30/03/2026
ဆီတန်းနေတဲ့ကားဆရာတွေ နေပူပူမှာ တခဏဖြစ်ဖြစ် ရင်အေးရအောင် ရေသန့်လေးတွေလှူဖြစ်တယ်
ဝမ်းသာအားရ ရေဘူးယူကြ ချက်ခြင်းသောက်ကြတာမြင်တော့ အရမ်းပီတိဖြစ်ရတယ် , ဒီရေဘူးလေးတွေစမှာတုန်းက ပါရဂူတွေဧည့်ခံဖို့ဆိုပြီး ဆေးခန်း Logo နဲ့ထုတ်ခဲ့တာ နောက်ပိုင်း ရေဘူးလေးတွေရလာတော့ မနက်ကိုတန်းဆွမ်းကြွတဲ့ ဦးဇင်း ကိုရင်လေးတွေ အပါးငါးဆယ်ကျော်ကို ရေအေးအေးလေးလှူရာကနေ ဆေးခန်းလာကြတဲ့ လူနာတွေရယ် လူနာတွေကိုလိုက်ပို့တဲ့ သုံးဘီးဆရာတွေရယ်ပါ ရေကုသိုလ်ထပ်ယူဖြစ်တယ် အဲ့ကနေ ဘယ်နေရာအတွက်လိုလို APS ရေဘူးတွေက ရေကုသိုလ်အဖြစ်ပို့ပေးရတာ အခုတခေါက်မှာတော့ ဆီတန်းကြတဲ့ကားဆရာတွေပါလှူဖြစ်ပြီ ( နေပူထဲအပူရှပ်မှာစိုးလို့ ရေဘူးအေးတာတွေတော့ မလှူပါဘူး )
ဆေးခန်းမှာ ရေသန့်နဲ့အဆာပြေမုန့်ရယ် ဆရာလေးဆွမ်းဆန်စိမ်းရယ် စာကလေးတွေအတွက်စပါးတွဲရယ်က နေ့စဉ် အဟာရဒါနကုသိုလ်ပါ , အဖွားရှိစဉ်အခါက သူများကို ကျွေးချင် သူများဗိုက်ဝသွားရင် ပျော်ရွှင်တဲ့အကျင့်လေးက အတူနေလာရတော့ ကိုယ့်ကိုလဲကူးစက်တယ်ထင်ပါ့ သူများကိုပေးနေ ကျွေးနေရရင် စိတ်ထဲကြည်နူးပြီးချမ်းမြေ့ရတယ် အဖွားကပြောဘူးတယ် ငွေလှူမှမဟုတ်ဘူး နေ့စဉ်နိုင်သလောက်အဟာရဒါနလှူပါ ကိုယ့်မှာလဲအစာရေဆာ ရှားပါးတယ်ဆိုတာ မရှိဘူး ကုသိုလ်အကျိူးပေးတယ်တဲ့
လှူချင်တာလှူရအောင် စိတ်ရှိတိုင်း အလှူတွေထလုပ်တိုင်း မကန့်ကွက်တဲ့ ကျားကျားကြောင့်လဲ စိတ်ချမ်းသာရပါတယ်ပေါ့နော် ဤကားစကားချပ် 🤭🤭🤭
March လ စိတ်ကူးထားတဲ့ စတုဒီသာအလှူလေးလဲ April တော့လှူဖြစ်မယ်ထင်ပါရဲ့ အလှူတခါပြီးတိုင်း လူရော စိတ်ရော မောပြီးကျန်ခဲ့လို့ ဒီတခါ နေ့ရွှေ့ညရွှေ့လုပ်နေမိတယ် ရေသန့်လှူအပြီးမှာတော့ ပီတိတွေဖြစ်ပြီး ထပ်လှူနိုင်ဖို့ အားထုတ်ပါအုန်းမည် 🥰🥰