Prime Health - Complete Adults 50+

Prime Health - Complete Adults 50+ ကျန်းမာဖျတ်လတ်တဲ့ ၅၀ ကျော်နေ့ရက်တွေအတွက် Prime Health - Complete Adults 50+

အသက် ၅၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) တွေ နှေးကွေးလာသလို အစာခြေစနစ်ကလည်း အာဟာရဓာတ်တွေကို စုပ်ယ...
22/01/2026

အသက် ၅၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) တွေ နှေးကွေးလာသလို အစာခြေစနစ်ကလည်း အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း လျော့နည်းလာတတ်ပါတယ်။ ‼️

ဒါကြောင့် အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာတာပါ ။
ကျန်းမာတဲ့ အစာခြေစနစ်နဲ့ ပြည့်စုံတဲ့ အာဟာရ ရရှိဖို့ ဒီအချက်လေးတွေကို သတိပြုရအောင် ....

✅ အမျှင်ဓာတ် (Fiber) ပါတာတွေ ပိုစားပါ ။
✅ ရေဓာတ် ပြည့်ဝပါစေ ။
✅ လှုပ်လှုပ်ရှားရှားနေပါ ။

ဒါ့အပြင် အစားအသောက်တင်မကဘဲ လူကြီးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Prime Health - Complete Adult 50+ ကဲ့သို့ ဖြည့်စွက်စာတွေကလည်း အစာခြေစနစ်နဲ့ အထွေထွေကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ် ။ 💪🤩
Prime Health - Complete Adult 50+ ဟာ အသက် ၅၀ ကျော် လူကြီးတွေအတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၇ မျိုး ပါဝင်တာကြောင့် အာဟာရစုပ်ယူမှု အားနည်းလာတဲ့အချိန်မှာ အကောင်းဆုံး အားကိုးရာဖြစ်ပါတယ် ။
ဒါ့ကြောင့် အစာခြေစနစ် ကျန်းမာပြီး စားသမျှ အာဟာရဖြစ်နေဖို့ဆိုရင် Prime Health - Complete Adult 50+ ကို နေ့စဉ် သောက်သုံးဖို့ မမေ့ပါနဲ့နော်။ ✨

ကျန်းမာဖျတ်လတ်တဲ့ ၅၀ ကျော်နေ့ရက်တွေအတွက် Prime Health - Complete Adults 50+





#အသက်၅၀ကျော်ကျန်းမာရေး

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ( သာမညဖလ အခါတော်နေ့ ) အခါသမယမှ စတင်ပြီး လူကြီးမိဘ ဆရာသမားများအားလုံး ရောဂါဝေဒနာများ ကင်...
04/11/2025

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ( သာမညဖလ အခါတော်နေ့ ) အခါသမယမှ စတင်ပြီး

လူကြီးမိဘ ဆရာသမားများအားလုံး ရောဂါဝေဒနာများ ကင်းစင်လွင့်ပျောက်ပြီး သွားလာလှုပ်ရှားမှုတိုင်း လွတ်လပ်ပေါ့ပါးကြပါစေလို့ 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐚𝐥𝐭𝐡 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐀𝐝𝐮𝐥𝐭𝐬 𝟓𝟎+ မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🙏✨

+
#တန်ဆောင်တိုင်
#တန်ဆောင်မုန်းလပြည့်

ဘဝရဲ့ အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ အသက် (၅၀) နောက်ပိုင်းကာလဟာ ငြိမ်သက်သွားဖို့ အချိန်မဟုတ်ပါဘူး။ ဒီအရွယ်မှာ သင်လိုချင်တဲ့အတ...
01/11/2025

ဘဝရဲ့ အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ အသက် (၅၀) နောက်ပိုင်းကာလဟာ ငြိမ်သက်သွားဖို့ အချိန်မဟုတ်ပါဘူး။ ဒီအရွယ်မှာ သင်လိုချင်တဲ့အတိုင်း လှုပ်ရှား၊ ဖန်တီး၊ ပျော်ရွှင် နေထိုင်ဖို့ စတင်ရမယ့် အချိန်ပါ 🥰💝

ဒါ့ကြောင့် "ငါးဆယ်ကျော်လာပြီ၊ ခွန်အားတွေ လျော့လာပြီ" ဆိုတဲ့ အတွေးကို ဖျောက်ပြီး 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐚𝐥𝐭𝐡 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐀𝐝𝐮𝐥𝐭𝐬 𝟓𝟎+ ကို နေ့စဉ် မှီဝဲခြင်းဖြင့် မြေးတွေနဲ့ ဆော့တာပဲဖြစ်ဖြစ်၊ ခရီးထွက်တာပဲဖြစ်ဖြစ်၊ ဝါသနာပါရာ အလုပ်တွေ လုပ်တာပဲဖြစ်ဖြစ် အားအင်အပြည့်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ 💪♦️

👉 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐚𝐥𝐭𝐡 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐀𝐝𝐮𝐥𝐭𝐬 𝟓𝟎+ ဟာ Canada နိုင်ငံထုတ်ဖြစ်ပြီး အသက် (၅၀) ကျော် လူကြီးမိဘတွေအတွက် အထူးထုတ်လုပ်ထားတဲ့ အားဆေးဖြစ်ပါတယ် ။ ကိုယ်ခံအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တဲ့အပြင် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် ၅၀ ကျော် အရွယ်တွေရဲ့ ကျန်းမာရေးကို အဖက်ဖက်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်မှာပါ ...

ကဲ ဒါဆို ၅၀ ကျော်လဲ ဖျတ်လတ်ဆဲ ဆိုတာကို ကိုယ်တိုင် သက်သေပြဖို့အတွက် https://m.me/primehealthcompleteadult50plusmyanmar မှာ ခုပဲ မှာယူထားလိုက်တော့နော် 😉

ကျန်းမာဖျတ်လတ်တဲ့ ၅၀ ကျော်နေ့ရက်တွေအတွက် Prime Health - Complete Adults 50+



🫵 အသက် ၅၀ ကျော်လာတဲ့အခါ စိတ်ကသာ ငယ်တုန်းလို ' ဇိုးခနဲ ဇတ်ခနဲ ' လုပ်ချင်ပေမယ့် ခန္ဓာကိုယ်က အရင်လို အလိုက်နိုင်တော့တာကို က...
24/10/2025

🫵 အသက် ၅၀ ကျော်လာတဲ့အခါ စိတ်ကသာ ငယ်တုန်းလို ' ဇိုးခနဲ ဇတ်ခနဲ ' လုပ်ချင်ပေမယ့် ခန္ဓာကိုယ်က အရင်လို အလိုက်နိုင်တော့တာကို ကြုံနေရပါသလား?

🫵 အရင်လို သွက်လက်ချင်တဲ့စိတ်နဲ့ စိတ်လိုက်မာန်ပါ အလေးအပင်မမိလို့၊ ဒါမှမဟုတ် ရုတ်တရက်လှုပ်ရှားလိုက်မိလို့ ခါးနာ၊ ဒူးနာ ရတဲ့အခက်အခဲတွေကို ခံစားနေရပြီလား ?

ဒီလို စိတ်လိုက်မာန်ပါမှု တစ်ခါလုပ်မိလိုက်တာကြောင့် ခံစားရတဲ့ နာကျင်မှုတွေဟာ ရက်ရှည်ကြာမြင့်စွာ ခံစားရတတ်တာကြောင့် အရာရာကို သတိနဲ့ ပြုမူတာ အကောင်းဆုံးပါပဲ ။

👉 အရေးအကြီးဆုံးကတော့ 'ငါအိုသွားပြီ၊ မလုပ်နိုင်တော့ဘူး' ဆိုတဲ့ အတွေးဟာ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာစေနိုင်တာပါပဲ။

ဒါ့ကြောင့် အသက် ၅၀ အထက် လူကြီးမိဘတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Prime Health-Complete Adult 50+ ဟာ ခန္ဓာကိုယ်ကို အရွယ်အလိုက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အားလုံးကို တစ်လုံးတည်းမှာ ပြည့်ပြည့်ဝဝ ရနိုင်တာကြောင့် အရိုးသန်မာမှု၊ ကြွက်သားနဲ့ အာရုံကြောစနစ်ကို ထောက်ပံ့ပေးတဲ့အတွက် စိတ်လိုက်မာန်ပါ လုပ်မိလို့ ဖြစ်လာနိုင်တဲ့ ဒဏ်ရာတွေကိုပါ ခံနိုင်ရည်ရှိအောင် ကူညီပေးပါလိမ့်မယ်။

ကဲ ဒီလိုဆို အတတ်နိုင်ဆုံး စိတ်လေးလျှော့ သတိလေးကပ် ပြုမူရင်း Prime Health ကို နေ့စဉ် သောက်သုံးခြင်းဖြင့် အရွယ်ကို အံတုပြီး စိတ်ဓာတ်ခွန်အား၊ ကိုယ်ခန္ဓာခွန်အား အပြည့်နဲ့ သက်သောင့်သက်သာ လှုပ်ရှားနိုင်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါနော် 💪🤩




🪔🪔 ယခုလို မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ မိဘဘိုးဘွားများအားလုံး ကောင်းမှုကုသိုလ်တွေပြုရင်း လပြည့်ညရဲ့ လမင်းကြီ...
06/10/2025

🪔🪔 ယခုလို မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ မိဘဘိုးဘွားများအားလုံး ကောင်းမှုကုသိုလ်တွေပြုရင်း လပြည့်ညရဲ့ လမင်းကြီးလိုပဲ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ပြီး သက်ရှည်ကျန်းမာကြပါစေလို့ 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐚𝐥𝐭𝐡 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐀𝐝𝐮𝐥𝐭𝐬 𝟓𝟎+ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏💝

#သီတင်းကျွတ်လပြည့်နေ့



ဒီနေ့ အောက်တိုဘာ (၁) ရက်နေ့ဟာ ကမ္ဘာ့သက်ကြီးနေ့ ( International Day of Older Persons  ) ဆိုတာ သိကြရဲ့လားရှင် 😍 ဒီနေ့ဟာ အသ...
01/10/2025

ဒီနေ့ အောက်တိုဘာ (၁) ရက်နေ့ဟာ ကမ္ဘာ့သက်ကြီးနေ့ ( International Day of Older Persons ) ဆိုတာ သိကြရဲ့လားရှင် 😍

ဒီနေ့ဟာ အသက်ကြီးလာပြီဖြစ်တဲ့ ချစ်ရတဲ့ မိဘဆရာသမားတွေ၊ ဦးဦးဒေါ်ဒေါ် အဘိုးအဘွားတွေရဲ့ ဘဝကို ဂုဏ်ပြုဖို့၊ သူတို့ရဲ့ မေတ္တာတွေကို အသိအမှတ်ပြုဖို့ အကောင်းဆုံး အချိန်တစ်ခုပါပဲ 🤩

♦️သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံး တို့တွေအတွက် ပေးခဲ့တဲ့ မေတ္တာနဲ့ အချိန်တွေဟာ တန်ဖိုးဖြတ်လို့ မရတဲ့ အရာတွေပါ။ ဒါကြောင့် သူတို့တွေ အသက်ကြီးလာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာသလို သူတို့ရဲ့ စိတ်ကိုလည်း နားလည်ပေးဖို့ အရေးကြီးပါတယ် 🥰

📌ဒီလို ကမ္ဘာ့သက်ကြီးနေ့မှာ လူကြီးမိဘများအတွက် ဂရုစိုက်မှုနဲ့ မေတ္တာတရားတွေ ပြသဖို့အတွက် သူတို့ရဲ့ ကျန်းမာရေးကို အလေးပေး ဂရုစိုက်ပေးခြင်းက အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ 🎁

ဒါ့ကြောင့် Prime Health - Complete Adults 50+ လို အသက် ၅၀ အထက် လူကြီးတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အထူးထုတ်လုပ်ထားတဲ့‌ အားဖြည့်စာတွေနဲ့ ဂါရဝ ပြုခြင်းက အသင့်တော်ဆုံးပါပဲ 🥳

ဒီနေ့ ကမ္ဘာ့သက်ကြီးနေ့ ( International Day of Older Persons ) မှာ လူကြီးမိဘများအားလုံးကို ဂုဏ်ပြုရင်း သက်ရှည်ကျန်းမာစွာနဲ့ နေ့စဉ်ဘဝမှာ သွက်လက်ဖြတ်လတ်နေစေဖို့ Prime Health - Complete Adults 50+ မှ အထူးဆုမွန်တောင်းပေးလိုက်ရပါတယ်ရှင် 🙏💝






#ကမ္ဘာ့သက်ကြီးနေ့

👉 အသက် ၅၀ ဆိုတာ "ဘဝရဲ့ ဒုတိယ အကောင်းဆုံးအချိန်" ကို စတင်တာဖြစ်လို့ အားအင်အပြည့်နဲ့ ဖြတ်သန်းရမယ့် အချိန်ပါပဲ။ အသက် ၅၀ နော...
17/09/2025

👉 အသက် ၅၀ ဆိုတာ "ဘဝရဲ့ ဒုတိယ အကောင်းဆုံးအချိန်" ကို စတင်တာဖြစ်လို့ အားအင်အပြည့်နဲ့ ဖြတ်သန်းရမယ့် အချိန်ပါပဲ။

အသက် ၅၀ နောက်ပိုင်းမှာလည်း အရင်ကထက် ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘဝကို ဖန်တီးပြီး "ငါတို့ မအိုသေးပါဘူး" ဆိုတဲ့ အကြောင်း သက်သေပြလို့ ရပါတယ်ရှင် 😉💪

💊Canada နိုင်ငံထုတ် Prime Health - Complete Adults 50+ ဟာဆိုရင် ဗီတာမင်နှင့် သတ္တုဓာတ်တွေ စုံလင်စွာ ပါဝင်လို့ အသက် (၅၀) ကျော်အရွယ်များရဲ့ တစ်နေ့တာ အတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်တွေရရှိစေမှာဖြစ်ပါတယ် ။

Complete Adults 50+ က ပေးတဲ့ အာဟာရဓာတ်တွေနဲ့ဆို တခြားသူတွေနဲ့ယှဉ်ရင် ပိုမိုသွက်လက်ပြီး လူငယ်လေးတစ်ယောက်လို ကျန်းမာစေမှာ အသေအချာပါနော် ✅

ဒါဆို "အသက်ကြီးပြီ အိမ်ထဲပဲ ငြိမ်ငြိမ်နေရတော့မယ် " ဆိုတဲ့ အတွေးတွေကို တွန်းထုတ်ပြီး Complete Adults 50+ ကို တစ်နေ့တစ်လုံး မှန်မှန်သောက်မယ်ဆိုရင် အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုအနေနဲ့ပဲ ရှိနေတော့မှာပေါ့ 🤩❤️

ကျန်းမာဖျတ်လတ်တဲ့ ၅၀ ကျော်နေ့ရက်တွေအတွက် Prime Health - Complete Adults 50+




အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် စုပ်ယူမှုနှုန်းဟာ လျော့နည်းလာတတ်ပါတယ်။ ဒါကြောင့် အသက် ၅၀ ကျော်...
14/09/2025

အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် စုပ်ယူမှုနှုန်းဟာ လျော့နည်းလာတတ်ပါတယ်။

ဒါကြောင့် အသက် ၅၀ ကျော် မိဘတွေအတွက် ကျန်းမာပြီး တက်ကြွလန်းဆန်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်ရှင် …

✅Vitamin D - အရိုးပွရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတဲ့အပြင် အရိုးအဆစ်တွေကို သန်မာစေဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

✅Vitamin B12 - ဦးနှောက်နဲ့ အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ်လုပ်ဖို့အတွက် အထောက်အကူပေးနိုင်တဲ့အတွက် မှတ်ဉာဏ်အားကောင်းစေပါတယ် ။

✅Calcium - အရိုးတွေနဲ့ သွားတွေကို ခိုင်မာသန်စွမ်းစေဖို့အတွက် အဓိက လိုအပ်တဲ့ သတ္တုဓာတ်ပါ။

✅Magnesium - ကြွက်သားတွေနဲ့ နှလုံးကြွက်သားတွေ ကောင်းမွန်စွာ လှုပ်ရှားနိုင်ဖို့အတွက် အရေးပါပြီး စိတ်ဖိစီးမှုတွေ လျှော့ချပေးနိုင်ပါတယ်။

✅Potassium - နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

📌Prime Health - Complete Adults 50+ မှာဆိုရင် အသက် ၅၀ ကျော်လာပြီဖြစ်တဲ့ လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင် ၅ မျိုးအပြင် အခြားသော ဗီတာမင်နဲ့ သတ္တုဓာတ် ၂၇ မျိုးကိုပါ တစ်လုံးတည်းမှာ ပြည့်ပြည့်ဝဝ ရရှိနိုင်လို့ All in one Multi-Vitamin ဖြည့်စွက်စာလို့တောင် ပြောလို့ရပါတယ်နော် 🤩

ဒါ့ကြောင့် Prime Health - Complete Adults 50+ ကို တစ်နေ့တစ်လုံး မှီဝဲပေးရုံနဲ့ စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာဖျတ်လတ်တဲ့ ၅၀ ကျော်နေ့ရက်တွေကို ပိုင်ဆိုင်လိုက်ပါရှင် 😍💪

Order မှာယူလိုပါက - https://m.me/primehealthcompleteadult50plusmyanmar မှတစ်ဆင့် မှာယူနိုင်ပါတယ်ရှင်။

ရန်ကုန်၊ မန္တလေးနှင့် ရုံးခွဲရှိသည့် မြို့တိုင်းကို ပို့ခအခမဲ့နှင့် အိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင်။



အသက် ၅၀ ကျော်အရွယ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအရွယ်မှာ အစ...
29/08/2025

အသက် ၅၀ ကျော်အရွယ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအရွယ်မှာ အစားအသောက်ဆင်ခြင်တာက ဖြစ်ပေါ်လာနိုင်မယ့် ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ် 💯

အောက်ပါ အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ခြင်း သို့မဟုတ် လျှော့စားခြင်းဖြင့် ၅၀ ကျော်ဘဝမှာလည်း ကျန်းမာလန်းဖြာစွာနဲ့ ဆက်လက်ဖြတ်သန်းနိုင်မှာပါ 😍

♦️အချိုဓာတ်နဲ့ အချိုရည်များ
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ သကြားဓာတ်ကို စီမံခန့်ခွဲနိုင်စွမ်းက လျော့နည်းလာပါတယ်။ အချိုများတဲ့ အစားအသောက်တွေနဲ့ အချိုရည်တွေက ဆီးချိုရောဂါ၊ အဝလွန်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ သဘာဝအတိုင်း ချိုတဲ့ သစ်သီးဝလံတွေကို စားသုံးတာက ပိုပြီးကောင်းမွန်ပါတယ်။

♦️ အသင့်စား အစားအစာများ (Junk Food)
အသင့်စား အစားအစာတွေဖြစ်တဲ့ ဘာဂါ၊ ပီဇာ၊ အာလူးကြော် စတာတွေဟာ ဆိုဒီယမ် (ဆား)၊ ပြည့်ဝဆီနဲ့ ကယ်လိုရီဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါတွေက သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်တာကြောင့် တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

♦️ဆိုဒီယမ် (ဆား) များတဲ့ အစားအသောက်များ
ဆားဓာတ်များတဲ့ အစားအသောက်တွေက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ငါးပိ ၊ငါးခြောက် ၊ အသင့်စားခေါက်ဆွဲခြောက်၊ စည်သွတ်ဘူး အစားအစာတွေနဲ့ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေကို လျှော့စားပြီး ဟင်းချက်တဲ့အခါမှာလည်း ဆားကို ပမာဏနည်းနည်းပဲ ထည့်သင့်ပါတယ်။

♦️အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားများ
အမဲသား၊ ဝက်သားလို အနီရောင်အသားတွေမှာ ပြည့်ဝဆီနဲ့ ကိုလက်စထရောဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဒါတွေက နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ထို့အတူ ဝက်အူချောင်း၊ ဟမ်ဘာဂါလို ပြုပြင်ထားတဲ့အသားတွေမှာလည်း အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကြောင့် အနီရောင်အသားအစား ကြက်သား (အရေခွံမပါ)၊ ငါးနဲ့ ပဲအမျိုးမျိုးကို စားသုံးတာက ပိုကောင်းပါတယ်။

♦️အရက်နဲ့ ကဖိန်းဓာတ်
အသက်ကြီးလာတဲ့အခါမှာ အရက်ကို ချေဖျက်နိုင်စွမ်းက လျော့နည်းလာပါတယ်။ အရက်ကို အလွန်အကျွံသောက်သုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး ရင်သားကင်ဆာ၊ အသည်းကင်ဆာတို့လို ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေကို အလွန်အကျွံသောက်တာကလည်း အိပ်စက်ခြင်းကို ထိခိုက်စေပြီး ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။

👉ဒါ့အပြင် ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှု လျှော့ချတာနဲ့ လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိတွေကလည်း အရေးကြီးပါတယ်။

ထပ်ဆောင်းအနေနဲ့ အသက် ၅၀ ကျော် လူကြီးတွေအတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၇ မျိုး ပြည့်ဝစွာ ပါဝင်တဲ့ Prime Health - Complete Adults 50+ ကဲ့သို့ Multi-Vitamin ဖြည့်စွက်စာတွေ မှီဝဲပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ် 🤩💪

ကျန်းမာဖျတ်လတ်တဲ့ ၅၀ ကျော်နေ့ရက်တွေအတွက် Prime Health - Complete Adults 50+




Address

No34, Corner Of Sabal Street & Kant Kaw Street, Bo Lane Aung Mingalar Quarter, Tarmwe
Yangon
11211

Website

Alerts

Be the first to know and let us send you an email when Prime Health - Complete Adults 50+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share