Dr. Soe Thiha Maung - အသည်းဆေးပညာ

Dr. Soe Thiha Maung - အသည်းဆေးပညာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Soe Thiha Maung - အသည်းဆေးပညာ, Doctor, Online, Yangon.
(1)

M.B.,B.S (Ygn.), MRCP (UK), MBA, MSc (Hepatology)
Hepatology and Transplant Hepatology Fellowship (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Visiting Scholar/ Fellow (Honorary) - Hepatology
Prince of Wales Hospital, Hong Kong

အသည်းရောဂါရှိတိုင်း “သံဓာတ်ပါသောဆေး” မသောက်သင့်ဘူးလား 💊❓❓❓ပြည်သူလူထုကြား အချို့သော ကျန်းမာရေးအသိပညာတွေသည် အယူအဆလွဲမှားနေ...
21/08/2026

အသည်းရောဂါရှိတိုင်း “သံဓာတ်ပါသောဆေး”
မသောက်သင့်ဘူးလား 💊❓❓❓

ပြည်သူလူထုကြား အချို့သော ကျန်းမာရေးအသိပညာတွေသည် အယူအဆလွဲမှားနေတာလေးတွေ တွေ့ရပါတယ်။ လွဲမှားနေကြတဲ့အတွက် မလုပ်သင့်တာတွေလုပ်မိပြီး လုပ်သင့်တာတွေ မလုပ်မိကြတာကို တော်တော်လေး သတိထားမိပါတယ်။
ဆေးပညာ၊ ကုသရေးဆိုင်ရာ ဆရာဝန်တဦးရဲ့ တာဝန်ထဲမှာ ဆေးကုနေရုံအပြင်မပြီးဘဲ ကျန်းမာရေးဆိုင်ရာ အသိပညာကို မှန်မှန်ကန်ကန် သိနေရန် မျှဝေပေးဖို့လိုတယ်လို့ ခံယူထားတာမို့ အထူးသဖြင့် အသည်းရောဂါဆိုင်ရာ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးလျက်ရှိပါတယ်။

“အသည်းရောဂါရှိရင် သံဓာတ်ပါတဲ့ အားဆေးတွေ မသောက်ရဘူး” လို့ ပြောတာကို ကြားဖူးကြသူတွေ ရှိနိုင်ပါတယ်။

ဒီအကြောင်းကို သိပ္ပံနည်းကျအချက်အလက်များ နဲ့ ရှင်းပြလိုပါတယ်။
ပထမဆုံး “အသည်းရောဂါ” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ အသည်းရောဂါဆိုတာက အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ဘာမှ မထိခိုက်ပေမယ့် အသည်းနဲ့ ပတ်သက်သော ရောဂါ တခုခု ရှိနေတဲ့ အနေအထားတခု ကနေ အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်း နဲ့ အသည်းကင်ဆာ ရောဂါ တွေ အထိ အကုန်ပါပါတယ်။
ဥပမာ - အသည်းရောင်အသားဝါ ဘီပိုးရှိသူတဦးသည် အသည်းဘာမှ ဖြစ်မနေရင် အသည်းရောဂါဖြစ်နေပြီလို့ သတ်မှတ်ရမှာလားလို့ မေးစရာ ရှိပါတယ်။
ဒါကြောင့် အသည်းရောဂါလို့ ပြောတဲ့ အသုံးအနှုန်းသည် အလွန်ပဲ ကျယ်ပြန့်ပြီး အပေါ်ယံဆန်ပါတယ်။

အသည်းရောဂါတွေထဲမှာမှ “ခန္ဓာကိုယ်တွင်း သံဓာတ်စုပုံသော Haemochromatosis” လိုရောဂါမျိုး ရှိပါတယ်။ ဒီလိုရောဂါသည် Genetic Disease မွေးရာပါ ရောဂါဖြစ်ပြီး ခန္ဓာကိုယ်တွင်း သံဓာတ်တွေ ပုံမှန်မဟုတ်ဘဲ များပြားစုပုံတဲ့ရောဂါ ဖြစ်ပါတယ်။ အဲ့လိုရောဂါရှိရင်တော့ ဘယ်လိုမှ သံဓာတ်ပါတဲ့ ဆေးမျိုးကို ပေးမှာမဟုတ်ပါဘူး။

“သံဓာတ်ပါသောဆေး” ဆိုသည်မှာလည်း “သံဓာတ်နည်းသော သွေးအားနည်းရောဂါ” မှာပဲ အဓိကပေးရတဲ့ ဆေးဖြစ်ပါတယ်။ အစားအသောက်မှာ သံဓာတ် ပါဝင်မှုနည်းလို့ပဲ ဖြစ်ဖြစ်၊ တနေရာရာမှာ သွေးထွက်နေသော အကြောင်းအရာ တခုခုရှိနေလို့ပဲ ဖြစ်ဖြစ် “သံဓာတ်နည်းသော သွေးအားနည်းရောဂါ” ဖြစ်နိုင်ပါတယ်။ အဲ့လိုဖြစ်ပြီဆိုရင်
🔹စားတဲ့ အစားအသောက်ထဲမှာ သံဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပိုစားပေးခြင်း နဲ့
🔹သွေးထွက်ရတဲ့ အကြောင်းအရင်းကို ကုသမှုပေးခြင်းတို့လုပ်ရပါတယ်။
ဒါပေမယ့် အချို့သော လူနာတွေမှာ အဲ့လိုလုပ်ရုံဖြင့် သွေးအားသည် မြန်မြန်တက်မလာနိုင်ဘူးလို့ ယူဆတဲ့အခါ သံဓာတ်ပါတဲ့ဆေးတွေကို “ကုသဆေး” အဖြစ်ပေးရတာမျိုး ရှိပါတယ်။
နာမည်မှာသာ “သံဓာတ် အားဆေး” လို့ခေါ်ပေမယ့် “သံဓာတ် - Iron” တမျိုးတည်းပါတဲ့ဆေးကို အားဆေး အနေနဲ့ မပေးကြပါဘူး။ “ကုသဆေး - 𝐓𝐡𝐞𝐫𝐚𝐩𝐞𝐮𝐭𝐢𝐜 𝐏𝐮𝐫𝐩𝐨𝐬𝐞” အနေနဲ့သာ အသုံးပြုကြပါတယ်။ အဲ့လို ကုသဆေး အနေနဲ့ ပေးပြီဆိုရင်လည်း သတ်မှတ်ထားတဲ့ ဆေးပမာဏအတိုင်း ပေးရပါတယ်။
“အားဆေး”လို့ ခေါ်တဲ့ ဗီတာမင်တွေအစုံ နဲ့ သတ္တုဓာတ် လို့ခေါ်တဲ့ Minerals တွေ ပါတဲ့ သောက်ဆေးတွေ အများကြီးရှိပါတယ်။ ဒါတွေကို Micro-nutrients တွေလို့ခေါ်ပါတယ်။ အဲ့လိုဆေးတွေထဲမှာလည်း “သံဓာတ်” (Iron) ပါဝင်ပါတယ်။ ဒါပေမယ့် ပါဝင်တဲ့ ပမာဏသည် ကုသဆေးအနေနဲ့ သုံးတဲ့ဆေး နဲ့ ယှဉ်ရင် အလွန်ပင် နည်းပါးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဘေးဖြစ်ဖို့ မရှိပါဘူး။

အပေါ်မှာပြောခဲ့တဲ့ “ခန္ဓာကိုယ်တွင်း သံဓာတ်စုပုံသော Haemochromatosis” လိုရောဂါမျိုး ရှိသူတွေမှာလည်း သွေးအားနည်းစရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒါကြောင့် ကုသမှုကိုက သံဓာတ်ကိုလျော့သွားဖို့ ဆေးတွေပြန်ပေးရတာတောင် ရှိပါတယ်။

အနှစ်ချုပ်ပြန်ပြောရရင်
🔸အသည်းရောဂါရှိသူတိုင်းမှာ သံဓာတ်ပါသောဆေး မသောက်ရတာမဟုတ်ပါဘူး။ အသည်းရောဂါရှိပြီး သံဓာတ်နည်းသော သွေးအားနည်းရောဂါရှိနေရင်လည်း သံဓာတ်ပါတဲ့ဆေးကို သတ်မှတ်ကာလ၊ သတ်မှတ်ပမာဏ အတိုင်း သောက်ဖို့ သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
🔸အချို့သော ခန္ဓာကိုယ်တွင်း သံဓာတ်များသော ရောဂါများ (Haemochromatosis နဲ့ မွေးရာပါ သွေးအားနည်းရောဂါ - 𝐓𝐡𝐚𝐥𝐚𝐬𝐬𝐚𝐞𝐦𝐢𝐚) ရှိသူတွေသည် သံဓာတ်ပါသောဆေးကို ကုသဆေးအနေနဲ့ မသောက်ဖို့ သက်ဆိုင်ရာ ဆရာဝန်က မှာပါလိမ့်မယ်။
🔸“အားဆေး” လို့ခေါ်တဲ့ Supplements တွေမှာပါတဲ့ Iron သံဓာတ် ပမာဏသည် ကုသဆေးမှာလိုမျိုး ပမာဏ မများတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခဖြစ်စေတဲ့ ပမာဏ မဟုတ်လို့ အဲ့လိုအားဆေးတွေကို အသည်းရောဂါရှိသူတွေ မသောက်ရဘူး ဆိုတာ မမှန်ပါဘူး။
🔸“အားဆေး” ဆိုသည်မှာ တနေ့တာ လိုအပ်တဲ့ Micronutrients ပမာဏကို နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲကနေ မရနိုင်လို့ သောက်ကြတာဖြစ်ပြီး ပါဝင်တဲ့ သတ္တုဓာတ် နဲ့ ဗီတာမင်တွေရဲ့ ပမာဏသည် လူကို ဘေးဖြစ်စေတဲ့ ပမာဏတွေ မဟုတ်ပါဘူး။
🔸ဒါကြောင့် အသည်းရောဂါ ရှိသူသည် (“ခန္ဓာကိုယ်တွင်း သံဓာတ်စုပုံသော Haemochromatosis” လူနာမှလွဲ၍) “သံဓာတ်ပါသော အားဆေး” မသောက်ရဘူးဆိုတာ မှန်ကန်မှုမရှိပါဘူး။
🔸သို့သော် မလိုအပ်ဘဲ၊ သက်ဆိုင်ရာ ဆရာဝန်က မညွှန်ကြားဘဲ “သံဓာတ်ပါသော ဆေး” များကို သောက်သုံးခြင်းက မသင့်တော်ပါဘူး။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

19/08/2026

အသည်းအဆီဖုံးခြင်းကြောင့် အသည်းမာတဲ့ လူနာများ အတွက် သောက်ဆေး “𝐑𝐞𝐬𝐦𝐞𝐭𝐢𝐫𝐨𝐦” 💊
🔹𝐑𝐞𝐬𝐦𝐞𝐭𝐢𝐫𝐨𝐦 က ဘယ်လို အလုပ်လုပ်တာလဲ?
🔹ဘယ်လိုလူနာတွေမှာ အသုံးဝင်ပြီး အကျိုးရှိတာလဲ?
🔹ဘယ်လိုလူနာတွေမှာ လုံးဝ (လုံးဝ) အသုံးမပြုရဘူးလဲ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

❗️❗️❗️ ကျွန်တော်ပြောပြပေးနေသော ဆေးပညာအကြောင်းအရာများသည် နားထောင်သူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

နာတာရှည် အသည်းရောဂါ ရှိသူများအတွက် စိတ်အချရဆုံး အဖျားကျဆေး/ အကိုက်အခဲပျောက်ဆေး - ပါရာစီတမော (𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥) 💊အခုအချိန်မှာ ...
17/08/2026

နာတာရှည် အသည်းရောဂါ ရှိသူများအတွက် စိတ်အချရဆုံး အဖျားကျဆေး/ အကိုက်အခဲပျောက်ဆေး - ပါရာစီတမော (𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥) 💊

အခုအချိန်မှာ ကိုဗစ်ရော၊ ရာသီတုပ်ကွေးပါ အဖြစ်များနေပါတယ်။ ဒါ့ကြောင့် နှာစေး/ ချောင်းဆိုး၊ ကိုယ်တွေလက်တွေကိုက်၊ ဖျားနာ စတဲ့ “တုပ်ကွေးဆန်ဆန် လက္ခဏာများ” (𝐅𝐥𝐮-𝐥𝐢𝐤𝐞 𝐒𝐲𝐦𝐩𝐭𝐨𝐦𝐬) တွေ အဖြစ်များပါတယ်။ ကိုယ်ပူ/ဖျားနာ တာပဲ ဖြစ်ဖြစ်၊ ကိုယ်လက် နာကျင်ကိုက်ခဲတာပဲ ဖြစ်ဖြစ် … အဖျားကျဆေးတွေ၊ အကိုက်အခဲတွေ သောက်ဖို့ လိုအပ်လာနိုင်ပါတယ်။ ဒီလိုမျိုး ဆေးတွေသောက်တဲ့အခါ “နာတာရှည် အသည်းရောဂါ” ရှိသူများအတွက် အသင့်တော်ဆုံး နဲ့ စိတ်အချရဆုံးသော အဖျားကျဆေး+အကိုက်အခဲ ပျောက်ဆေးသည် “ပါရာစီတမော” သာ ဖြစ်ပါတယ်။

အသည်းရောဂါလူနာတွေအကြား အပြောအများဆုံး နဲ့ အယူအဆအမှားဆုံး အချက်ဖြစ်သော “ပါရာစီတမော” နဲ့ဆိုင်တဲ့ မတင်မကျဖြစ်နေတဲ့ ကျန်းမာရေးအသိတွေ မှန်ကန်စေရန်အတွက် တိကျပြီး ခြေမြစ်ခိုင်မာတဲ့ “ပါရာစီတမော” နဲ့ “အသည်းရောဂါ” အကြောင်း အချက် (၅) ချက်ကို မျှဝေပေးပါ့မယ်။

1️⃣ အသည်းရောဂါရှိတိုင်း ပါရာစီတမော လုံးဝ မသောက်သင့်ဘူးဆိုတာ မဟုတ်ပါဘူး။
- အသည်းရောဂါလို့ ယေဘုယျပြောရင် မတိကျနိုင်ပါဘူး။ ဘယ်လို အသည်းရောဂါမျိုးလဲဆိုတာ ပေါ်မူတည်ပြီး ပါရာစီတမော သောက်လို့သင့်/မသင့် နဲ့ ဘယ်ပမာဏအထိ သောက်လို့ရတယ် ဆိုတာတွေက ကွာခြားသွားပါတယ်။
- ဥပမာ - ဘီပိုး ရှိရုံ နဲ့ ပါရာစီတမော သောက်လို့မရတာ လုံးဝ မမှန်ပါဘူး။ အသည်းခြောက်တိုင်းလည်း ပါရာစီတမော မသောက်သင့်တာ မဟုတ်ပြန်ပါဘူး။ ဘယ်အဆင့်လောက်ထိ အသည်းခြောက်ရင် ဘယ်ပမာဏအထိ သောက်လို့ရတယ်ဆိုတာ သတ်မှတ်ထားပါတယ်။
- ဒါ့ကြောင့် အသည်းဘာမှထိခိုက်မှုမရှိတဲ့ ဘီပိုး/ စီပိုး နဲ့ အသည်းအဆီဖုံးလူနာတွေသည် သာမန်လူများကဲ့သို့ လိုအပ်လာပါက ပါရာစီတမော သတ်မှတ်ပမာဏအတိုင်းသောက်နိုင်ပါတယ်။
- အသည်းခြောက်တဲ့လူနာတွေမှာတော့ သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားတဲ့ ပါရာစီတမော ပမာဏအတိုင်း သောက်နိုင်ပါတယ်။
2️⃣ ပါရာစီတမော သောက်တိုင်း အသည်းထိခိုက်နိုင်တာ မဟုတ်ပါဘူး။
- အကြမ်းအားဖြင့်ပြောရင်တော့ ပါရာစီတမောက အသည်းကို ထိခိုက်နိုင်တာ မှန်သော်လည်း သောက်တဲ့ ပမာဏ နဲ့ သက်ဆိုင်ပါတယ်။
- တနေ့တာလုံး (၂၄ နာရီ) အတွက် ပါရာစီတမော 4,000 mg (ပါရာစီတမော 500 mg ၈ လုံး) အထိ အသည်းကို ဆိုးဆိုးရွားရွား မထိခိုက်စေပါဘူး။
- ဒါကြောင့် ပါရာစီတမောကို သောက်ရမယ့် အခြေအနေမှာ သောက်သင့်တဲ့ပမာဏအတိုင်းသာ သောက်ပါက စိုးရိမ်စရာ မလိုပါဘူး။
3️⃣ အသည်းခြောက်တဲ့လူနာတွေ/ အသည်းမှာ ထိခိုက်မှုအရမ်းများတဲ့ နာတာရှည် အသည်းလူနာတွေမှာ စိတ်အချရဆုံး နဲ့ အန္တရာယ်အကင်းဆုံး အကိုက်အခဲပျောက်ဆေး/ အဖျားကျဆေးသည် ပါရာစီတမော ဖြစ်ပါတယ်။
- အခြားသော အကိုက်အခဲပျောက်ဆေးတွေသည် ပါရာစီတမောထက် အသည်းကို ထိခိုက်မှု ပိုများပါတယ်။
- ဒါ့ကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ စတဲ့ နာတာရှည် အသည်း​ရောဂါလူနာတွေ “နာကျင်မှု” နဲ့ “ဖျားခြင်း/ ကိုယ်အပူချိန်များလာခြင်း” တို့အတွက် စိတ်အချရဆုံး၊ ဘေးထွက်ဆိုးကျိုး အနည်းဆုံးသော ဆေးသည် “ပါရာစီတမော” ဖြစ်ပါတယ်။
- အခြားသော အကိုက်အခဲပျောက်ဆေးတွေထဲက NSAID ဆေးတွေ (ဥပမာ - အိုင်ဗျူပရိုဖန်၊ ဒိုင်ကလိုဖန်းနဒ်) သည် အသည်းကို ထိခိုက်စေတဲ့အပြင် အသည်းခြောက်လူနာတွေမှာဆိုရင် အစာအိမ် သွေးယိုစိမ့်ခြင်းကို ဖြစ်စေသည် အထိ ဘေးထွက်ဆိုးကျိုးရှိပါတယ်။
- 🚨ဒါ့ကြောင့် နာတာရှည်အသည်းရောဂါ လူနာတွေ (အထူးသဖြင့် အသည်းခြောက်သူတွေ) အနေနဲ့ ဒီရာသီမှာ ဖျားနာလို့ ဆေးခန်းသွားပြီး အကိုက်အခဲပျောက်ဆေးတွေ မထိုးကြဖို့ အထူးသတိပေးလိုပါတယ် ။
4️⃣ “ပါရာစီတမော” သည် “တန်ဆေးလွန်ဘေး” လို့ဆိုရမယ့် အကောင်းဆုံးဥပမာပါ။
- အထူးသဖြင့် ဖျားတဲ့အခါ၊ သာမန် နာကျင်မှုတွေ ဖြစ်တဲ့အခါ ပါရာစီတမောသည် ပထမဦးစားပေးသောက်သင့်တဲ့ ဆရာဝန်ဆေးစာမလိုသော (𝐎𝐯𝐞𝐫 𝐭𝐡𝐞 𝐂𝐨𝐮𝐧𝐭𝐞𝐫 - 𝐎𝐓𝐂) ဆေးဖြစ်ပါတယ်။
- သတ်မှတ်ထားသော ဆေးပမာဏအတိုင်း စနစ်တကျသောက်မည် ဆိုပါက တနေ့ကို 3,000 mg (500 mg ပါ ဆေးတလုံး၊ တနေ့ ၆ လုံး အထိ) သောက်နိုင်ပါတယ်။
- လိုအပ်မှုရှိတဲ့အခါ သက်ဆိုင်ရာ ဆရာဝန်ကစနစ်တကျ လမ်းညွှန်မှုနဲ့တော့ ပိုများတဲ့ ပမာဏ 4,000 mg (ပါရာစီတမော 500 mg ၈ လုံး) အထိ သင့်တော်ကြောင်း တွေ့ရပါတယ်။
- သို့သော် Paracetamol Overdose ဆိုတာ မြန်မာနိုင်ငံမှာ မရှားတဲ့ ဆေးပညာပြဿနာတရပ်ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပါရာစီတမော ကို ရည်ရွယ်ချက်ရှိရှိ တလွဲအသုံးချပြီး အလွန်အကျွံများတဲ့ ပမာဏအထိ သောက်လိုက်တဲ့အခါ ရုတ်တရက် အသည်းပျက်ဆီးခြင်း (Acute Liver Failure) နဲ့ အသက်ဆုံးရှုံးတာမျိုးဖြစ်နိုင်ပါတယ်။
- ဒါ့ကြောင့်ပဲ ပါရာစီတမော ဆိုတာ ကျန်းမာရေးအတွက် လိုအပ်လို့ သောက်ရင် “တန် ရုံဆို ဆေး” ဟုတ်ပေမယ့်၊ အဆမတန်သောက်ရင် အသည်းအတွက် “လွန် ရင် ဘေး” ဖြစ်မှာ အသေအချာပါပဲ။
5️⃣ အရက်ကို အလွန်အကျွံသောက်တဲ့ သူတွေမှာ ပါရာစီတမော ကို သောက်ရင် သတိထားရပါမယ်။
- အရက်ကို ရေရှည် အလွန်အကျွံသောက်ခြင်းက Glutathione လို့ခေါ်တဲ့ ကိုယ်တွင်းအဆိပ်ဖယ်ပစ္စည်းတမျိုးကို လျော့နည်းစေပါတယ်။
- ထို့အတူ ပါရာစီတမောကို တချိန်တည်း ပမာဏအများကြီးသောက်ပါကလည်း ထို Glutathione ကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း အလွန်အကျွံသောက်နေချိန် ပါရာစီတမော ကို ပမာဏ များများသောက်မိပါက အန္တရာယ်ရှိသော ပမာဏမဟုတ်သည့်တိုင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။

အခုဆိုရင် “ပါရာစီတမော” နဲ့ ပတ်သက်ပြီး သိသင့်တာတွေ သိကြပြီဖြစ်လို့ နာတာရှည် အသည်းလူနာတွေ အနေနဲ့ မှန်ကန်သော ကျန်းမာရေးအသိဖြင့် မိမိရဲ့ အသည်းကို စောင့်ရှောက်နိုင်ကြပါစေ။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

14/08/2026

“ဘီပိုး” ကာကွယ်ဆေး ကို ဘယ်လို စနစ်တကျထိုးကြမလဲ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

❗️❗️❗️ ကျွန်တော်ပြောပြပေးနေသော ဆေးပညာအကြောင်းအရာများသည် နားထောင်သူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

12/08/2026

အသည်းအဆီဖုံးတဲ့ “လူနာတိုင်း” မှာ 𝐒𝐞𝐦𝐚𝐠𝐥𝐮𝐭𝐢𝐝𝐞 ထိုးဆေးသည် မဖြစ်မနေ လိုအပ်ပါရဲ့လား?
🔸 𝐍𝐞𝐰 𝐄𝐧𝐠𝐥𝐚𝐧𝐝 𝐉𝐨𝐮𝐫𝐧𝐚𝐥 𝐨𝐟 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 မှာ ဖော်ပြခဲ့တဲ့ သုတေသနစာတမ်းအရ ဘယ်သူတွေအကျိုးများလဲ?
🔸𝐒𝐞𝐦𝐚𝐠𝐥𝐮𝐭𝐢𝐝𝐞 မထိုးတာနဲ့ပဲ အသည်းမာခြင်း ပြန်မကောင်းတော့ဘူးလား?
🔸 𝐒𝐞𝐦𝐚𝐠𝐥𝐮𝐭𝐢𝐝𝐞 ထိုးဆေးကို ဘယ်လိုလူနာတွေက “လုံးဝ” အသုံးမပြုသင့်ဘူးလဲ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

❗️❗️❗️ ကျွန်တော်ပြောပြပေးနေသော ဆေးပညာအကြောင်းအရာများသည် နားထောင်သူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

10/08/2026

‼️ စီပိုး ပျောက်သွားသော်လည်း အသည်းကင်ဆာဖြစ်နိုင်ချေရှိသေးသည့်အတွက် အသည်းကိုအမြဲစစ်ဆေးနေဖို့လိုပါတယ်

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

❗️❗️❗️ ကျွန်တော်ပြောပြပေးနေသော ဆေးပညာအကြောင်းအရာများသည် နားထောင်သူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

08/08/2026

ဘီပိုးသေဆေး “တီနိုဖိုဗီယား” (𝐓𝐞𝐧𝐨𝐟𝐨𝐯𝐢𝐫) အကြောင်း
🔸𝐓𝐃𝐅 𝟑𝟎𝟎 𝐦𝐠 နဲ့ 𝐓𝐀𝐅 𝟐𝟓 𝐦𝐠 ဘာတွေကွာခြားလဲ?
🔸ဘယ်ဆေးက ပိုကောင်းလဲ?
🔸ဘယ်လို စနစ်တကျ သောက်ရမလဲ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

‼️ ကျွန်တော်ပြောပြပေးနေသော ဆေးပညာဗီဒီယိုများသည် နားထောင်သူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

ဘီပိုးရှိမှန်းသိရင် ဘာဆက်လုပ်ရမှာလဲ❓❓❓ဘီပိုး ရှိ/မရှိ စစ်ကြတဲ့အခါ များသောအားဖြင့် အမြန်စစ်တဲ့ နည်းလမ်း လို့ခေါ်တဲ့ TestK...
06/08/2026

ဘီပိုးရှိမှန်းသိရင် ဘာဆက်လုပ်ရမှာလဲ❓❓❓

ဘီပိုး ရှိ/မရှိ စစ်ကြတဲ့အခါ များသောအားဖြင့် အမြန်စစ်တဲ့ နည်းလမ်း လို့ခေါ်တဲ့ TestKit တွေနဲ့ စစ်ကြပါတယ်။ TestKit အဖြေက Positive ဆိုရုံနဲ့ ကုသရေးကို စလို့မရပါဘူး။

✅ ပထမဆုံး အချက် အနေနဲ့ -> 𝐇𝐁𝐬𝐀𝐠 (“အက်စ်အန်တီဂျင်”) (အသည်းရောင် အသားဝါ ဘီ ဗိုင်းရပ်စ် ၏ မျက်နှာပြင်ပေါ်ရှိ ပဋိပစ္စည်း) ကို 𝐂𝐨𝐧𝐟𝐢𝐫𝐦𝐚𝐭𝐨𝐫𝐲 𝐓𝐞𝐬𝐭 နဲ့ အတည်ပြုပြီးလို့ ဘီပိုးရှိတာ သေချာတာနဲ့ ကုသဖို့ စတင်ရပါတော့မယ်။
⚠️ လူနာတွေ သိထားကြတဲ့ အယူအဆအမှား တခုရှိပါတယ်။ အဲ့ဒါကတော့ “ဘီပိုးရှိလို့ ကိုယ်ခံအားကောင်းရင် ၆ လ နေ ပျောက်တယ်” ဆိုတဲ့ အယူအဆပါ။ မြန်မာနိုင်ငံမှာ ဘီပိုးကူးစက်ခံထားရသူတွေရဲ့ ၉၀% လောက်သည် နာတာရှည်ပိုးသယ်ဆောင်သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် အခုစစ်လို့သာ အခုမှ သိတာဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကပင် ဘီပိုးရှိနေခဲ့သည်မှာ ကြာလှပြီ ဖြစ်ပါတယ်။
(၆) လစောင့်တယ်ဆိုတာက ဘီပိုး စတင်ကူးစက်ခံရတယ်လို့ သံသယရှိပြီး “ရုတ်တရက်အသည်းရောင်ခြင်း” (𝐀𝐜𝐮𝐭𝐞 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 ) လူနာတွေမှာသာ ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဘီပိုးကူးစက်ခံရသူတွေရဲ့ ၈၀-၉၀% လောက်သည် မွေးကစအချိန်ကပင် (အထူးသဖြင့် အသက် ၅နှစ်အောက်မှာ) ဘီပိုးအကူးစက်ခံထားရသူတွေ ဖြစ်လို့ပါ။ ဒီလို လူနာတွေသည် နာတာရှည်ပိုးသယ်ဆောင်သူ လူနာတွေဖြစ်ပြီး ၆ လ နဲ့ ပျောက်သွားစရာ အကြောင်းမရှိပါဘူး။

✅ ဒုတိယအချက် အနေနဲ့ -> ဘီပိုးရှိမှန်းသိတာနဲ့ သက်ဆိုင်ရာ အသည်းဆရာဝန် နဲ့ ပြသဆွေးနွေးပြီး စနစ်တကျ ကုသမှုခံယူရပါမယ်။

အဓိက အားဖြင့် -

1️⃣ လူနာရဲ့ ရောဂါဖြစ်စဉ်များ
- ဘီပိုးရှိသူတိုင်း အသည်းခြောက်/ အသည်းကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။
- လူနာရဲ့ ရောဂါရာဇဝင်ကို သေချာမေးမြန်းပြီး ကုသဖို့ လိုအပ်ခြင်းရှိ/ မရှိ ထည့်သွင်းစဉ်းစားရပါတယ်။
- ဒါ့ကြောင့် အသည်းဆရာဝန် နဲ့ သေချာ ဆွေးနွေးဖို့သည် အလွန်ပဲ အရေးကြီးတာပါ။
2️⃣ ဘီပိုးကြောင့် အသည်းထိခိုက်မှု အခြေအနေ
- ဘီပိုးရှိသူတွေမှာ အသည်းဆိုးဆိုးရွားရွား မထိခိုက်သေးသ၍ ရောဂါ လက္ခဏာတွေ မပြပါဘူး။
- ဒါ့ကြောင့် အသည်းမှာ ထိခိုက်မှုတစုံတရာရှိနေရင်တောင် မစစ်ဆေးဘဲ မသိနိုင်ပါဘူး။
- အသည်းရောင်နေလား? အသည်းခြောက်နေပြီလား? စတဲ့ အခြေအနေပေါ်မူတည်ပြီး တိကျတဲ့ ကုသမှုကို ခံယူရပါမယ်။
3️⃣ဘီပိုးရဲ့ လက်ရှိ အခြေအနေ
- ဘီပိုးသည် နာတာရှည်ပိုးဆိုတာ သေချာသွားတဲ့အခါ ဗိုင်းရပ်စ်ပိုးရဲ့ လက်ရှိ အဆင့်ကို သိဖို့ လိုပါတယ်။
- ဘယ်အဆင့်ကိုရောက်နေရင် ဘယ်လိုကုသရမယ်ဆိုတာ လူနာတဦးချင်းစီရဲ့ ပိုး အနေအထား နဲ့ အများကြီး သက်ဆိုင်ပါတယ်။
- ဒါ့ကြောင့် လက်ရှိပိုးရဲ့ အဆင့်အရ ပျောက်ကင်းဖို့ ဘယ်လောက်ထိ အချိန်ယူရဦးမလဲ ဆိုတာ ကွာခြားသွားပါတယ်။
4️⃣ ခန္ဓာကိုယ်ထဲ ဘီပိုး အနည်း/အများ
- မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ ဘီပိုး ဗိုင်းရပ်စ် ဘယ်လောက်များများ ရှိနေလဲဆိုတာ သိဖို့ အထိုက်အလျောက် လိုအပ်ပါတယ်။
- ပိုးကောင်ရေ နည်းခြင်း/ များခြင်း သည် အသည်းထိခိုက်ဖို့ ဖြစ်နိုင်ချေ နည်းခြင်း/များခြင်း နဲ့ သက်ဆိုင်ပါတယ်။
🚨 သို့သော် သွေးထဲမှာပိုးကောင်ရေမရှိလို့ (𝐇𝐁𝐕 𝐃𝐍𝐀 𝐕𝐢𝐫𝐚𝐥 𝐋𝐨𝐚𝐝) မရှိတိုင်း ဆေးသောက်စရာမလိုဘူး မသတ်မှတ်နိုင်ပါဘူး။ နောက်ဆုံးထွက်ရှိထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကုသမှုလမ်းညွှန်အရဆိုရင် ဘီပိုး အကောင်ရေ စစ်ဖို့မဖြစ်နိုင်တဲ့ နေရာဒေသတွေမှာဆိုရင် အခြားသော အချက်များကို စဉ်းစားကာ ကုသသင့်သည့် အချက်များကို ဖော်ပြထားပါတယ်။
- အလားတူ ဆေးသောက်နေရင်း ပိုးကောင်မရှိတော့ခြင်းသည်လည်း ဘီပိုးပျောက်တာမဟုတ်သလို၊ ဘီပိုးဆေးရပ်ရမယ့် အချိန်လည်းမဟုတ်ပါဘူး။
- ဒါ့ကြောင့် ဘီပိုးဘယ်အချိန်ထိသောက်ဖို့လိုလဲ၊ ဘယ်အချိန်ဆို ဆေးရပ်ရမလဲ ဆိုတဲ့ စစ်ဆေးမှုတွေအတွက် သွေးထဲရှိ ပိုးကောင်ရေဖြင့် မလုံလောက်ဘဲ တိကျသောစစ်ဆေးမှုများလိုအပ်ပါတယ်။
အပေါ်က ပြောခဲ့တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကုသမှုကို စရမှာ ဖြစ်ပါတယ်။

✅ တတိယအချက်ကတော့ -> မိမိနဲ့ တအိမ်ထဲနေ မိသားစု အားလုံး ဘီပိုး ရှိ/မရှိကို စစ်ဆေးပြီး မရှိပါက ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသင့်ပါတယ်။

အနှစ်ချုပ်ရရင် ဘီပိုးကို အချိန်တိုအတွင်း ပျောက်ကင်းအောင် လွယ်လွယ်ကူကူနဲ့ ကုသနိုင်တဲ့ နည်းလမ်းတွေမရှိသေးပေမယ့်
🔸ဘီပိုးကြောင့် ဖြစ်လာမယ့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာရောဂါတို့ကို ကာကွယ်နိုင်တဲ့ ကုသမှုတွေ ရှိပါတယ်၊
🔸ဘီပိုးဆေးကို စနစ်တကျ အသုံးပြုပြီး အချို့သော လူနာတွေမှာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

‼️အယူအဆအမှားတွေကြောင့် ကုသမှုကို နှောင့်နှေးစေတာမျိုးမဖြစ်ရအောင် မျှဝေပေးလိုက်ရပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital

ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

Address

Online
Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Soe Thiha Maung - အသည်းဆေးပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Soe Thiha Maung - အသည်းဆေးပညာ:

Shortcuts

Share

Category