Ayerwun Hospital

Directions Website

Ayerwun Hospital “ဧရာဝဏ်ဆေးရုံ” အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက 09 940 940 960 သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ကလေးလေး အအေးမိချောင်းဆိုးနေတာ “ရိုးရိုးရာသီတုပ်ကွေးပဲ နေမှာပါ” ဆိုပြီး ပေါ့ပေါ့ဆဆ ကြည့်နေမိလား? … ⚠️💁‍♀️ ကလေးတွေမှာ သာမန...
19/09/2026

ကလေးလေး အအေးမိချောင်းဆိုးနေတာ “ရိုးရိုးရာသီတုပ်ကွေးပဲ နေမှာပါ” ဆိုပြီး ပေါ့ပေါ့ဆဆ ကြည့်နေမိလား? … ⚠️

💁‍♀️ ကလေးတွေမှာ သာမန်အအေးမိ ချောင်းဆိုးရာကနေ အချိန်တိုအတွင်း အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia) အဖြစ် အလွယ်တကူ ကူးပြောင်းသွားတတ်ပါတယ်။

💁‍♀️ အထူးသဖြင့် အသက် (၅) နှစ်အောက် ကလေးတွေမှာ ပိုပြီး အဖြစ်များတာမို့ ဒီလက္ခဏာတွေ တွေ့လာရပြီဆိုရင်တော့ စက္ကန့်ပိုင်းတောင် မနှောင့်နှေးဘဲ အရေးပေါ်ပြသဖို့ လိုအပ်ပါပြီ။

🚨 ချက်ချင်း သတိထားရမယ့် အရေးကြီးလက္ခဏာများ 📌 အသက်ရှူ အရမ်းမြန်လာခြင်း သို့မဟုတ် မောနေခြင်း📌 အသက်ရှူတိုင်း ရင်ဘတ်ချိုင့်ဝင်သွားခြင်း (ရင်ဘတ်ခွက်အောင် အသက်ရှူရခြင်း)
📌 အသက်ရှူသွင်း၊ ရှူထုတ်တိုင်း အသံမြည်ခြင်း (တရွှီရွှီ သို့မဟုတ် ညည်းသံထွက်ခြင်း)
📌 နို့လုံးဝမစို့နိုင်တော့ခြင်း၊ ရေနှင့် အစားအသောက် လုံးဝမဝင်ဘဲ ပြန်အန်ထုတ်ခြင်း
📌 မှိန်းလွန်းခြင်း၊ နှိုးရခက်ခြင်း သို့မဟုတ် တက်ခြင်း
📌 နှုတ်ခမ်းနှင့် လက်သည်းခွံများ ပြာနှမ်းလာခြင်း

💁‍♀️ ဒီလိုလက္ခဏာတွေ တွေ့ရပြီဆိုရင် အိမ်မှာတင် ကိုယ့်သဘောနဲ့ကိုယ် အဖျားပျောက်ဆေး၊ ပိုးသတ်ဆေးတွေ ဝယ်တိုက်ပြီး စောင့်မကြည့်သင့်ပါဘူး။ ကလေးရဲ့ အဆုတ်တွင်း ပိုးဝင်ရောက်မှု ပြင်းထန်နေနိုင်တာကြောင့် ကလေးအထူးကုဆရာဝန်နဲ့ အချိန်မီ စနစ်တကျ ကုသမှု ခံယူမှသာ အသက်အန္တရာယ်ကနေ စိတ်ချရမှာပါ။

💁‍♀️သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက် အချိန်မီ ကုသမှုခံယူနိုင်ဖို့ ဧရာဝဏ်ဆေးရုံတွင် အောက်ပါ ကလေးအထူးကုဆရာဝန်ကြီးနှင့် စိတ်ချယုံကြည်စွာ လာရောက်ပြသ တိုင်ပင်ဆွေးနွေးနိုင်ပါပြီရှင်။ 🩺✨

🧑‍⚕️ ဒေါက်တာ ဝေမင်းဦး
M.B.,B.S (YGN), Dip.Med.Sc (Paed)
M.Med.Sc (Paed)
ကလေးအထူးကုဆရာဝန်

📅 ဆရာဝန်ကြီးများနှင့် ပြသလိုပါက ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။




#ပြင်းထန်အဆုတ်ရောင်ရောဂါ

🤰မိခင်တိုင်းရဲ့ ရင်ခုန်သံနှင့် ရွေးချယ်မှု... 🤔 ရိုးရိုးမွေးမလား၊ ခွဲမွေးမလား? 🤔 💁‍♀️ မေမေတို့အတွက် ဆုံးဖြတ်ချက်ချရလွယ်က...
11/09/2026

🤰မိခင်တိုင်းရဲ့ ရင်ခုန်သံနှင့် ရွေးချယ်မှု...

🤔 ရိုးရိုးမွေးမလား၊ ခွဲမွေးမလား? 🤔

💁‍♀️ မေမေတို့အတွက် ဆုံးဖြတ်ချက်ချရလွယ်ကူစေဖို့ ဧရာဝဏ်ဆေးရုံကနေ ကျန်းမာရေး ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ် 💖

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။




 #ဝန်ထမ်းအလိုရှိပါသည်သန့်ရှင်းရေးဝန်ထမ်း - အမျိုးသမီး ( ၅ ) ဦးအထွေထွေလုပ်သား - အမျိုးသား ( ၅ ) ဦး✅အသက် (၁၈)နှစ် အထက်ဖြစ်...
09/09/2026

#ဝန်ထမ်းအလိုရှိပါသည်

သန့်ရှင်းရေးဝန်ထမ်း - အမျိုးသမီး ( ၅ ) ဦး
အထွေထွေလုပ်သား - အမျိုးသား ( ၅ ) ဦး

✅အသက် (၁၈)နှစ် အထက်ဖြစ်ရမည်။

✅ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမည်။

✅အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

✅နေ့ /ည တာ၀န်ထမ်းဆောင်နိုင်ရမည်။

✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

✅လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။

✅ အခြေခံလစာ ၃၈၀၀၀၀ + ရက်မှန်ကြေး ၂၀၀၀၀

✅ ၃ လပြည့်လျှင် လစာ ထပ်တိုးပေးမည်။

စိတ်ဝင်စားပါက

ကိုယ်ရေးရာဇဝင် (CV form ) နှင့်တကွ

မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ ၊

ပညာရေးအထောက်အထားများမိတ္ထူ ၊

လိုင်စင် ပုံ (၂) ပုံ တို့ကို

ဆေးရုံဖုန်း Viber 09 940 940 960 သို့

ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိလိုသည်များကို

☎️ 09 940 940 960

ကို ရုံးချိန် အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

💁‍♀️ မောပန်းလွယ်နေလား၊ အကြောင်းအရင်းမရှိဘဲ ဝလာတာ/ပိန်သွားတာတွေ ဖြစ်နေပါလား… ဒါမှမဟုတ် ဆီးချိုမထိန်းနိုင်လို့ စိတ်ညစ်နေရပ...
06/09/2026

💁‍♀️ မောပန်းလွယ်နေလား၊ အကြောင်းအရင်းမရှိဘဲ ဝလာတာ/ပိန်သွားတာတွေ ဖြစ်နေပါလား…

ဒါမှမဟုတ် ဆီးချိုမထိန်းနိုင်လို့ စိတ်ညစ်နေရပါလား? 🩺✨

💁‍♀️ ဆီးချို‌နဲ့ ဟော်မုန်းဓာတ် မမျှတတာဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်စနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်တာမို့ စနစ်တကျနဲ့မှန်ကန်စွာ ကုသနိုင်ဖို့ အရေးကြီးပါတယ်။

💁‍♀️ ကျွန်မတို့ရဲ့ ဧရာဝဏ်ဆေးရုံမှာ ဆီးချိုရောဂါနဲ့ ဟော်မုန်းဆိုင်ရာကျန်းမာရေးအခြေအနေများအတွက် ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်ကြီးနဲ့ တိုင်ပင်ပြသနိုင်ပါပြီ 💙

🧑‍⚕️ ဒေါက်တာ ဇင်မျိုးလတ်
M.B.,B.S,M.Med.Sc (Int. Med)
MRCP (UK);MRCP (London), MRCPE
Speciality Certificate on Endocrinology & Diabetes, UK, MACP
Dr.Med.Sc (Endocrinology)
ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်ကြီး

💁‍♀️ ပြသနိုင်သော ကျန်းမာရေးအခြေအနေများ

📌 ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုနှင့် ဆီးချိုကြောင့်ဖြစ်သော နောက်ဆက်တွဲ ကျန်းမာ‌ရေးအခြေအနေများ

📌 လည်ပင်းဟော်မုန်းဓာတ်များခြင်း၊နည်းခြင်း

📌 အမျိုးသမီးများတွင်ဖြစ်တတ်သော သားဥအိမ်တွင် ရေအိတ်တည်ခြင်း (PCOS)၊ ရာသီစက်ဝန်း မမှန်ခြင်း၊ ဝလွန်း/ပိန်လွန်းခြင်း၊ အမွှေးအမျှင်များ ပုံမှန်မဟုတ်ဘဲ ပေါက်ခြင်း

📌 ကယ်လ်ဆီယမ်နှင့် အရိုးဆိုင်ရာ ဟော်မုန်းဓာတ် မမျှတခြင်း

📌 တစ်ခြားသော ဟော်မုန်းဓာတ်မညီမျှခြင်း‌ဆိုင်ရာ ကျန်းမာရေး အခြေအနေများ စတဲ့ အခြေအနေများအတွက် ပြသနိုင်ပါတယ် ....

💁‍♀️ ဒါကြောင့် မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေမှာပဲဖြစ်ဖြစ် ဆီးချိုနဲ့ ဟော်မုန်းဆိုင်ရာ လက္ခဏာတွေ ခံစားနေရရင် အခုပဲ တိုင်ပင်ကုသလိုက်ပါ။ 🏥✨

📅 ဆရာဝန်ကြီးများနှင့် ပြသလိုပါက ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။




အဖြေရှာမရ စိတ်ညစ်ရပါတဲ့ ဆံပင်ကျွတ်ခြင်း ပြဿနာ 🥺🥺😓 ဒီခေတ်မှာ လူကြီး၊ လူငယ်၊ ကျားမ‌ မရွေး ဆံပင်ကျွတ်တဲ့ ပြဿနာ‌တွေ ကြုံတွေ့...
04/09/2026

အဖြေရှာမရ စိတ်ညစ်ရပါတဲ့ ဆံပင်ကျွတ်ခြင်း ပြဿနာ 🥺🥺

😓 ဒီခေတ်မှာ လူကြီး၊ လူငယ်၊ ကျားမ‌ မရွေး ဆံပင်ကျွတ်တဲ့ ပြဿနာ‌တွေ ကြုံတွေ့နေရပါတယ်။

🤔 ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ ❓

☝️ ဆံပင်ဆိုတာ အရှည်မြန်သလောက် ကျွတ်တာလည်း များပါတယ်။

👩‍⚕️ ပုံမှန်အားဖြင့် တစ်နေ့ကို အပင် ၁၀၀ လောက် ကျွတ်တတ်ပေမယ့် အဲ့ထက်ပိုကျွတ်လာရင်‌‌တော့ ဆံပင်နဲ့ ဦး‌ရေပြား ပြဿနာ‌ကြောင့် ဖြစ်နိုင်ပါတယ်။

👩‍⚕️ ဒါကြောင့် ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းတွေကိုလည်း သိထားသင့်ပါတယ်။

✅ အစားအသောက်ရှောင်ခြင်း
✅ စိတ်ဖိစီးမှုများခြင်း
✅ ဟော်မုန်းဓာတ်ပြဿနာ
စတဲ့အကြောင်းအရာများကြောင့် ဆံပင်ပိုကျွတ်စေပါတယ်။

💁 ဒါ့အပြင် ....
📌 မိဘမျိုးရိုးထဲတွင် ဆံပင်ကျွတ်ဖူးသူရှိသူများ
📌 အသက်အရွယ်ကြီးလာခြင်း
📌 ရောဂါအခံရှိသူများ (ဥပမာ- ဆီးချိုရောဂါရှိသူများ) စတဲ့သူများမှာ ဆံပင်ကျွတ်နိုင်ခြေ ပိုများကြောင်း တွေ့ရပါတယ် ....

💁 ဒါကြောင့်မို့ ဆံပင်ကျွတ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကိုလည်း ပြုလုပ်ကြည့်စေချင်ပါတယ် .....

-🛌 အိပ်ရေးဝအောင်အိပ်စက်ပါ။
🥗 အာဟာရပြည့်ဝတဲ့ အစားအစာများကို စုံ‌လင်အောင် စားပါ။
🍎 ဗီတာမင်ဓာတ်ကြွယ်ဝသော သီးနှံ၊ ဟင်းသီးဟင်းရွက်များ စားပေးပါ။
☀️ ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့စေဖို့ ဂရုစိုက်ပါ။
🚭 ဆေးလိပ်ဖြတ်ပါ။
🧴ဓာတုဗေဒပစ္စည်းနည်းတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပါ။
💇‍♀️ ဆံပင်ကို ခဏခဏ ဖြောင့်တာ၊ ကောက်တာ၊ ဆေးဆိုးတာတွေ မပြုလုပ်သင့်ပါ။

💁 ဒီလိုနည်းလမ်းတွေ ပြုလုပ်ခြင်းဖြင့် ဆံပင်ကျွတ်တဲ့ ပြဿနာကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားနဲ့ ပတ်သက်ပြီး အရေပြား အထူးကုဆရာဝန်များနှင့်လည်း ပြသသင့်ပါတယ် ....

💁‍♀️ ဧရာဝဏ်ဆေးရုံတွင်
အရေပြားဆိုင်ရာ ကျန်းမာရေးအတွက် အောက်ပါ အရေပြားအထူးကုဆရာဝန်များနှင့် ပြသနိုင်ပါပြီ။

👩‍⚕️ ဒေါက်တာ ဇာဖြူကြည်
M.B.,B.S (Ygn),M.Med.Sc (Dermatology)
Consultant Dermatologist
သန်လျင်ပြည်သူ့ဆေးရုံကြီး

👩‍⚕️ ဒေါက်တာ သိမ့်ဝတ်ရည်ကျော်
M.B.,B.S (Ygn),M.Med.Sc (Dermatology)
Consultant Dermatologist
အင်းစိန်ပြည်သူ့ဆေးရုံကြီး

📅 ဆရာဝန်ကြီးများနှင့် ပြသလိုပါက ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09 771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။




#အရေပြားအထူးကုဆရာဝန်
#ဧရာ၀ဏ်



#ဆံပင်ကျွတ်ခြင်း

💁‍♀️ ဧရာဝဏ်ဆေးရုံတွင် အမျိုးသမီးများရဲ့ သားဖွားနှင့် မီးယပ်ဆိုင်ရာကျန်းမာရေးအတွက် အောက်ပါ သားဖွားမီးယပ်အထူးကုဆရာဝန်များန...
01/09/2026

💁‍♀️ ဧရာဝဏ်ဆေးရုံတွင်
အမျိုးသမီးများရဲ့ သားဖွားနှင့် မီးယပ်ဆိုင်ရာကျန်းမာရေးအတွက် အောက်ပါ သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့်ပြသနိုင်ပါပြီ။

👩‍⚕️ ဒေါက်တာ သိင်္ဂီဝင်း
M.B.,B.S(YGN),M.Med.Sc(OG)
Dr.Med.Sc(OG)
ကထိက/သားဖွားမီးယပ်အထူးကုဆရာဝန်
ဗဟိုအမျိုးသမီးဆေးရုံကြီး

👩‍⚕️ ဒေါက်တာ မေသူစိုးဝင်း
M.B.,B.S(YGN),M.Med.Sc(OG)
Dr.Med.Sc(Reproductive Health)
သားဖွားမီးယပ်နှင့် မျိုးပွားဆိုင်ရာ အထူးကုဆရာဝန်ကြီး

👩‍⚕️ ဒေါက်တာ အေးခိုင်မြင့်
M.B.,B.S, M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်
ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး

👩‍⚕️ ဒေါက်တာ ဝါဝါမြင့်သိန်း
M.B.,B.S,Dip.Med.Sc(Family Medicine)
M.Med.Sc(OG),Dip.Med.Sc(ME)
သားဖွားမီးယပ်အထူးကုဆရာဝန်

🧑‍⚕️ ဒေါက်တာ အောင်မြတ်သူ
M.B.,B.S,M.Med.Sc(OG)
Diploma in OG
သားဖွားမီးယပ်ဆရာဝန်ကြီး
အလုပ်သမားဆေးရုံကြီး၊ ရန်ကုန်

🧑‍⚕️ ဒေါက်တာ အောင်သူရိန်ကိုး
M.B.,B.S, M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်

👩‍⚕️ ဒေါက်တာ ဌေးဌေးလှိုင်
M.B.,B.S(YGN),M.Med.Sc(OG)
လက်ထောက်ကထိက/လက်ထောက်ဆရာဝန်(သားဖွားမီးယပ်)
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်

👩‍⚕️ ဒေါက်တာ ယုနန္ဒာအောင်
M.B.,B.S, M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်

📅 ဆရာဝန်ကြီးများနှင့် ပြသလိုပါက ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။





#သားဖွား #မီးယပ် #ဧရာဝဏ်ဆေးရုံ

ခါးနာခြင်းနှင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် 🩺ကျောက်ကပ်(Kidneys)၊ ကျောက်ကပ်မှ ထွက်လာသော ဆီးပြွန် (Ureters)၊...
31/08/2026

ခါးနာခြင်းနှင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ်

🩺ကျောက်ကပ်(Kidneys)၊ ကျောက်ကပ်မှ ထွက်လာသော ဆီးပြွန် (Ureters)၊ ဆီးအိမ် (Bladder) နှင့် ၄င်းမှ ထွက်လာသော ဆီးသွားပြွန် (Urethra) စသည့် ဆီးလမ်းကြောင်း တနေရာရာမှာ ကျောက်တည်တဲ့အခါ နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပိတ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်…..

🩺 ဆီးလမ်းကြောင်းမှာ ကျောက်တည်နေလျှင် ကျောက်အရွယ်အစား သေးငယ်သော်လည်း ပိတ်နေသည့်နေရာပေါ် မူတည်၍ လက္ခဏာ ပြတတ်ပါသည်။ တနည်းအားဖြင့် ဆီးပြွန်၊ ဆီးသွားပြွန်ကဲ့သို့ သေးငယ်ကျဉ်းမြောင်းသောနေရာတွင် ပိတ်နေလျှင် ကျောက်အရွယ်အစား သေးငယ်သော်လည်း ဝေဒနာ ခံစားရနိုင်ပါတယ်။

🩺 ဆီးလမ်းကြောင်းမှာ ကျောက်တည်တာက ကျောက်ကပ်ကနေစလို့ ဆီးသွားပြွန်တစ်လျှောက် နောက်ဆုံး ဆီးအိမ်ထိ ကျောက်တည်နိုင်ပါတယ်။

🩺 ဒါဆို ဆီးလမ်းကြောင်းမှာ ကျောက်တည်တာက
ဘာကြောင့်ဖြစ်ရတာလဲဆိုတာ လေ့လာကြည့်ကြရအောင်…..

🩺 ဆီးဟာ ကျောက်တည်စေနိုင်တဲ့ ဆားဓာတ်များနဲ့ ပြည့်နေတဲ့အခါ သို့မဟုတ် ကျောက်တည်ခြင်းကို ဟန့်တားပေးတဲ့ ဓာတ်များ လျော့နည်းနေတဲ့အခါ ကျောက်တည်ခြင်းဖြစ်လာပါတယ်။

🩺 ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း ဖြစ်နိုင်ချေများသူများမှာ…

📌 လည်ပင်း‌ရှိ ပါရာသိုင်းရွိုက်ဂလင်းတွင် ဟော်မုန်းဓာတ်များ ပုံမှန်ထက်ပိုများနေခြင်း
📌 ရေဓာတ်ခန်းခြောက်ခြင်း
📌 ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတွင် အက်စစ်ဓာတ်လွန်ကဲခြင်း စတဲ့အခြေအနေများဖြစ်ပါတယ်။

🩺 ဆီးလမ်းကြောင်း တစ်နေရာရာမှာ ကျောက်တည်တဲ့အခါ ခံစားရတဲ့ လက္ခဏာလေးတွေကိုလည်း သိထားစေချင်ပါတယ်……
📌ဆီးအိမ်ထဲ ကျောက်တည်တဲ့အခါ ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်း
📌 ဆီးသွားပြွန်၊ ဆီးလမ်းကြောင်း တစ်နေရာရာနဲ့ ကျောက်ကပ်အတွင်းရှိ ပြွန်များ အစရှိတဲ့နေရာတွေမှာကျောက်တည်တဲ့အခါ ခါးနာခြင်း၊ ဗိုက်ဘေးဘက်နဲ့ ခါး ညှပ်၍နာခြင်း စသဖြင့် လက္ခဏာလေးတွေဖြစ်တတ်ပါတယ်…

🩺 ကျောက်တည်လို့နာတဲ့ပုံစံကလည်း တစ်မျိုးပါ။ နာတာက ပေါ်လိုက် ပျောက်လိုက်နဲ့ စနာတဲ့အခါ နံရိုးကြားနဲ့တင်ပဆုံနားမှာ နာပါတယ်။ အဲ့လိုနာရာကနေ ဗိုက်တစ်လျှောက်လုံးကို နာပြီး နောက်ဆုံး မျိုးပွားအင်္ဂါအထိပါ နာကျင်ပါတယ်။

🩺 တခြားလက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ဆီးသွားတဲ့အခါ သွေးပါခြင်း သို့မဟုတ် ကျောက်ပါလာခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ဆီးသွားရင် ပူခြင်း၊ အောင့်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။

🩺 ဆီးလမ်းကြောင်းတွင် ကျောက်တည်တာတွေ မဖြစ်စေဖို့ ကာကွယ်သင့်တဲ့ နည်းလမ်းလေးတွေကိုလည်း မျှဝေပေးချင်ပါတယ်…
💧ရေများများသောက်ပါ။ တစ်နေ့ကို ၃လီတာအထိသောက်သင့်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ကို သန့်စင်သကဲ့သိုဖြစ်စေပါတယ်။ ရေများများသောက်သင့်သလို ဆီးသွားတာကလည်း ရေသောက်တာရဲ့ နှစ်ဆ ပိုသွားသင့်ပါတယ်။
💁‍♀️ အငန်လျှော့စားပါ။
🚫 လက်ဖက်ရည်၊ ကော်ဖီနဲ့ gas ပါသော အချိုရည်များကို ရှောင်ပါ။
🏃 ကိုယ်အလေးချိန်ထိန်းပါ။
🚫 အရက်၊ ကွမ်းယာ၊ ဆေးလိပ် ရှောင်ကြဉ်ပါ။

အထက်ပါနည်းလမ်းလေးတွေကို လိုက်နာခြင်းဖြင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။
အကယ်၍ လက္ခဏာတစ်ခုခု ဖြစ်လာပါကလည်း သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် အချိန်မီ ပြသသင့်ပါတယ်…

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။



#ဆီးကျောက်တည်ခြင်း
#ဆီးပိုးဝင်ခြင်း

** သည်းခြေ ကျောက်တည်ခြင်းအကြောင်း သိမှတ်စရာ အဖြာဖြာ **သည်းခြေအိတ်တွင် ကျောက်တည်ခြင်းကလည်း အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာတစ...
29/08/2026

** သည်းခြေ ကျောက်တည်ခြင်းအကြောင်း
သိမှတ်စရာ အဖြာဖြာ **

သည်းခြေအိတ်တွင် ကျောက်တည်ခြင်းကလည်း အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။

👉 သည်းခြေကျောက်တည်ခြင်း ဖြစ်ရတာက သည်းခြေအိတ်ထဲမှာ သည်းခြေရည်ရဲ့ အနည်အနှစ်တွေက စု‌ပုံပြီး မာမာအခဲတွေဖြစ်ကုန်တာပါ။

👉 သည်းခြေရည်ဆိုတာ အစာချေဖျက်ပေးတဲ့အရည်ဖြစ်ပြီး အသည်းက ထုတ်ပေးကာ သည်းခြေအိတ်ထဲတွင် သိုလှောင်ထားပါတယ်။ အစာစားလိုက်တဲ့အခါ သည်းခြေအိတ်က သည်းခြေရည်ကို အူသိမ်ထဲသို့ ပို့လွှတ်ပြီး အစာချေဖျက်စေပါတယ်……

သည်းခြေကျောက်တည်ခြင်းက ဘာကြောင့်ဖြစ်ရတာပါလဲ ❓

👉 ဘာကြောင့်ဖြစ်ရတယ်ဆိုတာ တိတိကျကျ အဖြေရှာမရသေးပေမယ့် ဖြစ်နိုင်တဲ့ အကြောင်းရင်းလေးတွေတော့ ရှိပါတယ်……

👉 ပထမဆုံးအချက်က သည်းခြေရည်ထဲမှာ ကိုလက်စထရောတွေ များနေလို့ပါ။ ယေဘူယျအားဖြင့် သည်းခြေရည်က ကိုလက်စထရောကို ပျော်ဝင်စေတဲ့အာနိသင်ရှိပေမယ့်လည်း အသည်းမှာ ကိုလက်စထရောက လိုအပ်တာထက်ပိုများနေတဲ့အခါ သည်းခြေရည်က မချေဖျက်နိုင်တော့ပဲ အနည်ထိုင်လာပါတယ်။ အဲ့ကနေ ကျောက်တည်လာတာပါ။

👉 နောက်တစ်ချက်ကတော့ သည်းခြေရည်ထဲမှာ bilirubin များနေတာပါ။ bilirubin ဟာ သွေးနီဥတွေပြိုကွဲတဲ့အခါ ထွက်လာတဲ့ ဓာတ်တစ်မျိုးပါ။ အသည်းထဲမှာ bilirubin များစေတဲ့ အခြေအနေတွေက အသည်းခြောက်ခြင်း၊ သည်း‌‌ခြေပြွန်ထဲ ရောဂါပိုးဝင်ခြင်း၊ တခြားသော သွေးရောဂါများကြောင့်ပါ။ bilirubin များခြင်းကလည်း ‌သည်းခြေကျောက်တည်စေပါတယ်။

👉 နောက်အခြေအနေတစ်ခုကတော့ သည်းခြေအိတ်က သည်းခြေရည်များကို မှန်ကန်စွာ မပို့လွှတ်နိုင်တာပါ။ အဲ့လိုဖြစ်လာတဲ့အခါ သည်းခြေရည်တွေက ပျစ်လာပြီး သည်းခြေအိတ်မှာပဲ ကျောက်တည်လာပါတယ်….

👉 သည်းခြေကျောက်တည်ခြင်း ဖြစ်နိုင်ချေများတဲ့သူတွေလည်းရှိပါတယ်……
✔️ အသက် ၄၀နှင့်အထက်
✔️ အမျိုးသမီးများ
✔️ အဝလွန်ခြင်း
✔️ အဆီများသော၊ ကိုလက်စထရောများသော အစားအစာများ စားသုံးခြင်း
✔️ အမျှင်ဓာတ်ပါတဲ့ဟင်းသီးဟင်းရွက်များ စားတာနည်းခြင်း
✔️ မျိုးရိုးထဲမှာ ‌သည်းခြေကျောက်တည်ဖူးသူများ
✔️ ဆီးချိုရောဂါ၊ အသည်းရောဂါအခံရှိသူများ အစရှိသူများမှာ သည်းခြေကျောက်တည်ခြင်း ပိုမိုဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်…..

👉 သည်းခြေကျောက်တည်ခြင်းရဲ့ လက္ခဏာတွေကတော့…….

* ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်နားက ရုတ်တရက် အရမ်းနာလာခြင်း
* ရင်ညွန့်နားတစ်ဝိုက် ရုတ်တရက် နာခြင်း
* ခါးအလည်တည့်တည့်မှာ နာကျင်နေခြင်း
* ညာဘက်ပခုံးနာခြင်း
* ပျို့အန်ခြင်း စတဲ့လက္ခဏာတွေ အများဆုံးဖြစ်တတ်ပါတယ်……

👉 သည်းခြေကျောက်တည်ခြင်း မဖြစ်စေရန် ကာကွယ်ရမယ့်နည်းလမ်းလေးတွေ နေထိုင်စားသောက်ရမယ့် ပုံစံလေးတွေကိုလည်း ပြောပြပေးချင်ပါ‌တယ်…..

✅ အစာစားချိန်ကို ပုံမှန်သတ်မှတ်ပြီး စားပါ။ အစားရှောင်တာမျိုးက သည်းခြေကျောက်တည်စေပါတယ်။

✅ ကိုယ်အလေးချိန်ကို ဖြေးဖြေးလျှော့ပါ။ တစ်ပတ်ကို 0.5 မှ 1kg နှုန်းလောက်ပဲကျသင့်ပါတယ်။

✅ ကိုယ်အလေးချိန်ကို အမြဲထိန်းပါ။

✅ အမျှင်ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များကို များများစားပါ။

🔎 အကယ်၍ သည်းခြေကျောက်တည်တယ်လို့ သံသယရှိတဲ့ လက္ခဏာများ ခံစားရပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနဲ့ အမြန်ဆုံးပြသပြီး သွေးစစ်ဆေးခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ရိုက်ခြင်းတို့ပြုလုပ်ခြင်းဖြင့် တိကျစွာ သိနိုင်ပါတယ်…..

🔎 ကျွန်မတို့ ဧရာဝဏ်ဆေးရုံတွင် တယ်လီဗေးရှင်း ဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေစစ်ဆေးနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေရှင်…..

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။

Ph: 09 940 940 960




🤰 ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗိုက်နာတာက တကယ့် မီးဖွားတော့မယ့် လက္ခဏာလား၊ ဒါမှမဟုတ် ဗိုက်ညှစ်နာတာသက်သက်လားဆိုတာကို ခွဲခြားတ...
27/08/2026

🤰 ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗိုက်နာတာက တကယ့် မီးဖွားတော့မယ့် လက္ခဏာလား၊ ဒါမှမဟုတ် ဗိုက်ညှစ်နာတာသက်သက်လားဆိုတာကို ခွဲခြားတတ်ပြီလား? 💭

💁‍♀️ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးခါနီးတဲ့အခါ ဒီနာကျင်မှုက မွေးတော့မယ့် နာကျင်မှုလား၊ ဆေးရုံအမြန်သွားရတော့မှာလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိတတ်ပါတယ်။

💁‍♀️ ဒါကြောင့် မိခင်လောင်းတွေအတွက် ဗိုက်ညှစ်နာတာနဲ့ တကယ့်မီးဖွားတော့မယ့် နာကျင်မှုကို ဘယ်လိုခွဲခြားရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ် ...

💁‍♀️ ဗိုက်ညှစ်နာတယ်ဆိုတာ ဘယ်လိုမျိုးလဲ?
📌 အချိန်မှန်မှန် မနာပါဘူး။ နာတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ပုံစံမမှန်ပါဘူး။
📌 ကိုယ်အနေအထား ပြောင်းလိုက်တဲ့အခါ ဒါမှမဟုတ် လမ်းလျှောက်တာ၊ အနားယူလိုက်တဲ့အခါ နာကျင်မှုက ပျောက်သွားတတ်ပါတယ်။
📌 ဗိုက်ရဲ့ အောက်ဘက်နဲ့ ရှေ့ပိုင်းလောက်မှာပဲ အဓိက တင်းပြီး ခံစားရတတ်ပါတယ်။

💁‍♀️ ဒါဆို တကယ့် မီးဖွားတော့မယ့် နာကျင်မှုက ဘယ်လိုခံစားရလဲ?
📌 နာကျင်မှုက အချိန်မှန်မှန် ဆက်တိုက်ဖြစ်လာပြီး ကြာလေလေ ပိုပြီး ခပ်စိပ်စိပ်နဲ့ ပြင်းထန်လာလေလေ ဖြစ်ပါတယ်။
📌 ဒီလို ဗိုက်နာလာတဲ့အခါ လှဲနေရုံ အနားယူရုံနဲ့ လုံးဝမသက်သာဘဲ ဆက်လက် နာကျင်နေတတ်ပါတယ်။
📌 ကျောအောက်ပိုင်းကနေစပြီး ဝမ်းဗိုက်ရှေ့ပိုင်းဆီ ပျံ့နှံ့လာတဲ့ နာကျင်မှုမျိုး ဖြစ်ပါတယ်။
📌 ဒီလို နာကျင်မှုနဲ့အတူ ရေမြွှာပေါက်တာ၊ သွေးဆင်းတာ (သို့) အချွဲဆင်းတာမျိုးတွေနဲ့ တွဲပြီး ဖြစ်ပေါ်လာတတ်ပါတယ်။

💁‍♀️ ဒီလိုနာကျင်လာရင်တော့ တကယ်ကို ကလေးမီးဖွားခါနီးပြီဆိုတာကို အချက်ပြနေတာပါ။

💁‍♀️ အခုလို ကလေးမီးဖွားခါနီးအချိန်မှာ ရိုးရိုးမွေးမလား၊ ခွဲစိတ်မွေးမလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့နဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ကျန်းမာနေဖို့ဆိုတာ ကိုယ်ဝန်စရှိကတည်းက သေချာ‌စစ်ဆေးမှုတွေပြုလုပ်ပြီး စဉ်းစားထားဖို့လိုပါတယ်

✨ ချစ်ရတဲ့ သားသားမီးမီးလေးကို ဘေးကင်းလုံခြုံစွာနဲ့ ‌မွေးဖွားနိုင်ဖို့အတွက် ဧရာဝဏ်ဆေးရုံရဲ့ အထူးကုဆရာဝန်ကြီးများနှင့်အတူ အကောင်းဆုံး စောင့်ရှောက်မှုတွေကို ရယူနိုင်ပါပြီ ....

🩺 ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ဖို့ Antenatal Care Package ကို 30.11.2026 ထိ အထူးဈေးနှုန်းများဖြင့် စစ်ဆေးနိုင်ပါတယ်။

👶 ဒါ့အပြင် ကလေးမွေးဖွားတဲ့အခါ အဆင်ပြေစေဖို့ Delivery Packages (ရိုးရိုးမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်း) များကို 31.10.2026 ထိ အထူးဈေးနှုန်းများဖြင့် ရယူနိုင်ပါပြီ။

💁‍♀️ မိခင်လောင်းတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဧရာဝဏ်ဆေးရုံက အစစအရာရာ အနီးကပ် ဂရုစိုက်စောင့်ရှောက်ပေးသွားမှာမို့ အခုပဲ စုံစမ်း မေးမြန်းနိုင်ပါပြီ 🤍

🏥 ဧရာဝဏ်ဆေးရုံ

☎️ 09 940 940 960, 09771 661 110

🏥 လိပ်စာ
အမှတ် (၇၃၅/၇၃၈/၇၃၉) ၊ ဧရာဝဏ်လမ်းမကြီး၊ ပဲခူးမြစ်လမ်းထောင့်အနီး၊ သိမ်ကျောင်းလမ်းဆုံမှတ်တိုင်၊ ၆၅- ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။




Address

No. 735, Ayer Wun Road, 65 Ward, South Dagon Township
Yangon
11431

Alerts

Be the first to know and let us send you an email when Ayerwun Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share