိန်လေးမှာ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက် ခိုလှုံရတာ အလွန်ပင် အေးချမ်းလှပါသည်။
13/08/2026

နံနက်ခင်း မင်္ဂလာရှိတဲ့ အချိန်လေးမှာ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက် ခိုလှုံရတာ အလွန်ပင် အေးချမ်းလှပါသည်။

12/08/2026
အသုံးမဝင်တဲ့ ပေါင်းပင်တွေက နေရာတကာမှာ လိုက်ရှုပ်နေလို့ ရှင်းနေရတာနဲ့ အနှစ်သာရရှိတဲ့ အပင်တွေက်ို ပျိုးထောင်ရတာ အလုပ်ပိုစေ...
06/08/2026

အသုံးမဝင်တဲ့ ပေါင်းပင်တွေက နေရာတကာမှာ လိုက်
ရှုပ်နေလို့ ရှင်းနေရတာနဲ့ အနှစ်သာရရှိတဲ့ အပင်တွေက်ို ပျိုးထောင်ရတာ အလုပ်ပိုစေတယ်…

အလှူခံပုဂ္ဂိုလ်နှင့် အလှူပေးသူ*****************လှူတယ်ဆိုတဲ့ အရာဟာ စေတနာကို အရင်းတည်ပြီး သဒ္ဓါတရားရဲ့ ဖြူစင်မွန်မြတ်သော စ...
06/08/2026

အလှူခံပုဂ္ဂိုလ်နှင့် အလှူပေးသူ
*****************
လှူတယ်ဆိုတဲ့ အရာဟာ စေတနာကို အရင်းတည်ပြီး သဒ္ဓါတရားရဲ့ ဖြူစင်မွန်မြတ်သော စွမ်းရည်တစ်ခုဖြစ်တယ်။ ဒီနေရာမှာ ပြောစရာ တစ်ခုရှိပါတယ်။ အလှူပေးခြင်းကို “ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း” ဆိုတဲ့ အသုံးအနှုံး သုံးမျိုး သုံးစားရှိပါ
တယ်။

လှူဒါန်းခြင်း၊ ပေးကမ်းခြင်းနှင့် စွန့်ကြဲခြင်းတို့သည် သူတစ်ပါးအား ကိုယ်ပိုင်ပစ္စည်း ပေးအပ်ခြင်းဖြစ်သော်လည်း စေတနာနှင့် ရည်ရွယ်ချက်ချင်း ကွာခြားပါသည်။ လှူဒါန်းခြင်းသည် ကုသိုလ်ကောင်းမှုရရန် သို့မဟုတ် အများအကျိုးအတွက် ရည်ရွယ်လှူခြင်း၊ ပေးကမ်းခြင်းသည် ချစ်ခင်သူ သို့မဟုတ် အများလိုအပ်သူကို ခွဲဝေပေးခြင်း၊ စွန့်ကြဲခြင်းသည် အတ္တကိုစွန့်၍ ပစ္စည်းဥစ္စာကို ရက်ရက်ရောရော ထုတ်ပေးခြင်းတို့ ဖြစ်ကြသည်။

၁။ လှူဒါန်းခြင်း
* မြင့်မြတ်သော စေတနာဖြင့် ပေးလှူခြင်း ဖြစ်သည်။
* သာသနာရေး၊ လူမှုရေး သို့မဟုတ် အများပြည်သူ အကျိုးပြုလုပ်ငန်းများအတွက် ရည်ရွယ်သည်။
* အကျိုးအမြတ် သို့မဟုတ် ကုသိုလ်တရားကို မျှော်ကိုး၍ ပြုလုပ်လေ့ရှိသည်။
အလှူခံတဲ့ ပုဂ္ဂိုလ်ရဲ့ အရည်အသွေး တနည်း မြင့်မြတ်ခြင်းကို ကြည့်ပြီး လှူဒါန်းတယ်လို့ သုံးနှုံးကြပါတယ်။

၂။ ပေးကမ်းခြင်း
* မိမိပိုင်ဆိုင်သည်များကို သူတစ်ပါးထံ ခွဲဝေပေးအပ်ခြင်း ဖြစ်သည်။
* မိသားစု၊ ဆွေမျိုးသားချင်း သို့မဟုတ် မိတ်ဆွေများအပေါ် မေတ္တာရှေ့ထား၍ မိတ်ဆွေစိတ်စေတနာဖြင့် ပေးကမ်းသည်။
* နေ့စဉ်ဘဝတွင် အလွယ်တကူ ပြုလုပ်နိုင်သော သဘောရှိသည်။
ပေးသင့်ပေးထိုက်သော သူများကို (ဥပမာ- ဆွေမျိုး မိတ်သင်္ဂဟများကို) ပေးကမ်းခြင်းမျိုးက်ို ပေးကမ်းခြင်းလို့ သုံးနှုံးကြတယ်။

၃။ စွန့်ကြဲခြင်း
* နှမြောတွန့်တိုခြင်းမရှိဘဲ ရက်ရက်ရောရော စွန့်လွှတ်ပေးကမ်းခြင်း ဖြစ်သည်။
* ပစ္စည်းဥစ္စာအပေါ် တပ်မက်တွယ်တာမှုကို ဖယ်ရှားသည့် သဘောပါဝင်သည်။
* လိုအပ်နေသူများအား ငွေကြေး သို့မဟုတ် ပစ္စည်းများကို လက်မနှေးဘဲ ပေးအပ်သည်။
ဒါကတော့ ကိုယ့်အောက် နိမ့်တဲ့သူ၊ ဒါမှမဟုတ် အလှူခံပုဂ္ဂိုလ်ဟာ နွမ်းပါးလိုအပ်နေသူ၊ တောင်းရမ်းစားသောက်ရသူတွေကိုကြတော့ လှူဒါန်းခြင်းဆိုတဲ့ အသုံးအနှုံးထက် စွန့်ကြဲခြင်းလို့ ခေါ်ဆို သုံးနှုံးကြပါတယ်။

ဆွေမျိုး မိတ်ဆွေတို့ကို ပေးကမ်းခြင်း၊ သူတို့ရဲ့စိတ်နှလုံးချမ်းသာစေလိုသော မိတ်ဆွေစိတ်၊ မိတ်ဆွေများအပေါ်ထားတဲ့ မှန်ကန်တဲ့စေတနာတို့ကြောင့် ဘာအကျိုးမှ မျှော်ကိုးကြည့်ရှုခြင်းမရှိပဲ ပေးကမ်းခြင်းဟာ စေတနာအရင်းခံတဲ့ ကိုယ်ချင်းစာစိတ်ဖြစ်လို့ ကြောင့်ကြစိုက်ခြင်းမရှိတဲ့ သဒ္ဓါစိတ်ပဲဖြစ်တယ်။

စေတနာ၊ သဒ္ဓါစိတ်ရဲ့အစွမ်း အရည်အချင်းနဲ့ ဣဿာ မစ္ဆရိယရဲ့ အစွမ်းအရည်အချင်းက အလွန်ပဲကွဲပြား ခြားနားပါတယ်။ ဘုရားရှင်လက်ထက်တော်က “တိဿ ဆိုတဲ့ ရဟန္တာကြီး တစ်ပါးရှိခဲ့ပါတယ်။ ရဟန္တာ ဖြစ်နေတာကို အရှင်သာရိပုတ္တာ ကိုယ်တိုင် ဂိလာနများအတွက် ခွင့်ပြုထားတဲ့ ဆေးအစာဆွမ်းကို အလှူခံ၍ ကိုယ်တိုင် လက်တော်ဖြင့် ကိုင်ထားပြီး ကျွေးမွေးတဲ့ ဆွမ်းတစ်နပ်ထဲသာ ဘုန်းပေးသွားရတာဟာအခြေခံအကြောင်းကား- သူများလှူဒါန်းတာကို သူများရဲ့ စေတနာနဲ့ သဒ္ဓါကို ထိုတိဿ ရဟန္တာ လောင်းလျာဖြစ်ခဲ့သောပုဂ္ဂိုလ်မှ ဣဿာ မစ္ဆရိယစိတ်ယုတ် စိတ်ပုပ်ထားခဲ့မိခြင်း၊ တားဆည်းမိခြင်းကြောင့် တသံသရာလုံး ထို အကုသိုလ်စိတ်ရဲ့ အကျိုးပေးကို ခံခဲ့ရတဲ့အပြင် နောက်ဆုံးအန္တိမဘဝ ရဟန္တာကြီးဖြစ်လာတာတောင် မလွတ်ကင်းခဲ့တာဟာ အကုသိုလ်ရဲ့ အငွေ့အသက် သက်သေသာဓကပါပဲ။ သတိထားကြပါ။

ဤနေရာတွင် အလှူဒါန တစ်ခုပြုလုပ်ရာတွင် စေတနာဟာ အခြေခံစိတ်ဖြစ်တယ်။ စေတနာအခြေခံတဲ့ သဒ္ဓါစိတ်ဟာ ကိုယ်ကျိုးအတွက် ကြည့်လှူတာ၊ ပေးကမ်းတာ၊ စွန့်ကြဲတာမဟုတ်လို့ စေတနာ သဒ္ဓါလဲ ဖြူစင်
သလို သံသရာအတွက်လည်း စိတ်ပူနေစရာမလိုပါ။

အထက်မှာ ဘုရားရှင် လက်ထက်တော်က “ တိဿ ရဟန္တာကြီးအကြောင်း တင်ပြခဲ့ပါတယ်။ အခုဆက်လက်ပြီး မြန်မာပြည်မှာ အလှူရှင်တစ်ဦးရဲ့ အတုယူစရာ စိတ်နေစိတ်ထားကို စာရေးသူ ရဟန်းဘဝက ဆရာဖြစ်သူ ဆရာတော်ကြီးမှ ဩဝါဒပေးစဉ် မိန့်ကြားခဲ့တာကို ဆက်လက်တင်ပြချင်ပါတယ်။ မြန်မာပြည် သာသနာရဲ့ အာဇာနည်များစွာ ပေါ်ထွန်းခဲ့တဲ့ မန္တလေးမြိုတော်ကြီးမှာပါ “မဟာဒုက်” လိုခေါ်တဲ့ စာရေးတံမဲ ပွဲတော်ဆိုတာကျင်းပကြပါတယ်။ အများနားလည်အောင်ရေးပြရရင် စာရေးတံ မဲ ကို ဆရာတော်ကြီးများ၊ ရဟန်တော်၊ ရဟန်ပျို၊ သာမဏေက စလို့ ဝါကပ် ဝါဆိုကြကုန်တဲ့ သံဃာတော်များအကုန် စာရင်းပြုစုပြီး မဲ နှိုက်ကြရတဲ့ပွဲပါ။ မဲ့ ပေါက်တဲ့ ဒကာ၊ ဒကာမများအိမ်ကို ကြွရောက်ပြီး ဆွမ်းဘုန်းပေးကြရပါတယ်။ ဒီလို မဲ နှိုက်ကြတဲ့အခါမှာ ဆရာတော်ကြီး ဖြစ်နေစေကာမူ မိမိ မဲ ပေါက်တဲ့ ဒကာ၊ ဒကာမအိမ်ကို ကြွရောက်ပြီး ဆွမ်းအလှူခံယူ ဘုန်းပေးရပါတယ်။ ( မငြင်းပယ်ကြပါ) မိမိမဲပေါက်တဲ့အိမ်ဟာ ဆင်းရဲသားအိမ်ဖြစ်ဖြစ်၊ သူဌေးအိမ်ပဲ ဖြစ်ဖြစ် မငြင်းပယ်ပဲ ကြည်ဖြူရွှင်လန်းစွာနဲ့ ဆွမ်းအလှူခံယူကြပါတယ်။ ထိုသို့ကျင်းပတဲ့ တစ်နှစ်မှာ တောထွက် ( အသက်ကြီးမှ ရဟန်းဝတ်လာသူ) ရဟန်းကြီးတစ်ပါးဟာ သူဌေးကြီးအိမ်မှာဆွမ်းစားကြွရဖို့ မဲပေါက်ပါတယ်။ ပထမတော့ တောထွက် ရဟန်းကြီးကလည်း စိုးရိမ်တာပေါ့ သူက တောထွက်ဖြစ်နေတော့ ဒကာဖြစ်သူ(မဲပေါက်သူ)က အထင်ကရ သူဌေးဖြစ်နေတော့ ဝမ်းသာ ဝမ်းနည်းစိတ်နဲ့ သူဌေးကြီးအိမ်ကို ကြွသွားပါတယ်။ တောထွက်ရဟန်းကြီးဟာ စိတ်ထဲမှာကြွသွားနေစဉ် “ငါ့ ကို အရေးတယူရှိပါ့မလား မသိကျိုးကျွံများပြုလေးမလား” စတဲ့ စိုးရိမ်စိတ်များနဲ့ သူဌေးကြီးအိမ်ကို ကြွသွားပါတယ်။ သူဌေးအိမ်လည်းရောက်ရော သူဌေးကြီးက ခြေသုတ်လက်နယ်ကို ရိုရိုသေသေအလေးအမြတ်နဲ့ ရဟန္တာမြတ်ကြီးကဲ့သို့ စိတ်နှလုံးတွင်ခံယူပြီး ပူဇော်လှူဒါန်း ဆွမ်းဆက်ကပ်ပါတော့တယ်။ ထိုကဲ့သို သူဌေးကြီးရဲ့ အပြုအမူကိုတွေ့မြင် ခံစားရတော့မှ တောထွက် ရဟန်းကြီးဟာ စိတ်သက်သာရသွားပြီး သူ့ရဲ့ စိတ်ထဲ “ ငါ့ ကို တော်တော် လေးစား ကြည်ညိုတာပဲ တယ်ဟုတ်တဲ့ ငါပါလား” လို့ ဘဝင်စိတ်လေးကပ်သွားပါတယ်။

ဒီလိုနဲ့ စာရေးတံမဲ ပြီးမြောက်သွားပြီး ရက်သတ္တပါတ် တစ်ပါတ်လောက်ခန့်ကြာတော့ တောထွက် ရဟန်းကြီးဟာ အကြံတစ်ခု ရသွားပါတယ်။ “ ငါက တောထွက် ဖြစ်နေတော့ သူများကျောင်းမှာ ကပ်နေရတယ်။ ငါ့ရဲ့ ကိုယ်ပိုင် ကျောင်းနဲ့ ကျောင်းထိုင်ရရင်တော့” ဆိုတဲ့ အကြံအစည်ပေါ်ပေါက်လာပါတယ်။ ဒါနဲ့ နောက်နေ့မှာ စာရေးတံ မဲ ပေါက်စဉ်က ကြည်ညိုအလေးအမြတ်ထားကာ ဆွမ်း၊ ကွမ်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းကို လှူဒါန်းလိုက်တဲ့ သူဌေးကြီးအိမ်ကို ကြွသွားပါတယ်။ သူဌေးကြီးအိမ်ရောက်တော့ ခြံပေါက်ဝမှာ သူဌေးကြီးနဲ့တွေ့ပါတယ်။ သူဌေးကြီးက “အရှင်ဘုရား ဘာကိစ္စရှိလို့ပါလဲဘုရား” လို့မေးပါတယ်။ တောထွက် ရဟန်းကြီးကလဲ လားရင်းကိစ္စက သူဌေးကြီးကို ကျောင်းဆောက် လှူဒါန်းခိုင်းဖို့ ကျောင်းအလှူခံရန်သွားခြင်းဖြစ်သော်လည်း တိုက်ရိုက်မပြောပဲ “ဒကာကြီး ဘုန်းဘုန်း ခုသီတင်းသုံးနေတဲ့ ကျောင်းသင်ခန်းက ရွံ့တွေ ဗွက်တွေ ရေတွေနဲ့ တောထနေလို့ ကျောင်းပတ်ဝန်းကျင်ကို ရှင်းလင်းချင်လို့ ပေါက်တူး( ပေါက်ပြား) ရှိရင်ခဏ ငှါးချင်လို့ပါ” လို့ပြောလိုက်ပါတယ်။ ထိုအခါ သူဌေးကြီးက ပေါက်တူး( ပေါက်ပြား) ရှိတဲ့နေရာကို ညွှန်ပြပေးပြီး အိမ်ထဲဝင်သွားပါတယ်။ တောထွက်ရဟန်းကြီးလဲ နားမလည်ဟန်နဲ့ ခဏတာ တွေဝေသွားပါတယ်။ ဒါနဲ့ “နေပါဦး ဒကာကြီး ဟိုနေ့က ဒကာကြီးအိမ်းမှာ ဆွမ်းစားကြွတုန်းက အခုလိုမဆက်ဆံပဲ အလွန်ရိုသေလေးမြတ်စွာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပါ ခုကြဘာလို့များလဲ” လို့ မေးတဲ့အခါ သူဌေးကြီးက “ ဟို နေ့က တပည့်တော်က သံဃာတော်ကို ဆွမ်းဆက်ကပ်နေတာပါဘုရား” လို့ဖြေလိုက်ပါတယ်။ ထိုသူဌေးကြီးရဲ့ အဖြေလည်းကြားရော တောထွက် ရဟန်းကြီးဟာလည်း သဘောပေါက်သွားပါတော့တယ်။

ဒီနေရာမှာ အလှူခံပုဂ္ဂိုလ်ကို မကြည့်ပဲ သဒ္ဓါစိတ်သည်သာ အဓိကပဲဆိုတာ သတိပြုရပါမယ်။

အလှူအတန်း ပေးကမ်း၊ စွန့်ကြဲခြင်းကို တွေ့မြင် ကြားသိရတဲ့အခါများမှာ “ တိဿရဟန္တာကြီး” လို
မိမိရဲ့ ဣဿာ၊ မစ္ဆရိယကြောင့် တသံသရာလုံး ထိုအကုသိုလ်ရဲ့ အကျိုးဆက်ကို ခံစားလာခဲ့ရတာ နမူနာယူကြပြီး ကိုယ်တိုင်လှူနိုင်ရင် လှူ၊ ကိုယ်တိုင် မလှူချင်၊ မလှူနိုင်ရင်လဲ သူတပါးရဲ့ အလှူဒါန၊ ပေးကမ်း၊ စွန့်ကြဲနေတဲ့ စေတနာ၊ သဒ္ဓါစိတ်ကို မဖျက်စီးမိပါစေနဲ့ အကျိုးဆက်အကုသိုလ်က အရိပ်လိုပါပဲဆိုတာ အသိ သတိထားပြီး ဆင်ဆင်ခြက်ခြင်ကျင့်သုံးဖို့ လိုပါတယ်။
သူများရဲ့ လှူဒါန်းနေတာကို မြင်တွေ့ ကြားသိရပါလျက် သာဓု မခေါ်နိုင်ဘူးဆိုတာဟာ ပြိတ္တာတွေသာဖြစ်လို့ သတိထားရပါမယ်။

အလှူပေးသူဟာ ဘယ်လိုပုဂ္ဂိုလ် အမျိုးအစားကပဲ လိုအပ်လိုအလှူခံခြင်း၊ တောင်းရမ်းခြင်းများရှိခဲ့ရင်
မိမိတတ်နိုင်တာကို လှူဒါန်းပေးကမ်းမည်သာဖြစ်ပါတယ်။ အကြောင်း မူကား- စေတနာနဲ့ သဒ္ဓါစိတ်ဟာ ကိုယ်ကျိုးအတွက် ကြည့်ပြီးလှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲတာမဟုတ်ပဲ အများအကျိုးအတွက်သာ ရှေ့ရှု၍ လှူဒါန်းခြင်းကြောင့် ဖြစ်ပါတယ်။

အလှူအတန်းဆိုတာ ပိတ်ပင်ရမယ့် အရာမဟုတ် နှိုးဆော်ရမယ့် အရာသာ ဖြစ်ပါတယ်။

ဘုန်းဝေ (တိုင်းရင်းဆေး)

Address

Yangon

Alerts

Be the first to know and let us send you an email when Sayar Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sayar Myint:

Shortcuts

Share