နေ့သစ်ကျန်းမာ

နေ့သစ်ကျန်းမာ စရိတ်သက်သာပြီး ခေတ်မီနည်းပညာအသုံးပြု အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှု အထူးကုဆေးခန်းများ

"ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဘာကို အရင်ဆုံး လုပ်သင့်လဲ?" အဖြေမှန် ကတော့ -  နံပါတ် (၃) ဓာတ်ဆားရည် (ORS) သောက်မယ် ဖြစ်ပါတယ...
18/08/2026

"ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဘာကို အရင်ဆုံး လုပ်သင့်လဲ?"
အဖြေမှန် ကတော့ - နံပါတ် (၃) ဓာတ်ဆားရည် (ORS) သောက်မယ် ဖြစ်ပါတယ်။

လူတော်တော်များများက ဝမ်းသွားတာနဲ့ ဝမ်းပိတ်ဆေး (သို့) ပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် အရင်သောက်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုပါ။

ကိုယ့်သဘောနဲ့ကိုယ် ဆေးမသောက်သင့်တဲ့ အကြောင်းရင်းတွေကတော့ -

👉 ခန္ဓာကိုယ်ဟာ အဆိပ်အတောက်တွေနဲ့ ရောဂါပိုးတွေကို ဝမ်းကတစ်ဆင့် သဘာဝအတိုင်း အပြင်ကို စွန့်ထုတ်နေတာ ဖြစ်ပါတယ်။ ဝမ်းပိတ်ဆေး ချက်ချင်းသောက်လိုက်ရင် အဲဒီပိုးတွေနဲ့ အဆိပ်အတောက်တွေ အူထဲမှာ ပိတ်မိကျန်ခဲ့ပြီး ရောဂါပိုဆိုးလာစေနိုင်ပါတယ်။

👉 ဝမ်းပျက်ဝမ်းလျှော အများစုဟာ ဗိုင်းရပ်စ် (Virus) ကြောင့် ဒါမှမဟုတ် အစားအစာကြောင့် ဖြစ်တာများပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပိုးသတ်ဆေးတွေ သောက်ရင် ပိုးသတ်ဆေးယဉ်ပါးမှု (Antibiotic Resistance) ဖြစ်လာနိုင်သလို အူထဲက အကျိုးပြုဘက်တီးရီးယားတွေကိုပါ သေစေတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ အဓိက အသက်အန္တရာယ်ရှိတာဟာ "ရေဓာတ်နဲ့ ဓာတ်ဆား ဆုံးရှုံးမှု" ကြောင့် ဖြစ်ပါတယ်။💧

ဒါကြောင့် ဝမ်းသွားတာနဲ့တစ်ပြိုင်နက် ORS ဓာတ်ဆားရည်ကို ချက်ချင်းဖျော်သောက်ပေးခြင်းဖြင့် —

✅️ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ် သတ္တုဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

✅️ သွေးပေါင်ကျတာ၊ သတိလစ်တာနဲ့ ကျောက်ကပ်ပျက်စီးတာစတဲ့ ရေဓာတ်ခမ်းခြောက်မှု အန္တရာယ်တွေကို ကာကွယ်ပေးပါတယ်။

ဝမ်းသွားတာ (၂) ရက်ထက် ပိုကြာလာရင်၊ ဝမ်းထဲ သွေးပါရင်၊ အဖျားကြီးပြီး ဆီးလုံးဝ မထွက်တော့ရင်တော့ မိမိဘာသာ ကုသမနေဘဲ နီးစပ်ရာ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်ဆုံး ပြသတိုင်ပင်ပါ။

မိသားစုနဲ့ မိတ်ဆွေတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဆေးမှားမသောက်မိစေဖို့ ဒီပို့စ်လေးကို မျှဝေပေးလိုက်ပါဦးနော်။
#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

"သွေးတိုးရှိတဲ့သူတွေ ဝမ်းလျှောရင် ဓာတ်ဆားရည် သောက်လို့မရဘူး... သွေးတက်မယ်" ဆိုပြီး သူများတွေပြောတာ ကြုံဖူးလား? တကယ်တော့ ...
15/08/2026

"သွေးတိုးရှိတဲ့သူတွေ ဝမ်းလျှောရင် ဓာတ်ဆားရည် သောက်လို့မရဘူး... သွေးတက်မယ်" ဆိုပြီး သူများတွေပြောတာ ကြုံဖူးလား?

တကယ်တော့ ဒါဟာ အယူအဆအမှားတစ်ခုပါ။

အဖြေကတော့ — သွေးတိုးရှိသူတွေ ဝမ်းလျှော၊ အန်တဲ့အခါ ဓာတ်ဆားရည် (ORS) ကို သောက်လို့ရသလို၊ သောက်ကို သောက်ရပါမယ်။

ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်တင်မကဘဲ အရေးကြီးတဲ့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်လို သတ္တုဓာတ်တွေပါ အလုံးအရင်းနဲ့ ဆုံးရှုံးသွားပါတယ်။ ဒီဆုံးရှုံးမှုကို အချိန်မီ ပြန်မဖြည့်နိုင်ရင် ရေဓာတ်ခမ်းခြောက်ပြီး ရုတ်တရက် သွေးပေါင်ထိုးကျတာ၊ သတိလစ်တာနဲ့ ကျောက်ကပ်ထိခိုက်တဲ့အထိ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။

ဓာတ်ဆားရည်ထဲက ဆိုဒီယမ်ပမာဏဟာ ဆုံးရှုံးသွားတဲ့ ဓာတ်တွေကို ပြန်လည်ထိန်းညှိပေးဖို့ လုံလောက်ရုံသာ ထည့်သွင်းထားတာမို့ သွေးတိုးကို ပုံမှန်ထက် ဆိုးဆိုးရွားရွား တက်မသွားစေပါဘူး။

သွေးတိုးရှိသူတွေ ဓာတ်ဆားရည် သောက်တဲ့အခါ ဒါလေးတွေတော့ သတိပြုပေးပါ —

✅️ဆေးညွှန်းအတိုင်း ရေပမာဏ အတိအကျဖျော်ပါ။
- ရေနည်းနည်းနဲ့ ပြစ်ပြစ်ဖျော်ရင် ဆိုဒီယမ်ပြင်းအားများပြီး သွေးတိုးစေနိုင်ပါတယ်။ ဓါတ်ဆားထုပ်မှာပါတဲ့ ညွှန်ကြားချက်အတိုင်း (ဥပမာ - ရေသန့် ၁ လီတာ သို့မဟုတ် ၂၅၀ မီလီလီတာ) ရေပမာဏ မှန်မှန်ကန်ကန် ရောစပ်ပါ။

✅️တစ်ခါတည်း အများကြီး မမော့ပါနဲ့။
- ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆားတစ်ခွက်စာလောက်ကို တစ်ငုံချင်း၊ နည်းနည်းချင်းစီ ခွဲသောက်ပေးပါ။

✅️အားကစားဓာတ်ဆားရည်တွေနဲ့ မမှားပါစေနဲ့။
- သကြားဓာတ်များတဲ့ အားကစားဓာတ်ဆားရည် (Energy/Electrolyte Drinks) တွေအစား ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ WHO-formula ဓာတ်ဆား (ORS) ကိုပဲ ရွေးချယ်သောက်ပါ။

✅️သွေးတိုးဆေးကို ပုံမှန် ဆက်သောက်ပါ။
ဆရာဝန် ညွှန်ကြားထားတဲ့ သွေးတိုးဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်မပစ်ပါနဲ့။

ဝမ်းသွားတာ (၂) ရက်ထက် ပိုကြာလာရင်၊ ဝမ်းထဲ သွေးပါရင်၊ ဆီးလုံးဝ မထွက်တော့ဘဲ အလွန်အမင်း မူးဝေလာရင်တော့ ဓာတ်ဆားရည် သောက်နေရုံနဲ့ မလုံလောက်တော့တာမို့ နီးစပ်ရာ ဆေးခန်း ဒါမှမဟုတ် ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

မိသားစုဝင်တွေထဲမှာ သွေးတိုးရောဂါအခံ ရှိသူတွေရှိရင် အလွယ်တကူ သိမ်းဆည်းဖတ်ရှုနိုင်အောင် ဒီပို့စ်လေးကို Save ထားပေးဖို့ မမေ့နဲ့နော်။

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ဘာကို အရင်လုပ်သင့်လဲ? 👇 အဖြေမှန်ကို Comment မှာ ①၊ ②၊ ③ ရွေးပြီး ဖြေပေးခဲ့ပါဦး။ (အဖြေမှန်နဲ...
14/08/2026

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ဘာကို အရင်လုပ်သင့်လဲ?

👇 အဖြေမှန်ကို Comment မှာ ①၊ ②၊ ③ ရွေးပြီး ဖြေပေးခဲ့ပါဦး။

(အဖြေမှန်နဲ့ ဆောင်ရန်/ရှောင်ရန်တွေကို မကြာခင်မှာ မျှဝေပေးသွားပါမယ်)

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

မိဘပြည်သူများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။🚨 ဝမ်းသွားရင် အသက်အန္တရာယ်ကင်းဖို့ ဒါတွေ ချက်ချင်းလုပ်ပါ ⚠️  #နေ့သစ်ကျန်းမာ  #...
13/08/2026

မိဘပြည်သူများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
🚨 ဝမ်းသွားရင် အသက်အန္တရာယ်ကင်းဖို့ ဒါတွေ ချက်ချင်းလုပ်ပါ ⚠️

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #

🚨 ဝမ်းသွားရင် အသက်အန္တရာယ်ကင်းဖို့ ဒါတွေ ချက်ချင်းလုပ်ပါ ⚠️

"ရုတ်တရက် အရည်ဝမ်းတွေ ဆက်တိုက်သွားပြီး အော့အန်လာရင် 'ငါဘာစားလိုက်မိလို့လဲ?' ဆိုပြီး တွေးတော အချိန်ဆွဲမနေပါနဲ့။ ဒါဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Watery Diarrhoea) ရဲ့ လက္ခဏာတွေ ဖြစ်ပြီး ခန္ဓာကိုယ်ထဲက ရေဓါတ်ကို အချိန်တိုအတွင်း ခမ်းခြောက်စေလို့ အထူးသဖြင့် ကလေးသူငယ်တွေမှာ ပိုပြီး အန္တရာယ်ကြီးပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ ရှက်စရာ၊ ပေါ့လျော့စရာ မဟုတ်ပဲ လက္ခဏာပြတာနဲ့ အောက်ပါအတိုင်း အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ 👇

🥛 ဓါတ်ဆားရည် (ORS) ချက်ချင်းတိုက်ပါ။ သန့်ရှင်းတဲ့ရေနဲ့ ဖျော်စပ်ထားတဲ့ ဓါတ်ဆားရည်ကို ချက်ချင်း သောက်သုံးပေးခြင်းဖြင့် ရေဓါတ်ခမ်းခြောက်မှုကို တားဆီးပါ။

🍲 အစားအစာ ပုံမှန်အတိုင်း ကျွေးပါ။ ဝမ်းသွားနေလို့ဆိုပြီး အစားရပ်ထားဖို့ မလိုပါဘူး။ အားအင်ကုန်ခမ်းမသွားစေဖို့ သန့်ရှင်းတဲ့ ပုံမှန် အစားအစာများကို ဆက်လက်ကျွေးမွေးရပါမယ်။

🤱 ကလေးငယ်များကို မိခင်နို့ မပြတ်တမ်း တိုက်ကျွေးပါ။ မိခင်ဖြစ်စေ၊ အသက် ၆ လအောက် ကလေးငယ်ဖြစ်စေ ဝမ်းပျက်နေရင်တောင် ကလေးငယ်ကို မိခင်နို့တစ်မျိုးတည်းကိုသာ ဆက်လက် တိုက်ကျွေးပေးရပါမယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ပတ်ဝန်းကျင်မှာ လျင်မြန်စွာ ကူးစက်တတ်တဲ့အတွက် အိမ်မှာပဲ အခြေအနေကို စောင့်ကြည့်မနေဘဲ သန့်ရှင်းတဲ့ရေနဲ့ ဖျော်စပ်ထားတဲ့ ဓါတ်ဆားရည်ကို တိုက်ကျွေးပြီး၊ နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးခန်းများသို့ ချက်ချင်း သွားရောက်ပြသပါ။ 🏥

သင့်မိသားစုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် နေ့သစ်ကျန်းမာ အနေနဲ့ အမြဲတမ်း အတူရှိနေမှာ ဖြစ်လို့ လိုအပ်တဲ့ ကျန်းမာရေး အကြံဉာဏ်များကို နေ့သစ်ကျန်းမာ Page ရဲ့ Messenger ကတစ်ဆင့် ဖြစ်စေ၊ နီးစပ်ရာ နေ့သစ်ကျန်းမာ ဆေးခန်းများတွင်ဖြစ်စေ စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ 🏥🤝

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #

မိဘပြည်သူများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။"ဝမ်းပျက်ဝမ်းလျှောခြင်းကနေ တကယ်ကာကွယ်ပေးမယ့် နည်းလမ်း (၃) ခု" #နေ့သစ်ကျန်းမာ  ...
13/08/2026

မိဘပြည်သူများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
"ဝမ်းပျက်ဝမ်းလျှောခြင်းကနေ တကယ်ကာကွယ်ပေးမယ့် နည်းလမ်း (၃) ခု"

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ # 8

ဝမ်းပျက်ဝမ်းလျှောခြင်းကနေ တကယ်ကာကွယ်ပေးမယ့် နည်းလမ်း (၃) ခု 🏡✨

🥛သောက်ရေကို မျက်စိနဲ့ကြည့်လို့ သန့်ရုံနဲ့ စိတ်ချရပြီလား? ကြည်နေတဲ့ရေထဲမှာလည်း ဝမ်းပျက်စေတဲ့ ပိုးမွှားတွေ ရှိနေတတ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ မသန့်ရှင်းတဲ့ ရေတစ်မျိုးတည်းကြောင့်တင် မဟုတ်ဘဲ မသန့်ရှင်းတဲ့ လက်တွေ၊ ယင်ကောင်နားထားတဲ့ အစားအစာတွေနဲ့ အညစ်အကြေးတွေကတစ်ဆင့်လည်း ကူးစက်တတ်ပါသေးတယ်။ 🖐🍲🪰

အထူးသဖြင့် ဒီရက်ပိုင်း ပတ်ဝန်းကျင်မှာ ခဏခဏ ကြားနေရတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Watery Diarrhoea) ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကလေးငယ်တွေအတွက် အသက်အန္တရာယ်အထိ ရှိနိုင်လို့ ပေါ့ဆလို့ လုံးဝမဖြစ်ပါဘူး။ 🙅‍♀️

ဒါကြောင့် မိသားစုကို စိတ်ချရအောင် ကာကွယ်ဖို့ ဒီအခြေခံအချက် (၃) ချက်ကို အတူတူ လိုက်နာကြရအောင်နော်။ 👇

၁။ အရေးကြီးတဲ့ အချိန် (၅) ချိန်မှာ လက်ဆေးပါ။ အစာမစားခင်နဲ့ ကလေးကို အစာမကျွေးခင်၊ ဟင်းမချက်ခင်၊ အိမ်သာတက်ပြီးတိုင်းနဲ့ ကလေးအညစ်အကြေး ဆေးကြောပေးပြီးတိုင်း ဆပ်ပြာနဲ့ ရေကို သုံးပြီး လက်နှစ်ဖက်လုံးကို စင်ကြယ်အောင် ဆေးကြောပါ။ 🧼 🖐

၂။ သန့်ရှင်းတဲ့ရေကို သောက်ပါ။ ကလိုရင်းဆေးခတ်ထားတဲ့ ရေကို သုံးစွဲပါ။ အဝီစိတွင်းရေ ဖြစ်ပါက Aquatabs (ရေသန့်စင်ဆေးပြား) ခတ်ပြီးမှ သုံးပါ။ ရေကို သိုလှောင်၊ သယ်ယူတဲ့အခါမှာလည်း အမြဲတမ်း အဖုံးပါတဲ့ သန့်ရှင်းတဲ့ ရေပုံးကိုပဲ သုံးရပါမယ်။ 🥛🛢

၃။ အစားအစာတွေကို ဖုံးအုပ်ထားပါ။ ရောဂါပိုးမွှားတွေကို သယ်ဆောင်ပျံ့နှံ့စေတဲ့ ယင်ကောင်တွေ မနားနိုင်အောင် စားသောက်ဖွယ်ရာတွေကို အမြဲတမ်း သေချာဖုံးအုပ်ထားဖို့ လိုအပ်ပါတယ်။ 🍛🪰

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကြိုတင်ကာကွယ်လို့ ရသလို စနစ်တကျ ကုသရင်လည်း အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာ ရောဂါပိုးတွေ လျင်မြန်စွာ ကူးစက်ပြန့်ပွားခြင်း မရှိစေဖို့အတွက် အိမ်သာကို စနစ်တကျ အသုံးပြုကြဖို့ တိုက်တွန်းပါရစေ။ 🚽

ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက နေ့သစ်ကျန်းမာ Page ရဲ့ Messenger ကတစ်ဆင့် ဖြစ်စေ၊ နီးစပ်ရာ နေ့သစ်ကျန်းမာ ဆေးခန်းများတွင်ဖြစ်စေ စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 💬✨

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ # 8

အသည်းရောင် ဘီပိုး စီပိုး ရှိသူတွေ သတိထားလုပ်ဆောင်ရမယ့် နှစ်စဥ် ပုံမှန်စစ်ဆေးမှုဘီပိုး/စီပိုး ရှိတယ်.. ဒါပေမယ့် ဘာဝေဒနာမှ...
12/08/2026

အသည်းရောင် ဘီပိုး စီပိုး ရှိသူတွေ သတိထားလုပ်ဆောင်ရမယ့် နှစ်စဥ် ပုံမှန်စစ်ဆေးမှု

ဘီပိုး/စီပိုး ရှိတယ်.. ဒါပေမယ့် ဘာဝေဒနာမှမခံစားရလို့ ဒီအတိုင်းနေနေသူပဲဖြစ်ဖြစ်၊ ပိုးရှိလို့ ဆေးပုံမှန်သောက်နေသူပဲဖြစ်ဖြစ် နှစ်စဉ် ပုံမှန် ဓာတ်ခွဲစစ်ဆေးမှု (Annual Follow-up Checkup) ပြုလုပ်ပေးဖို့ သိပ်ကို အရေးကြီးပါတယ်။

───
🔬 နှစ်စဉ် ပုံမှန် စစ်ဆေးပေးရင် ဘာတွေသိနိုင်မလဲ?
• ဗိုင်းရပ်စ် ပိုးကောင်ရေ ပွားများနေသလားဆိုတာ တိတိကျကျ သိရှိနိုင်ပါတယ်။
• အသည်းရဲ့ လုပ်ဆောင်ချက်နဲ့ အသည်း ရောင်ရမ်းမှု၊ ထိခိုက်မှု ရှိ/မရှိ သိရှိနိုင်ပါတယ်။
• အသည်းမာတာ၊ အသည်းခြောက်တာနဲ့ တခြား ပြောင်းလဲမှုတွေကို အချိန်မီ သိရှိပြီး လိုအပ်တဲ့ ကုသမှု မြန်မြန်ဆန်ဆန် ခံယူနိုင်ပါတယ်။
• ပိုးအတွက်သောက်နေရတဲ့ ဆေးတွေကို တုံ့ပြန်မှု ရှိ/မရှိ စောင့်ကြည့်နိုင်ပါတယ်။

───

🎁 နေ့သစ်ကျန်းမာ၏ အထူးလျှော့ဈေး အစီအစဉ် (20% OFF)

မိမိရဲ့ အသည်းကျန်းမာရေး တိုးတက်မှု အခြေအနေကို စနစ်တကျ စောင့်ကြည့် စစ်ဆေးနိုင်ဖို့ "နေ့သစ်ကျန်းမာ" ကနေ Hepatitis B နဲ့ C Checkup Package တွေကို ၂၀% အထူးလျှော့ဈေး (20% OFF) စီစဉ်ပေးထားပါတယ်ရှင့်။

၁။ Hepatitis "B" Checkup Package

• အထူးလျှော့ဈေး - ၃၃၇,၁၀၀ ကျပ် (မူရင်းဈေး - ၄၂၁,၃၀၀ ကျပ်)
• ပါဝင်သည့် ဝန်ဆောင်မှုများ - အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အထွေထွေ ကျန်းမာရေး စစ်ဆေးမှု၊ LFT with Enzyme (အသည်းလုပ်ဆောင်ချက်နှင့်အသည်းအင်ဇိုင်းများ)၊ B Combo (ဘီပိုးဆိုင်ရာ အမှတ်အသားမျိုးစုံစစ်ဆေးခြင်း)၊ HCV Antibody (စီပိုးစစ်ဆေးခြင်း)၊ AFP (အသည်းကင်ဆာစစ်ဆေးမှု)၊ B Quanti (ဘီပိုး၏ ပရိုတင်းဓါတ် ပမာဏ)၊ B Viral Load (ဘီပိုးကောင်ရေစစ်ဆေးခြင်း)၊ Creatinine with eGFR (ကျောက်ကပ်လုပ်ဆောင်ချက်)၊ PT/INR (သွေးခဲစေသောစနစ်စစ်ဆေးခြင်း) ၊ CP Auto (သွေးဓာတ်ခွဲစစ်ဆေးမှု) နှင့် Ultrasound (Abd & Pelvic) အာထရာဆောင်း ရိုက်ခြင်း။

၂။ Hepatitis "C" Checkup Package

• အထူးလျှော့ဈေး - ၂၆၃,၆၀၀ ကျပ် (မူရင်းဈေး - ၃၂၉,၄၀၀ ကျပ်)
• ပါဝင်သည့် ဝန်ဆောင်မှုများ - အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အထွေထွေ ကျန်းမာရေးစစ်ဆေးမှု၊ LFT with Enzyme (အသည်းလုပ်ဆောင်ချက်နှင့်အသည်းအင်ဇိုင်းများ)၊ HBsAg (ဘီပိုးစစ်ဆေးခြင်း)၊ AFP (အသည်းကင်ဆာစစ်ဆေးခြင်း)၊ C Viral Load (စီပိုးကောင်ရေစစ်ဆေးခြင်း)၊ Creatinine with eGFR (ကျောက်ကပ်လုပ်ဆောင်ချက်)၊ PT/INR (သွေးခဲစေသောစနစ်စစ်ဆေးခြင်း) ၊ CP Auto (သွေးဓာတ်ခွဲစစ်ဆေးမှု) နှင့် Ultrasound (Abd & Pelvic) အာထရာဆောင်း ရိုက်ခြင်း။
───

မိမိတို့ရဲ့ ကျန်းမာရေး အခြေအနေကို ပုံမှန်စစ်ဆေးပြီး စိတ်အေးချမ်းစွာနဲ့ နေ့စဥ်ဘဝကို ဖြတ်သန်းနိုင်စေဖို့ နေ့သစ်ကျန်းမာ မှာ လာရောက် စစ်ဆေးဆွေးနွေးနိုင်ပါတယ်ရှင်။

📩 စုံစမ်းမေးမြန်းရန်နှင့် ရက်ချိန်းရယူရန်-
နေ့သစ်ကျန်းမာ Page Chatbox မှတစ်ဆင့် ဖြစ်စေ၊ ဖုန်း ၀၉-၇၇၃၃၇၁၁၁၈ ကို တိုက်ရိုက် ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #အသည်းကျန်းမာရေး #ဘီပိုး #စီပိုး #ဒေါင်ဒေါင်မြည်အသည်း

"နေ့သစ်ကျန်းမာ" က SDG ပန်းတိုင်တွေကို ဘယ်လို ပံ့ပိုးပေးနေသလဲ✅၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက Sustaina...
10/08/2026

"နေ့သစ်ကျန်းမာ" က SDG ပန်းတိုင်တွေကို ဘယ်လို ပံ့ပိုးပေးနေသလဲ✅

၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက Sustainable Development Goals (SDGs) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ "ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၁၇ ချက်" ကို သဘောတူခဲ့ကြပါတယ်။ ဆင်းရဲမွဲတေမှု ကင်းစင်ဖို့၊ ကမ္ဘာမြေကို ကာကွယ်ဖို့နဲ့ လူတိုင်း သိက္ခာရှိရှိ ယှဉ်တွဲနေထိုင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့။🥰

သောက်သုံးရေသန့် ရရှိရေး၊ ရာသီဥတုပြောင်းလဲမှု ကာကွယ်တားဆီးရေး နဲ့ ကျား-မ တန်းတူညီမျှရေး စတာတွေ အပါအဝင် ဒီ SDGs တွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ သွားရာမှာ မရှိမဖြစ် လိုအပ်တဲ့ ဘုံလမ်းပြမြေပုံတစ်ခုပါပဲ။ ဒါဟာ အစိုးရတွေအတွက်တင် မဟုတ်ပဲ စီးပွားရေးလုပ်ငန်းတွေ၊ NGO တွေ နဲ့ လူမှုစီးပွားရေးအဖွဲ့အစည်းတွေ အားလုံးမှာလည်း သူတို့ရဲ့ အခန်းကဏ္ဍ အသီးသီး ရှိကြပါတယ်။

ရန်ကုန်နဲ့ မန္တလေးက လူထုတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ "နေ့သစ်ကျန်းမာ" Healthcare Social Enterprise မှာတော့ SDGs မူတွေကို လက်တွေ့ ကျင့်သုံးနေပြီး ရလဒ်ကောင်းတွေနဲ့ အခိုင်အမာ ပံ့ပိုးပေးလျက်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက အကျိုးပြုလုပ်ဆောင်ချက်တွေကို မျှဝေပေးချင်ပါတယ်။

• SDG 3 — ကျန်းမာသုခ ပြည့်ဝရေး (Good Health and Wellbeing) 🏥
ဒါကတော့ ကျွန်တော်တို့ရဲ့ အဓိက မစ်ရှင်ပါပဲ။ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ အထူးဆေးခန်းနဲ့ ဆေးဆိုင်များမှတစ်ဆင့် လက်လှမ်းမီဖို့ခက်ခဲတဲ့ လူမှုအသိုင်းအဝိုင်းတွေအထိရောက်အောင် ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါရှာဖွေစစ်ဆေးမှု၊ "ချိုပြုံး ဆီးချို ပက်ကေ့ချ်" နဲ့ ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းတွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။

• SDG 5 — ကျား-မ တန်းတူညီမျှရေး (Gender Equality) 👫
ကျွန်တော်တို့ရဲ့ "ရင်သွေး" ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အစီအစဉ်၊ "ပြည့်စုံ" သားဆက်ခြား ဝန်ဆောင်မှုများနဲ့ မိခင်နဲ့ကလေး ကျန်းမာရေးကို အထူးပြု လုပ်ဆောင်ပေးခြင်းအားဖြင့် ကျန်းမာရေး ဝန်ဆောင်မှု လက်လှမ်းမီနိုင်ရေး ကွာဟချက်တွေကို ပေါင်းကူးပေးနေပါတယ်။ ဘာလို့လဲဆိုတော့ တန်းတူညီမျှရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အမျိုးသမီးတွေအတွက် တန်းတူစောင့်ရှောက်မှုပေးခြင်းကနေ စတင်တာမို့ပါ။

• SDG 10 — မညီမျှမှုများကို လျှော့ချရေး (Reduced Inequalities) 🟰
ပုံမှန်ထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးတာဟာ မည်သူမဆို စိတ်ချရတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်စေဖို့ စနစ်တကျ ဖန်တီးပေးထားတာပါ။ "နေမကောင်းရင် ဆေးခန်းပြ၊ ၇,၀၀၀ ပဲကျ" ဆိုတဲ့ အစီအစဥ်နဲ့ လူတိုင်းအတွက် အခြေခံလိုအပ်တဲ့ ကျန်းမာခွင့်ကို ငွေကြေးကြောင့် အတားအဆီးတစ်ခု မဖြစ်စေရပါဘူး။

• SDG 17 — ရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်ရေး (Partnerships for the Goals) 🌐
ဒီအလုပ်တွေကို ကျွန်တော်တို့ တစ်ယောက်တည်း လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ကျန်းမာရေးအဖွဲ့များနဲ့ အလှူရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ အကျိုးသက်ရောက်မှုအရှိဆုံးအထိ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

SDGs တွေက ကျွန်တော်တို့ကို သတိပေးနေတာတစ်ခုရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဝန်ဆောင်မှုတစ်ခုတည်း မဟုတ်ဘဲ လူတိုင်း သာတူညီမျှရှိရေး၊ ဂုဏ်သိက္ခာရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ မောင်းနှင်အားတစ်ခု ဖြစ်ရမယ်ဆိုတာပါပဲ။

ကျွန်တော်တို့ "နေ့သစ်ကျန်းမာ" ရဲ့ ရလဒ်တွေ၊ လက်တွေ့ဖြစ်ရပ်တွေနဲ့ ရှေ့ဆက်သွားမယ့် အနာဂတ် ခရီးစဉ်တွေကို ရှေ့လာမယ့် အစီအစဥ်များမှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။💛

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း

ဆီးခဏခဏသွားရင် ဆီးချိုဖြစ်နေပြီလား? 💭"ဆီးခဏခဏသွားရင် ဆီးချိုဖြစ်နေပြီ" ဆိုပြီး အများစု ထင်လေ့ရှိကြပါတယ်။ အမှန်တော့ ဆီးခဏ...
08/08/2026

ဆီးခဏခဏသွားရင် ဆီးချိုဖြစ်နေပြီလား? 💭

"ဆီးခဏခဏသွားရင် ဆီးချိုဖြစ်နေပြီ" ဆိုပြီး အများစု ထင်လေ့ရှိကြပါတယ်။ အမှန်တော့ ဆီးခဏခဏသွားတာ (Polyuria) ဟာ ဆီးချိုရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်တာမှန်ပေမဲ့ ဒီတစ်ချက်တည်းနဲ့တင် ဆီးချိုရောဂါရှိနေပြီလို့ တိုက်ရိုက်ကောက်ချက်ချလို့ မရပါဘူး။

ဆီးချိုအပြင် အခြားသော ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဆီးခဏခဏ သွားရတာမျိုး ဖြစ်နိုင်ပါသေးတယ် 👇

(၁) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTI) 🦠
🔸 အမျိုးသမီးနဲ့ ကလေးတွေမှာ ပိုအဖြစ်များပြီး ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်တာ၊ နာကျင်တာ၊ ဆီးထဲ သွေးပါတာနဲ့ ခါးနာတာတွေပါ ယှဉ်တွဲဖြစ်တတ်ပါတယ်။

(၂)အမျိုးသားများ ဆီးကျိတ်ကြီးခြင်း 👨‍🦰
🔸 အသက် ၅၀ ကျော် အမျိုးသားတွေမှာ ပိုတွေ့ရလေ့ရှိပြီး ဆီးစသွားရခက်တာ၊ ဆီးအားမရှိတာနဲ့ သွားပြီးရင်လည်း ကျန်နေသေးသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။

(၃) အရည်များလွန်ကဲစွာ သောက်မိခြင်း 💦
🔸 ရေတင်မကဘဲ ကော်ဖီ၊ လက်ဖက်ရည်၊ အယ်လ်ကိုဟော သို့မဟုတ် ဆီးဆေးများ သောက်သုံးမှုများရင်လည်း ဆီးခဏခဏ သွားရစေပါတယ်။

(၄) အခြားရောဂါအခြေအနေများ
🔸 ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်း ကျောက်တည်တာ၊ အာရုံကြောနဲ့ ဟော်မုန်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေအချို့ (ဥပမာ - Arginine Vasopressin Deficiency) ကြောင့်လည်း ဆီးခဏခဏ သွားနိုင်ပါတယ်။

⚠️ သတိထားရမယ့်အချက် -
ဆီးခဏခဏသွားရုံနဲ့ မိမိဘာသာ ဆီးချိုရောဂါလို့ ထင်မှတ်ပြီး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆီးချိုကျဆေးတွေ သောက်မိရင် သွေးတွင်းသကြားဓာတ် အန္တရာယ်ရှိလောက်အောင်ထိ ကျသွားနိုင်ပါတယ်။

ဒါဆို ဆီးချို ဟုတ်/မဟုတ် ဘယ်လိုအတည်ပြုမလဲ?
🧪သွေးစစ်ဆေးမှု နည်းလမ်းမှန်နဲ့မှသာ အတိအကျ သိနိုင်မှာပါ။
🔸Fasting Plasma Glucose (FPG) - အနည်းဆုံး ၈ နာရီ အစာမစားပဲ သွေးတွင်းသကြားဓါတ်စစ်ဆေးခြင်း
🔸HbA1c Test - လွန်ခဲ့တဲ့ ၂ လမှ ၃ လအတွင်း ပျမ်းမျှ သွေးတွင်းသကြားဓါတ် ပမာဏကို တိုင်းတာခြင်း

မသင်္ကာတဲ့ လက္ခဏာတွေ ခပ်စိပ်စိပ် ခံစားနေရပြီဆိုရင်တော့ တိကျတဲ့ စစ်ဆေးမှုနဲ့ သေချာအတည်ပြုဖို့ လိုအပ်ပါတယ်။🧬🧪

🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းများ နှင့် ရောဂါရှာဖွေရေးစင်တာ မှာ လာရောက်ပြသပြီး စနစ်တကျ သွေးစစ်ဆေးကာ ရောဂါဟုတ်/မဟုတ် တိတိကျကျ အတည်ပြုချက် ရယူလိုက်ပါနော်။

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ချိုပြုံး #ကျန်းမာရေးအလေ့အထ

07/08/2026

အမြဲပင်ပန်းနွမ်းနယ်နေတာ ဘာကြောင့်လဲ❓😣

ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက နေ့သစ်ကျန်းမာ Page ရဲ့ Messenger ကတစ်ဆင့် ဖြစ်စေ၊ နီးစပ်ရာ နေ့သစ်ကျန်းမာ ဆေးခန်းများတွင်ဖြစ်စေ စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။ 💬✨

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #အမြဲပင်ပန်းနွမ်းနယ်ခြင်း #

အမြဲပင်ပန်းနွမ်းနယ်နေတာ ဘာကြောင့်လဲ❓😣အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း (Fatigue) နဲ့ နေ့ဘက်မှာပါ အဆက်မပြတ် အိပ်ချင်နေခြင်း...
05/08/2026

အမြဲပင်ပန်းနွမ်းနယ်နေတာ ဘာကြောင့်လဲ❓😣

အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း (Fatigue) နဲ့ နေ့ဘက်မှာပါ အဆက်မပြတ် အိပ်ချင်နေခြင်း(Excessive Daytime Sleepiness) ဟာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။❗တစ်ခါတစ်ရံ အိပ်ရေးမဝခြင်း (သို့) စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပေမယ့် ကြာရှည်စွာ ဆက်တိုက်ဖြစ်ပွါးနေတယ်ဆိုရင်တော့ နောက်ခံကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

အဓိကအကြောင်းရင်းတွေကတော့🔻

- နေထိုင်မှုပုံစံမမှန်ခြင်း
- အိပ်ချိန် ၆-၉ နာရီထက် နည်းခြင်း
- အာဟာရမပြည့်ဝသောအစားအသောက်များစားခြင်း
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း (သို့) အလွန်အကျွံလုပ်ခြင်း
- အရက်၊ ကဖိန်းဓါတ် (ကော်ဖီ/လက်ဖက်ရည်) (သို့) ဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်း
- စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု (Anxiety) နှင့် စိတ်ကျရောဂါ (Depression) ဖြစ်ခြင်း

ဇီဝကမ္မဆိုင်ရာအချက်များ
- ဟော်မုန်းအပြောင်းအလဲများ (ဥပမာ- သွေးဆုံးချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော်ဝင်ချိန်)
- ကိုယ်ဝန်ဆောင်ခြင်း
စတာတွေကြောင့်ပဲဖြစ်ပါတယ်။✅

၁) ရက်သတ္တပတ်အနည်းငယ်ကြာ ပင်ပန်းနွမ်းနယ်နေပြီး အကြောင်းရင်းမသိရှိတာ
၂) ပင်ပန်းနွမ်းနယ်မှုက နေ့စဉ်လူမှုဘဝနှင့် အလုပ်များကို ထိခိုက်လာတာ
၃) အနားယူပြီးနောက်တွင်လည်း မသက်သာဘဲ အိပ်ချင်နေတာ
၄) ပင်ပန်းခြင်းအပြင် ကိုယ်အလေးချိန်ကျခြင်း၊ စိတ်အပြောင်းအလဲများခြင်း၊ ညဘက်အိပ်နေရင်း အသက်ရှူကျပ်ခြင်းတို့ပါ တွဲဖြစ်တာ ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

ဆရာဝန်က သွေးစစ်ဆေးမှုများ (သွေးအားနည်းရောဂါ၊ ဆီးချို၊ သိုင်းရွိုက်စစ်ဆေးခြင်း) ပြုလုပ်ဖို့ ညွှန်ကြားပေးနိုင်ပြီး လိုအပ်ရင်ဆေးဝါးညွှန်ကြားမှုလည်းပေးနိုင်မှာဖြစ်ပါတယ်။

ရံဖန်ရံခါ အိပ်ချင်တာက သာမာန်ဖြစ်ပေမယ့် ရက်သတ္တပတ်များစွာ (သို့) လများစွာ ဆက်တိုက် အမြဲတမ်းပင်ပန်းနွမ်းနယ်နေခြင်း ကတော့ လျစ်လျူမရှုထားသင့်တဲ့ ကျန်းမာရေးပြဿနာ အချက်ပြမှုတစ်ခုဖြစ်ပါတယ်။ သင့်တော်တဲ့ ဆေးစစ်မှုခံယူပြီး အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်ကာ စောစောစီးစီးကုသနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက နေ့သစ်ကျန်းမာ Page ရဲ့ Messenger ကတစ်ဆင့် ဖြစ်စေ၊ နီးစပ်ရာ နေ့သစ်ကျန်းမာ ဆေးခန်းများတွင်ဖြစ်စေ စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။ 💬✨

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #အမြဲပင်ပန်းနွမ်းနယ်ခြင်း #

Address

အမှတ်(၁၂၂/၁)၊ ချယ်ရီဥယျာဉ်လမ်း၊ (၁၄/၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
Yangon
11091

Alerts

Be the first to know and let us send you an email when နေ့သစ်ကျန်းမာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share