Wellington Pharmacy Myanmar

Wellington Pharmacy Myanmar A trusted Pharmacy you can rely on for all your medical needs.

🌧️ မိုးရာသီလို အေးမြတဲ့ရာသီဥတုမျိုးမှာ ချွေးထွက်နည်းတဲ့အတွက် ရေသိပ်မဆာတတ်ကြပါဘူး။ ဒါပေမဲ့ ရေဆာမှရေသောက်ရမှာမဟုတ်ဘဲ ခန္ဓာ...
23/06/2026

🌧️ မိုးရာသီလို အေးမြတဲ့ရာသီဥတုမျိုးမှာ ချွေးထွက်နည်းတဲ့အတွက် ရေသိပ်မဆာတတ်ကြပါဘူး။ ဒါပေမဲ့ ရေဆာမှရေသောက်ရမှာမဟုတ်ဘဲ ခန္ဓာကိုယ်အတွက် ရေဓာတ်ပြည့်ဝနေဖို့ လုံလောက်တဲ့ပမာဏ သောက်ပေးနေဖို့လိုပါတယ်.. 💧

▪️ ရေဓာတ်ပြည့်ဝနေရင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရာသီတုပ်ကွေးနဲ့ အခြားရောဂါပိုးမွှားတွေ အလွယ်တကူ မကူးစက်နိုင်အောင် ကာကွယ်ပေးပါတယ်။

▪️ မိုးတွင်းရဲ့ အေးမြတဲ့လေထုကြောင့် အသားအရေခြောက်သွေ့၊ ပပ်ကြားအက်တာတွေ မဖြစ်အောင် ရေဓာတ်ကိုဖြည့်ပေးဖို့လိုပါတယ်။

▪️ အေးလို့အပြင်သိပ်မထွက်ဖြစ်ဘဲ လှုပ်ရှားမှုနည်းတတ်တဲ့ မိုးရာသီမှာ ဝမ်းချုပ်တာမျိုး မဖြစ်အောင် ရေများများသောက်ပေးရပါမယ်။

သာမန်လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ် တစ်နေ့ကို ရေ ၂ လီတာမှ ၂.၅ လီတာအထိ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

မိုးရာသီမှာ ရေမဆာလည်း ပုံမှန်ပမာဏအတိုင်း သောက်သုံးပေးပြီး ကျန်းမာရေးကို ပိုဂရုစိုက်ကြရအောင်နော်။

တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို စိတ်လန်းဆန်း တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကို လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တ...
21/06/2026

တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို စိတ်လန်းဆန်း တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကို လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ ကိုယ်ခံစွမ်းအားတွေကို အကောင်းဆုံးဖြည့်တင်းပေးဖို့ Golden Vita Multivitamins ရှိတယ်နော်။

ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း Golden Vita Multivitamins တစ်ဘူး ဝယ်ယူတိုင်းမှာ ၂,၀၀၀ ကျပ်ကို လျှော့ချပေးသွားမှာဖြစ်လို့ ဝယ်လင်တန်မှာ လာရောက်ဝယ်ယူပြီး ကျန်းမာရေးအတွက် အခုပဲစတင်မှီဝဲလိုက်ပါ။

Happy Father’s Day ✨"အဖေများနေ့" မှာ မိသားစုတိုင်းက အဖေများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ ပျော်ရွှင်နိုင်ကြပါစေလိ...
21/06/2026

Happy Father’s Day ✨

"အဖေများနေ့" မှာ မိသားစုတိုင်းက အဖေများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ ပျော်ရွှင်နိုင်ကြပါစေလို့ ဝယ်လင်တန် မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ပူလိုက်အေးလိုက် ရာသီဥတုမှာ ကလေးတွေ ချောင်းဆိုး၊ လည်ချောင်းနာ ဖြစ်တဲ့အခါမှာ အမြန်သက်သာစေဖို့အတွက် Koffnil Cough Syrup လေး...
20/06/2026

ပူလိုက်အေးလိုက် ရာသီဥတုမှာ ကလေးတွေ ချောင်းဆိုး၊ လည်ချောင်းနာ ဖြစ်တဲ့အခါမှာ အမြန်သက်သာစေဖို့အတွက် Koffnil Cough Syrup လေးနဲ့ ကုသနိုင်ပါတယ်။ Mixed Berries အရသာလေးမို့ ဆေးကြောက်တဲ့ကလေးတွေကိုလည်း တိုက်ရတာလွယ်ကူစေမှာပါ…

ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း Koffnil Cough Syrup ဝယ်ယူသူတိုင်းအတွက် ၇၀၀ ကျပ်ကို လျှော့ချပေးထားတဲ့ အထူးအစီအစဉ်လေးမို့ အခုပဲ ဝယ်လင်တန်မှာ လာရောက်ဝယ်ယူပြီး အထူးဈေးနှုန်းနဲ့ ရယူလိုက်ပါ။

သဘာဝစစ်စစ် ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို ဂုဏ်ယူစွာသုံးစွဲနိုင်စေဖို့ Su အမှတ်တံဆိပ် အလှကုန်ပစ္စည်းတွေကို ဝယ်လင်တန်မှာ အထူး...
19/06/2026

သဘာဝစစ်စစ် ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို ဂုဏ်ယူစွာသုံးစွဲနိုင်စေဖို့ Su အမှတ်တံဆိပ် အလှကုန်ပစ္စည်းတွေကို ဝယ်လင်တန်မှာ အထူးဈေးနဲ့ ရယူလိုက်ပါ.. 😍🥰

နေ့စဉ်အသုံးပြုဖို့အတွက် အသားအရေနဲ့ ဆံကေသာကို ကြည်လင်သန့်ရှင်းစေမယ့် သဘာ၀အခြေခံ Su အမှတ်တံဆိပ် အရည်အသွေးမြင့် အလှကုန်ပစ္စည်းတွေကို ဝယ်လင်တန်မှာ ၁၀% လျှော့ဈေးနဲ့ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ ဆံပင်လိမ်းဆီ အမျိုးအစားအစုံကို ဇွန်လ ၂၈ ရက်နေ့အထိ ပစ္စည်းလက်ကျန်ရှိသလောက်သာ ရောင်းချပေးမှာဖြစ်လို့ ဝယ်လင်တန်ဆိုင်တွေမှာအမြန်ဆုံး လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အသားအရေကို သန့်စင်ပေးပြီး ဝက်ခြံနဲ့ အသားအရေပြဿနာတွေ ကင်းစင်စေဖို့အတွက် Rohto Acnes Vitamin Cleanser နဲ့ နေ့စဉ် မျက်နှာသစ...
19/06/2026

အသားအရေကို သန့်စင်ပေးပြီး ဝက်ခြံနဲ့ အသားအရေပြဿနာတွေ ကင်းစင်စေဖို့အတွက် Rohto Acnes Vitamin Cleanser နဲ့ နေ့စဉ် မျက်နှာသစ်ပေးဖို့ မမေ့နဲ့နော်။

ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ဝယ်လင်တန်မှာ Rohto Acnes Vitamin Cleanser 100G သို့မဟုတ် 50G တစ်ဘူးကို ၁၅ ရာခိုင်နှုန်း ဈေးလျှော့ပေးသွားမှာဖြစ်လို့ အခုပဲလာရောက်ဝယ်ယူလိုက်ပါ။

🎉 လှည်းကူးမြို့နယ်နဲ့ အနီးတဝိုက်က Customer များကို ဝယ်လင်တန်ရဲ့ လှည်းကူးဆိုင်သစ်ဖွင့်ပွဲလေးမှာ လိုအပ်တာတွေကို အတန်ဆုံးလျ...
18/06/2026

🎉 လှည်းကူးမြို့နယ်နဲ့ အနီးတဝိုက်က Customer များကို ဝယ်လင်တန်ရဲ့ လှည်းကူးဆိုင်သစ်ဖွင့်ပွဲလေးမှာ လိုအပ်တာတွေကို အတန်ဆုံးလျှော့ဈေးတွေနဲ့ ဈေးဝယ်ထွက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်.. 🥳

ဖွင့်ပွဲအထူးပရိုမိုးရှင်းအနေနဲ့ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အိမ်သုံးဆေးဝါးတွေ၊ အားဆေးတွေ၊ လူသုံးကုန်နဲ့ အလှကုန်ပစ္စည်းမျိုးစုံကို အထူးလျှော့ဈေးတွေ၊ ပစ္စည်းလက်ဆောင်တွေနဲ့ ဝယ်ယူရရှိမယ့်အပြင် ငွေရှင်းပြေစာ တစ်စောင်ကို ၁၀,၀၀၀ ကျပ်ဖိုးနဲ့အထက် ပထမဆုံးဝယ်ယူသူ အယောက် ၁၀၀ အတွက် ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်တွေကိုပါ အထူးလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 🥰

ဒါ့အပြင် ဝယ်လင်တန်မှာ အခမဲ့ကျန်းမာရေးစစ်ဆေးမှုတွေအနေနဲ့ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းခြင်း၊ ဆီးချိုတိုင်းခြင်းတွေကိုလည်း ပရိုမိုးရှင်းကာလမှာသာမက ဘယ်အချိန်မှာမဆို ဝန်ဆောင်ပေးသွားမှာမို့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်း ဘာပဲလိုလို ဝယ်လင်တန်ကိုသာ အရောက်လာခဲ့ပါ။

📍 ဆိုင်လိပ်စာ - အမှတ် ၃၅/ဂ/၂၆၊ လှည်းကူး-ပဲခူးလမ်း (ခ) အရှေ့မင်းလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
⏰ ဆိုင်ဖွင့်ချိန် - မနက် ၈ နာရီ မှ ည ၈ နာရီ အထိ

ဝယ်လင်တန် ရဲ့ ဇွန်လ Monthly Promotions အစီအစဉ်မှာ Parashin Suspension (Strawberry) ကို တစ်ဘူးဝယ်တာနဲ့ ချစ်စရာကောင်းတဲ့ ဘ...
18/06/2026

ဝယ်လင်တန် ရဲ့ ဇွန်လ Monthly Promotions အစီအစဉ်မှာ Parashin Suspension (Strawberry) ကို တစ်ဘူးဝယ်တာနဲ့ ချစ်စရာကောင်းတဲ့ ဘိုဘိုကာတွန်းစတစ်ကာလက်ဆောင်လေးတစ်ထုပ်ကို အပိုလက်ဆောင်အဖြစ် ရရှိမှာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပစ္စည်းလက်ကျန်ရှိသလောက် ဝယ်ယူရရှိနိုင်မှာဖြစ်လို့ ဝယ်လင်တန်မှာ လိုအပ်တဲ့ဆေးတွေလာဝယ်ရင်း Parashin Suspension (Strawberry) လေးပါဝယ်ပြီး လက်ဆောင်ပရိုမိုးရှင်းလေး ရယူလိုက်ပါဦး။

ပန်းလှိုင်ဆေးရုံကြီးရဲ့ ၂၁ နှစ်မြောက်နှစ်ပတ်လည် အထူးကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ်တွေကို ပရိုမိုးရှင်းနဲ့ဝယ်ယူဖို့ နောက်ဆ...
17/06/2026

ပန်းလှိုင်ဆေးရုံကြီးရဲ့ ၂၁ နှစ်မြောက်နှစ်ပတ်လည် အထူးကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ်တွေကို ပရိုမိုးရှင်းနဲ့ဝယ်ယူဖို့ နောက်ဆုံးအခွင့်အရေးလေးပါနော်..

မိမိကိုယ်တိုင်နဲ့ မိသားစုရဲ့ကျန်းမာရေးအတွက် ပန်းလှိုင်ဆေးရုံကြီးရဲ့ ၂၁ နှစ်မြောက်နှစ်ပတ်လည် အထူးကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ်တွေကို ဝယ်လင်တန်မှာ ၅၁ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးနဲ့ ရရှိနိုင်မယ့်ကာလက ဇွန်လ ၂၃ ရက်နေ့အထိပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်အလေးထားသူတိုင်း အနီးဆုံးဝယ်လင်တန်ဆိုင်ခွဲကို လာရောက်ဝယ်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အဖေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝယ်လင်တန်မှ အထူးအစီအစဉ်လေးတစ်ခု ရှိပါတယ်.. 😍🥰ဝယ်လင်တန်က လျှို့ဝှက်ထားတဲ့ သီချင်းစာသားလေးက...
17/06/2026

အဖေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝယ်လင်တန်မှ အထူးအစီအစဉ်လေးတစ်ခု ရှိပါတယ်.. 😍🥰
ဝယ်လင်တန်က လျှို့ဝှက်ထားတဲ့ သီချင်းစာသားလေးက ဘာလေးဖြစ်မလဲ စဉ်းစားကြည့်ရအောင်နော်.. 🎶

ဒီအစီအစဉ်လေးမှာ ပါဝင်ပြီး ဆုလက်ဆောင်တွေ ရယူဖို့အတွက် -
▪️ Post ကို Like လုပ်ပေးပါ။
▪️ Public နဲ့ Share ပေးပါ။
▪️ ပုံထဲကမေးခွန်းကို Comment မှာ ဖြေဆိုပေးပါ။

🎁 စည်းကမ်းချက်နဲ့အညီ ပါဝင်ဖြေကြားပေးသူများထဲကမှ ကံထူးရှင် ၁၀ ဦးကို ရွေးချယ်ပြီး ၁၀,၀၀၀ ကျပ်တန်ဖိုးရှိတဲ့ ဝယ်လင်တန်ရဲ့ ဆုလက်ဆောင်တွေကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

🗓 ဇွန်လ ၁၇ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ဖခင်များနေ့အမှတ်တရလေးတွေကို မျှဝေရင်း ဝယ်လင်တန်ရဲ့ လက်ဆောင်လေးတွေ ကံစမ်းနိုင်မှာဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့မှာ ကံထူးရှင်တွေကို ကြေညာပေးသွားပါမယ်နော်။

အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဝယ်လင်တန်မှ တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

Address

No. 14-E, Min Nandar Road, Dawbon Township
Yangon
11241

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Wellington Pharmacy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Wellington Pharmacy Myanmar:

Shortcuts

Share