Tz clinic

Tz clinic အထွေထွေရောဂါကုဆေးခန်း ကျန်းမာစေရန် ရည်ရွယ်လျက် Tz

🙏ဆေးခန်းပြန်ဖွင့်ပါပြီဗျ 🙏Tz Clinic အထွေထွေ ဆေးကုသခန်းကို နေ့စဉ် - ညနေ ၄:၀၀ နာရီ မှ ည ၉:၀၀ အထိ #ပိတ်ရက်မရှိ  ဖွင့်လှစ်ထာ...
18/04/2026

🙏ဆေးခန်းပြန်ဖွင့်ပါပြီဗျ 🙏

Tz Clinic
အထွေထွေ ဆေးကုသခန်းကို
နေ့စဉ် - ညနေ ၄:၀၀ နာရီ မှ ည ၉:၀၀ အထိ
#ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ခင်ဗျ။

နေရာ- တိုက် (၁၀) ၊ ၅ လမ်း ၊ A block ၊ ယုဇနဥယျာဉ်မြို့တော် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်။

Google maps -
https://maps.app.goo.gl/RAa7KurGopezS7sL8

Hotline Ph- 09795348649

#ကျန်းမာစေရန်ရည်ရွယ်လျက်Tz

💦၁၃၈၇-၁၃၈၈💦တန်ခူးလမှစ၍ ကောင်းမြတ်သော မင်္ဂလာ အဖြာဖြာဖြင့် ကြွယ်ဝတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျ ...
14/04/2026

💦၁၃၈၇-၁၃၈၈💦
တန်ခူးလမှစ၍
ကောင်းမြတ်သော မင်္ဂလာ အဖြာဖြာဖြင့်
ကြွယ်ဝတိုးတက်ပါစေကြောင်း
ဆုတောင်းမေတ္တာ
ပို့သလိုက်ရပါတယ်ခင်ဗျ
🙏🙏🙏

မဟာသကြင်္န်ကာလအတွင်း
ဆိုင်ခေတ္တ ပိတ်ပါတယ်ဗျ

နှစ်ဆန်း (၁) ရက်နေ့ သောကြာနေ့မှစ၍
ဝန်ဆောင်မှုကိစ္စအဝဝ ကို
ပြန်လည် ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း
သတင်းကောင်းပါးအပ်သည်ခင်ဗျား။

26/10/2025

ဒဂုံဆိပ်ကမ်းမြို့နယ် ရှိ
ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် သူနာပြုအကူ
Nurse Aid မ(၁)ဦး.... အလိုရှိပါသည်။

-Nurse Aide Certificateရှိသူဖြစ်ရမည်
-အသက် (၁၈ မှ ၃၅)နှစ်ဝန်းကျင်ရှိရမည်
-အတွေ့အကြုံ ၁ နှစ်ရှိရမည်။
(အတွေအကြုံမရှိသေးသူ ဖြစ်ပါက
၁ လ အတွင်းအစမ်းခန့်၍ သင်ပြပေးသည်။)
-လူနာများအပေါ် ဖော်ရွေစွာဆက်ဆံရမည်။
-အများနှင့်သင့်တင့်စွာပေါင်းသင်းနိုင်ရမည်။
-ဆေးခန်းမှစည်းကမ်းများအားလိုက်နာရမည်။
-အလုပ်ချိန်အားလေးစားမှုရှိရမည်။

Salary- negotiate
၁ပတ် ၂ ရက် နားခွင့်ရှိသည်။

-လျှောက်ထားလိုသူများသည် --
👉 မှတ်ပုံတင်မိတ္တူ
👉 Cv From-----(၁လက်မပုံ)
👉သက်ဆိုင်ရာအထောက်ထား လက်မှတ်
👉သန်းခေါင်စာရင်း(သို)ဧည့်စာရင်းတို့အား-
-Viber👉0943196249👈
သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်

( ဒဂုံဆိပ်ကမ်းမြို့နယ်တွင်းဆို ပို၍ အဆင်ပြေပါသည်)

💦သကြင်္န်ကာလအတွင်း13.4.2025 မှ 17.4.2025 ထိဆေးခန်းဖွင့်ချိန် နေ့စဉ် ည 7:00 မှ 9:00 အထိပြောင်းလဲ ဖွင့်လှစ်ထားပါတယ်ခင်ဗျ။ ...
13/04/2025

💦သကြင်္န်ကာလအတွင်း
13.4.2025 မှ 17.4.2025 ထိ
ဆေးခန်းဖွင့်ချိန်
နေ့စဉ် ည 7:00 မှ 9:00 အထိ
ပြောင်းလဲ ဖွင့်လှစ်ထားပါတယ်ခင်ဗျ။

18.4.2025 Friday နေ့မှစ၍
နေ့စဉ် ညနေ 4:00 မှ ည 9:00 အထိ
ပုံမှန် အချိန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
လေးစားစွာ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျ။
🙏🙏🙏
မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး
နှစ်သစ်မှာဘေးဘယာကင်းဝေးအေးချမ်းနိုင်ကြပါစေ 💝

ကျနော်တို့မှာက မီးပဲပြတ်တာပါဟိုမှာက ဘဝတွေပါ ပျက်ကုန်ကြတာ ။ကျနော်တို့မှာက ရေပဲမလာတာပါ ဟိုမှာက မိသားစုဝင်တွေပါ ပြန်မလာကြတေ...
01/04/2025

ကျနော်တို့မှာက မီးပဲပြတ်တာပါ
ဟိုမှာက ဘဝတွေပါ ပျက်ကုန်ကြတာ ။

ကျနော်တို့မှာက ရေပဲမလာတာပါ
ဟိုမှာက မိသားစုဝင်တွေပါ ပြန်မလာကြတော့တာ ။

ကျနော်တို့မှာက ဖုန်းအားပဲမရှိတာပါ
ဟိုမှာက ခိုလှုံစရာနေရာတွေပါ မရှိကြတော့တာ ။

ဒုက္ခရောက်နေတာချင်းတူရင်တောင်
ကျနော်တို့မှာက ချစ်ရသူတွေ ရှိသေးတယ် ။

သောကရောက်နေတာချင်းတူရင်တောင်
ကျနော်တို့မှာက ကျောချစရာနေရာလေးရှိသေးတယ် ။

ဒါ့ကြောင့်
နိုင်သလောက်ကူ
နိုင်သလောက်လှူရင်း
ခုရက်ပိုင်း
တိတ်တိတ်လေးပဲဆုတောင်းပေးကြရအောင် ။

ကိုယ်ချင်းစာတရားဆိုတာ
ကမ္ဘာကြီးရဲ့အလှပဆုံး ဘာသာဗေဒတစ်ခုပဲ မဟုတ်လား ။


20/03/2025

Duty of doctor 😂

Crd

ညာဘက် ဂွေးဂျိ စိမ်းနေလို့ ဆရာဝန်သွားပြရတယ်။ဆရာဝန်က သေချာ စမ်းသပ်ကြည့်ပြီး..."ဒါမျိုးက ကြာကြာထားရင် အသက်အန္တရာယ် ရှိတယ်၊ ...
18/03/2025

ညာဘက် ဂွေးဂျိ စိမ်းနေလို့ ဆရာဝန်သွားပြရတယ်။
ဆရာဝန်က သေချာ စမ်းသပ်ကြည့်ပြီး...

"ဒါမျိုးက ကြာကြာထားရင် အသက်အန္တရာယ် ရှိတယ်၊ ဖြတ်ထုတ်ပစ်ရမယ်" တဲ့။

အို... အသက်ထက်တော့ ဘာက ပိုအရေးကြီးနေဦးမှာလဲ။ ရတယ်၊ ကိစ္စမရှိဘူး၊ တစ်လုံး ကျန်သေးတာပဲ။ ဖြတ်ပစ်လိုက်တယ်။

တစ်လလောက်ကြာတော့ ဘယ်ဘက် ဂွေးဂျိက ထပ်စိမ်းလာပြန်တယ်။ ဆရာဝန်ဆီ ပြေးရပြန်တာပေါ့။

"အသက် အန္တရာယ်ရှိတယ်ဆိုတော့ ဖြတ်ပစ်ဖို့ပဲ တိုက်တွန်း... "

အင်းပါလေ... အသက်ထက်တော့ ဘာက ပိုအရေးကြီးနေဦးမှာလဲ။ အရမ်း နှမြောပေမယ့် ဖြတ်ပစ်လိုက်တယ်။

နောက်ထပ် တစ်လလောက်ပဲ ရှိသေး၊ ကျန်တဲ့ အတံလေး စိမ်းလာပါရောဗျား။ :'(

"ယောက်ျားချင်း ကိုယ်ချင်းစာပါတယ်ဗျာ။ ဒါပေမယ့် အသက်ဘေးကလည်း ရှိသေးတယ်ဆိုတော့... ဖြတ်ထုတ်ပစ်ဖို့ကိုပဲ တိုက်တွန်း... "

"အီး... ကောင်းသလိုသာ လုပ်ပါတော့ ဒေါက်တာရယ်... ရွှတ်... "

လမ်းလျှောက်ရတာ နည်းနည်းတော့ ပေါ့ဟာဟာ ဖြစ်သွားတယ်။

ရှိရှိသမျှ အကုန်ဖြတ်ပြီးလို့ တစ်ပတ်ပဲ ကြာလိုက်တယ်၊ ပေါင်ခြံ တစ်ခုလုံး စိမ်းလာပြန်တယ်။

ဒီတစ်ခါတော့ ဆရာဝန်က အကြာကြီး စမ်းသပ်တယ်။ ပြီးတော့ ဆရာဝန့်မျက်နှာကြီး ငိုမဲ့မဲ့ ဖြစ်လာတယ်။

"ခင်ဗျား အတွင်းခံဘောင်းဘီကို လွှင့်ပစ်လိုက်တော့။ အရောင် ကျွတ်နေတယ်"

Credit မူရင်း

ငယ်သေးလားလို့ 😂Credit
21/08/2024

ငယ်သေးလားလို့ 😂

Credit

Address

Room-002, No/10 , 5 Street , A Block, Yuzana Garden City , Dagon Seikkan
Yangon

Opening Hours

Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Friday 16:00 - 20:00
Saturday 16:00 - 20:00
Sunday 16:00 - 20:00

Telephone

+95943196249

Website

Alerts

Be the first to know and let us send you an email when Tz clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tz clinic:

Shortcuts

Share