16/06/2022
အရွက်ကြိတ်ရည်
ကျန်းမာရေးရဲ့ တန်ဖိုးကိုသိပြီး ကျန်းမာရေးလိုက်စားလိုသူများအတွက် အကျိုးများစေသော အရွက်ကြိတ်ရည် အကြောင်းကို မျှဝေပေးလိုက်ပါတယ်။
ဒီနေ့ မင်မင် သောက်ခဲ့တဲ့ အရွက်ကြိတ်ရည်ကတော့ လတ်ဆပ်သော ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ မုံလာဥနီ၊ ထိုင်ဝမ်မုံညှင်း၊ မုံညှင်းစိမ်း၊ ပူစီနံ၊ ဂွေးတောက်ရွက်၊ မုံညှင်းဖြူ၊ ပဲတောင့်ရှည်၊ ကန်ဇွန်းရိုးနီ၊ ရုံးပတီသီးနဲ့ ခရမ်းကြွပ်သီးအပါအ၀င် အရွက်များစွာရောကြိတ်ထားပါတယ်။
အနံ့အရသာကတော့ စိမ်းရွှင်ရွှင်မို့ စသောက်သူများအတွက် မနှစ်သက်စရာဖြစ်တဲ့အတွက် ပျားရည်အနည်းငယ်နှင့် သံပုရာရည်အနည်းငယ် ရောသောက်ရင် အ၀င်ကောင်းစေပြီးအဆင်ပြေပါတယ်။
သောက်သုံးရန်အကောင်းဆုံးအချိန်တွေကတော့ မနက်စာ စားရင်း/စားပြီးချိန်နှင့် ညနေထမင်းမစားမီဟာ အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။
အရွက်ကြိတ်ရည်သောက်လို့ ရလာမယ့် အကျိုးကျေးဇူးတွေကတော့
☘️အဟာရတွေတိုးတာ
🍀 နှလုံးကျန်းမာရေးကို အထောက်အကူပြုတာ
🍃 ကင်ဆာရောဂါ ကာကွယ်နိုင်တာ
🌱 ဆံပင်ကျွတ် သက်သာစေတာ
🎋 ရေဓါတ်ကြွယ်၀စေတာ
🌾 အသားအရည် စိုပြေစေတာအပြင်
🌱 သွေးလည်ပတ်အားကောင်စေပြီး
🍀 ရောဂါခုခံစွမ်းအားကိုပါ အားကောင်းစေပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတာဖြစ်လို့ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို နေ့စဥ်မှန်မှန် သုံးဆောင်ခြင်းဖြင့်ကျန်းမာရေးအကျိုးလက်တွေ့ ခံစားရ အနေအထိုင် ပေါ့ပါးစေပြီး ရေရှည်အရွယ်တင်နုပျိုစေလို့ သောက်သုံးသင့်ပါကြောင်း အကြံပေးလိုက်ပါတယ်။
Source : Internet