27/08/2026
ဒီမနက် ဆေးရုံမှာ ပြင်ပလူနာတွေကြည့်နေရင်း ၈လအရွယ် ကလေးတယောက်ကို ကြည့်ပေးဖြစ်တယ်။
ကလေးက အအေးမိတာပါ။ ထုံးစံအတိုင်း မိခင်ဖြစ်သူကို ကလေးအခြေအနေရှင်း၊ ပေးလိုက်တဲ့ဆေးတွေကို တိုက်ပုံတိုက်နည်းတွေ၊ စိုးရိမ်ရမဲ့အခြေအနေတွေ၊ ပြန်ပြရမဲ့အခြေအနေတွေ ရှင်းပြအပြီး ဘာများသိချင်သေးလဲမေးလိုက်တော့ မိခင်ဖြစ်သူက စိုးရိမ်ကြီးတဲ့ မျက်နှာလေးနဲ့
"ဆရာ ကလေးကလမ်းမလျောက်သေးတော့ စိုးရိမ်ရလား၊ ဘေးကနားလည်တဲ့သူတွေက ကလေးလမ်းမလျောက်သေးတာ ပိုလီယိုလို့ပြောတယ်ဆရာ၊ အဲဒါစိတ်ပူလို့"တဲ့
စိတ်ထဲမှာလေ အဲဒီ နာလည်တယ်ဆိုတဲ့ အိမ်နားနီချင်းတွေကို ဒေါသတွေထွက်လိုက်တာ။ ကလေးတယောက် ဘယ်အရွယ် လမ်းလျောက်နိုင်လဲ သူတို့မသိဘူး၊ ပိုလီယိုဆိုတာ ဘာရောဂါလဲ သူတို့မသိဘူး၊ သူတို့မသိပဲ မိခင်တယောက်ကို စကားလုံးတွေနဲ့ နှိပ်စက်တာ ကျွန်တော်တို့လူမျိုးတွေရဲ့ ဓလေ့လိုဖြစ်နေပြီ။ သူတို့က ဘာရယ်မဟုတ်ဘူး လွယ်လွယ်လေးပြောလိုက်တာ
"ညည်းကလေးက သေးတယ်နော်"
"စကားမပြောသေးဘူးလား"
ဒီစကားလုံးတွေက မိခင်တွေကို ဘယ်လောက် ပူပင်သောကရောက်စေလဲ သူတို့နားမလည်သလို ကိုယ်ချင်းလည်း မစာကြဘူး။ ဒီဓလေ့ကို ကျွန်တော်တို့မျိုးဆက်မှာပဲ အဆုံးသတ်ကြရအောင်။ ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတာလည်း အကြံပေးခဲ့ (comment ချန်ခဲ့)လို့ရပါတယ်။
#ဒေါက်တာဖြိုးဆေးခန်း၊ ကမ်းနားဈေးရှေ့၊ ပုသိမ်မြို့၊ ☎️09953055598